ဘုရားရေ ဒါက ဘယ်လိုမှ မဖြစ်နိုင် ဘူး..
Vol. 55 Ch. 652
ခန်းမအတွင်း၌မူ ရုတ်တရက် တိတ်ဆိတ်ငြိမ်သက် ကုန်၏။လူများအားလုံး ဆုတ်ခွာသွားကြသည်ကို မြ င်သောအခါ ဧကရာဇ်လုံချွမ်းက စကားစလိုက်သည် ။
“အခုလို အလောတကြီး ရောက်လာမိတဲ့အတွက် တောင်းပန်ပါတယ် ဆရာလျူ...”
“အရှင်ဧကရာဇ်.. အားနာမနေပါနဲ့ ဒဲ့ပဲပြောလိုက်ပါ ကျွန်တော့်ဘက်က ဘာမှကန့်ကွက်စရာ မရှိပါဘူး.."
လျူယောင်၏ စကားကြောင့် ဧကရာဇ်လုံချွမ်းက အနည်းငယ် စိတ်အေးသွားဟန်ဖြင့် ဆက်ပြောလိုက် ၏။
“ဒါဆိုရင်လည်း ကျွန်ုပ် တိုက်ရိုက်ပဲ ပြောပါရစေ.. ကျွန်ုပ်တို့ စုံစမ်းသိရှိထားရသလောက်... ဆရာလျူ ရဲ့ ဟိုင်ကျိုးစံအိမ်က အိမ်တော်ထိန်း၊အစောင့်ခေါင်း ဆောင်နဲ့ တခြားသူတွေရဲ့ ကျင့်ကြံနူန်းတွေက သိ သိသာသာ တိုးတက်လာတယ်လို့ သိရပါတယ် ဒါက ..ဘယ်လိုဖြစ်တာလဲဗျာ.”
ဧကရာဇ်လုံချွမ်းက အခြေအနေကို အတိုချုပ် ရှင်း ပြလိုက်သောအခါ လျူယောင်က အကြောင်းရင်း မှန်ကို ချက်ချင်းပင် ရိပ်မိသွားပြီး ပွင့်ပွင့်လင်းလင်း ပင် ဝန်ခံလိုက်သည်။
“မှန်ပါတယ်... ဧကရာဇ်ကြီး သိထားတဲ့အတိုင်းပါပဲ”
အကြောင်းစုံကို လူတိုင်းသိရှိသွားပြီဖြစ်၍ လျူယေ ာင်က ဖုံးကွယ်မနေတော့ဘဲ ပြတ်ပြတ်သားသား ဝ န်ခံလိုက်ခြင်းပင်။
လျူယောင်၏ အတည်ပြုချက်ကို ကြားလိုက်ရချိန် တွင် ဧကရာဇ်လုံချွမ်း၏ မျက်နှာပေါ်တွင် စိတ်လှုပ် ရှားမှုများ အထင်းသား ပေါ်လွင်လာပြီး အားကိုးတ ကြီးဖြင့် မေးလိုက်ပေသည်။
“ဒါဆိုရင် ဆရာလျူ့ဆီမှာ... ကျင့်ကြံသူရဲ့ ပါရမီနဲ့ အရည်အချင်းတွေကို တိုးတက်အောင် လုပ်ပေးနိုင် တဲ့ နည်းလမ်းတွေ တကယ်ပဲ ရှိနေတာပေါ့ ဟုတ်ပါ သလား..”
စကားဆုံးသွားသည်နှင့် သူသည် လျူယောင်ကို မျှော်လင့်ချက်အပြည့်ဖြင့် စိုက်ကြည့်နေမိပြီး ရင် ထဲတွင်လည်း တုန်ယင်နေ၏။
ကျင့်ကြံသူ၏ ပါရမီကို မြှင့်တင်ပေးနိုင်သည် ဆို သော အချက်မှာ ကျင့်ကြံသူတိုင်းအား အရူးအမူး ဖြစ်သွားစေနိုင်ပေသည်။
ဧကရာဇ်လုံချွမ်းက စိတ်ထဲမှလည်း တိတ်တိတ် လေး တွေးမိလိုက်၏။
“တကယ်လို့ ဆရာလျူက ကျင့်ကြံနူန်းကို တကယ်ပဲ တိုးတက်အောင် လုပ်ပေးနိုင်မယ်ဆိုရင် ဘယ်လော က်ပဲ ပေးဆပ်ရပါစေ ငါ့ကို ကူညီပေးဖို့ တောင်းဆို ရမယ်..ငါက ကောင်းကင်အဆင့်တစ်မှာ ရပ်တန့်နေ တာ ကြာလှပြီကွာ.."
သူ့အတွက်မူ ထိုအရာမှာ အံ့အားသင့်စရာထက်ပင် ကျော်လွန်နေပြီး အတန်ကြာအောင် ဆွံ့အခဲ့ရသည်။ ဆရာလျူ့ထံတွင် ထိုကဲ့သို့ အံ့ဖွယ်စွမ်းအားမျိုး အ မှန်တကယ် ရှိလိမ့်မည်ဟု ဧကရာဇ်လုံချွမ်းတစ်ယေ ာ က် တစ်ခါမျှ မတွေးမိခဲ့ပေ။
လုံချွမ်းနှင့် သူ၏သားဖြစ်သူတို့ထံမှ ပြင်းပြသော မျှော်လင့်ချက်များကို ခံစားမိသောအခါ လျူယော င်က အနည်းငယ် ခေါင်းညိတ်ပြကာ ရှင်းပြလိုက်၏ ။
“ဟုတ်ပါတယ်.. ကျုပ်မှာ အဲဒီလို လုပ်ပေးနိုင်တဲ့ န ည်းလမ်းတွေ ရှိတယ်..ကျင့်ကြံသူရဲ့ ပါရမီကို အ များကြီး မြှင့်တင်ပေးနိုင်သလို ကျင့်ကြံနှုန်းကလ ည်း သိသိသာသာ မြန်လာနိုင်ပါတယ်..”
လျူယောင်က ဆက်၍ ပြောလိုက်သည်။
“ကျုပ်ရဲ့ အိမ်တော်ထိန်းထန်ဟုန်ယီဆိုရင် အသက် ၄၀ ကျော်နေပြီး သူက‘ဟွမ်’အဆင့်ပဲ ရှိသေးတယ်.. ဒါပေမဲ့ သူရဲ့ ပါရမီကို ကျုပ် မြှင့်တင်ပေးပြီးတဲ့နေ ာက် နှစ်လကျော်အတွင်းမှာတင် သူက မြေကမ္ဘာ အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တယ်...”
ထိုစကားကို ကြားလိုက်ရချိန်တွင်မူ ဧကရာဇ်လုံချွမ် းမှာ ကြက်သေသေသွားကာ အသက်ရှူပင် မှားမတ တ် ဖြစ်သွားရ၏။သူ့ တစ်ကိုယ်လုံးမှာလည်း အ ကြောများ ပိတ်ခံထားရသလို တောင့်တင်းသွားပြီး ဘာစကားမှပင် ထွက်မလာခဲ့ချေ။
"ဘုရားရေ ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ဟာပဲ.."
သူ့ဘဝတစ်လျှောက်လုံး နားလည်လက်ခံထားသည့် အယူအဆများအားလုံးကို ပြောင်းပြန်လှန်လိုက်သ လိုမျိုး သူ ခံစားလိုက်ရခြင်းဖြစ်သည်။သူသိသလေ ာက်ဆိုလျှင် ပါရမီအရှိဆုံး ကျင့်ကြံသူများပင်လျှင် နှစ်လအတွင်း ‘ဟွမ်’အဆင့်မှ ‘မြေ’ကမ္ဘာအဆင့်သို့ ရောက်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
နှစ်လမပြောနှင့် နှစ်နှစ်အတွင်း တက်လှမ်းနိုင်သူကို ပင် လက်ချိုးကာ ရေတွက်၍ ရ၏။
သာမာန် ကျင့်ကြံတစ်ဦးအနေဖြင့်မူ ထိုအဆင့်သို့ ရောက်ရန် နှစ်ပေါင်း ၂၀ ကျော်မျှ အချိန်ယူရလေ့ ရှိ၏။ထိုကဲ့သို့ အလွန်ရှားပါးလှသော ပါရမီရှင်မျိုး မှာ ရာစုနှစ်နှင့်ချီ၍ တစ်ဦးစ၊နှစ်ဦးစသာ ပေါ်ထွန်း ခဲ့ဖူးသော်လည်း ယခုမူ ဆရာလျူ၏ အစွမ်းဖြင့် သ ာမာန်ကျင့်ကြံသူအချို့မှာ နှစ်လအတွင်း ထိုအမြ န်နူန်းကို ရောက်လာခဲ့သည်။
ဒုတိယမင်းသားလုံကျွမ်းယိမှာမူ ကြောင်တောင်တေ ာင် ဖြစ်နေဆဲပင်။
ဧကရာဇ်လုံချွမ်းက နည်းနည်း တည်ညိမ်နေ၏။သူ သည် ထိုကိစ္စနှင့် ပတ်သက်၍ သတင်းအချို့အား ကြိုရထားသဖြင့် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားပြီး သား ဖြစ်သောကြောင့်ပင်။သို့သော်လည်း လျူယေ ာင်၏ စကားများကို ကြားလိုက်ရချိန်တွင်မူ သူ့ ရ င်ထဲတွင်လည်း ထိတ်လန့်တုန်လှုပ်နေရဆဲ ဖြစ်သ ည်။
ဧကရာဇ်လုံချွမ်းသည် စိတ်လှုပ်ရှားမှုကို အတတ်နိုင် ဆုံး ထိန်းချုပ်ရင်း စမ်းသပ်သည့်သဘောဖြင့် မေး လိုက်သည်။
“ဆရာလျူ... ကျွန်ုပ်က ကောင်းကင်အဆင့်တစ်မှာ ပိတ်မိနေတာ နှစ်ပေါင်းများစွာ ကြာနေပါပြီ ဘယ် လိုမှ တိုးတက်မလာတော့ဘူး.တကယ်လို့ ဆရာ လျူသာ ကူညီပေးမယ်ဆိုရင် ကျွန်တော့်ရဲ့ ပါရမီ ကိုရော မြှင့်တင်ပေးလို့ ရနိုင်မလား...”
“ရတာပေါ့... ဒါက ပြဿနာမဟုတ်ပါဘူး. ဧကရာဇ် ကြီးသာ အလိုရှိမယ်ဆိုရင် ကျုပ်ဘက်က ကျင့်ကြံ နူန်း တိုးတက်အောင် လုပ်ပေးနိုင်ပါတယ်...”
“အာ... တကယ်ကြီးလား...”
ဧကရာဇ်လုံချွမ်းက မယုံနိုင်သလို ပြန်မေးမိလိုက် သည်။
“သေချာပါတယ် ဒါက ဘာမှ မခက်ခဲပါဘူး..”
လျူယောင်က ယုံကြည်မှုအပြည့်ဖြင့် ပြန်ဖြေလိုက် ၏။သူ့အတွက်မူ ထိုအရာမှာ အမှန်တကယ်ပင် လွ ယ်ကူလွန်းလှသည်။
ထိုစကားကို ကြားရသောအခါ ဧကရာဇ်လုံချွမ်း၏ နှလုံးမှာမူ ပြင်းထန်စွာ ခုန်လာ၏။သူက ဧကရာဇ် တစ်ပါးအဖြစ် နှစ်ပေါင်းများစွာ စိုးစံလာခဲ့သဖြင့် စိတ်ဓာတ်ကြံ့ခိုင်မှုမှာ သာမန်ထက် ထူးကဲလှသော် လည်း ယခုအချိန်တွင်မူ သူ၏ စိတ်လှုပ်ရှားမှုများ အား မည်သို့မျှ ထိန်းချုပ်၍ မရနိုင်တော့ပေ။
“ဆ.. ဆရာလျူ..ကျွန်တော့်ရဲ့ ပါရမီကို မြှင့်တင်ပေး ဖို့ ကူညီပေးနိုင်မလားခင်ဗျာ.. အဲဒီအတွက် ဆရာ ဘာပဲလိုချင်လိုချင် တောင်းဆိုနိုင်ပါတယ်...”
လုံချွမ်း၏ လေသံမှာ စိတ်လှုပ်ရှားလွန်း၍ တုန်ယင် နေ၏။ပါရမီအရည်အချင်း မြင့်မားလာခြင်းသည် သူ၏ ကျင်ကြံခြင်း ခရီးလမ်းကို တစ်ဖန်ပြန်ရောက် လာခြင်းပင် ဖြစ်သည်။သူသည် ကောင်းကင်အဆင့် တစ်မှသည် ထိုထက်မြင့်မားသော အဆင့်များအထိ ဆက်လက်လေ့ကျင့်နိုင်တော့မည် မဟုတ်ပေလော။
“ကျွန်တော့်ဆီက ပေါင်တစ်ထောင်ကျော်ရှိတဲ့ အန က်ရောင်သတ္တုကို ဝယ်တုန်းက အရှင်က ငွေအမြော က်အမြား အသုံးပြုခဲ့တာပဲ ဒါကို ထောက်ထားပြီး အရှင့်အတွက် ကျုပ် အလကား မြှင့်တင်ပေးပါ့မယ်”
"အို... ဘုရားရေ..အလကားတဲ့လား.."
ဤသည်မှာ မယုံနိုင်စရာကောင်းလောက်အောင် ကောင်းမြတ်သည့် အခွင့်အရေးပင် မဟုတ်ပေလော ။
ဧကရာဇ်လုံချွမ်း၏အသံမှာ ပို၍ပင် တုန်ယင်လာပြီး ဤကဲ့သို့ ထပ်တလဲလဲ ပြောနေရှာသည်။
“ဆရာလျူ... ကျေးဇူးတင်ပါတယ်..တကယ်ကို ကျေးဇူးတင်ပါတယ်ဗျာ”
“ဒါပေမဲ့ အရှင့်ရဲ့ ကျင်ကြံနူန်း တိုးတက်လာဖို့ဆိုရင် ဆေးတစ်မျိုး သောက်ဖို့ လိုလိမ့်မယ်..အရှင်ဧကရာ ဇ် ဒီလုပ်လုပ်ဖို့ တကယ်ပဲ သေချာပြီလား”
ဧကရာဇ်လုံချွမ်းက ချက်ခြင်းပင် ပြန်ဖြေလိုက်၏။
“သေချာပါတယ် ဆရာလျူ..ကျေးဇူးပြုပြီး ကျွန် တော့်ကို ကူညီပေးပါ..”
ထိုအခါမှ လျူယောင့် စိတ်ထဲတွင်လည်း ကျေနပ်ခဲ့ ရသည်။ကြည့်ရသည်မှာ သူသည် ဧကရာဇ်တစ်ပါး အား ‘ညီငယ်’ တစ်ယောက်လို လက်အောက်ခံဖြစ် အောင် လုပ်နိုင်မည့် အခွင့်အရေး ရောက်လာပြီ ထ င်၏။
အမှန်တကယ်တွင်မူ ဧကရာဇ်လုံချွမ်း၏ ပါရမီကို မြှင့်တင်ပေးမည့် နည်းလမ်းမှာ အလွန်ပင် ရိုးရှင်းလှ သည်။သူ၏ အိမ်မွေးတိရစ္ဆာန်ချပ်ပြားထဲမှ စွမ်းရ ည် အမှတ်အချို့ကို အသုံးပြုကာ ဧကရာဇ်လုံချွမ်း ၏ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုထဲ၌ ပေါင်းထည့်ပေး လို က်ရန်သာ ဖြစ်၏။
ထိုသို့ သူ လုပ်ဆောင်ပေးလိုက်ပါက ဧကရာဇ်လုံချွ မ်း၏ ကျင့်ကြံနူန်းမှာ အနည်းဆုံး နှစ်ဆခန့် ပိုမိုမြန် ဆန်လာပေမည်။
သိုသော်လည်း ထို စွမ်းရည်အမှတ်များ ပေးအပ်ရာ တွင် သူ့ ထံ၌ အလွန်ထူးခြားသည့် လျှို့ဝှက်ချက် တစ်ခု ရှိနေသေး၏။ထိုအမှတ်များကို ရရှိသူသည် လျူယောင့်အပေါ် အလိုအလျောက် သစ္စာရှိလာမည် ဖြစ်ပြီး မည်သည့်အခါမျှ သူ့အား သစ္စာဖောက်တော့ မည် မဟုတ်ပေ။
ဧကရာဇ်လုံချွမ်းကိုယ်တိုင်ကလည်း ပြင်းပြစွာ ဆန္ဒ ရှိနေပြီး လျူယောင်ကလည်း ထိုအခြေအနေကို သ ဘောကျနေမိသည်။ထို့နောက် လျူယောင်သည် စိ တ်အာရုံဖြင့် သူ၏သိုလှောင်လက်စွပ်ထဲမှ ကလေး အားတိုးဆေး အရည်တစ်ပုလင်းအား ထုတ်ယူလို က်ပြီး ပုလင်းငယ်ပေါ်မှ တံဆိပ်ကို ခွာလိုက်၏။
“ရော့ ဒီဆေးရည်ကို သောက်လိုက်ရုံနဲ့ အရှင်ရဲ့ ကျ င့်ကြံနူန်းက အဆပေါင်းများစွာ တိုးတက်လာလိမ့်မ ယ်”
“ဗျာ... ဒီလောက် ရိုးရှင်းတာလား”
ဧကရာဇ်လုံချွမ်းမှာ အံ့အားသင့်သွားသော်လည်း မ ဆိုင်းမတွပင် ထိုအရည်ကို တစ်ကျိုက်တည်း မော့ချ လိုက်သည်။သူ့ အရသာမှာ အနည်းငယ် ချိုပြီး သေ ာက်ရသည်မှာလည်း အဆင်ပြေလှ၏။ထို့အပြင် အပြာရောင်ပုလင်းငယ်လေးမှာလည်း အလွန်လှပ သဖြင့် ဘာနှင့်ပြုလုပ်ထားသနည်းဟူ၍ပင် သူက စိ တ်ဝင်တစား တွေးနေမိ၏။
ဧကရာဇ်လုံချွမ်း သောက်ပြီးသွားသည်ကို မြင်သော အခါ လျူယောင်သည် သူ၏ အိမ်မွေးတိရစ္ဆာန်ချပ် ပြားကို ဖွင့်လိုက်ပြီး လုံချွမ်းထံသို့ ‘စွမ်းရည်အမှတ်’ ၁၀၀၀ အား လွှဲပြောင်းပေးလိုက်သည်။
လျူယောင်သည် အဘယ်ကြောင့် အမှတ် ၁၀၀ အ စား ၁၀၀၀ ပေးလိုက်သနည်း။
ထိုသို့ပေးရခြင်းတွင် သူ့ထံ၌ အကြောင်းအရင်း နှစ် ခုရှိ၏။ပထမအချက်မှာ ဧကရာဇ်လုံချွမ်းသည် မဟ ာရှအင်ပါယာ၏ ဧကရာဇ်ဖြစ်ပြီး အဆင့်အတန်း မြင့်မားသူဖြစ်ခြင်းကြောင့် ဖြစ်သည်။ဒုတိယ အချ က်မှာမူ သူသည် ကောင်းကင်အဆင့်တစ် ရှိသည့် ကျင့်ကြံသူ တစ်ဦး ဖြစ်သောကြောင့်ပင်။
ထိုကဲ့သို့သော ထူးချွန်သည်‘ညီငယ်’ တစ်ဦးအတွက် အမှတ် ၁၀၀၀ ဆိုသည်မှာ လျူယောင်အတွက်မူ ဘ ာမှမပြောပလောက်သော ပမာဏမျှသာ ဖြစ်ပေသ ည်။
ထိုအချိန်တွင် ဒုတိယမင်းသားလုံကျွမ်းယိမှာလည်း ကြောင်တောင်တောင်ဖြစ်နေရာမှ သတိပြန်ဝင်လာ ပြီး မျှော်လင့်ချက်အပြည့်ဖြင့် တောင်းဆိုလိုက်၏။
“ဆရာလျူ... ကျွန်တော့်ရဲ့ ပါရမီကိုလည်း မြှင့်တင် ပေးလို့ ရမလားခင်ဗျာ”
“ရတာပေါ့... သေချာပေါက် ရတာပေါ့ကွာ.."
သူသည် ဧကရာဇ်ကို ညီငယ်အဖြစ် လက်ခံပြီးနော က် မင်းသားကိုပါ လက်ခံရသည်မှာလည်း မဆိုးလှ ပေ။ထိုသားအဖနှစ်ယောက်စလုံးကို ညီငယ်အဖြစ် သူ ရရှိထားမည်ဆိုပါက ရှေ့လျှောက် အလုပ်လုပ် ရသည်မှာ အလွန်ပင် အဆင်ပြေတော့မည် မဟုတ် ပေလော။
ထိုနောက် လျူယောင်က ကလေးအားဖြည့်ဆေးရ ည် နောက်တစ်ပုလင်းကို ထပ်မံထုတ်ယူလိုက်ပြီး ပြောလိုက်၏။
“ရော့ ဒါကို သောက်လိုက်..မင်းသားရဲ့ ကျင့်ကြံနူန်း သိ သိသာသာ မြန်ဆန်လာလိမ့်မယ်...”
ဒုတိယမင်းသားလုံကျွမ်းယိသည်လည်း တုန်ယင်နေ သော လက်အစုံဖြင့် ဆေးပုလင်းကို လှမ်းယူကာ တ စ်ကျိုက်တည်း မော့ချလိုက်သည်။လျူယောင်က သူ့ကိုလည်း 'စွမ်းရည်အမှတ်' ၁၀၀၀ ပေးလိုက်၏။ သူသည်လည်း မင်းသားတစ်ပါးဖြစ်သည့်အပြင် နေ ာင်တွင် အားကိုးရမည့် ညီငယ်တစ်ဦးဖြစ်လာမည့် သူမို့ ထိုပမာဏမှာ ထိုက်တန်လှပေသည်။
ဧကရာဇ်လုံချွမ်းနှင့် သားဖြစ်သူတို့သည် လျူယော င်အား အကြိမ်ကြိမ် ကျေးဇူးတင်နေကြ၏။
ထို့နောက်တွင်မူ ဧကရာဇ်လုံချွမ်းသည် ဒုတိယမင်း သားစံအိမ်တွင် ကြာကြာ မနေတော့ဘဲ ပြန်ရန် ပြင် ဆင်လိုက်သည်။သူ၏ ကျင့်ကြံနူန်း မည်မျှအထိ တို းတက်သွားသည်ကို စမ်းသပ်လိုလှပြီဖြစ်၍ နန်း တော်သို့ အမြန်ဆုံးပြန်ရန် စိတ်လောနေခဲ့သည်။
ဒုတိယမင်းသားလုံကျွမ်းယိမှာလည်း ဖခင်ဖြစ်သူ အတိုင်းပင်။စံအိမ်မှ ထွက်ခွာလာပြီး မကြာမီမှာပင် သူ၏ ကိုယ်ပိုင် ကျင့်ကြံခန်းထဲသို့ အပြေးသွားကာ စတင် ကျင့်ကြံလိုက်၏။
လျူယောင်သည်လည်း ထိုသားအဖ၏ စိတ်အား ထက်သန်မှုကို နားလည်သဖြင့် အဝေးအထိ လိုက် မ ပို့တော့ဘဲ ခွင့်ပြုလိုက်ရ၏။ထို့နောက် သူသည်လ ည်း အခန်းသို့ ပြန်လာကာ ကျင့်ကြံရန် ပြင်ဆင်လို က်ပေသည်။