← Chapters

စျေးနူန်းက အရမ်းများလွန်းတယ်

Vol. 55 Ch. 650

စျေးနူန်းက အရမ်းများလွန်းတယ်

Vol. 55 Ch. 650

လျူယောင်တစ်ယောက် စိတ်ထဲမှ အားရပါးရ ရ ယ်မောလိုက်မိသည်။သူက တကယ်ကိုပင် စိတ်လှုပ် ရှားပြီး ပျော်ရွှင်နေခဲ့၏။

​ပေါင်တစ်ထောင်ခန့်သာရှိသော အနက်ရောင်သတ္တု မှာ တစ်တန်ပင်မပြည့်သော်လည်း ဤကမ္ဘာတွင်မူ အလွန်တန်ဖိုးကြီးကာ လူတိုင်းမက်မောရသည့် ပစ္စ ည်း ဖြစ်နေသည်။ဈေးကောင်းကောင်းရနိုင်မည်ဟု ယုံကြည်နေသည့် လျူယောင်က မျက်လုံးများ တေ ာက်ပလျက် သူအလိုရှိသော ဈေးနှုန်းအား ပြောပြ လိုက်သည်။

​“အင်း ကျွန်တော် ပြောရမယ်ဆိုရင် ရွှေတင်းတစ်သ န်း၊သိုလှောင်လက်စွပ်တစ်ကွင်းပြီးတော့ ကောင်းက င်အဆင့် ဓားသိုင်းကျမ်းတစ်အုပ်.. ဒါပါပဲ”

​ဤသည်မှာ လျူယောင် သတ်မှတ်လိုက်သည့် ဈေး နှုန်းပင်။

​ရွှေတင်းတစ်သန်းဆိုသည်မှာ ရွှေဒင်္ဂါးသန်းပေါင်း များစွာနှင့် ညီမျှသောကြောင့် မနည်းလှသည့် ပမာ ဏပင် ဖြစ်၏။လျူယောင်၏လက်ထဲတွင် ရွှေဒင်္ဂါး များစွာ ရှိနေသော်လည်း မည်သူကများ ရွှေကို ငြင်း ပယ်ဝံ့မည်နည်း။

သို့သော်လည်း ရွှေကိုဖယ်ထားလိုက်လျှင်ပင် သို လှောင်အိတ်နှင့် ကောင်းကင်အဆင့် ဓားသိုင်းကျမ်း ကို ရရှိဖို့ဆိုသည်မှာ အတော်ပင် ခက်ခဲလှ၏။ဤသ ည်ကို အနက်ရောင်သတ္တုနှင့် လဲလှယ်မည်ဆိုပါက သူ့ဘက်ကပင် အနည်းငယ် နစ်နာသလို ခံစားရသေး သည်။

​ထိုဈေးနှုန်းကို ကြားလိုက်ရသည်နှင့် ဧကရာဇ်လုံချွ မ်းခဗျာ အံ့အားသင့်သွားရ၏။ထိုဈေးနှုန်းမှာ အလွ န် များပြားလွန်းလှသည်။သူက ဧကရာဇ်တစ်ပါး ဖြ စ်နေ၍သာ တောင့်ခံနိုင်ခြင်းဖြစ်ပြီး အခြားသူသာ ဆိုလျှင် ထိုမျှများပြားသည့် ပေးချေမှုကို မည်သို့မျှ တတ်နိုင်ကြမည်မဟုတ်ပေ။

ရွှေတင်းတစ်သန်းဟူသော ပမာဏမှာ ငွေတိုက်ကြီး သုံးတိုက်ပင်လျှင် ဖိအားအကြီးအကျယ် ခံစားရမ ည့် ပမာဏပင် ဖြစ်သည်။၎င်းမှာ မဟာရှအင်ပါယာ ၏ တစ်နှစ်စာ အခွန်ဝင်ငွေနှင့်ပင် ညီမျှလု နီးပါး ဖြ စ်သဖြင့် အလွန်တရာ များပြားလွန်းလှ၏။

​ထို့အပြင် သိုလှောင်လက်စွပ်ဆိုသည်မှာလည်း အဖိုး မဖြတ်နိုင်သော ရတနာဖြစ်သည်။၎င်းအား ရှာလို့ ရနိုင်သော်လည်း ပိုင်ဆိုင်ခွင့်ရရန်မှာမူ ခက်ခဲလှသ ည့် ပစ္စည်းမျိုးဖြစ်ပြီး ကောင်းကင်အဆင့် ကျင့်ကြံ သူအချို့ပင်လျှင် သိုလှောင်အိတ်ကိုသာ သုံးစွဲနေ ကြရဆဲဖြစ်၏။

​အားလုံးထက် ပို၍ရှားပါးသည်မှာ "ကောင်းကင်အ ဆင့်ဓားသိုင်းကျမ်း'ပင် ဖြစ်သည်။၎င်းမှာ ဒဏ္ဍာရီ ထဲတွင်သာ ရှိနိုင်သည့် အရာမျိုးဖြစ်ပြီး ဧကရာဇ် လုံချွမ်းထံတွင်ပင် ထိုကဲ့သို့သော သိုင်းကျမ်းမျိုး မ ရှိပေ။

​“ဆရာလျူ... ခင်ဗျားတောင်းတဲ့ဈေးက တကယ် မြ င့်လွန်းနေတယ်ဗျာ...”

​ဧကရာဇ်လုံချွမ်းက ထိုသို့ပြောလာမည်ကို လျူယေ ာင်က ကြိုတင်ခန့်မှန်းပြီးသား ဖြစ်၏။သူက စီးပွ ားရေးတွင် ကျွမ်းကျင်သူပီပီ ဧကရာဇ်နှင့် ဈေးညှိ နှိုင်းမှုကို ရင်ဆိုင်ရသော်လည်း အနည်းငယ်မျှပင် တုန်လှုပ်ခြင်းမရှိပေ။

​“အရှင်မင်းကြီး... ကျွန်တော်ပေးတဲ့ဈေးက လုံးဝမ မြင့်ပါဘူး..ဆန့်ကျင်ဘက်အနေနဲ့ ပြောရရင် နည်း နေသေးတယ်လို့ ကျွန်တော်ထင်မိပါတယ်...”

​“ဘာလဲ နည်းသေးတာလား”

​ထိုမျှများပြားသော တောင်းဆိုမှုကိုပင် နည်းနေသေး သည်ဟု ဆိုသောကြောင့် ဧကရာဇ်လုံချွမ်းခဗျာ “ခ င်ဗျား ကျုပ်ကို နောက်နေတာလား” ဆိုသည့် အကြ ည့်မျိုးဖြင့် လျူယောင်အား စိုက်ကြည့်လိုက်သည်။

​လျူယောင်မှာမူ ထိတ်လန့်ခြင်းမရှိဘဲ တည်ညိမ်စွာ ပြုံးလျက်ပင် ရှင်းပြလိုက်၏။

“ဒီသတ္တုပစ္စည်း ပေါင်တစ်ထောင်ကျော်ဟာ မှော်လ က်နက်ပေါင်း ရာနဲ့ချီ ထုတ်လုပ်ဖို့ လုံလောက်ပါတ ယ်..မှော်လက်နက်တစ်လက်ရဲ့ ဈေးကွက်ပေါက် ဈေးက အနည်းဆုံး ရွှေဒင်္ဂါး နှစ်သန်းကနေ သုံးသ န်းအထိ ရှိနေတာလေ..”

​လျူယောင့် စကားတွင် အမှားအယွင်းမရှိပေ။သူ ကို ယ်တိုင်လည်း မှော်လက်နက် အမြောက်အမြားကို ရောင်းချဖူးပြီး အနိမ့်ဆုံး ရွှေဒင်္ဂါး သိန်းဂဏန်းမှသ ည် အမြင့်ဆုံး လေးသန်းနီးပါးအထိ ဈေးကောင်းရ ခဲ့သည် မဟုတ်ပေလော။

​လက်နက်တစ်လက်တည်းကပင် ထိုမျှ တန်ဖိုးရှိပါ က လက်နက်ပေါင်း တစ်ရာကျော်အတွက်ဆိုလျှင် စုစုပေါင်းတန်ဖိုးမှာ မည်မျှအထိ ရှိသွားမည်နည်း။ ထိုသို့သာ တွက်ချက်ကြည့်လျှင် သူတောင်းဆိုလိုက် သည့် ရွှေတင်းတစ်သန်း၊သိုလှောင်လက်စွပ်နှင့် ဓား သိုင်းကျမ်းတို့မှာ လုံးဝ ဈေးမကြီးဟု ဆိုရပေမည်။

​လုံချွမ်းက ဧကရာဇ်တစ်ပါးဖြစ်၍ အခြားသူများနှင့် ဈေးပြိုင် ဆစ်ရသည့်အလေ့အထ ရှားပါးလှသဖြင့် စီးပွားရေးအမြင်တွင် လျူယောင်အား မယှဉ်နိုင်ခဲ့ ပေ။သူ ခဏမျှ စဉ်းစားကြည့်ပြီးနောက် လျူယောင့် ၏ စကားမှာ ကျိုးကြောင်းဆီလျော်သည်ဟု ခံစား လိုက်ရသည်။

​“ဆရာလျူ... ခင်ဗျားပြောတာ အမှန်ပဲ.. မှော်လက်န က် တစ်ရာကျော်ရဲ့ စုစုပေါင်းတန်ဖိုးကတော့ နက္ခတ္တ ဗေဒဆိုင်ရာ ကိန်းဂဏန်းတစ်ခု ဖြစ်နေမှာ သေချာ တယ်...”

ဧကရာဇ်​လုံချွမ်း၏ အဖြေကြောင့် လျူယောင် တစ် ယောက် တိတ်တဆိတ် ကျေနပ်သွားရ၏။

​ဤဧကရာဇ်နှင့် စီးပွားလုပ်ရသည်မှာ တကယ်ကို တွ က်ချေကိုက်လှ၏။ပေါင်တစ်ထောင်မျှရှိသော အန က်ရောင်သတ္တုမှာ လုံချွမ်းအတွက် အဖိုးမဖြတ်နိုင် သော ရတနာဖြစ်သော်လည်း လျူယောင်အတွက်မူ ဘာမှမဟုတ်ပေ။

သူ၏ ခေတ်သစ်လူ့အဖွဲ့အစည်းမှာရှိသည့် ယူနီဗာ ဆဲလ်လုပ်ငန်းစုကြီးတွင် ထိုကဲ့သို့သော သတ္တုများ ကို တန်နှင့်ချီ၍ ထုတ်လုပ်နေကာ ယခုအချိန်ထိ တ န်ပေါင်းသောင်းချီ၍ပင် ရောင်းချပြီးပြီ ဖြစ်သည်။

​ယခု သူထုတ်ပေးလိုက်သည့် သတ္တုမှာ တစ်တန်ပင် မပြည့်သေးပေ။

​သို့သော်လည်း ဧကရာဇ်လုံချွမ်းကမူ ထိုသို့မတွေးနို င်ပေ။သူသည် အနက်ရောင်သတ္တုများကို ရရှိပြီးနေ ာ က် မှော်လက်နက်အမြောက်အမြား ပိုင်ဆိုင်နိုင်မ ည့် အိပ်မက်တွင်သာ နစ်မျောနေ​၏။လျူယောင်၏ စည်းရုံးနားချမှုအောက်တွင် သူသည် နောက် ဆုံး၌ ထိုဈေးနှုန်းအား သဘောတူလိုက်ရသော်လည်း မျ က်နှာပေါ်တွင်မူ အနည်းငယ် ရှက်ရွံ့သော အမူအရာ ပေါ်နေပေသည်။

“ဆရာလျူ... ကျွန်တော်တို့ ဘဏ္ဍာတိုက်ကနေ ရွှေ တင်းတစ်သန်းကိုတော့ ထုတ်ပေးနိုင်ပါတယ်.. သို လှောင်လက်စွပ်ကလည်း ကျွန်ုပ်ဆီမှာ ရှိပါတယ်.. ဒါပေမဲ့ ကောင်းကင်အဆင့် ဓားသိုင်းကျမ်းကတော့ အခုလောလောဆယ် မရှိသေးဘူး ဖြစ်နေတယ်ဗျာ”

​ထိုသို့သော သိုင်းကျမ်းမျိုးမှာ အလွန်ရှားပါးကြော င်း လျူယောင် သိပြီးသား ဖြစ်၏။ထို့ကြောင့်ပင် သူ က သဘောထားကြီးစွာဖြင့် ပွင့်ပွင့်လင်းလင်း ပြန် ပြောလိုက်၏။

​“အခုမရှိသေးရင်လည်း ကိစ္စမရှိပါဘူး..အကြွေးမှတ် ထားလိုက်မယ်..အရှင်..အဆင်ပြေတဲ့အခါမှပေးပေါ့...”

​အကြွေးထားခွင့်ရသည့်အတွက် ဧကရာဇ်လုံချွမ်းခ ဗျာ စိတ်သက်သာရာ ရသွားခဲ့သည်။သူက ချက်ချ င်းပင် လေးနက်စွာ ကတိပေးလိုက်၏။

​“စိတ်ချပါ ဆရာလျူ.. ကျွန်ုပ်ဘက်က အချိန်ဆွဲပြီး အ ကြွေးအတင်ခံမှာ မဟုတ်ပါဘူး.. အင်ပါယာရဲ့ အရင်းအမြစ်နဲ့ အင်အားအားလုံးကို သုံးပြီး တစ်လ အတွင်း ခင်ဗျားဆီကို ကောင်းကင်အဆင့် ဓားသိုင်း ကျမ်းတစ်အုပ် ရောက်လာစေရမယ်လို့ အာမခံပါ တယ်..”

"​အမ်း တစ်လလား.. မဆိုးဘူးပဲ.."

ထိုအချိန်ကာလမှာ လျူယောင်အတွက်မူ လုံလော က်နေပေသည်။

​နှစ်ဖက်စလုံး ကြားမှ အရောင်းအဝယ်မှာ အောင်မြ င်စွာ ပြီးဆုံးသွားခဲ့၏။လျူယောင်က ပေါင်တစ်ထေ ာင်လေးသော အနက်ရောင်သတ္တုကို လွှဲပြောင်းလို က်ပြီးနောက် ဧကရာဇ်လုံချွမ်းကလည်း ရွှေတင်းတ စ်သန်းနှင့် သိုလှောင်လက်စွပ်ကို ပြန်လည်ပေးအပ်ခဲ့ သည်။

​“ဆရာလျူ... ဒါက သိုလှောင်လက်စွပ်ပါ ..ရွှေတင်း တစ်သန်းကိုလည်း ဒီလက်စွပ်ထဲမှာပဲ တစ်ခါတည်း ထည့်ပေးထားပါတယ်...”

​လျူယောင်က လက်စွပ်ကိုယူ၍ သူ့ လက်တွင် ဝတ် ဆင်လိုက်၏။လက်စွပ်ထဲတွင် ရွှေများ တကယ် ရှိ၊ မရှိကိုပင် သူ စစ်ဆေးမကြည့်တော့ပေ။ဤကဲ့သို့ သော အခြေအနေမျိုးတွင် ဧကရာဇ်တစ်ပါးအနေဖြ င့် သူ့အား လိမ်လည်လိမ့်မည်မဟုတ်ဟု လျူယောင် က အပြည့်အဝ ယုံကြည်ထားခဲ့သည်။

​အမှန်တကယ်လည်း ဧကရာဇ်လုံချွမ်းခဗျာ မလိမ်ရဲ ပေ။ထိုသိုလှောင်လက်စွပ်ထဲတွင် ရွှေအတိအကျ ရှိ နေပေသည်။

သူသည် လိမ်လည်ချင်စိတ် ရှိခဲ့လျှင်ပင် လက်တွေ့ တွင်မူ မလုပ်ရဲပေ။ကောင်းကင်အဆင့်ထက်ပင်ကျေ ာ်လွန်နေသော ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်ရာတွ င် သူသည် ဧကရာဇ်တစ်ပါး ဖြစ်နေလင့် ကစား အ မှားအယွင်းမခံနိုင်ကြောင်း သူက ကောင်းကောင်း နားလည်ထားသောကြောင့် ဖြစ်၏။

အရောင်းအဝယ် ပြီးမြောက်သွားပြီးနောက် ဧကရာ ဇ်လုံချွမ်းသည် လျူယောင်အား အလွန်ယဉ်ကျေး ပျူငှာစွာ ဆက်ဆံပြီးနောက် ခမ်းနားထည်ဝါသော ဧည့်ခံပွဲတစ်ခုကို ကိုယ်တိုင်ကိုယ်ကျ ကျင်းပပေးခဲ့ သည်။ဧကရာဇ်တစ်ပါးက ဤကဲ့သို့ ကိုယ်တိုင် ဧည့် ခံကျွေးမွေးခြင်းမှာ ဖြစ်တောင့်ဖြစ်ခဲကိစ္စဖြစ်ပြီး လျူယောင်တစ်ဦးတည်းသာလျှင် ထိုအခွင့်အရေး ကို ရရှိခြင်းပင် ဖြစ်၏။

​

စားသောက်ပြီးစီးသောအခါ လျူယောင်သည် နန်း တော်ထဲတွင် အချိန်အကြာကြီး ဆက်မနေတော့ဘဲ ဒုတိယမင်းသားနှင့်အတူ မြင်းလှည်းစီးကာ နန်းတေ ာ်ပြင်ပသို့ ထွက်လာခဲ့သည်။

ဒုတိယမင်းသားက မေးမြန်းလိုက်၏။

​“ဆရာလျူ... အခုပဲ တန်းပြန်မလား. ဒါမှမဟုတ် မြို့တော်ထဲမှာ ခဏလောက် နေချင်သေးလားခဗျ..”

​ဒုတိယမင်းသားမှာမူ စိတ်ထဲတွင် အလွန်ပင် ပျော်ရွှ င် နေသည်။သူ့ ခမည်းတော်သည် အနက်ရောင် သ တ္တုအမြောက်အမြားကို ဝယ်ယူနိုင်ခဲ့သဖြင့် အနာဂ တ်တွင် မှော်လက်နက်ရာပေါင်းများစွာ ပေါ်ထွက်လ ာတော့မည်ဖြစ်ရာ သူ့ ကိုလည်း အနည်းဆုံး တစ် လက်၊နှစ်လက်ခန့် ဆုလာဒ်အဖြစ် ချီးမြှင့်လိမ့်မည် ဟု သူက မျှော်လင့်ထားခဲ့၏။

​အချိန်စောသေးသည်ကို မြင်သောအခါ လျူယော င်က ခေါင်းခါကာ ပြန်ဖြေလိုက်သည်။

“ပြန်ဖို့ မလောသေးပါဘူး ..မင်းသား အဆင်ပြေရင် ကျုပ်နဲ့ ခဏ လမ်းလျှောက်ထွက်ရအောင်လေ ..”

​

ဒုတိယမင်းသားကလည်း ချက်ချင်းပင် ဝမ်းမြောက် ဝမ်းသာ သဘောတူလိုက်၏။လျူယောင်ကဲ့သို့ ပုဂ္ဂို လ်အတွက် လမ်းပြအဖြစ် လိုက်ပါခွင့်ရခြင်းမှာ သူ့ အတွက်မူ အလွန်ဂုဏ်ယူစရာကောင်းသော အရာဟု ပင် ခံစားနေရသည်။

​ထို့ကြောင့် ဒုတိယမင်းသားသည် လျူယောင်ကို မြို့ တော်အနှံ့ လိုက်လံပို့ဆောင်ပေးလိုက်၏။သူသည် မြို့တော်၏ အခြေအနေအရပ်ရပ်ကို အလွန်နှံ့စပ် သူဖြစ်သဖြင့် လျူယောင်အား လမ်းတစ်လျှောက် စိ တ်ဝင်စားစရာ အကြောင်းအရာများကိုလည်း အ သေးစိတ် ရှင်းပြကာ မိတ်ဆက်ပေးလိုက်သည်။

​တစ်ဖက်တွင်လည်း လုံချွမ်းသည်လည်း အနက်ရော င်သတ္တု ပေါင်တစ်ထောင်ကျော်ကို ရရှိခဲ့သည့်အတွ က် အတိုင်းထက်အလွန် ပျော်ရွှင်နေမိသည်။

သူ့ဘက် က ရွှေတင်းတစ်သန်း၊သိုလှောင်လက်စွပ်နှ င့်ကော င်းကင်ဘုံအဆင့် ဓားသိုင်းကျမ်းတို့ကို ပေး လိုက်ရသော်လည်း ရလာမည့် အကျိုး ကျေးဇူးနှင့် နှိုင်းယှဉ်လျှင် ထိုအရာများကို ပေးလိုက်ရခြင်းအ တွ က် သူသည် အနည်းငယ်မျှပင် နှမြောတသ ဖြစ် ခြင်း မရှိတော့ပေ။

အဓိကအချက်မှာ ပေါင်တစ်ထောင်ကျော်သော အ နက်ရောင်သတ္တုကို သူ ပိုင်ဆိုင်လိုက်နိုင်ပြီဖြစ်၍ မှေ ာ်လက်နက်အမြောက်အမြားကို စိတ်ကြိုက်ဖန်တီး နိုင်တော့မည်လေ။

​အင်ပါယာအတွင်း၌မူ မှော်လက်နက်သွန်းလုပ်ရန် အတွက် ကျွမ်းကျင်သော လက်နက်ပညာရှင်များ ရှ ားပါးမှုမရှိပေ။သူ၏ ဧကရာဇ်အရှိန်အဝါနှင့် အဆ င့် အတန်းအရ ထိပ်တန်းလက်မူပညာရှင်များကို သေချာပေါက် စုစည်းအသုံးပြုမည်ဖြစ်သည်။

သူ၏ အမိန့်အာဏာအောက်တွင် လုပ်ငန်းစဉ်များမှာ အလွန်လျင်မြန်လှရာ တစ်ရက်မပြည့်မီမှာပင် လက် နက်သွန်းလုပ်ရေးလုပ်ငန်းများအား စတင်နိုင်ခဲ့၏။

ဧကရာဇ်​လုံချွမ်းသည်လည်း ထိုသတ္တုများမှ ထွက် ပေါ်လာမည့် မှော်လက်နက်များကို အားတက်သရော မျှော်လင့်နေမိသည်။

​သို့သော်လည်း မကြာမီတွင် ဖြစ်ပျက်လာသော အ ခြေအနေများက လက်နက်သွန်းလုပ်ခြင်းထက် ပို၍ အရေးကြီးနေသဖြင့် ထိုအလုပ်ကို သူက ခေတ္တ ဘေ း ဖယ်ထားလိုက်ရ၏။အကြောင်းရင်းမှာ မှော်လ က်နက်များထက်ပင် ပို၍ အရေးတကြီး ဖြေရှင်းရမ ည့် ကိစ္စရပ်တစ်ခု ပေါ်ပေါက်လာသောကြောင့်ပင်။

​မဟာရှအင်ပါယာ၏ ဧကရာဇ်ပီပီ လုံချွမ်းထံသို့ ရေ ာက်ရှိလာသော သတင်းအချက်အလက်များမှာ အ လွန်တိကျပြီး လျင်မြန်လှ၏။အင်ပါယာတစ်ဝန်းလုံ း ရှိ သတင်းမျိုးစုံကို စာပို့ခိုများမှတစ်ဆင့် မြို့တေ ာ်သို့ နေ့စဥ် ပေးပို့လျက်ရှိသည်။

​ထိုသတင်းများအား အရာရှိများက စစ်ဆေးပြီး စန စ်တကျ ခွဲခြမ်း စိတ်ဖြာပြီးနောက်ထူးခြားပြီး အရေး ကြီးလွန်းသည့် သတင်းအချက်အလက်အချို့မှာမူ ဧကရာဇ်လုန်ချွမ်း၏ လက်ထဲသို့ တိုက်ရိုက် ရောက် လာခဲ့၏။

All Chapters