← Chapters

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

အခန်း (၄၃၀-၄၃၂)

Vol. 29 Ch. 430-432

အခန်း ၄၃၀ မြို့ပြန်ကျောက်၏ အံ့ဖွယ်အသုံးဝင်မှု

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“အင်း ဒီနည်းလမ်းကို ငါသဘောတူတယ်။ အဒေါ်လီ ကို လုံခြုံရေးအဖွဲ့ရဲ့ အဝတ်အစားတွေမှာ ထင်ရှားညီညွတ်တဲ့ အမှတ်တံဆိပ်တစ်ခု ပြုလုပ်ခိုင်းလိုက်ပါ။ အနာဂတ်မှာ လုံခြုံရေးအဖွဲ့ဝင်အဖြစ် ဟန်ဆောင်တဲ့သူတွေကိုလည်း ကာကွယ်ပေးလိမ့်မယ်။ ချစ်ပ်လည်း သတ်မှတ်ပေးမယ်။ လုံခြုံရေးအဖွဲ့ရဲ့ ချစ်ပ်ပုံရိပ်က အနီရောင်ပဲ။”

“ဒါက အကြံကောင်းတစ်ခုပဲ။ ဒါဆို ခွဲခြားရတာ ပိုပြီး လွယ်ကူသွားလိမ့်မယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ဒါဆို ကျုပ် အဒေါ်လီ ဆီ အရင်လိုက်သွားတော့မယ်။”

“အင်း လုံခြုံရေးအဖွဲ့နဲ့ ကိုက်ညီမယ့် အထူးအဝတ်အစားကို ထုတ်လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ။ မတတ်နိုင်ရင် ထင်ရှားတဲ့အမှတ်တံဆိပ်တစ်ခု ခုလုပ်လိုက်ပါ။”

ရှောင်းယီက သတိပေးလိုက်သည်။

“ဟုတ်ကဲ့”

ကျန်းယွင်ထျန်းက ပြန်ဖြေပြီးနောက် ထွက်သွားခဲ့သည်။

ထိုစဉ် ချူဖုန်းတို့နှစ်ယောက်သည်လည်း ရေချိုး အဝတ်အစားလဲပြီူနောက် ဗီလာသို့ ပြန်ရောက်လာခဲ့ကြသည်။

“ထိုင်ပါဦး။”

ရှောင်းယီက ပြောလိုက်သည်။

ချူဖုန်းတို့နှစ်ယောက်သည် အနည်းငယ်နေရကျပ်စွာဖြင့် ဆိုဖာပေါ်တွင် ထိုင်လိုက်၏။ ထို့နောက် ရှောင်းယီက စကားဆက်လိုက်သည်။

“သက်သောင့်သက်သာနေကြပါ။ ကျုပ်က ဘေးဥပဒ်ကြီးမဟုတ်ပါဘူး။ ဒီတစ်ခါ ခရီးသည်တင်စီးပွားရေးအခြေအနေက ဘယ်လိုလဲ။”

“ငါးရက်ကြာ ရွက်သင်္ဘောနဲ့ခရီးထွက်ပြီးနောက် ခရီးသည်ပေါင်း ၂၅ ဦးကို ခေါ်ယူခဲ့ပြီး စုစုပေါင်း ၂,၄၀၀ ကီလိုမီတာကျော်ရှိခဲ့တယ်။ အုတ်မြစ်ကျောက် ၁၀၃ ရိတ်သိမ်းနိုင်ခဲ့ပြီး နေ့စဉ်ပစ္စည်းသေတ္တာ ဖမ်းတဲ့နေရာကနေ အုတ်မြစ်ကျောက် ၂၀၁ ရိတ်သိမ်းနိုင်ခဲ့တယ်။ အချိန် ၉၀% ကျော်က လမ်းကြောင်းပေါ်မှာရှိနေခဲ့ပြီး ခြိမ်းခြောက်မှုရှိတဲ့ ပင်လယ်ရေသက်ရှိတွေနဲ့ မကြုံခဲ့ရဘူး။ ဒီနေ့ ဝေလငါးကလွဲပြီးတော့ပေါ့။”

ချူရှန်းက ပြန်ဖြေလိုက်သည်။ ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“ဒီထိရောက်မှုက နည်းနည်းနိမ့်နေသေးတယ်။”

“အင်း လက်ရှိမှာ နည်းနည်းနိမ့်နေသလိုပဲ။ အခု မျှဝေထားတဲ့ လမ်းကြောင်းတွေလည်း အများကြီးရှိနေပြီဆိုတော့ ကျုပ်တို့ အပျော်စီးသင်္ဘောနဲ့ ခရီးသည်တွေ ပို့ဆောင်တာက ပိုကောင်းမလားလို့တွေးမိတယ်။”

ချူရှန်းက မဝံ့မရဲဖြင့် မေးလိုက်သည်။

ရှောင်းယီက ပြန်ဖြေ၏။

“အင်း ဟုတ်တော့ဟုတ်ပါတယ်...ဒါပေမယ့် အပျော်စီးသင်္ဘောက မိနစ် ၃၀ ထက်ပိုပြီး လမ်းကြောင်းကနေ ထွက်သွားလို့မရဘူး။ မဟုတ်သေးဘူး မိနစ် ၂၀ ထက်ပိုပြီး ထွက်သွားလို့မရဘူး။”

ရှောင်းယီ စိုးရိမ်နေသည်မှာ ပျော်စီးသင်္ဘောသည် နောက်ဆုံးမိနစ်အတွင်း လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်နေမည်ဆိုလျှင်ပင် ရှေးဦးဧရာမသတ္တဝါကြီးများ ပြေးလာပြီး လမ်းကြောင်းထဲထိ လိုက်လံ၍ တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်ကြောင်းကိုပင်။

“ကောင်းပြီ ပြဿနာမရှိပါဘူး။ အပျော်စီးရွက်သင်္ဘောက မိနစ် ၂၀ အတွင်း ကီလိုမီတာ ၂၀၀ ပြေးနိုင်တယ်။ အသက်ရှင်ကျန်ရစ်သူအများစုရဲ့ကျွန်းတွေဆီကို ရောက်နိုင်သင့်တယ်။ မရရင်လည်း သူတို့ကိုယ်တိုင် လမ်းကြောင်းဆီကို ပြေးခိုင်းလိုက်ရုံပေါ့။ ကျုပ်တို့က လမ်းကြောင်းပေါ်က သယ်ယူပို့ဆောင်ရေးကိုပဲ တာဝန်ယူမယ်။”

ချူရှန်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

“ဒါက ကောင်းပါတယ်။ အဲဒါက အလုံခြုံဆုံးပဲ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒီလိုဆိုရင် သင်္ဘောသားတွေ အများကြီးမလိုအပ်တော့ဘူးပေါ့။”

ချူဖုန်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ဟုတ်တယ်။ အပျော်စီးရွက်သင်္ဘောပေါ်က နေရာက ကန့်သတ်ချက်ရှိတယ်။ ဒါကြောင့် သင်္ဘောသားတွေ အများကြီးခေါ်လို့မရဘူး။”

ရှောင်းယီက ပြန်ဖြေသည်။

“ဒါပေမယ့် ပင်လယ်လုံခြုံရေးအဖွဲ့တစ်ခု ထောင်ဖို့ ဆုံးဖြတ်ထားတယ်။ တိုက်ပွဲမဖြစ်တဲ့အချိန်မှာ အနီးအနားက ပင်လယ်ထဲမှာ ငါးဖမ်းပြီး လှည့်ပတ်စောင့်ကြပ်ရမယ်။ အဲဒီအချိန်ကျရင် စစ်မြေပြင်ကို ရောက်ဖို့လိုလိမ့်မယ်။”

“ကောင်းပြီ။ ကျုပ် နားလည်ပါတယ်။ ဒါပေမယ့် ကျုပ်တို့အားလုံးက သာမန်လူတွေပဲ။ ဘယ်သူမှ တပ်မတော်မှာ အမှုထမ်းဖူးတာမဟုတ်ဘူး။ ကျုပ် နည်းနည်းစိုးရိမ်မိတာက...”

ချူရှန်းက ပြောလိုက်သည်။

“ပြဿနာမရှိပါဘူး။ အဲ့ဒီလူများကို ပင်လယ်လုံခြုံရေးအဖွဲ့ဝင်တွေဖြစ်ကြောင်း သတ်မှတ်ဖို့ဆိုရင် ကျန်းယွင်ထျန်းဆီမှာ အထူးလေ့ကျင့်ရေးဆင်းရမယ်။”

ရှောင်းယီက ပြန်ဖြေသည်။

“ဒါ အရမ်းကောင်းတယ်။”

ချူဖုန်းက ဝမ်းသာအားရ ပြောလိုက်သည်။

“နောက်ထပ်မေးစရာရှိသေးလား။”

“မရှိပါဘူး။ ဒါပေမယ့် ကျုပ်တို့ကျွန်းက အခုဘယ်လောက်ထိကြီးနေပြီလဲလို့ဆိုတာ မေးလို့ရမလား။”

ချူရှန်းသည် အရင်ကလမ်းတွင်ရရှိခဲ့သော သံသယများကို သတိရလိုက်၏။

ရှောင်းယီက ပြုံးကာပြောလိုက်သည်။

“၅၀.၅ စတုရန်းကီလိုမီတာ...။”

“အဲ့လောက်တောင်ကြီးတာလား။”

ချူဖုန်းတို့နှစ်ယောက်သား ကြောင်အသွား၏။ ၎င်းသည် သူတို့မျှော်လင့်ထားသည်ထက် နှစ်ဆလောက် ပို၍ကြီးမားနေခဲ့လေသည်။

“ဘာဖြစ်နေတာလဲ။”

ချူရှန်းသည် သူ့စိတ်ထဲတွင် ဤမျှကြီးမားသောဧရိယာကို မည်သို့ရရှိနိုင်ခဲ့ကြောင်း မတွေးတောနိုင်တော့ပေ။

ရှောင်းယီသည် ဆက်လက်ရှင်းပြခြင်းမပြုခဲ့ပေ။ သူနှစ်ယောက်သည်လည်း နားလည်မှုဖြင့် ဆက်မစုံစမ်းခဲ့ကြပေ။

အန်းရန်သည် ၎င်းတို့အတွက် ပစ္စည်းများကို ပြင်ဆင်ပေးခဲ့ပြီး ချူဖုန်းသည် ထိုပစ္စည်းများကို ယူဆောင်ကာ ဗီလာမှ ထွက်ခွာသွားခဲ့တော့သည်။

ဗီလာသည် အလွန်သက်တောင့်သက်သာရှိသော်လည်း သူနှစ်ယောက်လုံးသည် ဘားတွင်နေရခြင်းက ပို၍လွတ်လပ်သည်ဟု ခံစားမိပေသည်။

ချူဖုန်းတို့နှစ်ယောက် ထွက်ခွာသွားပြီးနောက် ရှောင်းယီသည် တတိယထပ်ရှိ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်သို့ ပြန်သွားပြီး မြို့ပြန်ကျောက်နှစ်ခုအကြောင်း စဉ်းစားနေခဲ့သည်။

တကယ်တမ်းတွင် သူသည် ချူဖုန်းကို ပင်လယ်လုံခြုံရေးအဖွဲ့ တည်ထောင်မည်ဟု ပြောခဲ့ခြင်းမှာလည်း ဤမြို့ပြန်ကျောက်နှင့် ဆက်စပ်နေပေသည်။

ပင်လယ်ဓားပြများကို တွေ့ဆုံချင်ပါက ပင်လယ်ထဲတွင် မကြာခဏ ရွက်လွှင့်နေရန်လိုအပ်ပြီး ကျွန်းပေါ်တွင်သာနေလျှင် သင်တစ်သက်လုံး ပင်လယ်ဓားပြများကို တွေ့နိုင်မည်မဟုတ်ပေ။

ပင်လယ်လုံခြုံရေးအဖွဲ့ရှိခြင်းသည် ပင်လယ်ဓားပြများနှင့် တွေ့ဆုံနိုင်ခြေကို တိုးမြင့်စေသည်ဟု သွယ်ဝိုက်သောအားဖြင့် ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ပင်လယ်ဓားပြရတနာသေတ္တာများကို ပိုမိုရိတ်သိမ်းနိုင်ပြီး မြို့ပြန်ကျောက်များကို ပိုမိုရရှိနိုင်မည်ဖြစ်သည်။

မြို့ပြန်ကျောက်များ ပိုမိုရရှိလာသည့်အခါ ခရီးသည်ပို့ဆောင်ရေးကို အဘယ်ကြောင့်လိုအပ်တော့မည်နည်း။

မြို့ပြန်ကျောက်တစ်ခုသည် လုံးဝပြီးပြည့်စုံ၏။ သင်၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်အနီး၌ မြို့ပြန်ကျောက်ကို တည်နေရာသတ်မှတ်ပြီး လာရောက်လည်ပတ်သူများအား ငှားရမ်းမည်ဆိုပါက စက္ကန့် ၂၀ အတွင်း ရောက်ရှိသွားမည်ဖြစ်သည်။

ယခု သင်သည် အပျော်စီးရွက်သင်္ဘောကို အသုံးပြုနေသည့်တိုင် စက္ကန့် ၂၀ အတွင်း မှာယူမှုတစ်ခုရရှိရန်မှာ မဖြစ်နိုင်ပေ။

ဤမြို့ပြန်ကျောက်သည် ထပ်ခါထပ်ခါ တည်နေရာသတ်မှတ်နိုင်သောကြောင့် ဤလုပ်ငန်းလည်ပတ်မှုပုံစံမှာ လုံးဝဖြစ်နိုင်ပေသည်။

“အခု စမ်းကြည့်လိုက်ရအောင်။”

ရှောင်းယီ ထင်သည့်အတိုင်းပင် သူ့ကျွန်းရှိ အပန်းဖြေစခန်း၏တံခါးဝတွင် မြို့ပြန်ကျောက်တစ်ခုကို တည်နေရာသတ်မှတ်ကာ ဆေးရောင်းသူထံသို့ မက်ဆေ့ချ်ပို့လိုက်၏။

“မင်းရဲ့အခန်းထဲမှာ ငါငှားလိုက်တဲ့ မြို့ပြန်ကျောက်ကို တည်နေရာအဖြစ် သတ်မှတ်လိုက်။”

“[မြို့ပြန်ကျောက်] ၂၄နာရီအသုံးပြုခွင့် ၁ လဲလှယ်မှုမရှိပါ။”

ထိုကဲ့သို့ကြာချိန်သတ်မှတ်ခြင်းမှာ ထူးခြားခြားတော့မဟုတ်ပေ။ သို့သော်လည်း ၎င်းကို တည်နေရာသတ်မှတ်ပြီးသည်နှင့် အခြားတည်နေရာများသည် အေးခဲချိန် ၂၄ နာရီအတွင်း တည်နေရာမသတ်မှတ်နိုင်တော့ပေ။ ထို့ကြောင့် ဘယ်လောက်ကြာကြာ ကိစ္စမရှိချေ။ အချိန်ပြည့်သွားပါက ဆေးရောင်းသူသည် အချိန်မီပြန်နိုင်လိမ့်မည်ဖြစ်သောကြောင့် ဘယ်လောက်ကြာကြာ အရေးမကြီးပေ။

ဆေးရောင်းသူစွန်းယောင်သည် သူရရှိလိုက်သောသတင်းနှင့် လဲလှယ်မှုကို မြင်လိုက်ရသောအခါ ရှုပ်ထွေးသွားခဲ့သည်။

“ဒီဟာမျိုးလည်း ရှိနေသေးတာပဲလား။”

စွန်းယောင် ထိုသို့ပြောလိုက်ပြီးနောက် သူ၏အတွေးထဲတွင် ရုတ်တရက် တစ်စုံတစ်ခုပေါ်လာပြီး ပြောလိုက်၏။

“ဒါဆို ဦးလေးချန်းပြောတဲ့ လူစုမယ့်နည်းလမ်းကလည်း ဒီဟာကိုသုံးမလို့ပဲ ဖြစ်ရမယ်။”

စွန်းယောင်သည် လဲလှယ်မှုကို သဘောတူပြီးနောက် သူ၏အိပ်ခန်းကို မြို့ပြန်ကျောက်အတွက် တည်နေရာအဖြစ် သတ်မှတ်လိုက်သည်။

“တည်နေရာသတ်မှတ်ပြီးရင် ငါငှားပေးမယ့် နောက်ထပ်မြို့ပြန်ကျောက်ကိုသုံးပြီး ငါ့ကျွန်းကိုလာလို့ရတယ်။”

ရှောင်းယီက ပြောလိုက်သည်။

“[မြို့ပြန်ကျောက်] ၂၄နာရီအသုံးပြုခွင့် ၁ - လဲလှယ်မှုမရှိပါ။”

စွန်းယောင်သည် ကတ်စာချုပ်တစ်ခုကို ကောက်ယူပြီး သူ၏ရင်ဘက်ထဲတွင် ပွေ့ဖက်ကာ သူငှားထားသော မြို့ပြန်ကျောက်ကို အသုံးပြုလိုက်သည်။

စက္ကန့် ၂၀ အကြာတွင် စွန်းယောင်သည် သူ၏အခန်းထဲမှ ပျောက်ကွယ်သွားခဲ့တော့လေသည်။

သူ့ရှေ့တွင်ရှိနေသော ခေတ်သစ်ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းကို ကြည့်ရင်း စွန်းယောက် ငေးငိုင်သွားခဲ့သည်။

‘ဒီတစ်ခါတော့ ချောင်းရှီက သူ့ကိုယ်သူ ယခင်ကမ္ဘာဆီ ပြန်ခေါ်သွားသလိုပဲ။’

စွန်းယောင်သည် သူ့ရှေ့ရှီ ခေတ်သစ်အဆောက်အဦကို ကြည့်ရင်း တွေးလိုက်မိ၏။

“ဆေးရောင်းသူလား။”

ထိုစဉ် သူ၏နောက်ကျောဘက်မှ အသံတစ်သံ ထွက်‌ပေါ်လာခဲ့သည်။

စွန်းယောင် ချက်ချင်း နောက်လှည့်ကြည့်လိုက်သောအခါ သူ့ဆီသို့လျှောက်လာနေသော ရှောင်းယီကို တွေ့လိုက်ရလေသည်။

“ကျွန်းပိုင်ရှင် ဒီမှာဘယ်နေရာလဲ။”

စွန်းယောင်က မေးလိုက်၏။

“ပင်လယ်အန်းဖြေစခန်းလေ။ သွားကြရအောင် အရင်ဆုံး စာချုပ်ချုပ်ကြတာပေါ့။ ပြီးမှ ပြန်လာပြီး ပျော်ရွှင်မှုကို ခံစားပေါ့။”

ရှောင်းယီက ပြုံးကာ ပြန်ဖြေလိုက်သည်။

စွန်းယောင် ခေါင်းညိတ်ပြီး ချက်ချင်းပင် စာချုပ်ကဒ်ကို ထုတ်ယူကာ ရှောင်းယီထံသို့ ပေးအပ်လိုက်သည်။

ရှောင်းယီက အံ့အားသင့်သွား၏။

“မင်းငါနဲ့ စာချုပ်ချုပ်ဖို့ ကိုယ့်ဟာကိုယ်ယူလာသေးတယ်ပေါ့။”

“နောက်ထပ်နည်းနည်း ထပ်ရှိသေးတယ်။ လုံလောက်မှာပါ။”

စွန်းယောင်က ပြန်ဖြေလိုက်သည်။

ရှောင်းယီသည် သူ့ကို အနီးရှိဆိပ်ကမ်းသို့ ခေါ်ဆောင်သွားပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိသည့် သင်္ဘောတစ်စီးကို ကျပန်းရှာဖွေကာ စာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည်။

ဆိပ်ကမ်းကိုမြင်သောအခါ စွန်းယောင် အံ့ဩထိန့်လန့်သွား၏။

စာချုပ်အောင်မြင်ပြီးနောက် ရှောင်းယီသည် စွန်းယောင်ကို အပန်းဖြေစခန်းရှိ ဘားသို့ ခေါ်ဆောင်သွားခဲ့သည်။

ဘီယာသောက်ကာ အပြင်ဘက်ရှိ နေဝင်ချိန်ကို ကြည့်ရင်း စွန်းယောင်က ရုတ်တရက် ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် ဘာလို့ ကျုပ် ခင်ဗျားနဲ့ မပေါင်းစည်းရမှာလဲ။”

“မဖြစ်နိုင်ဘူး။”

ရှောင်းယီက ခေါင်းခါကာ ပြတ်ပြတ်သားသား ပြန်ဖြေလိုက်သည်။

အခန်း ၄၃၁ အမည်မသိသတ္တဝါ၏ ခြေရိုး

စွန်းယောင်သည် ရှောင်းယီ၏ ပြတ်သားသော ငြင်းဆိုမှုကို ကြားလိုက်ရပြီး ခါးသက်စွာ ပြောလိုက်၏။

“ကျွန်းပိုင်ရှင်က ကျုပ်ရဲ့ အုတ်မြစ်ကျောက်ကို အထင်သေးတာလား။”

ရှောင်းယီက ထပ်မံ၍ ခေါင်းခါကာ ပြောလိုက်သည်။

“မဟုတ်ဘူး...။ ဒါပေမယ့် မင်းရဲ့ကျွန်းပေါ်က ဆေးပင်တွေက အရမ်းအရေးကြီးတယ်လို့ ငါထင်တယ်။ နောက်ပိုင်းမှာ အရမ်းအသုံးဝင်လာနိုင်တယ်။”

စွန်းယောင်သည် အံ့အားသင့်သွားပြီးနောက် ရုတ်တရက် သဘောပေါက်သွားကာ မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

“ကျုပ်ရဲ့ကျွန်းက ဆေးပင်တွေအားလုံးကို ခင်ဗျားရဲ့ကျွန်းကို ရွေ့လာနိုင်တယ်။”

“ဒါကဖြစ်နိုင်ပေမယ့် အနာဂတ်မှာ ပြန်လည်ဖြစ်ပေါ်မယ့် ဆေးပင်တွေကရော။ မင်းက အစကတည်းက ငါနဲ့ နယ်မြေတစ်ခုတည်းမှာပဲ။ တကယ်တော့ ကျွန်းတစ်ကျွန်းစီမှာ သူ့တို့ရဲ့ကိုယ်ပိုင်ထခူးခြားမှုရှိတယ်လို့ ငါပြောဖူးတာကို မင်းမှတ်မိမှာပါ။ မင်းရဲ့ကျွန်းက ဆေးပင်တွေနဲ့ပြည့်နေတဲ့ ကျွန်းတစ်ကျွန်းဖြစ်နေတယ်။ အခြားသူတွေရဲ့ကျွန်းမှာ ဆေးပင်များရှိတယ်လို့ မင်းကြားဖူးလား။”

စွန်းယောင်က ခေါင်းခါလိုက်သည်။ ယီထျန်းဂရုထဲတွင် လူပေါင်း ၁၀၀,၀၀၀ ကျော်ရှိပြီး အခြားကျွန်းများတွင် ဆေးဖက်ဝင်အပင်များ ပြန်လည်ဖြစ်ပေါ်သည်ကို ၎င်းတို့ အမှန်တကယ် မကြားဖူးကြပေ။

“တခြားသူတွေလည်း ရှိကောင်းရှိလိမ့်မယ်။ ဒါပေမယ့် သိပ်မများဘူး။ ငါ့ရဲ့ကျွန်းကိုကြည့်လိုက်။ လက်ရှိမှာ ၅၀.၅ စတုရန်းကီလိုမီတာရှိပေမယ့် ဆေးပင်တွေတော့ မရှိသေးဘူး။ အခု ကျွန်းပေါ်မှာရှိတဲ့ဆေးပင်အချို့ကို မင်းဆီကဝယ်ပြီး စိုက်ပျိုးထားတယတွေချည်းပဲ။”

ရှောင်းယီက ဆက်ပြောလိုက်သည်။ စွန်းယောင် ခေါင်းညိတ်လိုက်၏။

“ကိုပ်နားလည်ပါပြီ ကျွန်းပိုင်ရှင်။ ကျုပ်ရဲ့ကျွန်းကို ဂရုစိုက်ပြီး အမြန်ဆုံးဖွံ့ဖြိုးတိုးတက်အောင် လုပ်ရမယ်။

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ငါကြည့်လိုက်တော့ ငါတို့ကြားအကွာအဝေးက သိပ်မဝေးဘူး။ ကီလိုမီတာ ၂,၃၀၀ ကျော်ပဲရှိတယ်။”

ထိုစကားကိုကြားတော့ စွန်းယောင်၏နှုတ်ခမ်းထောင့်စွန်းများကို မဲ့ရွဲ့သွား၏။ အခြားသူများသာ ထိုစကားကိုကြားပါက သွောအန်ပြီး သေဆုံးသွားနိုင်သည်။

ကီလိုမီတာ ၂,၃၀၀ ကို အကြီးစားရွက်သင်္ဘောကြီးဖြင့် အရှိန်ပြည်ြခရီးနှင်ပါက နာရီ ၁၁၀ ကျော်ကြာပြီး ရောက်ရှိရန် လေးငါးရက်ကြာမည်ဖြစ်သည်။

ဒါက သိပ်မဝေးဘူးလား။

သို့သော် ရှောင်းယီ၏လက်ထဲတွင် အပျော်စီးရွက်သင်္ဘောရှိပြီး ထိုအကွာအဝေးကို အရောက်ပို့ရန် လေးနာရီသာကြာမည်ဖြစ်သည်။ ဤနေရာတွင် သိပ်မဝေးဟု ပြောဆိုခြင်းသည် မှားယွင်းသည့်ပုံ မရပေ။

“မနက်ဖြန် ငါ ဒေသခံတစ်ဖွဲ့ကို မင်းကျွန်းကို လွှတ်လိုက်မယ်။ တစ်ဖက်က မင်းရဲ့ကျွန်းကို စောင့်ကြပ်ကြည့်ရှုတဲ့နေရာမှာ ကူညီပေးနိုင်ပြီး နောက်တစ်ဖက်က ဘာသာပြန်အဖြစ်လည်း လုပ်ဆောင်နိုင်တယ်။”

ရှောင်းယီက ဆက်ပြောသည်။

“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။ ခင်ဗျားရဲ့ကျွန်းမှာ အခုဒေသခံဘယ်နှစ်ယောက်ရှိလဲ”

စွန်းယောင်က မေးလိုက်သည်။

“သိပ်မများပါဘူး။ လေးထောင်အောက်ပါပဲ။”

ရှောင်းယီက ဘီယာတစ်ငုံသောက်ရင်း ပြန်ဖြေလိုက်၏။

စွန်းယောင်၏ နှုတ်ခမ်းထောင့်စွန်းများ ထပ်မံတုနင်သွားပြန်လိုက်သည်။ ရှောင်ယီနှင့် ခဏကြာအောင် စကားပြောလိုက်ရုံဖြင့် ဤကမ္ဘာ၏ ကျောင်းစီဖြစ်သွားလိမ့်မည်ဟု သူခံစားရလိုက်ရသည်။

သူ၏မဲ့ရွဲ့သွားသော နှုတ်ခမ်းထောင့်စွန်းများကို ဝှက်ကွယ်ရန်အတွက် ဘီယာတစ်ငုံ သောက်လိုက်ရ၏။

“ကျွန်းပိုင်ရှင် အားလုံးအဆင်သင့်ဖြစ်ပါပြီ။”

ဒူခန်းက လာပြောသည်။ ရှောင်းယီ ခေါင်းညိတ်ပြလိုက်၏။

“ည ၇ နာရီလောက်အထိ စောင့်လိုက်ဦး။ အခု အပြင်မှာ နည်းနည်းပူနေသေးတယ်။ သူတို့ကို ကိုယ်တိုင်ကစားဖို့ နေရာရှာခိုင်းလိုက်ပါ။”

“ဟုတ်ကဲ့”

ဒူခန်းက ပြန်ဖြေပြီးနောက် ထွက်သွားခဲ့လေသည်။

“မင်းအတွက် ဇီဝချစ်ပ်တွေ လုပ်ဖို့လိုတယ်။ မဟုတ်ရင် ဒီမှာ ဘာမှဝယ်လို့မရဘူး။”

ရှောင်းယီက ရုတ်တရက် စဉ်းစားမိသွား၏။

“ဇီဝချစ်ပ်လား”

စွန်းယောင် ကြောင်အသွားသည်။ ထိုကဲ့သို့အရာကို သူမကြားဖူးပေ။

ရှောင်းယီသည် သူ့ကို စမတ်ချစ်ပ်ထုတ်လုပ်ရေးစက်ကို ထားရှိထားသော အပန်းဖြေစခန်း၏ လုံခြုံရေးအခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။

ရှောင်းယီ၏တောင်းဆိုမှုအရ စွန်းယောင်သည် ဇီဝချစ်ပ်များပြုလုပ်ပြီးနောက် ၎င်းတို့ကို ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းခဲ့ရသည်။

“ခင်ဗျား ဒီလိုအဆင့်မြင့်စက်ကစ္စည်းမျိုးကို ဘယ်လိုရခဲ့တာလဲ။”

စွန်းယောင် မနေနိုင်တော့ဘဲ မေးလိုက်မိ၏။

ပစ္စည်းသေတ္တာများကို ဖွင့်ရုံနှင့် ဤပစ္စည်းကိုရခဲ့သည်ဟု သူမယုံပေ။

“ဒါက လျှို့ဝှက်ချက်ပဲ”

ရှောင်းယီက ပြုံးကာပြန်ဖြေ၏။ စွန်းယောင်သည် သူ၏ခေါင်းကို ခါယမ်းပြီး ခါးသီးစွာပြုံးကာ ပြောလိုက်သည်။

“ကျုပ် မ‌မေးသင့်တဲ့မေးခွန်းကို မေးမိသွားပြီပဲ။”

“အဆင်ပြေပါတယ်။ အခု မင်းဆီချစ်ပ်မှာ တစ်သိန်းရှိတယ်။ ဒါက ဒီနေ့ ဆေးပင်ရောင်းတဲ့အတွက် ဆုလာဘ်ပဲ။ ပျော်ပျော်ကြီး သုံးလိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ငါ မင်းနဲ့အတူ ဒီမှာအဖော်မလုပ်‌ပေးတော့ဘူး။ ညကျမှ ပြန်တွေ့ကြတာပေါ့။”

“ကျွန်းပိုင်ရှင် ခင်ဗျားမှာ အလုပ်တွေအများကြီးရှိမှာပေါ့။ ဒါ ကျုပ်ကိုယ်တိုင်လုပ်နိုင်ပါတယ်။”

စွန်းယောင်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

ယနေ့ စွန်းယောင်မှ ရှောင်းယီထံ ပေးအပ်ခဲ့သော ဆေးဝါးများ၏ စုစုပေါင်းတန်ဖိုးသည် အုတ်မြစ်ကျောက် တစ်ထောင်ခန့်ရှိ၏။ နှစ်ဆအခြေအနေကြောင့် အုတ်မြစ်ကျောက် နှစ်ထောင်ဖြစ်သွားခဲ့သည်။

အုတ်မြစ်ကျောက် တစ်ထောင်ကို စွန်းယောင်ထံ ပေးအပ်ပြီးနောက် အခြားအုတ်မြစ်ကျောက် တစ်ထောင်ကို ဤနေရာရှိ ငွေကြေးအဖြစ် ပြောင်းလဲပေးခဲ့သည်။ 1:100 အရ တွက်လျှင် တစ်သိန်းဖြစ်ပေသည်။

ရှောင်းယီ ထွက်ခွာသွားပြီးနောက် လူတစ်ဦးက သူ့နားရောက်လာကာ မိတ်ဆက်လာ၏။

“ကျုပ်ကိုယ်ကျုပ် မိတ်ဆက်ပါရစေ။ ကျုပ်က ကျူးချန်းကလန်က ချူရှန်းပါ။ အခုကျွန်းပိုင်ရှင်ဆီမှာ ခိုလှုံနေတယ်။”

စွန်းယောင်သည် အံ့အားသင့်သွားပြီး ချူရှန်းနှင့် လက်ဆွဲမှုတ်ဆက်ရန်အတွက် သူ၏လက်ကိုဆန့်တန်းပေးရင်း ပြောလိုက်သည်။

“ကျုပ်က ဆေးရောင်းသူပါ။ ကျုပ်နာမည်က စွန်းယောင်။ ကျူးချန်းကလန်ကို ကျွန်းပိုင်ရှင်က ယူသွားမယ်လို့ မျှော်လင့်မထားခဲ့မိဘူး။”

“ကျွန်းပိုင်ရှင်က ယူသွားတာမဟုတ်ဘူး။ ကျုပ်တို့တွေကစာ သွားရည်ယိုပြီး ဇွတ်ကပ်တွယ်နေကြတာ။”

ချူရှန်းက ပြုံးကာပြန်ဖြေလိုက်သည်။

“ကျွန်းပိုင်ရှင်က ဒီလောက်ထိ အစွမ်းထက်တယ်ဆိုတာသာ ငါသိခဲ့ရင် ငါ့မျက်နှာတစ်ခုလုံးနဲ့ သူ့နောက်ကိုလိုက်ပါတယ်။”

စွန်းယောင်က ပြောလိုက်၏။

“ဟားဟား....။မင်း အခုထိ မဝင်သွားဖူးသေးဘူးထင်တယ်။”

ချူရှန်းက လျှို့ဝှက်ဆန်းကြယ်ဟန်ဖြင့် ပြောလိုက်သည်။

“ဝင်ရမယ်။ ဘယ်ကိုဝင်ရမှာလဲ။”

စွန်းယောင်က သံသယဖြင့် မေးလိုက်သည်။

“ကျွန်းအတွင်းပိုင်းကိုပေါ့။ ကျွန်းပိုင်ရှင်က ဘယ်လိုအိမ်မျိုးနေလဲတယ်လို့ ခင်ဗျားထင်လဲ။”

ချူရှန်းက မေးလိုက်၏။

စွန်းယောင်က အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။

“အိပ်ခန်းသုံးခန်းနဲ့ ဧည့်ခန်းတစ်ခန်းပါတဲ့ အိမ်ကြီးတစ်လုံးဖြစ်သင့်တယ်။”

“အိပ်ခန်းသုံးခန်းနဲ့ ဧည့်ခန်းတစ်ခန်းလား။”

ချူရှန်းက ပြောလိုက်သည်။

“နိုး နိုး နိုး...။ အဲ့ဒါက ဗီလာပဲ။ အမိုးခုံးပါတဲ့ဗီလာပဲ။ ပြီးတော့ တစ်ခုထက်ပိုတယ်။”

“ဟမ်...”

စွန်းယောင်သည် နည်းနည်းစိတ်ကူးယဉ်ဆန်နေသလိုပင် ခံစားလိုက်ရ၏။

“ကိုပ်လည်း မနေ့ညနေကမှ သိခဲ့ရတာ။ ကျုပ်တုန်းကလည်း ခင်ဗျားရဲ့အမူအရာမျိုး ဖြစ်သွားတာပဲ။”

ချူရှန်းက ပခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။

စွန်းယောင်သည် ချက်ချင်းပင် ချူရှန်းကိုဆွဲကာ ပြောလိုက်၏။

“ညီအစ်ကို ကျုပ်ကို ကျွန်းပေါ်က အကြောင်းတွေကို ပြောပြပါဦး။ ကျုပ် မင်းကိုဘီယာတိုက်ပါ့မယ်။”

“ဘယ်အရက်မဆိုလား။”

ချူရှန်းက ပြန်မေးလိုက်သည်။

“အင်း... ကျုပ်မှာပိုက်ဆံလောက်မလောက်တော့ မသိဘူး။”

စွန်းယောင်က ချက်ချင်းပင် စကားခံလိုက်၏။ ရှောင်းယီ၏ကျွန်းတွင် ပစ္စည်းကောင်းများ အများကြီးရှိကြောင်း သူသိပေသည်။ သူ့လက်ထဲတွင် တစ်သိန်းရှိသော်လည်း ချူရှန်းက မိုးပေါ်သို့ပျံတက်နေသောဈေးနှင့် အရက်ကို တောင်းဆိုလာခဲ့ပါက ပိုက်ဆံမလုံလောက်လျှင် အရှက်ကွဲမည်ဖြစ်သည်။

ချူရှန်းက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။

“မစိုးရိမ်ပါနဲ့ ခင်ဗျားမှာရှိတဲ့ ပိုက်ဆံက လုံလောက်ပါတယ်။ ခင်ဗျား ဒီနေ့ဆေးရောင်းပြီး တစ်သိန်းရခဲ့တယ်လို့ ကျုပ်ကြားတယ်။ ကျုပ်သင်္ဘောငါးရက်စာကတောင် ခင်းဗျားရဲ့ဆေးရောင်းတဲ့ပိုက်ဆံကို မမီဘူး။”

“ဒါဆိုရပြီ...မှာလိုက်တော့။”

စွန်းယောင်က ပြတ်ပြတ်သားသားပင် ပြောလိုက်သည်။

“သွားကြရအောင်...ဘားကိုသွားကြမယ်။”

ချူရှန်းက စွန်းယောင်ကို ဘားခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

ချူရှန်းသည် စွန်းယောင်အား ဤကဲ့သို့အကြောင်းအရာများစွာ ပြောပြခဲ့ခြင်းမှာ လူတိုင်းသည် စာချုပ်ချုပ်ဆိုထားခြင်းဖြစ်ပြီး ဆက်ဆံရေးကောင်းမွန်စေလိုသောကြောင့်ဖြစ်သည်။ စွန်းယောင်သည် အသုံးဝင်သောဆေးဝါးအမျိုးမျိုးကို ပြုလုပ်နိုင်သောကြောင့် ဆက်ဆံရေးကောင်းမွန်စေရန်နှင့် နောက်ပိုင်းတွင် ဈေးသက်သာစွာ ဝယ်ယူနိုင်ရန်အတွက်ဖြစ်ပေသည်။

ချူရှန်းကိုယ်တိုင်က စကားပြောကောင်းသူတစ်ယောက်ဖြစ်ပြီး ရှောင်းယီတို့ကျွန်းပေါ်ရှိ အဖြစ်အပျက်များကို အသေးစိတ်ဖော်ပြနေခြင်းအား စွန်းယောင်က စိတ်ဝင်တစားဖြင့် နားထောင်နေခဲ့သည်။

အစပိုင်းတွင် စွန်းယောင်၏နှလုံးသားသည် အနည်းငယ်နာကျင်နေသေးသော်လည်း ချူရှန်းက B-အဆင့်ဘီယာ ခွက်ကြီးတစ်ခွက်မှာခဲ့ပြီး ယွမ်နှစ်ရာကုန်ကျခဲ့၏။ သူ၏ နှလုံးသားသည် အနည်းငယ်နာကျင်နေသေးသော်လည်း နားထောင်ရသည်မှာ ပျော်စရာကောင်းပြီး လမ်းညွှန်တစ်ယောက် ငှားထားသလိုပင် ခံစားနေရသည်။

“စကားမစပ် ဒီကျွန်းပေါ်ကို အစကတည်းက ရောက်နေတဲ့ လူအနည်းငယ်ရှိသေးတယ်။ သူတို့က မစ္စတာယွမ်တို့ပဲ။ သူတို့က ကျွန်းပိုင်ရှင်ရဲ့ ပကတိလူယုံတွေဖြစ်ပြီး သူတို့နဲ့ ဆက်ဆံရေးကောင်းမွန်အောင် လုပ်ထားရမယ်။”

ချူရှန်းက ပြောလိုက်သည်။ စွန်းယောင်က ခေါင်းညိတ်လိုက်၏။

“နားလည်ပြီ”

ရှောင်းယီ တိုက်ခန်းသို့ ပြန်ရောက်သောအခါ ယီထျန်းဂရုထဲရှိ စကားဝိုင်းတစ်ခုက သူ၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

“အားလုံးပဲ ကြည့်ကြည့် ငါ အခု ဘာရခဲ့လဲဆိုတာ။”

“ပစ္စည်းသေတ္တာထဲမှာ အသစ်တစ်ခုခုရှိလို့လား။”

“ဘာအသစ်တွေရနိုင်မလဲ။ ပေါက်ကွဲစေတဲ့လက်နက်နဲ့သက်ဆိုင်တဲ့ ပစ္စည်းတွေဖြစ်သင့်တယ်။ အဲ့ဒါတွေက မကြာခင်နေ့တွေကမှ တိုးလာတာဆိုတော့။”

“ကျုပ်က ပစ္စည်းသေတ္တာအကြောင်း ပြောနေတာမဟုတ်ဘူး။ ကျုပ် ပင်လယ်ထဲမှာငါးဖမ်းနေတုန်း ဖမ်းမိတဲ့ အရိုးတစ်ချောင်းအကြောင်းကို ပြောနေတာ။”

“ငါက ပစ္စည်းကောင်းတစ်ခုလို့ ထင်လိုက်တာ။ ပင်လယ်ထဲမှာ ပင်လယ်သတ္တဝါတွေစားတဲ့ တိရစ္ဆာန်တွေ အများကြီးရှိတယ်။ အရိုးတွေက သာမန်ပဲမဟုတ်ဘူးလား။ ဘာများအံ့သြစရာရှိလို့လဲ။”

“ဒါဆို ဒီဟာကဘာလဲဆိုတာ ခင်ဗျားတို့ကိုယ်တိုင်ကြည့်ကြည့်လိုက်လေ။ [အမည်မသိသတ္တဝါ၏ခြေထောက်ရိုး] ၁။”

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကတောင်မှ ခွဲခြမ်းမစိတ်ဖြာနိုင်ဘူးလား။”

အခန်း ၄၃၂ ဘီလူးခြေထောက်ရိုး၊ အနောက်ဘက်၌ ဒေသခံများ ပြန်လည်ထွက်ပေါ်လာခြင်း

“ဒီလိုတော့မဟုတ်ဘူး။ အခြေခံအားဖြင့် ကျွန်းအထိမ်းအမှတ်တိုင်က အရာအားလုံးက အခြေခံအချက်အလက်တွေကို ပြသပေးပါလိမ့်မယ်။”

“ရှေးဦးဧရာမသတ္တဝါတွေရဲ့ ခြေထောက်ရိုးတွေ မဟုတ်ဘူးလား။”

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က မသိဘူးဆိုတာ မဟုတ်နိုင်ဘူး။ အခုချိန်မှာ ငါတို့ကို မပြောချင်သေးတာပဲဖြစ်ရမယ်။”

“ရှေးဦးဧရာမသတ္တဝါတစ်ကောင်ရဲ့ခြေထောက်ရိုးဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါက အရမ်းကြီးနေလွန်းလို့ပဲ။ ဒီခြေထောက်ရိုးက ငါ့အရပ်လောက်တောင်မြင့်တယ်။”

“အင်း ဒိုင်နိုဆောတစ်ကောင်ရဲ့ ခြေထောက်ရိုးတစ်ချောင်းဖြစ်သင့်တယ်။”

“ငါလည်းမသိဘူး။ အဲ့ဒါကြောင့် ဒီအကြောင်း မင်းတို့ကိုပြောပြတာ။ မဟုတ်ရင် အိမ်ထဲမှာလှဲနေပြီး ငါလုထားလိုက်တဲ့ အရည်အသွေးမြင့်အစားအစာတွေကိုပဲ စားနေမှာပေါ့။ အဲ့ဒါ‌တွေက အရသာရှိတယ်လေ ဟုတ်တယ်မလား။”

ရှောင်းယီသည် အမည်မသိသတ္တဝါ၏ ခြေထောက်ရိုးကို ကြည့်ရင်း ဂရုထဲတွင် ပြောလိုက်၏။

“ကျေးဇူးပြုပြီး ကျုပ်ကိုခဏလောက်ငှားပေးလို့ရမလား။”

“ရတာပေါ့။”

ထိုသူသည် ရိုးရိုးရှင်းရှင်းပင်။

ဘယ်လိုပဲဖြစ်ဖြစ် ၎င်းသည် ခဏတာငှားရမ်းခြင်းသာဖြစ်ပြီး အပိုင်ပေးလိုက်ရခြင်းမဟုတ်ပေ။

ရှောင်းယီသည် ပစ္စည်းအစစ်အမှန်ကို မြင်ရခြင်းမဟုတ်လျှင် စနစ်ဖြင့် ခွဲခြားသတ်မှတ်၍မရသောကြောင့် ပစ္စည်းအစစ်အမှန်ကို ရယူရန် လိုအပ်ပေသည်။

“[အမည်မသိသတ္တဝါ၏ခြေထောက်ရိုး] တစ်နာရီကြာ ငှားရမ်းခွင့် - အခမဲ့လဲလှယ်ခြင်း။”

ရှောင်းယီသည် ချက်ချင်းပင် လဲလှယ်မှုကို သဘောတူလိုက်ပြီး သူနှင့်ကပ်လျက်နေရာတွင် ခြေထောက်ရိုးတစ်ချောင်း ထွက်ပေါ်လာခဲ့သည်။

“ဒီလောက်တောင်ရှည်ရလားဟ။”

ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ စောစောက အချက်အလက်များမှာ မရှင်းလင်းပေ။ ထိုအသက်ရှင်ကျန်ရစ်သူက ထိုခြေထောက်ရိုးများသည် သူ့အရပ်လောက်ရှိသည်ဟုပြောခဲ့သော်လည်း တကယ်တမ်းမြင်လိုက်ရသောအခါ ပို၍ပင်ထိတ်လန့်စရာကောင်းနေ၏။

“ဘီလူးခြေထောက်ရိုး- ပုံမှန်မဟုတ်သော ဧရာမလူသားပုံစံသတ္တဝါတစ်ကောင်၏ ခြေသလုံးရိုးဖြစ်သည်။ အရွယ်ရောက်ပြီးသား ဘီလူးတစ်ကောင်၏ အရပ်သည် ပုံမှန်အားဖြင့် ၉ မီတာခန့်ရှိသည်။”

စနစ်၏အကြောင်းကြားချက်ကိုမြင်လိုက်ရသောအခါ ရှောင်းယီအံ့အားသင့်သွားခဲ့သည်။

“ဘီလူးတွေလား။ ဒီကမ္ဘာမှာ သာမန်လူသားတွေထက် ပိုပြီးရှိသေးတာလား။”

ရှောင်းယီက အံ့အားသင့်စွာ တွေးလိုက်မိ၏။

“သူဌေး အခြေအနေ ဘယ်လိုလဲ။”

ထိုသူသည် ဂရုထဲတွင် စတင်မေးမြန်းနေပြီဖြစ်သည်။

ရှောင်းယီသည် စဉ်းစားချင့်ချိန်ပြီးနောက် ပြန်ဖြေလိုက်သည်။

“ဒါက လူသားရဲ့အရိုးတွေနဲ့ တော်တော်ဆင်တယ်။ ဒါပေမယ့် အရမ်းကြီးလွန်းတယ်။ ကျုပ်လည်းမသေချာဘူး။”

ပြောပြီးသည်နှင့် သူသည် ထိုခြေထောက်ရိုးကို ပြန်ပေးလိုက်၏။

“လူသားရဲ့အရိုးတွေလား။ ဒီလောက်ကြီးတယ်ဆိုရင် ဒီလူတွေက အနည်းဆုံး သုံးလေးမီတာလောက် ရှိမှရမယ်။ ဒီကမ္ဘာမှာ ဘီလူးတွေရှိနေတာလား။”

ထိုလူက ပြောလိုက်သည်။

“မဟုတ်ပါ့မလား။ အခုထိ ဒေသခံတွေက လုံးဝမငြိမ်သက်သေးဘူး။ ဘီလူးတွေက ပါလာပြန်ပြီလား။”

“ကျုပ်ပြောတတ်ဘူး။ ကျုပ်တို့က ဒီကမ္ဘာရဲ့ထောင့်တစ်ထောင့်မှာပဲရှိသေးတယ်။ မြေပုံကိုကြည့်ရုံနဲ့တင် ကျုပ်တို့သိမ်းပိုက်ထားတဲ့နေရာက သိပ်မကြီးဘူးဆိုတာ သိသာနေတာပဲ။”

“ဒီကမ္ဘာက ဘယ်လောက်တောင်ကြီးတာလဲ။”

“ကြီးမားတဲ့ကမ္ဘာကြီး။ ငါအပြင်ထွက်ကြည့်ချင်တယ်။”

“မလုပ်ပါနဲ့။ ဘေးကင်းရေးက အဓိကပဲ။ ကျုပ်ကတော့ ကျွန်းပေါ်မှာပဲ ရိုးရိုးသားသားနေမယ်။”

ထိုစဉ် ရှောင်းယီ၏ဘေးရှိ ဝေါ်ကီတော်ကီမှ အသံမြည်လာခဲ့သည်။

“ကျွန်းပိုင်ရှင် အားလုံးအဆင်သင့်ဖြစ်နေပါပြီ။ ခင်ဗျား ဒီကိုလာလို့ရပြီ။”

“ကောင်းပြီ ငါလာခဲ့မယ်။”

ရှောင်းယီ ပြန်ဖြေကာ ထထွက်သွားလိုက်ပြီး ပင်လယ်အပန်းဖြေစခန်းဆီသို့ လမ်းလျှောက်သွားလိုက်သည်။

ရှောင်းယီရောက်လာသောအခါ ယွမ်နွန်နှင့် အခြားသူများသည် ဘားခန်းထဲတွင် စောင့်နေကြပြီဖြစ်သည်။

ရှောင်းယီက ပြောလိုက်သည်။

“လူတိုင်းပဲ တစ်ယောက်နဲ့တစ်ယောက်သိအောင် လုပ်ထားကြပါ။”

“နားလည်ပါပြီ။”

လူတိုင်းက ပြန်ဖြေလိုက်ကြသည်။

“ကျုပ်တို့ဆီကနေ နည်းနည်းဝေးတဲ့ စွန်းယောင်ကလွဲရင် ဒီမှာငါတို့အားလုံးက ကိုယ့်လူတွေချည်းပဲ။ များများဆက်သွယ်ကြပါ။”

ရှောင်းယီက ဆက်ပြောသည်။

“ဟုတ်ကဲ့”

ရှောင်းယီက ခေါင်းညိတ်လိုက်၏။

“အပြင်က အကင်စက်တွေ အဆင်သင့်ဖြစ်နေပြီ။ ကိုယ်တိုင်လုပ်ကြတာပေါ့။”

“ကောင်းပြီ”

လူတိုင်း တစ်ယောက်ပြီးတစ်ယောက် ထွက်သွားခဲ့ကြသည်။

အန်းရန်က နောက်ဆုံးမှာနေခဲ့ပြီးနောက် လေသံနိမ့်နိမ့်ဖြင့် မေးလိုက်သည်။

“တစ်ခုခုဖြစ်လို့လား။ နင် စိတ်နဲ့ကိုယ်မကပ်သလို ခံစားနေရတယ်။”

“အခြေအနေအသစ်တစ်ခုပေါ်လာတယ်။ ဗီလာပြန်ရောက်ရင် မင်းကိုပိုပြီးပြောပြမယ်။ အခု ဘာဘီကျူးကောင်းကောင်းကင်ကြရအောင်။”

ရှောင်းယီက ပြုံးကာပြန်ဖြေလိုက်သည်။

“အင်း”

ကမ်းခြေပေါ်တွင် လူအုပ်စုတစ်စုသည် ဘာဘီကျူးများ စားသောက်နေကြ၏။ သဘာဝအလျောက် ပင်လယ်ပြင်သို့ ထွက်သွားကြရသော ထိုသင်္ဘောသားများသည် အုပ်စုဖွဲ့ပြီး အန်းဖြေစခန်းရှိ အကင်စက်များကို ငှားရမ်းကာ သေးငယ်သောကစားဝိုင်းများဖွဲ့စည်းရင်း အတူတူပျော်ရွှင်နေခဲ့ကြသည်။

ရှောင်းယီနှင့် အခြားသူများ ချဉ်းကပ်လာသည်ကို မြင်သောအခါ ၎င်းတို့သည် သူတို့လက်ထဲရှိ ကြက်သားတုတ်ထိုးများကို မြှောက်ကာ နှုတ်ဆက်လိုက်ကြသည်။

ရှောင်းယီနှင့် အခြားသူများက ခေါင်းညိတ်ကာ တုံ့ပြန်လိုက်ကြ၏။

“နင် သူတို့ကိုအားကျလား။”

အန်းရန်က ညင်သာစွာ မေးလိုက်သည်။

“နင်ရဲ့စိတ်ထဲမှာ အရမ်းဝန်လေးမနေပါနဲ့။ အရမ်းလည်း မတွေးနဲ့။ နေ့တွေကို ပေါ့ပေါ့ပါးပါးဖြတ်သန်းပါ။”

ရှောင်းယီသည် အံ့အားသင့်သွား၏။

“တကယ်ကို ဘာပြဿနာမှမရှိပါဘူး။ ငါ့မှာ ဖိအားသိပ်မများဘူး။”

သူက ပြုံးကာပြန်ဖြေလိုက်သည်။

“ဟမ့် ဘာတွေလာလိမ်နေတာလဲ။ ဖိအားမရှိဘူးဟုတ်ဘား။ နင့်ဘေးမှာ အလှလေးသုံးယောက်ရှိတယ်။ နင့်ဆီမှာ တုံ့ပြန်မှုမရှိဘူးလား။”

အန်းရန်က လေသံတိုးတိုးဖြင့် ပြန်ပြောပြီး သူ့ကိုကြည့်ကာ အကင်စက်ဆီသို့ ယလျှောက်သွားလိုက်သည်။

ရှောင်းယီ ထပ်အံ့အားသင့်သွား၏။ ထိုစဉ် ကျန်းယွင်ထျန်းသည်လည်း သူ့နားသို့ ရောက်လာခဲ့သည်။

“မင်းဘာဖြစ်နေတာလဲ။”

ဤကဲ့သို့ အချိန်အကြာကြီး အတူတကွတိုက်ခိုက်ခဲ့ကြပြီးနောက် ရှောင်းယီ၏စိတ်နှလုံးသားထဲတွင် တစ်ခုခုရှိနေသည်ကို လူတိုင်းမြင်နိုင်ပေသည်။

“အင်း လူတစ်ယောက်က ပင်လယ်ထဲကနေ ၁.၈ မီတာလောက်ရှိတဲ့ ခြေထောက်ရိုးတစ်ချောင်းကို ဖမ်းမိခဲ့တယ်။”

ရှောင်းယီက လေသံတိုးတိုးဖြင့် ပြန်ဖြေလိုက်သည်။

“၁.၈ မီတာရှိတဲ့ ခြေထောက်ရိုးလား။”

ကျန်းယွင်ထျန်း သူ့လက်ထဲက ဘီယာခွက်ကို အောက်ချပြီး ပြောလိုက်၏။

“လူတစ်ကိုယ်လုံးသာဆိုရင် ဘယ်လောက်တောင်ကြီးလိုက်မလဲ။”

“ယေဘုယျအားဖြင့် ခြေသလုံးနှင့် ခြေထောက်ရိုးရဲ့ အရှည်က စုစုပေါင်းအရပ်ရဲ့ ၂၀.၄% ဖြစ်ပြီး ငါးပုံတစ်ပုံရှိတယ်။ သူ့ရဲ့အရပ်က ၉ မီတာလောက်ရှိတယ်လို့ တွက်ချက်နိုင်တယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“၉ မီတာလား။ ဒါက အသေးစားသုံးထပ်တိုက်တစ်လုံးရဲ့အမြင့်ပဲမဟုတ်ဘူးလား။”

ကျန်းယွင်ထျန်းသည် ရှောင်းယီ ပျင်းရိစရာကောင်းသောပုံပြင်တစ်ပုဒ်ကို ပြောနေသည်ဟုပင် ခံစားလိုက်ရသည်။

ရှောင်းယီက လေးနက်စွာ ခေါင်းညိတ်လိုက်၏။

“ငါရတဲ့သတင်းအရ အဲ့ဒါက ဘီလူးတစ်ကောင်ရဲ့ ခြေသလုံးရိုးပဲ။”

“ဘီလူးတွေလား။ ဒီကမ္ဘာမှာ ဒီလိုလူမျိုးရှိသေးလို့လား။”

ကျန်းယွင်ထျန်း ပိုပိုပြီး လက်ခံနိုင်ဖွယ် မရှိတော့ကြောင်း ခံစားလိုက်ရ၏။

ရှောင်းယီက သူ၏ခေါင်းကိုခါယမ်းကာ ပြောလိုက်သည်။

“ဖြစ်နိုင်တယ်။ အခုငါခြေထောက်ရိုးတစ်ချောင်းတွေ့ခဲ့တယ်။ ဒီလိုလူမျိုးတွေ ရှိမရှိဆိုတာတော့ သိပ်မသေချာဘူး။”

“မင်းတို့ဘာတွေပြောကြနေတာလဲ။”

ထိုစဉ် အန်းယွဲ့ ရောက်လာပြီး မေးလိုက်သည်။

“အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတဲ့ ရန်သူအကြောင်းပါ။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အနာဂတ်မှာ ဖြစ်လာနိုင်ခြေရှိတဲ့ ရန်သူဆိုမှတော့ အခုချိန်မှာ သက်သောင့်သက်သာနေကြတာပေါ့။”

အန်းယွဲ့က မီးကင်ထားသောအသားများကို ကမ်းပေးလိုက်၏။

ရှောင်းယီက ပြုံးပြလိုက်ပြီး ခေါင်းညိတ်ကာ အသားတုတ်ထိုးများကို လှမ်းယူလိုက်သည်။

“စွန်းယောင် မင်း ငါ့ကို ဆေးဖက်ဝင်မျိုးစေ့တချို့လည်း ပေးလို့ရတယ်။ အပင်ဆိုရင်လည်း ရတယ်။ ငါဒီမှာ မျိုးပွားဖို့ သိမ်းဆည်းထားရမယ်။”

ယွမ်နွန်က စွန်းယောင်ကိုရှာပြီး ဆွေးနွေးလိုက်၏။

“အဆင်ပြေပါတယ် မစိုးရိမ်ပါနဲ့ လောင်ယွမ်။ ကျုပ်ပြန်ရောက်ရင် ကျွန်းပေါ်က ဆေးပင်အားလုံးကို လဲလှယ်ပေးပါ့မယ်။”

စွန်းယောင်က ချက်ချင်းပင် တုံ့ပြန်လိုက်သည်။

“ကျေးဇူးတင်ပါတယ်။”

ယွမ်နွန်က ပြောလိုက်၏။

“လောင်ယွမ်က ယဉ်ကျေးလွန်းနေပါပြီ။”

စွန်းယောင်က ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် ဒီနေ့ မျိုးစေ့တွေအများကြီး လဲလှယ်ခဲ့ရတယ်။ ဒါက နည်းနည်းလေး မှားယွင်းနေသလားလို့။”

“မစိုးရိမ်ပါနဲ့။ မကြာခင် မျိုးစေ့ဝယ်မယ့်သူတွေ ရှိလာမှာပါ။”

ယွမ်နွန်က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

မျိုးစေ့များကို သိမ်းဆည်းခြင်းနှင့် စိုက်ပျိုးခြင်းသည် နည်းပညာဆိုင်ရာအလုပ်များဖြစ်သည်။ သို့မဟုတ်ပါက လယ်သမားများသည် နှစ်စဉ်နှစ်တိုင်း စပါးမျိုးစေ့များကို ဝယ်ယူရန် လိုအပ်မည်မဟုတ်ပေ။

ယွမ်နွန်ပြောသည်ကိုကြားလိုက်ရသောအခါ စွန်းယောင်က ခေါင်းညိတ်လိုက်သည်။ စိုက်ပျိုးရေးတွင် ယွမ်နွန်သည် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သောကြောင့် ၎င်း၏စကားများကို သံသယဖြစ်စရာမလိုပေ။

ဖူရှီနှင့် အခြားဒေသခံခေါင်းဆောင်သုံးဦးသည် ၎င်းတို့၏မျိုးနွယ်စုအစီအစဉ်များကို ဒေသခံဘာသာစကားဖြင့် အဆက်မပြတ်ဆက်သွယ်နေကြသည်။

ပိုင်ချီသည် ကိုးနှစ်ကြာ မဖြစ်မနေပညာရေးကို လက်ခံရရှိထားသောကြောင့် သူ့တွင်ကိုယ်ပိုင်အမြင်ရှိပြီး စစ်မှန်သောဒေသခံမျိုးနွယ်စုသုံးခုနှင့် ကွဲပြား၏။

သူသည် သူ၏မျိုးနွယ်စုကို စစ်မှန်သောတိုက်ခိုက်ရေးမျိုးနွယ်စုအဖြစ် ပြောင်းလဲရန် အဆင်သင့်ဖြစ်နေခဲ့သည်။ သူ့အမြင်တွင် အနာဂတ်တွင် စစ်ပွဲများမှာ ရှားပါးမည်မဟုတ်ဘဲ စစ်မှန်သောတိုက်ခိုက်မှုစွမ်းအားရှိသည့်မျိုးနွယ်စုသာလျှင် ပိုမိုကြာရှည်စွာရှင်သန်နိုင်မည်ဖြစ်သည်။

“ကျွန်းပိုင်ရှင် ဂရုထဲမှာ တစ်စုံတစ်ဦးက အနောက်ဘက်မှာ ဒေသခံတွေ ပြန်ပေါ်လာတယ်လို့ သတင်းပို့ထားပါတယ်။”

ယွမ်ရှီက လာပြော၏။

“အသက်ရှင်ကျန်ရစ်သူတွေရှိတဲ့ကျွန်းတွေ တိုက်ခိုက်ခံရတာလား။”

ရှောင်းယီက မေးလိုက်သည်။

“အကြီးစားဒေသခံလှေတစ်စီးကို တွေ့လိုက်ရတယ်လို့ ဆိုပါတယ်။ သူတို့က အရေးပေါ်အခြေအနေမှာ စုရုံးနေကြပြီးပါပြီ။ အနီးအနားမှာ ကျွန်းလေးကျွန်းရှိပြီး သုံးချက်ပစ်လောက်လွှဲငါးခုကို ကျွန်းပေါ်မှာ စုရုံးထားခဲ့ကြတယ်။ ပြဿနာမရှိသင့်ဘူး။”

ယွမ်ရှီက ပြန်ဖြေ၏။

All Chapters