← Chapters

ပုံမှန်လုပ်ရိုးလုပ်စဉ်

Vol. 144 Ch. 2004

ပုံမှန်လုပ်ရိုးလုပ်စဉ်

Vol. 144 Ch. 2004

သူမ စဉ်းစားပုံမှာ ကောင်းမွန်ပြီး ရိုးရှင်းလွန်းသည်။ သို့သော် သူမ ပြဿနာမရှာလျှင်တောင် ပြဿနာသည် သူမကိုလာရှာမည်ကို သိထားသည်။ ထို့ကြောင့် ပြဿနာ သူမကိုလာရှာချိန်တွင် မထူးဆန်းတော့ပေ။ မတတ်သာရုံ သာဖြစ်သည်။

သူမသည် နှိမ့်ချပြီးရင်း နှိမ့်ချနေသည်။ ထို့ကြောင့်ပင် ဤတည်းခိုဆောင် တွင် အခန်းတစ်ခန်းသာငှားနေသည်။ သူမသည် ယွင်ရာတို့ သတင်းပို့ပြီး သူတို့ ကိုလာခေါ်ရန်ကို စောင့်နေလိုက်သည်။

အသွားအပြန်ခရီးမှာ နှစ်ရက်မှ သုံးရက်ကြာနိုင်သဖြင့် ဤတည်းခိုဆောင် တွင် ခေတ္တမျှစောင့်ရမည်ဟု ဆိုသည်။ ယွင်ရာနှင့် ဖေးယ်တို့ပြန်မရောက်ခင် တွင် ပြဿနာသည် တံခါးလာခေါက်လိမ့်မည်ဟု ထင်မထားပေ။

အကြောင်းအရင်းမှာ ရိုးရှင်းသည်။ သူတို့ထင်ထားသလို ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့ကြောင့် ဖြစ်လာသည့် ပြဿနာမဟုတ်ပေ။ နှာဘူးတစ်ယောက်သည် ရှီမာယူယူကို သဘောကျရာ သူတို့မှာ အပြင်လူများဖြစ်သည်ကိုသိသည်နှင့် အခွင့်အရေးယူလာသဖြင့် ဝူလင်းယူ၏ ကန်ခြင်းကိုခံလိုက်ရလေသည်။

အစက တိတ်ဆိတ်ပြီး အေးချမ်းသော မြို့ငယ်လေးမှာ ချက်ချင်းပင် ပွက်လောရိုက်သွားသည်။

“သေစမ်း… ဒီမှာ ငါတို့ဂိုဏ်းအဖွဲ့ဝင်တွေကို ရိုက်ရဲတဲ့သူရှိနေတာလား.. ဒီလိုဖြစ်နေတာ ဘယ်လောက်ကြာပြီလဲ”

“အဲလိုမျိုး တကယ်ရှိနေတာလား သူတို့တွေက အတင့်ရဲလွန်းတာပဲ”

“မဆိုးဘူး လာလေ ကြည့်ကြတာပေါ့”

“ငါတို့ဂိုဏ်းအဖွဲ့ဝင်တွေက သူတို့ကိုမနိုင်ရင် မင်းသွားကူညီမှာလား”

“ကျွတ် အကန်ခံလိုက်ရတဲ့သူက သားရဲထိန်းကျောင်းသူဂိုဏ်းက နှာဘူး ပဲ.. သူ့ကို ဘယ်သူကကူညီမှာလဲ”

“ဒါဆို မင်းက အပြင်လူတွေကို ကူညီမလို့လား”

“အဲဒါလည်း မဖြစ်နိုင်ဘူး.. ငါတို့ဂိုဏ်းစည်းမျဉ်းတွေကို ဆန့်ကျင်နေ တယ်”

“ဒါဆိုဘာလို့သွားကြည့်မှာလဲ”

“ငါက.. ငါက ပွဲသွားကြည့်မလို့ အဲဒီနှာဘူးကောင် အရိုက်ခံရတာကို ကြည့်ချင်လို့”

“သွားကြမယ်”

“မင်း မသွားဘူးလား”

“မသွားဘူးလို့ ဘယ်တုန်းက ပြောလို့လဲ”

“ဒါဆိုလည်း ဘာလို့ မေးခွန်းတွေ ဒီလောက်များနေတာလဲ”

“ပျော်လို့လေ”

“….”

ဒီလူက… အရမ်းကို မုန်းဖို့ကောင်းတာပဲ။

ထိုလူနှစ်ယောက် လက်ဖက်ရည်ဆိုင်မှထွက်သွားမှပင် တခြားသူများ သည် သူတို့ကို သတိထားမိကြသည်။

“အဲဒါက ကျားနန်ရှင်းနဲ့ မုယဲ့ချီတို့မလား သူတို့ပျောက်နေတာကြာနေပြီ ဒီကိုဘာလာလုပ်ကြတာလဲ”

“အဲဒီအရူးနှစ်ကောင်ကို မတွေ့တာ ကြာနေပြီ လွမ်းတောင်လွမ်းမိပါ့”

“အဲလိုတော့မဟုတ်ဘူး မုယဲ့ချီကသာ ရူးတာ ကျားနန်ရှင်းက မရူးဘူး.. သူက ငါတို့ဂိုဏ်းက မိန်းကလေးတွေအကုန်လုံး ကြွေတဲ့သူပဲ”

“ကျားနန်ရှင်းရဲ့ အကျင့်နဲ့ဆိုရင် မင်းတို့လို စိတ်ကူးယဉ်တတ်ကြတဲ့ မိန်းကလေးတွေအကုန် သူ့ကိုကြိုက်ပြီးကြပြီမလား”

“ကျွတ်.. သူက ဘယ်သူမှ သူ့နားကိုကပ်ခွင့်မပေးဘဲ တသီးတခြားနေ တတ်တဲ့သူလေ.. အဲဒါက သူဘယ်လောက် ဩဇာရှိလဲဆိုတာကို ဖုံးထားလို့မရ ဘူး.. ငါတို့က သူ့ကိုအဝေးကနေကြည့်ဖို့ပဲတတ်နိုင်တယ်”

“မင်းတို့ မိန်းကလေးတွေကတော့ အချစ်ပဲသိတယ်”

“ဟူး ငါက ဂိုဏ်းကမိန်းကလေးတွေကို တကယ်အားကျတယ်.. သူတို့က သူ့ကို အချိန်မရွေးတွေ့နိုင်တယ်လေ”

“မင်းကတော့ အချစ်ရူးတွေပဲ.. မင်းတို့ အိပ်မက်ထဲက ယောက်ျားက ထွက်သွားလိုက်ပြီ လိုက်မသွားတော့ဘူးလား”

“ကိုယ့်နတ်ဘုရားက အေးစက်လွန်းတယ် ငါ အဝေးကပဲကြည့်နေတာ ကောင်းပါတယ်”

“အဲဒါကြောင့် ငါက မင်းကိုအရူးမလို့ပြောတာ”

ရှီမာယူယူသည် မျက်စိရှေ့မှမြင်ကွင်းကိုကြည့်ပြီး ခေါင်းကိုက်လာသည်။ အကန်ခံလိုက်ရသူမှာ မထလာနိုင်သေးခင် အားလုံးသည် သူတို့ကို ဝိုင်းထားကြ သည်။ သူတို့သည် ပွဲလာကြည့်သည်ဟုဆိုသော်ငြား ထွက်မပြေးရန်ပိတ်ထား ခြင်းလည်းဖြစ်သည်။

သူမသည် ဝူလင်းယူကို ကြည့်လိုက်သည်။ သူ အခုနည်းနည်း သည်းခံ လိုက်ပြီမလား။ ဟုတ်တယ်မလား။

“ကိုယ်သာသည်းခံလိုက်ရင် အဲဒီလူရဲ့ ရွံစရာကောင်းတဲ့လက်က မင်း ကိုယ်ပေါ်ရောက်နေလောက်ပြီ” ဝူလင်းယူသည် သူ ဘာမှ အမှားမလုပ်ထား သကဲ့သို့ အေးစက်စွာနှာမှုတ်လိုက်သည်။

“အမှန်ပဲ.. အစ်ကိုကြီးလင်းယူသာ သူ့ကိုကန်မထုတ်ရင် ငါသင်ထားတဲ့ နဂါးအငွေ့အသက်နဲ့ အဲလူကိုစားခိုင်းတော့မလို့” ဖူရှီပါ အေးစက်စွာနေပုံကို သင်ယူပြီးဖြစ်ကာ ပြောလေသည် “အဲလူတွေကို မနိုင်တာလည်းမဟုတ်ဘူး”

“နိုင်တာ မနိုင်တာအကြောင်းမဟုတ်ဘူးလေ.. ပြဿနာတက်လိမ့်မယ်” ရှီမာယူယူသည် မတတ်သာစွာဖြင့် ဆန့်ကျင်လေသည်။

“စိတ်မပူပါနဲ့ မင်းက ပြဿနာကြောက်နေမယ့်လူလည်းမဟုတ်ဘူး” ဖူရှီ သည် လက်သီးဝှေ့ယမ်းလေသည်။

“ငါက ပြဿနာမကြောက်ဘူး ဒါပေမဲ့ ကြိုက်လည်းမကြိုက်ဘူး” ရှီမာယူယူ ခေါင်းကိုက်လာသည် “ဒီမှာလူတွေများလွန်းတယ်.. သူတို့အကုန်လုံး ကို ငါနိုင်မှာတဲ့လား.. ဒီ့ထက်များတဲ့လူတွေထပ်လာရင် ဘယ်လိုလုပ်မလဲ.. သူတို့က လာပူးပေါင်းမယ်လို့ပြောရင် ငါတို့ကဘယ်လိုလုပ်ကြမှာလဲ.. ငါတို့တွေ စကားမပြောခင်မှာပဲ လွှင့်သွားလိမ့်ဦးမယ်.. အဲလိုကျ သူတို့ဂိုဏ်းထဲဝင်ချင်ပါ တယ်လို့ ဘယ်လိုသွားပြောတော့မလဲ”

“အဲဒါလည်းဟုတ်တယ်” ဖူရီသည် နှာခေါင်းရှုံ့လေသည်။

“ထားလိုက်တော့ ဒီလိုဆိုတော့လည်း ရိုက်ကြတာပေါ့” သူမသည် ပြဿနာကို မကြိုက်သော်လည်း မကြောက်ပေ။ ပြီးနောက် ထိုလူသာ သူမကို အမှန်တကယ် ထိလာပါက သူလွှင့်သွားအောင်လုပ်မည်ဖြစ်သည်။ ဝူလင်းယူ သည် သူမ လုပ်မည့်အရာကိုလုပ်လိုက်ခြင်းသာဖြစ်သည်။

ထိုဖက်တီးသည် မြေပေါ်မှ တွားသွားထလာရာ ချက်ချင်းပင် ဘေးနားမှ လူများသည် သူ့ကိုဝိုင်းကာ စိတ်ပူကြောင်းပြသလေသည်။

“ငါတို့တော့ နောက်ခံကောင်းတဲ့လူကို ရိုက်မိလိုက်ပြီထင်တယ်” ရှီမာယူယူ တစ်လုံးချင်းပြောလေသည်။

ယခုလိုနေရာသည် အရည်အချင်းရှိသူများ စုဝေးရာနေရာဖြစ်ကာ နောက်ခံကောင်းသူများသာ သူတို့ကို သဘောကျအောင်လုပ်နိုင်ကြသည်။ အထူးသဖြင့် ထိုလူများသည် ဂိုဏ်းအတွင်းတွင် ရာထူးမြင့်သူများဖြစ်ကြသည်။

ထင်ထားသည့်အတိုင်းပင် ထိုလူများသည် ဖက်တီးကိုထူပြီးနောက် လူ တစ်ယောက်သည် ချက်ချင်းပင် ဝူလင်းယူကို ခြိမ်းခြောက်လေသည် “ချင်းချိုင့် က ဂိုဏ်းသခင်ချင်းဖူရဲ့ မြေးပဲ.. မင်းတို့က သူ့ကိုရိုက်ရဲတာလား.. မင်းတို့တွေ အသက်မရှင်ချင်တော့ဘူးထင်တယ်”

“သူတို့က တကယ်ပဲ အသက်မရှင်ချင်တော့ဘူးထင်တယ်.. သခင်လေး ချင်ချိုင့် သူတို့အကုန်လုံးကို သတ်ချင်လား”

“သူကိုယ်တိုင် ဘာလို့လုပ်နေမှာလဲ.. ဒီအတိုင်း မရဏာသားရဲခေါ်ထုတ် ပြီး သူတို့ကို အသားတုံးဖြစ်အောင်သာလုပ်လိုက်ရုံပဲ”

“အဲအကြံကောင်းတယ်.. ဒီလူနည်းနည်းလောက်ကို ပဲငါးပိဖြစ်အောင် နင်းတာကိုကြည့်ရတာ ပျော်ဖို့ကောင်းမှာပဲ”

“….”

“ထင်ထားတဲ့အတိုင်းပဲ.. ဒီဖိနှိပ်တတ်တဲ့သူတွေက ဂိုဏ်းအုပ်ကြီးတွေ၊ ဂိုဏ်းအကြီးအကဲတွေနဲ့ ဂိုဏ်းချုပ်တွေရဲ့ မျိုးဆက်ငယ်တွေပဲ” ထိုလူများသည် စကားပြောနေသည်ကို မရပ်ပေ။ ရှီမာယူယူသည် ခေါင်းခါလိုက်သည် “တခြား စံနှုန်းတွေမရှိတော့ဘူးလား”

“ဘာလို့လဲဆိုတော့ ဒီလိုမျိုးနောက်ခံရှိတဲ့ လူတွေသာက ဂိုဏ်းထဲမှာ စိတ်တိုင်းကျလုပ်ရဲကြတာလေ” ဝူလင်းယူသည် အဓိကအချက်ကို ပြောလေ သည်။

“အမှန်ပဲ.. ဒါပေမဲ့ သူတို့က သစ်သီးပုပ်တချို့လည်းရှိတတ်တာပဲ.. လူ ကောင်းတွေလည်း ရှိပါသေးတယ်” ဖူရှီသည် သူ့ကိုယ်သူ ထူးခြားသည့်လူဟု ထင်မိသည်။ သူဘယ်လောက် လိမ္မာလဲကြည့်လေ။ သူက ဒီလိုမျိုး အလှလေး တွေကို ပြန်ပေးဆွဲတဲ့ကိစ္စမျိုးကို ဘယ်တော့မှမလုပ်ဘူး။ မိန်းကလေးတွေကို ကိုယ်ထိလက်ရောက် မစော်ကားဖူးဘူး။ အဲဒီမိန်းကလေးတွေကို ဂရုတောင် မစိုက်ခဲ့ဘူး။

ယခု ထိုနားရွက်ကြီးသည့် ဖက်တီးသည် နောက်ခံအားကိုမှီခိုကာ တခြား သူများကို အနိုင်ကျင့်ပြီး ကိုယ်ထိလက်ရောက်စော်ကားနေသည်ကို သူ့မျက်လုံး နှင့်ကိုယ်တိုင်မြင်လိုက်ရသောအခါ သူ့ကိုယ်သူ ရတနာတစ်ပါးကဲ့သို့ခံစားရ၏။

ရှီမာယူယူသည် သူ၏ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေသော မျက်နှာကို မြင်သောအခါ သူ့နဖူးကိုပုတ်ပြီး ငေါက်လိုက်သည် “မင်းရဲ့ ဒီလောက်သေးတဲ့ ခန္ဓာကိုယ်နဲ့ ဘယ်လိုလုပ် မိန်းကလေးကိုလိုက်လို့ရမှာလဲ.. အပြစ်ကျူးလွန်ချင် ရင်တောင် အပြစ်ကျူးလွန်နိုင်မယ့် ခန္ဓာကိုယ်ရှိနေရမယ် သိပြီလား”

“ငါလည်း ရှိလာမှာပါ ဟင်း” ဖူရှီသည် အစခံလိုက်ရသဖြင့် ရုတ်တရက် အတွေးဝင်သွားသည်။ တကယ်လို့ သူ့ခန္ဓာကိုယ် ကြီးလာပြီး မိန်းမလှလေးတွေ ကို ပြန်ပေးဆွဲမိသွားရင် ဘယ်လိုလုပ်မလဲ။

သူသာ အဲလူရဲ့ဘေးကမိန်းကလေးကို လုလိုက်လို့ အဲလူက သူ့ကို ကမ္ဘာ တစ်ဆုံးလိုက်နေရင် ဘယ်လိုလုပ်မလဲ။

ချင်းချိုင့်သည် သူ၏သားရဲထိန်းကျောင်းသူဂိုဏ်းမှ လူများနှင့်အတူ ဒေါသ ထွက်လေသည်။ သူတို့သည် သူ၏သရုပ်မှန်ကိုထုတ်ဖော်ပြီးသော်လည်း ထိုလူ များသည် သူတို့ကိုလျစ်လျူရှုကာ သူတို့အချင်းချင်းတောင် ရယ်မောနေလိုက် ကြသေးသည်။

ဒါက ဒေါသကိုလာဆွနေတာပဲ။ သေချာကို ဒေါသလာဆွနေတာ။

တစ်ချိန်တည်းမှာပင် သူတို့သည် လျှို့ဝှက်ဂိုဏ်းကို ဂရုမစိုက်ဟု ပြသွား ခြင်းဖြစ်သည်။

ဒါက သူတို့ကို အရှက်ရအောင်လုပ်နေတာပဲ။

“အရင်ရက်က စာချုပ်တည်ထောင်ထားတဲ့ အံ့ဖွယ်သားရဲတွေကိုခေါ် ထုတ်လိုက်.. သူတို့တွေ ဘယ်လောက်အားကောင်းလဲဆိုတာ ပြလိုက်” လူ တစ် ယောက်သည် အကြံပေးလေသည်။

“ကောင်းတယ်”

ချင်းချိုင့်သည် လှောင်ချိုင့်တစ်ခုထုတ်လိုက်သည်။ အထဲတွင် ဖုံးကွယ် ထားသည့် မရဏာသားရဲတစ်ကောင်ရှိနေသည်။ ထိုအကောင်သည် ချင်းချိုင့်ကို မြင်သောအခါ မသိစိတ်မှ တွန့်သွားလေသည်။

“သွား အဲလူတွေကို အသားတုံးဖြစ်အောင် နင်းချေလိုက်.. မင်းကို နေ့တိုင်းလုပ်နေတဲ့ မီးမြှိုက်တာကိုမလုပ်တော့ဘူး” ချင်းချိုင့်သည် ပြောရင်းနှင့် သားရဲလှောင်ချိုင့်ကို ဖွင့်လိုက်သည်။

မရဏာသားရဲသည် သူ့စကားကို ကြားပြီးနောက် တွေဝေခြင်းမရှိ ပြေး ထွက်လာသည်။

ရှီမာယူယူသည် တအံ့တဩမျက်ခုံးပင့်လိုက်သည် “အံ့ဖွယ်သားရဲလား ကြည့်ရတာ ငါတို့တွေ အထင်သေးမိပြီထင်တယ်”

***

All Chapters