← Chapters

ပျော်စရာကောင်းသော မိသားစု (ဇာတ်သိမ်းပိုင်း )

Vol. 55 Ch. 655

ပျော်စရာကောင်းသော မိသားစု (ဇာတ်သိမ်းပိုင်း )

Vol. 55 Ch. 655

ယူနီဗာဆဲလ်၏ ရုံးချုပ်ရှိရာ အထပ်တွင် ဖြစ်၏။

​လူ့စွမ်းအားအရင်းအမြစ်ဌာန၏ မန်နေဂျာချုပ်ဖြစ် သူ ကျန်းတယ်ယွီသည် အပြုံးများစွာဖြင့် သူ၏ ဌာ နထဲသို့ ဝင်လာခဲ့သည်။ရုံးခန်းအတွင်း ကြိုးစား ပမ်း စား အလုပ်လုပ်နေသည့် ဝန်ထမ်းပေါင်း နှစ်ဆယ်၊ သုံးဆယ်ခန့်ကို ကြည့်ကာ သူက ကျေနပ်အားရစွာ ဖြင့် ခေါင်းညိတ်ပြလိုက်၏။

​သူသည် သူဌေးလျူ၏ ရုံးခန်းမှ ခုလေးတင် ပြန်ထွ က်လာခဲ့ခြင်း ဖြစ်သည်။ဌာန၏ အကြီးအကဲ ဖြစ်သ ည့်အလျောက် ဝန်ထမ်းအားလုံး၏ စိတ်အားထက် သန်မှုကို မြင်တွေ့ရသည်မှာ သူ့အတွက်မူ ဂုဏ်ယူ စ ရာပင် ကောင်းလှ၏။

​ဝန်ထမ်းတိုင်း အလုပ်ကိုယ်စီနှင့် ရှုပ်နေကြသော်လ ည်း ကျန်းတယ်ယွီက အချက်ပေးသည့်အနေဖြင့် အ ရင်ဆုံး ချောင်းတစ်ချက်ဟန့်လိုက်ပြီး အသံ ကျယ် ကျယ်ဖြင့် ပြောလိုက်ရာ ရုံးခန်းတစ်ခုလုံးတိတ်စိတ် သွားသည်။

​“အဟမ်း..အားလုံးပဲ...အာရုံ ခဏလောက် စိုက်ပေး ကြပါဦး.. ”

​“ကျွန်တော် ဝမ်းသာစရာ သတင်းကောင်းတစ်ခု ကြေညာချင်ပါတယ်..ဒီနေ့ မနက် ၁၀ နာရီ ၁၅ မိန စ်မှာပဲ ကျွန်တော်တို့ သူဌေးရဲ့ ဇနီးသည်ဟာ သားရ တနာလေး မွေးဖွားခဲ့ပြီး...မိခင်ရော ကလေးပါ ကျန် းကျန်းမာမာနဲ့ ဘေးကင်းပါတယ်ဗျာ”

​ထိုသတင်းကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ရုံးခန်းအတွင်းရှိ ဝန်ထမ်းအားလုံး၏ မျက်နှာများ ပေါ်တွင် ဝမ်းသာပီတိ အပြုံးများ အသီးသီးပေါ် လာခဲ့ကြသည်။

ထိုသတင်းစကားသည် သူဌေးအတွက်သာမက ကု မ္ပဏီတစ်ခုလုံးအတွက်ပါ အမှန်တကယ်ပင် ဝမ်း မြောက်ဂုဏ်ယူစရာ သတင်းကောင်း ဖြစ်နေ၏။

​"ဟားဟား..သူဌေးအတွက် တကယ်ကို ဝမ်းသာပါ တယ်ဗျာ"

​"ကျွန်တော့်အဆင့်က နိမ့်လွန်းနေလို့သာပေါ့... မဟု တ်ရင် ဆေးရုံထိ သွားပြီး သူဌေးကို ဂါရဝပြုချင် လို က်တာ.."

​ရုံးခန်းအတွင်းရှိ ဝန်ထမ်းများမှာ ရုတ်တရက် အသ က်ဝင်လှုပ်ရှားလာပြီး ထိုသတင်းအား သူတို့၏ ကို ယ်ပိုင်ကိစ္စတစ်ခုကဲ့သို့ပင် စိတ်အားထက်သန်စွာ ဝို င်းဝန်းပြောဆိုနေကြသည်။

​ကျန်းတယ်ယွီက လက်ကိုမြှောက်၍ အချက်ပေးလို က်ရာ လူတိုင်း တဖြည်းဖြည်း ပြန်လည်တိတ်စိတ် သွားကြ၏။မစ္စတာကျန်းအနေဖြင့် ပြောစရာ သတ င်းစကား ကျန်နေသေးသည်ကို သူတို့ ရိပ်မိလိုက်ကြ သည်။

​ထင်သည့်အတိုင်းပင် ကျန်းတယ်ယွီက ပြုံးရွှင်စွာ ဖြင့် ဆက်ပြောလိုက်၏။

​“သူဌေးက ဝန်ထမ်းအားလုံးအတွက် ဆုံးဖြတ်ချက် တစ်ခု ချပေးလိုက်ပါတယ်..အဲဒါကတော့ မနက်ဖြန် ကစပြီး ဝန်ထမ်းတွေအကုန်လုံးကို အခကြေးငွေ ရ တဲ့ အားလပ်ရက် ခုနစ်ရက် ပေးမှာဖြစ်ပါတယ်.. မ ဖြစ်မနေ လိုအပ်တဲ့ ဝန်ထမ်းအနည်းငယ်ပဲ ရုံးမှာ ချ န်ထားခဲ့ပါမယ်..အကယ်၍ ရုံးမှာ ဆက်နေပြီး အချိန် ပိုဆင်းချင်တဲ့သူတွေရှိရင်တော့ ဒီ ၇ ရက်အတွက် လစာ ၃ ဆ ပေးသွားမှာပါ...”

“ဘာ... တကယ်ကြီးလား...”

​လူတိုင်း ခဏတာ မှင်သက်သွားပြီးနောက် ဝမ်းသာ အားရ အော်ဟစ်သံများ ရုံးခန်းတစ်ခုလုံး ဖုံးလွှမ်း သွားပေသည်။

​“ဒါ... ဒါက တကယ့်ကို မယုံနိုင်စရာပဲ..”

​“သူဌေးကတော့ သဘောထားကြီးချက်ပဲဗျာ..”

​“သူဌေးကို နှစ်တိုင်း သားရတနာ ထွန်းကားပါစေလို့ ပဲ ဆုတောင်းရတော့မယ်..မဟုတ်ဘူး... တစ်နှစ်ကို သုံးလေးငါးယောက်လောက်တောင် မွေးပါစေဗျာ..”

​“အခကြေးငွေရ ၇ ရက်ပိတ်ရက်ဆိုတော့ အပြင်ထွ က်ပြီး အပန်းဖြေလို့ ရပြီဟေ့..ဟားဟားဟား”

​ဝန်ထမ်းများ၏ ပျော်ရွှင်တက်ကြွနေသည့် တုံ့ ပြန်မှု များကိုကြည့်ကာ ကျန်းတယ်ယွီလည်း အားရပါး ရ ပြုံးမိ၏။သူကိုယ်တိုင်လည်း ဤ ၇ ရက်တာ အားလ ပ်ရက်တွင် ဇနီးနှင့် သားသမီးများကိုခေါ်ကာ ခရီးထွ က်ရန် စိတ်ကူးထားခဲ့သည်။

​မကြာမီမှာပင် လူ့စွမ်းအားအရင်းအမြစ်ဌာနမှ တရာ းဝင်ကြေညာချက်တစ်စောင် ထွက်ပေါ်လာပြီး လ က်အောက်ခံ အဖွဲ့အစည်းများနှင့် ဌာနအသီးသီးသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့၏။

​ယူနီဗာဆဲလ် လုပ်ငန်းစုကြီး တစ်စုလုံးမှာ ပျော်ရွှင် ကြည်နူးမှုများထဲတွင် နစ်မြုပ်နေပေသည်။မရှိမဖြစ် လိုအပ်သည့် ဝန်ထမ်းအချို့မှလွဲ၍ စက်ရုံများသည် လည်း ထုတ်လုပ်မှုများကို ရပ်နားကာ ပို့ဆောင်မှုမျာ းအား ယာယီ ရွေ့ဆိုင်းလိုက်ကြသည်။

….

​၇ ရက်ကြာ အားလပ်ရက် ကုန်ဆုံးပြီးနောက် ဝန်ထ မ်းများ အလုပ်ပြန်ဝင်လာကြသည့်အခါ ထူးခြားမှု တစ်ခုကို သတိပြုမိလိုက်၏။ယူနီဗာဆဲလ် ရုံးချုပ် သို့ လာရောက် လည်ပတ်သည့် နိုင်ငံခြားမှ ဂုဏ်သ ရေရှိပုဂ္ဂိုလ်များ၊ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်မျ ားနှင့် နာမည်ကျော် အနုပညာရှင်များ၏ အရေအ တွက်မှာ ယခင်ကထက် သိသိသာသာ ပိုမိုများပြား နေပေသည်။

ဥပမာအားဖြင့်၊ယနေ့တွင် ဇိမ်ခံကားတန်းရှည်ကြီး သည် ယူနီဗာဆဲလ်၏ အဝင်ဝသို့ ဆိုက်ရောက်လာ ၏။ကားပေါ်မှ ဆင်းလာသူမှာ အနောက်နိုင်ငံတစ်နို င်ငံမှ ထိပ်တန်းနိုင်ငံရေးသမားတစ်ဦးဖြစ်ပြီးသူက ယူနီဗာဆဲလ် သို့ကိုယ်တိုင်ကိုယ်ကျ လာရောက်လ ည်ပတ်ခြင်းပင် ဖြစ်သည်။

​သို့သော်လည်း သူဌေးလျူယောင်ကမူ ထိုနေရာတွ င် မရှိပေ။သူသည် ဇနီးသည်နှင့် ရင်သွေးအသစ် လေးနှင့်အတူ အိမ်တွင်သာ အချိန်ကုန်ဆုံးရင်း မိသ ား စု၏ ပျော်ရွှင်မှုကို ခံစားနေခဲ့သည်။

ထို့ကြောင့် အဆိုပါ ဂုဏ်သရေရှိပုဂ္ဂိုလ်ကို ဟွမ်ကွမ်း ကသာ တာဝန်ရှိသူအဖြစ် လက်ခံတွေ့ဆုံခဲ့၏။

​

ထိုပုဂ္ဂိုလ်သည် ယူနီဗာဆဲလ်လုပ်ငန်းစုတွင် တစ်နာ ရီခန့် ကြာအောင် လေ့လာကြည့်ရှုပြီးနောက် အလွ န်ကျေနပ်အားရစွာဖြင့် ပြန်လည်ထွက်ခွာသွားခဲ့သ ည်။ကားပေါ်သို့ မတက်မီတွင်လည်း သူက ဟွမ်ကွ မ်း၏လက်ကို တင်းတင်းဆုပ်ကိုင်ကာ ကျေးဇူး တင် စကားများအား ထပ်ခါတလဲလဲ ပြောသွားခဲ့သေးသ ည်။

​

နောက်ပိုင်းရက်များတွင်လည်း နိုင်ငံကြီးအချို့မှ ခေါင်းဆောင်များ၊ကမ္ဘာကျော် စီးပွားရေးလုပ်ငန်း ရှ င်များနှင့် အကျော်အမော်များသည် ရုံးချုပ်သို့ ဆ က်တိုက်ဆိုသလို ရောက်လာ၏။ထိုလူများကိုလည်း ဟွမ်ကွမ်း၊ဟူဂျွန်ရှီး သို့မဟုတ် ကျိုးယန်တို့ကသာ တွေဆုံခဲ့ပြီး သူဌေးဖြစ်သူ လျူယောင်ကမူ မည်သ ည့်အခါမျှ ထွက်ပေါ်လာခြင်း မရှိခဲ့ပေ။

.......

ရက်များစွာ ကြာပြီးနောက် ယူနီဗာဆဲလ်က ကမ္ဘာ ပေါ်တွင်ပထမဆုံး ဖြစ်သည့် "စူပါလျှပ်ကူးချပ်စ်ပြ ားကို အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း တရားဝင် ကြေညာလိုက်သည်။

​ထိုချပ်စ်ပြား၏ စွမ်းဆောင်ရည်မှာ တစ်စက္ကန့်လျှင် ဆယ်ထရီလျံကျော်တွက်ချက်နိုင်ပြီး အရွယ်အစား မှာလည်း လက်သည်းခွံခန့်သာ ရှိ၏။

​

ထိုသတင်းကြောင့် တစ်ကမ္ဘာလုံး ဟိုးလေးကြော် ကြော် ဖြစ်သွားခဲ့ရသည်။စူပါလျှပ်ကူးချပ်စ်ပြား ပေ ါ်ပေါက်လာခြင်းသည် လက်ရှိနည်းပညာနှင့် စက်မှု လောကတစ်ခုလုံးအား အခြေခံမှစ၍ ပြောင်းလဲပစ် တော့မည်အား လူတိုင်း ရိပ်မိလိုက်ကြ၏။

​

တစ်စက္ကန့်လျှင် အကြိမ်ပေါင်း ဆယ်ထရီလျံကျော် တွက်ချက်နိုင်သည့် အမြန်နှုန်းဆိုသည်မှာ အမှန်တ ကယ်တွင် မည်မျှအထိ ကြောက်မက်ဖွယ်ရာကောင်း သော ပစ္စည်းမျိုး ဖြစ်နေသနည်း။

ဤချပ်စ်ပြား မပေါ်ပေါက်မီက ကမ္ဘာ့အမြန်ဆုံး စူပါ ကွန်ပျူတာကြီးများ၏ အမြန်နှုန်းမှာ တစ်စက္ကန့် လျှင် လုပ်ဆောင်မှုအကြိမ်ရေ ၅ ဘီလီယံ ဘီလီယံ ခန့်သာ ရှိခဲ့သည်။

​

သို့သော်လည်း ယခု ယူနီဗာဆဲလ်၏ လက်သည်းခွံ အရွယ် ချပ်စ်ပြားလေးမှာ ထိုစူပါကွန်ပျူတာကြီးမျ ားထက်ပင် အဆပေါင်း ၂၀,၀၀၀ ကျော် ပိုမိုမြန်ဆ န်နေပြီး သာမန်ကွန်ပျူတာ ချပ်စ်ပြားများနှင့် ဆိုလျှ င်မူ နှိုင်းယှဉ်၍ပင် မရနိုင်ချေ။

​......

​ကမ္ဘာပေါ်ရှိ နိုင်ငံများစွာအနေဖြင့် ထိုနည်းပညာအ ရှိန်အဟုန်ကို အမီလိုက်ရန် ကြိုးစားနေစဉ် နှစ်လ မ ပြည့်မီမှာပင် ယူနီဗာဆဲလ်က နောက်ထပ် ဗုံးတစ်လုံး အား ထပ်မံဖောက်ခွဲလိုက်ပြန်သည်။၎င်းမှာ "ပထမ မျိုးဆက်သုံး စူပါဘက်ထရီ"ပင် ဖြစ်၏။

​သူ့ စွမ်းဆောင်ရည်မှာ လက်ရှိအကောင်းဆုံးဟု သ တ်မှတ်ထားသည့် ဂရက်ဖင်း-အလူမီနီယမ် ဘထ္ထရီ များထက် စွမ်းအင်သိပ်သည်းဆ ၁၀ ဆကျော် ပိုမြ င့်မားနေ သည်။​၎င်း၏ အကျိုးသက်ရောက်မှုမှာလ ည်း ထိုဘက်ထ္ထရီ ပေါ်ပေါက်လာခြင်းသည် ရေနံခေ တ်၏ နိဂုံးဟူ၍ပင် ခေါ်ဆိုနိုင်၏။

လေယာဉ်ကြီးများပင်လျှင် ထိုစူပါဘထ္ထရီကို အသုံး ပြု၍ တစ်ခါအားသွင်းရုံဖြင့် ကမ္ဘာအား အကြိမ်ကြိ မ် ပတ်နိုင်တော့မည် ဖြစ်သည်။

​

ယူနီဗာဆဲလ်က ထိုမျှနှင့် ရပ်တန့်မသွားဘဲ "ပထမ မျိုးဆက်သုံး စူပါကွန်ပျူတာ" အသစ်ကိုပါ မိတ်ဆ က်ခဲ့၏။သူ့ အရွယ်မှာ လက်ပတ်နာရီတစ်လုံးခန့်သာ ရှိပြီး အလွန်သေးငယ်ပေသည်။နည်းပညာမှာလည်း စူပါလျှပ်ကူးချပ်ပြားနှင့် အဆင့်မြင့်3D ပုံရိပ်များဖြ င့် ပေါင်းစပ်ထားခဲ့သည်။

၎င်း၏ စွမ်းဆောင်ရည်မှာလည်း လက်ရှိ အသုံးပြု နေသော မည်သည့် ကိုယ်ပိုင်ကွန်ပျူတာ (PC) ထ က်မဆို အဆပေါင်းများစွာ ကောင်းမွန်လှ၏။

​

ထိုမျှတိုတောင်းသော ကာလအတွင်း ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်သည့် နည်းပညာရပ်များအား တစ် ခုပြီးတစ်ခု ထုတ်ဖော်ပြသလာခြင်းကြောင့် ယူနီဗာ ဆဲလ်လုပ်ငန်းစုသည် ကမ္ဘာ့အာဏာအရှိဆုံးနှင့် သြ ဇာအရှိဆုံး အဖွဲ့အစည်းကြီးအဖြစ်သို့ အငြင်းပွားဖွ ယ်ရာမရှိ ရောက်လာခဲ့ပေသည်။

ကမ္ဘာတစ်ဝန်းလုံးရှိ နည်းပညာကုမ္ပဏီများစွာမှာမူ ယူနီဗာဆဲလ်၏ အံ့မခန်းနည်းပညာသစ်များအောက် တွင် အံ့သြလွန်း၍ ထုံကျင်သည့်အခြေအနေသို့ပင် ရောက်ရှိနေခဲ့၏။ယခုအခါ ယူနီဗာဆဲလ်ဘက်က လ အနည်းငယ်ကြာသည်အထိ သတင်းအသစ်မထုတ် ပြန်လျှင်ပင် ပုံမှန်မဟုတ်ဟု လူတိုင်းက ထင်နေခဲ့ကြ သည်။

​သို့သော်လည်း ကမ္ဘာကြီးကို ပို၍ပင် စိတ်လှုပ်ရှားသွ ားစေသည်မှာ ယူနီဗာဆဲလ်လုပ်ငန်းစု၏ "လပေါ် ဆင်းသက်ရေး အစီအစဉ်"ပင် ဖြစ်သည်။ဤသည် မှာ အင်္ဂါဂြိုဟ်သို့ သွားရောက်နိုင်ရန်အတွက် လိုအ ပ်သည့် နည်းပညာများအား စမ်းသပ်ပြင်ဆင်သည့် ပထမခြေလှမ်းပင် ဖြစ်၏။

........

​ပစိဖိတ်သမုဒ္ဒရာမြောက်ပိုင်း၊ရေအောက်မီတာ ၃,၀ ၀၀ ကျော် အနက်တွင်မူ ​လူတစ်ယောက်နှင့် လိပ်ကြီ းတစ်ကောင် အတူတူရှိနေကြသည်။သူတို့ရှေ့တွင် အလွန်ကြီးမားလှသည့် အာကာသယာဉ်ပျက်ကြီးက ညိမ်သက်စွာ လဲလျောင်းနေ၏။

​လွန်ခဲ့သော နှစ်နှစ်အတွင်း လျူယောင်သည် ဂိုဝူက မ္ဘာသို့ မကြာခဏ သွားရောက်ခဲ့သည်။တစ်ခါသွား လျှင် သူက ဆယ်ရက်ခန့် ကြာတတ်ပြီး အကြာဆုံးမှ ာ တစ်လကျော်အထိ နေထိုင်ခဲ့ခြင်း ဖြစ်၏။

​....

​သူက ဂိုဝူကမ္ဘာတွင် တစ်လကျော်ကြာအောင် နေခဲ့ရ သည့် အဓိကအကြောင်းရင်းမှာ ရှေးဟောင်းကျင့် ကြံသူတစ်ဦး၏ အမွေအနှစ် ပေါ်ထွက်လာခြင်းကြေ ာင့်ပင် ဖြစ်၏။အတားအစီးများစွာကို ကျော်ဖြတ် ပြီးနောက် လျူယောင်သည် ထိုနေရာသို့ အောင်မြင် စွာ ဝင်ရောက်နိုင်ခဲ့ပြီး အဖိုးတန်ရတနာများကို ရရှိခဲ့ သည်။

​သူရလာခဲ့သည့် အကြီးမားဆုံးသော ဆုလာဒ်နှစ်ခု အနက် တစ်ခုမှာ လျို့ဝှက်ကျင့်စဥ်စာအုပ်ဖြစ်ပြီး နောက်တစ်ခုမှာ ထူးဆန်းသော သိုလှောင်လက်စွပ် ပင် ဖြစ်၏။

ထိုလက်စွပ်၏ သိုလှောင်နိုင်စွမ်းမှာ လျူယောင်၏ စိတ်ကူးထက်ပင် ကျော်လွန်နေသည်။သူ၏ သိုလှော င်နိုင်စွမ်းမှာ ကမ္ဘာတစ်ခုလုံးကို ထည့်ရန် မလုံလော က်သော်လည်း လတစ်လုံးသာ ထည့်မည်ဆိုပါက အေးဆေးစွာပင် ဆံ့နိုင်လောက်သည့်လက်စွပ်ပင် ဖြ စ်​​၏။

လျူယောင်သည် ယခင်က သူ့ရှေ့ရှိ အာကာသယာ ဉ်ပျက်ကြီးအနားသို့ ချဉ်းကပ်လာပြီးနောက် ၎င်းအ ား သူ့ လက်စွပ်ထဲသို့ ထည့်သွင်းရန် ကြိုးစားခဲ့ဖူး သည်။သို့သော်လည်း ယခင်က သူ၏စွမ်းအင် မပြ ည့်ဝသေးသဖြင့် မအောင်မြင်ခဲ့ချေ။

​ယခု လအနည်းငယ်ကြာပြီးနောက်တွင်မူ လျူယော င်၏ ကျင့်ကြံမှုအဆင့်မှာ သိသိသာသာ မြင့်မားလာ ခဲ့သည်။ထို့ကြောင့် ဤတစ်ကြိမ်တွင်သူက ထိုယာဥ် ပျက်ကြီးအား ထိုလက်စွပ်ထဲသို့ ထပ်ထည့် ကြည့်ရ န် ဆုံးဖြတ်လိုက်ခြင်းဖြစ်​၏။

​သိုလှောင်လက်စွပ်ထဲသို့ ထည့်ရသည့် လုပ်ငန်းစဉ် မှာ နည်းနည်း ခက်ခဲသော်လည်း နောက်ဆုံးတွင်မူ အာကာသယာဉ်ပျက်ကြီးမှာ သူ့ လက်စွပ်ထဲသို့ ဝင် ရောက် ပျောက်ကွယ်သွားပေသည်။

"အိုး သခင်ရ ဒီလောက်ကြီးတာကိုတောင် ထည့်လို့ ရတာလားဗျ.. သခင်က မိုက်လှချည်လား.."​

လျူယောင်၏ ​ဘေးနားတွင် ရှိနေသော လိပ်ကြီးမှာ ထိုဖြစ်ရပ်ကို ကြည့်ရင်း ပါးစပ်အဟောင်းသား ကျန် ရစ်ခဲ့သည်။သူ့ သခင်သည် ထိုမျှအထိ အစွမ်းထက် လိမ့်မည်ဟု လိပ်ကြီးက လုံးဝ မမျှော်လင့်ထားမိခဲ့ ပေ။

.....

​အာကာသယာဉ်ပျက်ကြီးကို လက်စွပ်ထဲသို့ အောင် မြင်စွာ ထည့်သွင်းနိုင်လိုက်ပြီ ဖြစ်သောကြောင့် လျူ ယောင်တစ်ယောက် စိတ်အေးသွားခဲ့ရသည်။ယခု ဆိုလျှင် ထိုအာကာသယာဉ်ပျက်ကြီးမှာ သူ့ အပိုင် ဖြစ်လာခဲ့၏။

​လျူယောင်တွင် ကြီးမားသော အစီအစဉ်တစ်ခု ရှိ နေသည်။အနာဂတ်တွင် သူသည် အင်္ဂါဂြိုလ်ပေါ်သို့ အောင်မြင်စွာ ဆင်းသက်ပြီး အခြေစိုက်စခန်းတစ်ခု တည်ထောင်နိုင်သည့်အခါကျမှသာ သူ၏ သိပ္ပံသု တေသနအဖွဲ့နှင့် နည်းပညာရှင်များ စနစ်တကျ လေ့ လာနိုင်ရန်အတွက် ထိုအာကာသယာဉ်ပျက်ကြီးအား ပြန်ထုတ်ပေးပေမည်။

ယခင်က ပြုပြင်မွမ်းမံခဲ့သည့် ကျွန်းငယ်လေးမှာ ယခုအခါ "နဂါးကျွန်း"ဟု ခေါ်ဆိုပြီး ၎င်းက ပုဂ္ဂလိ က အပန်းဖြေကျွန်းကြီးတစ်ကျွန်း ဖြစ်လာခဲ့သည်။

ယခုအခါ​ကျွန်းပေါ်တွင် လှပသော ပတ်လမ်းများသ ာ မက ကိုယ်ပိုင်လေဆိပ်နှင့် အဆင့်မြင့်အပန်းဖြေ စခန်းတစ်ခုပါ ပြည့်စုံစွာ ရှိနေ၏။လျူယောင်အပါ အဝင် ယူနီ​ဗာဆဲလ်၏ အကြီးတန်း ဝန်ထမ်းများက လည်း ထိုကျွန်းသို့ မကြာခဏ လာရောက်အနား ယူ လေ့ရှိကြသည်။

ဟွာဟိုင်းမြို့မှ ထိုကျွန်းသို့ လေယာဉ်ဖြင့် လာပါက နာရီအနည်းငယ်သာ ကြာသဖြင့် သွားရလာရသည် မှာ အလွန်ပင် အဆင်ပြေလှ၏။

​

​ကမ်းခြေရှိ နေကာထီးကြီးအောက်တွင် လျူယောင်၊ ကျိုးယန်၊ဟူဂျွန်ရှီးနှင့် ဟွမ်ကွမ်း တို့ စုရုံးကာ လက် ဖက်ရည် သောက်ရင်း စကားစမြည် ပြောဆိုနေကြ သည်။သိပ်မဝေးသည့် သဲသောင်ပြင်ပေါ်တွင်မူ သူ တို့၏ ကလေးများ ဆော့ကစားနေကြ၏။

​အကြီးဆုံးကလေးမှာ ကျိုးယန်၏ သားဖြစ်ပြီး သူ က ခုနှစ်နှစ်၊ရှစ်နှစ် အရွယ်ရှိနေသည်။အငယ်ဆုံး ကလေးမှာမူ ဟွမ်ကွမ်း၏ သမီးလေးဖြစ်ပြီး သူမက အသက် နှစ်နှစ်အရွယ်သာ ရှိသေးသည်။

​

သဲသောင်ပြင်ပေါ်တွင် ကလေးငယ်များ၏ ပျော်ရွှ င်ရယ်မောသံများက လွှမ်းမိုးထားပြီး လူကြီးများက မူ လွတ်လပ်ပေါ့ပါးစွာ လက်ဖက်ရည်သောက်ရင်း စကားဝိုင်း ဖွဲ့နေကြသည်။

​ထိုစဉ် ဟူဂျွန်းရှီက လျူယောင်ကို ကြည့်ကာ ပြုံး၍ မေးလိုက်၏။

​“အစ်ကိုယောင်က ဘာအလုပ်မှ မလုပ်ဘဲ အေးအေး ဆေးဆေးပဲ နေတော့မလို့လား...”

​လျူယောင်က ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်၏။

​“အင်း ကုမ္ပဏီကို မင်းတို့လက်ထဲပဲ ငါ စိတ်ချလက် ချ အပ်ခဲ့မယ်.. ငါလည်း ဇနီးနဲ့ ကလေးတွေကိုခေါ် ပြီး ဘဝကို အဓိပ္ပာယ်ရှိရှိ ခံစားဖို့ နိုင်ငံအနှံ့ လျှော က်လည်ဦးမယ်ကွာ..”

ဟူဂျွန်းရှီက လေးလေးနက်နက် ပြန်ပြောလိုက်၏။

​“အကိုယောင်ကို တကယ်ပဲ အားကျမိပါတယ်ဗျာ.. စိတ်မပူပါနဲ့... ကျွန်တော်တို့ အကို့ကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ပါဘူး..ကုမ္ပဏီကို အရင်က ထက် ပိုကောင်းအောင် စနစ်တကျ စီမံခန့်ခွဲသွားပါ့ မယ်လို့ ကတိပေးပါတယ်ဗျ..”

​လျူယောင်လည်း ခေါင်းညိတ်ပြလိုက်မိသည်။

"အင်း ငါမင်းတို့ကို ယုံပါတယ်ကွာ"

အမှန်တကယ်တွင်မူ လျူယောင်အနေဖြင့် မည်သ ည့် အရာကိုမျှ စိုးရိမ်နေစရာ မလိုပေ။သူ့ ကုမ္ပဏီ၏ အကြီးတန်းဝန်ထမ်းအားလုံးသည် စွမ်းရည်အမှ တ် ရရှိထားသူများဖြစ်ပြီး လျူယောင့်အပေါ် အကြွင်းမဲ့ သစ္စာရှိသူများလည်း ဖြစ်၏။

ထိုသူတို့သည် လုပ်ငန်းတစ်ခုချင်းစီအား ကိုယ်ပိုင် အလုပ်ကဲ့သို့ပင် အလေးအနက်ထား၍ အစွမ်းကုန် ကြိုးစား လုပ်ကိုင်ကြသူများလည်း ဖြစ်ပေသည်။

သူ၏ ညီနောင်များကို လျူယောင် ကြည့်ကာ ယုံကြ ည်စိတ်ချစွာ ပြောလိုက်၏။

“ကုမ္ပဏီကို မင်းတို့လက်ထဲပဲ ငါ အပ်ခဲ့မယ်နော်..”

​“စိတ်မပူပါနဲ့ အကိုယောင်ရ... ကျွန်တော်တို့ အကို့ကို ဘယ်တော့မှ စိတ်ပျက်အောင် မလုပ်ပါဘူးဗျာ..”

​လူတိုင်းက ယုံကြည်မှုအပြည့်ရှိသော အသံများဖြင့် တညီတညွတ်တည်း ပြန်ဖြေလိုက်ကြသည်။ထိုအ သံများမှာ ပင်လယ်လေနှင့်အတူ အရပ်မျက်နှာ အ သီးသီးသို့ ပျံနှံ့သွားခဲ့သည်။

​ထိုစဉ်မှာပင် အဝေးတစ်နေရာမှ လီချန်လဲ့က လျူ ယောင့်အား လက်ဝှေ့ယမ်းပြကာ ပြောနေ၏။

​“ကို...ဒီကိုလာပြီး ကျွန်မကို ဓာတ်ပုံနည်းနည်းလော က် ရိုက်ပေးပါဦး...”

​လျူယောင်က ပြုံးလျက် အသံကျယ်ကျယ်ဖြင့် ပြန် ပြောလိုက်၏။

​“အင်း.လဲ့လဲ့...ကိုယ် အခုပဲ လာခဲ့မယ်...”

​လျူယောင်က သူ၏ ညီနောင်များကို တစ်ချက်ကြ ည့်ကာ ကျေနပ်စွာ ခေါင်းညိတ်ပြပြီးနောက် မိသား စုဝင်များရှိရာ သဲသောင်ပြင်ဆီသို့ ပေါ့ပါးသော ခြေ လှမ်းများဖြင့် လျှောက်လာခဲ့ပေသည်။

………. ပြီးပါပြီ။ …………..

All Chapters