← Chapters

ဧကရာဇ်ကိုယ်တိုင် ရောက်လာခြင်း

Vol. 55 Ch. 651

ဧကရာဇ်ကိုယ်တိုင် ရောက်လာခြင်း

Vol. 55 Ch. 651

​ထောက်လှမ်းရေး တာဝန်ယူထားရသည့် အကြီးတန် း အရာရှိတစ်ဦးသည် ဧကရာဇ်လုံချွမ်း ရှေ့မှောက် တွင် ဒူးထောက်ကာ အစီရင်ခံနေသည်။အစပိုင်းတွင် ဧကရာဇ်၏ မျက်နှာတော်မှာ ရေပြင်ကဲ့သို့ တည်ငြိမ် နေသော်လည်း အစီရင်ခံစာကို နားထောင်ပြီးသော အ ခါ သူသည် ရုတ်တရက် မတ်တပ် ထရပ်လိုက်မိ ၏။

​တစ်နိုင်ငံလုံးကို အုပ်ချုပ်နေသည့် ဧကရာဇ်တစ်ပါး အနေဖြင့် လူရှေ့သူရှေ့တွင် အမူအရာမထိန်းနိုင်ဘဲ ထိတ်လန့်တကြား ထရပ်လိုက်ခြင်းမှာ အလွန်ပင်ထူ းခြားလှ၏။

သူ့ပုံစံမှာ အစီရင်ခံစာမှာပါသည့် အကြောင်းအရာ သည် မည်မျှအထိ အရေးကြီးနေသလဲဆိုသည်အား သက်သေပြနေသကဲ့သို့ပင်။

​ဘေးမှကြည့်နေသည့် ထောက်လှမ်းရေးအရာရှိမှာ လည်း ဧကရာဇ်၏ တုံ့ပြန်မှုကြောင့် အံ့အားသင့်သွာ းရသည်။မည်သူမဆို ထိုနေရာတွင်ရှိနေပါက ဧက ရာဇ်၏ ထူးကဲသော တုံ့ပြန်မှုကြောင့် ကြောင်စီစီ ဖြ စ်သွားကြမည်သာ။

​“ဒီသတင်းက အမှန်ပဲလား.."

​ထိုသို့ သူက ပြန်မေးလိုက်သော်လည်း ဤဖြစ်ရပ်သ ည် အမှန်ဖြစ်နေမည်ကို သူကိုယ်တိုင် သိရှိပြီးသားဖြ စ်သည်။မည်သည့်လက်အောက်ငယ်သားမှ ဧကရာ ဇ်အား လိမ်လည် သတင်းပို့ရဲသည့် သတ္တိမရှိပေ။

ဧကရာဇ်တစ်ဦးကို လိမ်လည်ခြင်းသည် ခေါင်းဖြတ် ဒဏ်သင့်မည့် ပြစ်မှုကြီးပင် မဟုတ်ပေလော။

အပြင်ပန်းတွင်မူ ဧကရာဇ်လုံချွမ်းသည် တည်ညိမ်စွ ာ ဖြင့် အစီရင်ခံစာကို ဆက်လက်နားထောင်နေဟ န် ရှိသော်လည်း သူ့ စိတ်ထဲတွင်မူ ပြင်းထန်သော ထိ တ်လန့်တုန်လှုပ်မှုတို့ဖြင့် ပြည့်နှက်နေပေသည်။သူ့ စိ တ်ထဲတွင် မခံမရပ်နိုင်ဖြစ်လွန်းသဖြင့် ရှေ့မှအရာရှိ တင်ပြနေသည်များကိုပင် ကောင်းကောင်း သတိမ ထားမိတော့ဘဲ တောင်စဉ်ရေမရ တွေးနေမိ၏။

​ဧကရာဇ်လုံချွမ်းက စိတ်ထဲကနေ ရေရွတ်မိလိုက်သ ည်။

​"သူတို့အားလုံးရဲ့ ကျင့်ကြံခြင်း တိုးတက်မှုနူန်းကမှေ ာ် ဆန်လွန်းအောင် မြန်ဆန်နေတယ်..ဒါဟာ သေချ ာ ပေါက် ဆရာလျူကြောင့်ပဲ ဖြစ်ရမယ်.. ဆရာ လျူ မှာ ကောင်းကင်ဘုံကိုတောင် အာခံနိုင်တဲ့ ဒီလို စွမ်းရည်မျိုး ရှိလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးမိခဲ့ ဘူးကွာ...."

​

​လူတစ်ယောက် မွေးဖွားလာချိန်တွင် ပါလာသည့် ပ င်ကိုယ် အရည်အချင်းသည် အခြေခံအားဖြင့် ပြော င်းလဲ၍မရသော သဘာဝတရား၏ ဖန်တီးမှုဟူ၍ လူတိုင်းက လက်ခံထားကြသည်။

​သူကိုယ်တိုင်ပင် တိုင်းပြည်ကို အုပ်ချုပ်သည့် ဧကရ ာဇ်တစ်ပါးဖြစ်သလို တစ်ဖက်တွင်လည်း ကောင်း ကင်ပထမအဆင့် ကျင့်ကြံသူတစ်ဦးလည်း ဖြစ်၏။ သူသည် ဤကမ္ဘာမှာရှိသည့် ရုပ်ဝတ္ထုပစ္စည်း မှန်သ မျှကို လို ချင်သလောက် ရယူနိုင်စွမ်းရှိသော်လည်း ကျင့်ကြံသူတစ်ဦး၏ "မွေးရာပါ အရည်အချင်း" ကို မူ သူကိုယ်တိုင်ပင် ပြောင်းလဲနိုင်စွမ်း မရှိခဲ့ပေ။

​

​အကယ်၍သာ သူ့ထံတွင် ထိုအရည်အချင်းကို ပြော င်းလဲနိုင်သည့် နည်းလမ်းရှိခဲ့လျှင် သူ့ကိုယ်သူ ပထ မဆုံး ပြုပြင်မည်မှာ အမှန်ပင်။

အဘယ့်ကြောင့်ဆိုသော် သူသည် ကောင်းကင်ပထ မအဆင့်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေခဲ့ပြီး နော က် ထပ်တစ်ဆင့် တက်လှမ်းရန် မည်သို့မျှ မဖြစ်နိုင် ကာ အားမလိုအားမရဖြစ်ခြင်းတို့ဖြင့် နေ့ရက်များစွ ာကို ဖြတ်သန်းနေရသူလည်း ဖြစ်၏။

​အကယ်၍သာ တစ်စုံတစ်ယောက်က သူ့အား "ဧက ရာဇ်အဖြစ် ဆက်ရှိနေမလား" သို့မဟုတ် "အဆင့်မြ င့် ကောင်းကင်ကျင့်ကြံသူ ဖြစ်မလား" ဟု ရွေးချယ် ခိုင်းမည်ဆိုပါက သူ လုံချွမ်းက ဒုတိယအချက်ကို သာ မဆိုင်းမတွ ရွေးချယ်ပေလိမ့်မည်။

​အကြောင်းရင်းမှာ ဧကရာဇ် အာဏာသည် ခဏတာ သာ ဖြစ်သော်လည်း ကောင်းကင်အဆင့်မြင့် ကျင့် ကြံသူ ဖြစ်လာပါက သူ့ သက်တမ်းမှာ နှစ်ပေါင်း နှစ် ရာ၊သုံးရာအထိ ရှည်ကြာနိုင်ပြီး သာမာန်လူသားတို့ ထက်သာလွန်သည့် ဘဝကို ပိုင်ဆိုင်နိုင်မည် ဖြစ်သေ ာကြောင့်ပင်။

​

အစီရင်ခံစာကို နားထောင်ပြီးနောက် ဧကရာဇ်လုံချွ မ်း၏ စိတ်အစုံသည် လှိုင်းထန်နေသော ပင်လယ်ပြ င်ကဲ့သို့ အချိန်အတော်ကြာအောင် တည်ညိမ်မူ မရနို င်ခဲ့ပေ။ထို သတင်းသည် သူ၏ နှလုံးသားကို ပြင်း ထန်စွာ ရိုက်ခတ်သွားပြီး ကြီးမားသော တုန်လှုပ်မှု ကို ဖြစ်ပေါ်စေခဲ့သည်။

​အချိန်အတန်ကြာမှ ဧကဧကရာဇ်လုံချွမ်းသည် စိတ် ကိုအတင်းထိန်း ချုပ်ကာ အနည်းငယ် ညိမ်သက် သွ ားချိန်တွင်မူ လက်ကိုဝှေ့ယမ်းကာ ပြတ်သားသော အသံဖြင့် အမိန့်ပေးလိုက်သည်။

​

“အမိန့်ထုတ်ပြန်လိုက်စမ်း... ဆရာလျူကို အခုချက် ချင်း နန်းတော်ထဲ ဖိတ်ခေါ်လိုက်...”

​ဘေးမှာ ရှိနေသည့် နန်းတွင်းအမတ်က လျူယောင် ကို ဖိတ်ခေါ်ရန် အမိန့်စာထုတ်ပြန်ရန် ပြင်လိုက်စဉ် မှာပင် လုံချွမ်းက တစ်စုံတစ်ခုကို သတိရသွားဟန် ဖြင့် တားမြစ်လိုက်၏။

​

“နေဦး... အမိန့်စာ မထုတ်နဲ့တော့.. ငါကိုယ်တိုင်ပဲသွ ားမယ်.."

​လျူယောင်သည် ကောင်းကင်အဆင့်ထက်ပင် ကျေ ာ်လွန်နေသည့် ကျင့်ကြံသူတစ်ဦး ဖြစ်နိုင်သည်ဟု တွေးမိသည်နှင့်တစ်ပြိုင်နက် လုံချွမ်းသည် သူ၏ ဧ ကရာဇ်မာန်မာနကို ဘေးဖယ်ထားကာ ကိုယ်တိုင်ကို ယ်ကျသွား ရောက်တွေ့ဆုံရန် ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်သည် ။

​.....

​ဧကရာဇ်တစ်ပါး နန်းတော်ပြင်ပသို့ ထွက်ခွာခြင်းမှာ သာမန်ကိစ္စမဟုတ်ပေ။

လူရာပေါင်းများစွာ ခြံရံထားသည့် စစ်ကြောင်းကြီး သည် စစ်ချီတက်နေသကဲ့သို့ ခမ်းနားထည်ဝါလွန်း လှ၏။များပြားသော စစ်သည်တော်များ လမ်းမပေါ် သို့ စီတန်းလှည့်လည်လာသောအခါ မြို့သူမြို့သား တွေ၏ အကြည့်များမှာ ထိုစစ်ကြောင်းကြီးဆီသို့သ ာ ရောက်ရှိနေပေသည်။

​မြို့သူမြို့သားများက အံ့အားသင့်ကာ အ ချင်းချင်း တီးတိုးရေရွတ်လိုက်ကြ၏။

​“နန်းတော်ပြင်ပကို ဧကရာဇ်ကြီး မထွက်တာ နှစ်ပေါ င်းများစွာ ရှိပြီပဲ.. အခုကိုယ်တိုင်ကြွလာတာ .ဘာကိ စ္စများပါလိမ့်..”

​“ကြည့်စမ်း... ဒီလှုပ်ရှားမှုကြီးက တကယ့်ကို အံ့မခ န်းပဲကွာ..”

​“ဧကရာဇ်ကြီး ဘယ်ကို ကြွမြန်းနေတာလဲဆိုတာ မင် းတို့ သိကြလား..”

​လူအုပ်ကြီးသည် အပူတပြင်း ဆွေးနွေးရင်း ထိုသို့ စူးစမ်း နေကြသည်။ထိုကဲ့သို့ ရှားပါးလှသော မြင်ကွ င်းကို မြင်တွေ့နိုင်ရန် အချို့လူများမှာမူ သတင်း ကြ ားပြီးလမ်းတစ်လျှောက် ပြေးလွှားလာကြကာ ခြေ ဖျားထောက်၍ ခမ်းနားလှသော နဂါးရထားလုံးတော် ကြီးနှင့် ခြံရံလာသည့် စစ်သည်တော်များအား ကြ ည့်ရှုနေကြ၏။

.......

ဒုတိယမင်းသား၏ စံအိမ်၊ဧည့်ခန်းမဆောင်အတွင်း ၌..

​လေထုမှာမူ ကြည်နူးစရာကောင်းနေသည်။ဒုတိယမ င်းသားနှင့် လျူယောင် တို့သည် လက်ဖက်ရည်ကိုမြိ န်ယှက်စွာ သောက်သုံးရင်း ရယ်ရယ်မောမော စကား လက်ဆုံကျနေကြ၏။

​လွန်ခဲ့သည့် နှစ်ရက်အတွင်း လျူယောင်သည် အပြ င်သို့ ထွက်လေ့မရှိဘဲ သူ၏ အချိန်အများစုကို ကျင့် ကြံရင်းသာ ကုန်ဆုံးခဲ့သည်။ထိုသို့ လေ့ကျင့်မှုကြော င့် သူ၏ စွမ်းရည်များ သိသိသာသာ တိုးတက်လာပြီ းနောက် ယခုအခါတွင်မူ လျူယောင်သည် သူ့အိမ် သို့ ပြန်ရန် အချိန်တန်ပြီဟု ဆုံးဖြတ်လိုက်၏။

​ဤတစ်ခေါက် သူ ထွက်လာသည်မှာ ဆယ်ရက် ကျော်ကြာမြင့်ခဲ့ပြီဖြစ်သည်။

ကိုယ်ခံပညာ ထွန်းကားသည့် ဤကမ္ဘာတွင် သူ ဆ က်လက်နေထိုင်လိုသော်လည်း လက်တွေ့တွင် မဖြ စ်နိုင်ကြောင်း သူ ကောင်းကောင်းသိထား၏။ဤနေ ရာသည် ကိုယ်ခံပညာ လေ့ကျင့်ရန် ကောင်းမွန်ပြီး အစေခံများ၏ ပြုစုယုယမှုက သက်သောင့် သက် သာ ရှိလှသော်လည်း လျူယောင်အတွက်မူ ဤကမ္ဘ ာသည် သူ မွေးဖွားရာ အရပ်မဟုတ်ပေ။

လျူယောင်က ပြုံးကာ ပြောလိုက်၏။

​“ဒုတိယမင်းသား.. ခင်ဗျားရဲ့ နွေးထွေးတဲ့ ဧည့်ဝတ် ပြုမှုအတွက် ကျေးဇူးအများကြီး တင်ပါတယ်.. ကျွ န်တော် နောက်ထပ် နှစ်ရက်နေရင် ဟိုင်ကျိုးမြို့ က စံအိမ်ကို ပြန်ဖို့ စီစဉ်ထားပါတယ်”

​ဒုတိယမင်းသား လုံကျွမ်းယိက စိတ်မကောင်းဖြစ် ဟန်ဖြင့် တောင်းဆိုလိုက်သည်။

“နောက်ထပ် ရက်နည်းနည်းလောက် ထပ်နေပါဦးလ ား ဆရာလျူရယ်..”

​လျူယောင်က ပြန်လည် အဖြေမပေးရသေးမီမှာပင် အစောင့်ခေါင်းဆောင်သည် ထိတ်လန့်တကြားပုံစံဖြ င့် ခန်းမထဲသို့ အပြေးအလွှား ဝင်ရောက်လာသည်။

​“ဒုတိယမင်းသား..ဒုတိယမင်းသား.အရှင်မင်းကြီး ကိုယ်တိုင် ကြွမြန်းလာပါပြီ..အခု စံအိမ်တံခါးဝကို တောင် ရောက်နေပါပြီဗျား..”

​

အိမ်တော်ထိန်း၏ အစီရင်ခံသံကြောင့် ခန်းမဆောင် အတွင်းရှိ နွေးထွေးသော လေထုသည် ရုတ်တရက် ညိမ်သက်သွားကာ ဒုတိယမင်းသား၏ မျက်နှာပေါ် တွင်လည်း အံ့သြမူများ ဖြစ်ပေါ်လာ၏။

​ဒုတိယမင်းသား လုံကျွမ်းယိတစ်ယောက် သူ့နားကို ပင် သူ မယုံနိုင်အောင် ဖြစ်သွားရသည်။

​သူသည် အသက် ၁၆ နှစ်အရွယ်ကတည်းက နန်း တော်မှ ထွက်ခွာလာပြီး သီးခြားစံအိမ်ဖြင့် နေထိုင် ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ထို ကာလတစ်လျှောက်လုံးတွင် သူ၏ ခမည်းတော် ဧ ကရာဇ်သည် သူ့စံအိမ်သို့ တစ်ကြိမ်တစ်ခါမျှ ကိုယ် တိုင်ကြွရောက်လာခြင်း မရှိခဲ့ဖူးပေ။

အရေးကြီးကိစ္စရှိသည် ဆိုပါက သူ ကိုယ်တိုင် နန်း တော်သို့ သွားရောက်ခြင်း သို့မဟုတ် နန်းတွင်းအမ တ်တစ်ဦးက အမိန့်တော်စာ လာရောက်ပို့ဆောင်ခြ င်းမျိုးသာ ရှိခဲ့သည်။

​"ဘာလည်း ဒီနေ့ ဘာတွေ ထူးခြားနေလို့ပါလိမ့်..."

​အံ့အားသင့်နေရန် အချိန်မရှိသဖြင့် သူသည် ချက်ချ င်း ထရပ်လိုက်ပြီး လျူယောင်အား အသိပေးလိုက် သည်။

​“ဆရာလျူ... ကျွန်တော့် ခမည်းတော် ကိုယ်တိုင် ဒီ ကို ကြွလာနေပါပြီ..ကျွန်တော် အခုချက်ချင်း တံခါး ဝကို သွားပြီး ကြိုဆိုရပါမယ်ခဗျ...”

​လျူယောင်က တည်ညိမ်စွာပင် ပြန်ပြောလိုက်လို က်၏။

"သွားလေ.. ကျုပ်အတွက် စိတ်ပူစရာမလိုပါဘူး”

​ဒုတိယမင်းသားသည် အခြံအရံများနှင့်အတူ စံအိမ် တံခါးဝသို့ အပြေးအလွှား သွားရောက်ကာ ဧကရာဇ် လုံချွမ်းကို ကြိုဆိုရန် မြေပြင်ပေါ်တွင် ဝပ်စင်းကာ ဒူ းထောက်ချလိုက်သည်။ခဏအကြာတွင်မူ ခမ်းနား ထည်ဝါလှသော နဂါးလှည်းရထားကြီးသည် စံအိမ် ရှေ့သို့ ဆိုက်ရောက်လာ၏။နန်းတွင်းအမတ်က လို က်ကာကို မတင်ပေးလိုက်သည်နှင့် ဧကရာဇ်သည် ရထားလုံးတော်ပေါ်မှ ခန့်ညားစွာ ဆင်းလာခဲ့သည်။

​“အရှင်ဧကရာဇ်ကြီး သက်တော်ရာကျော်.. ရှည်ပါ စေ..”

ထိုအချိန်တွင် ​ဒုတိယမင်းသားနှင့် အခြံအရံများ၏ ဂါရဝပြုသံများ ဟိန်းထွက်လာသည်။

​“အားလုံး ထကြတော့...”

​ဧကရာဇ်လုံချွမ်းက အမိန့်ပေးလိုက်ပြီးနောက် ဘေး ဘီကိုပင် ကြည့်မနေဘဲ သူသိလိုသောအရာကိုသာ တိုက်ရိုက်မေးမြန်းလိုက်၏။

​“သားတော်..ဆရာလျူက မင်းရဲ့စံအိမ်မှာ ရှိနေသေး ရဲ့လား..”

​

ဧကရာဇ်၏ လေသံထဲတွင် စိုးရိမ်စိတ်နှင့် မျှော်လင့် ချက်တို့ ရောပြွမ်းနေသည်အား ဒုတိယမင်းသားက အတိုင်းသား ခံစားလိုက်ရသည်။

လုံကျွမ်းယိီက ရိုသေစွာ ဖြေကြားလိုက်၏။

​“ခမည်းတော်... ဆရာလျူက အခု စံအိမ်ထဲမှာ ရှိနေ ပါတယ်.. သားတော်နဲ့ လက်ဖက်ရည်သောက်ရင်း စ ကားပြောနေကြတာပါ”

​ဧကရာဇ်လုံချွမ်းက စိတ်လှုပ်ရှားစွာ ပြောလိုက်သ ည်။

“ဒါဆိုရင် ငါ့ကို အထဲကို အမြန်ဆုံး ခေါ်သွားပေးစမ်း . .ငါ အခု နန်းတော်က ထွက်လာတာဟာ ဆရာလျူ ကို အထူးတလည် လာရောက်တွေ့ဆုံတာပဲ ဖြစ်တ ယ် ..”

​ထိုစကားကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူအားလုံးမှ ာ တိတ်ဆိတ်ငြိမ်သက်ကာ အံ့အားသင့်သွားကြ၏ ။ဧကရာဇ်တစ်ပါးအနေဖြင့် ဆရာလျူကို နန်းတော် သို့ လာရောက်ရန် အမိန့်တော်ဆင့်ခေါ်ရမည့်အစား သူကိုယ်တိုင် စံအိမ်သို့ နှိမ့်ချစွာ ကြွမြန်းလာလိမ့်မ ည်ဟု မည်သူမျှ မထင်မှတ်ထားခဲ့ကြပေ။

​“ဆရာလျူဟာ တကယ့်ကို ပြိုင်ဘက်ကင်းတာပဲ....”

ဘေးမှ ကြည့်နေသူများသာမက ဒုတိယမင်းသားကို ယ်တိုင်လည်း လျူယောင်အပေါ် ထားရှိသည့် လေး စားမှုမှာ ယခင်ကထက် တိုးလာခဲ့သည်။

​......

​ဒုတိယမင်းသားလုံကျွမ်းယိ ရှေ့မှ လမ်းပြလျက် ဧ ကရာဇ်ကို ခန်းမဆောင်အတွင်းသို့ ခေါ်လာလိုက်၏ ။စစ်သည်တော်များမှာမူ စံအိမ်အပြင်ဘက်၌သာ တ န်းစီကာ စောင့်ဆိုင်းနေကြသည်။

​

ဧကရာဇ်လုံချွမ်းသည် ခန်းမထဲသို့ ဝင်ဝင်ချင်းမှာပင် လက်ဖက်ရည်ခွက်ကို ကိုင်ကာ တည်ငြိမ်စွာ ထိုင်နေ သော လျူယောင်အား တွေ့လိုက်ရ၏။ဧကရာဇ်သ ည် သူ့ မာန်မာနများကို လုံးဝဘေးဖယ်ထားကာ အ လွန်ယဉ်ကျေးပျူငှာသော လေသံဖြင့် ဦးစွာ နှုတ် ဆက်လိုက်သည်။

​“ဆရာလျူ... ကျွန်ုပ် လာရောက်တာ.. ဆရာ့ကို အ နှောက်အယှက် ပေးမိပြီ ထင်ပါတယ်”

​တစ်နိုင်ငံလုံးကို အုပ်ချုပ်နေသည့် ဧကရာဇ်တစ်ပါး က သာမန်လူငယ်တစ်ဦးကဲ့သို့ ထင်ရသော လျူယေ ာင်ကို ထိုမျှအထိ ရိုသေစွာ ဆက်ဆံနေရခြင်းမှာ မြ င်တွေ့ရခဲလှသည့် ထူးခြားသော မြင်ကွင်းတစ်ခုပင် ဖြစ်နေပေသည်။

ဧကရာဇ်ကိုယ်တိုင် သူရှိရာသို့ ကြွရောက်လာခြင်းအ ပေါ် လျူယောင်လည်း အနည်းငယ် အံ့အားသင့်မိခဲ့ သည်။ဧကရာဇ်တစ်ပါး၏ ဂုဏ်ပုဒ်နှင့် ထိုမျှအထိ နှိ မ့်ချစွာ လာရောက်လိမ့်မည်ဟု သူ လုံးဝ မမျှော်လင့် ထားခဲ့ပေ။

လျူယောင်က တည်ညိမ်စွာပင် မေးမြန်းလိုက်၏။

​“အရှင်ဧကရာဇ်ကြီး ကျုပ်ဆီလာတာ အရေးကြီး ကိ စ္စရှိလို့လား”

​လက်ရှိတွင် လျူယောင်အနေဖြင့် ဧကရာဇ် ရောက် လာရသည့် အကြောင်းရင်းအား ခန့်မှန်းရခက်နေသ ည်။ထို ဧကရာဇ်ကြီးလိုချင်သည့် အနက်ရောင် သ တ္တုများကိုလည်း သူက ပေးခဲ့ပြီးပြီ မဟုတ်ပေလေ ာ။

လျူယောင်တစ်ယောက် စိတ်ထဲမှ တွေဝေစွာ တွေး မိလိုက်၏။

​“ငါ ပေးလိုက်တာ နှစ်ရက်ပဲ ရှိသေးတယ်... ဘာ ကိ စ္စများ ရှိလို့ပါလိမ့်.."

​

​ဧကရာဇ်လုံချွမ်းက လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ပြပြီးနောက် ခြံရံလိုက်ပါလာသော လူအု ပ်ကြီးအား လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

​“အားလုံး အပြင်ကို ထွက်သွားကြ..ဆရာလျူနဲ့ ငါ အရေးကြီးတဲ့ ကိစ္စတစ်ခု ဆွေးနွေးစရာရှိတယ်..”

​

ဧကရာဇ်၏ အမိန့်တော်ကြောင့် နန်းတွင်းအမတ်ချု ပ်ကြီး၊ကိုယ်ရံတော်တစ်ဦးနှင့် ဒုတိယမင်းသားတို့မှ လွဲ၍ ကျန်လူများမှာမူ ခန်းမဆောင်အတွင်းမှ အမြန် ထွက်ခွာသွားကြ၏။

​ခန်းမဆောင်၏ ဝင်ပေါက်တွင်မူ သိုင်းပညာထူးချွန် သော ကိုယ်ရံတော်နှစ်ဦးက ဘယ်ညာတစ်ဖက်စီတွ င် နေရာယူကာ မည်သူမျှ အနားမကပ်နိုင်ရန် စောင့် ကြည့်နေကြသည်။ခန်းမအတွင်းရှိ လေထုမှာမူ ရုတ် တရက် အရေးကြီးသော လျှို့ဝှက်ချက်တစ်ခုအား ဖော်ထုတ်တော့မည့်အလား တိတ်စိတ်နေ၏။

All Chapters