← Chapters

ခွေးက လူကိုကြည့်ပြီး အထင်သေးခြင်း

Vol. 55 Ch. 643

ခွေးက လူကိုကြည့်ပြီး အထင်သေးခြင်း

Vol. 55 Ch. 643

မြို့တော်၏သာယာဝပြောမူနှင့် စည်ကားမှုတို့က ဟို င်ကျိုးမြို့နှင့် နှိုင်းယှဉ်၍ မရ‌ပေ။

လျူယောင် စိတ်ထဲမှ ကျေနပ်စွာ တွေးလိုက်မိ၏။

"ငါ မြို့တော်ကို လာတာ စိတ်ကူးကောင်းပဲကွာ.."

"ဟေး..ဟိုမှာ ငွေတိုက်ကြီးတစ်တိုက်ရှိတာပဲ..."

သူ၏ သိုလှောင်လက်စွပ်ထဲမှ ရွှေလက်မှတ်ပေါင်း သန်းချီရှိနေသည်အား တွေးမိ၍ လျူယောင် ပြုံးလို က်မိသည်။လက်မှတ်အများစုမှာမူ ယခု သူရောက် နေသည့် ငွေတိုက်ကထုတ်ပေးထားသည်မို့ ရွှေဒင်္ဂါး ပြားတွေနှင့် လဲလှယ်ရန် လျူယောင် ဆုံးဖြတ်လိုက် ၏။

​လျူယောင့် အမြင်တွင် ထိုလက်မှတ်တွေကိုသာ ရွှေ အဖြစ် မလဲလှယ်ဘူးဆိုရင် စက္ကူစုတ်တွေနဲ့ ဘာမှ မ ခြားပေ။တန်ဖိုးမရှိသည့် စက္ကူတွေအား တကယ့် ရွှေ၊ငွေပြားတွေနှင့် လဲလှယ်နိုင်သည်မှာ သူ့အတွက် မူ အတော်လေး အံ့ဩစရာကောင်းလှသည်။

​သူ့ သိုလှောင်လက်စွပ်မှာ အချင်း ပေ ၁၀၀ လောက် အထိ ကျယ်ဝန်းသောကြောင့် ရွှေဒင်္ဂါးပြား သန်းပေ ါင်းများစွာအား အေးအေးဆေးဆေးထည့်ထားနိုင် ၏။

​ငွေတိုက်ထဲကို လျူယောင် ဝင်င်လာသည့်အခါ ခမ်း နား ထည်ဝါပြီး အဆင့်အတန်းမြင့်သည့် ဧည့်ခန်း ကြီးအား မြင်တွေ့လိုက်ရသည်။၎င်းက ငွေ တိုက်၏ ငှာနချုပ် ဟုတ်မဟုတ် မသေချာသော်လည်း အနည် းဆုံးတော့ မြို့၏ အထင်ကရ ငွေတိုက်ကြီးတစ်တို က် ဖြစ်သည်မှာ အသေအချာပင်။

​ကျယ်ဝန်းလှသည့် ဧည့်ခန်းကြီးထဲတွင်မူ လူတွေက အလွန်စည်ကားနေသည်။

​တချို့က ရွှေလက်မှတ်တွေကို ရွှေဒင်္ဂါးအဖြစ် လဲလှ ယ်နေကြ၏။​တချို့ကမူ သူတို့ရဲ့ ရွှေဒင်္ဂါးတွေကို လုံ ခြုံအောင် အပ်နှံနေကြသည်။

​လျူယောင်သည်လည်း လူအုပ်ကြားထဲ တိုးဝင်ရင်း သူ့လက်စွပ်ထဲက ရွှေလက်မှတ်တွေအား လဲလှယ်ရ ရန် ခြေလှမ်းကျဲကြီးများဖြင့် လျှောက်လာခဲ့၏။

ငွေတိုက်အတွင်းပိုင်းတွင်မူ ငွေတိုက်ဝန်ထမ်းတွေ ရှိ နေပြီး အားလုံးနီးပါးမှာ အလုပ်ကိုယ်စီ ရူပ်နေကြ၏ ။ထိုအထဲတွင် အဝတ်အစား ဝတ်ဆင်ပုံချင်း မတူဘဲ ထူးခြားနေသည့် လူနှစ်ဦး၊သုံးဦးကို လျူယောင် တွေ့ ရပြီး ထိုလူများမှာ ဤငွေတိုက်၏ အဆင့်မြင့် ဝန်ထမ်းများ ဖြစ်ပုံရသည်။

​လျူယောင်က စိတ်ထဲမှ တွေးလိုက်မိ၏။

"ငါ့ဆီမှာရှိတဲ့ ရွှေလက်မှတ် ပမာဏနဲ့ဆိုရင် ဒီငွေတို က်ရဲ့ VIP (ထိပ်တန်းဖောက်သည်) ဖြစ်ဖို့ သေချာတ ယ်.. ဒါကြောင့် အဆင့်မြင့်ဝန်ထမ်းတစ်ယောက်ကို တိုက်ရိုက်ဝန်ဆောင်မှုပေးဖို့ ငါ တောင်းဆိုတာက ကျိုးကြောင်းဆီလျော်လောက်ပါတယ်.."

​ထို့နောက် သူသည် အနီးဆုံးမှာရှိသည့် အဆင့်မြင့် ဝ န်ထမ်းတစ်ဦးထံ လျှောက်သွားကာ ယဉ်ကျေးစွာ ပြောလိုက်သည်။

​"ခွင့်ပြုပါဦး... ကျွန်တော့်မှာ ရွှေလက်မှတ်တချို့ ရှိ နေလို့ပါ.. ဒါတွေကို လဲလှယ်ချင်လို့ ကူညီပေးလို့ ရ မလားခင်ဗျာ.."

​

ထိုဝန်ထမ်းမှာ အရွယ်ငယ်ပြီး တက်ကြွသည့် ပုံစံရှိ သော်လည်း လျူယောင်၏ စကားကို ကြားသောအ ခါ လျူယောင်ကို အပေါ်အောက် အကဲခတ်သလို ကြည့်လိုက်၏။ထို့နောက် သူက မခန့်လေးစား လေ သံဖြင့် ပေါ့ပျက်ပျက် ပြန်ပြောလိုက်သည်။

​"ခဗျား ရွှေဒင်္ဂါး လဲချင်ရင် ဟိုဘက်မှာ သွားပြီး တန် း စီလိုက်..."

​

ထိုလူညွှန်ပြသည့်နေရာတွင် ကောင်တာအချို့ရှိပြီး တစ်ခုစီတွင် လူ သုံးလေးငါးယောက်ခန့် တန်းစီနေ ကြ၏။ထိုဝန်ထမ်း၏ အပြုအမူကို မြင်သည်နှင့် လျူယောင်က ဘာဖြစ်နေမှန်း ချက်ချင်း ရိပ်မိလိုက် သည်။

​"လခွမ်း လူကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်နေတာပဲ ကွ..."

​ပို၍ ပွင့်ပွင့်လင်းလင်း ပြောရလျှင် "ခွေးက လူကို ကြည့်ပြီး အထင်သေးနေသည့်" အလားပင်။

လျူယောင်က စိတ်ရှည်လက်ရှည်ဖြင့် ထပ်မံပြော ဆိုလိုက်သည်။

​"ကျွန်တော့်မှာ လဲလှယ်ရမယ့် ရွှေလက်မှတ်တွေက တော်တော်လေး များနေလို့ပါ..ခင်ဗျားကိုယ်တိုင်သာ လုပ်ပေးမယ်ဆိုရင် ပိုပြီးအဆင်ပြေလိမ့်မယ် ထင်တ ယ်.."

​"ရွှေလက်မှတ်များတယ် ဟုတ်လား..ဟားဟားဟား"

​ထိုဝန်ထမ်းက စိတ်ထဲမှ လှောင်ပြုံးပြုံးရင်း ရေရွတ် လိုက်၏။

"ဘယ်လောက်တောင် များနေလို့လဲ. . ရွှေဒင်္ဂါး ရာဂ ဏန်း၊ ထောင်ဂဏန်းလောက်ပဲ ရှိမှာပါကွာ "

​လူငယ်ဝန်ထမ်း၏ မျက်နှာတွင် မထီမဲ့မြင်ပြုသည့် အရိပ်အယောင်များ ပိုမိုထင်ဟပ်လာပြီး လေသံမှာ လည်း သိသိသာသာ မာလာသည်။

​"ခင်ဗျားမှာ ရွှေလက်မှတ် ဘယ်လောက်ပဲရှိရှိ အဲ့ဒီ ကောင်တာတွေမှာပဲ သွားလဲပါ.. ဒီမှာ လာမရှုပ်ပါနဲ့ . ."

​လျူယောင်က ခေါင်းကို ခါယမ်းလိုက်မိ၏။ဤဂိုဝူ ကမ္ဘာမှာတောင် ထိုသို့ "မျက်နှာကြည့်ပြီး ဆက်ဆံတ တ်တဲ့" အကျင့်မျိုး ရှိနေလိမ့်မည်ဟု သူ မထင်ထား ခဲ့ပေ။

​

သူက ဂိုဝူကမ္ဘာအား ရှေးခေတ်လူ့အဖွဲ့အစည်းနဲ့ ဆ င်တူလိမ့်မည်ဟု တွေးခဲ့သော်လည်း၊လူကို အပေါ်ယံ ကြည့်ပြီး အထင်သေးတတ်သည့် အချက်မှာတော့ ခေတ်သစ်လူ့အဖွဲ့အစည်းနှင့် တစ်ပုံစံတည်း တူညီ နေသည်။

​"ဟဲဟဲ... ကောင်းပါပြီ.. ခင်ဗျားက ကျွန်တော့်ကို ဝန် ဆောင်မှုမပေးချင်ဘူးဆိုမှတော့လည်း ကောင်တာ မှာ သွားတန်းစီရတာပေါ့ဗျာ ဘယ်လိုပဲဖြစ်ဖြစ် ကျွ န်တော့်မှာလည်း အချိန်တွေ အများကြီးရှိတာမို့ အ လျင်မလိုပါဘူး"

​လျူယောင်က ထိုဝန်ထမ်းကို ခနဲ့တဲ့တဲ့ ပြောဆိုပြီး နောက် အေးအေးဆေးဆေးပင် တန်းစီရန် လှည့်ထွ က်လာခဲ့သည်။

လူအနည်းဆုံးဖြစ်သည့် ကောင်တာတစ်ခုကို သူရွေး ချယ်ကာ တန်းစီလိုက်၏။သူ့ရှေ့တွင် ရှိနေသူအချို့ မှာ အသေးစား စီးပွားရေးသမားများဖြစ်ပုံရပြီး ရွှေ ဒင်္ဂါးပြား ဆယ်ဂဏန်း၊ရာဂဏန်း ဝန်းကျင်ကိုသာ လဲလှယ်နေကြသည်။

​ထိုအထဲတွင် အများဆုံးလဲလှယ်သူမှာ ကုန်သည်တ စ်ဦးဖြစ်ပြီး ရွှေဒင်္ဂါးပြား တစ်ထောင် အထိ လဲလှ ယ်သွားခဲ့သည်။ထိုကုန်သည်မှာ သူ့ကိုယ်သူ အကြီး စားဖောက်သည်ကြီးတစ်ဦးအလား မှတ်ယူထားပုံရ ပြီး လေသံမှာလည်း အတော်လေး ဝင့်ကြွားလှ၏။

​အမှန်စင်စစ် ရွှေဒင်္ဂါး တစ်ထောင်ဆိုသည်မှာ အ တော်အတန်များပြားသော ချမ်းသာမှုပင်။ခေတ် သစ်လူ့အဖွဲ့အစည်းနှင့် နှိုင်းယှဉ်ပါက ငွေပမာဏ တစ်သန်းကျော်တန်ဖိုးနှင့် ညီမျှပေသည်။

​

"ဖြည်းဖြည်းကြွပါ သခင်ကြီး ခင်ဗျ...."

​မူလက ထိုင်နေသည့် ကောင်တာဝန်ထမ်းသည်ပင် ထိုကုန်သည်ကို မြင်သောအခါ မတ်တပ်ရပ်၍ ရိုရို သေသေ လိုက်လံပို့ဆောင်ပေးနေသည်။ထိုဝန်ထမ်း ၏ အပြုအမူမှာ အလွန်အရေးတယူ ရှိလှ၏။

​လျူယောင်ကလည်း စိတ်ထဲမှ မှတ်ချက်ပြုလိုက်မိ သည်။

"ဒီကမ္ဘာက နေရာတော်တော်များများမှာလည်း ခေ တ်သစ်လူ့အဖွဲ့အစည်းနဲ့ သွားတူနေတာပဲဟ.. ဥပမာ - မင်းမှာသာ ပိုက်ဆံ အလုံအလောက်ရှိနေပါစေ၊ မင်းကို ဖားကြမယ့်သူတွေ အများကြီးရှိလာမှာပဲ.."

​မကြာမီမှာပင် လျူယောင်၏ အလှည့်သို့ ရောက်လ ာ၏။

​"ကျွန်တော် ဘာကူညီပေးရမလဲ သခင်လေး ရွှေဒင်္ဂါ းပြားတွေ လဲလှယ်မလား..ဒါမှမဟုတ် ကျွန်တော် တို့ငွေတိုက်မှာ အပ်နှံချင်လို့ပါလား..."

​ဝန်ထမ်းက ယဉ်ကျေးစွာ မေးမြန်းလိုက်ရာ လျူယေ ာင်က တည်ငြိမ်စွာဖြင့်ပင် ပြန်လည်ဖြေကြားလိုက် သည်။

​"ကျွန်တော်က ရွှေဒင်္ဂါးပြားတွေ လဲလှယ်ချင်လို့ပါ. . "

ထိုသို့ပြောပြီးနောက် လျူယောင်က စိတ်အာရုံကို သုံးလိုက်ရာ သူ့လက်ထဲတွင် ထူထဲလှသော ရွှေလ က်မှတ်အထပ်ကြီး တစ်ထပ် ပေါ်လာခဲ့သည်။၎င်းတို့ မှာ ဤငွေတိုက်ကပင် ထုတ်ပေးထားသော ရွှေလက် မှတ်များဖြစ်ပြီး တန်ဖိုးအားဖြင့် တစ်ထောင်၊နှစ်ထေ ာင်၊ ငါးထောင်မှသည် တစ်သောင်းတန်များအထိ ပါဝင်နေသည်။

အမြင့်ဆုံးတန်ဖိုးဖြစ်သည့် တစ်သိန်းတန် လက်မှတ် အချို့ပင် ပါဝင်နေသေးသည်။လက်ရှိ လျူယောင် ထုတ်ပြလိုက်သည့် လက်မှတ်အထပ်ကြီးမှာမူ စုစု ပေါင်းတန်ဖိုးမှာ ရွှေဒင်္ဂါးပြား သုံးလေးသိန်းခန့် ရှိမ ည်ဟု ခန့်မှန်းရသည်။

​"ဘုရားရေ ရွှေလက်မှတ်တွေ..ဒီလောက် အများကြီး လား.."

​"ပြီးတော့... ဒီလူက သိုလှောင်လက်စွပ်ကိုပါ ပိုင်ဆို င်ထားတာပဲ.."

​ကောင်တာမှ ဝန်ထမ်းခဗျာ ထိတ်လန့်တုန်လှုပ်သွား ရသည်။ဤလူငယ်ဘေးမှာ ရွှေဒင်္ဂါး သိန်းနှင့်ချီ၍ လဲလှယ်ရုံသာမက သိုလှောင်ပစ္စည်းကို ပိုင်ဆိုင်ထား ထားသူမှာ သာမန်လူတစ်ယောက် မဖြစ်နိုင်မှန်း သူ ကောင်းကောင်းသိလိုက်၏။

သူက ​မြို့တော်၏ အကြီးဆုံးငွေတိုက်တွင် အလုပ် လုပ်နေ သူဖြစ်၍ သူသည်လည်း ဗဟုသုတမနည်း ပေ။

လူမျိုးစုံ၊ အကြောင်းအရာစုံကို ကြုံဖူးနားစပ်ရှိခဲ့ သော်လည်း ယခုကဲ့သို့ အခြေအနေမျိုးကိုမူ အံ့ဩမ ဆုံး ဖြစ်နေရသည်။လျူယောင်၏ လက်ထဲမှ ရွှေလ က်မှတ်ထပ်ကြီးကို လှမ်းယူလိုက်စဉ် ထိုဝန်ထမ်း၏ လက်များမှာ သိသိသာသာပင် တုန်ယင်နေ၏။

သူ စိတ်ထဲမှ တုန်လှုပ်စွာ တွေးနေမိသည်။

​"ဘုရားရေ... ဒီလူက ဘယ်သူလဲ..ဘယ်လိုမျိုး အဆ င့်အတန်းရှိတဲ့သူလဲဟ.."

​"စုစုပေါင်း... ရွှေဒင်္ဂါး လေးသိန်းကျော်တောင်လား"

​"ဧည့်သည်တော်... အရှင်... အရှင်က ရွှေဒင်္ဂါးတွေ ဒီလောက်အများကြီး တစ်ခါတည်း လဲချင်တာဆို တော့... ကျွန်တော်... ကျွန်တော်..."

​ဝန်ထမ်းမှာ စကားများပင် ထစ်ကုန်၏။ထိုအခါ လျူယောင်က မျက်မှောင်ကြုတ်လျက် ဖြတ်ပြော လိုက်သည်။

​"ဘာဖြစ်လို့လဲ... ဒီလောက် ရွှေဒင်္ဂါး အနည်းငယ် လေးကိုတောင် မလဲပေးနိုင်ဘူးလား.."

​သူ့စိတ်ထဲတွင် အနည်းငယ် ဒေါသထွက်လာပြီး အ သံမှာလည်း မရည်ရွယ်ဘဲ ကျယ်လောင်သွားရသ ည်။

လျူယောင်၏ အသံကျယ်သွားမှုကြောင့် ငွေတိုက် အတွင်းရှိ လူအများအပြားမှာ ဘာဖြစ်သလဲဆိုသည် ကို သိလိုစိတ်ဖြင့် လှည့်ကြည့်လာကြ၏။ထိုအထဲတွ င် ခုနက မောက်မာခဲ့သည့် အဆင့်မြင့်ဝန်ထမ်းလည် း ပါဝင်နေသည်။

​သူသည် လှည့်ကြည့်ရုံသာမက မကျေမနပ်ဖြစ်နေ သည့် မျက်နှာပေးဖြင့် လျူယောင်ရှိရာသို့ လျှောက် လာပြီး အေးစက်စက် လေသံဖြင့် ဟောက်လိုက်သ ည်။

​"မင်း ဘာဖြစ်နေတာလဲ..ငါတို့ ဟုန်ဖူငွေတိုက်မှာ ပြ ဿနာလာရှာရဲတဲ့သူ ဘယ်သူမှမရှိဘူးဆိုတာ မင်းမ သိဘူးလား.."

​ဟုန်ဖူ၊ထုန်ရှန်း နှင့် ကျိရှန်း တို့သည် မဟာရှ အင်ပါ ယာ၏ အကြီးဆုံးသော ငွေတိုက်ကြီးသုံးတိုက်ပင် ဖြစ်၏။ ၎င်းတို့သည် နိုင်ငံတစ်ဝန်းရှိ မည်သည့်ငွေ တို က်က ထုတ်ပေးထားသည့် ရွှေလက်မှတ်ကိုမဆို မည်သည့်ကန့်သတ်ချက်မှမရှိဘဲ လဲလှယ်ပေးနိုင်စွ မ်း ရှိကြသည်။

​

ထိုအချက်ကပင် ငွေတိုကိကြီးသုံးတိုက်၏ ဩဇာ နှ င့် အင်အားကို သက်သေပြနေခြင်းပင်။

ငွေတိုက်တစ်တိုက်စီ၏ နောက်ကွယ်တွင်မူ ကောင်း ကင်အဆင့် ကျင့်ကြံသူများ၏ ကာကွယ်ပေးမှုပါ ရှိ နေသောကြောင့် ဝန်ထမ်းများမှာလည်း အတော်အ တန် ဂုဏ်မောက်တတ်ကြသည်။

​

ထိုကောင်းကင်ကျင့်ကြံသူကို အားကိုးပြီး လူငယ်ဝ န်ထမ်းသည် လျူယောင်ကို သာမန်လူတစ်ယောက် ဟုသာ သတ်မှတ်ကာ မျက်လုံးထဲပင် မထည့်ပေ။ အဝေးကနေ သူ လှမ်းကြည့်နေစဉ်ကပင် လျူယော င်သည် တကယ်တမ်း ငွေလဲလှယ်နေခြင်းမဟုတ်ဘဲ တမင် ပြဿနာရှာနေခြင်းဖြစ်သည်ဟု ထိုဝန်ထမ်း က တထိုင်တည်း ဆုံးဖြတ်လိုက်ပုံရသည်။

လျူယောင်လည်း စိတ်ထဲမှ ညည်းတွားမိလိုက်၏။

​"ဒီကောင်ကတော့ ထပ်ရှုပ်ပြန်ပြီ"

​တစ်ဖက်လူ၏ ရိုင်းပျသော အပြုအမူကြောင့် လျူ ယောင်၏ စိတ်ထဲတွင် ပိုမိုဒေါသထွက်လာပြီး သူ၏ လေသံမှာလည်း ယခင်ထက် ပိုမို ကျယ်လောင်လာ သည်။

​"ဟုန်ဖူငွေတိုက်ဆိုတော့ ဘာဖြစ်လဲ... မင်းတို့ကများ ဖောက်သည်ကို ပြန်ခြိမ်းခြောက်နေတာလား .."

သူ၏ ​ဒေါသတကြီး အော်ဟစ်သံအဆုံးတွင် ရုတ်တ ရက် လူနှစ်ဦး ရောက်လာ၏။သူတို့၏ ပုံပန်းသဏ္ဍာ န်မှာ ကျင့်ကြံသူများနှင့်လည်း တူသလို၊ခေတ်သစ် လူ့အဖွဲ့အစည်းမှ လုံခြုံရေးဝန်ထမ်းများနှင့်လည်း ဆင်တူနေသည်။

​ထိုလူနှစ်ယောက်၏ နောက်တွင်မူ အဆင့်မြင့်ဝန်ထ မ်း တစ်ဦးနှင့်တူသော အလယ်အလတ်အရွယ် အမျို းသားတစ်ယောက် ပါလာသည်။ဆူညံသံများက ကျယ်လောင်လွန်းလှသဖြင့် သူကိုယ်တိုင် ထွက်လာ ခဲ့ခြင်း ဖြစ်လောက်ပေမည်။

​အဆိုပါ ဝန်ထမ်းလူငယ်က တစ်ခုခု ပြန်ပြောရန် ပြ င် လိုက်သော်လည်း ထိုလူက လက်မြှောက်ကာ တာ းလိုက်ပြီး ကောင်တာမှ ဝန်ထမ်းအား လှည့်မေးလို က်သည်။

​"ကျန်းရှင်း... ဘာတွေ ဖြစ်နေတာလဲ"

​ကျန်းရှင်းဆိုသည့် ဝန်ထမ်းက အထစ်ထစ်အငေါ့ ငေါ့ ဖြင့် အမြန် ပြန်ဖြေလိုက်၏။

"တာဝန်ခံ... ဒီလူငယ်က ရွှေဒင်္ဂါးတွေ လာလဲတာပါ ဒါပေမဲ့ ပမာဏက အရမ်းများနေတော့ ကျွန်တော် က တန်းလဲပေးလို့ မရဘူးလို့ ပြောလိုက်တာပါ.."

​လူးဟွေဆိုသူက အနည်းငယ် အံ့အားသင့်သွား ရသ ည်။ထိုလူငယ်က တကယ်ပဲ ပြဿနာရှာရန် လာခြင်း မဟုတ်ဘဲ ရွှေဒင်္ဂါး လာလဲခြင်းသာ ဖြစ်ကြောင်း သိ လိုက်ရသောကြောင့် ဖြစ်၏။ထိုအခါမှ သူ၏ တင်း မာနေသော မျက်နှာမှာ သိသိသာသာ ပျော့ပြောင်း သွားပြီး လေသံကိုလည်း လျော့ပြောလိုက်သည်။

​"ပမာဏက တကယ်ပဲ များပြားနေရင်တော့ ကျွန် တော်တို့ရဲ့ အပြင်ကောင်တာကနေ လဲလှယ်ပေးဖို့ အခက်အခဲ ရှိပါတယ်.. ဒါကြောင့် သခင်လေးအနေ နဲ့ သီးသန့်အခန်းထဲကို ကြွရောက်ပေးဖို့ လိုအပ်ပါ လိမ့်မယ်ခဗျ.."

​ထိုအခါ လျူယောင်သည် စောစောက ဝန်ထမ်းလူင ယ်ကို လက်ညှိုးထိုးပြရင်း ပြောလိုက်၏။

"ငါ သူ့ကို ရှင်းရှင်းလင်းလင်း ပြောပြီးသားပဲ.. လဲမ ယ့်ပမာဏက တော်တော်များတယ်လို့.. ဒါပေမဲ့ သူ ကပဲ ငါ့ကို ဒီကောင်တာမှာပဲ လဲဖို့ ဇွတ်အတင်း ပြော နေတာလေ..”

​လျူယောင်သည် လူးဟွေကို ကြည့်လိုက်ရာ ထိုလူ မှာ ဤငွေတိုက်၏ တာဝန်ခံ ဖြစ်ကြောင်းနှင့် ရာထူး အဆင့်အတန်းမှာလည်း မနိမ့်ကြောင်း သူ ရိပ်မိလို က်ပေသည်။

All Chapters