← Chapters

ရဲဝမ် ပြောင်းလဲပြီ

Vol. 5 Ch. 65

ရဲဝမ် ပြောင်းလဲပြီ

Vol. 5 Ch. 65

စုမင်မျက်လုံးတွေကို  ဖွင့်လိုက်တယ်။  သူ့ကိုယ်ပေါ်မှာ သွေးကြော၃ခုပဲ ပေါ်နေတော့တယ်။ ထမရပ်လိုက်ခင်မှာ ရင်ဘတ်မှာ ပေါ်နေတဲ့ သွေးကြော၃ခုကို ခေါင်းငုံ့လို့ ကြည့်သေးတယ်။

သူ အသက်ပြင်းပြင်း ရှူလိုက်ပေမဲ့ ရှေ့ကို အလောတကြီး ဆက်မသွားဘူး။ အနောက် လှည့်ကြည့်တော့ ထူထပ်တဲ့ မြူခိုးမြူငွေ့တွေကို တွေ့လိုက် ရတယ်။ အောက်ဘက်က မြေပြင်ကို မမြင်ရပေမဲ့ သူဟာ အမြင့်ကြီးမှာ ရပ်နေတာ ကိုတော့ ခံစားမိတယ်။

"နောက်ဆုံး သွေးကြော၃ခုလုံး ပျောက်သွားအောင် လုပ်ဖို့အတွက် ၇၈၁လှမ်း မြောက်ကို ရောက်နိုင်ဖို့ လိုတယ်"

စုမင် တောင်ထိပ်ကို မော့ကြည့်ပြီး မျက်လုံးတွေ လက်ခနဲ ဖြစ်သွားတယ်။

"ငါ ဘယ်လောက် ဝေးဝေးထိ သွားနိုင်မလဲ ဆိုတာ သိချင်သား"

စုမင်ဟာ ခြေထောက်ကို မြှောက်လို့ ၅၆၄ လှမ်းမြောက်ကို ရှေးရှု တက်လှမ်းတယ်။ အဲဒီကို ရောက်တာနဲ့ မဆိုင်းမတွပဲ နောက်ထပ် ခြေလှမ်းတွေကို တစ်လှမ်းချင်း တက်လှမ်း သွားတယ်။

စုမင် တစ်ကြိမ်ကို တစ်လှမ်းချင်းစီပဲ လျှောက်လှမ်းတယ်။ ဝင်သက်ထွက်သက် အနည်းငယ် အတွင်းမှာ ရာနဲ့ချီတဲ့ လှေကားတွေကို တက်လာခဲ့သလိုမျိုး ရူးသွပ်နေသလို အရှိန်အဟုန်နဲ့ ဆက်မသွားတော့ဘူ။ သို့ပေမဲ့လည်း သင့်တင့်မျှတတဲ့ အရှိန်နဲ့ ခရီးဆက်နေတဲ့ စုမင်ထံမှာ ဘယ်လိုမျိုး ရပ်တန့်မယ့် အရိပ်အယောင်ကိုမျှ မတွေ့ရဘူး။

စုမင်ဟာ အေးဆေး တည်ငြိမ်နေတယ်။ ရှေး‌ဟောင်း နံရံတွေကြားက ရေကန်လို ကျောက်ခဲတစ်လုံး ပစ်ချလိုက်တာတောင် လှိုင်းကြက်ခွပ်တွေ မဖြစ်ပေါ်တဲ့ တည်ငြိမ်တဲ့ ရှိန်ဝါကို လွှင့်ထုတ်ထားတယ်။  တဖြည်းဖြည်းချင်းပဲ ၅၇၃ လှမ်း၊ ၅၇၈လှမ်း၊ ၅၈၂လှမ်း ကနေ အရှေ့ကို ဆက်လက် လှုပ်ရှားနေတယ်။

သူရှေ့ကို ဆက်တက်လေလေ သူ့ကိုယ်ပေါ်အနှံ့ သွေးကြောတွေ ပိုမိုပေါ်ပေါက် လာလေပဲ။  ကြီးမားတဲ့ ချီစွမ်းအင်ရှိန်ဝါဟာ သူ့ကိုယ်ကနေ ပေါ်ထွက်နေတယ်။ ရှေ့ကို ပုံမှန်လေး ဆက်လက် တက်လှမ်းလေလေ တစ်ချိန်တည်းမှာပဲ နောက်ထပ် သွေးကြောတစ်ခု ပျံ့နှံ့ဖြာဆင်း လာလေ။

ဒီလမ်းဟာ ခွန်အားကြီးမားတဲ့ မာန်စွမ်းအားရှင်တို့ လျှောက်လှမ်းတဲ့ စုမင်နဲ့ သက်ဆိုင်တဲ့လမ်း။ ဒါဟာ သူ့ဘဝရဲ့ မယုံနိုင်လောက်အောင် ပြောင်းလဲသွားတဲ့ တစ်ဆစ်ချိုးမှုကြီး သူ့ရဲ့ကျင့်ကြံမှုတွေ ပြောင်းလဲသွားပြီး သူ့ရဲ့စိတ်ဝိညာဉ်ကို ကိုယ်တိုင် နားလည်သွားတဲ့ အချိန်တစ်ခု

စုမင်ရဲ့ ခြေလှမ်းတိုင်းဟာ ကွင်းထဲက ငှက်ရုပ်ပေါ်မှာ သူလှမ်းသမျှ ခြေလှမ်းတိုင်းရဲ့ နံပါတ်အရေအတွက် ပြသထားမှုကို ပြောင်းလဲ သွားစေတယ်။ ကိန်းဂဏန်းတွေ တစ်ဟုန်ထိုး တိုးတက် လာတာနဲ့အမျှ ကြည့်ရှုနေသူတွေရဲ့ စိတ်နှလုံးဟာလည်း ၎င်းနဲ့အတူ လိုက်ပါ ခုန်လှုပ်လျက် ရှိလေတယ်။

"၅၉၇... ၅၉၈... ၅၉၉... ၆၀၀သူက ၆၀၀မြောက် လှေကားဆင့်ပေါ်မှာပဲ ဒါက မနေ့က ရဲဝမ် ရောက်ရှိခဲ့တဲ့ ပမာဏပဲ"

"သူဆက်ပြီး သွားနေတုန်းပဲ။ ၆၀၁...၆၀၂ ... ရဲဝမ်က သူ့ကို သတိမထားမိဘူးလား။ သူက ပိုအဝေးရောက်ချင် ရောက်နေမယ်၊ ဒါပေမဲ့ ဒီလိုသာ ဆက်သွားမယ်ဆိုရင် မကြာခင် အချိန်တွင်းမှာ သူ့ကို မော့စု မီသွားနိုင်တယ်"

မော့စုရဲ့ လှုပ်ရှားမှု‌တွေကြောင့် တိတ်ဆိတ်‌နေတဲ့ ကွင်းပြင်ထဲမှာ တဖြည်းဖြည်းနဲ့ ဆွေးနွေးမှုအသံတွေ ပြည့်နှက် လာပြန်တယ်။   ပြီးခဲ့တဲ့ညက ဆူဆူပူပူအသံတွေနဲ့ ယှဉ်ကြည့် လျှင်တော့ ဒီညမှာ အများစုက အသံနိမ့်နိမ့်နဲ့ ခပ်တိုးတိုးပဲ ပြော‌ဆိုကြတယ်။

အစကတည်းက ပထမအဆင့်ကို ကြည့်ရှုနေခဲ့ကြတဲ့ လူအုပ်နဲ့ နှိုင်းယှဉ်လျှင် ကွင်းပြင်ထဲမှာ ထိပ်တန်း၅၀ အဆင့် ရရှိသူတွေလည်း ရှိနေသေးတယ်။  ထိပ်တန်း ၁၀ယောက် အဆင့် ဝင်သူတွေလည်း ရှိပြီး သူတို့ကတော့ သူတို့ဘာသာ တစ်အုပ်စု စုဖွဲ့နေလျက် ရှိတယ်။

"ရဲဝမ်က ဂုဏ်မောက် နေမှာပေါ့။ သူက အဆင့် သတ်မှတ်ချက်‌တွေကို မကြည့်ဘဲ အမြဲတမ်း ပြိုင်လေ့ရှိတယ်"

''ဒါပေါ့လေ....ရဲဝမ်က သူ့ကိုပြိုင်နိုင်တာ သူကိုယ်တိုင်ပဲ ရှိတယ်ဆိုပြီး မှတ်ယူ ထားတာလေ။ တခြား ဘယ်သူမှ မလုပ်နိုင်ဘူးပေါ့လေ''

"ဟားဟား။ ဒီတစ်ခါတော့ မော့စုက သူ့ပြိုင်ဘက် ဖြစ်လာနိုင်မလား ဆိုပြီး ကျုပ် တွေးနေမိတယ်။ သူက အခု ၆၄၅ လှမ်းမြောက် ရောက်နေပြီ။ အဲဒီ မော့စုက သိပ်တော်တာပဲ။ ငါတော့ သူ့ရဲ့အလားအလာ‌ ရှိမှုကို ယှဉ်ပြိုင်နိုင်စွမ်း မရှိပါဘူး"

"ရိုးရိုးသားသား ပြောရရင် ကျုပ် ရဲဝမ်ကို ပလိတ်ပြားကို ကြည့်စေချင်တယ်။ မော့စု သူ့နောက်ကနေ အနီးကလေး ကပ်လိုက်လာ နိုင်တာကိုသာ သိရင် သူ့ရဲ့တုံ့ပြန်မှု ဘယ်လိုဖြစ်မလဲ ကျုပ် မြင်ချင်မိတယ်။ နှာခေါင်းရှုံ့ပြီး လှည့်ထွက် သွားမလား၊ ဒါမှမဟုတ် နည်းနည်းလောက် စိတ်လှုပ်ရှား သွားမလား"

ကွင်းပြင်မှာ ရှိနေတဲ့ မတူညီတဲ့ လူနှစ်စုဟာ ကွဲပြားတဲ့ အကြောင်းခြင်းရာ နှစ်ခုကို ပြောဆိုနေကြတယ်။  သူတို့နဲ့ ယှဉ်လျှင် ပိုပြီး အဆင့်အတန်း မြင့်သူ‌တွေနဲ့ စုဖွဲ့ထားတဲ့ လူတစ်အုပ်လည်း ရှိနေတယ်။ သူတို့က အမျိုးနွယ် အသီးသီးရဲ့ ခေါင်းဆောင်တွေပေါ့။ သူတို့ရဲ့ အဆင့်အတန်းနဲ့ အာဏာဟာ သူတို့ရဲ့ လူမှုရေး အဆင့်အတန်းကို ဆုံးဖြတ် ပေးတယ်။

နဂါးနက်တောင်က အမျိုးသမီးကြီးလည်း ငှက်ရုပ်တုပေါ်က မော့စု အမည်ကို ကြည့်နေခဲ့တယ်။  သူမရဲ့ မျက်လုံးတွေဟာ တဖြည်းဖြည်းနဲ့ လေးနက်လာပြီး သတိထားမှုတွေနဲ့ ပြည့်နေတယ်။ အဲဒီပုဂ္ဂိုလ်က ဘယ်သူဆိုတာ သူမ မသိပေမဲ့ မည်သို့ပင်ဆိုစေ ၎င်းကိုလေးစားစိတ်များ ဖြစ်ပေါ်လာတယ်။  သူမ ခန့်မှန်းမှုအရဆိုလျှင် မော့စု ဘယ်မျိုးနွယ်ကဖြစ်ဖြစ်၊ လေပြည်စီးကြောင်းက မဟုတ်တာတော့ သေချာတယ်။ ဒီလိုသာ ဖြစ်ခဲ့ရင်‌တော့ အဲဒီသူ ကွင်းထဲ ပေါ်လာခဲ့လျှင် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းမှာပဲ။

''သူက နဂါးနက်တောင်က မဟုတ်‌တာ နှမြောစရာပဲ၊ ဒါမှမဟုတ်လျှင် သူ့ကျင့်ကြံတဲ့နေရာမှာ ငါတတ်စွမ်းသလောက် ကူညီပေးလိုက်ချင်တယ်" အမျိုးသမီးကြီးဟာ သူမအနားက ပိုင်လင်းနဲ့ စစ်ခုန်း ကိုကြည့်ရင်း ရေရွတ်တယ်။

‘စစ်ခုန်းက တာဝန်ကြီးကြီး ထမ်းဆောင်နိုင်မယ့်သူ မဟုတ်ဘူး။ အာ.... နဂါးနက်တောင် မျိုးနွယ်စုကတော့ အကျပိုင်းထဲ ရောက်နေပါပြီ။ ပိုင်လင်းကတော့ အဲဒီ စုမင် ကောင်လေးပေါ်မှာ စိတ်ကစားနေတယ်။  ကျေးဇူးတရားနဲ့ ချစ်မေတ္တာကို အခုထိ ခွဲခြားနိုင်စွမ်း မရှိသေးဘူး။ ဒါပေမဲ့ အဲဒီကောင်လေးနဲ့ ရောရောယှက်ယှက်သာ မနေရင်  အဲဒီကောင်လေးကို မေ့နိုင် သွားအောင်  အချိန်က ကူညီမှာပါ"

"ဒီစုမင်မှာ ငါ့မြေးမအနား ချဉ်းကပ်ဖို့ ဘာအရည်အချင်း ရှိလဲ၊ သူသာ မော့စု ဖြစ်မနေခဲ့ရင်ပေါ့..."

အမျိုးသမီးကြီးဟာ မိမိကိုယ်ကို ချီးကျူးပြီး ဂုဏ်ယူ ဝင့်ကြွားစွာ ရယ်မောလိုက်ရင်း မျက်လုံးတွေထဲမှာ‌ လှောင်ပြောင်လိုမှု အရိပ်အမြွက်တွေ ပေါ်လာတယ်။

အဝေး တစ်နေရာမှာတော့ မဟူရာတောင် မျိုးနွယ်စု ခေါင်းဆောင်ပေါ့။  ငှက်ရုပ်ပေါ်က မော့စု နာမည်ကို ကြည့်နေတုန်းမှာ သူ့အကြည့်တွေဟာ သူ့မျက်နှာဟာ မည်းမှောင် လှတယ်။  သူ့အကြည့်တွေက အေးစက်လှပေမဲ့  တစ်ချိန်တည်းမှာ သူ့ရဲ့ မျက်လုံးတွေထဲမှာ သတိထားမှုနဲ့ ထိတ်လန့် အံ့ဩမှုတွေ ပြည့်နေလေတယ်။

"ပိစုဟာ ငယ်စဉ် ကတည်းက အကြီးအကဲရဲ့ လက်ထပ်သင်ကြားပေးမှုကို ခံယူပြီး သူ့ခေတ်ရဲ့ ရွယ်တူတွေကို နည်းအမျိုးမျိုးနဲ့ ကျော်ဖြတ် နိုင်ခဲ့တယ်။ အခု အကြီးအကဲသာ ထိုးဖောက် အောင်မြင်မှုရရှိခဲ့ပြီး ကျင်းနန်နဲ့ အဆင့်တူချင်းမှာ ရပ်တည် နိုင်သွားခဲ့လို့သာ မဟုတ်ရင် ပိစုကို လူလုံးထွက်ပြခွင့် ပြုမှာမဟုတ်သေးဘူ"

"ဒါပေမဲ့ အဲဒီ မော့စုက ဘယ်က လာတဲ့လူလဲ။ ဘယ်မျိုးနွယ်စုကလဲ။ ငါ သူ့ကို မျိုးနွယ်စုဆီ ခေါ်သွားရမယ်၊ ဒါမှမဟုတ်ရင် ငါသူ့ကို သတ်ပစ်မှဖြစ်မယ်"

လူမှုရေး အဆင့်အတန်း မြင့်မားခြင်းနဲ့ တွက်ဆရလျှင် ဒီကွင်းထဲမှာ ကျင်းနန်ကို ကျော်လွန်နိုင်သူ တစ်ဦးတစ်လေမှ ရှိမနေ။ ၎င်းဟာ နေရာမှာ ရပ်လျက် ငှက်ရုပ်ပေါ်က အဆင့် သတ်မှတ်ချက်တွေကို ကြည့်တယ်။   မော့စုနာမည်ရဲ့ နောက်က စဉ်ဆက်မပြတ် တိုးတက်လာနေတဲ့ ကိန်းဂဏန်း အရေအတွက်ကို စောင့်ကြည့်နေခဲ့တယ်။ အခုဆိုလျှင် အရေအတွက်ဟာ ၆၇၇ဖြစ်နေခဲ့လေပြီ။ သူ့မျက်စိသူငယ်အိမ်တွေဟာ စိတ်လှုပ်ရှားမှုနဲ့ လှုပ်ရှားနေပေမဲ့ သူ့မျက်နှာထားမှာ ဖြစ်ပျက် နေသမျှတွေဟာ မစွမ်းသာသေးဘူးဆိုတဲ့ အဓိပ္ပာယ်မျိုးနဲ့ တည်ငြိမ်လျက် ရှိဆဲ။

"မော့စန်း.... စမ်းသပ်ပွဲ ပြီးတာနဲ့ စုမင်ကို လေပြည်စီးကြောင်းမှာပဲ နေခဲ့ပါစေ။  ဒီနေရာက သူ့အတွက် ပိုအကျိုးရှိမယ့်နေရာပဲ" ကိန်းဂဏန်း အရေအတွက် ထပ်မံ ပြောင်းလဲသွားပြီး ၆၈၄ ဖြစ်သွားတာကို ကြည့်ရင်းနဲ့ ကျင်းနန်က ဖြည်းညင်းစွာ ပြောတယ်။

ကျင်းနန်စကားကြောင့် မော့စန်း ပြုံးသွားတယ်။ စုမင်အနေနဲ့ ဒီလိုကြီးကျယ်တဲ့ ရလဒ်မျိုး စွမ်းဆောင် နိုင်ခဲ့တာကို သူလည်းပဲ အံ့ဩမိတယ်။ သူ မျှော်လင့်ထားတာထက် အများကြီးကို ကျော်လွန် သွားတာပဲ။ ပြီးတော့ စွမ်းအား ဖော်ထုတ် ပြသမိမှာကို စိုးရိမ်စရာ မလိုကြောင်း အစကတည်းက စုမင်ကို မှာကြားထားတာလည်း အကြောင်း ရှိတယ်။

“စိတ်မပူနဲ့။ စမ်းသပ်ပွဲပြီးမှ ငါတို့ ဒီအကြောင်းကို ဆက်ပြောကြတာပေါ့" မော့စန်းက အလျင်လိုခြင်း မရှိစွာ တုံ့ပြန် ပြောဆိုတယ်။  ငှက်ရုပ်တုပေါ်က မော့စုနာမည်ကို ကြည့်နေတဲ့ သူ့မျက်လုံးတွေထဲမှာ ချစ်ခြင်းမေတ္တာနဲ့ ကြင်နာခြင်းတရားတွေ ပြည့်နှက်လို့ပေါ့။

မော့စန်းက သူ့ရဲ့အဆိုပြုချက်ကို ချက်ချင်း မငြင်းပယ်လိုက်တာကို မြင်လိုက်တဲ့အခါ  ကျင်းနန် မျက်လုံးတွေ လင်းလက်သွားတယ်။ သူ့ရဲ့ဉာဏ်ရည် ထက်မြက်မှုနဲ့ဆိုလျှင် သူ ပေးပါ့မယ်လို့ တင်သွင်းထားတဲ့ အချက်အလက်တွေ လောက်နဲ့ စုမင်ကို ရဖို့မလွယ်ကူဘူး ဆိုတာ သဘာဝကျတယ် ဆိုတာ သူ သိပါတယ်။

"သူ ခြေလှမ်း ၇၅၀ ကျော်သွားနိုင်ရင် ချန်ချွန်းနဲ့ ဝူစန်းလို လေပြည်စီးကြောင်း မျိုးနွယ်စု ခေါင်းဆောင်ရဲ့ သားတွေကိုပဲပေးတဲ့ အဆောင်အယောင်နဲ့ ထားမယ်လို့ ငါ ကတိပေးတယ်။ အကယ်၍ သူသာ ခြေလှမ်း ၈၀၀ ကျော်တက် လှမ်းနိုင်မယ် ဆိုရင်တော့ သူဟာ ငါ့ရဲ့ မာန်စွမ်းအားရှင် သားတော် နေရာအတွက် ယှဉ်ပြိုင်သူ ဖြစ်လာစေရမယ်"   ကျင်းနန်ဟာ ဖြည်းညင်းစွာ ပြောဆိုတယ်။

"အဲဒီထက် အမြင့်တက်လှမ်း နိုင်ခဲ့ရင်ရော"  မော့စန်းက ကျင်းနန်ကို လှည့်မေးတယ်။

"အဲဒီထက် မြင့်ခဲ့ရင်လား... ကောင်းပြီ‌။ သူကခြေလှမ်း ၈၅၀ ကျော်တက်နိုင်ခဲ့ရင် ငါ ရဲဝမ်တစ်ဦးတည်းကိုပဲ ပေးတဲ့ အထောက်အပံ့၊ အကူအညီမျိုး သူ့ကိုပေးမယ်။ တကယ်လို့ ၉၀၀ ကျော်ခဲ့ပြီး လေပြည်စီးကြောင်း မျိုးနွယ်စုထဲ ဝင်ရောက်ဖို့ သဘောတူညီခဲ့ရင် သူနဲ့ရဲဝမ်ထဲက ဉာဏ်အလင်းပေါက် အဆင့်ကို ပထမဆုံး တက်လှမ်းနိုင်သူ ဘယ်သူဖြစ်ဖြစ် ငါ့ရဲ့ မာန်စွမ်းအားရှင် သားတော်အဖြစ် ရွေးချယ် တင်မြှောက်မယ်"

"အခုတောင် သူ ခြေလှမ်း ၇၀၀ရောက်နေပြီနော်" မော့စန်းဟာ မပွင့်တပွင့် ပြုံးလေတယ်။

၇၀၀ချွေးတွေ ကိုယ်ကနေ လှေကားထစ်တွေပေါ် အဆက်မပြတ် ကျဆင်းနေလို့ စုမင်ဟာ မောဟိုက် နေလေတယ်။ သူဟာ ၇၀၀လှမ်းမြောက် အဆင့်မှာ ရပ်နေခဲ့တယ်။ အရုဏ်တက်ချိန် ရောက်လာပါတော့မယ်၊ လမင်းလည်း ကွယ်ပျောက်စပြုခဲ့ပြီ။ ဒီလို ဖိအားအောက်မှာ ရှေ့ဆက် သွားရခြင်းဟာ တကယ်ကို ခက်ခဲလှတယ်။

၇၀၀မြောက် လှေကားထစ်ကို ရောက်ရှိချိန်မှာ စုမင်ရဲ့ကိုယ်ပေါ်မှာ သွေးကြောအနည်းငယ်မျှ ထပ်မံပေါ်ထွက် လာတယ်။ စုမင်ဟာ သွေးကြော ဘယ်နှခုလောက် ပေါ်ပေါက်နေပြီလဲ ဆိုတာကို မမြင်ဘူး။ ဒါပေမဲ့ အတွေးတစ်ခုပဲ သူ့စိတ်ထဲမှာ ရှိနေတယ်။ သူ အစွမ်းရှိသလောက်၊ ကုန်သလောက် ကြိုးစားပြီး ရှေ့ကို ဆက်လျှောက်မယ်။

အသက်ရှူ အနည်းငယ် တည်ငြိမ်သွားအောင် လုပ်တယ်။ အဲဒီနောက် ခြေကိုမလို့ ၇၀၁လှမ်းမြောက်ကို ရှေးရှု လှုပ်ရှားလေတယ်။

အဲဒီအခိုက်အတန့်မှာ ရဲဝမ်ဟာ  ၈၀၃လှမ်းမြောက်မှာ မလှုပ်မယှက် ထိုင်လျက်ရှိတယ်။ တောင်တစ်ခုလုံးဟာလည်း တိတ်ဆိတ်ငြိမ်သက်လျက် ရှိတယ်။  သူဟာ တောင်ရဲ့ တောင်ဘက်စွန်းစွန်း အပိုင်းမှာရှိနေပြီး စုမင်ကတော့ မြောက်ဘက် အပိုင်းအှာ ရှိနေခြင်း ဖြစ်တယ်။ သူတို့ဟာ တောင်ရဲ့ ဆန့်ကျင်ဘက် တစ်ဖက်တစ်ချက်စီမှာ ရှိနေကြခြင်း ဖြစ်တယ်။

မကြာခင် အရုဏ်တက်တော့မှာ ဖြစ်ပြီး လဟာ မှောင်မိုက်လို့ အချိန်မရွေး နေ့အချိန် ရောက်ရှိလာတော့မယ်၊ ရဲဝမ်ဟာ မျက်လုံးကိုဖွင့်လို့ လကို ကြည့်တယ်။

"နေ့အလင်းရောင် ပေါ်ထွက်လာတာနဲ့ ငါ့ရဲ့နောက်ဆုံး အားပြည့်အင်ပြည့်နဲ့ စလှုပ်ရှားမယ်။ ဒီတစ်ကြိမ်တော့ ငါအစွမ်းကုန်သုံးပြီး ခြေလှမ်း ၉၀၀ရောက်အောင် လှမ်းနိုင်ရမယ်" ရဲဝမ်ဟာ နှုတ်ခမ်းထက်မှာ အပြုံးတစ်စ ဖြစ်တည်လို့ ရေရွတ်တယ်။

"အခုအချိန်မှာ တောင်ပေါ်မှာ လူအများကြီး မကျန်လောက်တော့တာ သေချာတယ်၊ ငါ့ကို ထည့်မတွက်ဘဲနဲ့ ဆယ်ယောက်အောက်ပဲ ရှိမှာပဲ။ ၅၆၂လှမ်းမြောက်အဆင့်ကို ကျော်လွှားနိုင်တဲ့သူ တစ်ယောက်ယောက် ရှိမလားမသိဘူး။ မရှိတော့ မရှိလောက်ပါဘူး"

ရဲဝမ်ရဲ့မျက်နှာပေါ်မှာ တည်ငြိမ်တဲ့ ယုံကြည်ချက်တွေ ရှိနေတယ်၊ ဒါပေမဲ့ ခေတ္တမျှ တိတ်ဆိတ် အပြီးမှာတော့ သူဟာ ပလိတ်ပြားကို ထုတ်ကြည့်ဖို့ ရွေးချယ် လိုက်တော့တယ်။

ပထမတော့ တောင်ပေါ်မှာ လူဘယ်နှယောက်လောက် ကျန်မလဲဆိုတာ သိချင်လို့ တစ်ချက်လောက် ကြည့်ချင်ရုံပဲ။ လူတွေအပေါ် အထင်မကြီးတတ်တဲ့ နေ့အချိန် ရောက်ဖို့ကိုသာ အာရုံစိုက် စောင့်စားနေတဲ့ လူတစ်ယောက်ရဲ့ သာမန် လုပ်ရပ်လေးပေါ့။

ပလိတ်ပြားပေါ် အကြည့်ရောက်ချိန်မှာ သူ့မျက်နှာဟာ တည်ငြိမ်လျက် ရှိတယ်။ တစ်ချက်ကလေး ကြည့်ရုံပါပဲ။ ဒါပေမဲ့ အကြည့် လွှဲလိုက်တော့မယ့် အချိန်မှာ ကြောင်အမ်းအမ်း ဖြစ်သွားပါတော့တယ်။ သူဟာ ပလိတ်ပြားကို နောက်ထပ် တစ်ဖန် ပြန်ကြည့်တယ်။ ဒီတစ်ခါတော့ အာရုံစူးစိုက်မှု အပြည့်နဲ့ပေါ့။

အဆင့်၂၊ မော့စု ၇၁၆လှမ်း

"မော့စု... ဒီလူဟာ ညဘက်မှာ လျှောက်နေတာလား။ ရူးလိုက်တဲ့ကောင်"

ရဲဝမ်ဟာ တဒင်္ဂမျှ ငြိမ်သက်သွားပေမဲ့ ပလိတ်ပြားကနေ အကြည့်ဖယ်ခွာ လိုက်တယ်။ မျက်လုံးတွေကို စေ့ပိတ်လို့ ဆက်လက် တရားရှုမှတ်ရင်း နေ့အချိန်ကို စောင့်စားနေတယ်။ သူ့မှာ ထိတ်လန့်မှု တစိုးတစိမျှ ရှိမနေဘူး။ သို့ပေမဲ့ ဖျော့တော့ပြီး၊ သတိပြုမိရန် ခက်ခဲလှတဲ့ တုန်ယင်မှုလေးတစ်ခု သူ့ရဲ့မျက်ခွံတွေပေါ်မှာ ဖြစ်သွားတယ်၊ တကယ်ပဲ တည်ငြိမ်လျက်ရှိဖို့ ခက်ခဲပါတယ် ဆိုတာကို သစ္စာဖောက် လှစ်ဟ ပြလိုက်သလိုမျိုး ထင်မြင်ရစေတယ်။

ဆက်လက် လျှောက်လှမ်းရင်းနဲ့ မော့စုရဲ့ အသက်ရှူနှုန်းဟာ မြန်ဆန်လာတယ်။ သူ့စိတ်ထဲမှာ ဘာအကြောင်းအရာမှ ရှိမနေဘဲ သူ့ကို ရှေ့ဆက်သွားနေအောင် တွန်းအားပေးနေတဲ့ စိတ်ခွန်အားသာ ရှိနေတယ်။ သူ့ကိုယ်ပေါ်မှာ နောက်ထပ် သွေးကြောအပို‌တွ ပေါ်ထွက်လာတယ်။ သွေးကြော အပိုထွက်ပေါ် လာလေလေ၊ ရှေ့ဆက်သွားဖို့ ခွန်အား ပိုတိုးလေလေ။

ထိန်းမနိုင်သိမ်းမရ အရှိန်မြှင့်တင်မှုနဲ့အတူ ၇၂၅လှမ်းကနေ ၇၃၈၊ ၇၅၁၊ ၇၆၃၊ ၇၇၉လှမ်း......

မိုးကြိုး ထစ်ခြုန်းသံလို ကိုယ်ခန္ဓာတွင်းက မြည်ဟည်းသံဟာ ရပ်တန့်မယ့် အရိပ်အယောင် မပြပေမဲ့ သူ့ခြေထောက်တွေက တုန်ယင်နေပြီး၊ လူကလည်း ဒယီးဒယိုင် ဖြစ်နေပြီ။ အထူးသဖြင့် ‌တောင်နဲ့ ကပ်ထားသလို ဖြစ်နေတဲ့ သူ့ရဲ့ခြေထောက်တွေပေါ့။ ခြေထောက်တစ်ခါ မရွှေ့လိုက်တိုင်း နာကျင်မှုဟာ တစ်ကိုယ်လုံးကို ပျံ့နှံ့သွားတယ်။

စုမင် အံတင်းတင်း ကြိတ်လို့ ခပ်တိုးတိုး မာန်သွင်း ဟစ်အော်လိုက်တယ်။ စုမင်ဟာ ခြေထောက်ကို ကြွလို့ ၇၈၀‌လှမ်းမြောက်မှာ ရွေ့လျားသွားတယ်။ ဒီတစ်ကြိမ် သူ့မျှော်မှန်းထားတဲ့ ပန်းတိုင်- ၇၈၁ လှမ်းမြောက်ကိုရောက်ဖို့ တစ်ဆင့်ပဲ လိုတော့တယ်။

သူ့မျက်လုံးတွေဟာ နီရဲနေတယ်။ မျက်လုံးတွေထဲက အနီရောင် တောက်ပမှုဟာ တဖျစ်ဖျစ်မြည်သံပေး လောင်ကျွမ်းနေတဲ့ မီးလျှံတွေလို စုမင်တစ်ကိုယ်လုံးက လောင်ကျွမ်းပြာချ လိုက်တော့မယ့် ပုံစံမျိုးနဲ့။ သူ့ရှေ့မှာ နောက်ထပ် ခြေတစ်လှမ်းလေးပဲ ကျန်ပါတော့တယ်။ ကိုယ်ပေါ်မှာ ရှိရှိသမျှသော သွေးကြောတွေ အားလုံးဟာ ကျယ်လောင်တဲ့ အသံပြုကာ လှည့်လည် စီးဆင်းသွားပြီး စုမင်တစ်ယောက် ၇၈၁လှမ်းမြောက်ကို တက်လှမ်းနိုင်ဖို့ရာ အင်အား တချို့ကို ညှစ်ထုတ် ပေးလိုက်လေတယ်။

အဲဒီအဆင့်ပေါ် ခြေချမိတယ် ဆိုလျှင်ပဲ သူ့ခန္ဓာကိုယ်ဟာ ဖိအားဒဏ်ကို ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့ဟန်ပါပဲ။ သူပစ်လဲကျ သွားတော့မယ့် အချိန်မှာ စုမင်ဟာ ခေါင်းကိုမော့လို့ ကောင်းကင်ကို မျက်နှာမူကာ ဟစ်အော်ကြုံးဝါး လိုက်ပါတော့တယ်။ အဲဒီကို ရောက်နိုင်ရမယ် ရောက်ကိုရောက်ဖြစ်ဖို့ လိုတယ်။

လက်ကိုမြှောက်လို့ လက်ညှိုးကို ကိုက်ဖောက် လိုက်တယ်။ သွေးတွေ တသွင်သွင်စီးကျလာတာနဲ့ အဲဒီသွေးတွေကို မျက်ခွံထက်မှာ အကြမ်းပတမ်း သုတ်လိမ်းလိုက်တယ်။ သူဟာ အရင်က မအောင်မြင်ခဲ့တဲ့ တတိယမြောက် သွေးလောင်ကျွမ်းခြင်းကို ဒီနေရာမှာ စတင်လုပ်‌ဆောင်တော့မယ်။

လက်ညှိုးကသွေးနဲ့ မျက်ခွံနဲ့ထိမိတဲ့ အခိုက်အတန့်မှာ မိုးပြိုကျသလို မြေကြီး နှစ်ခြမ်းကွဲသလိုမျိုး တောင်တစ်ခုလုံး လှုပ်ရှား သွားတယ်။ အဲဒီအချိန်မှာ တောင်ပေါ်က မြူငွေ့တွေ ကြားကနေ သတ္တဝါဆန်းကြီးရဲ့ မာန်ဖီသံဟာ ပဲ့တင် ထပ်ပျံ့လွင့် လာလေတယ်။

၈၀၃လှမ်းမြောက်အဆင့်မှာ တည်ငြိမ်‌စွာ နေလျက်ရှိတဲ့ ရဲဝမ်ဟာ အဲဒီအခိုက်မှာ ဆတ်ခနဲ တုန်လှုပ်သွားလေတယ်။ တောင်ထိပ်ကနေ မာန်ဖီသံကိုကြားရပြီး တောင်တစ်ခုလုံး တုန်ခါပြီး အသံတွေပဲ့တင် ထပ်နေတာကို ခံစားလိုက်ရတယ်။

သူမျက်လုံးတွေကို ရုတ်တရက်ကြီး ဖွင့်လိုက်တယ်။ သူ့ရဲ့မျက်လုံးတွေ အလိုမတူဘဲ လှုပ်ရှားသွားတယ်။ တောင်ရဲ့ ရုတ်ခြည်း အပြောင်းအလဲဟာ မော့စုဆိုတဲ့လူနဲ့ ပတ်သက်မှု ရှိနေမယ်ဆိုတဲ့ ခံစားချက်ရတယ်။

တွေဝေခြင်း မရှိစွာနဲ့ ပလိတ်ပြားကို ထုတ်လို့ ထပ်မံ ကြည့်ရှုလိုက်တယ်။ မော့စု၊ ၇၈၁လှမ်းမြောက်မှာ ရှိနေတာကို မြင်တွေ့လိုက်ရချိန်မှာ ရဲဝမ်ရဲ့ မျက်နှာထားဟာ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး ရုတ်တရက် ထရပ် လိုက်ပါတော့တယ်။

***

All Chapters