← Chapters

ငါ ဒီကိုလာတာ လူသတ်ဖို့ မဟုတ်ဘူး

Vol. 55 Ch. 648

ငါ ဒီကိုလာတာ လူသတ်ဖို့ မဟုတ်ဘူး

Vol. 55 Ch. 648

ပထမမင်းသားသည် အလွန် ရိုသေလေးစားသော အသံဖြင့် အလျင်အမြန်ပင် ပြန်လည်ဖြေလိုက်သ ည်။

​"အဆင်သင့်ဖြစ်ပါပြီ ဆရာလျူ... ကျေးဇူးပြုပြီး အတွင်းကို ကြွပါခဗျ.. ကျွန်တော်တို့ဘက်က အ မြန်ဆုံး လဲလှယ်ပေးပါ့မယ်ဗျ..."

​ယခင်က ရှိခဲ့ဖူးသော ရန်ငြိုးရန်စနှင့် မကျေနပ်မှု အ ရိပ်အယောင်တို့သည် သူ၏မျက်နှာထက်တွင် လုံးဝ ကွယ်ပျောက်နေပြီး စိတ်အားထက်သန်မှုနှင့် လေးစ ားမှုတို့ကသာ အစားထိုးဝင်ရောက်နေပေသည်။

ဤသည်မှာ "အစွမ်းထက်သော ခွန်အားကို ဦးညွှတ် ခြင်း" ပင် ဖြစ်၏။သူသည် အင်ပါယာ၏ ပထမမင်း သားဖြစ်သော်ငြား ကောင်းကင်အဆင့်ထက်ပင် ကျော်လွန်နေသော ကျင့်ကြံသူတစ်ဦးရှေ့တွင်မူ မ ည်သို့မျှ မရိုင်းပျရဲပေ။

​VIP ခန်းအတွင်း၌ လျူယောင်သည် အကောင်းဆုံး လက်ဖက်ရည်ကို အေးအေးဆေးဆေး သောက်နေစ ဉ် ပထမမင်းသားက သူ၏ တောင်းပန်စကားကို ဆ က်လက်ပြောကြားခဲ့သည်။

​

"ဖြစ်ခဲ့သမျှ ကိစ္စတွေက ကျွန်တော်တို့ဘက်က မှား ယွင်းခဲ့တာပါ ဆရာလျူ.. ဒါကြောင့် ဆူကွေရှင်းကို ကျွန်တော်တို့ ထုတ်လိုက်ပါပြီ..သူက အခုဆိုရင် ဟု န်ဖူငွေတိုက်ရဲ့ တာဝန်ခံလည်း မဟုတ်တော့သလို ရှ ယ်ယာရှင်လည်း မဟုတ်တော့ပါဘူးခဗျ"

​

​ပထမမင်းသားသည် သူ၏ ရိုးသားမှုကို သက် သေ ပြရန်အတွက် မယုံနိုင်စရာ ကမ်းလှမ်းမှုတစ်ခုကိုပင် ပြုလုပ်ခဲ့သေးသည်။

​"ကျွန်တော့်ရဲ့ တောင်းပန်မှုကို လက်ခံပေးဖို့ တောင်း ဆိုချင်ပါတယ်ခဗျ..ဆရာလျူရဲ့ သဘောထား ကြီး မှုနဲ့ အတိတ်က ကိစ္စတွေကို မေ့ဖျောက်ပေးမယ်လို့ မျှော်လင့်ပါတယ်..ကျွန်တော့်ရဲ့ စေတနာအစစ်အမှန် ကို ပြသဖို့အတွက် ရွှေဒင်္ဂါး ၁၀ သန်းနဲ့ မိန်းမလှလေ း ၁၀ယောက် ကို အထူးလက်ဆောင်အဖြစ် ပေးအ ပ်လိုပါတယ်ခဗျ.."

​ရွှေဒင်္ဂါး ၁၀သန်းဆိုသည်မှာ သာမန် ငွေပမာဏမဟု တ်ပေ။ထိုငွေများကို စုဆောင်းရန်အတွက် ပထမမ င်းသားသည် အခြားလူများထံမှ အတိုးနှုန်းအဆမ တန်ပေးကာ အသည်းအသန် ငှားရမ်းခဲ့ရခြင်း ဖြစ် သည်။

​

​လျူယောင်က တည်ငြိမ်စွာဖြင့်ပင် ဆုံးဖြတ်ချက်ချ လိုက်သည်။

​"ကောင်းပြီလေ ရွှေဒင်္ဂါး ၁၀ သန်းကိုတော့ ငါ လက် ခံလိုက်မယ်..ဒါပေမဲ့ အလှမယ် ၁၀ ယောက်ကိုတော့ လွတ်လပ်ခွင့်ပေးလိုက်ပါ... "

​"ဟုတ်ကဲ့... ဟုတ်ကဲ့ပါ ဆရာလျူ..ကျေးဇူးတင်ပါ တယ်ဗျာ.."

ယခုမှ ​ပထမမင်းသားခဗျာ စိတ်သက်သာရာရစွာဖြ င့် လေ ကို ဝဝရှူလိုက်နိုင်သည်။လျူယောင်က လက် ဆောင်ကို လက်ခံလိုက်ခြင်းမှာ သူတို့အပေါ်ထားရှိ သည့် ရန်လိုစိတ်များ ပြေလျော့သွားပြီဖြစ်ကြောင်း သက်သေပြနေ​၏။

ပထမမင်းသားသည် လျူယောင်၏ မျက်နှာရိပ် မျ က်နှာကဲကို အကဲခတ်နေမိသည်။လျူယောင်၏ မျ က်နှာမှာ အေးစက်တည်ငြိမ်နေဆဲဖြစ်သဖြင့် သူ့ စိ တ်ထဲတွင်မူ လုံးဝကြီး မအေးချမ်းသေးသော်လည်း နည်းနည်းတော့ သူ စိတ်သက်သာရာရသွားခဲ့သည်။

​လျူယောင်သည် လက်ဖက်ရည်ကို တစ်ငုံသောက် ကာ ပထမမင်းသားကို ကြည့်၍ အေးအေးဆေးဆေ း ပြောလိုက်သည်။

​"ငါ ဒီကိုလာတာ လူသတ်ဖို့ မဟုတ်ဘူး....စိတ်မပူပါ နဲ့.. ငါ့ဆီမှာ ရှိတဲ့ ရွှေလက်မှတ်အားလုံးကိုလဲဖို့ပါပဲ"

​ပထမမင်းသားကလည်း ပျာပျာသလဲ ပြန်ပြောလို က်၏။

"ဟုတ်ကဲ့ပါ ဆရာလျူ... ကျွန်တော်တို့ ရွှေဒင်္ဂါးတွေ ကို အလုံအလောက် စုဆောင်းထားပြီးပါပြီ..ဒီတစ်ခ ါ တော့ ကျွန်တော် သေချာပေါက် လဲလှယ်ပေးနိုင် မှာပါ"

​"ကောင်းပြီ... ဒါဆို လဲလှယ်ကြတာပေါ့..."

​စကားအဆုံးတွင် လျူယောင်သည် သိုလှောင်လက် စွပ်ထဲမှ ရွှေလက်မှတ်များအားလုံးကို ထုတ်ယူကာ စားပွဲကြီးပေါ်သို့ တင်လိုက်သည်။

​

​လျူယောင်၏ လက်တွင်ရှိသော သိုလှောင်လက်စွပ် ကို မြင်လိုက်ရချိန်တွင် ပထမမင်းသား၏ မျက်လုံး များမှာ အနည်းငယ် ဝိုင်းစက်သွား၏။သူ့ လက်စွပ် သည်လည်း လျူယောင်၏ လုယူခြင်းကို ခံလိုက်သ ည် မဟုတ်ပေလော။

​သို့သော်လည်း သူသည် လျူယောင်ကို စိတ်အနှော င့်အယှက်ဖြစ်စေမည့် စကားမျိုး တစ်ခွန်းမှ သူ မဟ ရဲပေ။သူ၏ စိတ်ထဲတွင်လည်း ထိုသို့ ရေရွတ်နေမိ သည်။

​"အတိတ်ကို ပြန်မတူးဆွနဲ့... ငါ ဘာမှမစဉ်းစားတော့ ဘူး..ပြီးခဲ့တာတွေလည်း ပြီးပါစေတော့ကွာ.."

​လျူယောင်က ရွှေလက်မှတ်ပုံကြီးကို ညွှန်ပြကာ အ တည်ပြုလိုက်၏။

"ရွှေလက်မှတ်တွေ အကုန်လုံး ဒီမှာပဲ.. အခုပဲ လဲလို က်ကြစို့"

"ဟုတ်ကဲ့..ဟုတ်ကဲ့ပါ.. စုစုပေါင်းတန်ဖိုးကို အရင် ရေတွက်လိုက်ပါ့မယ်..ဆရာလျူ.."

သူတို့ တွက်ချက်နေသည်အား လျူယောင်က အာရုံ မစိုက်ဘဲ လက်ဖက်ရည်ဆက်သောက်နေသည်။ ဟုန်ဖူငွေတိုက်၏ အကြီးတန်းဝန်ထမ်းများစွာက ကိုယ်တိုင်လုပ်ကြပြီး လက်မှတ်တွေကို ရေတွက်ပြီး နောက် စုစုပေါင်းတန်ဖိုးအား တွက်ချက်နေကြသ ည်။

နှစ်နာရီခန့်ကြာပြီးမှသာ သူတို့က အပြီးသတ်တွက် ချက်နိုင်ခဲ့ပြီး အကြီးတန်းဝန်ထမ်းတစ်ဦးက ပြောလို က်၏။

"ဆရာလျူ.. စုစုပေါင်း ရွှေဒင်္ဂါးပြား ၅၆,သန်း ဖြစ် ပါတယ်ခဗျ"

လျူယောင်က လက်ဝှေ့ယမ်းပြီး ပြန်ပြောလိုက်၏။

"အင်း ဒါဆို အားလုံးကို ရွှေဒင်္ဂါးအဖြစ်လဲလိုက်.."

ပထမမင်းသားသည် နေရာမှထရပ်ကာ လျူယောင် ကို အလွန်ယဉ်ကျေးစွာဖြင့် ဖိတ်ခေါ်လိုက်သည်။

​“ကျေးဇူးပြုပြီး ကျွန်တော်တို့ရဲ့ မြေအောက်ခန်းထဲ ကို လိုက်ခဲ့ပေးပါလား ဆရာလျူ..”

​

​အခြားသော ငွေတိုက်ကြီးများနည်းတူ ဟုန်ဖူငွေတို က်၏ ငွေတိုက်သည်လည်း မြေအောက်နက်နက်တွ င် တည်ရှိနေ၏။လှေကားထစ် ဒါဇင်ပေါင်းများစွာ ကို လျူယောင် ဆင်းလာပြီးနောက် အလွန်ထူထဲလှ သော သံတံခါးကြီးတစ်ချပ်အား ဖြတ်ကျော်လိုက်ရ သည်။

​သံတံခါးကြီး ပွင့်သွားသည်နှင့် သူ မြင်လိုက်ရသော မြင်ကွင်းမှာ အလွန်ပင် မှင်သက်စရာကောင်းလှ၏။ ကျယ်ဝန်းလှသော မြေအောက်ခန်းကြီးအတွင်း၌ လဲလှယ်ရန် အသင့်စုဆောင်းထားသော ရွှေများမှာ တောင်ပုံရာပုံပင် ရှိနေသည်။

​

ရွှေချောင်းများ၊ ရွှေတုံးများနှင့် ရွှေဒင်္ဂါးများမှာမူ ဝင်းလက်တောက်ပြောင်နေ၏။

​၎င်းတို့ထဲမှ အများစုမှာ ရွှေဒင်္ဂါးများဖြစ်ပြီး သေတ္တ ာတစ်လုံးလျှင် ရွှေဒင်္ဂါး တစ်သိန်းစီ ထည့်ထားသ ည့် သံသေတ္တာများမှာမူ အစီအရီ ရှိနေကြသည်။ ဤနေရာတွင် စုစုပေါင်း ရွှေဒင်္ဂါး သန်း ၆၀ မှ ၇၀ ခ န့် အထိ ရှိနေလောက်၏။

​လျူယောင်၏ တစ်ကြိမ် လဲလှယ်မှုသည် ဤငွေတို က်အတွင်းရှိ ရွှေဒင်္ဂါးအားလုံးနီးပါး ကုန်စင်သွားစေ မည့် ပမာဏပင် ဖြစ်သည်။

​ပထမမင်းသားက မေးမြန်းလိုက်၏။

​"ဆရာလျူ...သေတ္တာတစ်လုံးကို ရွှေဒင်္ဂါး တစ်သိန်း စီ ရှိပါတယ်..ဆရာ့အနေနဲ့ ရေတွက်ချင်ပါသလား"

​လျူယောင်ကမူ စိတ်မဝင်စားဟန်ဖြင့် လက်ဝှေ့ယမ် း ပြကာ ပြန်ပြောလိုက်၏။

"မင်းတို့ကို ယုံကြည်ပြီးသားပဲ..ရေတွက်နေဖို့ မလိုပါ ဘူး"

​

​ခဏအကြာတွင်မူ ထိုရွှေဒင်္ဂါးပုံကြီး တစ်ပုံလုံးသည် လျူယောင်၏ သိုလှောင်လက်စွပ်ထဲသို့ လျှပ် ဝင် ရောက် ပျောက်ကွယ်သွားပေသည်။

ယခုအခါ လျူယောင်၏ လက်စွပ်အတွင်း၌ ရွှေဒင်္ဂါ း သန်း ၈၀ ကျော်အပြင်၊ရွှေချောင်းနှင့် ရွှေတုံးများ စွာ ရှိနေ၏။ရွှေ၏ စုစုပေါင်းအလေးချိန်မှာ တန်ချိန် တစ်ထောင်ကျော်မျှ ရှိပြီး ၎င်းမှာ မယုံနိုင်စရာ ကော င်းလောက်အောင် များပြားလှသော ပ မာဏပင် ဖြ စ်သည်။

​

​ရွှေဒင်္ဂါးများအား လဲလှယ်ပြီးနောက် လျူယောင်သ ည် ဟုန်ဖူငွေတိုက်တွင် ဆက်နေလိုစိတ် မရှိတော့သ ဖြင့် တံခါးဝတွင် အသင့်စောင့်နေသော မြင်းလှည်း ပေါ်သို့ သူ တက်လိုက်၏။

​ထိုမြင်းလှည်းမှာ ဒုတိယမင်းသား၏ ပိုင်ဆိုင်မူဖြစ် ကြောင်း ပထမမင်းသား သိလိုက်ရသည်။မြင်းလှည် း ဖြည်းဖြည်းချင်း ထွက်ခွာသွားသည်ကို ကြည့်ရင် း ပထမမင်းသား၏ မျက်နှာပေါ်တွင်မူ ခါးသီးသေ ာ အရိပ်အယောင်များ ပေါ်လာခဲ့၏။

........

​

​လျူယောင်သည် ဒုတိယမင်းသား၏ အိမ်တော်သို့ ချက်ချင်းပြန်မသွားသေးဘဲ လမ်းတစ်ဝက်တွင် ဆ င်းကာ မြို့တော်၏ စည်ကားသိုက်မြိုက်မှုနှင့် လူနေ မှုပုံစံများကို အေးအေးဆေးဆေး လှည့်ပတ်ကြည့် ရှုနေခဲ့သည်။

​ထိုညတွင်လည်း သူသည် ဒုတိယမင်းသား အပါအဝ င် အခြားမင်းသားများစွာနှင့်အတူ ပျော်ရွှင်စွာ ညစာ သုံးဆောင်လိုက်၏။ညစာစားပွဲ၏ စကားဝိုင်း၌ ဒုတိ ယမင်းသားက သတင်းစကားတစ်ခုအား ပြောပြလို က်သည်။

​

"ကျွန်တော့်ရဲ့ ခမည်းတော် ဧကရာဇ်က ဆရာလျူနဲ့ တွေ့ဆုံချင်နေပါတယ်ခဗျ.."

​လျူယောင်သည်လည်း ဧကရာဇ်နှင့် တွေ့ဆုံရန် မ တွန့်ဆုတ်ဘဲ သဘောတူလိုက်၏။သို့သော်လည်း သူ က အခြေအနေတစ်ရပ်ကို တောင်းဆိုလိုက်၏။ဧက ရာဇ်နှင့်တွေ့ဆုံသည့် အချိန်၌ ​ဒူးထောက်ရန် မလိုဘဲ နှစ်ဦးနှစ်ဖက် တန်းတူအနေအထားဖြင့်သာ တွေ့ဆုံ မည်ဖြစ်ကြောင်းပင်။

​သာမာန်လူတစ်ဦးကသာ ထိုသို့ တောင်းဆိုပါက အ သေခံသည့် လုပ်ရပ်ဖြစ်သော်လည်း ကောင်းကင် အ ဆင့်ထက် ကျော်လွန်နေသည့် လျူယောင်ကဲ့သို့သေ ာ ပုဂ္ဂိုလ်မျိုးအတွက်မူ ထိုတောင်းဆိုချက်သည် အ လွန်ပင် သဘာဝကျလှပေသည်။

​ဤကမ္ဘာသည် ကိုယ်ခံပညာကို ရှေ့တန်းတင်သော ကမ္ဘာဖြစ်၍ ကောင်းကင်အဆင့်များပင် မြင့်မားသေ ာ အဆင့်အတန်းကို ပိုင်ဆိုင်ထားကြရာ လျူယော င်ကဲ့သို့သော ထူးကဲသည့် ပုဂ္ဂိုလ်မျိုးအတွက်မူ အ ထူးပြောနေရန်ပင် မလိုတော့ပေ။

​ဒုတိယမင်းသားလုံကျွမ်းယိသည် ထိုကိစ္စအား ခမ ည်းတော်အား ထပ်မံမေးမြန်းနေရန် မလိုဟု ချိန်ဆ ကာ ချက်ချင်းပင် သဘောတူလိုက်၏။

​"ပြဿနာမရှိပါဘူး... ဒါက လုံးဝကို ပြဿနာမရှိတဲ့ ကိစ္စပါ ဆရာလျူ..."

​လျူယောင်ကလည်း တည်ညိမ်စွာပင် ပြန်ပြောလို က်သည်။

"ဒါဆိုရင်တော့ ငါ့ဘက်ကလည်း တွေ့ဖို့ အဆင်ပြေ ပါတယ်.."

သူသည် ကမ္ဘာအသစ်သို့ ရောက်လာခဲ့ပြီဖြစ်ရာ ဤ မြေ၏ အမြင့်ဆုံးအုပ်စိုးရှင်နှင့် တွေ့ဆုံရန်မှာစိတ် ဝင်စားစရာ ကောင်းလှသည်ဟု လျူယောင်က ယူ ဆမိခဲ့သည်။

​........

​မိုးမလင်းမီအချိန်၌ပင် ဒုတိယမင်းသားလုံကျွမ်းယိ သည် နန်းတော်သို့ အပြေးအလွှား သွားရောက်ကာ မဟာရှနိုင်ငံ၏ ဧကရာဇ် လုံချွမ်းနှင့် တွေ့ဆုံလိုက်၏ ။လျူယောင်၏ တောင်းဆိုချက်ကို တင်ပြသောအခ ါ ဧကရာဇ်သည် တစ်ချက်မျှပင် မတွန့်ဆုတ်ဘဲ သ ဘောတူခဲ့သည်။

​"ဦးညွတ်ဂါရဝပြုစရာ မလိုပါဘူး.. ငါတို့က တန်းတူ အနေအထားနဲ့ပဲ တွေ့ဆုံကြမယ်"

​ထို့နောက် ဧကရာဇ်က ဆက်လက်၍ အမိန့်ပေးလို က်၏။

"အခုချက်ချင်းပဲ ဆရာလျူကို ဒီသတင်းစကားသွား ပါးလိုက်ပါ..ပြီးရင် မင်းကိုယ်တိုင် ဆရာလျူကို နန်း တော်ထဲအထိ သေချာပို့ဆောင်ပေးခဲ့ပါ"

​

​ထိုအမိန့်ကို ကြားလိုက်ရချိန်တွင်မူ ဒုတိယမင်းသား လုံကျွမ်းယိမှာ အတိုင်းထက်အလွန် ဝမ်းသာသွားခဲ့ ရသည်။လျူယောင်ကို နန်းတော်သို့ သူကိုယ်တိုင်ပို့ ဆောင်ခွင့်ရခြင်းမှာ သာမန်ကိစ္စမဟုတ်ပေ။

​ဤသည်မှာ ဧကရာဇ်က သူ့အပေါ် အလွန်အမင်း ယုံကြည်စိတ်ချနေကြောင်း ပြသနေပေသည်။

​

ဧကရာဇ်၏ စိတ်ထဲတွင် လုံကျွမ်းယိ၏ တန်ဖိုးနှင့် အဆင့်အတန်းမှာ သိသိသာသာ မြင့်တက်လာပြီ ဖြ စ်၏။

​ဒုတိယမင်းသားလုံကျွမ်းယိသည် အလွန်အမင်း ဝ မ်းသာသွားကာ ရိုသေစွာ လျှောက်တင်လိုက်၏။

"အမိန့်တော်မြတ်အတိုင်းပါ ခမည်းတော်..."

All Chapters