← Chapters

ဘုရားရေ..ဒါ ဒါက ဘယ်လိုလုပ် ဖြစ်နို င်မှာလဲ

Vol. 55 Ch. 644

ဘုရားရေ..ဒါ ဒါက ဘယ်လိုလုပ် ဖြစ်နို င်မှာလဲ

Vol. 55 Ch. 644

​လူးဟွေ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင် းလဲသွားခဲ့သည်။

​

သူသည် လျူယောင်၏ ခွန်အားနှင့် နောက်ခံအဆင့် အတန်းကို စိတ်ထဲတွင် အသာအယာ ချိန်ဆကြည့် လိုက်၏။အကယ်၍ လျူယောင်၏ နောက်ခံက ခိုင် မာပြီး အထောက်အထားကလည်း အထင်ကြီးစရာ ဖြစ်နေပါက သူသည် သိက္ခာရှိရှိပင် အလျှော့ပေးက ာ လျူယောင် စိတ်ကျေနပ်မူရှိစေရန် စီစဉ်ပေး မ ည်မှာ အသေအချာပင်။

​

"ကျန်းရှင်း... ဒီလူငယ်သခင်လေးက ရွှေဒင်္ဂါးပြား ဘယ်လောက်အထိ လဲလှယ်ချင်လို့လဲ..."

​ထိုအချက်အား သူ အရင်ဆုံး ရှင်းရှင်းလင်းလင်း သိ ထားရန် လိုအပ်သည်။လဲလှယ်မည့် ပမာဏက ရွှေ ဒင်္ဂါးပြား ထောင်ဂဏန်း သို့မဟုတ် သောင်းဂဏန်း မျှသာ ဆိုပါက သူက ဝန်ထမ်းကို အပြစ်တင် ဝေဖ န်မည် မဟုတ်သလို၊လျူယောင်ကိုလည်း စိတ်အနှေ ာင့်အယှက် မဖြစ်စေဘဲ နှစ်ဦးနှစ်ဖက် ပြေလည် အောင် ဖြေရှင်းပေးမည်ဖြစ်သည်။

သို့သော်လည်း လဲလှယ်မည့် ပမာဏက အဆမ တန် များပြားနေပါက အခြေအနေက တစ်မျိုးတစ်ဖုံ ပြေ ာင်းလဲသွားနိုင်ပေသည်။

​ထိုစဉ် ကျန်းရှင်းက တိုးတိုးလေး ပြန်ဖြေလိုက်၏။

​"တာဝန်ခံ..ဒီလူငယ်သခင်က ရွှေလက်မှတ် အထပ် လိုက်ကြီး ထုတ်ပေးလာတာပါ.. အသေးစိတ် ကျွန် တော် မရေတွက်ရသေးပေမဲ့ အကြမ်းဖျင်းခန့်မှန်း ကြည့်ရသလောက်တော့ လေးသိန်းကျော်လောက် ရှိလိမ့်မယ်ခင်ဗျ..."

"ဘာလဲ....."

"​ရွှေဒင်္ဂါး လေးသိန်းကျော်တောင်လား.."

လူးဟွေခဗျာ အံ့အားသင့်ကာ တစ်ကုယ်လုံး တုန်လှု ပ်သွားရသည်။လျူယောင် ဝတ်ဆင်ထားသည့် သာ မန်အဝတ်အစားများကို ကြည့်ပြီး သူ အထင် သေး မိသော်လည်း ထိုလူငယ်၏ လက်ထဲတွင်မူ ထိုမျှ မျာ း ပြားသည့် ရွှေလက်မှတ်များ ရှိနေလိမ့်မည်ဟု သူ လုံးဝမထင်ထားခဲ့ပေ။

​”ဒီလူငယ်က မြို့တော်က မိသားစုကြီးတစ်ခုခုရဲ့ သ ားသမီးများလား...တကယ်သာ အဲဒီလိုဆိုရင်တော့ ပြဿနာပဲကွာ..”

​လူးဟွေ၏ မျက်နှာမှာ အနည်းငယ် ပျက်ယွင်းနေပေ သည်။သူသည် အခြေအနေမသိဘဲ ပြဿနာရှာခဲ့သ ည့် ဝန်ထမ်းကိုသာ ခက်ထန်သော အကြည့်ဖြင့် ကြ ည့်လိုက်ပြီးနောက် လျူယောင်၏ရှေ့တွင် ထိုဝန်ထ မ်းကို ဆူပူကာ ကြိမ်းမောင်းလိုက်၏။

ထို့နောက် သူက လျူယောင်ကို အလွန် ရိုသေ နှိမ့်ချ သော လေသံဖြင့် တောင်းပန်စကား ပြောလိုက်သည် ။ထိုစဉ်မှာပင် လျူယောင်က အေးဆေးစွာပင် ကြား ဖြတ်ပြောလိုက်၏။

​"ကျွန်တော် လဲလှယ်ချင်တာက ​လေးသိန်း မဟုတ် ဘူး... အဲဒီထက် ပိုများတယ်..."

​"ဗျာ..."

"လေးသိန်းတောင် မဟုတ်ဘူးလား..အဲ့ထက် ပိုများ နေတာလား.."

​လူးဟွေ၏ မျက်နှာသည် တစ်စက္ကန့်အတွင်းမှာပင် အမူအရာ တမျိုး ပြောင်းလဲသွားပြီး အလွန်တရာ နွေးထွေးပျူငှာသော အပြုံးမျိုးဖြင့် ဖိတ်ခေါ်လိုက် ၏။

​"သခင်လေး... ခင်ဗျား လဲလှယ်လိုတဲ့ ပမာဏက ဘ ယ်လောက်တောင် ဖြစ်မလဲခင်ဗျာ..ဒီလိုလုပ်ပါလား ကျွန်တော်တို့ VIP အခန်းထဲကို ကြွပါဦး.. ဒီကိစ္စကို ကျွန်တော်ကိုယ်တိုင် စိတ်တိုင်းကျဖြစ်အောင် ဆော င်ရွက်ပေးပါ့မယ်"

​သို့သော်လည်း လျူယောင်က မလှုပ်ဘဲ ပြန်ပြောလို က်သည်။

​"ကျွန်တော် အစကတည်းက ပြောခဲ့သားပဲ..လဲလှယ် ရမယ့် ရွှေဒင်္ဂါးတွေက အတော်လေး များတာမို့ ခင် ဗျားအနေနဲ့ ကူညီပေးမယ့်လူတွေ ထပ်ခေါ်ထားတာ ပိုကောင်းလိမ့်မယ်..."

​"သခင်လေး... ကြွပါခင်ဗျာ.. ကျွန်တော်တို့ VIP အ ခန်းဘက်ကို ကြွကြရအောင်ပါ..."

​ပိုက်ဆံသည်သာ အရှင်သခင်ဖြစ်သည်ဟူသော အ ချက်ကို လူးဟွေ၏ ပျူငှာလွန်းသည့် အမူအရာနှင့် ရိုသေကိုင်းညွတ်မှုတို့တွင် အထင်အရှား မြင်တွေ့နေ ရသည်။တာဝန်ခံလူးဟွေက မျက်ရိပ်ပြလိုက်သဖြင့် အဆင့်မြင့်ဝန်ထမ်း လူငယ်မှာလည်း ငြင်းဆန်ရဲခြင် း မရှိဘဲ ခေါင်းငုံ့ကာ လိုက်လာခဲ့ရ၏။

သို့သော် ထိုဝန်ထမ်း၏ စိတ်ထဲတွင်မူ ဤကဲ့သို့ ဆု တောင်းနေမိသည်။

​”ဘုရား... ဘုရား...ဒီလူ လဲလှယ်မယ့် ပမာဏက အ များကြီး မဖြစ်ပါစေနဲ့..အနည်းဆုံး တစ်သန်းထက် တော့ မကျော်ပါစေနဲ့... မဟုတ်ဘူး၊ ငါးသိန်းထက် မကျော်ရင် ပိုကောင်းမယ်.."

​အကယ်၍သာ လဲလှယ်မည့် ငွေပမာဏက ရွှေဒင်္ဂါး တစ်သန်းကျော်သွားပါက ထိုသူသည် ဟုန်ဖူငွေတို က်၏ "အထူးဧည့်သည်တော် " ဖြစ်လာပေလိမ့်မည် ။ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို စိတ်ကျေနပ်မှု ပေးနိုင် ရန်အတွက် ငွေတိုက်ဘက်မှ အလုပ်ထုတ်ပစ်ရန် ဝ န် လေးလိမ့်မည်မဟုတ်ကြောင်း သူ ကောင်းကောင်း ကြီး သိထားခဲ့သည်။

​တုန်လှုပ်ချောက်ချားနေသော ထိုဝန်ထမ်းအပြင် အ ခြား ဝန်ထမ်းအချို့ကလည်း စူးစမ်းလိုစိတ်ဖြင့် လို က်ပါလာ၏။

အကြောင်းရင်းမှာ ဟုန်ဖူငွေတိုက်ကဲ့သို့ နေရာမျိုးတွ င်ပင် တစ်ကြိမ်တည်းနှင့် ရွှေဒင်္ဂါး သိန်းချီ သို့မဟု တ် သန်းချီ၍ လဲလှယ်ခြင်းမျိုးမှာ အလွန်ရှားပါးလှ ပြီး တစ်သက်တွင် တစ်ခါသာ ကြုံရခဲသည့် အဖြစ် အပျက်မျိုး ဖြစ်သောကြောင့်ပင်။

​အထူးသီးသန့်ခန်း၏ ပတ်ဝန်းကျင်မှာ အပြင်ဘက်နှ င့် လုံးဝကွာခြားလွန်းလှ၏။ထိုင်ခုံများနှင့် စားပွဲများ အားလုံးကို အနုစိတ် လက်ရာမြောက်သည့် ရွှေရော င် နမ်းမူ သစ်သားများဖြင့် ပြုလုပ်ထားပြီး အဆင့် အတန်း မြင့်မားလှပေသည်။

​လျူယောင် ထိုင်လိုက်သည်နှင့် ဝန်ထမ်းတစ်ဦးက မွှေးကြိုင်လှသော လက်ဖက်ရည်ကို ချက်ချင်း လာ ရောက်တည်ခင်းပေးခဲ့သည်။ထိုလက်ဖက်ရည်၏ ရ နံ့ကို ကြည့်ရုံနှင့်ပင် ရှားပါးပြီး အဖိုးတန်သည့် လက် ဖက်ခြောက် အမျိုးအစားဖြစ်ကြောင်း သိသာလှ၏။

​လူးဟွေက အလွန်ယဉ်ကျေးပျူငှာစွာဖြင့် မေးလိုက် သည်။

"သခင်လေး သခင်လေးရဲ့ အမည်ကို သိခွင့်ရမလား ခင်ဗျာ"

လျူယောင်က တိုတိုတုတ်တုတ်ပင် ဖြေလိုက်၏။

​"ကျုပ် နာမည် လျူ ပါ.."

​"ဪ..သခင်လေးလျူကိုး.. တွေ့ရတာ ဝမ်းသာပါ တယ်ခင်ဗျာ..ကျွန်တော်တို့ ဟုန်ဖူငွေတိုက်ကနေ နွေးထွေးစွာ ကြိုဆိုပါတယ်ခဗျ.."

​နှစ်ဦးသား အပြန်အလှန် နှုတ်ဆက်ပြီးနောက် လူး ဟွေက စကားစလိုက်သည်။

​"သခင်လေးလျူက. အခု စုစုပေါင်း ရွှေဒင်္ဂါးပြား ဘယ်လောက်အထိ လဲလှယ်မှာလဲခင်ဗျာ.ကျွန်တော် တို့ဘက်က ချက်ချင်း ဆောင်ရွက်ပေးဖို့ အသင့်ပါပဲ "

​"ချက်ချင်းလုပ်ပေးနိုင်မယ်ဆိုရင်တော့ စိတ်အေးရ တာပေါ့ ကျုပ် လဲလှယ်ချင်တဲ့ ပမာဏက နည်းနည်း များနေတာမို့ ခင်ဗျားတို့အတွက် အခက်အခဲ ဖြစ်နေ မလားလို့ စိုးရိမ်နေတာပါ.."

​လူးဟွေက အားရပါးရ ရယ်မောရင်း ကြွားဝါကာ ပြောဆိုလိုက်၏။

"ဟားဟားဟား..သခင်လေးလျူက နောက်နေပြန်ပြီ ဗျာ..ကျွန်တော်တို့ ဟုန်ဖူငွေတိုက်ဆိုတာ 'မဟာရှအ င်ပါယာ' ရဲ့ ထိပ်တန်းငွေတိုက်ကြီး သုံးတိုက်ထဲက တစ်တိုက်ပဲလေ ဘယ်လောက်ပဲများများ ကျွန်တော် တို့က ချက်ချင်း လဲလှယ်ပေးနိုင်ပါတယ်..ဒါက ဘာ ပြဿနာမှ မဟုတ်ပါဘူး​ဗျာ.."

​လျူယောင်က ခပ်ပြုံးပြုံးဖြင့်ပင် ပြန်ပြောလိုက်၏။

"ဒါဆိုရင်လည်း ကျုပ် စိတ်အေးရပါပြီ..ခင်ဗျားတို့ ဘက်က အဆင်ပြေတယ်ဆိုရင်တော့ ကျွန်တော့်လ က်ထဲမှာရှိတဲ့ ရွှေလက်မှတ်တွေ အကုန်လုံးကို လဲလှ ယ်ချင်ပါတယ်.."

လူးဟွေက ထပ်မံ၍ အာမခံလိုက်ပြန်သည်။

​"ပြဿနာ လုံးဝမရှိပါဘူးခင်ဗျာ.ပမာဏ ဘယ်လော က်ပဲဖြစ်ဖြစ် ကျွန်တော်တို့ ချက်ချင်း လဲလှယ်ပေးနို င်ပါတယ်.."

​လျူယောင် လဲလှယ်မည့် ပမာဏမှာ အများဆုံး သိ န်းဂဏန်းဝန်းကျင်သာ ဖြစ်နိုင်သည်ဟု သူက အကြ မ်းဖျင်း တွက်ထားခြင်း ဖြစ်၏။တစ်သန်းကျော် ဖို့ ဆိုသည်မှာ မဖြစ်နိုင်သကဲ့သို့၊နှစ်သန်းကျော်ဖို့ဆိုသ ည်မှာမူ သူ၏ စိတ်ကူးထဲတွင်ပင် မရှိပေ။

​လူးဟွေကို ဟုန်ဖူငွေတိုက်၏ အဆင့်မြင့်ခေါင်းဆေ ာင်တစ်ဦးဟုပင် သတ်မှတ်နိုင်ပေသည်။

ထိုငွေတိုက်ခွဲသည် အထင်ကရ ဗဟိုဌာနချုပ် မဟု တ်သော်လည်း တစ်နိုင်ငံလုံးရှိ ငွေတိုက်ခွဲပေါင်း ထောင်နှင့်ချီထဲတွင် အရေးပါသော "ပင်မငွေတိုက် ခွဲ" တစ်ခုပင် ဖြစ်၏။

​ရိုးရိုးရှင်းရှင်း ပြောရလျှင် ဤငွေတိုက်ခွဲသည် အခြ ားငွေတိုက်ခွဲ တစ်ထောင်ကျော်ထဲတွင် ထိပ်တန်းအ ဆင့် (နံပါတ် ၁)နေရာ၌ ရှိနေခြင်းပင်။

​ထို့ကြောင့်ပင် ရွှေဒင်္ဂါး တစ်သန်းမက၊သုံးလေးသန်း ဖြစ်နေပါစေဦး လူးဟွေအနေဖြင့် ယုံကြည်မှုအပြ ည့် နှင့် အာမခံရဲခြင်း ဖြစ်သည်။၎င်းအပြင် သူသည် မြို့တော်၌ နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်ရာ နာမည်ကြီး ပုဂ္ဂိုလ်များ၊သူဌေးကြီးများနှင့် အစွမ်း ထက်သူ အကုန်လုံးနီးပါးအား သိကျွမ်းထားသူလည် း ဖြစ်၏။

​သူ့ရှေ့တွင် ထိုင်နေသော လျူယောင်၏ ပုံစံမှာ ရွှေဒ င်္ဂါး သန်းနှင့်ချီ၍ လဲလှယ်နိုင်မည့်သူနှင့် မတူပေ။ထို လူငယ် 'အလွန်ဆုံးရှိလှ တစ်သန်း၊နှစ်သန်းလောက် ပဲ ဖြစ်မှာပါ' ဟု သူက တွေးထားမိ၏။

​

ဘေးမှ စိုးရိမ်တကြီး စောင့်ကြည့်နေသော ဝန်ထမ်း လူငယ်မှာလည်း လူးဟွေ၏ အာမခံချက်ကြောင့် အ နည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

ထိုကဲ့သို သူက မျှော်လင့်နေမိ၏။

"ဒီလူ အဆင်ပြေပြေ လဲလှယ်ပြီးသွားရင် ငါ့ပြဿန ာလည်း ပြီးဆုံးသွားမှာပဲ "

​"ကောင်းပါပြီ ခင်ဗျားတို့ဘက်က ဒီလောက် ယုံကြ ည်မှုရှိရှိနဲ့ လဲလှယ်ပေးနိုင်မယ်ဆိုရင်တော့ အရမ်း ကောင်းတာပေါ့ဗျာ.."

​လျူယောင်က စကား ရှည်မနေတော့ဘဲ သူ၏ သို လှောင်လက်စွပ် ထဲမှ အလွန်ထူထဲသော ရွှေလက်မှ တ်အထပ်ကြီးကို ထုတ်ယူလိုက်သည်။

​လျူယောင်၏ ထိုလုပ်ဆောင်ချက်ကို မြင်လိုက်ရသ ည့် ခဏ၌ လူးဟွေသာမက ဘေးမှာရှိနေသည့် ဝန် ထမ်းများပါ ဆွံ့အသွားကြပြီး မျက်လုံးများ ပြူးကျ ယ်ကုန်၏။

​"ဒါ..ဒါ သိုလှောင်လက်စွပ်လား."

​"ဒီလူငယ်လက်ထဲမှာ တကယ်ပဲ သိုလှောင်လက်စွပ် ရှိနေတာလားဟ..."

​မဟာရှအင်ပါယာ တစ်ခုလုံးတွင်ပင် သိုလှောင်လက် စွပ်ကို ပိုင်ဆိုင်သူ အရေအတွက်မှာ လက်ချိုး၍ ရေ တွက်၍ရနိုင်သည်အထိ အလွန်နည်းပါးလှသည်။အ စွမ်းထက်လှသည့် 'ကောင်းကင်အဆင့်' ကျင့်ကြံသူ အချို့ပင်လျှင် ထိုလက်စွပ်မျိုး မရှိကြဘဲ အဆင့်မြ င့် သိုလှောင်အိတ်ကိုသာ အသုံးပြုနိုင်ကြသည် မဟု တ်ပေလော။

​ယခုမူ ထိုမျှအဖိုးတန်လှသည့် လက်စွပ်မှာ သူတို့ရှေ့ မှာ ရှိနေသည့် သာမန်ဝတ်စုံနှင့် လူငယ်လေး၏ လ က်တွင် ရှိနေ၏။ထိုလူငယ်က မည်သူနည်း၊သူ၏ နေ ာက်ခံအင်အားက မည်မျှအထိ ကြီးမားနေသနည်း။

​VIP အခန်းတစ်ခန်းလုံး သင်္ချိုင်းကုန်းကဲ့သို့ တိတ်စိ တ်ကာ ခြောက်ကပ်နေပေသည်။

​ဗဟုသုတ ကြွယ်ဝပြီး လောကဓံအမျိုးမျိုးကို ကြုံ ဖူးလှသည့် တာဝန်ခံလူးဟွေပင်လျှင် အံ့အားသင့်လွ န်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်ကာ သတိပြန်ဝ င် လာရန် စက္ကန့်အနည်းငယ်မျှ သူ အချိန်ပြန်ယူလို က်ရ၏။

​သို့သော်လည်း သူ၏ အံ့သြမှုများက ထိုမျှနှင့် မကုန် သေးပေ။

​လျူယောင်က သိုလှောင်လက်စွပ်ထဲမှ ရွှေလက်မှ တ် အထပ်များကို တစ်ထပ်ပြီးတစ်ထပ် ဆက်တိုက် ထုတ်ယူနေသည်။ ထိုလက်မှတ်အထပ်များမှာ အန ည်းဆုံး ဒါဇင်နှင့်ချီ၊ရာနှင့်ချီ၍ ရှိနေပြီး တစ်ခုနှင့် တ စ်ခု ထပ်လိုက်ပါက လူတစ်ရပ်ကျော်ပင် ရှိလောက် မည်။

​ရွှေလက်မှတ်များမှာ များပြားလွန်းသဖြင့် VIP အခ န်းအတွင်းရှိ စားပွဲကြီးပေါ်တွင် အပြည့်နီးပါး ဖြစ်နေ ၏။လူးဟွေသည် ဟုန်ဖူငွေတိုက်၏ အကြီးတန်းခေါ င်းဆောင် တစ်ယောက် ဖြစ်သော်လည်း ထိုမျှများပြ ားလှသည့် ရွှေလက်မှတ်ပုံကြီးကိုမူ သူ့ တစ်သက်နှ င့်တစ်ကိုယ် တစ်ခါမျှ မမြင်ဘူးခဲ့ပေ။

​သူသည် တုန်ယင်နေသော လက်များဖြင့် ရွှေလက်မှ တ်အထပ်တစ်ထပ်ကို ကောက်ယူကြည့်လိုက်၏။ထို ရွှေလက်မှတ်များ၏ အနည်းဆုံး တန်ဖိုးမှာ ငါးသော င်း သို့မဟုတ် တစ်သိန်းတန်များ ဖြစ်နေပြီး၊အချို့မှာ တစ်သန်းတန် ရွှေလက်မှတ်များ ဖြစ်နေပေသည်။

​"ဘုရားရေ ဒါ... ဒါတွေအားလုံးက ရွှေဒင်္ဂါး ဘယ် လောက်တောင်ရှိမလဲ သန်းဆယ်ဂဏန်းများလား..."

​"ဒါ... ဒါမျိုးက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲကွာ."

​မဟာရှအင်ပါယာ တစ်ခုလုံးတွင်ပင် ရွှေဒင်္ဂါး သန်း ဆယ်ချီတန်ဖိုးရှိသည့် ရွှေလက်မှတ်များအား တစ် ကြိမ်တည်း အစုလိုက်အပြုံလိုက် ထုတ်ပေးနိုင်သည့် သူမှာ ရေတွက်၍ရနိုင်သည်အထိ အလွန်ရှားပါးလှ ၏။

​

ငွေတိုက်တာဝန်ခံလူးဟွေတစ်ယောက် စိတ်ထဲတွင် ရူးသွပ်မတတ် အကြိမ်ကြိမ် ရေရွတ်နေမိသည်။

"ဘုရားရေ ငါ အိပ်မက်မက်နေတာပဲ ဖြစ်ရမယ် သေ ချာပေါက် အိပ်မက်မက်နေတာပဲ.ဒါက တကယ် ငါ မြင်နေရတာလား..”

​တစ်ဖက်တွင်မူ စောစောက ပြဿနာရှာခဲ့သည့် ဝန် ထမ်းလူငယ်မှာမူ မျက်နှာတစ်ပြင်လုံး သွေးမရှိတော့ သလို ဖြူဖျော့နေ၏။တစ်စုံတစ်ယောက်က သူ၏ အပ်စိုက်မှတ်များကို ပိတ်ဆို့လိုက်သကဲ့သို့ မလှုပ်မ ယှက် ကျောက်ရုပ်တစ်ရုပ်ပမာ ဖြစ်နေပေသည်။

"ငါတော့ သွားပြီကွာ.."

​သူ ကောင်းကောင်းကြီး သိလိုက်ရ၏။လျူယောင် ကဲ့သို့ အထူးဧည့်သည်တော်ကြီးကို စိတ်ကျေနပ်မှု ရှိ စေရန်အတွက် ငွေတိုက်ဘက်မှ သူ့အား အလုပ် ထု တ်ပစ်မည်မှာ သေချာသလောက် ရှိနေ၏။

ထိုမျှမက... ဤကမ္ဘာပေါ်ကနေ အစပျောက်အောင် ပင် လုပ်ပစ်နိုင်ချေရှိသည်။

​မိမိ၏ အသက်အန္တရာယ်ကို တွေးမိလိုက်သည်နှင့် ထိုဝန်ထမ်း၏ ဖြူဖျော့နေသော မျက်နှာပြင်ပေါ်တွင် ချွေးစေးများ တဖြည်းဖြည်း စို့တက်လာ၏။

All Chapters