ခေတ်ကို ပြောင်းလဲစေနိုင်သည်
Vol. 55 Ch. 654
သူ၏ ခေတ်သစ်ကမ္ဘာသို့ လျူယောင် ပြန်ရောက် လာ၏။
သူ ပြန်ရောက်ပြီး သိပ်မကြာခင်မှာပင် မမျှော်လင့် ထားသည့် အံ့အားသင့်စရာတစ်ခုနဲ့အတူ ကွန်ပျူတ ာ နည်းပညာရှင်ယူလီရန်တစ်ယောက် အပြေးအလွှ ား ရောက်လာခဲ့သည်။သူ့မျက်နှာပေါ်က စိတ်လှုပ် ရှားမှုများမှာ ဖုံးဖိမရနိုင်လောက်အောင် ပေါ်လွင်နေ ၏။
“ကျွန်တော့်မှာ သတင်းကောင်းတစ်ခု ပြောစရာရှိတ ယ် သူဌေးရ..”
လျူယောင်က ထိုလူကို အကဲခတ်ရင်း ပြုံးကာ မေး လိုက်သည်။
“ဪ... ခင်ဗျားတို့ သုတေသနအဖွဲ့က တစ်ခုခု ထူး ခြားလာပြီပေါ့..ဟုတ်လား..”
“ဟုတ်ပါတယ် သူဌေး..ကျွန်တော်တို့ တကယ့်ကို အ ရေးပါတဲ့ အောင်မြင်မှုတစ်ခုကို ရရှိခဲ့ပါပြီ...”
ယူလီရန်က သူတို့သုတေသနရဲ့ တိုးတက်မှုအသေး စိတ်ကို အားရပါးရ ရှင်းပြနေစဉ် လျူယောင်၏ မျ က်နှာပေါ်တွင်မူ ဝမ်းသာပီတိ အမူအရာများ ဖြစ်ပေ ါ် လာ၏။
ထိုအောင်မြင်မှုသည် လူသားတို့၏ သိပ္ပံနှင့်နည်းပ ညာသမိုင်းစာမျက်နှာထက်တွင် ဖျောက်ဖျက်၍ မရ နိုင်သော မှတ်တိုင်သစ်တစ်ခုအဖြစ် ကမ္ဘာတည်သ ရွေ့ ကျန်ရစ်နေတော့မည်မှာ မလွဲဧကန်ပင်။
“သူဌေး... အခု ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ ချပ်စ် တွေနဲ့ လုံးဝကွဲပြားခြားနားတဲ့ နည်းပညာသစ်တစ်ခု ကို အောင်အောင်မြင်မြင် ထုတ်လုပ်နိုင်ပြီလို့ အာမ ခံရဲပါတယ်..အမြန်နှုန်းပိုင်းမှာဆိုရင် လက်ရှိ အဆ င့်မြင့်ချပ်စ်တွေထက် အဆပေါင်း တစ်သောင်းကျေ ာ် ပိုမြန်သလို သိုလှောင်နိုင်စွမ်းမှာလည်း အရင်က ထက် အဆပေါင်း တစ်သောင်း ကျော် ပိုများလာမှာ ပါ ခဗျ..”
ယူလီရန်၏ စကားကြောင့် လျူယောင်က အံ့အားသ င့်ကာ စိတ်ဝင်တစား မေးလိုက်သည်။
“ဒါဆို ဒီချပ်စ်ပြားကို ထုတ်လုပ်နိုင်ဖို့ မင်းတို့က ဘ ယ်လောက်ကြာမှာလဲ...”
“တစ်နှစ်ခွဲပါ သူဌေး..ကျွန်တော်တို့ကို နောက်ထပ် တစ်နှစ်ခွဲလောက်ပဲ အချိန်ပေးပါ.. အဲဒီအချိန်ကျရင် ဓာတ်ခွဲခန်းထဲမှာ ပထမဆုံးနမူနာချပ်စ်ပြားကို စမ်း သပ်မွေးထုတ်နိုင်မှာ ဖြစ်သလို နောက်ထပ် တစ်နှစ် လောက်ဆိုရင် ဈေးကွက်အတွက် အလုံးအရင်း ထု တ်လုပ်နိုင်တဲ့အထိ အကောင်အထည်ဖော်နိုင်မှာပါ ခဗျ...”
လျူယောင်သည် မယုံကြည်နိုင်လောက်အောင် ဝမ်း သာသွားပြီး အံအားသင့်ကာ ပြောလိုက်၏။
“ဝိုး..ဘာဖြစ်လို့ ဒီလောက်တောင် မြန်ရတာလဲ.. ဒါ က ငါမျှော်မှန်းထားတာထက်တောင် အများကြီး ပို မြန်နေပြီပဲ... တကယ့်ကို အံ့သြစရာကောင်းတယ်..”
နည်းပညာရှင်ယူလီရန်က ခေါင်းညိတ်ရင်း ပြုံး၍ ပြ န်ဖြေလိုက်သည်။
“ဒီလောက်မြန်နေတာက အဓိကအချက်ရှိပါတယ် သူဌေး.. ကျွန်တော်တို့ဆီမှာ အဆင်သင့် ကူးယူစရာ ‘မူရင်းပုံစံ"တွေ ရှိနေလို့ပါ..အဲဒါသာ မရှိရင်တော့ ဘ ယ်လောက်ပဲ ငွေအင်အား၊ လူအင်အားတွေ ရင်းနှီး မြှုပ်နှံပါစေ ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်း မှာ ဒီလိုရလဒ်မျိုးရဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး ခ ဗျ..”
ဟုတ်ပေသည်။သူတို့ထံတွင် ဂြိုလ်သားကွန်ပျူတာ များ ရှိနေခြင်းကြောင့်သာ ယူလီရန်နှင့် သူ၏ အဖွဲ့ သည် ခက်ခဲနက်နဲလှသော အဆင့်မြင့်နည်းပညာမျာ းကို အဆင်သင့် “အိမ်စာကူး” သကဲ့သို့ လွယ်လွယ် ကူကူ ရယူနိုင်ခဲ့ခြင်းဖြစ်ပေသည်။
နည်းပညာရှင်ယူလီရန်က ယုံကြည်ချက်အပြည့် ရှိ သော အသံဖြင့် ဆက်ပြောလိုက်၏။
“ကျွန်တော်တို့ရဲ့ ချပ်စ်ကို အောင်မြင်စွာ ထုတ်လုပ် နိုင်လိုက်တာနဲ့ တစ်ပြိုင်နက် တစ်ကမ္ဘာလုံးက စက်မှု လုပ်ငန်းယန္တရားတစ်ခုလုံးကို အသစ်ပြန်လည် ရေး ဆွဲရပါလိမ့်မယ်..သူဌေး.. ဒါ့အပြင် အမှတ်တံဆိပ် အသစ်နဲ့ ကွန်ပျူတာတစ်မျိုးလည်း ထွက်ပေါ်လာမှ ာပါခဗျ...”
“ဒီချပ်စ်ပြားအသစ်ကို အခြေခံပြီး ကျွန်တော်တို့က ကွန်ပျူတာအသစ်ကို စမ်းသပ်ထုတ်လုပ်နေပါပြီ.. ဒီကွန်ပျူတာအသစ်ရဲ့ အရွယ်အစားက လက်ပတ် နာရီတစ်လုံးစာပဲ ရှိမှာပါ.. ဒါပေမဲ့ သူ့ရဲ့ စွမ်းဆောင် ရည်ကတော့ လက်ရှိကမ္ဘာပေါ်က ဘယ်ကွန်ပျူတာ နဲ့မှ နှိုင်းယှဉ်လို့မရအောင် ကျော်လွန်နေမှာပါခဗျ”
လျူယောင်၏ ရုံးခန်းအတွင်း နှစ်နာရီကျော်ကြာ အောင် အချိန်ယူကာ အသေးစိတ်ကျပြီး ပြည့်စုံလွန် းလှသည့် လုပ်ငန်းအစီရင်ခံစာအား နည်းပညာရှင် ယူလီရန်က တင်ပြခဲ့သည်။သူ မထွက်ခွာမီ အချိန် ထိ လျူယောင့်မှာမူ အံ့အားသင့်မူမှ ရုန်းမထွက်နိုင် ခဲ့ပေ။
နည်းပညာရှင်ယူလီရန်က အားတက်သရော ပြော လိုက်၏။
“သူဌေး... ဒါဆို ကျွန်တော့်ကို ခွင့်ပြုပါဦး ကျွန်တော် တို့ဆီက ထွက်ပေါ်လာမယ့် သတင်းကောင်းကိုသာ စောင့်ကြည့်နေပါခဗျ..”
လျူယောင်က ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်သည် ။ယူလီရန် ထရပ်၍ ရုံးခန်းတံခါးဆီသို့ ဦးတည်လိုက် စဉ်မှာပဲ လျူယောင်က တားလိုက်ကာ အသံ ကျယ် ကျယ်ဖြင့် ပြောလိုက်သည်။
“မစ္စတာယူ... ခဏနေပါဦး၊ ဖြည်းဖြည်းပေါ့..ခဗျား ကို ပေးစရာတစ်ခု ရှိသေးတယ်...”
ထိုသို့ပြောပြီးနောက် လျူယောင်သည် စားပွဲအံဆွဲ ထဲမှ လက်ရာမြောက်လှသည့် မြေအိုးကြီးတစ်လုံး ကို ထုတ်ယူလိုက်သည်။ထိုအိုးထဲတွင် အဆင့်မြင့် လက်ဖက်ခြောက်များ တစ်ဝက်ခန့် ရှိနေ၏။
ယူလီရန်က ထိုလက်ဖက်ခြောက်ဘူးကို မြင်လိုက်ရုံ နှင့် ဝမ်းသာအားရ ဖြစ်သွားပြီး ပြန်ပြောလိုက်သည် ။
“သူဌေး... ဒါ ကျွန်တော် အမြဲအိပ်မက်မက်နေခဲ့တဲ့ လက်ဖက်ခြောက်ပဲ..တကယ် ကျေးဇူးတင်ပါတယ် ဗျာ..သူဌေးက အရမ်းကောင်းတာပဲ..”
ထိုလက်ဖက်ခြောက်သည် ဂိုဝူကမ္ဘာမှ လျူယောင် သယ်ဆောင်လာခဲ့သော အဖိုးတန်ရတနာတစ်ခုပင် ဖြစ်၏။သူ့ အရသာမှာ ပြိုင်စံရှားလောက်အောင် ကောင်းမွန်ရုံသာမက ရနံ့မှာလည်း မွှေးပျံ့သင်းပျံ့ ကာ ခံတွင်းထဲ၌ အရသာစွဲကျန်စေပေသည်။
ထို့ထက် ပိုထူးခြားသည်မှာ ဤလက်ဖက်ခြောက်အ ား ပုံမှန်သောက်သုံးပေးပါက ရောဂါဘယများကို ကင်းစင်နိုင်ပြီး ခန္ဓာကိုယ်အား ကျန်းမာလန်းဆန်း စေခြင်းပင် ဖြစ်၏။
.........
အခြားတစ်ဖက်တွင်မူ...
ဟွာဟိုင်းမြို့ နှင့် ရေမိုင် ၁၀၀ ကျော်သာဝေးသော နေရာ၌ ပင်လယ်ပြင်ကြီးရှိနေသည်။မီတာဆယ်ချီ န က်ရှိုင်းသော ထိုပင်လယ်ကြမ်းပြင်အောက်တွင် လိပ် ကြီးသည် ဖြည်းညှင်းစွာ ကူးခတ်ရင်း ဦးတည်ရာ နေရာသို့ ရောက်လာခဲ့သည်။
ထိုနေရာရှိ ရေအောက်ပိုင်းသည် ကြည်လင်နေပြီး မြေပြင်မှာလည်း ညီညာပြန့်ပြူးနေ၏။လျူယောင် ၏ အမိန့်အရ လိပ်ကြီးသည် တန်ချိန် သန်းချီ လေး လံသော သတ္တုချောင်းကြီးများအား ထိုနေရာ၌ စုပုံ ထားရှိမည် ဖြစ်သည်။
ယခင်ကကဲ့သို့ ရေမိုင် ၂,၀၀၀ ကျော်ဝေးသော ကျွ န်းအနားသို့ သူ သွားရောက်ရန် မလိုတော့ဘဲ ဟွာဟို င်းမြို့နှင့် နီးကပ်သော ပင်လယ်ပြင်တွင်သာ ထားလို က်ခြင်းဖြစ်၏။ထိုသို့ပြုလုပ်ခြင်းဖြင့် လျူယောင့်ဘ က်ကလည်း သယ်ယူပို့ဆောင်ရေးအတွက် ပိုမိုလွ ယ် ကူစေသည့်အပြင် အသွားအပြန် ရက်ပေါင်းများ စွာ ကြာမြင့်မည့် ခရီးစဉ်ကိုလည်း လျှော့ချနိုင်ခဲ့သ ည်။
……..
လျူယောင် ဝယ်ထားသည့် ကျွန်းကလေးပေါ်ရှိ တ ည် ဆောက်ရေးလုပ်ငန်းများကလည်း အရှိန်အဟုန် မပျက် ဆက်လက်လည်ပတ်နေဆဲဖြစ်၏။၎င်းမှာ ဧ ရာမသင်္ဘောဆိပ်ကမ်းကြီး၊လေဆိပ်နှင့် ကျွန်းပတ် လမ်းမကြီးများသည် တဖြည်းဖြည်း ရုပ်လုံးပေါ်လာ ခဲ့ပြီဖြစ်သည်။
ထို့အပြင် ကုန်ပစ္စည်းအမြောက်အမြား သိုလှောင်နိုင် မည့် ဧရာမဂိုဒေါင်ကြီးမှာလည်း အချောသတ်ရန် အ ဆင်သင့်ဖြစ်နေ၏။
လျူယောင့်အတွက်မူ ထိုကျွန်းလေးအတွက် ငွေ သုံးစွဲရခြင်းမှာ ပြဿနာမဟုတ်ပေ။အနာဂတ်တွင် လည်း လိပ်ကြီးသည် ထိုကျွန်းပေါ်၌ ပစ္စည်းများ မ ထားခဲ့လျှင်ပင် ဤနေရာကို ခေတ်မီလှပသော အပန် းဖြေကျွန်းအဖြစ် ပြောင်း လဲပစ်နိုင်သည် မဟုတ် ပေလော။
လျူယောင်က စိတ်ထဲမှ ကျေနပ်စွာ တွေးမိလိုက် ၏။
“ဟုတ်တယ်.. ဒီကျွန်းက တကယ့်ကို အချက်အချာ ကျတဲ့ နေရာပဲ..”
လိပ်ကြီးသည် ပတ်ဝန်းကျင်ကို စူးစမ်းပြီးနောက် စိ တ်ကျေနပ်စွာဖြင့် သခင်ဖြစ်သူအား ဆက်သွယ်လို က်သည်။
“သခင်ရေ.. ဒီနေရာကို ခဗျား ဘယ်လိုမြင်လဲဗျ..”
လျူယောင်သည် သူ၏ အိမ်မွေးတိရစ္ဆာန်ထိန်းချုပ် ရေး ချပ်ပြားအား ချက်ချင်းဖွင့်ကြည့်လိုက်၏။ လိပ်ကြီးသည် ဟွာဟိုင်းမြို့၏ အရှေ့တောင်ဘက် ရေမိုင်တ စ်ရာခန့်အကွာတွင် ရောက်နေသည်ကို သူ တွေ့လိုက်ရသည်။
ထို့နောက် လျူယောင်က တတိယအမြင်ကို အသုံး ပြု၍ လိပ်ကြီး၏ ပတ်ဝန်းကျင်အခြေအနေကို လှ မ်းကြည့်လိုက်၏။ရေအနက် မီတာ ၃၀ ခန့်သာ ရှိ သော ထိုအနက်တွင် ပင်လယ်ရေမှာ ကြည်လင်လှပြီ း ပင်လယ်ကြမ်းပြင်မှာလည်း အလွန်ကျယ်ဝန်းက ာ ညီညာပြန့်ပြူးနေသည်။
သေချာကြည့်ပြီးနောက် လျူယောင်က အမိန့်ပေး လိုက်၏။
“နေရာက တကယ်ကို ကောင်းတယ် ငါ့ကောင်ကြီး မင်း... ပစ္စည်းတွေကို အဲ့နေရာမှာပဲ ချထားလို့ရတ ယ်..”
သခင်၏ ခွင့်ပြုချက်ရသည်နှင့် တပြိုင်နက် လိပ်ကြီ းသည် သူ၏ သိုလှောင်လက်စွပ်အတွင်းမှ ပစ္စည်း များကို စတင်ထုတ်ယူလိုက်သည်။ထိုအခါ သတ္တုမျ ားစွာမှာ ပင်လယ်အောက်ခြေတွင် တောင်ပုံရာပုံ စု ပုံသွားပေသည်။
ပင်လယ်အောက်ခြေတွင် စုပုံနေသော သတ္တုချောင်း များသည် စုစုပေါင်း တန်ချိန် သန်းချီခန့် ရှိလောက် ပေမည်။ထိုမြင်ကွင်းကို ကြည့်ရင်း လျူယောင်တစ် ယောက် စိတ်ထဲတွင် ကျေနပ်နေမိ၏။
သူသည် ဖုန်းကိုချက်ချင်းကောက်ကိုင်ကာ ကပ္ပတိ န်ရမ်ဇီကွမ်းအား တိုက်ရိုက်ခေါ်ဆိုလိုက်သည်။ထိုက ပ္ပတိန်အား အဖွဲ့သားများကို ဦးဆောင်ကာ သတ်မှ တ်ထားသော ရေပြင်သို့သွားရောက်ရန်နှင့် ပစ္စည်းမျ ား တစ်ခုမကျန် ပြန်လည်သယ်ဆောင်လာရန် လျူယောင်က အမိန့်ပေးလိုက်၏။
နာရီအနည်းငယ်အကြာတွင်မူ ဟွာဟိုင်းဆိပ်ကမ်းမှ သင်္ဘောအုပ်စုကြီးသည် ခန့်ညားထည်ဝါစွာ ထွက် ခွာလာခဲ့သည်။ရှေ့ဆုံးမှ ဘလူးဝေးလ်သင်္ဘောကြီး က လမ်းပြအဖြစ် ဦးဆောင်ပြီး သူ့နောက်တွင်မူ ကေလာဝေးလ်သင်္ဘောက ကပ်လျက်လိုက်ပါလာ၏ ။
၎င်းတို့နောက်တွင်မူကား တန်ချိန် တစ်သိန်းကျော် တင်ဆောင်နိုင်သည့် ဧရာမ ကုန်တင်သင်္ဘောကြီးမျာ းက တန်းစီ၍ လိုက်ပါလာကြသည်။
ကပ္ပတိန်ရမ်ဇီကွမ်းက စိတ်ထဲတွင် အနည်းငယ် စိ တ်လှုပ်ရှားနေမိ၏။ယခုခရီးစဉ်သည် ယခင်ခရီးစဉ် များကဲ့သို့ အဝေးကြီးသွားရန် မလိုသော်လည်း ပင် လယ်ပြင်သို့ ညဘက် ရွက်လွှင့်ရသည့် ထူးခြားသော စစ်ဆင်ရေးတစ်ခု ဖြစ်နေသောကြောင့်ပင်။
ရေမိုင်တစ်ရာကျော် ခရီးနှင်ပြီးနောက် မှောင်ရီပျိုးစ အချိန်တွင် ပစ်မှတ်ထားသော ရေပြင်နေရာသို့ သ င်္ဘောများရောက်လာကြသည်။သင်္ဘောများပေါ်မှ အားကောင်းသော မီးမောင်းကြီးများကို ဖွင့်လိုက် သောအခါ ပင်လယ်ပြင်တစ်ခုလုံး နေ့ခင်းဘက်ကဲ့ သို့ ထိန်လင်းသွား၏။
သင်္ဘောသားများက လုပ်ငန်းများကို ချက်ချင်း စတ င်လိုက်ကြသည်။ရေအောက်ရှိ သတ္တုချောင်းတန်သ န်းချီကို ရှာဖွေရန်မှာ သူတို့အတွက် ခက်ခဲသောကိစ္စ မဟုတ်ခဲ့ပေ။
ထို့နောက်တွင်မူ သတ္တုချောင်းများအား သင်္ဘောပေါ် သို့ စတင် ဆယ်ယူလိုက်၏။
ကုန်တင်သင်္ဘောတစ်စီးတွင် ပစ္စည်းများ ပြည့်သွား တိုင်း ဟွာဟိုင်းမြို့သို့ ချက်ချင်းပြန်လှည့်ကာ ပြန် လည် ပို့ဆောင်ပေးခဲ့ကြသည်။သင်္ဘောများစွာသည် တစ်စီးနှင့်တစ်စီး စောင့်ဆိုင်းနေရန် မလိုဘဲ အသွား အပြန် လွတ်လပ်စွာ လည်ပတ်နေကြ၏။
ဤနေရာသည် သူတို့၏ ကမ်းလွန်ဧရိယာအတွင်း ဖြ စ်၍ အလွန်လုံခြုံသောကြောင့် ကပ္ပတိန်ရမ်ဇီကွမ်း တို့အဖွဲ့မှာ မည်သည့်စိုးရိမ်ပူပန်မှုမှမရှိဘဲ အလုပ်ကို သာ လျင်မြန်စွာ လုပ်လိုက်ကြသည်။
ထိုသင်္ဘောအုပ်စုသည် ယူနီဗာဆဲလ်လုပ်ငန်းစု၏ အ မှတ်တံဆိပ်ကို ကပ်ထားသည်ဖြစ်ရာ မည်သည့် ရန် သူကမျှ အနားသို့ပင် မကပ်ရဲကြပေ။သင်္ဘောများ ပေါ် တွင် တန်ဖိုးကြီးလှသည့် သတ္တုချောင်းများ ရှိ နေသည်အား ထိုသူတို့ သိလျှင်ပင် ယူနီဗာဆဲလ်၏ အရှိန်အဝါကြောင့် မည်သူမျှ တိုက်ခိုက်ရန် စိတ်ပင် မကူးရဲကြချေ။
တစ်ဖက်တွင်လည်း ယူနီဗာဆဲလ်အထူးသတ္တုဌာန ၏ တာဝန်ခံရှင်းဖေးဝမ်မှာမူ စိတ်လှုပ်ရှားလွန်း၍ ရ င်တုန်နေမိသည်။ထိုမျှများပြားလှသော သတ္တုချော င်း တန်ချီသန်းချီအား တစ်ခါမျှ သူ မမြင်ဖူးခဲ့ပေ။
အစောပိုင်းက သူသည် ဧရာမ သိုလှောင်ရုံကြီးကို တည်ဆောက်စဉ်က သတ္တုတန်ချိန် နှစ်သန်းခန့် ဆံ့ မည်ဟု တွက်ချက်ထားသောကြောင့် "သိုလှောင်မ ည့် ဧရိယာက များသွားပြီလား" ဟူ၍ပင် သူက စိုးရိ မ်ခဲ့သေးသည်။
သို့သော်လည်း ယခုတွင်မူ သတ္တုချောင်း တန်သန်း ချီကျော် တဖွဲဖွဲ ရောက်ရှိလာသည်နှင့်အမျှ ထိုကျယ် ဝန်းလှသော သိုလှောင်ရုံကြီးသည်ပင် သူ့မျက်စိထဲ တွင် ကျဉ်းမြောင်းနေသယောင်ယောင် ထင်မှတ်ခဲ့ရ ၏။
...........
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ရာ...
လီချန်လဲ့၏ ကိုယ်ဝန်မှာ ဆယ်လပြည့်သွားခဲ့သည်။ သူမ၏ ဗိုက်ကလေးမှာ သိသိသာသာ ပူထွက်လာခဲ့ ပြီး မီးဖွားရန် အချိန်နီးကပ်လာသောကြောင့် ဟွာဟို င်းမြို့၏ အဆင့်မြင့်ဆုံးဆေးရုံရှိ VIP အခန်းတွင် ကြိုတင် နေရာယူထားပြီးသား ဖြစ်သည်။
လျူယောင်သည်လည်း ဇနီးသည်အတွက် အကော င်းဆုံးသော သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး များနှင့် သူနာပြုများကို ဖိတ်ခေါ်ကာ လီချန်လဲ့အတွ က် လိုလေသေးမရှိအောင် လုပ်ဆောင်ပေးခဲ့၏။
ဆေးရုံခန်းအတွင်း၌ နှစ်ဖက်မိဘများလည်း စုံစုံလ င် လင် ရောက်ရှိနေကြပြီး မိသားစုဝင်အသစ်ဖြစ်လ ာမည့် လူသားလေးတစ်ဦးကို သူတို့က စိတ်လှုပ်ရှာ းစွာ စောင့်မျှော်နေကြသည်။လျူယောင်၏ ရင်ထဲ တွင်မူ ဖခင်တစ်ဦး၏ စိုးရိမ်ပူပန်မှုအချို့ ရှိနေသော် လည်း ပျော်ရွှင်ကြည်နူးမှုများကသာ ထိုစိုးရိမ်မှုများ အား လွှမ်းမိုးထားခဲ့၏။
“အား..ကို... ကျွန်မ ဗိုက်က နည်းနည်းနာလာပြီ … ဗို က်ထဲက. ခဏခဏလည်း နာနေတယ်. .အား ..အမေ့ ရေ...”
လီချန်လဲ့၏ အသံမှာ အနည်းငယ် တုန်ယင်နေပြီး န ာကျင်မှုကို အောင့်ထားရသည့် အရိပ်အယောင်မျာ း ပေါ်လွင်နေ၏။သူမ၏ နဖူးပြင်တွင်လည်း ချွေးစ က်ကလေးများ စတင်စို့လာခဲ့သည်။
နာကျင်နေသည့် လီချန်လဲ့၏လက်ကို တုန်ယင်ခြင်း မရှိစေရန် အားပေးသည့်သဘောဖြင့် လျူယောင် က ညင်သာစွာ ဆုပ်ကိုင်လိုက်၏။သူ့ မျက်လုံးထဲတွ င်မူ စိုးရိမ်မူများ ပြည့်နှက်နေသော်လည်း ဇနီးသည် စိတ်အေးစေရန်အတွက် လေသံကို တည်ငြိမ်အောင် ထိန်းကာ ပြောလိုက်သည်။
“မကြောက်နဲ့နော် လဲ့လဲ့... ကိုယ် ဒီမှာ ရှိတယ်.. အခု ချက်ချင်း ဆရာဝန်ကို ကိုယ် ခေါ်လိုက်မယ်...”
သူသည် ထိုသို့ပြောလိုက်သော်လည်း လီချန်လဲ့၏ လက်အား ခိုင်မြဲစွာ ဆုပ်ကိုင်ထားဆဲပင်။