← Chapters

အခန်း (၄၂၁-၄၂၃)

Vol. 29 Ch. 421-423

အခန်း (၄၂၁-၄၂၃)

Vol. 29 Ch. 421-423

အခန်း ၄၂၁ လှည့်စားမှု၊ ကွန်ဖရေးခရင်၊ နှစ်ဆအခြေအနေ စတင်ခြင်း

လူတိုင်းစဉ်းစားနေစဉ်အတွင်း ဦးလေးချန်က ဆက်ပြောသည်။

“လူတိုင်း စဉ်းစားကြည့်ကြပါ... လူတစ်သောင်းက သခင်လေးဆီ ခိုလှုံလာခဲ့မယ်ဆိုရင် နောက် ငါတို့ကျွန်းက လူသန်းချီတဲ့ကျွန်းကြီး ဖြစ်လာလိမ့်မယ်။ ဒီလိုကျွန်းမျိုးက ဘယ်လောက်တောင် စည်ကားလိုက်မလဲ။ ပြီးတော့ မင်းတို့က ပထမဆုံးသူရဲကောင်းတွေပဲ။ လူတစ်သောင်းက တစ်ယောက်ကိုယ်တစ်ယောက် ထောက်ပံ့ပေးမယ်ဆိုရင် အခြားလူတွေကို ဘာလို့စိုးရိမ်နေရမှာလဲ။”

ဤစကားက လူအတော်များများကို ချက်ချင်းပင် သက်ရောက်မှုရှိစေခဲ့သည်။ လက်ရှိလူတိုင်း၏ကျွန်းများမှာ ၁၀၀ စတုရန်းမီတာခန့်သာ ရှိကြခြင်းဖြစ်၏။

လူတစ်သောင်း ရောက်လာသည့်အခါ ရွှမ်းယွမ်ဝူဝေ့၏ကျွန်းသည် ချက်ချင်းပင် စတုရန်းမီတာ တစ်သန်း တိုးလာမှာဖြစ်ပြီး လူတစ်ဦးချင်းစီ၏ မကြုံစဖူးမြင်ကွင်းတစ်ခု ဖြစ်လာပေလိမ့်မည်။

ရှေ့ဆောင်ပထမအသုတ်ကို ပြန်လည်အသုံးပြုရန် ဖြစ်နိုင်ချေများပေသည်။

ဟုတ်ပါသည်။ ထိုအရာများအားလုံးသည် ဦးလေးချန်း၏ လှည့်ကွက်များသာဖြစ်သည်။ လက်ရှိ နှုန်းထားအရ တစ်ရက်လျှင် တစ်ယောက်နှုန်းဖြင့်ဆိုလျှင် လူဦးရေတစ်သောင်းအတွက် အနည်းဆုံး နှစ်ပေါင်း ၃၀ ကြာမည်ဖြစ်သည်။ နှစ်ပေါင်း ၃၀ သည် အလွန်ကြာလွန်းပြီး မည်သို့ဖြစ်ပျက်လာမည်ကို မည်သူသိမည်နည်း။

ထို့အပြင် ရွှမ်းယွမ်ဂရုရှိ ထိုစကားပြောဆိုမှုများသည် ရှောင်းယီနှင့် တိလင်းထျန်းရှားတို့ထံသို့ မကြာမီရောက်ရှိသွားခဲ့တော့လေသည်။

“ပင်လယ်ထဲမှာနေစရာမလိုဘဲ လုံခြုံမှုကို အပြည့်အဝ အာမခံနိုင်လား။ သူတို့က မြို့ပြန်ကျောက်ကို ရသွားတာများလား။”

တိလင်းထျန်းရှားသည် ဂိမ်းမကစားသော်လည်း ထိုအရာကိုမူ သိရှိသေးပေသည်။

ရှောင်းယီသည်လည်း ထိုအကြောင်းကို စဉ်းစားကြည့်ပြီးနောက် လျှို့ဝှက်စွာ ပြောလိုက်၏။

“သူတို့က ပင်လယ်ဓားပြဘဏ္ဍာသေတ္တာထဲကအနေ လူတွေကို ချက်ချင်းတည်နေရာကူးပြောင်းပေးနိုင်တဲ့ ပစ္စည်းတွေကို ရခဲ့ကြတာပဲ။”

“ငါ့မှာသော့မရှိတာ ဝမ်းနည်းစရာပဲ။ မဟုတ်ရင် ခန့်မှန်းနေစရာမလိုဘူး။”

ရှောင်းယီသည် သူ့ဘေးရှိ ပင်လယ်ဓားပြဘဏ္ဍာသေတ္တာကိုကြည့်ရင်း အနည်းငယ် မျှော်လင့်ချက်မဲ့သလိုခံစားလိုက်ရသည်။

ယနေ့ ပစ္စည်းသေတ္တာထဲတွင်လည်း သော့များပါမလာသေးပေ။

ဤသော့ကို ရရှိနိုင်ခြေမှာ နည်းပါးပြီး သနားစရာကောင်းသည်ဟုပင် ထင်ရသည်။ ရှောင်းယီ၏မျက်နှာအမူအရာသည် အလွန်မဲမှောင်နေသော်လည်း ဤစည်းမျဉ်းများကို လွန်ဆန်၍မရနိုင်ပေ။

ဂရုထဲတွင် လှည့်စားပြီးနောက် ဦးလေးချန်းက ချန်စီကို ထပ်မံဆက်သွယ်လိုက်သည်။

“ချန်စီ မင်း မင်းရဲ့ကိုယ်ပိုင်ကျွန်းပေါ်ကို ရောက်နေသင့်ပြီမဟုတ်လား။”

ဦးလေးချန်းက မေးလိုက်သည်။

“လမ်းကြောင်းပေါ်မှာပဲ ရှိသေးတယ်။ နီးတော့နီးနေပါပြီ”

ချန်စီက ပြန်ဖြေလိုက်သည်။

ဦးလေးချန်း အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားလိုက်ရ၏။ အချိန်အရ ချန်စီသည် သူ၏ကျွန်းပေါ်သို့ ပြန်လည်ရောက်ရှိသင့်နေပြီဖြစ်သည်။

လှေငယ်ပေါ်တွင် အေးဆေးတည်ငြိမ်စွာ မျောပါနေရန်အတွက် မည်သူမျှ အလိုရှိမည်မဟုတ်ဘဲ ချက်ချင်းပင် ကုန်းမြေပေါ်သို့ ပြန်ရောက်အောင် ကြိုးစားကြလိမ့်မည်ဖြစ်သည်။

သို့သော် ချန်စီမှာမူ အလွန်အေးဆေးတည်ငြိမ်နေပုံရပေသည်။

ဦးလေးချန်းက အနည်းငယ်စဉ်းစားကြည့်လိုက်ပြီးနောက် ချန်စီဆီသို့ ချက်ချင်း ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပေးပို့လိုက်၏။

ချန်စီ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ရှိနေသော ညီငယ်သည် ထိုဗီဒီယိုခေါ်ဆိုမှုကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားတော့သည်။ သူသည် ယခုလေးတင် ရွှမ်းယွမ်ဝူဝေ့၏ မေးခွန်းကို ပြန်ဖြေထားခဲ့ခြင်းဖြစ်သည်။ ချန်စီသည် တစ်ဖက်လူ ဗီဒီယိုခေါ်ဆိုမှုပြုလုပ်လာပါက မည်သို့လုပ်ဆောင်ရမည်ကို မပြောပြထားခဲ့ပေ။

ညီငယ်သည် ချက်ချင်းပင် လှေငယ်ပေါ်မှခုန်ဆင်းပြီး ကျွန်းဆီသို့ ပြေးသွားတော့လေသည်။

ဦးလေးချန်းသည် တစ်ဖက်လူက သူ၏ဗီဒီယိုခေါ်ဆိုမှုကို ချက်ချင်းချိတ်ဆက်ခြင်းမရှိကြောင်း သိသွားပြီး တစ်ခုခုမှားယွင်းနေကြောင်း ချက်ချင်းပင် သိထားမိသွားတော့သည်။

အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူသည် ယခုလေးတင် မိမိနှင့်စကားပြောနေဆဲဖြစ်ပြီး ဗီဒီယိုခေါ်ဆိုမှုကို ချက်ချင်းပေးပို့ခဲ့ခြင်းဖြစ်သောကြောင့် တစ်ဖက်လူသည် ချက်ချင်းချိတ်ဆက်နိုင်သင့်သောကြောင့်ပင်။

ချန်စီသည် သူ၏ညီငယ်ထံမှ အသိပေးချက်ကို လက်ခံရရှိပြီးနောက် ချက်ချင်းပင် လှေငယ်ဆီသို့ ပြေးသွားကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ပင်လယ်ဘက်သို့မျက်နှာမူပြီး သူ့ဆံပင်ရှုပ်ထွေးသွားအောင် အကြိမ်အနည်းငယ်ဆွဲဖွလိုက်ပြီးနောက် ဗီဒီယိုခေါ်ဆိုမှုကို ချိတ်ဆက်လိုက်သည်။

“ဦးလေးချန်း ခုနက ပင်လယ်သတ္တဝါတစ်ကောင် ကျုပ်ရဲ့လှေငယ်ကို တိုက်ခိုက်ပြီး ထွက်ပြေးသွားလို့ပါ။ ပြဿနာတစ်ခုခုရှိလို့လား။”

ချန်စီသည် ဘဝ၏အပြောင်းအလဲများကို အကြီးအကျယ်ခံစားရနေသည့်ပုံ ဟန်ဆောင်ကာ ပြောလိုက်၏။

“ဘာမှမဖြစ်ပါဘူး။ မင်းအထီးကျန်နေမှာစိုးလို့ မင်းနဲ့စကားပြောချင်ရုံပါပဲ။”

ဦးလေးချန်းက အေးဆေးတည်ငြိမ်စွာပြောလိုက်သည်။

“ဦးလေးချန်း ကျုပ် ဒီကနေ လှေလှော်ပြီး ကျွန်းကိုအမြန်ပြန်ရောက်ချင်နေပြီ။ ကျုပ်ကျွန်းကိုပြန်ရောက်မှ ထပ်ပြောမယ်လေ ရမလား....။”

ချန်စီက အနည်းငယ်ရှက်ရွံ့နေဟန်ဖြင့် ပြောလိုက်သည်။

“ကောင်းပြီ ဘေးကင်းရေးကိုဂရုစိုက်ပါ။”

ဦးလေးချန်းက ခေါ်ဆိုမှုကို အသုံးသတ်လိုက်၏။

ဖုန်းချပြီးနောက်မှသာ ချန်စီ သက်ပြင်းတစ်ချက်ချ လိုက်မိ၏။ ကံကောင်းထောက်မစွာပင် ဦးလေးချန်းက သူ့လှေကို မလှည့်ခိုင်းခဲ့ပေ။ အကယ်၍ လှည့်ခိုင်းခဲ့ပါက သူ့ကျွန်းကို မြင်သွားမည်ဖြစ်သည်။

ဦးလေးချန်းသည်လည်း အနည်းငယ်ရှုပ်ထွေးနေခဲ့သည်။

“ဒါက တကယ်ပဲ ငါသံသယများနေမိတာလား။”

ချန်စီ၏သရုပ်ဆောင်မှုသည် ပြစ်ချက်ကင်းစင်ပြီး ပင်လယ်ထဲတွင် တစ်ရက်ကြာ မျောပါနေရပြီးနောက် ပြန်ရောက်လိုနေသည့်ခံစားချက်ကို အပြည့်အဝ ပြသခဲ့သည်။

ဦးလေးချန်းက ခေါင်းခါပြီး ရွှမ်းယွမ်ဝူဝေ့ဆီတွင် ခိုလှုံရန်ပြင်ဆင်နေသည့် အဖွဲ့ဝင်များကို စတင်ကိုင်တွယ်လိုက်သည်။

ယီထျန်းဂရုထဲရှိ အဖွဲ့ဝင်များသည်လည်း ချန်းပေါ်ပြောခဲ့သည့်အရာကို စိတ်ဝင်စားမှု ပြင်းပြလာခဲ့ကြသည်။

“အားလုံးပဲ ရွှမ်းယွမ်လိပ်က ဘာတွေရခဲ့လဲဆိုတာ ပြောကြည့်ပါဦး။”

“မျက်စိမှတ်ပြီးတောင် ခန့်မှန်းလို့ရတယ်။ အဲ့ဒါက မြို့ပြန်တာပဲ။ မြို့ပြန်တာကလွဲရင် တခြားဘာနဲ့မှမကိုက်ညီဘူး။”

“ဦးတည်ချက်ကျောက်ဖြစ်နိုင်လား။”

“ဦးတည်ချက်ကျောက်ဖြစ်သင့်တယ်ထင်တယ်။ ဒါပေမယ့် ဒေသခံတွေက အခုလေးတင် သူတို့ကိုတိုက်ခိုက်ခဲ့တာမဟုတ်ဘူးလား။ ဒီလောက်မြန်မြန်ကြီးတော့ ပြန်ရောက်မလာသင့်ဘူး။”

“ဦးတည်ချက်ကျောက်မဖြစ်သင့်ဘူး။ ဦးတည်ချက်ကျောက်ရဲ့အေးခဲချိန်က အရမ်းကြာတယ်။ ခုနစ်ရက်လောက် အချိန်ယူရတယ်။ အဲ့ဒါက ငါ့ကျွန်းကို ခုနစ်ရက်အတွင်း လူတစ်ယောက်ရောက်လာအောင်ပဲ လုပ်လို့ရတယ်။ ဒီအမြန်နှုန်းက ရွက်သင်္ဘောသုံးတာထက်စာရင် ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတယ်။”

“သူ့ဘာသူ ဘာပဲဖြစ်ဖြစ် ကိစ္စမရှိဘူး။ ဒါက အိပ်ရာဝင်ပြီး နေ့တစ်နေ့ရဲ့ အေးမြမှုကို ခံစားနေရသလိုပဲ။”

“အခုရာသီဥတုက အေးတယ်ဆိုတဲ့စကားနဲ့ မသက်ဆိုင်ဘူး။ ငါ အခု‌လေးတင် ပူလွန်းလို့မအိပ်နိုင်လို့ စကားပြောဖို့တက်လာတာ။”

“အဲ့ဒါက ဘာနဲ့မှကိုမတူဘူး။”

“ငါကတော့ အဲ့လိုမဟုတ်ဘူး။ ငါအိပ်ပျော်နေတုန်း ဒေသခံတွေဖမ်းသွားမှာစိုးလို့ တက်လာတာ။”

“ငါကတော့ လမ်းကြောင်းအနီးက အသက်ရှင်ကျန်ရစ်သူအနည်းငယ်နဲ့ ဆက်သွယ်ပြီးပြီ။ ငါတို့တစ်ယောက်တစ်လဲ ဂျူတီစောင့်တယ်။ ငါတို့က ကျွန်းတစ်ခုတည်းမှာ မဟုတ်ဘူးဆိုပေမယ့် အနီးက ပင်လယ်ပြင်ရဲ့မြင်ကွင်းက ကောင်းတဲ့နေရာမှာရှိတယ်။ အဲ့ဒါကြောင့် ငါတို့ လမ်းကြောင်းကို လှည့်ပတ်ပြီး ကင်းလှည့်လို့ရတယ်။”

“ဒါက အကြံကောင်းတစ်ခုပဲ။ ငါလည်း အနီးအနားကနေ မိတ်ဆွေတစ်ယောက်လောက် ရှာရမယ်။”

“အရမ်းပူတာပဲ။ ငါ့အရေပြားတွေကိုတောင် ခွာပစ်ချင်စိတ်ပေါက်လာပြီ။”

“မနက်ဖြန်ကျရင် မြေအောက်ခန်းတစ်ခုလောက် တူးရမယ်။ အဲ့လိုမှမဟုတ်ရင် ငါအပြင်ထွက်နိုင်မှာမဟုတ်တော့ဘူး”

“မင်း ရေဇလုံကြီးလုပ်ပြီး ရေထည့်ပြီး လှဲမနေဘူးလား။”

“သစ်တောက ပိုအေးတယ်။ မင်းအိပ်ချင်ရင် မင်းအိပ်ရာကို အဲဒီကိုရွှေ့အိပ်လိုက်လေ။”

“အိုး! အပေါ်ကညီအစ်ကို ငါမသတိပေးဘူးလို့မပြောနဲ့။ သစ်တောထဲမှာ တိရစ္ဆာန်မျိုးစုံ၊ ပိုးမွှားတွေ၊ မြွေတွေ ပေါက်ဖွားနိုင်တယ်။ အဲ့ဒါတွေကိုက်တာကို မင်းခံနိုင်ပါ့မလား။”

“ငါ့ကိုမခြောက်နဲ့ကွာ...။ ငါအခု ပြန်တော့မယ်။”

“ခြင်ကိုက်မှာ စိုးနေတာလား။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့ ဒေါနပန်းကိုစမ်းကြည့်လိုက်ပါ။ အဲ့ဒါကို မီးမြိုက်ပြီး ကောင်းကောင်းအိပ်လိုက်ပါ။”

ယောင်ဝမ် ထပ်မံထွက်ပေါ်လာခဲ့သည်။

“အိုး! အတုဆေးရောင်းတဲ့သူ မင်းအရေပြားကြောင့် ဒေသခံတွေ မင်းကိုရိုက်လိုက်တာများလား။”

“ငါကအရမ်းလေးနက်ပါတယ်ကွာ...ဟုတ်ပြီလား။”

ဆေးရောင်းသူယောင်ဝမ်ကပြန်ဖြေ၏။

“ခြင်ကိုက်ခံရရင် ဒီမှာ ကွန်ဖရေးခရင်ရှိသေးတယ်။ စဉ်းစားကြည့်လိုက်။”

“တကယ်လား။”

“ငါက မင်းကို ဘာလို့လိမ်ရမှာလဲ။”

ဆေးရောင်းသူက ပြန်ဖြေသည်။

“အခု ငါတစ်နေ့ လုံး ဒီဟာတွေကို လုပ်နေတာ။ ဘာလို့မဟုတ်ရမှာလဲ။”

“ဟုတ်ပြီ။ ငါ့ကိုတစ်ခုပေးပါ...ငါခြင်ကိုက်ခံထားရသလိုပဲ။”

“ကွန်ဖရေးလိမ်းဆေးတစ်ခုနဲ့ ဒေါနတစ်ပိုင်းကို အုတ်မြစ်ကျောက်တစ်ခု၊ လူငယ်လေး ငါ မင်းကိုလှည့်စားမှာမဟုတ်ဘူး။”

ဆေးရောင်းသူက ပြောလိုက်သည်။

“မင်းကို သီးသန့်ဆက်သွယ်လိုက်မယ်။ လဲလှယ်ကြတာပေါ့။”

ရှောင်းယီသည် သူ့ကို ဆေးရောင်းသူ ပေးလိုက်သော ဒေါနပင်နှင့် ကွန်ဖရေးလိမ့်ဆေးကို ကြည့်ပြီး ခေါင်းခါကာ ပြုံးလိုက်မိ၏။

ဤတစ်ညတာအတွက် ပြောစရာစကားလုံးများ မရှိခဲ့ချေ။ နောက်နေ့မနက် ရှောင်းယီနိုးလာချိန်တွင် ရင်းနှီးနေသော စနစ်၏သတိပေးသံ မြည်လာခဲ့လေသည်။

“ဒင်! ရိတ်သိမ်းမှု နှစ်ဆသက်ရောက်ခြင်းကို အစပျိုးလိုက်ပါပြီ။ သက်ရောက်မှုမှာ တစ်ရက်ကြာမြင့်မည်။”

ရှောင်းယီ၏မျက်လုံးများတောက်ပလာပြီး လျှို့ဝှက်စွာ ပြောလိုက်မိ၏။

“နှစ်ဆပျော်ရွှင်မှုပြန်ရောက်လာပြီ!”

ထို့ကြောင့် သူသည် ဝေါ်ကီတောက်ကီကို ကောက်ယူကာ ပြောလိုက်၏။

“ဒီနေ့ရိတ်သိမ်းမှုကို ကျုပ်လုပ်မယ်။”

ဤစကားလုံးများကိုကြားလိုက်ရသောအခါ ယွမ်နွန်နှင့် အခြားသူများသည် ယနေ့ ရှောင်းယီသည် နှစ်ဆအခြေအနေတွင်ရှိကြောင်း ချက်ချင်းပင် နားလည်သဘောပေါက်သွားခဲ့ကြတော့သည်။

“အန်းရန်၊ ဆုဝမ် လက်ရှိငါတို့ဆီမှာ စတော့ရှိတဲ့ အဆင့်အစားအစာတွေကိုရေတွက်ပြီး ခဏနေရင် စာရင်းပေးပါ။”

“ဟုတ်ကဲ့”

“ဦးလေးအန်း ကျုပ်တို့ကျွန်းပေါ်က ရေချိုငါးတွေဖမ်းဖို့ ဒေသံတွေ စီစဉ်ပေးပါဦး။”

“ဟုတ်ကဲ့”

“လောင်ယွမ် ခြံထဲက အစားအစာပမာဏကို ထောက်ပံ့ပေးရမယ်။ ပြီးရင် မျိုးစေ့တွေကိုလည်း ဒီနေ့ရောင်းမယ်။”

“ဟုတ်ကဲ့”

“အဒေါ်လီ...အဒေါ် အဝတ်အထည်တွေ အများကြီးထုတ်ထားတယ်မဟုတ်လား။ အဲ့ဒါတွေကိုလည်း ဒီနေ့ရောင်းမယ်။”

“ဟုတ်ကဲ့ ငါ မင်းအတွက် နံပါတ်တွေ ရေတွက်ပေးမယ်။”

အရာအားလုံးကို အမိန့်ပေးပြီးနောက် ရှောင်းယီသည် မျက်နှာသစ်ပြီး လျှို့ဝှက်စွာ ပြောလိုက်သည်။

“စနစ် လက်မှတ်ထိုးဝင်မယ်။”

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်-...”

အခန်း ၄၂၂ မာစတာသော့၊ လက်နက်များကို အရင်ဆုံးရောင်းချခြင်း

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- မာစတာသော့ (SSS အဆင့်) ၁။”

“နှစ်ဆရိတ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြီ။ ရရှိသော ပစ္စည်းများ- မာစတာသော့ (SSS အဆင့်) ၂။”

“မာစတာသော့ (SSS အဆင့်)- မည်သည့်စက်ပစ္စည်းသော့များကိုမဆို ဖွင့်နိုင်ပြီး အကန့်အသတ်မရှိ အသုံးပြုနိုင်သော မှော်သော့တစ်ချောင်း။”

“အရမ်းကောင်းတယ်။”

ရှောင်းယီက လက်မှတ်ထိုးဝင်ခြင်း၏ဆုလာဘ်ကို ကြည့်ပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

သူသည် မနေ့က ပင်လယ်ဓားပြသေတ္တာကို ငေးကြည့်ရင်း စိတ်လှုပ်ရှားခဲ့ရသော်လည်း ဟန့်တားခြင်းခံနေခဲ့ရ၏။

အခုတော့ ချက်ချင်းဖွင့်လို့ရပြီ။

ရှောင်းယီသည် စနစ်အာကာသထဲမှ မာစတာသော့တစ်ချောင်းကို ထုတ်ယူပြီး အခန်းထောင့်ရှိ ပင်လယ်ဓားပြသေတ္တာဆီသွားကာ သော့ပေါက်ထဲသို့ ထည့်လိုက်တော့လေသည်။

ကလစ်!

ပင်လယ်ဓားပြသေတ္တာ ဖွင့်သွား၏။

“ရရှိသော ပစ္စည်းများ- အုတ်မြစ်ကျောက် ၅၀၊ မြားမိုးလက်နက်ထုတ်လုပ်မှု ပုံကြမ်း ၁၊ မြို့ပြန်ကျောက် ၁။”

“နှစ်ဆရိပ်သိမ်းမှုကို အသက်သွင်းလိုက်ပါပြ္ ရရှိသော ပစ္စည်းများ - အုတ်မြစ်ကျောက်၁၀၀၊ မြားမိုးလက်နက်ထုတ်လုပ်မှု ပုံကြမ်း၂၊ မြို့ပြန်ကျောက် ၂။”

ရှောင်းယီတွင် စနစ်သတိပေးချက်ရှိသည့်အတွက် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ သွားစရာမလိုဘဲ ဤပစ္စည်းများသည် မည်သည့်အရာများဖြစ်သည်ကို သိရှိနိုင်ပေသည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်၏ ရှင်းလင်းချက်ထက်ပင် ပို၍အသေးစိတ်ကျ၏။

“မြားမိုးလက်နက် ထုတ်လုပ်မှုပုံကြမ်း- မတူညီသောမြားအမျိုးအစား ရာချီကို တစ်ပြိုင်နက်တည်း ပစ်လွှတ်နိုင်သည်။ လိုအပ်သော ကုန်ကြမ်းများ- သစ်၁၀၊ သံ၃...”

“ဒါက ပုယီယဲ့ဆီကနေ အရင်ပ လုယူခဲ့တဲ့ မြားလှည်းထက်တောင် ပိုပြီးစွမ်းအားပြင်းသေးတယ်။”

ရှောင်းယီသည် ထိုရှင်းလင်းချက်ကိုကြည့်ရင်း ပြောလိုက်မိသည်။

ယခင်က မြားလှည်းသည် မြားအချောင်း ၅၀ ကိုသာ တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်ခဲ့ပြီး နေ့စဉ်သုံးသစ်သားမြား သို့မဟုတ် ဝါးမြားများကိုသာ အသုံးပြုနိုင်ခဲ့သည်။

ဤမြားမိုးလက်နက်မှာမူ မြားအမျိုးမျိုးကို ပစ်လွှတ်နိုင်ပြီး မီးမြားများကိုလည်း ပစ်လွှတ်နိုင်၏။

မြားမိုးလက်နက် နှစ်ခုကို တစ်ပြိုင်နက်ပစ်လွှတ်မည်ဆိုပါက မီးမြားပေါင်း အချောင်းနှစ်ရာဖြစ်ပြီး လူနှစ်ရာက တစ်ပြိုင်တည်းတိုက်ခိုက်သကဲ့သို့ဖြစ်ကာ အလွန်စွမ်းအားပြင်းသော လက်နက်တစ်မျိုးဖြစ်သည်။

“မြို့ပြန်ကျောက်- ကျွန်းအထိမ်းအမှတ်တိုင်တွင် အသုံးပြုနိုင်သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကိုဩဒိနိတ်အမှတ်အဖြစ် သတ်မှတ်ပြီး အသုံးပြုပါက လူတစ်ဦးချင်းစီက ကိုဩဒိနိတ်အမှတ်သို့ မြန်မြန်ပြန်ရောက်နိုင်သည်။ စုစည်းချိန်မှာ ၂၀ စက္ကန့်ဖြစ်ပြီး အေးခဲချိန်မှာ တစ်ရက်ဖြစ်သည်။ မှတ်ချက်- ဤမြို့ပြန်ကျောက်ကို လူတစ်ဦးတည်းကသာ အသုံးပြုနိုင်သည်။ မိမိကိုယ်ခန္ဓာထက် ထုထည် သို့မဟုတ် အလေးချိန်မပိုသော ပစ္စည်းများကို သယ်ဆောင်နိုင်ပြီး ကိုဩဒိနိတ်အမှတ် ပြောင်းလဲမှုကို ထပ်ခါထပ်ခါ ပြုလုပ်နိုင်သည်။”

ရွှမ်းယွမ်ဝူဝေ့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် မြင်ခဲ့ရသည့်ရှင်းလင်းချက်မှာ ပထမဆုံးဝါကျတစ်ခုတည်းသာဖြစ်ပြီး ရှောင်းယီ၏စနစ်သည် ရှင်းလင်းချက်နှစ်ခုကို ထပ်မံဖြည့်စွက်ပေးထားခဲ့သည်။

“ဒါဆို ဒီဟာပေါ့”

ဦးလေးချန်းပြောသည့် ရွှမ်ူယွမ်ဝူဝေ့၏ကျွန်းသို့ ဘေးကင်းစွာရောက်ရှိစေနိုင်သော ရတနာမှယ ဤအရာဖြစ်ကြောင်း ရှောင်းယီနားလည်သွားခဲ့သည်။

ဤပစ္စည်း၏အေးခဲချိန်သည် ဦးတည်ချက်ကျောက်ထက် မြန်ပေသည်။ တစ်ရက်ဆိုသည်မှာ အတော်လေးကြာသော်လည်း ခုနစ်ရက်ထက်တော့ ပိုမြန်သေးသည်။

ဦးတည်ချက်ကျောက်သည် ဧရိယာအတွင်းရှိ လူအားလုံးနှင့် အတူတကွ ချက်ချင်းတည်နေရာကူးပြောင်းနိုင်ပြီး စုစည်းချိန်မှာ မိနစ် ၃၀ အထိကြာသည်။

မြို့ပြန်ကျောက်သည် လူတစ်ဦးတည်းကိုသာ ခေါ်ဆောင်နိုင်ပြီး စုစည်းချိန်မှာ ၂၀ စက္ကန့်သာကြာ၏။

နှစ်ခုလုံးမှာ အားသာချက်၊ အားနည်းချက်များ ရှိပေသည်။

ဤမြို့ပြန်ကျောက်နှင့်အတူ ရှောင်းယီသည် ချူဖုန်းမြို့ထဲသို့ သူလျှိုတစ်ယောက် ထပ်မံစေလွှတ်ချင်လာခဲ့သည်။

ထို့နောက် ရှောင်းယီ ထရပ်လိုက်ပြီး အပြင်သို့ ထွက်လာခဲ့သည်။ ဤပစ္စည်းကို အသေးစိတ်ဘယ်လိုသုံးမလဲဆိုတာ နောက်မှပြန်လေ့လာမည်ပြီး ယခုအချိန်တွင် အလျင်အမြန်ရိတ်သိမ်းရန် လိုအပ်သည်။

အောက်ထပ်ကို ဆင်းသွားပြီးနောက် ရှောင်းယီသည် ဆုဝမ်ကိုရှာကာ စကားအနည်းငယ် ပြောလိုက်၏။

“ဆုဝမ် ဂရုထဲမှာပြောလိုက်ပါ။ ငါတို့အဖွဲ့က ဒီနေ့ အဆင့်မြင့်အစားအစာတွေ ထပ်မံရောင်းချမယ်လို့။ စည်းမျဉ်းက အရင်တစ်ခါနဲ့အတူတူပဲ။ ဖလှယ်ရမယ့်အချိုးအတိအကျကိုတော့ ချိန်ညှိသွားမယ်။”

“ကောင်းပြီ”

ဆုဝမ်က ပြန်ပြောလိုက်ပြီးနောက် ချက်ချင်းပင် ယီထျန်းဂရုထဲ၌ သတင်းထုတ်ပြန်လိုက်သည်။

“အားလုံးပဲ ကျုပ်တို့ရဲ့ ကျွန်းပိုင်ရှင် ရီယန်ပင်းရဲ့ ဆုံးဖြတ်ချက်အရ ဒီနေ့ အဆင့်မြင့်အစားအစာအချို့ကို ထပ်မံတင်သွင်းပါမယ်။ တင်သွင်းမယ့်ပမာဏက အရင်တစ်ခါနဲ့အတူတူပါပဲ။ ဖလှယ်ရမယ့်အချိုးအတိအကျကိုတော့ ချိန်ညှိသွားပါမယ်။”

“အား! ထပ်ရောက်လာပြီ။ ကံကောင်းတာက ငါ အုတ်မြစ်ကျောက်တွေ သိမ်းထားမိတာပဲ။ ဒီတစ်ခေါက် အဆင့်မြင့်အစားအစာတွေ ပိုရဖို့မျှော်လင့်တယ်။”

“ဟုတ်တယ်...။အရင်တစ်ခါ အဆင့်မြင့်အစားအစာစားပြီးတဲ့နောက် ငါ့ခန္ဓာကိုယ်က ခွန်အားတွေ ပြန်ပြည့်လာသလိုခံစားရတယ်။ ဒီတစ်ခါတော့ များများဖမ်းဆုပ်ထားရမယ်။”

“ကျုပ်လည်းအဲလိုပဲ။ ဒါပေမယ့် ကျုပ်ကျွန်းပေါ်က တောထဲမှာ Cအဆင့် တိရစ္ဆာန်တွေ စပြီးပေါ်လာနေပြီ။ အဆင့်မြင့်အစားအစာအချို့ ဖမ်းဆုပ်မိဖို့ မျှော်လင့်တယ်။”

“အပေါ်ကသူ ဌေးကြီး။ ကျုပ်ကို Cအဆင့်အသားနည်းနည်းလောက် ရောင်းပေးပါလား။”

“အများကြီးမတွေးနဲ့။ ကျုပ်က အခု တောထဲမှာ ရံဖန်ရံခါ ပြေးပြေးနေတဲဘ ယုန်တစ်ကောင်ကို တွေ့ရတော့တယ်။ အဲ့ကောင်ကို ဖမ်းဖို့ကလည်း အရမ်းခက်တယ်။ Cအဆင့်ယုန်ဆိုတော့ လုံးဝမဖမ်းနိုင်ဘူး။ အရင်တစ်ခါက နှစ်ရက်လောက်ကြာအောင် ကြိုးစားပြီး ထောင်ချောက်တွေချထားတော့မှ Cအဆင့်ယုန်ကိုဖမ်းနိုင်ခဲ့တာ။ စားဖို့ပဲလောက်တယ်။ ရောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး။”

“မင်းက အတော်ကံကောင်းတာပဲ။ ကျုပ်တောထဲမှာ Cအဆင့်ဝံပုလွေတစ်ကောင် ဘယ်တုန်းက ပေါ်လာမှန်းမသိဘူး။ ငါသူ့လက်ထဲမှာ သေလုနီးပါးပဲ။ ဟူး...ကံကောင်းလို့ပေါ့။ ငါဒဏ်ရာပဲရပြီး အိမ်ပြန်နိုင်ခဲ့တာ။”

“ကျုပ်တောထဲမှာကျ ဘာလို့ တိရစ္ဆာန်တွေ အဲဒီလိုများများစားစား မရှိရတာလဲ။”

“အိုး! အဲ့ဒါတွေက ပြန်‌ဖြည့်ပေးထားတဲ့ဟာတွေပဲ။ မင်းရဲ့ဦးနှောက်နဲ့ ပြန်စဉ်းစားကြည့်ပေါ့။ အခု ငါ ဒဏ်ရာရသူကို မေးချင်တာက မင်းရဲ့ဒဏ်ရာတွေကို ဘယ်လိုကုသခဲ့တာလဲ။”

“အခုချိန်မှာ ဒဏ်ရာတွေက ခံစားရခက်နေမှာပဲ။”

“မဟုတ်ဘူး...။ ငါ ဆေးအတူရောင်းတဲ့သူကို ရှားခဲ့တာ။ သူ့ဆေးက အလုပ်ဖြစ်နေတုန်းပဲ။”

“ဆေးအတုရောင်းတဲ့လူက အဲဒီလောက်တောင် အစွမ်းထက်တယ်လား။”

“ဆေးအတုတွေကို တစ်ခုပြီးတစ်ခု မဝယ်နဲ့။ ကျုပ်ကမှ တကယ့်ဆရာဝန်အစစ်ပဲ ဟုတ်ပြီနော်။”

ဆေးရောင်းသူက အချိန်ကိုက် ဝင်ပြောလိုက်သည်။

“ဆေးအတုရောင်းတဲ့လူက အဲဒီမှာပဲဆိုတာ သေချာသွားပြီ။ ကျုပ်အတွက်လည်း ဒဏ်ရာသက်သာစေတဲ့ဆေးတစ်ချို့ ရောင်းပေးပါလား။”

ဆေးရောင်းသူက ပြန်ဖြေသည်။

“ဒီနေ့ ကျုပ်က လူကြီးလူကောင်းရဲ့ လေဟုန်ကိုစီးပြီး လူကြီးလူကောင်းနဲ့အတူ အတူတူရောင်းမယ်။”

“ဆေးအတုရောင်းတဲ့လူ မင်းစကားကိုနားထောင်ရသလောက် ဘာလို့ အရမ်းကွေ့ပတ်နေသလို ခံစားနေရတာလဲ။ မင်း သူဌေးကြီးနဲ့အတူတူ ရောင်းမယ်ဆိုတာ သေချာလား။”

“အုတ်မြစ်ကျောက် ဘယ်နှစ်ခုလဲ။ မင်းနဲ့ သူဌေးကြီးကို ငါအဖွားကြီးက အကုန်လုံးထွေးပစ်မယ်။”

“သေစမ်း မင်းတို့အိုကြီးအိုကြီးမတွေပဲ။”

ထို့နောက် ဆေးရောင်းသူသည် ရှောင်းယီထံ စာပို့ကာ မေးလိုက်သည်။

“အစ်ကိုကြီး ကျုပ်လက်ထဲက ဆေးပင်တွေကို ဒီနေ့ သူဌေးနဲ့အတူ ရောင်းလို့ရမလား။”

ရှောင်းယီသည် ပစ္စည်းသေတ္တာအားလုံးကို ဖွင့်ခဲ့ပြီးဖြစ်သည်။ အုတ်မြစ်ကျောက်အချို့နှင့် အခြေခံကုန်ကြမ်းပစ္စည်းများကိုသာ ရရှိခဲ့၏။ ထိုအရာများကို သူသေချာပင် မကြည့်ခဲ့ပေ။

ပင်လယ်ငါးနှင့် ရေချိုငါးအားလုံးကို ရိတ်သိမ်းကာ နှစ်ဆပွားပြီးနောက် တူးထားသောရေကန်ထဲသို့ အားလုံး လောင်းထည့်လိုက်သည်။

မရောင်းချခင် သူတို့ကို ကိုင်တွယ်ရန် လိုအပ်နေသေးသည်။ ဤတစ်ကြိမ်တွင်တော့ ငါးအရှင်များကို ရောင်းချမယ်ဖြစ်၏။ အနည်းဆုံးတော့ Cအဆင့်ငါးများကို ကိုင်တွယ်တော့မည်မဟုတ်ပေ။

ထို့နောက် ရှောင်းယီ သူ့အိပ်ခန်းထဲသို့ ပြန်သွားလိုက်၏။ ရှောင်ရှန်းက သူ့အိပ်ခန်းထဲ ပြေးဝင်သွားပြီဖြစ်သည်။

“ဒီနေ့ တာဝန်ရှိတယ်။ တောထဲက စားလို့ရတဲ့အသီးအားလုံးကို ဆွတ်ခူးပြီး ငါ့ဆီပို့ရမယ်။ ပြီးသွားရင် ရေနှစ်ခွက်သောက်ရမယ်။”

ရှောင်းယီက ရှောင်ရှန်းကို အလွန်လျင်မြန်စွာ ပြောလိုက်သည်။

“စကွိစကွိ! (တကယ်လား၊ ငါ့ရဲ့ မျောက်မြေးမြစ်တွေကို လှုပ်ရှားခိုင်းလိုက်မယ်။)”

ထို့နောက် ရှောင်ရှန်းသည် ချက်ချင်းပင် ခုန်တက်သွားခဲ့၏။

ရှောင်းယီ ယီထျန်းဂရုကိုကြည့်လိုက်သည်။ ဤအချိန်တွင် လူတိုင်းသည် ရှောင်းယီ အဆင့်မြင့်အစားအစာများ ရောင်းချမည့်အကြောင်း ဆွေးနွေးနေကြ၏။

“ဒါက ယီရန်ပင်းရဲ့ ပထမဆုံးအကြိမ် အစားအစာတွေ အကြီးအကျယ် ရောင်းချတာလား။”

“ဒါက ဆဋ္ဌမအကြိမ်ပဲ။ ၄ရက်၊ ၉ရက်၊ ၂၀ရက်၊ ၂၈ရက်၊ ၃၈ရက်၊ ပြီးတော့ ဒီနေ့ ၄၈ရက်မြောက်နေ့ပဲ။”

“သေစမ်း! အပေါ်ကလူက မင်းအရမ်းတော်တယ်။ ဒါကိြ တောင်ရေတွက်နိုင်သေးတယ်ပေါ့။”

“ဒီစည်းမျဉ်းကိုကြည့်မယ်ဆိုရင် သူဌေးက ဆယ်ရက်တစ်ကြိမ် အပြင်ကို အစားအစာတွေ ရောင်းတဲ့ပုံပဲ။”

“ဆယ်ရက်အတွင်း အစားအစာတွေ အဲလောက်အများကြီး ရနိုင်လို့လား။”

“သူဌေးရဲ့ကမ္ဘာကို မင်းမခန့်မှန်းနိုင်ဘူး။ မင်းက ရိုးရိုးသားသားနဲ့ အုတ်မြစ်ကျောက်တွေ ပြင်ဆင်ထားဖို့ပဲလိုတယ်။”

ရှောင်းယီသည် လူတိုင်း၏ဆွေးနွေးမှုများကို ကြည့်ပြီး ပြောလိုက်သည်။

“အားလုံးပဲ မင်္ဂလာပါ။ ဒီနေ့ရောင်းမယ့်ပစ္စည်းတွေက အဆင့်သတ်မှတ်ထားတဲ့အစားအစာတွေတင် မကပါဘူး။ လက်နက်တွေ၊ အဝတ်အစားတွေလည်းပါတယ်။ လူတိုင်း ကိုယ်ပိုင်အုတ်မြစ်ကျောက်တွေကို စီမံထားသင့်တယ်။ ဒီတစ်ခါထုတ်လာမယ့် လက်နက်တွေက ကာကွယ်ရေးအတွက်ပဲ။ မိမိကိုယ်ပိုင်ကျွန်းအတွက် အရမ်းအသုံးဝင်တယ်။”

ရှောင်းယီ၏ မက်ဆေ့ချ်ကို မြင်လိုက်ရသောအခါ လူတိုင်း ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြတော့သည်။

“သူဌေးက အရမ်းအံ့ဩစရာကောင်းတာပဲ။ လက်နက်တွေတောင် ထုတ်လိုက်သေးတယ်။”

“သူဌေးပြောတာက ဒီတစ်ခါလက်နက်တွေက ကာကွယ်ရေးအတွက် အရမ်းအရေးကြီးတယ်။ ဒါဆိုရင်တော့ အရင်ဆုံး သိမ်းကိုသိမ်းထားရမယ်။ ဘေးကင်းရေးက အရေးကြီးဆုံးပဲ။”

အခန်း ၄၂၃ နှစ်ဆအခြေအနေကို ထပ်မံစမ်းသပ်ခြင်း၊ လက်နက်များကို အထုပ်လိုက်ရောင်းချခြင်း

“ဟုတ်တယ်...။ အခု အဆင့်မြင့်အစားအစာရသွားတယ်ဆိုရင်တောင် ခန္ဓာကိုယ်တိုးတက်မှုနှုန်းက အရမ်းနှေးတယ်။ ဒါပေမယ့် လက်နက်ကတော့ ကျုပ်တို့ရဲ့ ဘေးကင်းမှုကို အာမခံပေးနိုင်တယ်။”

“ဈေးကြီးမှာကိုပဲ စိုးရိမ်မိတယ်။”

“မဖြစ်နိုင်ပါဘူး။ ယီရန်ပင်းသူဌေးက ထုတ်လိုက်ပြီဆိုကတည်းက တောင်ပိုင်းဒေသက ဒေသခံတွေရဲ့ ထိုးဖောက်ဝင်ရောက်မှုကို ပိုပြီးပြင်းထန်စွာခံစားနေရတာကို မြင်မိပြီးသားဖြစ်မှာပဲ။ သူက လူတိုင်းရဲ့ သည်းခံနိုင်စွမ်းကို ထည့်သွင်းစဉ်းစားမှာပါ။”

“ဟုတ်တယ်...ခေါင်းဆောင်ကြီးတွေက လမ်းကြောင်းတွေကိုတောင် အခမဲ့ပေးထားပဲ။ မင်းက သူတို့ရဲ့အကျင့်စာရိတ္တကို မယုံကြည်နိုင်သေးဘူးလား။”

ရှောင်းယီဆက်ပြောသည်။

“အထူးသဖြင့်တော့ ဈေးကြီးမှာမဟုတ်ပါဘူး။ ဒါပေမယ့် အုတ်မြစ်ကျောက်အချို့လည်း လိုအပ်တယ်။ သင်သင့်တော်သလို စီစဉ်ထားနိုင်ပါတယ်။”

“ဒါဆို သူဌက လက်နက်တွေကို အရင်ဆုံးတင်ပေးပြီး ကျုပ်တို့သိအောင်လုပ်ဖို့ အကြံပြုချင်ပါတယ်။”

“ဟုတ်တယ်...အဲ့ဒါအကြံကောင်းပဲ။ မဟုတ်ရင် အဆင့်မြင့်အစားအစာတွေကို ထိန်းထားနိုင်မှာ်ဟုတ်တော့ဘူး။”

“အဓိပ္ပာယ်ရှိတယ်။ ပထမဆုံးလက်နက်အတွက် ငါ့ရဲ့အုတ်မြစ်ကျောက်တွေက အဆင်သင့်ဖြစ်နေပြီ။”

လူအုပ်ကြီး၏ ကားအသံများကို မြင်လိုက်ရသောအခါ ရှောင်းယီက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ကောင်ပြီ လက်နက်တွေကို အရင်ဆုံးတင်လိုက်ကြတာပေါ့။”

ထိုအချိန်တွင် ရှောင်းယီသည် ဆေးရောင်းသူမှ သူ့ထံပို့လိုက်သော မက်ဆေ့ချ်ကို သတိထားမိသွားခဲ့သည်။

ရှောင်းယီ စဉ်းစားကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

“မင်းငါ့ကိုယုံကြည်တယ်ဆိုရင် ဆေးပင်အားလုံးကို ငါ့ဆီလဲလှယ်လိုက်ပါ။ အဆုံးသတ်ပြီးရင် အုတ်မြစ်ကျောက်နဲ့ မင်းဆီကို ငွေရှင်းလိုက်မယ်။”

“သူဌေးက ဘာတွေပြောနေတာလဲ။ ကျုပ်ယုံကြည်ပါတယ်။”

ဆေးရောင်းသူသည် သူ့လက်ထဲတွင်ရှိနေသော ဆေးပင်အားလုံးအပါအဝင် ပြီးပြည့်စုံသည့်ဆေးများကိုပါ ရှောင်းယီဆီသို့ တိုက်ရိုက်ရောင်းချလိုက်၏။

“နှစ်ဆရိတ်သိမ်းမှု အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ- လျူဝေ့တိဟွမ်းဝမ် 2000,...”

ရှောင်းယီသည် ဆေးရောင်းသူ၏ ဆုံးဖြတ်ချက်ပြတ်သားပုံကို ကြည့်ပြီး ပြောလိုက်သည်။

“ကောင်းပြီ အားလုံးပြီးသွားရင် ငါ မင်းကိုလာရှာမယ်။ ပြီးတော့ မင်းဒီနေ့တင်တဲ့ပစ္စည်းတွေကို လေလံမဆွဲတော့နဲ့။ အဆုံးသတ်ရင် ငါမင်းအတွက် တစ်စုံချန်ထားပေးမယ်။”

“အာ...ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး။”

ဆေးရောင်းသူက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

လဲလှယ်လိုက်သော ဆေးဝါးများကို ကြည့်ရှုပြီး ရှောင်းယီ၏စိတ်များ ပိုမိုတက်ကြွလာသည်။ ယခင်က လှဲမှုများကို ပြန်လည်စမ်းသပ်ရန်မှာ မဖြစ်နိုင်တော့ပေ။

သို့သော် အခြားနေရာများမှ ဆေးဖက်ဝင်အပင်များကို ဝယ်ယူကာ နှစ်ဆပွားပြီး ဆေးရောင်းသူထံ ရောင်းချပြီး သူ့ကို ပြီးပြည့်စုံသော ထုတ်ကုန်ကို ပြုလုပ်ခိုင်းကာ သူကိုယ်တိုင် ပြန်လည်ရောင်းချ၍ ရနိုင်မည်လော။

နောက်ဆုံးတွင် ထိုအချောသတ်ထုတ်ကုန်များကို မိမိကိုယ်တိုင် ပြန်လည်ရောင်းချမည်ဆိုပါက နှစ်ဆထပ်တိုးစေနိုင်ပါမည်လော။

ဤအခြေအနေနှစ်ခုစလုံးသာ ဖြစ်နိုင်ချေရှိပါက ဤသည်မှာ ခြောက်ဆအမြတ်ဖြစ်လာပေလိမ့်သည်။

ထိုအကြောင်းကိုစဉ်းစားမိသောအခါ ရှောင်းယီသည် မတွန့်ဆုတ်တော့ဘဲ စွန်းကုထောင်ကိုရှာဖွေကာ မက်ဆေ့ချ်ပို့လိုက်သည်။

“စွန်းကုထောင် မင်းမှာ ထုတ်လှုပ်မှုပုံကြမ်းတွေရှိလား။ ဘာမဆိုရပါတယ်။”

ရှောင်းယီက မေးလိုက်သည်။ ရှောင်းယီပို့လိုက်သောစာကို မြင်လိုက်ရပြီးနောက် စွန်းကုထောင် အံ့အားသင့်သွားပြီး ပြန်ပြောလိုက်၏။

“ကျုပ်လက်ထဲမှာ စည်ပိုင်း ထုတ်လုပ်မှုပုံကြမ်း နှစ်ခုရှိပါတယ်။ ကျွန်းပိုင်ရှင် လိုချင်လို့လား။”

“မဟုတ်ဘူး...။ လိုအပ်တဲ့ ကုန်ကြမ်းတွေကို အရင်ပြောပြပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“စည်ပိုင်းတစ်လုံးစီအတွက် လိုအပ်သော ကုန်ကြမ်းများ - သစ်သား၁၊ သံ၁။”

စွန်ကုထောင်က ပြောပြလိုက်၏။ ရှောင်းယီက ခေါင်းညိတ်သည်။ ထို့နောက် ဆေးရောင်းသူကို ထပ်မံဆက်သွာ်လိုက်သည်။

“ငါ မင်းနဲ့ သစ်သားတစ်ယူနစ်နဲ့ သံတစ်ယူနစ် လဲလှယ်မယ်။”

ဆေးရောင်းသူသည် ပဟေဠိဖြစ်သွားသော်လည်း ရှောင်းယီ၏တောင်းဆိုမှုအတိုင်း လဲလှယ်လိုက်၏။

“နှစ်ဆရိတ်သိမ်းမှု အသက်သွင်းလိုက်ပါပြီ။ ရရှိသောပစ္စည်းများ - သစ်သား၂၊ သံ၂။”

ရှောင်းယီသာ် သစ်သားနဲ့ သံ နှစ်ယူနစ်ကို စွန်းကုထောင်ဆီသို့ လဲလှယ်ပေးပြီး ထိုကုန်ကြမ်းများနှင့် စည်ပိုင်းနှစ်ခု လုပ်ခိုင်းလိုက်သည်။

“[စည်ပိုင်း] ၂ လဲလှယ်မှုမရှိပါ။”

ရှောင်းယီသည် ချက်ချင်းပင် လဲလှယ်မှုကို သဘောတူလိုက်၏။

“ရရှိသော ပစ္စည်းများ- စည်ပိုင်း ၂။ ပစ္စည်းတွင် နှစ်ဆရိတ်သိမ်းမှုအချက်အလက်များပါရှိကြောင်း ထောက်လှမ်းမိသောကြောင့် ထပ်မံမစတင်နိုင်ပါ။”

“အင်း အလကားသက်သက် အချိန်ဖြုန်းလိုက်တာပဲ။”

ရှောင်းယီ အကူညီမဲ့မှုကို ခံစားလိုက်ရသည်။ ရှောင်းယီက ခေါင်းခါလိုက်ပြီး ထိုစည်ပိုင်းကို စွန်းကုထောင်ဆီ ပြန်ပို့လိုက်၏။

“သူဌေး ဒါက ဘာကိုဆိုလိုတာလဲ”

စွန်းကုထောင် လုံးဝရှုပ်ထွေးသွား၏။

“ဘာမှမဖြစ်ပါဘူး။ နောက်ထပ် လုပ်ဆောင်ချက်တစ်ခုကို စမ်းသပ်ကြည့်ရုံပါပဲ။”

ရှောင်းယီက ပြန်ဖြေပြီးနောက် စကားလွှဲလိုက်သည်။

“ဒီနေ့တင်တဲ့ပစ္စည်းတွေကို ဝင်မလုနဲ့။”

“နားလည်ပါပြီ။”

စွန်းကုထောင် ပြန်ဖြေလိုက်သည်။

နှစ်ဆအခြေအနေအား ထပ်မံစမ်းသပ်ခြင်း ပြီးဆုံးသွားပြီးနောက် ရှောင်းယီက အုပ်စုထဲတွင် ထပ်ပြောလိုက်သည်။

“ဒီနေ့ငါးနဲ့ သာမန်တိရစ္ဆာန်တွေအတွက် C-အဆင့် ဈေးနှုန်းက အုတ်မြစ်ကျောက်တစ်ခုကို ၂၀၀ ဂရမ်ဖြစ်ပါတယ်။ အဆင့်တစ်ဆင့်တက်တိုင်း အုတ်မြစ်ကျောက်တစ်ခုစီရဲ့ လဲလှယ်နှုန်းကို တစ်ဝက်လျှော့မှာဖြစ်ပါတယ်။ သားရဲအသားရဲ့ဈေးနှုန်းအချိုးကို သာမန်တိရစ္ဆာန်တွေရဲ့ အဆင့်မြင့်တက်မှုအလိုက် ရိုးရှင်းစွာ နားလည်ထားလို့ရပါတယ်။ C-အဆင့် သားရဲတွေရဲ့ အသားက B-အဆင့် သာမန်တိရစ္ဆာန်သားနဲ့ညီမျှတယ်....”

ရှောင်းယီသည် ဤတစ်ကြိမ်ရောင်းချမည့် အစားအစာများ၏ ဈေးနှုန်းကို မိတ်ဆက်ပေးလိုက်၏။ ‌ဤအကြိမ်သည် အရင်ကထက် ဈေးအများကြီးပိုသက်သာသည်။

“အရမ်းကောင်းတယ် နောက်တစ်ခါ ဈေးချိုချိုနဲ့ ထပ်ရပြန်ပြီ။ အဆင့်မြင့်အစားအစာတွေ ထပ်ပြီးဝယ်နိုင်မယ်လို့ ခံစားရတယ်။”

“ဟုတ်တယ်...။ သူဌေးက အရမ်းကြီးကျယ်မြင့်မြတ်တာပဲ။ တခြားလူတွေက အဆင့်မြင့်အစားအစာတွေကို ဖွက်ထားပြီး ငမ်းငမ်းတက်စားသောက်နေကြတာ။ သူဌေးကြီးတစ်ယောက်လိုမျိုး ဘယ်လိုပြသနိုင်မှာလဲ။”

“အရမ်းကောင်းတာပဲ...။ သူဌေး တင်လို့ရပြီ။ ကျုပ် အုတ်မြစ်ကျောက်တွေ ပြင်ဆင်ထားပြီးပြီ။”

ထိုအချိန်တွင် အန်းရန်နှင့် အခြားသူများသည် လက်ဝယ်ရှိထားသော အစားအစာများအားလုံးကို ရေတွက်ပြီး ရှောင်းယီထံ လွှဲပြောင်းလာပေးခဲ့သည်။

ရှောင်းယီသည် ထိုအရာများကို ဘေးဖယ်ထားလိုက်ပြီး ဂရုထဲမှာ ဆက်ပြောလိုက်၏။

“ဒီတစ်ခါရောင်းမယ့်လက်နက်တွေက အောက်ပါသုံးမျိုးပဲ ဖြစ်ပါတယ်။ [သုံးချက်ပစ်လောက်လွှဲစင်] (A အဆင့်), [ဒုံးကျည်] (C အဆင့်), [မီးဘောလုံး] (C အဆင့်)။ နောက်ဆုံးနှစ်ခုကိုတော့ ကျည်ဆန်လို့ခေါ်သင့်တယ်။”

“သေရော...။ ခေါင်းဆောင်က A အဆင့် စစ်ရေးပစ္စည်းကိရိယာအားလုံးကို ထုတ်ယူပြီးသွားပြီလား။”

“လောက်လွှဲက အခုချိန်မှာ အဓိကတိုက်ခိုက်ရေးပစ္စည်းကိရိယာဖြစ်နေပြီ။ သုံးချက်ပစ်က တစ်ချက်တည်းပစ်တာထက် အများကြီးသာလွန်တယ်။”

“ပြီးတော့ ဒုံးကျည်ပဲ။ သူဌေးကြီးတွေက အရမ်းအံ့ဩစရာကောင်းတာပဲကွာ (ကျိုးပဲ့သောအသံ)။”

“မီးဘောလုံးကို လောက်လွှဲနဲ့တွဲသုံးသင့်တယ်။ အဲ့ဒါက အကြီးစားလူသတ်စက်ကြီးပဲ။”

“အဓိကအချက်က ဒီလိုအဆင့်မြင့်စစ်ရေးပစ္စည်းကိရိယာတွေအတွက် အုတ်မြစ်ကျောက် ဘယ်နှစ်ခုလိုအပ်လဲဆိုတာပဲ။”

“လူတိုင်းရဲ့ကျွန်းတစ်ကျွန်းစီမှာ ဒီလို လောက်လွှဲတစ်ခုရှိစေဖို့အတွက်...

[သုံးချက်ပစ်လောက်လွှဲစင်] (A-အဆင့်) ၁, [ဒုံးကျည်] (C-အဆင့်) ၁၀, [မီးဘောလုံး] (C-အဆင့်) ၆

တို့ကို အထုပ်လိုက်ရောင်းချဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စုစုပေါင်းအတွက် အုတ်မြစ်ကျောက် ၂၀ ဖြစ်ပါတယ်။ ဒါက ဂရုအတွင်းဈေးနှုန်းဖြစ်ပြီး အိုင်ဒီတစ်ခုစီက တစ်ထုပ်သာဝယ်ယူနိုင်ပါတယ်။ ဈေးကွက်မှာလည်း အထုပ်ပေါင်း ၆၀,၀၀၀ ကို ထုတ်ပြန်သွားမှာဖြစ်ပြီး တစ်ထုပ်ကို အုတ်မြစ်ကျောက် ၃၀ ပါဝင်မှာဖြစ်ပါတယ်။”

“အုတ်မြစ်ကျောက် ၂၀ တည်းလား။ ကျုပ်လိုချင်တယ်။ သူဌေး တင်လို့ရပြီ။”

“ငါ့လက်ထဲမှာ အုတ်မြစ်ကျောက် သိပ်မများပေမယ့် ၂၀ ကိုတော့ ထုတ်နိုင်သေးတယ်။”

“ဈေးကွက်မှာ ဝယ်ယူနိုင်တဲ့ပမာဏ အကန့်အသတ်မရှိဘူးလား။ ဒါဆို ဆယ်ထုပ်၊ ရှစ်ထုပ်လောက် ဝယ်မယ်ဆိုရင် လောက်လွဲ ဆယ်လုံးကို တစ်ပြိုင်နက်တည်း ပစ်လွှတ်လို့ရမှာပေါ့။ ဒီမြင်ကွင်းက ငါ့ကို ဆီးသွားချင်စိတ်တောင် ဖြစ်စေမယ်ထင်တယ်။”

“အပေါ်ကလူ မင်းကမြဲတမ်း သေးပေါက်ချင်တယ်ပဲပြောနေတာ။ မင်းမှာ ဆီးကျိတ်ရောဂါရှိနေတာလား။”

“အရေးတကြီး ဆီးသွားချင်တာတို့၊ မကြာခဏ ဆီးသွားနေရတာတို့ ခံစားနေရရင် ကျုပ်ကိုရှာနိုင်တယ်။”

ဆေးရောင်းသူက ထပ်မံခုန်ထွက်လာခဲ့သည်။

“ငလူး...။ မင်းတို့ကောင်တွေ ဒါလေးတောင်မသိဘူးလား။ ဆီးသွားတယ်ဆိုတာက နာမဝိသေသနတစ်ခုပဲ။ ကြိယာမဟုတ်ဘူး။ နားလည်ကြစမ်းပါ။”

လူတိုင်း စိတ်အားထက်သန်နေကြသောကြောင့် ရှောင်းယီ ဘာမှဆက်မပြောတော့ဘဲ ဂရုထဲတွင် ၁၀၉,၈၆၅ ထုပ်ကို တိုက်ရိုက် တင်လိုက်၏။ ထိုအရာမှာ ဂရုမန်ဘာအရေအတွက်အတိုင်းပင်ဖြစ်သည်။

လူတိုင်းသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် စောင့်ကြပ်နေကြပြီး ရှောင်းယီတင်ထားသည့် ပစ္စည်းကောင်းများ ပျောက်သွားမည်ကို ကြောက်နေခဲ့ကြ၏။

ထို့ကြောင့် ဤသုံးချက်ပစ်လောက်လွှဲများအားလုံးကို စက္ကန့်ပိုင်းအတွင်းပင် ပစ်ချလိုက်ကြလေသည်။

“ရရှိသော ပစ္စည်းများ- အုတ်မြစ်ကျောက်၂၁၉၇၃၀၀၊ နှစ်ဆရိတ်သိမ်းမှု အသက်သွင်းလိုက်ပါပြီ။ အုတ်မြစ်ကျောက် ၄၃၉၄၆၀၀။”

“အခု ဈေးကွက်မှာ အထုပ်ပေါင်း ၆၀,၀၀၀ တင်ပါတော့မယ်။ လက်ထဲမှာ အုတ်မြစ်ကျောက် အပိုတွေများနေသေးရင် လွတ်လွတ်လပ်လပ် ဝယ်လို့ရပါတယ်။”

ရှောင်းယီသည် ထိုသို့ပြောလိုက်ပြီးနောက် ဈေးကွက်တွင် သုံးချက်ပစ်လောက်လွှဲများအား တင်လိုက်တော့လေသည်။

ရှောင်းယီ ဂရုထဲတွင်ကြော်ငြာနေစဉ် ဆုဝမ်သည်လည်း အများသုံးချန်နယ်တွင် တစ်ချိန်တည်း ကြော်ငြာနေသောကြောင့် လူအတော်များများသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ရှောင်းယီတင်မည့် A အဆင့်လောက်လွှဲများကို ဝယ်ယူရန် စောင့်ဆိုင်းနေကြပြီဖြစ်လေသည်။

All Chapters