← Chapters

လူ့ပြည်ကို ဆင်းလာတဲ့ နတ်ဘုရား

Vol. 55 Ch. 653

လူ့ပြည်ကို ဆင်းလာတဲ့ နတ်ဘုရား

Vol. 55 Ch. 653

လျူယောင်တစ်ယောက် ကျင့်ကြံခြင်း အတွင်းသို့ စိတ်အာရုံနစ်မြုပ်သွားခဲ့သည်။

သူ ​စတင်လေ့ကျင့်လိုက်သည်နှင့် ဤကမ္ဘာ၏ သဘ ာဝစွမ်းအင်များမှာ အမှန်တကယ်ပင် ပေါများလှ သည်ဟု တွေးမိကာ လျူယောင်က သက်ပြင်းချမိ လိုက်၏။မကြာမီမှာပင် ပတ်ဝန်းကျင်မှာရှိသည့် သ ဘာဝစွမ်းအင်များမှာ သူ့ ခန္ဓာကိုယ်ထဲသို့ စီးဆင်း လာသောကြောင့် ကျင့်ကြံခြင်း အဆင့်မှာလည်း အ နည်းငယ် တိုးတက်လာခဲ့သည်။

​ဖြစ်နိုင်မည်ဆိုပါက သူသည် ဤကမ္ဘာတွင် နောက် ထပ် ရက်အနည်းငယ်မျှ ဆက်နေချင်သေး၏။ ‘ကေ ာင်းကင်အဆင့်အား ပြီးပြည့်စုံသည်အထိ လေ့ကျ င့်ပြီးနောက် ထိုအဆင့်၏ အထက်တွင် မည်သည့် အရာရှိသနည်းဆိုသည်ကိုမူ ကိုယ်တိုင် ကိုယ်ကျ သူ ခံစားကြည့်ချင်မိသည်။

သူလေ့ကျင့်နေသည့် တာအိုအသက်ရှူခြင်း ကျင့်စဥ် ထဲမှ ဖော်ပြချက်များအရ ကောင်းကင်အဆင့်၏ အ ထက်မှာမူ တန်ခိုးရှင်အဆင့်ဖြစ်ပြီး ၎င်းမှာ ချီစွမ်း အင်များကို ခန္ဓာကိုယ်၏ အဆီအနှစ်အဖြစ် ပြောင်း လဲပစ်ရခြင်းဖြစ်သည်။ဤသည်ကို ကြည့်ခြင်းအား ဖြင့် သူ၏ ကျင့်ကြံခြင်းခရီးလမ်းမှာ လျှောက်လှမ်း ရန် အများကြီး ကျန်နေသေးသည်ဟု ဆိုရပေမည်။

​သိသာထင်ရှားသည်မှာ လျူယောင်သည် သာမာန် ကျင့်ကြံသူများနှင့် လုံးဝ ကွဲပြားနေခြင်းပင်။

သူသည် ‘လိပ်ကြီး’၏ စွမ်းရည်များအား မျှဝေ ခွင့် ရထားသူလည်း ဖြစ်၏။ယခုအခါ လိပ်ကြီး၏ အ လေးချိန်သည် တန် ၂၀၀၀ ကျော်ရှိနေပြီး စွမ်းရည် အမှတ်များမှာလည်း တစ်သိန်းခွဲ ကျော်အထိ ရှိနေ သည်။

​

သို့သော်လည်း လျူယောင်သည် လူသားတစ်ဦးဖြ စ်သည့်အတွက် ခန္ဓာကိုယ်ပိုင်းဆိုင်ရာတွင် ကန့်သ တ်ချက်များ ရှိနေသေး၏။

သူသည် လိပ်ကြီး၏ စွမ်းရည်အမှတ်များကို မျှဝေ ခွင့် ရထားသော်လည်း လက်တွေ့တွင်မူ ထိုစွမ်းရည် များ၏ ဆယ်ပုံတစ်ပုံအောက်သာ ထိရောက်မှုရှိလိ မ့်မည်ဟု ခန့်မှန်းရပေသည်။

သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်လာသည်နှင့် အမျှ မျှဝေထားသည့် စွမ်းရည်များအား ပိုမို ထုတ် ဖော်လာနိုင်မည်ဖြစ်၏။ယခု လျူယောင် မျှဝေ ထာ း သော စွမ်းရည်မှာ ဆယ်ပုံတစ်ပုံခန့်သာ ရှိသော် လည်း နောင်တွင် ငါးပုံတစ်ပုံ၊သုံးပုံတစ်ပုံ စသဖြင့် တဖြည်းဖြည်း တိုးပွားလာပေလိမ့်မည်။

ထိုကြောင့် ​သူ၏ ကျင့်ကြံခြင်းအဆင့် လုံလောက်စွာ မြင့်မားလာသည့်အခါတွင်မူ လိပ်ကြီး၏ စွမ်းရည် အားလုံးကို တိုက်ရိုက်မျှဝေခံစားနိုင်မည်ဖြစ်ရာ ထို အခြေအနေသို့ ရောက်ရှိရန် လျူယောင်က အလွန် ပင် မျှော်လင့်နေမိသည်။

​"ငါ ကြိုးစားလေ့ကျင့်ရမယ်. ..ကျင့်ကြံခြင်းအဆင့် ကို အမြန်ဆုံးမြှင့်တင်နိုင်မှ တန်ခိုးရှင်နယ်ပယ်ထဲကို ငါ ဝင်ရောက်နိုင်မှာ..."

​လျူယောင်တစ်ယောက် ကျင့်ကြံခြင်းတွင် နစ်မြုပ် နေသကဲ့သို့ ဧကရာဇ်လုံချွမ်းနှင့် သားဖြစ်သူတို့ မှာ လည်း အသီးသီး လေ့ကျင့်နေကြ၏။

ဒုတိယ​မင်းသားလုံကျွမ်းယိမှာမူ ကျင့်ကြံမှုအတွင်း သို့ စိတ်ရောကိုယ်ပါ နစ်ဝင်သွားပြီးနောက် သူ့ နှလုံး ခုန်သံများ မြန်ဆန်လာ၏။သူ၏ ကျင့်ကြံခြင်း ပါရ မီမှာ ထူးထူးခြားခြား ကောင်းမွန်လှသည်တော့ မဟု တ်ပေ။အသက် ၂၀ ကျော်အရွယ်တွင်မှ သူသည် ‘ဟွမ်’အဆင့်တစ်သာ ရှိသေးသည်။

သာမာန်လူတစ်ယောက်အတွက်မူ ထိုအသက်အရွ ယ်နှင့် အဆင့်မှာ မြင့်မားသည်ဟု ဆိုနိုင်သော် လ ည်း အရင်းအမြစ်မျိုးစုံကို ပိုင်ဆိုင်ထားသည့် မင်း သားတစ်ပါးအနေဖြင့်မူ သူ၏ တိုးတက်မှုနှုန်းမှာ အလွန်ပင် နှေးကွေးနေခြင်း ဖြစ်၏။

ပါရမီထူးချွန်သည့် ကျင့်ကြံသူများ၏ တိုးတက်မှု နှုန်းမှာ အလွန်ပင်မြန်ဆန်လှသဖြင့် ဒုတိယမင်းသား လုံကျွမ်းယိက သူတို့ကို အမြဲအားကျခဲ့ရပြီး တစ်နေ့ တွင် ထိုကဲ့သို့ ဖြစ်လာရန် အမြဲအိပ်မက်မက်ခဲ့ ရသ ည်။

​ယခုမူ ထိုအိပ်မက်မှာ လက်တွေ့ဖြစ်လာခဲ့၏။

​လေ့ကျင့်မှုစတင်သည်နှင့် သူသည် ပြောင်းလဲမှုများ အား သိသိသာသာ ခံစားလိုက်ရသည်။သူသည် ပ တ်ဝန်းကျင်ရှိ သဘာဝစွမ်းအင်များကို ပြတ်ပြတ်သ ားသား အာရုံခံနိုင်ရုံသာမက သူ၏ ကျင့်ကြံနူန်းမှာ လည်း သိသာလှသော အရှိန်ဖြင့် တိုးတက်လာ၏။

​ဒုတိယမင်းသားလုံကျွမ်းယိက အလွန် စိတ်လှုပ်ရှား နေသော်လည်း စိတ်ကိုအတတ်နိုင်ဆုံး တည်ညိမ် အောင် သူက ပြန်လည် ထိန်းချုပ်လိုက်ပြီးနောက် လေ့ကျင့်မှုအ တွင်းသို့ အာရုံအပြည့်အဝ နစ်မြုပ်သွ ားပေသည်။

.......

​တစ်ချိန်တည်းမှာပင် နန်းတော်အတွင်း၌...

​ဧကရာဇ်လုံချွမ်းသည်လည်း ကျင့်ကြံနေကာ သူသ ည်လည်း ယခင်နှင့်မတူဘဲ ကွဲပြားခြားနားသွားမှုကို ကောင်းကောင်းကြီး ခံစားနေရသည်။

​

သူက ကောင်းကင်အဆင့်တစ်တွင် နှစ်ပေါင်းများစွာ ပိတ်မိနေပြီး လုံးဝတိုးတက်မှု မရှိခဲ့ရာမှ ယခုအခါ သူ၏စွမ်းအင်များမှာ အမှန်တကယ်ပင် ပြန်လည်နိုး ထလာခဲ့၏။နာရီပေါင်းများစွာကြာအောင် လေ့ကျင့် ပြီးနောက်တွင်မူ သူ၏ ကျင့်ကြံနူန်းမှာ အမှန်တက ယ်ပင် တိုးတက်လာကြောင်း ပို၍ယုံကြည်လာခဲ့သ ည်။

​ထိုကဲ့သို့သော အရှိန်အဟုန်ဖြင့်သာ ဆက်သွားမည် ဆိုလျှင် ကောင်းကင်အဆင့် (၁)မှ(၂) သို့ ရောက်ရှိ ရန် အလွန်ဆုံး နှစ်လ၊သုံးလမျှသာ အချိန်ယူရမည် ဖြစ်ကြောင်း ဧကရာဇ်လုံချွမ်း သေချာ သိလိုက်ရ၏ ။

ဤသည်မှာ ‘ကောင်းကင်အဆင့်’ပင် ဖြစ်သည်။​သာ မာန်အားဖြင့် ကျင့်ကြံသူတစ်ဦးသည် ကောင်းကင် အဆင့်သို့ ရောက်ရှိပြီးနောက် အဆင့်တစ်ခု မြင့်တ က်ရန်မှာ အလွန်ခက်ခဲလှ၏။၎င်းမှာ အနည်းဆုံး ဆ ယ်စုနှစ်တစ်ခု သို့မဟုတ် ဆယ်စုနှစ်ပေါင်းများစွာပ င် ကြာမြင့်တတ်ပေသည်။

ဧကရာဇ်လုံချွမ်းက စိတ်ထဲမှ ကျိန်ဆိုမိလိုက်၏။

​“ဒါတွေအားလုံးဟာ ဆရာလျူကြောင့်ပဲ. .အခုချိန် ကစပြီး သူက ငါ့ရဲ့ ကျေးဇူးရှင်ဖြစ်သလို ဒုတိယ အ ကြိမ် ပြန်လည်မွေးဖွားပေးတဲ့ မိဘသဖွယ်လည်း ဖြ စ်တယ်..ငါ သူ့ရဲ့ စကားကို အမြဲလေးစားပြီး နာခံ သွားပါ့မယ်လို့ ကျိန်ဆိုပါတယ်..”

​လျူယောင်မှာမူ နှစ်ရက်တိုင်တိုင် ကျင့်ကြံခြင်းကို အားသွန်ခွန်စိုက် လေ့ကျင့်ခဲ့ရာ သူ့ အဆင့်မှာလည်း သိသိသာသာ တက်လာခဲ့သည်။ထိုအချိန်တွင်ပင် သူသည် မူလကမ္ဘာသို့ ပြန်ရမည့်အချိန် ရောက်လာ ပြီဖြစ်ကြောင်း သတိရလိုက်၏။

​

ထိုအချိန်မှာပင် ဒုတိယမင်းသားလုံကျွမ်းယိရောက် လာသည်။သူ့ မျက်နှာပေါ်မှ စိတ်လှုပ်ရှားမှုများမှာ ယခုချိန်ထိပင် မပြယ်သေးချေ။

လွန်ခဲ့သော နှစ်ရက်တာ လေ့ကျင့်မှုတွင် သူ့အား အ တိုင်းထက်အလွန် ပျော်ရွှင်စေခဲ့၏။အဆင့်အများ ကြီး မတက်နိုင်သေးသော်လည်း သူ၏ ကျင့်ကြံခြ င်း တိုးတက်မူနူန်းမှာ သိသိသာသာကို မြန်ဆန်နေခဲ့ သည်။

​သူ့ တိုးတက်မှုနှုန်းက ထိုမျှအထိ မြန်ဆန်လိမ့်မည် ဟု ဒုတိယမင်းသား တစ်ခါမျှ မတွေးဖူးခဲ့ပေ။ယခ င် က သူအားကျခဲ့ရသော ပါရမီရှင်များပင်လျှင် ယ ခု သူ၏ အမြန်နူန်းရှေ့တွင် လုံးဝ အားနည်း သွားကြ ပြီ ဖြစ်သည်။

​“ဆရာလျူ... မင်္ဂလာပါခင်ဗျာ..”

​လျူယောင့်ရှေ့တွင် အလွန်တရာ ရိုသေလေးစားစွာ ဖြင့် လုံကျွမ်းယိက ဂါရဝပြုလိုက်၏။ဤသည်မှာ သူ့ရင်ထဲမှ ကျေးဇူးတင်ရှိမှုကြောင့်လား သို့မဟုတ် ‘စွမ်းရည်အမှတ်’ များ ပေးအပ်ပြီးနောက် ဖြစ်ပေါ် လာသည့် သစ္စာရှိမှုကြောင့်လား ဆိုသည်ကိုမူ သူကို ယ်တိုင်ပင် ခွဲခြားနိုင်တော့မည် မဟုတ်ပေ။

သူ့ လေးစားမှုမှာ တပည့်တစ်ဦးက ဆရာရင်းကို ရို သေကိုင်းရှိုင်းနေသည့်နှယ် ဖြစ်နေ၏။​လျူယောင် က ခေါင်းအနည်းငယ် ညိတ်ပြကာ မေးမြန်းလိုက်သ ည်။

“ဘယ်လိုလဲ...မင်း ကျင့်ကြံတာအဆင်ပြေရဲ့လား”

​“ကျေးဇူးတင်ပါတယ် ဆရာလျူ... ကျွန်တော့်ရဲ့ တိုး တက်မှုက ဒီလောက်အထိ မြန်လိမ့်မယ်လို့ တစ်ခါမှ မတွေးဖူးခဲ့ပါဘူး..အခုဆိုရင် ကျွန်တော်က ဟွမ်အ ဆင့်တစ်ကနေ မြေကမ္ဘာအဆင့်ကို ၃ လကနေ ၅ လ အတွင်း ရောက်နိုင်မယ်လို့ ယုံကြည်ချက်အပြည့် ရှိ နေပါပြီ..”

​အမှန်တကယ်တွင်မူ ၃ နှစ်မှ ၅ နှစ်အတွင်း ‘ဟွမ်’ အဆင့်မှ ‘မြေကမ္ဘာအဆင့်သို့ တက်လှမ်းနိုင် သူမှာ မဟာရှအင်ပါယာတစ်ခုလုံးတွင် နှစ်ပေါင်းတစ်ရာမှ တစ်ဦးပေါ်ထွက်ရန် ရှားပါးလှသော ပါရမီရှင်မျိုးပင် ဖြစ်၏။

သို့သော်လည်း လုံကျွမ်းယိအတွက်မူ ၃ နှစ် မပြောနှ င့်၃ လကျော်မျှဖြင့်ပင် ဖြစ်နိုင်ချေရှိနေပြီဖြစ်ရာ ၎င်း အမြန်နူန်းမှာ ပါရမီရှင်များထက်ပင် ဆယ်ဆကျော် ပိုမိုမြန်ဆန်နေခြင်း ဖြစ်သည်။

​“ကောင်းပြီ...မင်း ဆက်ပြီး ကြိုးစားလေ့ကျင့်ပါ.. မြေကမ္ဘာအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာ အောင် အမြန် ကြိုးစားပါ..”

လုံကျွမ်းယိက ယုံကြည်စွာ ပြန်ဖြေလိုက်၏။

​“ဟုတ်ကဲ့ပါ..ဆရာလျူ ကျွန်တော် အစွမ်းကုန် ကြိုး စားပါ့မယ်..ကျွန်တော့်မှာ ယုံကြည်မှု အပြည့်ရှိနေပါ ပြီ ဆရာ”

​သူသည် လျူယောင်ထံသို့ ကျေးဇူးတင်စကား လာ ရောက်ပြောကြားရုံသာမက သတင်းကောင်း တစ်ခု ကိုပါ တစ်ပါတည်း ယူဆောင်လာခဲ့သည်။၎င်းမှာ ‘ကောင်းကင်အဆင့်’ ဓားသိုင်းကျမ်းတစ်စောင်အား ရရှိထားပြီဟူသော သတင်းပင် ဖြစ်၏။

​မဟာရှအင်ပါယာတွင် ဓားသိုင်းကို အဓိကထား လေ့ ကျင့်သည့် ရှေးဟောင်းဂိုဏ်းတစ်ဂိုဏ်း ရှိပေသည်။ ထိုဂိုဏ်းသည် တစ်ချိန်က အလွန်ပင် နာမည်ကျော် ကြားခဲ့ဖူးပြီး သူတို့ထံတွင် ထူးခြားဆန်းပြားသော လျှို့ဝှက်ဓားသိုင်းကျမ်းတစ်စောင် ရှိနေ၏။

​ထိုဓားသိုင်းမှာ လိုအပ်ချက် အလွန်မြင့်မားလှ၏။ လေ့ကျင့်မည့်သူသည် အနည်းဆုံး ‘ကောင်းကင်အ ဆင့်’သို့ ရောက်ရှိရမည်ဖြစ်ပြီး လေ့ကျင့်ရန်မှာလည် း အလွန်ခက်ခဲနက်နဲသဖြင့် တိုးတက်မှုမှာ အလွန် ပင် နှေးကွေးလှပေသည်။

​ထိုဓားသိုင်းတွင် ပုံစံ ၇ မျိုးသာ ရှိသဖြင့် ‘ခုနစ်စင် ကြယ်သတ်ဓားသိုင်း’ ဟု ခေါ်ဆိုကြသည်။ သို့သော် ရာစုနှစ်နှင့်ချီသော ကာလတစ်လျှောက်တွင် ထိုဓား သိုင်း၏ ပထမအဆင့်ကိုပင် ကျွမ်းကျင်အောင် တ တ်မြောက်သူမှာ တစ်ဦးတည်းသာ ရှိခဲ့ဖူး၏။

လုံကျွမ်းယိ၏ ရှင်းပြသည်အား နားထောင်ပြီးနော က် လျူယောင်သည် စိတ်ဝင်စားသွားကာ စိတ်ထဲမှ ရေရွတ်မိလိုက်သည်။

“ဟုတ်ပြီ ဒီဓားသိုင်းကို ငါ.သေချာလေ့လာ ကြည့်ရ မယ်”

​“ဆရာလျူ... ဒီဓားသိုင်းကို တကယ်ပဲ လေ့လာကြ ည့်ချင်တာလားခင်ဗျာ..”

​“သေချာတာပေါ့... ငါ စမ်းကြည့်ချင်တယ်”

​“ဒါဆိုရင်တော့ အဆင်ပြေသွားပါပြီ.. ‘ကောင်းကင် ဓား’ဂိုဏ်းရဲ့ ဂိုဏ်းချုပ်က အခု မြို့တော်မှာ ရှိနေ တာပါ ကျွန်တော့်ခမည်းတော်နဲ့ သူကလည်း သဘေ ာ တူညီမှု ရထားပြီးသားမို့ ဆရာသာ အလိုရှိမယ် ဆိုရင် ဒီလျှို့ဝှက်ဓားသိုင်းကို .ညနေပိုင်းမှာ အရော က်ပို့ပေးနိုင်ပါတယ်ခဗျ..”

​“ကောင်းပြီ... ဒါဆိုရင်တော့ ငါ စောင့်နေပါ့မယ်..”

....

​ညနေခင်းသို့ ရောက်သောအခါ—

​လျူယောင် မမျှော်လင့်ထားသည့်အချက်မှာ ထို လျှို့ဝှက်ဓားသိုင်းအား ဧကရာဇ်လုံချွမ်းကိုယ်တိုင် လာရောက်ပို့ဆောင်ပေးခြင်းပင် ဖြစ်၏။ဧကရာဇ်လုံ ချွမ်းသည် ‘ကောင်းကင်အဆင့်’ ရှိသည့် ဓားသိုင်းစာ အုပ်ကို လာပို့ပေးရုံသာမက သူ၏ ကျေးဇူးတင် ရှိ မှုကိုလည်း တစ်ပါတည်း ဖော်ပြခဲ့သည်။

​ယခင်ကထက် သိသာထင်ရှားလာသည့်အချက်မှာ ဧကရာဇ်လုံချွမ်း၏ မျက်နှာပေါ်တွင် စိတ်အားထက် သန်မှုများအပြင် လျူယောင်အပေါ် ပိုမိုနက်ရှိုင်း သော ရိုသေလေးစားမှုများပါ ပေါ်လွင်နေခြင်းပင် ဖြ စ်၏။

​လျူယောင်သည်လည်း ထို အဆင့်မြင်းဓားသိုင်းကို ရသောအခါ အလွန်ဝမ်းမြောက်သွားပြီး ချက်ချင်းပ င် လှန်ကြည့်လိုက်သည်။ဓားသိုင်းမှာ အလွန်ပင် ပါး လွှာပြီး ပုံစံ ၇ မျိုးသာ ရှိ၏။စာအုပ်ထဲတွင် ရုပ်ပုံ အ မျိုးမျိုး၊ချီစွမ်းအင်စီးဆင်းမှု လမ်းကြောင်းများနှင့် ဓားကွက်ပုံကြမ်းများကိုသာ အဓိက ဖော်ပြထားပေ သည်။

လျူယောင်က စိတ်ထဲမှ ကျေနပ်စွာ တွေးမိလိုက် ၏။

​“ငါ အခု ‘ကောင်းကင်အဆင့်’ ဓားသိုင်းကို ရပြီ ဆို တော့ အချိန်ရရင် ငါ သေချာ လေ့ကျင့်ရမယ်...”

​သို့သော်လည်း လျူယောင်သည် သူ ပြန်ရမည့်အ ချိန်ကိုမူ မမေ့လျော့ပေ။ဤခရီးစဉ်မှာ ဆယ်ရက် ကျော်မျှ ကြာမြင့်ခဲ့ပြီဖြစ်ရာ ယခုအခါ သူ ပြန်ရပေ တော့မည်။

​မျက်တောင်တစ်ခတ်အတွင်းမှာပင် မြို့တော်၌ အ ချိန်အတော်ကြာ နေထိုင်ခဲ့ပြီးနောက် သူသည် ‘ဟိုင် ကျိုးအိမ်တော်’ သို့ ပြန်ရန် ပြင်ဆင်လိုက်၏။

​ဧကရာဇ်လုံချွမ်းနှင့် ဒုတိယမင်းသားတို့က လျူယေ ာင်အား မြို့တော်၌ပင် ဆက်လက်နေထိုင်ရန် တော င်းဆိုချင်ခဲ့ကြသော်လည်း လျူယောင်၏ ပြတ်သား သော ဆုံးဖြတ်ချက်ကို မြင်သောအခါတွင်မူ သူတို့ ထပ်မံ၍ မတားရဲကြချေ။

သူတို့နှစ်ဦးလုံး ထရပ်လိုက်ကြပြီး လျူယောင်ကို မြို့တံခါးဝအပြင်ဘက်အထိ ကိုယ်တိုင်ကိုယ်ကျ လို က်လံပို့ဆောင်ပေးခဲ့ကြသည်။

ဧကရာဇ် လုံချွမ်းက လေးစားစွာ ဖိတ်မန္တကပြုလိုက် ၏။

​“ဆရာလျူ... အခါအခွင့်သင့်ရင် မြို့တော်ကို မကြာ ခဏ ကြွခဲ့ပါဦးလားခင်ဗျာ..”

​လျူယောင်က သူတို့ကို လက်ဝှေ့ယမ်းကာ နှုတ်ဆ က်လိုက်ပြီးနောက် သိုလှောင်လက်စွပ်ထဲမှ ဂျစ်ကား ကို ထုတ်ကာ စက်နှိုးပြီး မောင်းထွက်လာခဲ့သည်။

​

"ဝူး.ဝူး.."

သူသည် ဟိုင်ကျိုးအိမ်တော် ရှိရာဘက်သို့ ဦးတည် ကာ မြေလမ်းမတစ်လျှောက် အရှိန်အဟုန်ပြင်းစွာ မောင်းနှင်သွားသဖြင့် ဖုန်တလုံးလုံးနှင့်အတူ မကြာ ခင်မှာပင် လမ်းအဆုံး၌ ပျောက်ကွယ်သွား၏။

​ထိုမြင်ကွင်းအား ငေးကြည့်နေရင်း ဧကရာဇ် လုံချွမ် းက စိတ်ထဲမှ လှိုက်လှိုက်လှဲလှဲ ရေရွတ်မိလိုက်သ ည်။

​“ဆရာလျူက...လူ့ပြည်ကို ဆင်းလာတဲ့ နတ်ဘုရား တစ်ပါးလိုပါပဲလားကွာ..”

All Chapters