← Chapters

ပဉ္စမမင်းသား၏ စံအိမ်သို့ လျူယောင် ရောက်လာခြင်း

Vol. 55 Ch. 646

ပဉ္စမမင်းသား၏ စံအိမ်သို့ လျူယောင် ရောက်လာခြင်း

Vol. 55 Ch. 646

ထိုအခိုက်အတန့်၌ အချိန်မှာ အပြီးတိုင် ရပ်တန့်သွာ း သကဲ့သို့ ရှိနေ၏။

ဟုန်ဖူငွေတိုက်မှ လူတိုင်းမှာ ကျောက်ရုပ်များသဖွ ယ် အသက်ရှူရန်ပင် မေ့လျော့လျက် အကြာကြီး ငြိ မ်သက်နေကြသည်။

​ဆူကွေရှင်း၏ တစ်ကိုယ်လုံးမှာလည်း အအေးဓာတ် တစ်ခုသည် အမြီးရိုးမှ ဦးခေါင်းခွံအထိ တည့်တည့် တိုးဝင်လာသလို ခံစားလိုက်ရပြီး ထိန်းမနိုင်သိမ်းမရ တုန်ယင်နေ၏။

​

​ဟုန်ဖူငွေတိုက်၏ အားကိုးရာ၊မာန်တက်ခဲ့သမျှ၏ အကြောင်းရင်းဖြစ်သော ကောင်းကင်အဆင့် ဖြစ်သူ ဘင်ရှီဟိုင် တစ်ယောက် မည်သို့မျှ မခုခံနိုင်ဘဲ လက် သီးတစ်ချက်တည်းနှင့် အသက်ပျောက်သွားရသည့် မြင်ကွင်းမှာ သူတို့၏ နှလုံးသား အပိုင်းပိုင်း ကြေမွ သွားသကဲ့သို့ပင်။

​

​လျူယောင် မထွက်ခွာမီ ချန်ထားရစ်ခဲ့သော စကား များကို ပြန်လည်တွေးတောမိသည့်အခါ ဆူကွေရှင်း ခဗျာ စိတ်ပျက်အားငယ်မှုများ အဆုံးစွန်သို့ ရောက် လာခဲ့သည်။

​"ဒါက ရွှေဒင်္ဂါးပြား ၁၀ သန်းနီးပါးလေကွာ ."

​

ထိုမျှ များပြားလွန်းလှသည့် ပမာဏကို တစ်ရက်တ ည်းနှင့် အပြီးအပိုင် လဲလှယ်ပေးရန်မှာ ဟုန်ဖူငွေတို က်အတွက်မူ လုံးဝ(လုံးဝ)မဖြစ်နိုင်သည့် အရာပင်။ သို့သော်လည်း လျူယောင်၏ လက်သီးချက်ကို မြ င်တွေ့ခဲ့ပြီးနောက်တွင် "မဖြစ်နိုင်ဘူး" ဟူ၍ ငြင်းပ ယ်ရဲသည့် သတ္တိမျိုး ဆူကွေရှင်းထံတွင် မရှိတော့ ချေ။

​မနက်ဖြန်တွင် လျူယောင် ပြန်ရောက်လာသည့်အချိ န် ၌ ရွှေဒင်္ဂါးပြားများ အဆင်သင့် မရှိပါက ဟုန်ဖူ ငွေတိုက်ဆိုသည်မှာ အင်ပါယာ၏ မြေပုံပေါ်မှ အပြီး တိုင် ပျောက်ကွယ်သွားရတော့မည် မဟုတ်ပေလော ။

ငွေတိုက်တာဝန်ခံလူးဟွေ၏ အသံမှာ တုန်ယင်နေပြီ း သူက မျှော်လင့်ချက်မဲ့စွာ မေးလိုက်မိသည်။

​"တာဝန်ခံချုပ်...ကျွန်တော်တို့ အခု ဘာဆက်လုပ် ကြမလဲ.."

​ဆူကွေရှင်းက သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလို က်၏။သူ၏မျက်နှာထက်တွင် ခါးသီးလွန်းလှသော အမူအရာများဖြင့် ပြန်ဖြေလိုက်၏။

​"ဟူး ဒီလောက်ကြီးမားတဲ့ ဘေးဒုက္ခမျိုး ကြုံနေရပြီ ဆိုမှတော့...ပထမမင်းသားကိုပဲ ငါတို့ ချက်ချင်းသွ ားတွေ့ပြီး သတင်းပို့မှဖြစ်မယ်..."

​ဟုန်ဖူငွေတိုက်ဆိုသည်မှာ ရှယ်ယာရှင် ဒါဇင်နှင့်ချီ ၍ ရှိနေသည့် ကြီးမားသော လုပ်ငန်းစုကြီးတစ်ခုပင် ဖြစ်သည်။ထိုရှယ်ယာရှင်တိုင်းမှာလည်း အင်ပါယာ အတွင်း ဂုဏ်သရေရှိ ပုဂ္ဂိုလ်ချည်းများသာဖြစ်၏။

၎င်းတို့တွင် အဓိကအားကိုးစရာရာ (၂) ခုရှိရာ တစ် ခုမှာ ယခုပင် အသတ်ခံလိုက်ရသည့် ကောင်းကင်အ ဆ င့်ကျင့်ကြံသူ ဘင်ရှီဟိုင် ဖြစ်ပြီးကျန်တစ်ခုမှာမူ ဟုန်ဖူငွေတိုက်၏ အဓိကရှယ်ယာရှင်ဖြစ်သော ပထ မမင်းသားပင် ဖြစ်သည်။

​

​လျူယောင်သည် ဟုန်ဖူငွေတိုက်ထဲမှ အေးအေးဆေ းဆေးပင် ပြန်လည်ထွက်ခွာလာခဲ့၏။သူ့ ရည်ရွယ် ချက်မှာ ရွှေဒင်္ဂါးပြား လဲလှယ်ရန်သာ ဖြစ်သော်လ ည်း တစ်ဖက်လူများက သူ့အား လူသတ်စေရန် အ တင်းအကျပ် တွန်းအားပေးလိုက်သကဲ့သို့ ဖြစ်ခဲ့ရသ ည်။

​"ကောင်းကင်အဆင့်ကျင့်ကြံသူက ဒီလောက်ပဲလား ဟ .. ငါ့ရဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ခွန်အားတွေက အ ရင်ကထက် ခိုင်မာတောင့်တင်းလာပုံရတယ်..."

​လျူယောင်က သူ့ကိုယ်သူ ကျေနပ်စွာ တွေးနေမိ၏ ။ကောင်းကင်အဆင့်ကိုပင် သာမန်ကာလျှံကာ လက် သီးတစ်ချက်ဖြင့် အနိုင်ယူနိုင်စွမ်းမှာ သူ၏ အစွမ်း အစကို သက်သေပြနေခြင်းပင်။

​ယခုတစ်ခေါက် မြို့တော်သို့ သူ ရောက်ရှိလာခြင်းမှ ာ ဖိတ်ကြားချက်အရ လာရောက်ခြင်းဖြစ်သဖြင့် သူသည် ဦးတည်ရာကို ပြောင်းလဲကာ ပဉ္စမမင်းသား ၏ စံအိမ်ဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာ ခဲ့လိုက်သည်။

မဟာရှအင်ပါယာ၏ တင်းကျပ်လှသော ဥပဒေအရ မင်းသားများသည် အသက်(၁၆)နှစ်ပြည့်သည်နှင့် တစ်ပြိုင်နက် နန်းတော်အတွင်းမှ ထွက်ခွာ၍ သီးခြာ းစံအိမ်ဖြင့် နေထိုင်ကြရ၏။ထို့ကြောင့် ပဉ္စမမင်း သား၏စံအိမ်မှာ မြို့တော်၏ အချက်အချာကျ သောနေရာတွင် ရှိနေသည့် အဆင့်မြင့်စံ အိမ်ကြီးတ စ်လုံး ဖြစ်ပေသည်။

​လျူယောင်သည် မြို့တော်၏လမ်းမထက်တွင် လျှေ ာက်လှမ်းနေစဉ်မှာပင် မြင်းလှည်းသမားတစ်ဦးက လှမ်း၍ မေးမြန်းလိုက်၏။

​"သခင်လေး... မြင်းလှည်းစီးဖို့ လိုအပ်မလားခင်ဗျာ "

​ဤသည်မှာ လျူယောင် လိုချင်နေသည့်အရာ ဖြစ် သည်။သူသည် မြင်းလှည်းပေါ်သို့ အေးအေးဆေး ဆေး တက်ထိုင်လိုက်ရင်း ခပ်ပြတ်ပြတ်ပင် ပြောလို က်၏။

"ပဉ္စမမင်းသားရဲ့ စံအိမ်ကို သွားမယ်..."

​ထိုစကားကို ကြားလိုက်ရချိန်တွင်မူ မြင်းလှည်းမော င်းသမားမှာ အံ့အားသင့်သွားကာ လျူယောင်ကို အ ထပ်ထပ်အခါခါ ကြည့်နေသည်။

"သခင်လေး... ခင်ဗျားသွားမှာက ပဉ္စမမင်းသားစံအိ မ် ဆိုတာ သေချာရဲ့လားဗျာ.."

​"အေး..သေချာပါတယ်"

လျူယောင်က အတည်ပြုလိုက်သော်လည်း မြင်းလ ည်းမောင်းသမား၏ စိတ်ထဲတွင်မူ မယုံသင်္ကာ ဖြစ် နေဆဲပင်။သူ၏ အတွေ့အကြုံအရ ပဉ္စမမင်းသားကဲ့ သို့သော ပုဂ္ဂိုလ်ထံသို့ လာရောက်လည်ပတ်သူဟူသ မျှသည် အလွန်တရာ ချမ်းသာကြွယ်ဝသူ သို့မဟုတ် အရှိန်အဝါကြီးမားသည့် ဂုဏ်သရေရှိဧည့်သည်များ သာ ဖြစ်ကြသည်။

ထိုသို့သောလူများသည်လည်း အဆင့်မြင့်မြင်းကော င်းများကို စီးနင်းခြင်း သို့မဟုတ် လူထမ်းစင်ကြီးမျ ားဖြင့် ခန့်ညားစွာ လာကြသည်ချည်းသာ။ယခုကဲ့ သို့ ခြေကျင်လျှောက်လာပြီး အငှားလှည်းစီးမည့် လူ မျိုးအား သူ တစ်ခါမျှ မမြင်ဖူးခဲ့ချေ။

​

​မည်သို့ပင်ဖြစ်စေ ဤအလုပ်မှာ သူ၏ မိသားစုကို ထောက်ပံ့နေရသည့် စီးပွားရေးတစ်ခုပင် မဟုတ် ပေလော။

ထို့ကြောင့် မြင်းလှည်းမောင်းသမားသည် မဝံ့မရဲဖြ င့်ပင် ဈေးနှုန်းကို ပြောလိုက်သည်။

​"ဟုတ်ကဲ့ပါ...သခင်လေး ဒါဆိုရင် စုစုပေါင်း ကြေး နီဒင်္ဂါးပြား ၅၀ ကျပါမယ်ခင်ဗျ..."

မြင်းလှည်းမောင်းသမားသည် မူလက ကြေးနီဒင်္ဂါး ပြား ၆၀ တောင်းရန် စိတ်ကူးခဲ့သော်လည်း လျူယေ ာင် သွားမည့်နေရာမှာ ပဉ္စမမင်းသား၏ စံအိမ်ဖြစ် နေသဖြင့် ခရီးသည်၏ အဆင့်အတန်းကို ခန့်မှန်းရ ခက်ကာ ကြောက်ရွံ့သွားမိသည်။ထို့ကြောင့် သူ သ ည် ပိုမတောင်းရဲတော့ဘဲ ကြေးနီဒင်္ဂါးပြား ၅၀ သာ ရဲရဲဝံ့ဝံ တောင်းလိုက်ရခြင်း ဖြစ်၏။

​လျူယောင်အတွက်မူ ထိုပမာဏမှာ ဂရုစိုက်စရာပ င် မဟုတ်ချေ။

ဤဂိုဝူကမ္ဘာတွင်မူ ကျင့်ကြံသူများနှင့် သာမန်လူတ န်းစားများကြား ကွာဟချက်မှာ အလွန်ပင် ကြီးမား လှသည်။ကျင့်ကြံသူတစ်ဦးအတွက် ဆေးလုံးများ ၊လျှို့ဝှက်ကျမ်းများနှင့် လက်နက်များအတွက် ငွေ သန်းပေါင်းများစွာ ကုန်ကျနိုင်သော်လည်း၊သာမာန် လူလေးယောက်ရှိသော မိသားစုတစ်စုအတွက်မူ ကြေးနီဒင်္ဂါးပြား ၅၀ သည် တစ်နေ့တာ စားဝတ်နေ ရေးအတွက် လုံလောက်သော ပမာဏ ဖြစ်ပေသည် ။

​

​မိနစ် ၃၀ ကျော်ခန့် ခရီးနှင်ပြီးနောက်တွင် လျူယော င်တစ်ယောက် မဟာရှအင်ပါယာ မြို့တော်၏ စည် ကားသိုက်မြိုက်မှုကို တစ်ဝကြီး မြင်တွေ့ခွင့်ရခဲ့သ ည်။ဤမြို့တော်၏ ကြီးကျယ်ခမ်းနားမှုမှာ သမိုင်း ဝင် ခေတ်ဟောင်းမြို့တော်များနှင့် လုံးဝမတူဘဲ အ ချိန်ကာလအားဖြင့် ၂၁ ရာစုပင် ကျော်လွန်၍ နှစ်ပေ ါင်းရာနှင့်ချီ တိုးတက်နေသော ခေတ်သစ်မြို့ကြီး တစ်မြို့ကဲ့သို့ပင် ထင်မှတ်ရပေသည်။

​ဦတည်ရာသို့ ရောက်လာချိန်တွင် လျူယောင်သည် မြင်းလှည်းပေါ်မှ ပေါ့ပါးစွာ ခုန်ဆင်းလိုက်၏။စံအိ မ်အတွင်းသို့ သူ မဝင်ရသေးသော်လည်း ရှေ့တွင်မြ င်တွေ့နေရသည့် ခန့်ညားထည်ဝါလှသော တံခါးကြီး နှင့် အဆောက်အဦးပုံစံကို ကြည့်ရုံဖြင့် ဤနေရာသ ည် မည်မျှ အရှိန်အဝါကြီးမားကြောင်း သိသာနေပေ သည်။

​"ရော့ ဒါက ခင်ဗျားအတွက်ပဲ ပြန်အမ်းမနေနဲ့တော့ "

​လျူယောင်ကမ်းပေးသောငွေကို ကြည့်ပြီး မြင်းလှ ည်းမောင်းသမားမှာ မျက်လုံးအပြူးသားဖြင့် အံ့အ ားသင့်ခဲ့ရ၏။လျူယောင် ပေးလိုက်သည်မှာ ကြေ းနီဒင်္ဂါးပြား မဟုတ်ဘဲ ဝင်းလက်တောက်ပနေသ ည့် ရွှေဒင်္ဂါးပြား တစ်ပြား ဖြစ်နေသောကြောင့်ပင်။

မြို့တော်တွင် တစ်သက်လုံး မြင်းလှည်းမောင်းလာ သည့် ထိုသူအတွက်မူ ယနေ့သည် ကံအကောင်းဆုံး နေ့ပင် ဖြစ်လောက်မည်။ထိုမျှ ရက်ရောသော ဖော က်သည်မျိုးအား သူတစ်ခါမျှ မကြုံဖူးခဲ့ချေ။ ထိုသခင်လေးက လက်တစ်ချက် လှုပ်လိုက်ရုံမျှဖြင့် ရွှေဒင်္ဂါးပြားတစ်ပြားကို လက်ဆောင်ပေးသွားသည် မဟုတ်ပေလော။

​ဤကမ္ဘာ၏ ငွေကြေးစနစ်အရ ကြေးနီဒင်္ဂါးပြား ၁၀ ၀ လျှင်ငွေဒင်္ဂါး ၁ ပြား၊ငွေဒင်္ဂါး ၁၀ ပြားလျှင် ရွှေဒ င်္ဂါး ၁ ပြား တန်ဖိုးရှိ၏။

ထို့ကြောင့် ရွှေဒင်္ဂါး ၁ ပြားသည် ကြေးနီဒင်္ဂါး ၁၀၀ ၀ နှင့် ညီမျှ၏။ခုနက သူတောင်းဆိုခဲ့သည်မှာ ကြေး နီဒင်္ဂါးပြား ၅၀ သာ ဖြစ်သဖြင့် အဆပေါင်း ၂၀ မ ကသောအမြတ်အား သူ ရရှိလိုက်ခြင်းပင် မဟုတ် ပေလော။ မြင်းလှည်းမောင်းသမားခဗျာ ဝမ်းသာလွ န်း၍ မဆုံးနိုင်ဘဲ လျူယောင်ကို ထပ်ခါတလဲလဲ ဦး ညွှတ်ကာ ကျေးဇူးတင်နေပေသည်။

​

​လျူယောင်ကမူ တည်ညိမ်စွာ ခေါင်းတစ်ချက်ညိမ့် ပြပြီး အိမ်တော်တံခါးကြီးဆီသို့ လျှောက်လာလိုက် ၏။လှေကားထစ်များကို သူ တက်လိုက်သည်နှင့် တ စ်ပြိုင်နက် တံခါးဝတွင် တန်းစီရပ်နေသော အစောင့် တစ်ဒါဇင်ကျော်က သူ့အား ချက်ချင်း တားလိုက်သ ည်။မင်းသားတစ်ပါး၏ စံအိမ်ဖြစ်သဖြင့် လုံခြုံရေး မှာ အလွန်ပင် တင်းကြပ်လှ၏။

​သို့သော်လည်း လျူယောင်သည် စိုးစဉ်းမျှ ဒေါသမ ထွက်ဘဲ ပဉ္စမမင်းသား ကိုယ်တိုင်ရေးသားထားသေ ာ လက်ရေးစာရွက်ကို အေးအေးဆေးဆေးပင် ထု တ်ပြလိုက်သည်။

​"ခင်ဗျားတို့ မင်းသားက ကျုပ်ကို ဖိတ်ထားတာပါ. .. ဝင်ပြီး သတင်းပို့လိုက်ပါဦး။"

​

​မင်းသား၏ လက်ရေးစာရွက်ကို မြင်လိုက်ရသည်နှ င့် အ စောင့်ခေါင်းဆောင်မှာ မျက်နှာအမူအရာ ချက် ချင်းပြောင်းလဲသွားပြီး အလွန်အမင်း ရိုသေလေးစာ းလာခဲ့သည်။သူသည် လက်နှစ်ဖက်ဖြင့် စာကို ယူ လိုက်ကာ အတွင်းသို့ အပြေးအလွှား ဝင်သွား၏။

"ဟုတ်ကဲ့ပါ သခင်လေး.. ကျွန်တော် အခုချက်ချင်း သတင်းပို့ပေးပါ့မယ်.."

​

သုံးမိနစ်မှ ငါးမိနစ်ခန့်သာ ကြာမြင့်ချိန်၌ ပိုးဖဲအဝ တ် အစားများကို ခန့်ညားစွာ ဝတ်ဆင်ထားသော လူ ငယ်တစ်ဦးသည် နောက်လိုက်အခြံအရံများစွာဖြင့် အိမ်တော်အတွင်းမှ အလျင်အမြန် ထွက်လာခဲ့သည် ။ထိုလူကား ပဉ္စမမင်းသားပင် ဖြစ်၏။သူသည် အ ဝေးမှပင် လှမ်း၍ အားရပါးရ နှုတ်ဆက်လိုက်၏။

​"ဟားဟား ဆရာလျုူက ဒီလောက် မြန်မြန်ရောက် လာလိမ့်မယ်လို့ ကျွန်တော် မမျှော်လင့်ထားဘူး .. ကြိုဆိုပါတယ်ဗျာ... ကြိုဆိုပါတယ်.."

အထူးတလည် မိတ်ဆက်ပေးရန်ပင် မလိုတော့ချေ။ လျူယောင်သည် ရှေ့တွင်ရောက်နေသော ပိုးဖဲဝတ် စုံနှင့် လူငယ်မှာ ပဉ္စမမင်းသား ဖြစ်ကြောင်း ချက်ချ င်းသိလိုက်သည်။သူသည်လည်း ယဉ်ကျေးစွာဖြင့် လက်နှစ်ဖက်ကို ဆုပ်ကာ နှုတ်ဆက်လိုက်၏။

​"ပဉ္စမမင်းသားကိုယ်တိုင် ထွက်ကြိုတာ အရမ်းကို အားနာဖို့ကောင်းလှပါတယ်ဗျာ မင်းသားကိုယ်တိုင် စာချန်ထားခဲ့မှတော့ ကျွန်တော် မလာလို့ မဖြစ်ဘူး လေ..မဟုတ်ရင် မင်းသားကို မလေးစားရာရောက် ပါလိမ့်မယ်.."

​"မဟုတ်တာ ဆရာလျူရာ... ခင်ဗျား အခုလို ရောက် လာပေးတာကပဲ ကျွန်တော့်အတွက် တကယ့်ကို ဂု ဏ်ယူစရာပါပဲဗျ..."

​သူတို့နှစ်ဦး၏ ဆက်ဆံရေးမှာ တစ်ဦးနှင့်တစ်ဦး အ လွန်အမင်း လေးစားမှုရှိကြသလို ကြည့်ရသည်မှာ နှစ်ပေါင်းများစွာ ခင်မင်လာခဲ့သည့် သူငယ်ချင်း ဟောင်းများကဲ့သို့ပင် အပေးအယူ တည့်နေကြသ ည်။

​........

​ပဉ္စမမင်းသားသည် လျူယောင်ကို စံအိမ်အတွင်းသို့ စိတ်အားထက်သန်စွာ ဖိတ်ခေါ်လိုက်ပြီးနောက်လက် အောက်ငယ်သားများအား ဒုတိယမင်းသားထံသို့ ချ က်ချင်းသတင်းပို့ရန် စေလွှတ်လိုက်၏။လျူယောင် မြို့တော်သို့ ရောက်ရှိလာခြင်းမှာ ပဉ္စမမင်းသားအ တွက်ရော ဒုတိယမင်းသားအတွက်ပါ အလွန်ပင် အ ရေးကြီးလှ၏။

​အကြောင်းရင်းမှာ လျူယောင်သည် ကောင်းကင်အ ဆင့် (၈) သို့မဟုတ် (၉) အထိ ရောက်ရှိနေသည့် ထိ ပ်တန်းကျင့်ကြံသူတစ်ဦးဖြစ်သည်ဟု ကောလဟာ လများကြောင့်ပင်။

​ထိုကဲ့သို့သော အစွမ်းထက်သည့် ကျင့်ကြံသူတစ်ဦး နှင့် မိတ်ဆွေဖွဲ့နိုင်ခြင်း၊ခိုင်မာသော ဆက်ဆံရေး တ ည်ဆောက်နိုင်ခြင်းသည် နောင်တွင် ဖြစ်လာမည့် ထီ းနန်းလုပွဲ အတွက် အဆုံးအဖြတ်ပေးလာနိုင်သည် မှာ မြေကြီးလက်ခတ်မလွဲပင်။

ထို့ကြောင့်လည်း မင်းသားများသည် လျူယောင်ကို သူတို့ဘက်ပါအောင် အစွမ်းကုန် ကြိုးစားနေကြခြင် း ဖြစ်ပေသည်။

လျူယောင်သည် အထူးဧည့်သည်တော်တစ်ဦးကဲ့ သို့ နွေးထွေးပျူငှာသော ကြိုဆိုမှုကို ခံယူခဲ့ရသည်။

​လျူယောင် ရောက်ရှိလာကြောင်း ကြားသိရသည် နှ င့် ဒုတိယမင်းသားသည် အချိန်ဆွဲမနေဘဲ ချက်ချင်း ပင် မြင်းစီးကာ လူယုံတစ်စုနှင့်အတူ အပြေးအလွှား ရောက်လာ၏။သူသည် အဝေးကပင် လက်သီးဆု တ်ကာ နှုတ်ဆက်ရင်း အားတက်သရော ရှိလှသည်။

​"သခင်လေးလျူ...ကျုပ်တို့ ခင်ဗျားကို စောင့်နေရ တာ တော်တော်ကြာသွားပြီဗျာ"

​ဒုတိယမင်းသားက သူ့ကိုယ်သူ အလျင်အမြန် မိတ် ဆက်ပေးလိုက်၏။

​".ကျွန်တော်က ဒုတိယမင်းသားပါ သခင်လေးလျူ ခင်ဗျားရဲ့ ဂုဏ်သတင်းကို ကြားဖူးတာ ကြာပါပြီ.. တကယ်ကို လေးစားမိပါတယ်ဗျာ.."

​လျူယောင်ကလည်း ပြန်လည်နှုတ်ဆက်လိုက်သ ည်။

"ဒါဆို အရှင်က ဒုတိယမင်းသားပေါ့... မင်းသားက ထူးချွန်ထက်မြက်တဲ့ နဂါးတစ်ကောင်လိုပဲလို့ ကျွန် တော် ကြားဖူးနားဝ ရှိထားပါတယ်.."

​နှစ်ဦးနှစ်ဖက် ယဉ်ကျေးပျူငှာစွာ နှုတ်ဆက်ပြီးနော က် လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြော ဆိုနေကြ၏။ဒုတိယမင်းသားက သူ၏ မာနကို ဘေး ဖယ်ထားကာ လျူယောင်နှင့် မိတ်ဆွေဖြစ်ရန် အစွမ် းကုန် ကြိုးစားအားထုတ်နေသောကြောင့် စကားဝို င်းမှာ တဖြည်းဖြည်းနှင့် ပိုမို အသက်ဝင်ကာ စိုပြေ နေပေသည်။

အကယ်၍ ဒုတိယမင်းသားကသာ မင်းသားတစ်ပါး ၏ မာန်မာနဖြင့် မာန်တက်စွာ ဆက်ဆံနေမည်ဆိုပါ က ထိုစကားဝိုင်းသည် ချောမွေ့မည်မဟုတ်သလို လျူယောင်ကိုယ်တိုင်မှာလည်း စကားဆက်ပြောရ န် စိတ်ဝင်စားလိမ့်မည်မဟုတ်ပေ။

လျူယောင်တို့ ​စကားလက်ဆုံကျနေစဉ် အတွင်းမှာ ပင် ဒုတိယမင်းသား၏ လူယုံတစ်ဦး ရောက်လာပြီး မင်းသား၏ နားနားသို့ ကပ်ကာ တိုးတိုးလေး သတ င်းပို့လိုက်သည်။ထိုစကားကို ကြားလိုက်ရသည်နှင့် တပြိုင်နက် ဒုတိယမင်းသားက အံ့အားသင့်သွားသ ည့် ပုံစံဖြင့် လျူယောင့်အား ချက်ချင်းဆိုသလိုပင် မော့ကြည့်လိုက်၏။

All Chapters