← Chapters

စိတ်လူပ်ရှားနေသော ဧကရာဇ်ကြီး

Vol. 55 Ch. 649

စိတ်လူပ်ရှားနေသော ဧကရာဇ်ကြီး

Vol. 55 Ch. 649

ဒုတိယမင်းသားလုံကျွမ်းယိ နှင့်အတူ လိုက်ပါလာ သည့် လျူယောင် အတွက်မူ ၎င်းမှာ သူ့ဘဝတွင် နန် းတွင်းထဲသို့ ပထမဆုံးအကြိမ် ခြေချခြင်းပင် ဖြစ် ၏။တော်ဝင်ဇိမ်ခံမြင်းလှည်းအား နန်းရင်ပြင်တစ် လျှောက် အတားအဆီးမဲ့စွာ မောင်းနှင်လာပြီးနော က် ခမ်းနားထည်ဝါလှသည့် နန်းဆောင်ကြီး၏ အဝ င်ဝတွင် ရပ်တန့်လိုက်သည်။

ဒု​တိယမင်းသား လုံကျွမ်းယိက ယဉ်ကျေးစွာ ဖိတ် ခေါ်လိုက်၏။

​“ဆရာလျူ... ကြွပါခင်ဗျာ...”

လျူယောင်သည် သူ့ရှေ့မှာ ရှိနေသော ခန်းမဆောင် ကြီးကို တစ်ချက်ဝေ့ကြည့်ကာ ခေါင်းညိတ်ပြလိုက် ပြီး လှေကားထစ်များပေါ်သို့ တက်လာခဲ့သည်။ဒုတိ ယမင်းသားသည်လည်း လျူယောင့် အနားမှ ခပ်ခွာ ခွာ လိုက်ပါလာရင်း ခန်းမဆောင်ဆီသို့ အတူတူ လျှောက်လာခဲ့၏။

​ဤနေရာသည် ပုံမှန်အားဖြင့် အမတ်မင်းများနှင့် နိုင် ငံ၏ အရေးကိစ္စများကို တိုင်ပင်ဆွေးနွေးရာ နေရာ ဖြစ်သော်လည်း ယနေ့တွင်မူ လျူယောင်ကို ကြိုဆို ရန်အတွက်သာ သီးသန့်ပြင်ဆင်ထားခြင်းပင် ဖြစ် သည်။ခန်းမဆောင်တစ်ခုလုံးသည် ကျယ်ဝန်း လှ သော်လည်း လူသူကင်းမဲ့ကာ တိတ်စိတ်ပြီး ခြော က်ကပ်နေ၏။

​ခန်းမဆောင်အတွင်းသို့ လျူယောင် ခြေလှမ်းလိုက် သည့် အချိန်မှာပင် သူ့ နားထဲ၌ အသံကျယ်ကြီးတ စ်သံအား ရုတ်တရက် ကြားလိုက်ရသည်။

​

​“ဆရာလျူ ရောက်ရှိလာပါပြီ....”

​"ဗုန်း..ဗုန်း.."

ထို​အသံနှင့်အတူ ခန်းမဆောင်၏ ဝဲယာနှစ်ဖက်တွင် စီတန်းကာ ရပ်စောင့်နေကြသော သံချပ်ကာဝတ် စ စ်သည်တော်များက တစ်ညီတစ်ညွတ်တည်း လက်န က်ချင်းရိုက်ခတ်၍ ကြိုဆိုနေပေသည်။ဤသည်မှာ သာမန်လူတစ်ဦးအတွက် မဟုတ်ဘဲ အမြင့်ဆုံးသော ပုဂ္ဂိုလ်များအတွက်သာ ခွင့်ပြုလေ့ရှိသည့် ထူးခြား သော ဂုဏ်ပြုခြင်းမျိုးပင် ဖြစ်၏။

​

ခန်းမဆောင်အတွင်းသို့ လျူယောင် ဝင်လာပြီးနော က် လုံကျွမ်းယိက ယဉ်ကျေးပျူငှာစွာဖြင့် နေရာပြ ပေးလိုက်သည်။

ခဏအကြာတွင်မူ ခန်းမဆောင်ကြီး၏ နောက်ဘက် ဆီမှ တည်ငြိမ်သော ခြေသံများနှင့်အတူ လူတစ်စု ဝ င်လာ၏။ထိုလူအုပ်၏ ရှေ့ဆုံးတွင် ခံ့ညားထည်ဝါ လှသော နဂါးဝတ်ရုံကို ဆင်မြန်းထားသည့် လူလတ် ပိုင်းအရွယ် အမျိုးသားတစ်ဦး ပါလာပေသည်။

ထိုသူကား အင်ပါယာရှ၏ အရှင်သခင် ဧကရာဇ် လုံ ချွမ်းပင် ဖြစ်၏။

ဧကရာဇ်​လုံချွမ်းသည် ဧကရာဇ်တစ်ပါး၏ မာန်မာန ကို ဘေးဖယ်ကာ လျူယောင်အား သူငယ်ချင်းဟော င်းတစ်ဦးကဲ့သို့ ရင်းနှီးဖော်ရွေစွာ ဆက်ဆံခဲ့သည်။ ဤသည်မှာ နှစ်ဦးစလုံး ပထမဆုံးအကြိမ် ဆုံတွေ့ခြ င်း ဖြစ်သော်လည်း ဧကရာဇ်၏ နှုတ်ဆက်ပုံမှာ ရိုး သားနေ၏။

​သူက လက်သီးဆုပ်ကာ နူတ်ဆက်ရင်း တည်ကြည် စွာ ပြောလိုက်သည်။

“ဆရာလျူကို ကြိုဆိုပါတယ်ဗျာ.. ဆရာ့ရဲ့ ကျော် ကြားလှတဲ့ နာမည်ကို ကြားသိရပြီး အထင်ကြီးလေ းစားနေခဲ့ရတာ ကြာပါပြီ..ဒါပေမဲ့ ခုမှပဲ လူချင်း တွေ့ဆုံခွင့်ရတော့တယ်.. ဒီနေ့တော့ ကျွန်ုပ်ရဲ့ ဆန္ဒ တွေ ပြည့်ဝသွားပါပြီဗျာ..”

​

လျူယောင်ကလည်း ယဉ်ကျေးမှုအရ ပြန်လည် နှု တ်ဆက်လိုက်၏။

“အရှင်မင်းကြီးက အလွန်ပဲ ယဉ်ကျေးပျူငှာ လွန်း လှပါတယ်ဗျာ...”

​နှုတ်ဆက်စကားများ ဖလှယ်ပြီးနောက် အသီးသီး နေရာယူထိုင်လိုက်ကြသည်။ချက်ချင်းဆိုသလိုပင် နန်းတွင်းအမတ်တစ်ဦးက မွှေးပျံ့လှသော လက်ဖ က်ရည်ကို ဆက်သလာပြီး ရင်းနှီးပွင့်လင်းစွာ စကား ပြောလိုက်ကြ၏။

​ဧကရာဇ်လုံချွမ်းသည် စကားပြောဆိုရာတွင် အလွ န်ပါးနပ်ပြီး ဆက်ဆံပုံမှာလည်း အားရစရာကောင်း လှသည်။သူသည် တဟားဟား ရယ်မောရင်း လျူ ယောင်၏ ထူးချွန်ထက်မြက်သည့် လုပ်ဆောင်ချက် များကို အားတက်သရော ချီးမွမ်းနေ၏။

​သို့သော်လည်း ခဏအကြာတွင်မူ စကားဝိုင်းမှာ အ လေးအနက်ထားရမည့် အချက်သို့ ဦးတည်လာခဲ့သ ည်။ ဧကရာဇ်က လျူယောင်ကို ယခုကဲ့သို့ နန်းတေ ာ် အတွင်းသို့ ဖိတ်ခေါ်ရခြင်း၏ အဓိကရည်ရွယ်ချ က်မှာ လျူယောင် ဖန်တီးထားသည့် မှော်လက်နက် များကို သူကိုယ်တိုင် အလွန်တရာ သဘောကျ နှစ် သက်နေသောကြောင့်ပင် ဖြစ်၏။

​ဧကရာဇ်လုံချွမ်းသည် ကောင်းကင်ပထမအဆင့်သို့ ရောက်ရှိနေသည့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်သ ည်။

ထို့ထက်မက သူသည် မဟာရှအင်ပါယာ၏ ဧကရာ ဇ်တစ်ပါး ဖြစ်သည်မဟုတ်ပေလော။ထိုကဲ့သို့သော အဆင့်အတန်းမျိုးရှိသူအတွက် ထူးခြားသော မှော် လက်နက်တစ်လက် ပိုင်ဆိုင်ရခြင်းမှာ အင်အားကို ပြသရုံသာမက ဧကရာဇ်၏ ဂုဏ်သိက္ခာနှင့် အရှိန် အဝါကိုပါ ကိုယ်စားပြုသည့် ပြယုဂ်တစ်ခု ဖြစ်နေ သည်လေ။

​သူ့ လက်အောက်ရှိ စစ်သည်တော်တစ်ဒါဇင်ခန့်မှာ မှော်လက်နက်ကိုယ်စီ ရှိနေကြသော်လည်း အရှင်သ ခင်ဖြစ်သူ သူ့ထံ၌ လက်နက် တစ်လက်မျှ မရှိသေး ခြင်းမှာ လုံးဝ မဖြစ်သင့်သည့် ကိစ္စပင်။

​“ဆရာလျူ... ခင်ဗျားက ဟိုင်ကျိုးစံအိမ်မှာ မှော်လ က်နက် ဒါဇင်ဝက်မက လေလံတင်ခဲ့တယ်လို့ ကျွန်ုပ် ကြားသိရပါတယ်..မြို့တော်က ဟိုင်ကျိုးစံအိမ်နဲ့ အ လှမ်းဝေးနေတော့ သတင်းရောက်လာချိန်မှာ နောက် ကျသွားခဲ့ပြီ..ဆရာ့ရဲ့ မှော်လက်နက်တွေအားလုံး လေလံပွဲမှာ ရောင်းချပြီးသွားပြီဆိုလို့ ကျွန်ုပ် တော် တော်လေး နှမြောမိပါတယ်ဗျာ...”

​လျူယောင်က ပြုံးလိုက်မိသည်။

ဧကရာဇ်လုံချွမ်းဘာကို ဆိုလိုချင်သည်အား သူ ချ က်ချင်းပင် နားလည်လိုက်၏။မဟာရှအင်ပါယာ၏ ဧကရာဇ် ကောင်းကင်အဆင့် ကျင့်ကြံသူတစ်ဦးက သူ၏ မှော်လက်နက်များအပေါ် ထိုမျှအထိ စိတ်ဝင် တစားရှိလိမ့်မည်ဟု လျူယောင် မျှော်လင့်မထားခဲ့ သည်မှာ အမှန်ပင်။

​“ကျွန်တော့်ရဲ့ မှော်လက်နက်တွေကတော့ လေလံပွဲ မှာ အကုန်ကုန်သွားပါပြီ..တကယ်လို့များ ကျွန်တော့် လက်ထဲမှာ ကျန်နေသေးရင် ဧကရာဇ်အတွက် တစ် လက်၊နှစ်လက်လောက် လက်ဆောင်ပေးနိုင်မှာပါ...”

​လျူယောင်၏ စကားကြောင့် ဧကရာဇ်လုံချွမ်း၏ မျက်နှာပေါ်တွင် စိတ်ပျက်နေသည့် အရိပ်ယောင် အနည်းငယ် ဖြတ်သန်းသွားသည်။လျူယောင် ၏ လက်ထဲတွင် မှော်လက်နက် တစ်လက်မျှပင် မရှိတော့ဟု သူ မထင်ထားခဲ့ပေ။

​သို့သော်လည်း လျူယောင် ဆက်ပြောလိုက်သည့် စကားကြောင့် စိတ်ပျက်နေသော ဧကရာဇ်သည် ချ က်ချင်းဆိုသလိုပင် ဝမ်းသာအားရ ဖြစ်သွားရပြန် သည်။

​“လက်ရှိ ကျုပ်ဆီမှာ အဆင်သင့်သုံးလို့ရတဲ့ မှော်လ က်နက် မရှိပေမယ့်... အဲဒါတွေကို သွန်းလုပ်ဖို့အတွ က် လို အပ်တဲ့ ပစ္စည်းတချို့တော့ ကျွန်တော့်မှာ ရှိ နေပါသေးတယ်”

​

ဤသည်မှာ စကားအမှန်ပင် ဖြစ်၏။သူ၏ သိုလှော င်လက်စွပ်ထဲတွင် ၃၀ ကီလိုဂရမ်ခန့် အ လေးချိန် ရှိ သည့် သတ္တုအနက် ဒါဇင်ပေါင်းများစွာကို သိမ်းထာ းခဲ့သည်။ထိုပစ္စည်းများအား ဂိုဝူကမ္ဘာသို့ လျူယေ ာင် မလာခင်ကတည်းက ပြင်ဆင်ထားခြင်း ဖြစ်၏ ။

​ထိုစကားသည် ဧကရာဇ်အတွက်မူ အတိုင်းထက် အ လွန် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။

သူသည် ဧကရာဇ်တစ်ပါးဖြစ်သော်လည်း မှော်လက် နက်သွန်းလုပ်မည့် ကုန်ကြမ်းပစ္စည်းများ ရှိသည်ဆို သည့် စကားကြောင့် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်ဘဲ မျက်နှာတွင် ဝမ်းသာသည့် အရိပ်ယောင်များ အထ င်းသား ပေါ်လာ၏။

​“အိုး..ဒါ... ဒါ တကယ်ကို ဝမ်းသာစရာပဲဗျာ ..ဆရာ လျူ့ဆီမှာ ဒီလို အဖိုးတန်ပစ္စည်းတွေ ရှိနေလိမ့်မယ် လို့ ကျွန်ုပ် လုံးဝ မမျှော်လင့်ထားခဲ့ဘူး ..ကျွန်ုပ်တို့ နိုင်ငံမှာ လက်နက်သွန်းလုပ်ဖို့ ကျွမ်းကျင်တဲ့ လက် မှုပညာရှင်တွေ မရှားပါဘူး ဒါပေမဲ့ ကုန်ကြမ်း ပစ္စ ည်းတွေကတော့ တကယ့်ကို ရှာမှရှားပဲဗျ...”

​ဤကမ္ဘာသည် ကျင့်ကြံခြင်းကမ္ဘာဖြစ်သည့်အား လျော်စွာ လက်နက်သွန်းလုပ်သည့် ပညာမှာလည်း အထူးပင် အဆင့်မြင့်လှသည်။သူတို့၏ လက်မှုပ ညာရပ်သည် ခေတ်သစ်နည်းပညာနှင့် စက်ကိရိယာ များပင် မလိုက်နိုင်သည့် ရှေးဟောင်းလျှို့ဝှက်နည်း ညာများလည်း ရှိနေသေးသည်။

ထိုနည်းပညာများဖြင့် သွန်းလုပ်ထားသည့် မှော်လ က်နက်များသည် ခေတ်သစ်သိပ္ပံနည်းကျ ပြုလုပ်ထ ားသောအရာများထက်ပင် သာလွန်ကောင်းမွန်နေ တတ်၏။

​လျူယောင်သည် စိတ်အာရုံကို အသုံးပြုလိုက်ရာ သိုလှောင်လက်စွပ်အတွင်းမှ သတ္တုအနက် တစ် ချောင်းအား ထုတ်ယူလိုက်သည်။

​ထိုသတ္တုချောင်း ပေါ်ထွက်လာသည်နှင့် ဧကရာဇ် လုံချွမ်း၏ အကြည့်များမှာ ထိုအရာပေါ်သို့ ချက်ခြ င်းပင် ကျရောက်လာ၏။

​“ဆရာလျူ... ဆရာ့ရဲ့ ကျော်ကြားလှတဲ့ မှော်လက် နက်တွေက ဒီပစ္စည်းနဲ့ပဲ လုပ်ထားတာလား”

​“မှန်ပါတယ် အရှင်..ဒီပစ္စည်းနဲ့ပဲ သွန်းလုပ်ထားတာပ ါ.. အရှင် စမ်းသပ်ကြည့်နိုင်ပါတယ်...”

​ဧကရာဇ်လုံချွမ်းက ထိုသတ္တုချောင်းကို လက်နှစ်ဖ က်ဖြင့် လှမ်းယူလိုက်ရာ ထင်မှတ်မထားသော လေး လံမှုကြောင့် လက်ထဲတွင် အိခနဲ ဖြစ်သွားခဲ့ရသည်။ သတ္တု၏ အလေးချိန်ကြောင့်ပင် ထိုပစ္စည်း၏ အရ ည်အသွေးအပေါ် သူက ပိုမိုယုံကြည်မှု ရှိလာ၏။

​"ဒီပစ္စည်းရဲ့ မာကျောမှုကို ကျွန်ုပ်စမ်းသပ်ကြည့်လို့ ရမလား ဆရာလျူ.."

​မှော်လက်နက်အစစ်ကို လက်ဝယ်မပိုင်ဆိုင်ရသေး သော်လည်း ဤကုန်ကြမ်းဖြင့် သွန်းလုပ်ထားသည့် လက်နက်များ၏ ပြိုင်ဘက်ကင်းမှုကို သူက ကြား ဖူး နားဝ ရှိထားခဲ့သည်။

​“သေချာပေါက် ရတာပေါ့.. အရှင်မင်းကြီး စိတ်ကြို က် စမ်းသပ်နိုင်ပါတယ်”

​လျူယောင်၏ ခွင့်ပြုချက်ကို ရသည်နှင့် လုံချွမ်းက လက်ကို အနည်းငယ် မြှောက်၍ အချက်ပေးလိုက်ရ ာ သံချပ်ကာဝတ် စစ်သည်တော်တစ်ဦးသည် ခန်း မအလယ်သို့ တည်ငြိမ်စွာ လျှောက်လာခဲ့သည်။

​ထိုစစ်သည်တော်သည် သူ့ ကျောပြင်မှ ဧရာမဓား ကြီးကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်၏။ထို့နောက် လူအများ၏ ရှေ့မှောက်၌ပင် အနက်ရောင် သတ္တု ချောင်းကို အားအကုန်သုံး၍ ခုတ်ချလိုက်ပေသည်။

​ထိုသံချပ်ကာဝတ် စစ်သည်တော်၏ ကျင့်ကြံခြင်း အဆင့်မှာလည်း မနိမ့်လှပေ။

သူက အနည်းဆုံး ဟွမ်အဆင့် ကျင့်ကြံသူတစ်ဦး ဖြ စ်နိုင်ပြီး သူ၏ အားကုန်ထုတ်၍ ခုတ်ချက်မှာ သာမ န် သံချောင်းဆိုလျှင် တစ်ချက်တည်းနှင့် ထက်ပိုင်း ပြတ်သွားနိုင်သည့် အရှိန်အဝါမျိုး ရှိ၏။

​“ဖျတ်.ဖျတ်.. ချွမ်း...”

​မျက်စိတစ်မှိတ်အတွင်း မီးပွားများ တဖျတ်ဖျတ် လွ င့်စင်သွားသည်ကို အားလုံး မြင်လိုက်ရသည်။

သို့သော်လည်း အံ့ဩစရာကောင်းသည်မှာ သတ္တု ချောင်းမှာမူ ကျိုးပဲ့သွားခြင်း မရှိဘဲ စစ်သည်တော် ၏ လက်ထဲမှ ဓားကြီးသာ နှစ်ပိုင်း ပြတ်သွား၏။ အနက်ရောင် သတ္တုချောင်းမှာမူ မူလအတိုင်းပင် ဘာဒဏ်ရာမှ မရှိသည့်အပြင် ခြစ်ရာသေးသေးလေ း တစ်ခုတောင် ထင်ကျန်မနေခဲ့ပေ။

​ဧကရာဇ်လုံချွမ်းမှာ ခဏမျှ မှင်သက်သွားပြီးနောက် အတိုင်းထက်အလွန် အံ့အားသင့်နေခဲ့သည်။ဤ သ တ္တုချောင်းက ထိုမျှအထိ မာကျောလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။

သူက စိတ်ထဲမှ အံအားသင့်ကာ ရေရွတ်မိလိုက်သ ည်။

​“ဝိုး..ဒီပစ္စည်းနဲ့ သွန်းလုပ်ထားတဲ့ လက်နက်တွေက ပြိုင်ဘက်ကင်းပြီး အလွန်ထက်မြက်တာကြောင့် စ စ်သည်တော်တွေက နတ်ဘုရားလက်နက်တွေလို့ တ င်စားခေါ်ဝေါ်ကြတာ အံ့ဩစရာ မရှိတော့ပါလား..”

​“ဆရာလျူဆီမှာ .. ဒီလို သတ္တုချောင်း ဘယ်နှစ် ချောင်းလောက် ရှိသေးလဲ...”

​လျူယောင်က တည်ငြိမ်စွာဖြင့်ပင် ပြန်ဖြေလိုက်၏ ။

"ကျုပ်ဆီမှာ ဒါဇင်ပေါင်းများစွာ ကျန်ပါသေးတယ် .. အလေးချိန်အားဖြင့် ပေါင် ၁,၀၀၀ ခန့် ရှိပါလိမ့်မ ယ်...”

ဧကရာဇ်​လုံချွမ်း၏ မျက်နှာပေါ်တွင်မူ အံ့ဩသွားသ ည့် အရိပ်ယောင်များက ပိုမိုသိသာလာသည်။သူ့ စိ တ်ကူးထဲတွင် ဤကုန်ကြမ်း ပေါင် ၁,၀၀၀ ကျော်ဖြ င့်သာဆိုလျှင် မှော်လက်နက် ရာပေါင်းများစွာကို သွ န်းလုပ်နိုင်လိမ့်မည်ဟု ချက်ချင်းပင် တွက်ချက်မိ လို က်၏။

​မှော်လက်နက် ရာချီပိုင်ဆိုင်ရတော့မည်ဟူသော အ တွေးက ဧကရာဇ်တစ်ဦးကိုပင် ကလေးငယ်တစ် ယောက်ကဲ့သို့ စိတ်လှုပ်ရှားသွားစေခဲ့သည်။

သို့သော်လည်း ဧကရာဇ်သည် နည်းလမ်းမမှန်သော အပြုအမူမျိုးအား ပြုလုပ်မည့်သူ မဟုတ်ပေ။ ထိုမျှ တန်ဖိုးကြီးလှသော ကုန်ကြမ်းများကို လျူယောင်ထံ မှ အလကားတောင်း၍ မရနိုင်ကြောင်း သူ ကောင်း ကောင်းနားလည်ထားသည်။

ထို့ကြောင့် ထိုကုန်ကြမ်းတွေအား တစ်ခုခုနှင့် လဲလှ ယ်ရန် သို့မဟုတ် ထိုက်တန်သော ဝယ်ယူမှုမျိုး ပြု လုပ်ရန်သာ သူက ဆုံးဖြတ်လိုက်၏။

​“ဆရာလျူ... ဆရာ့ဆီမှာရှိတဲ့ ဒီသတ္တုတွေကို ကျွန်ု ပ်ကို အားလုံး ရောင်းချပေးနိုင်မလား ..စျေးနှုန်းကို တော့ ဆရာ့စိတ်ကြိုက် တောင်းဆိုနိုင်ပါတယ်.. ငွေ သားနဲ့မဟုတ်ဘဲ တခြား အဖိုးတန်ပစ္စည်းတွေနဲ့ လဲ လှယ်ချင်တယ်ဆိုရင်လည်း ကျွန်ုပ်ဘက်က အား လုံး အဆင်သင့်ပါပဲ....”

​လျူယောင်သည်လည်း ထိုအနက်ရောင် သတ္တုများ ကို ဤကမ္ဘာသို့ ယူဆောင်လာကတည်းက စျေးကေ ာင်းကောင်းဖြင့် ရောင်းချရန် သို့မဟုတ် သူလိုအပ် သည့် အရာများနှင့် လဲလှယ်ရန် ရည်ရွယ်ပြီးသားဖြ စ်သည်။လက်ရှိအချိန်တွင် သူ့အတွက် အလိုအပ် ဆုံးအရာမှာ "အဆင့်မြင့် ဓားသိုင်းပညာရပ်" ပင် ဖြ စ်၏။

​လျူယောင်သည် စိတ်အာရုံကို သုံးလိုက်ပြီး သိုလှေ ာင်လက်စွပ်အတွင်းမှ အနက်ရောင် သတ္တုချောင်း ဒါဇင်ပေါင်းများစွာသည် ခန်းမအလယ်၌ ဝုန်းခနဲ ထွ က်ပေါ်လာသည်။စုစုပေါင်း အလေးချိန်မှာ အနည်း ဆုံး ကီလိုဂရမ် ၇၀၀ မှ ၈၀၀ ခန့်အထိ ရှိပေလိမ့်မ ည်။

​သူ့ မျက်စိရှေ့တွင် တောင်ပုံရာပုံ ပေါ်လာသော သ တ္တုချောင်းများကို ကြည့်ပြီး ဧကရာဇ်လုံချွမ်းတစ် ယောက် ပို၍ပင် စိတ်လှုပ်ရှားနေသည်။

သို့သော်လည်း သူသည် တိုင်းပြည်ကို အုပ်ချုပ်နေ သော ဧကရာဇ်ပီပီ စိတ်လှုပ်ရှားမှုကို အတတ်နိုင်ဆုံး ထိန်းချုပ်လိုက်၏။

​“ဆရာလျူ... ဒီသတ္တုတွေ အားလုံးကို ကျွန်ုပ် ဝယ် ပါရစေ.. ဆရာက ဘာနဲ့ အလဲအလှယ် လုပ်ချင်ပါ သလဲ ဆရာ့ စိတ်ကြိုက် တောင်းဆိုနိုင်ပါတယ်ဗျာ..”

All Chapters