အလှည့်အပြောင်း
Vol. 144 Ch. 2005
ထိုလူများသည် သူတို့ကို အံ့ဖွယ်သားရဲတစ်ကောင်တည်းနှင့် အနိုင်ယူလို ချင်နေကြသည်။ ဒါက သူတို့ကို အထင်သေးတာမဟုတ်ရင် ဘာလုပ်တာဖြစ် မလဲ။
“ယူယူ ဒီအကောင်လောက်လေးကို ငါ့ကိုသာအပ်ထားလိုက်” ဖူရှီ၏ သေးငယ်သော ခန္ဓာကိုယ်လေးသည် ရှေ့တွင် ပုံစံအမှန်အတိုင်းပေါ်လာသည့် အံ့ဖွယ်သားရဲရှေ့၌ မတ်မတ်ရပ်လိုက်သည်။ ဖူရှီ သူ့ရှေ့တွင် ရပ်လိုက်ချိန်တွင် တစ်ပေသာသာ,သာ ရှိပုံပေါ်သဖြင့် ဟာသ,သဖွယ်ဖြစ်နေသည်။
ချင်းချိုင့်တို့အဖွဲ့သည် ရယ်ကွဲကြလေသည်။ ဒီကလေးက ဒီလောက်ကြီး တဲ့ အံ့ဖွယ်သားရဲကို နိုင်ချင်နေတာလား။
“ကောင်စုတ်လေး မင်းက လူကောင်သေးတာနဲ့ အံ့ဖွယ်သားရဲက မင်းကို မသတ်တော့ဘူးလို့ မထင်လိုက်နဲ့.. မင်းက နေလာတာ ဘယ်လောက်မှမကြာ သေးဘူးမလား.. ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ သေသွားရင် ကမ္ဘာကြီးကို မြင် လိုက်ရမှာတောင်မဟုတ်ဘူး”
ဖူရှီသည် အလွန်ဒေါသထွက်သွားသည်။ သူသည် ဤလူတစ်စု၏ ခွဲခြား ဆက်ဆံခြင်းကို ခံလိုက်ရသည်။ ထိုလူများ အလွန်ထိတ်လန့်သွားအောင် တစ် ချက်တည်းနှင့် အနိုင်ယူရန် သူ ဆုံးဖြတ်လိုက်သည်။ သို့သော် သူ ဘာမှမလုပ်ရ သေးခင်မှာပင် သားရဲမှ လှုပ်ရှားလေသည်။ သို့သော် သူတို့ ထင်ထားသည်နှင့် ကွဲပြားခြားနားစွာပင် သူ ရှောင်လိုက်နိုင်သည်။
ထိုသားရဲသည် ကျယ်လောင်စွာ အော်ဟစ်ပြီး ချင်းချိုင့်တို့ကို လူသတ် မည့်အကြည့်ဖြင့် ကြည့်လေသည်။ ထို့နောက်တွင် သူတို့၏ အံ့ဩနေသော အကြည့်ရှေ့၌ပင် ချင်းချိုင့်ကို တိုက်ခိုက်လေသည်။
အံ့ဖွယ်သားရဲမှာ သူတို့ကို လာတိုက်ခိုက်လိမ့်မည်ဟု ချင်းချိုင့်၏ အဖွဲ့ ထင်မထားသောကြောင့် သူတို့၏ တုံ့ပြန်မှုမှာ နှေးကွေးလှသည်။ သားရဲ၏ လက်များကို ရှောင်လိုက်နိုင်သော်လည်း အံ့ဖွယ်သားရဲမှ ရိုက်ခတ်လာသော အားပြင်းသည့်လေကြောင့် ဒဏ်ရာရကြလေသည်။ အနည်းစုမှာ ဒဏ်ရာ ပြင်းထန်ကြသည်။
ထိုမြင်ကွင်းကိုကြည့်ပြီး လျှို့ဝှက်ဂိုဏ်းမှလူများသည် ပထမဆုံးတုံ့ပြန် လာသည်မှာ အံ့ဩခြင်းဖြစ်ပြီး နောက်တွင် ရယ်ကွဲကြလေသည်။ ဒါက သားရဲ ထိန်းကျောင်းသူဂိုဏ်းခွဲတစ်ခုလုံးကို အရှက်ရစေတာပဲ။ သူတို့ ထိန်းကျောင်း ထားတဲ့သားရဲက ရန်သူကို မတိုက်ခိုက်တဲ့အပြင် သူတို့လူသူတို့ ပြန်တိုက်ခိုက် နေကြတာ။ ဒီတစ်ချက်တည်းနဲ့တင် သားရဲထိန်းကျောင်းသူဂိုဏ်းခွဲကတော့ နောက်လာမယ့်နှစ်တွေမှာ အရှက်ကွဲနေတော့မယ်။
ဖူရှီသည်လည်း နားမလည်နိုင်ဖြစ်သါားသည်။ သူသည် ဝူလင်းယူတို့ တစ်ခုခုလျှို့ဝှက်လုပ်နေသလားဆိုသည်ကို သိချင်သဖြင့် လှည့်ကြည့်သည်။
“ငါတို့ ဘာမှမလုပ်ဘူး.. အဲလူတွေက သားရဲတွေကို ထိန်းကျောင်းတုန်း က ရက်စက်ခဲ့လို့ဖြစ်မယ်… ဒီအံ့ဖွယ်သားရဲက အပြည့်အဝထိန်းကျောင်း မပြီး သေးဘူး.. အခု သူလွတ်လပ်သွားတော့ စိတ်ထဲကဒေါသတွေ ပွင့်ထွက်လာတာ ပဲ” ရှီမာယူယူ ရှင်းပြလေသည်။
“ဝူး…”
မရဏာသားရဲသည် ဒေါသထွက်စွာဖြင့် မာန်ဖိလိုက်ပြီး ခြေထောက်ကို မြှောက်ကာ ချင်းချိုင့်တို့အဖွဲ့ဆီသို့ ပြေးဝင်လေသည်။
ချင်းချိုင့်တို့သည် မြေပြင်တွင်ဝပ်ပြိး ပုန်းရှောင်ရန် ကြိုးစားလေသည်။ သူတို့၏ အပေါ်ယံတိုက်ခိုက်မှုသည် သားရဲ၏အရှိန်ကို လျော့မသွားစေပေ။
ရှီမာယူယူသည် ထိုမြင်ကွင်းကိုကြည့်ပြီး ပြောလိုက်သည် “လျှို့ဝှက်ဂိုဏ်း ကသတင်းတွေ ထွက်ထားသလိုမဖြစ်ဘူးနဲ့တူတယ်.. ကျွမ်းကျင်နယ်ပယ်မှာရှိ ကြတဲ့ သခင်တွေက သာမန်လူတွေထက်စာရင် ခန္ဓာကိုယ်အားက နည်းတယ် ဆိုတာတော့ ကြားဖူးပါတယ် ဒါပေမဲ့ ဒီလောက်လူအများကြီးနဲ့ အံ့ဖွယ်သားရဲ တစ်ကောင်ကိုတောင် မနိုင်ဘူးဆိုတာတော့ မဖြစ်သင့်ဘူး”
“အားနည်းလွန်းတယ်” ဝူလင်းယူ သဘောတူလေသည်။
အစောက သူ အားများများစားစား မသုံးလိုက်ရဘဲနှင့်တောင် ချင်းချိုင့် သည် လွှင့်ထွက်သွားခဲ့သည်။ ထိုအရာသည် ထိုလူများ အားနည်းသည်ကို ပြ နေသည်။
“ချင်းချိုင့်က လျှို့ဝှက်ဂိုဏ်းက အမှိုက်ကြီးပဲ.. သူက ငါတို့လျှို့ဝှက်ဂိုဏ်း ကို ကိုယ်စားမပြုဘူး” အသံတစ်သံသည် ဧည့်ခန်းမှထွက်လာသည်။ သူတို့သည် ထိုစကားကို သဘောမတွေ့ကြသည့်ပုံပင်။
“ဪ အဲလိုပဲနေမှာပါ.. မဟုတ်ရင် အရမ်းကိုစိတ်ပျက်စရာကောင်းနေပြီ” ရှီမာယူယူ ပြောလိုက်သည်။
“ဘာလဲ မင်းက လျှို့ဝှက်ဂိုဏ်းကို အများကြီးမျှော်လင့်ထားလို့လား”
“ပြောရရင် ကျွန်မက ဒီမှာလေ့လာချင်တာပဲ” ရှီမာယူယူ ပြောလိုက်၏။
“ဒါဆို မင်းလည်း လက်လျော့လိုက်တော့” မုယဲ့ချီ ပြောလိုက်သည် “ငါတို့ လူတွေထဲက တစ်ယောက်ကို ရိုက်လိုက်ပြီဆိုရင် ငါတို့လျှို့ဝှက်ဂိုဏ်းရဲ့ ရန်သူ ဖြစ်သွားပြီ.. ဘယ်သူမှ သဘောတူမှာမဟုတ်ဘူး”
“ပြဿနာမရှိဘူး ရှင်တို့ ထင်မြင်ချက်က အရေးမကြီးဘူး” ရှီမာယူယူ ပြောလေသည်။
“အိုး ကောင်မလေး.. မင်းပါးစပ်က ထက်လှချည်လား.. ငါတို့ ဂိုဏ်းအဖွဲ့ ဝင်ကို အနိုင်ကျင့်ပြီးတာတောင် ငါတို့ဆီကိုဝင်လာရင် မင်းရဲ့နေ့ရက်တွေက ဒုက္ခတွေနဲ့ပဲ ပြည့်နေလိမ့်မယ်.. ငါတို့ဂိုဏ်းက အတွင်းရေးပဋိပက္ခတွေကို ဝင်မပါဘူး” မုယဲ့ချီ ပြောလိုက်သည်။
“အဲဒါကို သိပါတယ် အဲတော့ ဘာဖြစ်လဲ” ရှီမာယူယူသည် ထိုကိစ္စကို စိတ်မဝင်စားသလို သာမန်ကာလျှံကာပြောလေသည်။
“လူငယ်တွေက ဘယ်လိုကြောက်ရမလဲဆိုတာကို မသိညဘူးပဲ.. အတင့် ရဲလိုက်တာ.. အခု မင်း ငါတို့ကျောင်းကို ဝင်ခွင့်ရပါစေလို့ မျှော်လင့်မိသွားပြီ” မုယဲ့ချီသည် သူမကို ချီးကျူးလေသည် “အဲလိုဆို ပျော်စရာကိစ္စတွေရှိလာမှာပဲ”
“ဒါဆို မျက်စိရှေ့က ပြဿနာကိုဖြေရှင်းဖို့ ကျွန်မကိုအရင်ကူညီဦး.. မဟုတ်ရင် ဒီကလူတွေအကုန်လုံးကို ရိုက်မိသွားရင် ရှင်တို့ လျှို့ဝှက်ဂိုဏ်းကို ဝင်ဖို့က ပိုပြီးမဖြစ်နိုင်တော့ဘူးမလား” ရှီမာယူယူသည် တောက်ပသော မျက်လုံးများဖြင့် သူ့ကိုခေါင်းမော့ကြည့်လေသည်။
“ဟား.. မင်းက ငါ့ကိုကူညီစေချင်နေတယ်ပေါ့” မုယဲ့ချီ နှာမှုတ်လေသည်။
“မဟုတ်ဘူး.. ကျွန်မကို ဂိုဏ်းထဲဝင်စေချင်ပြီး ပွဲကြီးပွဲကောင်းကြည့်ချင် တာရှင်မဟုတ်ဘူးလား.. ရှင် ပွဲကြီးပွဲကောင်းကြည့်ချင်ရင် ဒီလောက်လေးတော့ ဘာလို့အားမထုတ်ရမှာလဲ” ရှီမာယူယူ ပခုံးတွန့်လေသည်။
“ဟားဟား မင်း အဲလိုပြောတော့လည်း အဓိပ္ပာယ်တော့ရှိသားပဲ” မုယဲ့ချီ ပြောလေသည်။
“ယုတ္တိမရှိလိုက်တာ” ကျားနန်ရှင်းသည် အေးစက်စွာ နှာရှုတ်လေသည်။
“စိတ်ဝင်စားစရာကောင်းတယ်လို့ မင်း မထင်ဘူးလား.. အဲလိုလူမျိုးက ငါတို့ဂိုဏ်းကိုဝင်လာရင် နောက်ပိုင်းကျ ပျော်စရာကောင်းမှာပဲ” မုယဲ့ချီ ပြော လိုက်သည် “ပြီးတော့ အဲဒီဖက်တီးကို ငါ တကယ်သဘောမကျဘူး”
“ဒီတစ်ခေါက်ကိစ္စကိုက သားရဲထိန်းကျောင်းသူဂိုဏ်းခွဲကို အရှက်ခွဲပြီးပြီ မင်းသာ ဝင်ပါလိုက်ရင် မင်းက သူတို့ရဲ့ပစ်မှတ်အသစ် ဖြစ်သွားလိမ့်မယ်”
“ဟား” မုယဲ့ချီသည် ခပ်ပေါ့ပေါ့ရယ်လိုက်သည်။ “ဒါမလုပ်ရင် သူတို့က ငါ့ကို အခက်တွေ့အောင် မလုပ်ဘူးလို့ပြောချင်တာပဲ.. ဘယ်လိုပဲဖြစ်ဖြစ် ဟန့်ရှူးတို့က ငါ့ကို အစကတည်းက ကြည်မှမကြည်တာ.. ငါလည်း အပျော် ဝင်ပါလို့ရတာပဲ မဟုတ်ဘူးလား”
“အသာလုပ်”
“ငါသိပါတယ်”
“အာ…”
ရှီမာယူယူ၏ အာရုံမှာ ချင်းချိုင့်၏ နာကျင်စွာအော်လိုက်သောအသံဆီသို့ ရောက်သွားသည်။ သူမ လှမ်းကြည့်လိုက်ရာ သူတို့သည် အံ့ဖွယ်သားရဲ၏ ပွတ်တိုက်ဆွဲယူခြင်းကိုခံနေရသည်ကို မြင်လိုက်ရသည်။
“ရက်စက်လိုက်တဲ့ တိရိစ္ဆာန်ပဲ”
ကျယ်လောင်သော အော်သံတစ်ခုထွက်လာပြီးနောက် နောက်တွင် ဓား ရှည်တစ်ချောင်းမှာ လက်ခနဲဖြစ်သွားသည်။ ထိုလင်းလက်မှုတွင် အေးစက် သည့် ရောင်ဝါပါနေပြီး အံ့ဖွယ်သားရဲ၏ ခန္ဓာကိုယ်ကို ထိုးဝင်သွားလေသည်။ ထိုဓားသည် အံ့ဖွယ်သားရဲ၏ ကျောပြင်မှတစ်ဆင့်ထွက်လာပြီး ရှီမာယူယူတို့ အဖွဲ့ဆီသို့ ဦးတည်လာသည်။ သို့သော် ဝူလင်းယူသည် အမြန်ဖယ်ရှားလိုက် သည်။
“ဝူး..”
အံ့ဖွယ်သားရဲသည် ခေါင်းမော့ပြီး ကျယ်လောင်စွာ မာန်ဟိန်းလေသည်။ သူ့အသံမှာ လက်လျော့တော့မည့်အသံပါနေသည်။
“ဗျစ်”
သွေးစိမ်းများသည် သူ့ခန္ဓာကိုယ်မှ ပန်းထွက်ပြီးနောက် အံ့ဖွယ်သားရဲ သည် နောက်ပြန်လဲကျသွားသည်။ သားရဲ၏ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်သွား လေသည်။
ရှီမာယူယူတို့သည် နောက်သို့ပြန်ဆုတ်ကာ အလောင်းကို ရှောင်လိုက်ကြ သည်။
“အားကောင်းလိုက်တဲ့ ဓားရှည်ရောင်ဝါပဲ” ဂိုဏ်းအဖွဲ့ဝင်များ အော်ကြ လေသည် “ဒါပေမဲ့ ချင်းချိုင့်က ဒဏ်ရာရနေပြီလေ.. ဘာတွေဖြစ်သွားတာလဲ မသိဘူး”
“အဲလူတွေကတော့ ဒုက္ခရောက်ပြီပဲ… သားရဲထိန်းကျောင်းသူဂိုဏ်းရဲ့ အကြီးအကဲက ဒီရောက်လာပြီ.. သူတို့တွေ အသက်ရှင်ဖို့မလွယ်တော့ဘူး”
“အဲဒီ မိန်းမလှလေးကတော့ နှမြောစရာကောင်းလွန်းပါတယ်”
သားရဲထိန်းကျောင်းသူဂိုဏ်းခွဲမှလူများ ပျံလာကြရာ ထိုလူများသည် မျက်လုံးထဲမှ ပျော်ရွှင်သွားသည်ကို ဖုံးမရဖိမရတော့ပေ။
“အကြီးအကဲ ၄ နောက်ဆုံးတော့ရောက်လာပြီပဲ သခင်လေးချင်းချိုင့် ဒဏ်ရာရထားတယ်”
ဒဏ်ရာအပြင်းအထန်ရထား၍ မြေပေါ်တွင်လဲနေသော ချင်းချိုင့်ကို ကြည့်ပြီး သားရဲထိန်းကျောင်းသူအကြီးအကဲ ၄ သည် မျက်မှောင်ကြုတ်လိုက် သည် “ဘယ်လိုဖြစ်လို့ ဒီလောက်ကြီး ဆိုးဝါးနေတာလဲ”
“အဲဒီလူတွေပါ သူတို့က သခင်လေးချင်းချိုင့်လွှင့်သွားအောင်လုပ်လိုက် တာ.. အဲဒါကြောင့် အံ့ဖွယ်သားရဲသုံးပြီး တိုက်ခိုက်မလို့ပ.. နောက်ဆုံးတော့ အံ့ဖွယ်သားရဲတိုက်ခိုက်တာကိုပဲ ခံလိုက်ရတယ်၊ အကြီးအကဲ ၄ သခင်လေး ချင်းချိုင့်အတွက် တရားမျှတမှုရှာပေးပါ”
အကြီးအကဲ ၄ သည် ရှီမာယူယူတို့ကို ကြည့်လိုက်ရာ သူမ မည်မျှ လှပ သည်ကို တွေ့လိုက်ရသသည်။ ထို့ကြောင့် အဖြစ်အပျက်များကို ခန့်မှန်းမိသွား သည်။
သူသည် ဓားရှည်ထုတ်ပြီး သူတို့ကို သတ်ဟန်ပြင်လိုက်သည်။ သို့သော် သူ၏ ဓားရှည်ရောင်ဝါကို ဝူလင်းယူမှ ဖယ်ရှားလိုက်သည်ကိုလည်း မြင်လိုက်ရ သဖြင့် မလွယ်ကူလှသည်ကို သိလိုက်ရသည်။
“အကြီးအကဲ ၄ ကျွန်တော်သာဆိုရင် အရင်ဆုံး ဖက်တီးကို ဒဏ်ရာကုဖို့ ပြန်ပို့လိုက်မှာပဲ” မုယဲ့ချီ အော်လေသည် “သူတို့ကို သတ်တာက အရေးမကြီး ဘူး.. ဖက်တီးချင်းသေသွားရင် ဂိုဏ်းအုပ်ကြီးကို ရှင်းပြဖို့ခက်သွားမှာမဟုတ်ဘူး လား”
“မုယဲ့ချိ သူတို့ကို ကာကွယ်ပေးနေတာလား” အကြီးအကဲ ၄ သည် တည်ငြိမ်စွာပြောလေသည်။
“ငါက မင်းတို့ဘက်ကလေ” မုယဲ့ချီသည် အလေးအနက်ပြောလေသည် “မင်းက သူတို့ကို နိုင်အောင်တိုက်နိုင်ဖို့ အားကောင်းပြီလို့ ထင်လား”
***