အခန်း (၄၂၇-၄၂၉)
Vol. 29 Ch. 427-429
အခန်း ၄၂၇ အိမ်ပြန်လမ်းတွင် ဝေလငါးများနှင့် တွေ့ဆုံခြင်း၊ ချင်းလုံမှ ညီငယ်များ ခေါ်ယူလိုခြင်း
ထိုအချိန်တွင် ချူရှန်းနှင့် အခြားသူများသည်လည်း ပြန်လာနေကြပြီဖြစ်သည်။ မနက်ဖြန်သည် ဤကမ္ဘာသို့ရောက်ရှိပြီးနောက် ၄၉ ရက်မြောက်နေ့ဖြစ်ပြီး သတ္တမအပတ်၏ နောက်ဆုံးနေ့လည်းဖြစ်သည်။
ချူရှန်း၏အနားယူချိန်ဟုလည်း ဆိုနိုင်ပြီး တစ်ပတ်လျှင် တစ်ရက် သို့မဟုတ် နှစ်ရက်ခန့် ကုန်းမြေသို့ ပြန်သွားကာ အနားယူကြမည်ဖြစ်သည်။
“ကြည့်ကြည့်...ငါတို့ရောက်တော့မယ်”
သင်္ဘောသားတစ်ဦးက ဆိပ်ကမ်းရှိ မီးပြတိုက်ကို ညွှန်ပြကာ ပြောလိုက်သည်။
ချူရှန်းက အပြုံးတစ်ခုဖြင့် သင်္ဘောခန်းထဲမှ ထွက်လာကာ ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် ငါတို့ တစ်နာရီခန့်အတွင်း အိမ်ပြန်ရောက်လိမ့်မယ်။”
“ကောင်းတယ်! ငါပြန်ရောရင် ဘားခန်းသွားပြီး သေချာသောက်ရမယ်။”
“ငါလည်းသွားမယ်။ ဒီတစ်ခါ သူဌေးက ငါ့ကိုဒကာခံမှာမလား။”
ချူရှန်းက သူတို့ကို ခေါင်းညိမ့်ဝန်ခံကာ ပြန်ဖြေလိုက်၏။
“ငါ့မှာပိုက်ဆံမရှိဘူး။ ငါ မင်းတို့အားလုံးကို လုပ်အားခပေးမယ်။”
“သူဌေး ခင်ဗျားဘယ်သူ့ကိုလှည့်စားနေတာလဲ။ မင်းရဲ့လုပ်အားခနဲ့ သူဌေးဖုန်းရဲ့လုပ်ခတွေက ကျုပ်တို့ထက် အများကြီးပိုများနေတယ်ဆိုတာ ဘယ်သူကမသိဘဲနေလို့လဲ။”
“သူဌေးက အခု မိန်းမယူဖို့ ပိုက်ဆံစုတော့မလို့လား။”
“မိန်းမယူဖို့ပြင်ဆင်ရမှာလား။ ဒီကမ္ဘာကြီးမှာ အရင်ဆုံး အသက်ရှင်နိုင်အောင်ပဲ ကြိုးစားကြည့်ပါဦး။”
ချူရှန်း ပြုံးရင်းဆူပူလိုက်သည်။
သင်္ဘောပေါ်ကလူများအားလုံး ရယ်မောမိလိုက်ကြ၏။
ကလစ်!
ထိုစဉ် သင်္ဘော၏ညာဘက်မှ သစ်သားပြား ကျိုးပဲ့သံများကို ကြားလိုက်ရ၏။ ချူဖုန်း၏မျက်လုံးများ ထက်ရှသွားပြီး ချက်ချင်းပြောလိုက်သည်။
“ရေသတ္တဝါတွေရဲ့တိုက်ခိုက်မှုရှိတယ်။ လုံခြုံရေးအဖွဲ့ ငါနဲ့လိုက်ခဲ့။”
ချက်ချင်းပင် လူရှစ်ယောက်သည် လက်နက်များကိုင်ဆောင်ကာ သင်္ဘောကိုယ်ထည်၏ညာဘက်ခြမ်းသို့ ပြေးသွားကြတော့သည်။
ဤအချိန်တွင် သူတို့သည် လမ်းကြောင်းမှ ခွဲထွက်ပြီး ကျွန်းဆီသို့ဦးတည်နေခြင်းဖြစ်သည်။ ဤအကွာအဝေးတွင် ပင်လယ်သက်ရှိများနှင့် ရင်ဆိုင်ရမည်ဟု မမျှော်လင့်ထားခဲ့ပေ။
ချူရှန်းသည် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားပြီး သင်္ဘောကိုယ်ထည်ကိုပြင်ဆင်ရန် ရွေးချယ်လိုက်၏။ အနာဂတ်တွင် သင်္ဘောကိုယ်ထည်ပျက်စီးနိုင်ခြေအတွက် သူသည် ကျွန်းသို့ အခြေခံကုန်ကြမ်းအချို့ လဲလှယ်ပေးရန် တောင်းဆိုလိုက်သည်။
ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ရှိနေသော ဆုဝမ်သည် ချူရှန်းလိုအပ်သော ပစ္စည်းများကို ချက်ချင်းပင် လဲလှယ်ပေးပြီး ဝေါ်ကီတော်ကီကို ကောက်ယူကာပြောလိုက်သည်။
“ကျွန်းပိုင်ရှင် ချူရှန်းက ကျွန်မတို့ကျွန်းကနေ ကီလိုမီတာ ၁၀ ခန့်အကွကို ရောက်နေပြီး ပင်လယ်သက်ရှိတွေရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်။”
“အင်း ငါသိပြီ။”
ထို့နောက် ရှောင်းယီသည် မြင်းကိုစီးပြီး ပင်လယ်ကမ်းခြေသို့သွားကာ ပင်လယ်ထဲသို့ အော်ခေါ်လိုက်၏။
“ချင်းလုံ ချူရှန်းတို့ကို သွားပြီးကူညီလိုက်ပါ။”
ထို့နောက် အစိမ်းရင့်ရောင်ပုံရိပ်တစ်ခုသည် အဝေးတစ်နေရာသို့ ကူးခတ်သွားတော့လေသည်။
“ခရက်!”
သင်္ဘော၏ဘယ်ဘက်ခြမ်းသည် ပြင်းထန်စွာထိခိုက်ခံလိုက်ရပြီး သင်္ဘောတစ်ခုလုံး တစ်ဘက်သို့ စောင်းသွားခဲ့သည်။
“အိုး! ဒီဟာက အရမ်းအစွမ်းထက်တယ်။”
ချူရှန်းက ပြောလိုက်သည်။
“ငါ ရှင်းရှင်းလင်းလင်းမမြင်ရဘူး။ အဲ့ဒါက ရေအောက်မှာရှိနေတာ။ ငါတို့မြားတွေက အကျိုးသက်ရောက်မှုမရှိဘူး။”
ချူဖုန်းက ပြန်ဖြေလိုက်သည်။
“ငါကျွန်းကို ဆက်သွယ်ထားပြီးပြီ။ ကျွန်းပိုင်ရှင်က တပ်ကူတွေစီစဉ်ပေးမလားတော့ ငါလည်းမသိဘူး။”
ချူရှန်းက ပြောလိုက်သည်။ ချူဖုန်းက ခေါင်းညိတ်လိုက်၏။
“အဆင်ပြေပါတယ်။ ဒါက သေးငယ်တဲ့အကွာအဝေးလေးတစ်ခုပါပဲ။ ပထမတိုက်စစ်ကိုခုခံပြီးတော့ ကျွန်းပေါ်ကိုရောက်တဲ့အထိတော့ ခံနိုင်ရည်ရှိလိမ့်မယ်။”
သူ၏စကားမဆုံးမှာပင် ဒုန်းခနဲ အလွန်ကျယ်လောင်သည့်အသံကြီးတစ်ခုကို ကြားလိုက်ရလေသည်။
သင်္ဘော၏ထိပ်ဖျားပိုင်းတစ်ခုလုံး ထိခိုက်ပျက်စီးသွားပြီး သင်္ဘောကိုယ်ထည်သည် ရှေ့သို့တစ်တင်ငိုက်ကျသွားခဲ့သည်။
“ချက်ချင်းပြင်ဆင်ကြ။”
ချူဖုန်းက အော်ပြောပြီး သူ၏လူများကို သင်္ဘောဦးဆီသို့ ခေါ်ဆောင်သွား၏။
သူတို့ရောက်လာသောအခါ ဧရာမအနက်ရောင်ကြီးပုံရိပ်တစ်ခုနဲ့ ကြီးမားသည့်ဆူးတောင်ကြီးတစ်ခု ရေအောက်ကို ငုပ်လျိုးသွားသည်ကိုသာ မြင်လိုက်ရလေသည်။
“အရမ်းကြီးတယ်။ ဒါက ဘာကြီးလဲ။”
“မသိဘူး။ ဒီလောက်ကြီးတဲ့ခန္ဓာကိုယ်ကြီးက ဝေလငါးဖြစ်သင့်တယ်။”
“ငါတို့ရဲ့ရွက်သင်္ဘောက ဒီလိုမျိုး ဧရာမပင်လယ်သတ္တဝါတွေကို မဆွဲဆောင်နိုင်သင့်ဘူး။”
“သေချာပေါက်တြောမဟုတ်ဘူး။ ငါတို့ရဲ့ရွက်သင်္ဘောကြီးက အတော်လေးအဆင့်မြင့်တဲ့သင်္ဘောလို့ဆိုနိုင်တယ်။”
ချူရှန်းသည် ချက်ချင်းပင် သင်္ဘောဦးကိုပြင်ဆင်ရန်အတွက် ကျွန်းသို့ ကုန်ကြမ်းများထောက်ပံ့ပေးရန် ထပ်မံတောင်းဆိုခဲ့ရသည်။
သင်္ဘောပေါ်ရှိ နေရာသည် ကန့်သတ်ချက်ရှိပြီး ပြင်ဆင်ရေးပစ္စည်းများစွာထားရှိရန်မှာ မဖြစ်နိုင်ပေ။
ချူရှန်းတို့ ထောက်ပံ့ရေးပစ္စည်းများ ထပ်မံတောင်းဆိုသည်ကို မြင်လိုက်ရသောအခါ ဆုဝမ်သည် ၎င်းတို့ ပြဿနာအချို့ကြုံနေသည်ကို သိရှိသွားခဲ့လေသည်။
“ကျွန်းပိုင်ရှင်က ရှင်တို့ ဒုက္ခရောက်နေတဲ့အကြောင်း သိထားပြီးပြီ။ သည်းခံထားပါဦး။”
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်”
ချူရှန်းက ပြန်ဖြေပြီးနောက် ချူဖုန်းနှင့် အခြားသူကိုများကို ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်က ငါတို့ယပြဿနာတက်နေတာကို သိသွားပြီ။ မကြာခင်မှာ တပ်ကူတွေ ရောက်လာလိမ်မယ်။”
ကလစ်!
ဤအကြိမ်တွင် သင်္ဘော၏အနောက်ဘက်ခြမ်းတစ်ခုလုံး ကြေမွသွား၏။
ချူရှန်းသည် ဆက်လက်ပြင်ဆင်မှုကို ရွေးချယ်လိုက်ရပြီး ကုန်ကြမ်းပစ္စည်းများ ထောက်ပံ့ပေးရန်အတွက် ထပ်မံတောင်းဆိုခဲ့ရပြန်သည်။
“ဒါကက အရမ်းမြန်တယ်။”
ချူဖုန်းက မယုံကြည်နိုင်ဟန်ဖြင့် ပြောလိုက်၏။
စောစောကတင် သင်္ဘောဦးပိုင်းကို တိုက်ခိုက်နေခဲ့ခြင်းဖြစ်သော်လည်း စကားတစ်ခွန်းပြောနေစဉ်အတွင်း သင်္ဘောအနောက်ဘက်ကို ထပ်မံပြေးသွားခဲ့ခြင်း။
ဒီမြန်နှုန်းကိုရောက်ဖို့ ဘယ်လောက်တောင် အဆင့်မြင့်ရမလဲ။
ရုတ်တရက် ချူရှန်းသည် သင်္ဘော ရုတ်တရက်အရှိန်မြှင့်သွားသည်ကို ခံစားလိုက်ရ၏။ ထို့ပြင် ၎င်းသည်ကျွန်းဆီသို့ ဦးတည်ပြီူ အမြန်နှုန်းဖြင့် သွားနေခြင်းဖြစ်သည်။
အရှိန်မြှင့်ပြီး ခဏအကြာတွင် သူသည်ရပ်တန့်လိုက်ပြီး ရေထဲမှ ချင်းလုံ၏ကျောရိုးကြီး ထွက်ပေါ်လာသည်ကို တွေ့လိုက်ရပြီး ၎င်းသည် သူတို့ဖြတ်သန်းလာရာလမ်းကြောင်းသို့ ကြည့်ရှုနေခဲ့လေသည်။
ချူဖုန်းသည် ရေပြင်ပေါ်တွင် ဆူးတောင်သုံးခုကို အမှန်တကယ် မြင်လိုက်ရ၏။
“သူတို့ မြန်တာမဟုတ်ဘူး။ ငါတို့သင်္ဘောကို ပင်လယ်သတ္တဝါတစ်ကောင်ထက်ပိုပြီး တိုက်ခိုက်နေတာပဲ။”
ချူဖုန်းက ပြောလိုက်သည်။
ဝှစ်ရှ်!
ထိုစဉ် အပျော်စီးရွက်သင်္ဘောတစ်စီသည် အဝေးမှ အမြန်နှုန်းဖြင့် ဖြတ်သန်းလာခဲ့ပြီး ရှောင်းယီက ကုန်းပတ်ပေါ်တွင် ရပ်နေခဲ့လေသည်။
“ကျွန်းပိုင်ရှင် ခင်ဗျားရောက်လာပြီပဲ။”
ချူဖုန်းနှင့် အခြားသူများသည် ရှောင်းယီကိုမြင်ရပြီးနောက် ချက်ချင်းပင် နှုတ်ဆက်လိုက်ကြသည်။ ရှောင်းယီက ခေါင်းညိတ်ပြကာ မေးလိုက်၏။
“ဒဏ်ရာရသွားတဲ့သူရှိးလား။”
“ကျွန်းပိုင်ရှင်ရဲ့ စိုးရိမ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျုပ်တို့ထဲက ဘယ်သူမှ ဒဏ်ရာမရခဲ့ကြပါဘူး။”
ချူဖုန်းက ပြန်ဖြေလိုက်သည်။
ရှောင်းယီ ချင်းလုံဆီသို့ ကြည့်လိုက်သောအခါ ဆူးတောင်သုံးခုကိုသာ မြင်ရလိုက်ရ၏။ သို့သော်လည်း ရှောင်းယီသည် သူတို့၏သတင်းအချက်အလက်များ ရရှိလိုက်စမြဲပင်။
“အော်ကာဝေလငါး ( B အဆင့် )- ကြီးမားသောသွားများပါရှိသည့်ဝေလငါး။ အဖြူနက်ကိုယ်ထည်၊ ရှည်လျားသောပါးစပ်၊ ချွန်ထက်သောသွားများ၊ ရက်စက်သောစိတ်ထားနှင့် အသားစားသတ္တဝါဖြစ်သည်။ တိုက်ခိုက်မှုတွင် ကျွမ်းကျင်ပြီး တစ်ခါတစ်ရံ ဧရာမအဖြူရောင်ငါးမန်းများကိုပင် တိုက်ခိုက်စားသောက်တတ်သည်။ ၎င်းသည် အလွန်လူမှုရေးကောင်းသောသတ္တဝါတစ်မျိုးဖြစ်သည်။”
“အော်ကာဝေလင်း ( C အဆင့် )- ကြီးမားသောသွားများပါရှိသည့်ဝေလငါး...”
“အော်ကာဝေလငါး (C အဆင့်)- ကြီးမားသောသွားများပါရှိသည့်ဝေလငါး...”
“ဒါက အော်ကာဝေလငါးတွေပဲ၊ B-အဆင့် တစ်ကောင်နဲ့ C-အဆင့် နှစ်ကောင်။ ချင်းလုံက သူတို့ကို ကိုင်တွယ်နိုင်လိမ့်မယ်။”
ရှောင်းယီက ပြောလိုက်သည်။
“ပင်လယ်ဘုရင်လို့လူသိများတဲ့ အော်ကာဝေလငါးတွေပဲ။ ကျုပ်တို့သင်္ဘောတစ်စင်းကို တစ်ကောင်လာဖမ်းတာကို နားလည်နိုင်ပေမယ့် တစ်ချိန်တည်းမှာ သုံးကောင်ကို ဘယ်လိုဆွဲဆောင်နိုင်တာလဲ။”
ချူဖုန်းက ရှုပ်ထွေးနေခဲ့သည်။
“ဘာဖြစ်လို့လဲဆိုတော့ အော်ကာဝေလငါးယတွေက အလွန်လူမှုရေးကောင်ူတဲ့သားရဲတွေဖြစ်ပြီး သူတို့က တာဝန်ခွဲဝေပြီး ပူးပေါင်းအမဲလိုက်ကြလို့ပဲ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“အဲ့ဒါကြောင့် သုံးကောင်ပဲရှိတာတောင် အရမ်းရှားနေပြီ။”
ချူဖုန်းက ရုတ်တရက် ခေါင်းညိတ်လိုက်မိ၏။
အော်ကာဝေလငါးသုံးကောင်သည် ချင်းလုံကို လုံးဝကြောက်ရွံခြင်းမရှိဘဲ ချင်းလုံဆီသို့ ထိပ်တိုက်ပြေးဝင်လာကြသည်။
ချင်းလုံ၏မျက်လုံးထဲတွင်မူ အထင်မြင်သေးမှုများ ရှိနေခဲ့သည်။ ၎င်းသည် လုံးဝလှုပ်ရှားခြင်းမရှိဘဲ ဝေလငါးသုံးကောင် ပြေးဝင်လာသည်ကိုသာ စောင့်ဆိုင်းနေခဲ့သည်။
သူတို့ ချင်းလုံရှေ့သို့ ပြေးဝင်လာသောအခါ ချင်းလုံသည် C-အဆင်ဘ ဝေလငါးတစ်ကောင်ကို သူ၏လက်သည်းများဖြင့် တိုက်ရိုက်ကုတ်ဆွဲပြီး အောက်ခြေသို့ ဖိချလိုက်သည်။
ကျန်ရှိနေသေးသော B-အဆင့် ဝေလငါးကိုမူ ၎င်း၏ခေါင်းအား ကိုက်ခဲပြီး ရေထဲမှ ချက်ချင်းပင် ဆွဲယူလိုက်၏။
အရွယ်ရောက်ပြီးသား ဝေလငါးသည် အလျား ၈ မီတာ မှ ၁၀ မီတာခန့်ရှိပြီး အလေးချိန် ၉ တန်ခန့်ရှိကြောင်း သိထားရမည်ဖြစ်သည်။ ထို့သို့ဆိုလျှင်ပင် နဂါးကြီး၏ ကောက်ယူခြင်းကို ခံလိုက်ရဆဲပင်။
ဝေလငါး၏ ကြီးမားသော ခန္ဓာကိုယ်နှင့် ချင်လုံ၏ အေးအေးဆေးဆေးရှိနေသောမျက်နှာထားကို ကြည့်ရှုရင်း လူတိုင်းသည် အံ့အားသင့်သွားခဲ့ကြသည်။
ထို့နောက် ချင်းလုံသည် နောက်လှည့်ပြီး ရှောင်းယီနှင့် မျက်နှာချင်းဆိုင်လိုက်၏။ ထိုအချိန်တွင် ပင်လယ်ပြင်တစ်ခုလုံး နီရဲနေပြီဖြစ်ပြီး ဝေလငါးသုံးကောင်၏သွေးများသည် စမ်းချောင်းကဲ့သို့ စီးဆင်းနေခဲ့ကြသည်။
ရှောင်းယီသည် ချင်းလုံ၏အသံကို နားထောင်ပြီးနောက် အံ့အားသင့်စွာမေးလိုက်သည်။
“မင်းသူတို့ကို မသတ်ချင်ဘူးလား။ ကလေးအဖြစ် ယူထားချင်တာလား။”
ချင်းလုံကက သူ၏နဂါးခေါင်း အနည်းငယ်ညိတ်ပြလိုက်သည်။
“အဲ့ဒါက B-အဆင့်နဲ့ C-အဆင့်သားရဲတွေပဲ။ မင်း တကယ်စောင့်ကြည့်နိုင်လို့လား။”
ရှောင်းယီက ထပ်မံအတည်ပြုလိုဟန်ဖြင့် မေးလိုက်သည်။
“သူတို့က အုပ်စုလိုက်အလုပ်လုပ်ကြပြီး ပူးပေါင်းဆောင်ရွက်မှုသဘောရှိတယ်။ သင့်တော်တဲ့တိုက်ခိုက်ရေးအတွေ့အကြုံနဲ့ ကောင်းမွန်တဲ့ခန္ဓာကိုယ်လည်းရှိတယ်။ သူတို့က မကြာခင်မှာ အဆင့်မြှင့်နိုင်သင့်တယ်။ ကျွန်းတွေကိုတိုက်ခိုက်တဲ့ ပင်လယ်သတ္တဝါတွေက အရမ်းအားနည်းပေမယ့် အရမ်းများလွန်းတယ်။ အဲ့ဒီပုစွန်ဆိတ် စစ်သားတွေ၊ ကဏန်းတွေကို ကိုင်တွယ်ရတာက အချိန်အရမ်းကုန်တယ်။”
ချင်းလုံက ရှင်းပြလိုက်သည်။ ချင်းလုံ၏ရှင်းလင်းချက်ကိုကြားသောအခါ ရှောင်းယီက ခေါင်းညိမ့်ပြီး ပြောလိုက်၏။
“ကောင်းပြီ မင်းကိုယ်တိုင်ဆုံးဖြတ်လို့ရတယ်။ ငါ့အကူအညီလိုရင်လည်း ပြောပေါ့။”
အခန်း ၄၂၈ ဝေလငါးများကို ကုသပေးခြင်း၊ ဝေလငါးများ အဆင့်တက်ခြင်း၊ မျိုးနွယ်စု
ချင်းလုံက ချက်ချင်းပင် ပြောလိုက်သည်။
“ကျုပ် သူတို့အတွက် ရှန်းရွှေ(နတ်ရေစင်)ကို လျှောက်ထားချင်ပါတယ်။ ကျွန်းပိုင်ရှင် သဘောတူပေးဖို့ တောင်းဆိုပါရစေ။”
ရှောင်းယီ ထပ်အံ့အားသင့်သွားခဲ့သည်။ ချင်းလုံသည် သူ၏ညီငယ်များအတွက် SSS အဆင့် ရေသန့်ကို တောင်းခံလိမ့်မည်ဟု မျှော်လင့်မထားမိသလို ချင်းလုံက သူ့ကို ရိုသေလေးစားမှုအပြည့်ဖြစ်နေမည်ဟုလည်း မထင်မိခဲ့ပေ။
ထိုအရာက ရှောင်းယီကို အတော်လေး သက်သာရာရစေခဲ့သည်။ သူအစိုးရိမ်ဆုံးအရာမှာ ချင်းလုံ သူ့ကိုသစ္စာဖောက်သွားမည်ကိုဖြစ်သည်။ SSS-အဆင့် စာချုပ်ကဒ် သစ္စာရှိမှုလက္ခဏာများ ပါရှိပုံရပေသည်။
“ပြဿနာမရှိပါဘူး။ ဒါပေမယ့် သူတို့က ငါတို့ကျွန်းအနီးမှာ နာနာခံခံနဲ့နေမယ်ဆိုတာ သေချာလား။”
ရှောင်းယီက ပြန်မေးလိုက်သည်။
“ကျုပ် သူတို့ကိုစောင့်ကြည့်ထားတယ်။ ပြီးတော့ ရှန်းရွှေကိုထပ်ပေါင်းထည့်လိုက်မယ်ဆိုရင် သူတို့ထွက်သွားမှာမဟုတ်ပါဘူး။”
ချင်းလုံက ပြန်ဖြေလိုက်သည်။
ဤကဲ့သို့ ချိုအီမွှေးကြိုင်သောသကြားခဲကို ချင်းလုံက အလွန်ကျွမ်းကျင်စွာ အသုံးပြုလိုက်ခြင်းဖြစ်ပေသည်။
မူလက ရှောင်းယီသည် စာချုပ်ကဒ်ကို အသုံးပြုရန် ရည်ရွယ်ခဲ့သော်လည်း ယခုအခါ မလိုအပ်တော့ပုံပင်။
“ကောင်းပြီ ဘယ်လောက်လိုအပ်လဲ။”
ရှောင်းယီက မေးလိုက်သည်။
“ခင်ဗျား အရင်ကပေးခဲ့တဲ့ဟာရဲ့ ငါးပုံတစ်ပုံလောက်ဆိုရင်ရပြီ။”
ချင်းလုံက ပြန်ဖြေသည်။
“ပြဿနာမရှိဘူး။ အရင်ပြန်သွားနှင့်လိုက်ပါ။”
ရှောင်းယီက ပြောလိုက်၏။ ထို့နောက် ချင်းလုံသည် ဝေလငါးများကိုကြည့်ကာ ပြောလိုက်သည်။
“အညံ့ခံမလား သေမလား။”
ဝေလငါးများသည် သူတို့၏နာကျင်နေသော ခန္ဓာကိုယ်များကို လှည့်ကာ ပြန်ဖြေလိုက်၏။
“ငါတို့အညံ့ခံပါတယ်။ ကျေးဇူးပြုပြီးငါတို့ကိုလွှတ်ပေးပါ။”
“မင်းတို့ထွက်ပြေးတာကိုသာ ငါတွေ့မယ်ဆိုရင် ချက်ချင်းသတ်ပစ်မယ်။”
ချင်းလုံက သူ၏လက်များကို ဖြေလျှော့ပေးလိုက်သည်။ ထိုဝေလငါး၏ ခန္ဓာကိုယ်သည် ပင်လယ်ထဲသို့ ဝုန်းခနဲ ပြန်ကျသွားပြီး လှိုင်းလုံးကြီးများကို မြင့်တက်စေခဲ့သည်။
ထိုနည်းတူ ချင်းလုံသည်လည်း သူ၏ခြေသည်းများကို ဖြေလျှော့ပေးလိုက်ပြီး C-အဆင့် ဝေလငါးနှစ်ကောင်ကို လွှတ်ပေးလိုက်သော်လည်း ၎င်းတို့၏ခန္ဓာကိုယ်ပေါ်ရှိ သွေးထွက်နေသောအပေါက်ငါးခုမှ သွေးယိုစိမ့်ကျနေဆဲပင်။
ချင်းလုံ၏ဘုန်းတန်ခိုးကြောင့် ထိတ်လန့်သွားသော ဒဏ်ရာရဝေလငါးသုံးကောင်သည် ထွက်ပြေးရန် စိတ်ကူးများပင် မရှိကြတော့ပေ။
ချင်းလုံ၏ ရန်သူကို တွန်းလှန်နိုင်သည့် ထူးဆန်းသောစွမ်းအားသည် ၎င်းတို့သုံးကောင်အား အမှန်တကယ်ကြောက်ရွံ့စေခဲ့ပြီး အလောတကြီး မလှုပ်ရှားရဲခဲ့ပေ။
ကမ်းခြေသို့ပြန်ရောက်သောအခါ ရှောင်းယီသည် ချက်ချင်းပင် နာ့နာကိုခေါ်ကာ ပြောလိုက်သည်။
“မင်းတို့သုံးကောင်လုံး မလှုပ်နဲ့။ နာ့နာကို မင်းတို့ဒဏ်ရာတွေကို ကုသခွင့်ပြုလိုက်။”
ဝေလငါးသုံးကောင်သည် ကမ်းခြေပေါ်ရှိ လူသားကို အံ့အားသင့်စွာကြည့်လိုက်မိကြ၏။ လူသားတစ်ဦး၏စကားများကို နားလည်နိုင်ခြင်းမှာ တကယ်ကို မယုံကြည်နိုင်စရာပင်။
သူတို့ တုံ့ပြန်မလာကြသည်ကိုမြင်သောအခါ ချင်းလုံက ပြောလိုက်သည်။
“သခင်ရဲ့ စကားကိုနာခံကြစမ်း။”
ဝေလငါးသုံးကောင်သည် ချက်ချင်းပင် “ဟုတ်ကဲ့” ဟု တုံ့ပြန်လိုက်ကြ၏။
ဟုတ်ပါသည်။ ချူရှန်း၏မျက်လုံးထဲတွင် ရှောင်းယီသည် ဖြစ်စဉ်တစ်ခုလုံး၌ တစ်ယောက်တည်း စကားပြောနေခဲ့ခြင်းဖြစ်ပေသည်။
“ကျွန်းပိုင်ရှင်က ချင်းလုံနဲ့ ဝေလငါးတွေနဲ့ စကားပြောနေတာလား။”
တစ်စုံတစ်ဦးက မေးလိုက်သည်။
“ဒါပေါ့ ဒီလိုမှမဟုတ်ရင် သူက ဒေသခံတွေနဲ့ ဒီလောက်ချောချောမွေ့မွေ့ဆက်သွယ်ပြီး ငါတို့စကားကို ဘယ်လိုလုပ်ပြီး သင်ပေးနိုင်မှာလဲ။”
ချူရှန်းက ပြန်ဖြေလိုက်သည်။
“ကောက်းပြီ ဒီမှာ နားပူနားဆာ လုပ်မနေနဲ့တော့။ အခုအားလပ်ရက်က စတင်လိုက်ပြီ။ တနင်္လာနေ့ မနက်မှာ လူစုရမယ်။ ညှိနှိုင်းချင်တာတွေရှိရင် တနင်္ဂနွေညမှာ ကြိုတင်အသိပေးထားရမယ်။”
“ဟုတ်ကဲ့ သူဌေး!”
သင်္ဘောသားများသည် ပြုံးရင်း ကမ်းပေါ်သို့ တက်သွားကြတော့သည်။
“အိုး! ငါတို့အိမ်က ပင်လယ်ပြင်နဲ့ နည်းနည်းဝေးနေတယ်လို့ ဘာလို့ခံစားနေရတာလဲ။”
“ဒါက ခံစားချက်မဟုတ်ပါဘူး။ ဖြစ်ရပ်မှန်ပဲ။ အရင်က ဆိပ်ကမ်းကနေ မီတာ နှစ်ရာ၊ သုံးရာလောက်ပဲဝေးခဲ့တာ။ ယခု အနည်းဆုံး တစ်ကီလိုမီတာကျော်လောက် ဝေးနေပြီ။”
“ကျွန်းက တကယ်ပဲ ပိုပြီးကျယ်ပြန့်လာတယ်ထင်တယ်။”
ထိုသင်္ဘောသားများသည် ပထမဦးစွာ ၎င်းတို့၏အခန်းများသို့ပြန်သွားကာ ခဏကြာအောင် အနားယူလိုက်ကြပြီးနောက် ပင်လယ်ကမ်းခြေရှိ အပန်းဖြေစခန်သို့ ပြေးသွားကြတော့သည်။
သူတို့သည် ကိုယ့်အခန်းထဲမှာကိုယ် နေချင်စိတ်မရှိသောကြောင့်မဟုတ်ပါပေ။ အရမ်းပူသောကြောင့်သာဖြစ်သည်။ ထို့ပြင် ပန်းဖြေစခန်းရှိ ဘားထဲတွင် အဲယားကွန်းရှိပေသည်။
ညီအစ်ကိုနှစ်ယောက်ဖြစ်သော ချူဖုန်းနှင့် ချူရှန်းတို့သည် ကမ်းခြေပေါ်တွင်ရပ်ပြီး ရှောင်းယီ ဝေလငါးများအား ကိုင်တွယ်ပုံကို ကြည့်ရှုနေကြဆဲပင်။
ပင့်ကူပုံသဏ္ဍာန်စက်တစ်လုံးသည် ကမ်းခြေမှ ရေထဲသို့ တိုက်ရိုက်ခုန်ဆင်းသွားပြီး ဝေလငါး၏ကိုယ်ထည်ပေါ်သို့ရောက်ရှိသွားခဲ့သည်။ ထို့နောက် ဒဏ်ရာအနီးတစ်ဝိုက်တွင် နာနိုဆေးကုသရေးစက်ရုပ်များကို ထုတ်လွှတ်လိုက်ပြီး သွေးတိတ်စေခြင်းနှင့် ချုပ်ရိုးလုပ်ဆောင်ခြင်းများကို ပြုလုပ်ခဲ့သည်။
လုပ်ငန်းစဉ်တစ်ခုလုံးသည် တစ်မိနစ်သာကြာမြင့်ခဲ့ပြီး ဝေလငါးသုံးကောင်၏ ဒဏ်ရာများအားလုံး ပြုပြင်ပြီးစီးသွားခဲ့သည်။
ဤသည်မှာ ချူဖုန်းနှင့် ချူရှန်းတို့သည် နာ့နာ၏ကုသခြင်းကို ဤနေရာတွင် ပထမဆုံးအကြိမ် မြင်တွေ့ကြရခြင်းဖြစ်ပြီး အလွန်အံ့အားသင့်သွားခဲ့သည်။ ကမ္ဘာပေါ်ရှိ အစမှအဆုံးအထိ အဆင့်မြင့်ဆုံးဆေးရုံသည်ပင် ဤကဲ့သို့ကြီးမားသောဒဏ်ရာမျိုးကို ဤမျှလျင်မြန်စွာ ပြုပြင်နိုင်မည်မဟုတ်ပေ။
နာ့နာ၏ ကုသမှုလုပ်ငန်းပြီးဆုံးသွားပြီးနောက် ရှောင်းယီသည် သေးငယ်သည့်ရေခွက်သုံးခွက်ကိုထုတ်ယူပြီး ထိုတစ်ခွက်စီတွင် SSS-အဆင့် ရေသန့် ၁၀၀ မီလီ ပါဝင်နေခဲ့သည်။
“ပါးစပ်ဖွင့်လိုက်”
ရှောင်းယီက ပြောလိုက်သည်။
သူတို့ကို စောင့်ကြည့်နေသော ချင်းလုံရှိသောကြောင့် ဝေလငါးသုံးကောင်သည် သဘာဝအတိုင်း မနာခံဘဲ မနေရဲပေ။ သူတို့သည် နာခံစွာဖြင့် ပါးစပ်ဟပေးလိုက်ကြသည်။
ရှောင်းယီသည် ရေခွက်သုံးခွက်ကို ဝေလငါးသုံးကောင်၏ ပါးစပ်ထဲသို့ လောင်းချလိုက်၏။
မူလက မနှစ်သက်သောပုံစံရှိသည့် ဝေလငါး၏ပုံစံသည် ချက်ချင်းပင် ပြောင်းလဲသွားပြီး ရေသန့် ၁၀၀ မီလီလီတာသာရှိသော ရေသန့်များကို မျိုချလိုက်တော့သည်။
ထိုနည်းတူ ၎င်းတို့၏ အမြီးများကို ပျော်ရွှင်စွာဖြင့် လှုပ်ခတ်လိုက်ရာ အနီးအနားရှိ ပင်လယ်ရေများကိုပင် မြှင့်တက်သွားစေခဲ့သည်။
ရုတ်တရက် B-အဆင့် ဝေလငါးသည် လှုပ်ရှားမှုများကိုရပ်တန့်သွားပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံး ဖြည်းဖြည်းဖျင်းဖြင့် အနည်းငယ်စီ နစ်မြုပ်သွားခဲ့သည်။
“ဘာဖြစ်သွားတာလဲ။”
ချူရှန်းက သံသယဖြင့်မေးလိုက်သည်။
“မစိုးရိမ်ပါနဲ့ သူက ဆင့်ကဲပြောင်းလဲနေတာပဲ။”
ရှောင်းယီက ပြောလိုက်၏။
“ခင်ဗျားဆိုလိုချင်တာက ဒီရေနည်းနည်းလေးက သူ့ကို B-အဆင့်ကနေ A-အဆင့်ကို ဆင့်ကဲပြောင်းလဲသွားစေတယ်လို့လား။”
ချူရှန်းက ထိတ်လန့်တကြားဖြင့် ပြောလိုက်သည်။ ရှောင်းယီက ခေါင်းညိမ့်ပြလိုက်၏။
“သူက သူကိုယ်တိုင် A-အဆင့်ကို ဆင့်ကဲပြောင်းလဲနိုင်လုနီးပါးဖြစ်နေပြီ။ ဒီရေမရှိဘူးဆိုရင်တောင် အချိန်ခဏကြာပြီးရင် အောင်မြင်စွာနဲ့ ဆင့်ကဲပြောင်းလဲနိုင်လိမ့်မယ်။”
“ဟူး....။”
ချူဖုန်းက စိတ်သက်သာရသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။
“တော်သေးတာပေါ့။ သူက ဆင့်ကဲပြောင်းလဲပြီးမှ ငါတို့ကို တိုက်ခိုက်တာမဟုတ်လို့။”
A-အဆင့် ဝေလငါးတစ်ကောင် အမှန်တကယ် လာရောက်တိုက်ခိုက်မည်ဆိုပါက သူတို့သည် ချင်းလုံလာရောက်ကူညီမည့်အချိန်ကိုပင် စောင့်ဆိုင်းနိုင်မည်မဟုတ်ဘဲ ၎င်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရမည်ဖြစ်သည်။
ရှောင်းယီက ပြုံးလိုက်၏။
“အဲ့ဒါက အမှန်တကယ် A-အဆင့်ကို ဆင့်ကဲပြောင်းလဲသွားမယ်ဆိုရင် မင်းတို့ကိုတိုက်ခိုက်ဖို့ စီစဉ်မယ်လို့ ငါမထင်ဘူး”
ထိုအချိန်တွင် အခြားတစ်ကောင်သည်လည်း လှုပ်ရှားမှုများ ရပ်တန့်သွားခဲ့သည်။
“ဒီဟာကလည်း ဆင့်ကဲပြောင်းလဲတော့မှာလား။”
ချူရှန်းက မေးလိုက်၏။ ရှောင်းယီက ခေါင်းညိပြလိုက်သည်။
“ဟုတ်တယ်”
“သူတို့ကို လက်ခံလိုက်တာနဲ့ သူတို့ရဲ့အဆင့်ကို တစ်ဆင့်မြှင့်လိုက်တယ်။ ဒါကအရမ်း...”
ချူရှန်း ပြောစရာစကားလုံးများ ပျောက်ရှသွားခဲ့သည်။
“ပြဿနာမရှိပါဘူး။ အနည်းဆုံးတော့ သူတို့က ချင်လုံကို ပင်လယ်သတ္တဝါတွေရဲ့ အုတ်မြစ်ကျောက်တွေကို နေ့စဉ်တိုက်ခိုက်မှုကို ကိုင်တွယ်ဖြေရှင်းပေးနိုင်တယ်။”
ရှောင်းယီက ပြောလိုက်သည်။
မကြာခင်မှာပင် ဝေလငါးနှစ်ကောင်၏ ဆင့်ကဲပြောင်းလဲမှုမှာ ပြီးဆုံးသွားခဲ့ပြီး ဝေလငါးသုံးကောင်သည် ရှောင်းယီဆီသို့ ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြသည်။
“အနာဂတ်မှာ မင်းတို့ ချင်းလုံနဲ့အတူ အလုပ်ကိုသေချာလုပ်။ ငါ မင်းတို့ ရှန်းရွှေနဲ့ ဆုချမယ်။”
ရှောင်းယီက ပြောလိုက်သည်။
ဝေလငါးသုံးကောင်သည် ချက်ချင်းပင် တုံ့ပြန်ကြလိုက်ပြီး အနီးအနားရှိ ပင်လယ်ပြင်ကို လှိုင်းထသွားစေခဲ့သည်။
“မင်းကောင်တွေတို့ အလုပ်စလုပ်တော့။”
ရှောင်းယီက ပြောလိုက်သည်။
ထိုစဉ် A-အဆင့် ဝေလငါးက ရုတ်တရက် စကားပြောလိုက်၏။
“သခင် ကျုက်တို့မိသားစုအားလုံးကို ဒီကိုခေါ်လာလို့ရမလား။”
“မင်းတို့မိသားစုထဲမှာ အဖွဲ့ဝင်တွေရှိသေးတယ်လား။”
ထွက်ခွာရန် ဆိုင်းပြင်နေသော ရှောင်းယီသည် ဝေလငါး၏အသံကိုကြားလိုက်ရသည်နှင့် ချက်ချင်းပင် ရပ်တန့်လိုက်သည်။
“ဟုတ်ကဲ့ ရှစ်ကောင်ထပ်ရှိပါသေးတယ်။”
A-အဆင့် ဝေလငါးက ပြန်ဖြေလိုက်သည်။
“ငါ့မှာ ဘာမှပြောစရာမရှိပါဘူး။ မင်း ချင်းလုံကိုမေးကြည့်လိုက်ပါ။”
ရှောင်းယီက ပြန်ဖြေသည်။
ချင်းလုံသည်လည်း သဘာဝအတိုင်း မည်သည့်အမြင်မျှမရှိပေ။ ဝေလငါးများ ပိုများလေလေ သူအတွက် ပိုမိုအဆင်ပြေလေဖြစ်သည်။ ဤညီငယ်သုံးဦးကို လက်ခံခြင်းသည် ၎င်းအတွက် ပိုမိုလွယ်ကူစေရန်အတွက်သာဖြစ်သည်။
“မင်းတို့မိသားစုထဲကလူတစ်ချို့ကို ခေါ်ခွင့်ပြုတယ်။”
ချင်းလုံသည် အဆင့်မတက်သေးသည့် ဝေလငါးငါကို သူ့လက်သည်းနှင့် ညွှန်ပြလိုက်၏။
သူသည် A-အဆင့် နှင့် B-အဆင့် ဝေလငါးသားများကို ချန်ထားခဲ့သည်။ ထို့ပြင် C-အဆင့် ဝေလငါး ပြန်မလာခြင်းကိုလည်း ၎င်းသည် စိုးရိမ်နေမည်မဟုတ်ပေ။
ပြိုင်ပွဲတစ်ခုတွင် အဆင့်မြင့်တိုက်ခိုက်မှုစွမ်းအားသည် မရှိမဖြစ်လိုအပ်သေးပေသည်။ သို့မဟုတ်ပါက အဆင့်မြင့်ပြိုင်ဘက်တစ်ဦးနှင့် ဆုံတွေ့ခဲ့ရလျှင် ပျက်စီးဆုံးရှုံးမှုမှာ တစ်ခုတည်းသောရလဒ်ဖြစ်ပေလိမ့်မည်။
A-အဆင့် ဝေလငါးသည် C-အဆင့် ဝေလငါးအား ၎င်းတို့၏မျိုးနွယ်စုများကို ပြန်သွားပြီးဆင့်ခေါ်လာခဲ့ရန် ချက်ချင်းပင် တောင်းဆိုခဲ့ကြသည်။
C-အဆင့် ဝေလငါးသည် လုံးဝတွန့်ဆုတ်မနေခဲ့ဘဲ အလျင်အမြန်ပင် အဝေးသို့ ကူးခတ်သွားတော့သည်။
“ဝေလငါးတွေရဲ့ အရွယ်အစားက ပင်လယ်ထဲမှာ သူတို့ရဲ့မြန်နှုန်းကို သိပ်ပြီးထိခိုက်ပုံမရဘူး။”
ရှောင်းယီသည် ထွက်ခွာသွားသော ဝေလငါးကိုကြည့်ရင်း ပြောလိုက်သည်။
ယခင်ကမ္ဘာတွင် အော်ကာဝေလငါး၏ အမြန်နှုန်းမှာ တစ်နာရီလျှင် ၅၅.၂ ကီလိုမီတာခန့်ရှိပြီး ဤ C-အဆင့် ဝေလငါးသည် ထိုထက်ပင် ပို၍လျင်မြန်နေသည်မှာ ထင်ရှားပေသည်။
“ဘေးကင်းကင်းပြန်ရောက်လာခဲ့ကြပြီဆိုတော့ ကောင်းကောင်းအနားယူလိုက်ကြပါ။”
ရှောင်းယီက ချူရှန်းကိုကြည့်ပြီး ပြောလိုက်သည်။
“အဆင့်မြင့်အစားအစာတွေကို မင်းတို့အတွက်ပြင်ဆင်ပေးထားတယ်။ အချိန်ရှိရင် အတွင်းပိုင်းမှာ လာယူကြပါ။”
အခန်း ၄၂၉
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။ ဘားထဲသွားပြီး ခဏလောက်နေလိုက်ပါဦးမယ်။ ရာသီဥတုက အရမ်းပူလွန်းတယ်။ ကျုပ်တို့ သွားလိုက်ပါဦးမယ်။”
ချူရှန်းက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ နောက်မှတွေ့မယ်။”
ရှောင်းယီက ထိုသို့ပြောပြီးနောက် တံတိုင်းအတွင်းပိုင်းဆီသို့ လမ်းလျှောက်သွားခဲ့သည်။
ချူဖုန်းနှင့် ချူရှန်းတို့သည်လည်း ဘားဆီသို့ အတူတူလျှောက်သွားကြ၏။ ယခုအခါ ဒူခန်းသည် လိမ္မာပါးနပ်သော ဒေသခ့အနည်းငယ်ကို အကူအဖြစ် ခန့်ထားခဲ့သည်။
ဘားထဲဝင်ပြီးနောက် သူတို့နှစ်ယောက်လုံး သက်သောင့်သက်သာရာဖြစ်သွားကြ၏။
မိုက်လိုက်တာ...။
အပြင်ဘက်တွင် ချွေးများဖြင့်ရွှဲနစ်နေခဲ့ရပြီး အဲယားကွန်းခန်းထဲရောက်သွားသောအခါမှသာ စိတ်သက်သာရာရသွားခဲ့ရသည်။
“ကျေးဇူးပြုပြီး ချွေးသုတ်လိုက်ပါ။ အအေးမိလွယ်ပါတယ်။”
ထိုစဉ် သူတို့နားသို့ စားပွဲထိုးတစ်ဦးက ရောက်လာကာ ပဝါတစ်ထည်ကမ်းပေးရင်း ပြောလာ၏။
“ကျေးဇူးတင်ပါတယ်။”
ချူရှန်းက ပဝါယူကာ ပြောလိုက်သည်။
သူတို့သည် ရက်ပေါင်းများစွာ အပြင်ထွက်သွားခဲ့ကြရခြင်းသောကြောင့် ၎င်းတို့ခန္ဓာကိုယ်ပေါ်ရှိ အနံ့အသက်များသည် သဘဝအတိုင်း အထူးကောင်းမွန်နေခြင်းမရှိပေ။ သို့သော်လည်း စားပွဲထိုးသည် လုံးဝမနှစ်သက်ပုံ မရပေ။
ချွေးသုတ်ပြီးနောက် စားပွဲထိုးသည် ၎င်းတို့သုံးထားသော ပဝါများကို အဝတ်လျှော်စက်ထဲသို့ ထည့်လိုက်၏။
ထို့နောက် ချူရှဋမးသည် ထောင့်တစ်ခုတွင်ထိုင်ပြီး ဘီယာနှစ်ခွက် မှာယူလိုက်သည်။
ဘားထဲရှိ သင်္ဘောသားများစွာသည် အဓိပ္ပာယ်မရှိသော စကားများပြောရန်နှင့် စားသောက်ရန်အတွက် ရောက်ရှိလာကြခြင်းဖြစ်ပြီး နှစ်ဦးစလုံးသည် တစ်ဦးပြီးတစ်ဦး တစ်ယောက်ပြီးတစ်ယောက် နှုတ်ဆက်လိုက်ကြသည်။
“ကျွန်းပိုင်ရှင်က တကယ်ပဲ ငါတို့ရဲ့အသိပညာတွေကို အကြိမ်ကြိမ်အခါခါ ပြန်လည်ဆန်းသစ်စေခဲ့တယ်။”
ချူဖုန်းက ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။
“ဟုတ်တယ်...ငါတို့ အခုထိ ဗဟိုတည်နေရာကို မရောက်ဖူးသေးဘူး။ ဒီတစ်ခါတော့ ကျွန်းပိုင်ရှင်က ငါတို့ကိုယ်တိုင် ပစ္စည်းတွေယူဖို့ အတွင်းပိုင်းကို ဝင်ခွင့်ပြုလိုက်ပြီ။”
ချူရှန်းပြောလိုက်သည်။
“ဒါက ငါတို့ကို ထပ်ပြီးအံ့အားသင့်စေမယ်လို့ ငါထင်နေမိတယ်။”
“မင်းပြောကြည့် အဲ့ကျွန်းက ခေတ်မီမြို့တစ်မြို့ရော ဖြစ်မနေနိုင်ဘူးလား။”
ချူရှန်းက ရုတ်တရက်ပြောလိုက်၏။
“အင်း...မဟုတ်လောက်သေးပါဘူးာ”
ချူရှန်းသည်လည်း မသေချာမပေ။
“ဒီတစ်ခွက်ကိုသောက်ပြီးရင် ဝင်ကြည့်ကြည့်ရအောင်။”
ချူဖုန်းက ပြောလိုက်သည်။ ချူရှန်းက ခေါင်းညိတ်ပြီး တစ်ခါတည်း အကုန်သောက်ပစ်လိုက်၏။ ချူဖုနခး အံ့အားသင့်သွားသည်။
“မင်းဘာလို့ဒီလောက်မြန်မြန်သောက်နေတာလဲ။”
“သောက်ပြီးရင် သွားကြည့်မယ်လို့ မင်းမပြောခဲ့ဘူးလား။”
ချူရှန်းက ပြန်မေးလိုက်သည်။
“ငါဆိုလိုတာက... မေ့လိုက်တော့။ သွားကြရအောင်...။”
ချူဖုန်းသည်လည်း သူဘခွက်ရှိအရက်များကို မော့သောက်ပြီးနောက် ထရပ်လိုက်သည်။
ချူရှန်းသည် ဒူခန်းဆီတွင် အရက်အတွက်ငွေပေးချေခဲ့၏။ သာမန်ဘီယာတစ်ခွက်လျှင် ၂ ယွမ်သာရှိသောကြောင့် အလွန်ဈေးပေါပေသည်။ ဟုတ်ပါသည်။ ဤစျေးနှုန်းသည် အတွင်းဝန်ထမ်းများအတွက် စျေးနှုန်းပင်ဖြစ်သည်။ အပြင်ဘက်တွင်ရောင်းမည်ဆိုလျှင် ဤစျေးနှုန်းဖြင့် ရမည်မဟုတ်ပေ။
သူတို့ အပန်းဖြေစခန်းမှ ထွက်ခွာခဲ့ပြီးနောက် တစ်စုံတစ်ယောက် လှည်းလိုအပ်သလားဟု မေးမြန်းခဲ့သည်။ ချူဖုန်းသည် လှည်းဝန်ဆောင်မှုကို ငြင်းဆိုကာ ကျွန်းဆီသို့ ခြေလျင်ခရီးဖြင့် အသော့နှင်ခဲ့လေသည်။
“ဒီလိုအကွာအဝေးတိုတိုလေးအတွက် လှည်းမလိုအပ်ပါဘူး “
ချူရှန်းက ပြောလိုက်သည်။ ချူဖုန်းသည်လည်း ခေါင်းညိတ်လိုက်ပြီး သူတို့နှစ်ယောက်လုံး လမ်းဘေးက ဆိုင်းဘုတ်များနောက်သို့လိုက်ကာ ကျွန်းထဲသို့ ဝင်လာခဲ့ကြသည်။
ထိုဆိုင်းဘုတ်များကို စီစဉ်သူအန်းယွဲ့မှ အထူးပြုလုပ်ထားခဲ့ခြင်းဖြစ်ပေသည်။
“ဒီလမ်းကအရမ်းချောတာပဲ။ လူအင်အားနဲ့ကုန်ကြမ်းတွေအများကြီးသုံးခဲ့ရမယ်ထင်တယ်။”
ချူဖုန်းသည် သူ၏ခြေထောက်အောက်ရှိလမ်းကို ငုံ့ကြည့်ရင်းပြောလိုက်သည်။
“အခုချိန်မှာ ခန့်မှန်းခြေအားဖြင့် ကျွန်းပိုင်ရှင်တစ်ယောက်တည်းကသာ ဒီဟာကိုကိုင်တွယ်ထားနိုင်ပြီး တခြားအသက်ရှင်ကျန်ရစ်သူတွေရဲ့ကျွန်းတွေက အရမ်းအားနည်းလွန်းနေသေးတယ်။”
ချူရှန်းက ပြောလိုက်သည်။
“ဟမ်! ဘာလို့ဒီလောက်ထိ ဝေးနေရတာလဲ။”
ခဏကြာအောင် လမ်းလျှောက်လာခဲ့ပြီးနောက် ချူဖုန်းက သံသယအနည်းငယ်ဖြင့် ပြောလိုက်သည်။
၎င်းတို့သည် ယခင်က ရှောင်းယီ၏ ရောင်းဝယ်မှုများကိုကြည့်ကာ ခန့်မှန်းခဲ့ကြပြီး ယခုအချိန်တွင် ကျွန်း၏ဧရိယာမှာ ၂၈ သန်းခန့် ရှိသင့်ပေသည်။
ပုံမှန်စတုရန်းအရ အနားအလျားသည် ၅,၀၀၀ မီတာခန့်သာရှိသင့်ပြီး ကျွန်း၏အစွန်းမှ ကျွန်း၏ဗဟိုသို့ လမ်းလျှောက်ရန် သုံးကီလိုမီတာထက် နည်းသင့်ပေသည်။
သို့သော် ယခုအချိန်တွင် ၎င်းတို့သည် သုံးကီလိုမီတာခန့် လမ်းလျှောက်ခဲ့ကြပြီးဖြစ်ကာ ကျွန်း၏ဗဟိုသို့ ရောက်ရှိသင့်ပြီဖြစ်သည်။
ချူရှန်းက ခေါင်းညိတ်ပြီး ရှေ့ရှိ မြို့ရိုးကိုကြည့်ကာ ပြောလိုက်၏။
“တကယ်ပဲ အခုဆို သုံးကီလိုမီတာနီးပါး လမ်းလျှောက်ခဲ့ရပြီးပြီ။ မြို့ရိုးကနေ မီတာ ခြောက်ရာလောက် ဝေးကွာနေသေးတယ်လို့ ခန့်မှန်းရတယ်။”
လမ်းဘေးရှိ သစ်ပင်များသည် အတော်အတန်သန်စွမ်းနေသောကြောင့် မြင့်မားသောမြို့ရိုး၏ အနောက်ဘက်ရှိ အဆောက်အဦများကို မြင်တွေ့နိုင်ခြင်းမရှိပေ။
“ကျွန်းပိုင်ရှင်က သူ့အိမ်ကို အလယ်ဗဟိုမှာ ထားထားတာများလား။”
ချူဖုန်းက ခန့်မှန်းလိုက်သည်။ ထိုအခါ ချူရှန်းက ခေါင်းခါကာပြောလိုက်၏။
“ခန့်မှန်းမနေနဲ့တော့။ အထဲဝင်ပြီးမေးလိုက်။”
စကားပြောနေစဉ်အတွင်း သူတို့နှစ်ယောက်သားသည် ၎င်းတို့၏ခြေလှမ်းများကို ပိုမိုလျင်မြန်စေလိုက်သည်။
နှစ်ယောက်လုံး မြို့ရိုးဆီရောက်သောအခါ မြို့ရိုးသည် သတ္တုရောင်ခြည်များနှင့် တောက်ပြောင်နေကာ အလွန်မြင့်မားပြီး ခမ်းနားထည်ဝါကြောင်း သဘောပေါက်သွားတော့လေသည်။
ချီဒေါင်ကိုရင်ဆိုင်ရာတွင် သိပ္ပံစိတ်ကူးယဉ်ဆန်သည့် လေထုတစ်ခုဖြင့်လွှမ်းခြုံထားသော အီလက်ထရွန်းနစ်တံခါးတစ်ခုရှိကြောင်း တွေ့လိုက်ရလေသည်။
“ဧည့်သည်တော်များ...ကျေးဇူးပြုပြီး ခင်ဗျားတို့သွားချင်တဲ့နေရာနဲ့ လည်ပတ်မှုဆိုင်ရာကိစ္စရပ်တွေကို ရှင်းပြပေးပါ။”
အီလက်ထရွန်းနစ်တံခါးက သတိပေးချက်မြည်လာခဲ့သည်။
ချူရှန်းသည် အနည်းငယ် ကြောင်အသွားပြီးနောက် ပြန်ပြောလိုက်၏။
“ကျုပ်တို့က အစားအစာတွေယူဖို့အတွက် ကျွန်းပိုင်ရှင်ဆီလာလည်တာပါ။”
“ကျေးဇူးပြုပြီးခဏစောင့်ပါ။ အချက်အလက်များ အတည်ပြုနေပါတယ်။”
မကြာခင်မှာပင် အီလက်ထရွန်းနစ်တံခါးသည် စက်ရုပ်သံတစ်ခုနှင့်အတူ အလိုအလျောက်ပွင့်သွားခဲ့လေသည်။
“ချူဖုန်း ချူရှန်း ကြိုဆိုပါတယ်။ ကျေးဇူးပြုပြီး လမ်းညွှန်နောက်ကို လိုက်လာခဲ့ပါ။”
ယွမ်ရှီသည် ချူဖုန်းတို့နှစ်ယောက်ကို မြင်တွေ့လိုက်ရပြီးနောက် ချက်ချင်းပင် ရှေ့သို့တက်လာကာ ပြောလိုက်သည်။
“သခင်ကြီးတို့နှစ်ယောက် ကျုပ်နောက်လိုက်ခဲ့ပေးပါ။”
နောက်ဆုံးအကြိမ် အပန်းဖြေစခန်းရှိ မီးပုံပွဲတွင် ကျောက်စရစ်ခဲသည် သူတို့နှစ်ယောက်နှင့် တွေ့
ခဲ့ဖူးပေသည်။
ချူဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး စင်္ကြံတစ်လျှောက် ကျောက်စရစ်ခဲနဲ့အတူ လျှောက်သွားခဲ့၏။
“ဒီမြို့ရိုးအတွင်းပိုင်းမှာရှိတဲ့ လမ်းတွေအားလုံးက ရှည်လျားတဲ့ ကော်ရစ်တာတွေနဲ့ တည်ဆောက်ထားတာလား။”
ချူရှန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“ဟုတ်ပါတယ်။ နောက်ဆုံးမုန်တိုင်းကျတုန်းက မိုးရေခံပရိဘောဂတွေနဲ့ ထီးတွေမရှိခဲ့ဘူး။ လူတိုင်းက ဗီလာဆီကို မြန်မြန်ပြန်သွားဖို့အတွက် အဆင်ပြေခဲ့ဘူးလေ။ အဲ့ဒါကြောင့် ကျွန်းပိုင်ရှင်က ဒီရှည်လျားတဲ့ ကော်ရစ်တာတွေကို တည်ဆောက်ခဲ့တာ။”
ယွမ်ရှီက ပြန်ဖြေလိုက်သည်။ ချူဖုန်း အံ့အားသင့်သွား၏။
“မင်းအခုနက ဘာပြောလိုက်တာလဲ...ဗီလာဟုတ်လား။”
“ဟုတ်ကဲ့ ဗီလာပါ။”
ယွမ်ရှီက ပြန်ဖြေပြီး သူတို့ကို ခြံဝန်းပတ်ပတ်လည်ကို ခေါ်သွားခဲ့ပြီး နောက်ဆုံးတွင် ဗီလာနှစ်ခုကို မြင်လိုက်ရတော့လေသည်။
သူတို့နှစ်ယောက်လုံး လုံးဝကြက်သေသေသွားခဲ့ကြသည်။ အခြားသူများအတွင် အကောင်းဆုံးအရာသည် ကျောက်တုံးအိမ်သာဖြစ်ပြီး ၎င်းမှာ ရှောင်းယီဆီတွင်မူ အနိမ့်ဆုံးအဆင့်သာရှိပြီး နေရာတိုင်းတွင်ရှိနေပေသည်။
ရှောင်းယီကိုယ်တိုင်မှာမူ ဗီလာထဲတွင် နေထိုင်နေပြီဖြစ်သည်။
ယွမ်ရှီသည် ဗီလာတံခါးဆီသို့ လမ်းလျှောက်သွားပြီးနောက် ချူဖုန်းတို့နှစ်ယောက်သည် လိုက်မလာကြောင်း ခံစားမိလိုက်သည်။ သူသည် အံ့အားသင့်နေသော လူနှစ်ယောက်ကို ပြန်လှည့်ကြည့်ကာ ပြောလိုက်၏။
“ဝင်လာခဲ့ပါ။ ကျွန်းပိုင်ရှင်က အထဲမှာ စောင့်နေပါတယ်။”
ချူဖုန်းနှစ်ယောက်သည်လည်း အနောက်မှ အလျင်အမြန် လိုက်သွားခဲ့ကြ၏။
တိုက်ခန်းထဲဝင်ပြီးနောက် ချူဖုန်းသည် ပျော်ရွှင်မှုနှင့် ဘဝဆိုသည်မှာ မည်သည့်အရာဖြစ်ကို သိရှိလိုက်ရသည်။
ရှောင်းယီသည် သူ့လက်ထဲတွင် ရေခဲရေတစ်ခွက်ကိုင်ကာ ဆိုဖာပေါ်တွင်ထိုင်ရင်း ကျန်းယွင်ထျန်းနှင့် စကားပြောနေ၏။ သူနှစ်ယောက်ကိုမြင်သောအခါ သူက ချက်ချင်းပြောလိုက်သည်။
“ခဏလောက်ထိုင်ပါဦး။ အန်းရန် သူတို့ကို သူတို့ရဲ့ပစ္စည်းတွေပေးလိုက်ပါ။”
“ကောင်းပြီ။”
အန်းရန်က ပြန်ဖြေလိုက်သည်။
ချူဖုန်းတို့နှစ်ယောက်သည် ဆိုဖာပေါ်တွင်ဝင်ထိုင်ရန် မဝံ့မရဲဖြစ်နေကြ၏။ သူတို့သည် အလွန်အမင်း ညစ်ပတ်နေပြီး ရက်ပေါင်းများစွာ ရေမချိုးရသေးသဖြင့် အနံ့အသက်များမှာ အလွန်နံစော်နေပြီဖြစ်သည်။
နှစ်ယောက်လုံး မထိုင်ကြကြောင်းမြင်သောအခါ ရှောင်းယီ ထရပ်ကာ လျှောက်လာခဲ့ပြီး အနားကပ်လာသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။
“မင်းတို့နှစ်ယောက် သင်္ဘောပေါ်ကဆင်းတာနဲ့ ရေချိုးကန်ထဲ ပထမဆုံးဝင်မယ်လို့ ထင်ထားတာ။ ဘာလို့ ဒီလောက်တောင် ယောက်ျားဆန်နေရတာလဲ။”
ရှောင်းယီက ပြုံးရင်းဆူပူလိုက်၏။
“ဘီယာတစ်ခွက်သောက်ပြီးတာနဲ့ ဒီကို ချက်ချင်းပြေးလာခဲ့တာ။”
ချူဖုန်းက အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့် ပြောလိုက်သည်။
ရှောင်းယီက ခေါင်းခါလိုက်မိ၏။
“ယွမ်ရှီ အဝတ်နှစ်စုံယူလိုက်ပါ။ ပြီးရင် သူတို့ဘေးခန်းကိုခေါ်သွားပြီး ရေချိုးခိုင်းလိုက် ပြီးရင် ပြန်လာခဲ့။”
“ဟုတ်ကဲ့”
ယွမ်ရှီက ပြန်ဖြေလိုက်သည်။
ယွမ်ရှီသည် ချူဖုန်းတို့နှစ်ယောက်ကို ဘေးရှိ ကျေးလက်အိမ်၏ ရေချိုးခန်းသို့ ခေါ်ဆောင်သွားပြီး ပြောလိုက်၏။
“သခင်ကြီးတို့ သန့်ရှင်းရေးလုပ်လို့ရပါပြီ။ ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်လည်း ရှိပါတယ်။”
“ကျေးဇူးတင်ပါတယ်။”
ချူဖုန်းက ပြောလိုက်သည်။
မီးအိမ်များ၊ တယ်လီဖုန်းများ၊ ပြီးပြည့်စုံသော ပရိဘောဂများနှင့် လျှပ်စစ်ပစ္စည်းကိရိယာများကို ကြည့်ရှုပြီးနောက် နောက်ဆုံးတွင် ရှောင်းယီသည် သူ၏ယခင်ဘဝသို့ လုံးဝပြန်ရောက်သွားပြီဖြစ်ကြောင်း သူတို့နားလည်သဘောပေါက်သွကြတော့သည်။ ပို၍ကောင်းမွန်အောင်ပင် ပြုလုပ်ထားခဲ့သေးပေသည်။
ချူဖုန်းတို့ကို ရေချိုးခိုင်းပြီးနောက် ရှောင်းယီသည် ဆိုဖာပေါ်တွင် ပြန်ထိုင်လိုက်သည်။
ထို့နောင် ကျန်းယွင်ထျန်းက ဆက်ပြောလိုက်သည်။
“ကျုပ်တို့ရဲ့ ထုတ်လုပ်မှုနည်းပညာက အထူးအဝတ်အစားတွေ ထုတ်လုပ်ဖို့ မဖြစ်နိုင်သေးဘူးဆိုပေမယ့် လုံခြုံရေးအဖွဲ့ကိုတော့ အခြားသူတွေရဲ့ အဝတ်အစားတွေနဲ့ ခွဲခြားဖို့ လိုအပ်တယ်လို့ ကျုပ်ထင်တယ်။ အနည်းဆုံးတော့ တချို့လူတွေက တရားစီရင်ရေးမှူးတွေဆိုတာ အခြားသူတွေသိအောင်လုပ်ဖို့လိုတယ်။”