တစ်ချက်တည်း ထိုးသတ်လိုက်သည်
Vol. 55 Ch. 645
ပတ်ဝန်းကျင်တစ်ခုလုံး မယုံနိုင်လောက်အောင်ပင် အပ်ကျသံပင် ကြားရမတတ် တိတ်ဆိတ်သွားသည်။
အချိန်တွေပင် ခေတ္တရပ်တန့်သွားသည့်အလား ထင် မှတ်ရ၏။လူးဟွေ အပါအဝင် ဟုန်ဖူငွေတိုက်မှ ဝန် ထမ်းအားလုံးမှာ သူတို့ရှေ့မှောက်၌ ပြန့်ကျဲနေသည့် ရွှေလက်မှတ်များကို ကြည့်ရင်း အံ့အားသင့်လွန်းသ ဖြင့် ဆွံ့အလျက် ရှိနေကြသည်။
"လခွမ်း..ရွှေလက်မှတ်တွေ... ဒီလောက်တောင် အ များကြီးလား..."
ငွေတိုက်တာဝန်ခံလူးဟွေမှလွဲ၍ ကျန်ဝန်ထမ်းများမှ ာမူ ထိုကဲ့သို့သော ရွှေလက်မှတ်မျိုးကို တစ်ခါမျှပ င် မမြင်ဖူးကြချေ။ကမ္ဘာပေါ်တွင် ထိုမျှများပြား သ ည့် ရွှေလက်မှတ်များကို တစ်ပြိုင်နက်တည်း ထုတ် ပြနိုင်သူ ရှိလိမ့်မည်ဟုလည်း တစ်ခါမှပင် သူတို့ မ ကြားဖူးခဲ့ပေ။
ရှေ့တွင် မြင်တွေ့နေရသည့် ပမာဏအရ ဆိုပါက ရွှေလက်မှတ်များမှာ သန်းပေါင်း ၁၀ ဂဏန်း နီးပါး ပင် ရှိနိုင်ပေသည်။
.....
ထိုပမာဏကို ခန့်မှန်းမိလိုက်သည့် အချိန်ခဏလေး အတွင်းမှာပင် လျူယောင်ကို စိတ်ဆိုးအောင် ပြုမူခဲ့ သည့် ဝန်ထမ်းလူငယ်လေးမှာ မျက်နှာတစ်ပြင်လုံး သွေးရောင် မရှိသကဲ့သို့ ဖြူဖျော့သွားတော့သည်။ သူ့ တစ်ကိုယ်လုံး ချွေးစေးများဖြင့် စိုရွှဲလာပြီး ထိ န်းမနိုင်သိမ်းမရ တုန်ယင်လာ၏။
အနည်းငယ် ရယ်စရာကောင်းနေသည်မှာ တာဝန်ခံ လူးဟွေ အပါအဝင် လူတိုင်းဆီမှ ပျံ့လွင့်လာသော ဆီးနံ့ တစ်ခုကြောင့် အလွန်အမင်း တုန်လှုပ်နေသည့် အခြေအနေမှ အားလုံးသတိပြန် ဝင်လာကြခြင်းပင် ဖြစ်သည်။
အသိပြန်ဝင်လာချိန်တွင်မူ လူးဟွေက ထိုလူငယ်ဝန် ထမ်း၏ ခြေထောက်များ စိုရွှဲနေသည်ကို မြင်လိုက် ရသဖြင့် မျက်နှာကြီး မှောင်ကျသွားကာ ဒေါသတ ကြီးဖြင့် ကြိမ်းမောင်းလိုက်၏။
"ဟိုကောင် ဒီမှာ လာပြီး အရှက်မခွဲနဲ့.မင်း..အခုချက် ချင်း ထွက်သွားစမ်း..."
ထိုဝန်ထမ်းမှာ မတ်တတ်ပင် မရပ်နိုင်တော့ဘဲ သီး သန့်အခန်းထဲမှ အရှက်တကွဲ ထွက်ခွာသွားပေသည် ။
ထိုအချိန်ခဏမှာပင် လူးဟွေ၏ မျက်နှာထက်၌ စိ တ်အားထက်သန်လွန်းသည့် အပြုံးတစ်ပွင့်က ဖျတ် ကနဲ ပေါ်လာ၏။ထိုအပြုံးပြောင်းနှုန်းမှာ စီချွမ်အော် ပရာမှ မျက်နှာဖုံးပြောင်းလဲသည့် အတတ် ပညာထ က်ပင် ပို၍မြန်ဆန်နေသေးသည်။
သူက အလွန်ပင် ရိုသေလေးစားစွာ ပြောလိုက်၏။
"သခင်လေးလျူ... ကျေးဇူးပြုပြီး ထိုင်ပါဦးခင်ဗျာ. .အရင်ဆုံး ဒီမှာ ရွှေလက်မှတ် ဘယ်လောက်ရှိလဲဆို တာ ရေတွက်ကြရအောင်ပါ..."
လျူယောင်ကမူ ဘာမှမဖြစ်သကဲ့သို့ အေးအေးဆေ ဆေးပင် ထိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သ ည်။
"ဒီရွှေလက်မှတ်တွေကို လဲလှယ်ပေးဖို့က ခင်ဗျားတို့ အတွက် မခက်ခဲလောက်ဘူး မဟုတ်လား.."
ထိုစကားကြောင့် လူးဟွေမှာ ဆွံ့အသွားကာ မည်သို့ ပြန်ပြောရမည်ကိုပင် မသိတော့ပေ။သူ့ ရင်ထဲတွင်မူ "ခက်ခဲတာပေါ့... သေချာပေါက် ခက်ခဲတာပေါ့" ဟူ၍သာ အော်ဟစ်နေမိ၏။
သူ့ ရှေ့တွင်ရှိနေသည့် ရွှေလက်မှတ်ပမာဏမှာ ရွှေဒ င်္ဂါးပြား သန်း ၁၀ ဂဏန်းနီးပါးပင် ဖြစ်နိုင်သည်။ သူတို့၏ ဟုန်ဖူငွေတိုက်သည် မဟာရှအင်ပါယာ၏ ဘဏ်ကြီး (၃) တိုက်ထဲတွင် ပါဝင်သည်ဆိုသော်ငြား လည်း ရွှေဒင်္ဂါးပြား သန်းပေါင်းများစွာကို တပြိုင်န က်တည်း ထုတ်ပေးရန်မှာ အလွန်ပင် ခက်ခဲလှသည် ။
၎င်းတို့အား ချက်ချင်းလဲလှယ်ပေးရန်မှာမူ လက် တွေ့ တွင် မဖြစ်နိုင်သလောက်ပင်။
လူးဟွေမှာ မိမိကိုယ်ကိုသာ အပြစ်တင်နေမိ၏။ ခုနကတင် ဟုန်ဖူငွေတိုက်၏ အင်အားနှင့် အတိုင်း အတာကို သူက ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုခဲ့ပြီး ရွှေဒင်္ဂါးပြား မည်မျှပင်ဖြစ်ပါစေ လဲလှယ်ပေးရန် ပြ ဿနာမရှိကြောင်း ရင်ဘတ်စည်တီး ပြောခဲ့မိသည် မဟုတ်ပေလော။ယခုမူ ထိုစကားများက သူ့ မျက်နှာ အား သူ ပြန်ရိုက်သကဲ့သို့ ဖြစ်နေချေပြီ။
လျူယောင်ကမူ လူးဟွေ၏ အကျပ်ရိုက်ကာ ရှက်ရွံ့ နေမှုကို သတိမထားမိဟန်ဆောင်ရင်း လက်ဝှေ့ယမ်း ကာ ပြောလိုက်သည်။
"ကဲ... အရင်ဆုံး ရေကြည့်လိုက်ပါဦး.. ကျုပ်မှာ နော က်ထပ် လုပ်စရာတွေ ရှိသေးတာမို့ အကြာကြီး မစေ ာင့်နိုင်ဘူး..ခဗျားတို့ဘက်က တတ်နိုင်သမျှ အမြန် ဆုံး လဲလှယ်ပေးဖို့ မျှော်လင့်တယ်..."
"ဟုတ်ကဲ့... ဟုတ်ကဲ့ပါခင်ဗျာ..သခင်လေးပြောတာ မှန်ပါတယ်..ကျွန်တော်တို့ အခုချက်ချင်းပဲ အမြန် ရေတွက်ပေးပါ့မယ်ခဗျ..."
လူးဟွေ၏ အမိန့်ပေးမှုအောက်တွင် ဝန်ထမ်းများမှာ ပျားပန်းခတ်မျှ အလုပ်ရှုပ်သွားကြသည်။ရွှေလက်မှ တ်များမှာ အရေအတွက် များပြားရုံသာမက တန်ဖိုး ပမာဏများမှာလည်း အမျိုးမျိုး ကွဲပြားနေ၏။
တစ် ထောင်တန်၊ နှစ်ထောင်တန်များမှသည် တစ် သောင်း၊ နှစ်သောင်းနှင့် တစ်သိန်းတန် ရွှေလက်မှတ် များအထိ ပါဝင်နေသဖြင့် စနစ်တကျ ရေတွက်ရန်မှ ာမူ အချိန်အနည်းငယ် ပေးရမည်မှာ အသေအချာ ပင်။
အခြေအနေ၏ အရေးပါမူကို ရိပ်မိသော လူးဟွေသ ည် လက်အောက်ငယ်သားတစ်ဦးကို အနားသို့ ခေါ် ယူကာ နားနားကပ်၍ တိုးတိုးလေး မှာလိုက်သည်။ ထိုဝန်ထမ်းသည်လည်း အရေးကြီးသည့် ကိစ္စဖြစ် ကြောင်း သိသည့်အလား ခေါင်းငြိမ့်ကာ VIP အခန်း ထဲမှ အလျင်အမြန် ပြေးထွက်သွား၏။
ထို့နောက်တွင်မူ လူးဟွေသည် စိတ်လှုပ်ရှားမှုကို အ တတ်နိုင်ဆုံး ထိန်းချုပ်ကာ လျူယောင်၏ ဘေးတွင် ပြန်ထိုင်လိုက်သည်။သူသည် လက်ဖက်ရည်ကို တစ် ငုံချင်းသောက်ရင်း လျူယောင်နှင့် စကားစမြည်ပြေ ာဆိုနေသော်လည်း ခုနက ထားရှိခဲ့သည့် ဝင့်ကြွား သောမူများမှာ လုံးဝဥဿုံ ပျောက်ကွယ်နေပေသည် ။
သူ့မျက်နှာပေါ်တွင် အပြုံးတစ်ပွင့် ရှိနေသော်လည်း စိတ်ထဲတွင်မူ မည်သို့ဖြေရှင်းရမည်နည်း ဟူသော စို းရိမ်စိတ်များဖြင့်သာ ဟာတာတာ ဖြစ်နေ၏။
အချိန်အတော်ကြာသော် VIP အခန်းတံခါးပြင်ပမှ ခြေသံများနှင့်အတူ လူတစ်စု၏ လှုပ်ရှားသံများအာ း သူ ကြားလိုက်ရသည်။
ခဏအကြာတွင်မူ ဟုန်ဖူငွေတိုက်တစ်ခုလုံး၏ အာ ဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်သည့် တာဝန်ခံချုပ် (သို့မဟု တ်) အထွေထွေမန်နေဂျာ ဆူကွေရှင်းကိုယ်တိုင် ဝန် ထမ်းများ ခြံရံလျက် VIP အခန်းထဲသို့ ခန့် ညားစွာ ဝင်လာခဲ့သည်။
ရွှေဒင်္ဂါးပြား ၁၀ သန်းနီးပါး လဲလှယ်ရန် ရောက်လာ သူတစ်ဦးရှိနေသည်ဟူသော သတင်းကြောင့် ဟုန်ဖူ ငွေတိုက်၏ အဆင့်မြင့်အကြီးအကဲများအားလုံး အ လန့်တကြား ဖြစ်သွားရ၏။ထိုသတင်းမှာ ငွေတိုက် ၏ နောက်ကွယ်မှ အင်အားကြီးအဖွဲ့အစည်းများကို ပင် လှုပ်ခတ်စေခဲ့၏။
မကြာမီမှာပင် အထွေထွေမန်နေဂျာ ဆူကွေရှင်းနှင့် အတူ ငွေတိုက်အား ကာကွယ် စောင့်ရှောက်သည့် ကျင့်ကြံသူများအားလုံး VIP အခန်းထဲသို့ ရောက်ရှိ လာကြသည်။ထိုအထဲတွင် ဟုန်ဖူငွေတိုက်၏ နံပါတ် (၁) အားကိုးရာဖြစ်သော ကောင်းကင်အဆင့်ကျင့် ကြံ သူ တစ်ဦးပင် ပါဝင်နေ၏။
ဤကဲ့သို့သော ထိပ်တန်းအဆင့် ကျင့်ကြံသူများဝန်း ရံ စောင့်ရှောက်မှုကြောင့်လည်း ဟုန်ဖူငွေတိုက်သည် အင်ပါယာအတွင်း မည်သူမျှ မထိရဲ၊ မစိန် ခေါ်ရဲသ ည့် အဆင့်အတန်းတစ်ခုသို့ ရောက်ရှိနေခြင်းပင်ဖြစ် သည်။
လူးဟွေက ချက်ချင်းပင် ရှေ့သို့တိုးကာ ရိုသေစွာ ဖြ င့် မိတ်ဆက်ပေးလိုက်သည်။
"မစ္စတာလျူ... ဒါကတော့ ကျွန်တော်တို့ ဟုန်ဖူငွေ တိုက်ရဲ့ တာဝန်ခံချုပ်ဆူကွေရှင်း ပါခင်ဗျာ..."
သို့သော်လည်း လျူယောင်ကမူ ပေါ့ပေါ့ပါးပါးပင် ခေါင်းတစ်ချက် ညိတ့်ပြရုံသာ ပြလိုက်သည်။သူ၏ အရှိန်အဝါအရ ဆိုလျှင် ဟုန်ဖူငွေတိုက်၏ ပိုင်ရှင်ကို ယ်တိုင်ပင်လျှင် သူ့အား မတ်တတ်ရပ်၍ နှုတ်ဆက် ခိုင်းရန် အရည်အချင်း မပြည့်မီပေ။
တာဝန်ခံချုပ်ဆူကွေ့ရှင်း၏ရင်ထဲ၌ မကျေနပ်မှုများ ဖြစ်သွားခဲ့ရသည်။သူသည် မည်သည့်နေရာသို့ သွား သည်ဖြစ်စေ လူတိုင်းက သူ့အား ရိုသေစွာ ဆက်ဆံ ကြပြီး မျက်နှာသာပေးကြသည်ချည်းသာ။ယခုမူ လျူယောင်သည် သူ့ကိုမြင်သော်လည်း မတ်တတ်ရ ပ်၍ပင် ခရီးဦးကြို မပြုခဲ့ချေ။
သူ့မျက်နှာပေါ်တွင်မူ အပေါ်ယံအပြုံးတစ်ပွင့် ရှိနေ ၏။
"သခင်လေးလျူ.. ကျွန်တော်တို့ရဲ့ ဟုန်ဖူငွေတိုက်ရဲ့ သမိုင်းမှာ ရွှေလက်မှတ် ၁၀ သန်းနီးပါးကို တစ်ကြိ မ်တည်း လဲလှယ်တဲ့သူ အရမ်းနည်းပါးတယ် ..ဒါ ကြောင့် ကျွန်တော်တို့က ဒီရွှေလက်မှတ်တွေရဲ့ အ ရင်းအမြစ်ကို ကျွန်တော်တို့ သံသယရှိပါတယ်...."
ဟုန်ဖူငွေတိုက်၏ အကြီးအကဲများသည်သည် ရွှေ လက်မှတ် ၁၀ သန်း နီးပါးဟူသော ပမာဏကို သိလို က်ရပြီးနောက်တွင် အလျင်အမြန်ပင် ယုတ်မာသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်လိုက်ကြသည်။၎င်းမှ ာ ထိုရွှေလက်မှတ်များကို လဲလှယ်မပေးဘဲ ငြင်းပ ယ်ရန်နှင့် လျူယောင်အား အနိုင်ကျင့်ရန်ပင် ဖြစ်၏ ။
ထိုသူတို့ ဤမျှ ရဲတင်းနေရခြင်းမှာ လျူယောင်က တစ်ယောက်တည်း ဖြစ်နေသောကြောင့်ပင်။
ဤနေရာသည် ဟုန်ဖူငွေတိုက်ခွဲခွဲ၏ ဌာနချုပ် VIP အခန်းဖြစ်ပြီး ပတ်ဝန်းကျင်တစ်ခုလုံးတွင်လည်း သူ တို့၏ လူများကသာ ဝိုင်းရံထားသည်။၎င်းတို့၏ အ မြင်တွင်မူ လျူယောင်သည် "စင်းနှီတုံးပေါ်က ငါး" တစ်ကောင်ကဲ့သို့ အသတ်ခံရတော့မည်ဟု ထင်မှ တ်နေကြသည်။
ထို့အပြင် ၎င်းတို့ဘက်တွင် "ကောင်းကင်အဆင့်ကျ င့်ကြံသူ ကိုယ်တိုင် ရှိနေသလို "မြေကမ္ဘာအဆင့်များ စွာ"ကလည်း အသင့်စောင့်ကြည့်နေကြ၏။ထို့ကြော င့် လျူယောင်ကဲ့သို့ လူငယ်တစ်ယောက်မှာ မည်သို့ မျှ လှိုင်းထအောင် ဖန်တီးနိုင်မည်မဟုတ်ဟု သူတို့က အခိုင်အမာ ယုံကြည်ထားကြ၏။
လျူယောင်ကမူ အတွေ့အကြုံ ရင့်ကျက်သူတစ်ဦး ဖြစ်သဖြင့် ဆူကွေရှင်း၏ လေသံနှင့် အရိပ်အယော င်ကို မြင်ရုံဖြင့် ထိုသူတို့ ဘာကြံစည်နေသည်ကို ချ က်ချင်းပင် ရိပ်မိလိုက်သည်။၎င်းတို့သည် သူ့ကို အနိုင်ကျင့်ပြီး မောင်းထုတ်ရန် ပြင်နေကြခြင်းပင်။
ထိုအခြေအနေကို ကြည့်ပြီး လျူယောင်က စိတ်ထဲမှ "ဟဟ" ဟုသာ လှောင်ရယ်မိလိုက်သည်။
"မင်းတို့မှာ ကောင်းကင်အဆင့် ကျင့်ကြံသူတွေ ရှိနေ ရင်ရော ဘာဖြစ်လဲ..."
သူ့ အတွက်မူ မြေကမ္ဘာအဆင့်များကိုပင် သတ်ဖြတ် ခဲ့သည်မှာ မရေမတွက်နိုင်အောင်ပင်။ကောင်းကင် အဆင့် ကျင့်ကြံသူကိုမူ ယခုအချိန်ထိ သူ လက်တ ည့်မစမ်းရသေးချေ။ယနေ့တွင်မူ ဟုန်ဖူငွေတိုက်၏ ကျေးဇူးကြောင့် ကောင်းကင်အဆင့် ကျင့်ကြံသူတ စ်ယောက်ကို သတ်ဖြတ်ရသည့် အရသာကို မြည်းစ မ်းခွင့်ရတော့မည် မဟုတ်ပေလော။
"ငါ့ ရဲ့ ဂုဏ်သိက္ခာကို တည်ဆောက်ဖို့အတွက် ကော င်းကင်အဆင့် ကျင့်ကြံသူတစ်ယောက်ကို သတ်ပြဖို့ လိုအပ်နေပြီလား... မဟုတ်ရင်လည်း လူတွေက ငါ့ ကို အနိုင်ကျင့်လို့ရမယ်လို့ ထင်နေကြဦးမှာပဲ"
လျူယောင်၏ မျက်နှာထက်တွင် အေးစက်သော အ ရိပ်အယောင်များ ဖုံးလွှမ်းလာသည်။ဆူကွေရှင်းအာ း စိုက်ကြည့်ကာ သူက ခပ်ပြတ်ပြတ်ပင် ပြန်ပြော လိုက်၏။
"တာဝန်ခံချုပ်ဆူ... အဓိပ္ပာယ်မရှိတာတွေ လျှောက် မပြောတာ အကောင်းဆုံးပဲ..ခင်ဗျားလို လူမျိုးဆိုရ င် ကိုယ်ပြောလိုက်တဲ့ စကားတိုင်းအတွက် ကိုယ်တာ ဝန်ယူရမယ်ဆိုတာ ပိုသိသင့်တာပေါ့.."
သို့သော်လည်း ဟုန်ဖူငွေတိုက်၏ အကြီးအကဲများမှ ာ ဆုံးဖြတ်ချက်ကို ပြင်ဆင်ရန် အစီအစဉ်မရှိပေ။ ဆူကွေရှင်း၏ မျက်နှာမှာ မဲမှောင်သွားပြီး မခိုးမခန့် လေသံဖြင့် တစ်ခွန်းတည်း ပြောလိုက်၏။
"ဟမ့် ဒီလောက်များတဲ့ ရွှေလက်မှတ်တွေက ဘယ် လိုလုပ်ပြီး အစစ်ဖြစ်နိုင်မှာလဲကွ.."
လျူယောင်ကလည်း အလျော့မပေးဘဲ ပြန်လည် တုံ့ပြန်လိုက်သည်။
"ဒါက အစစ်လား၊အတုလားဆိုတာ စမ်းသပ်ကြည့်ရ င် ချက်ချင်း သိသာနေတာပဲကို..ဒီလို အဓိပ္ပာယ် မရှိ တဲ့ စကားတွေ ပြောနေဖို့ လိုလို့လား..ခင်ဗျားတို့က ကျွန်တော် တစ်ယောက်တည်းမို့လို့ အနိုင်ကျင့်ဖို့ဆုံး ဖြတ်လိုက်ကြပြီပေါ့... ဟုတ်လား.."
ဆူကွေရှင်းက ပြန်တုံ့ပြန်ရန် ပြင်နေစဉ်မှာပင် သူ့နေ ာက်မှ အသက်ကြီးပိုင်း အမျိုးသားတစ်ဦးက မတ် တတ်ရပ်ကာ ရှေ့သို့ ထွက်လာခဲ့သည်။ထိုသူကား ဟုန်ဖူငွေတိုက်၏ အားကိုးရာ ကောင်းကင်စာရင်းဝ င် ကျင့်ကြံသူတစ်ဦးဖြစ်သည့် ဘုန်းတော်ကြီး ဘင်ရှီ ဟိုင်ပင် ဖြစ်၏။
"ငါက ဘင်ရှီဟိုင်ပဲ. ကောင်းကင်စာရင်းမှာ အဆင့် (၇) ရှိပြီး ကောင်းကင်ဒုတိယအဆင့် ကျင့်ကြံသူ တ စ်ယောက်ပဲ.."
သူ့ အသံကြောင့် အခန်းတစ်ခန်းလုံး တုန်ခါသွားကာ ပြင်းထန်သော ဖိအားများ ဖြစ်ပေါ်လာခဲ့သည်။
"မင်းကို သတ်ဖို့ ဆုံးဖြတ်လိုက်ရင်ရော ဘာဖြစ်မလဲ ... မင်း.အခုချက်ချင်း ဒီနေရာကနေ ထွက်သွားစမ်း. . မဟုတ်ရင်တော့ မင်းရဲ့အသက်ကို ဒီနေရာမှာပဲထာ းခဲ့ရလိမ့်မယ်.."
ဘင်ရှီဟိုင် စကားဆုံးသည်နှင့် တစ်ပြိုင်နက် လျူ ယောင်က လှုပ်ရှားမှု စတင်လိုက်သည်။ထိုအမြန်နူန် း မှာ မည်သူမျှ မမြင်လိုက်ရလောက်အောင် မြန်ဆ န်လွန်းသည့် လက်သီးတစ်ချက်ပင်။ကောင်းကင်ဒု တိယအဆင့်၌ ရှိနေသည့် ဘင်ရှီဟိုင်ပင်လျှင် ထိုလ က်သီးအား မည်သို့မျှ တုံ့ပြန်ရန် အချိန်မရလိုက်ချေ ။
"ဘုန်း..." " အား..."
ပြင်းထန်လှသော လက်သီးချက်သည် ဘင်ရှီဟိုင်၏ ဦးခေါင်းတည့်တည့်သို့ တည့်တည့်မတ်မတ်ကျရော က်သွားသည်။ပုံစံမှာ ရင့်မှည့်နေသော ဖရဲသီးတစ် လုံးအား ရိုက်ခွဲခံလိုက်ရသကဲ့သို့ပင် ဦးခေါင်းမှာ ကြေမွသွားပြီး သွေးညှီနံ့များနှင့်အတူ ဦးနှောက်အ ပိုင်းအစများက လေထဲတွင် လွင့်စင်သွားပေသည်။
လျူယောင်မှလွဲ၍ ဘေးနားမှာ ရှိနေသည့် ဆူကွေရှ င်း အပါအဝင် လူတိုင်း၏ ကိုယ်ပေါ်သို့ သွေးစက် မျ ား စင်ကုန်၏။မြင်ကွင်းတစ်ခုလုံးမှာ ကြမ်းတမ်းလွ န်းလှသလို သွေးပျက်စရာလည်း ကောင်းလှသည်။
အခန်းထဲရှိ လူတိုင်းမှာ ကျောက်ရုပ်များသဖွယ် ဆွံ့ အကုန်၏။ကောင်းကင်စာရင်းတွင် အဆင့်(၇) ရှိသေ ာ ကမ္ဘာပေါ်တွင် လက်ချိုးရေတွက်၍ရသည့် ကော င်းကင်အဆင့်တစ်ဦးမှာ လူငယ်လေးတစ်ယောက် ၏ လက်သီးတစ်ချက်အောက်တွင် ခုခံချိန်ပင်မရ ဘဲ အသက်ပျောက်သွားရသည်မှာ မည်သို့မျှ မဖြစ် နိုင်သောအရာပင်။
"ဘုရားရေ..ဒါ... ဒါက ဒဏ္ဍာရီလာ ကောင်းကင်အ ထက်မှာ ရှိတဲ့ အစွမ်းများလား..."
ကောင်းကင်အဆင့်၏ အထက်တွင်ရှိသော တန်ခိုးရှ င်တစ်ဦးမှလွဲ၍ ဘင်ရှီဟိုင်ကဲ့သို့ ပုဂ္ဂိုလ်အား ဤမျှ လွယ်ကူစွာ သတ်ဖြတ်နိုင်သူ မရှိနိုင်ပေ။
ဘင်ရှီဟိုင်ကို သတ်ဖြတ်ပြီးနောက် လျူယောင်မှာ ပုရွက်ဆိတ်တစ်ကောင်ကို နင်းခြေလိုက်သကဲ့သို့ပင် တည်ညိမ်နေသည်။သူက စိတ်အာရုံကို သုံးလိုက်က ာ စားပွဲပေါ်ရှိ ရွှေလက်မှတ်အားလုံးကို သိုလှောင် လက်စွပ်ထဲသို့ ချက်ချင်း သိမ်းဆည်းလိုက်၏။
ထို့နောက် တုန်လှုပ်ချောက်ခြားနေသည့် လူအုပ်ကြီး ကို ကြည့်ကာ အေးစက်သော အသံဖြင့် သူ မှာခဲ့လို က်သည်။
"လိုတဲ့ ရွှေဒင်္ဂါးပြားတွေကို အဆင်သင့် ပြင်ထားလို က်..ငါ မနက်ဖြန် ထပ်လာခဲ့မယ်.."