ငါပျင်းလို့လေ
Vol. 144 Ch. 2006
သားရဲထိန်းကျောင်းသူဂိုဏ်းခွဲမှလူများသည် မုယဲ့ချီ ပြောစကားကို ကြား လိုက်ရသောအခါ သွေးများပင် အန်မိတော့မလိုပင်။
ဒီစကားကို ဘယ်လိုလုပ် သူတို့ကိုယ်စား သူက သွားပြောနေတာလဲ။ သူက သေချာပေါက် သူတို့ကို အထင်သေးနေတာပဲ။
“ဒါ ဘာအဓိပ္ပာယ်လဲ.. ငါတို့ကို အထင်သေးတာလား” လူတစ်ယောက် သည် စောင်းပြောခံရသည်ကို ထောက်ပြလေသည်။ ပြောလည်းပြောစရာပင်။ ချင်းချိုင့်သည် ငတုံးတစ်ယောက်ဖြစ်သောကြောင့် သူတို့သည် သူ့ဘေးတွင် နေ ပေးနေရခြင်းပင်။
အကြီးအကဲ ၄ သည် ဒေါသထွက်လာကာ တိုက်ခိုက်တော့မည်အပြုတွင် ကျားနန်ရှင်း၏ အသံသည် သဲ့သဲ့ထွက်လာသည် “ချင်းချိုင့် ထပ်ပြီး တောင့်မခံ နိုင်တော့ဘူး”
“အကြီးအကဲ ၄ သခင်လေးကို မြန်မြန်ပြန်ပို့ရအောင်” ချင်းချိုင့်၏ အစေ ခံလေးသည် ငိုတော့မည့်ပုံဖြစ်နေသည်။ သူ၏သခင်လေးသာ သေသွားလျှင် သူ သည်လည်း သေချာပေါက် သေရမည်ဖြစ်သည်။
အကြီးအကဲ ၄ သည် ဆင်ခြေတွေ့သွားကာ သူ့လူများကို ချင်းချိုင့်အား တွဲခိုင်းပြီး သူကိုယ်တိုင် သားရဲထိန်းကျောင်းသူဂိုဏ်းခွဲသို့ ပြန်ပို့လေသည်။
မုယဲ့ချီသည် ခေါင်မိုးပေါ်တွင်ရပ်နေကာ ပွဲကြည့်လာပရိသတ်ကို လက်ကို ယမ်းပြလေသည် “ကဲ အားလုံးပဲ သွားကြတော့”
“မင်းက တကယ်ပဲ သူတို့ကိုကူညီလိုက်တာလား.. သူတို့တွေက ငါတို့ ဂိုဏ်းဝင်တွေကို ရိုက်သွားတဲ့လူတွေပဲ” လူတစ်ယောက် ပြောလေသည်။
မုယဲ့ချီသည် ထိုလူကို မေးငေါ့ပြလေသည် “ဒါဆို မင်းက ချင်းချိုင့်ရဲ့ဘက် တော်သားလို့ ပြောချင်တာလား”
“ငါ.. သွားပြီ” ထိုလူသည် ပြောပြီးသည်နှင့် လှည့်ထွက်သွားလေသည်။
အကယ်၍ တခြားသူသာဆိုလျှင် သူတို့သည် သွားရိုက်မည်ဖြစ်သည်။ သို့သော် မုယဲ့ချီဖြစ်နေသည်။ သူတို့သည် သူနှင့် တစ်ဦးချင်းသွားရင်မဆိုင်နိုင် ပေ။
သူပင် ထိုသို့တွေးသဖြင့် တခြားသူများလည်း ထိုသို့တွေးကြသည်။ ထို့ကြောင့် အားလုံးထွက်သွားကြသည်။
“ဒီအတိုင်းပဲ ဖြေရှင်းပြီးသွားပြီလား ဒီ့ထက်ပိုပွဲဖြစ်ဦးမယ်ထင်နေတာ” ဖူရှီသည် စိတ်ပျက်လက်ပျက်ဖြင့်ပြောလေသည်။
“ကလေး ရန်ဖြစ်တာကို ကြိုက်တာမကောင်းဘူး” မုယဲ့ချီသည် ခေါင်မိုး ပေါ်မှနေ၍ပြောလေသည် “မင်း ငါတို့ဂိုဏ်းကို ဝင်လာဖို့ တကယ်မျှော်လင့်ပါ တယ်.. မဟုတ်ရင် ငါက ဘာမှမဟုတ်ဘဲ ဝင်ပြောလိုက်တာဖြစ်မယ်”
“ငါပြန်တော့မယ်” ကျားနန်ရှင်းသည် ပြောရင်းနှင့် ကျောပေးပြီး ပျံသွား လေသည်။ မုယဲ့ချီသည် အမြန်ပင် သူ့နောက်မှလိုက်သွားသည်။
“အဲလူက ဒီအတိုင်းပဲသွားလိက်တာလား သူ့နာမည်ကိုတောင် ပြော မသွားဘူး” ဖူရှီ နှုတ်ခမ်းဆူလေသည်။
“သူတို့နှစ်ယောက်က သာမန်နဲ့မတူတဲ့ပုံပဲ… စကားတွေကလည်း အရာ ရောက်တယ်.. သူတို့တွေက လျှို့ဝှက်ဂိုဏ်းမှာ အဆင့်မြင့်တယ်လို့ ထင်တယ်.. ဂိုဏ်းကိုဝင်သွားနိုင်ရင်တော့ သူတို့တွေက ဘယ်သူတွေလဲဆိုတာ သိရမှာပဲ.. မဝင်နိုင်ရင်တော့ သူတို့တွေ ဘယ်သူလဲဆိုတာ သိရင်တောင် အရေးမကြီးတော့ ဘူး” ရှီမာယူယူ ပြောလိုက်သည်။
“အမှန်ပဲ.. သူတို့လည်း အဲလိုတွေးကြမှာပဲ”
“တည်းခိုဆောင်ကို ပြန်ကြတာပေါ့.. အဲလူတွေက ပြဿနာလာရှာတာ ကို ရိုက်လွှတ်ခဲ့တာဆိုတော့ ငါတို့အကြောင်းထပ်ပြောချင်မှာမဟုတ်ဘူး”
……
သူတို့ တည်းခိုဆောင်တွင် သုံးရက်ကြာထပ်စောင့်ပြီးနောက် ယွင်ရာနှင့် ဖေးယိတို့ရောက်မလာခင် ဂိုဏ်းအဖွဲ့ဝင်တချို့ ရောက်လာကြသည်။
“ကျုပ်တို့က ဂီတဂိုဏ်းခွဲက အဖွဲ့ဝင်တွေပါ… မင်းတို့ကိုကြိုပြီး တောင် ပေါ်ကို ခေါ်ခဲ့ဖို့ ဆရာဦးလေးက ခိုင်းလိုက်တာပါ” အရှေ့တွင်ရပ်နေသော လူ ပြောလေသည်။
“ကျွန်မတို့ကို လာကြိုတာလား” ရှီမာယူယူသည် သူတို့ကို ချီးကျူးမိသွား ကာ ခေါင်းညိတ်လိုက်သည် “ဟုတ်ပါပြီ ခဏလောက် စောင့်ပေးပါ”
သူမသည် အခန်းဆီသို့ ပြန်လာပြီးနောက် သူတို့နှင့်အတူထွက်သွားလိုက် သည်။
တည်းခိုဆောင်၏ စားပွဲထိုးသည် စားပွဲရှေ့သို့လာပြီး ပခုံးပေါ်မှ အဝတ် ကို ပစ်တင်လိုက်သည်။ သူသည် အံကြိတ်ပြီး ပြောလေသည် “ကျွန်တော်တို့ တကယ်ပဲ သူတို့ကို သတိမပေးတော့ဘူးလား”
“ဘာကို သတိပေးရမှာလဲ” ဆိုင်တာဝန်ခံသည် လက်တစ်ဖက်ဖြင့် မေးစေ့ကို ကိုင်ထားပြီး မျက်လုံးမှိတ်ထားသည်။ သူသည် အိပ်ပျော်တော့မည့် အတိုင်း ခံစားချက်ကင်းစွာဖြင့် ခေါင်းညိတ်လေသည်။
စားပွဲထိုးသည် သူ၏လျစ်လျူရှုတတ်သော အမူအကျင့်ကို ကျင့်သားရနေ ကာ ပြောလေသည် “အဲလူတွေက ဂီတဂိုဏ်းခွဲကမဟုတ်ဘူး.. သူတို့က သားရဲ ထိန်းကျောင်းသူဂိုဏ်းခွဲကနဲ့တူတယ်.. သူတို့တွေက သေချာပေါက် ကောင်းတဲ့ ရည်ရွယ်ချက်ကြောင့် လာတာတော့ မဖြစ်နိုင်ဘူး. ယူယူက သူတို့နဲ့သွားလိုက် ရင် သူတို့အန္တရာယ်မများနိုင်ဘူးလား”
ဆိုင်တာဝန်ခံသည် မျက်လုံးဖွင့်ပြီး ဝါးသမ်းလိုက်သည်။ သူသည် အပျင်း ကြောပင် ဆန့်လိုက်သည်။ ထို့နောက် စားပွဲပေါ်မှ အဝတ်ကိုယူကာ စားပွဲထိုး ၏ ပခုံးပေါ်သို့တင်ပေးပြီး ပြင်းထန်စွာ ငေါက်ငမ်းလေသည် “သူတို့ ဒီမှာနေနေ တာ ဘယ်နရက်ရှိနေပြီလဲ.. မင်း ပါးစပ်ဟလိုက်တိုင်း ယူယူက ဟိုလိုဖြစ်တယ် ယူယူက ဒီလိုဖြစ်တယ်နဲ့.. မင်းတို့တွေ အရမ်းရင်းနှီးနေကြလား.. အဲလူတွေ မရိုးရှင်းက မင်း တစ်ချက်တည်းနဲ့သိနေတာပဲ.. သူတို့ကို စိတ်ပူနေဖို့မလိုဘူး အလုပ်ပဲကြိုးစားလုပ်.. အခန်းတွေ သန့်ရှင်းရေးလုပ်ပြီးပြီလား.. ခြံဝန်းကိုရော တံမြက်စည်းလှည်းပြီးပြီလား.. စားပွဲတွေကိုရော သုတ်ပြီးပြီလား.. မဟုတ်ရင် အခုသွားလုပ်လိုက်”
စားပွဲထိုးသည် ပခုံးပေါ်မှ အဝတ်ကိုယူပြီး ဖြည်းဖြည်းချင်းနောက်ဆုတ် သွားလေသည် “ဒီတည်းခိုဆောင်က ဒီလတွေမှာ ဧည့်သည်မှမများတာ ဘယ် နေရာကိုသွားပြီး သန့်ရှင်းရေးလုပ်ရမှာလဲ.. ခင်ဗျားကလည်း ဒီမှာတစ်နေကုန် အိပ်နေတာ.. ဒါပေမဲ့ ကျွန်တော်အလုပ်ကြိုးစားတာကို အပြစ်ဖို့နေတာပဲ.. ကျင့်ကြံတာပဲကောင်းတယ်”
“မင်း ဆက်ပြီး ရေရွတ်နေရင် တောင်တွေဆီကို ပို့ပေးလိုက်မယ်” ဆိုင် တာဝန်ခံသည် ခြိမ်းခြောက်လေသည်။
စားပွဲထိုးသည် သူ့ကို ပြန်ပို့ပေးမည်ဟု ကြားသည်နှင့် ချက်ချင်းပင် မျက်နှာအမူအရာပြောင်းသွားကာ အဝတ်ယူပြီး အနီးဆုံးစားပွဲကိုသုတ်ကာ ရယ်မောပြီး ပြောလေသည် “အိုး ဆိုင်တာဝန်ခံကလည်း ကျွန်တော် ဘယ် လောက်အလုပ်ကြိုးစားလည်း ကြည့်ပါဦး ဘာလို့ပြန်ပို့နေမှာလဲ”
“လုံ့လဝီရိယထားတာတွေကိုတော့ မသိဘူး… ဒါပေမဲ့ မင်းက စကားများ ပြီး အပျင်ကြီးတာတော့ ငါ သေချာပေါက်သိတယ်.. မင်းအလုပ်ကြိုးစားမလုပ် ဘဲ လျှောက်ပြောနေမယ်ဆို ငရဲကိုပြန်ပို့ပေးလိုက်မယ်” ဆိုင်တာဝန်ခံသည် ပြောပြီးနောက် မျက်လုံးမှိတ်ကာ ဆက်အိပ်လေသည်။
စားပွဲထိုးသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းကိုလေးလံစွာချလိုက် သည်။ သူ့နောက်လိုက်ရသည်မှာ ဂိုဏ်းထဲမှ လူတော်တော်များများ အိပ်မက် မက်ခဲ့သည့်အရာဖြစ်သည်။ သူ သဘောတူရန်လည်း ခက်ခဲလှသဖြင့် ပြန် နှင်ထုတ်မည်ဆိုသည်မှာလည်း မဖြစ်နိုင်ပေ။
သို့သော် သူသည် ထိုအဖွဲ့ကို အမှန်တကယ်ပင် သဘောကျလေသည်။ သူတို့သာ ထိုအတိုင်းသေသွားပါက နှမြောစရာဖြစ်နေလိမ့်မည်။
ဟူး.. ဆိုင်တာဝန်ခံပြောသလို သူတို့ တကယ်အားကောင်းဖို့ကိုပဲ မျှော်လင့်ပါတယ်။
ရှီမာယူယူသည် သူတို့နောက်လိုက်ကာ မြို့ငယ်လေး၏ အပြင်သို့ထွက် ပြီး တောင်အနောက်ဘက်သို့ သွားလေသည်။
“လျှို့ဝှက်ဂိုဏ်းကကြီးတာပဲ ဂိုဏ်းခွဲတိုင်းမှာ တောင်ထိပ် အစွန်အဖျားလို မျိုး လွှမ်းမိုးနိုင်တဲ့နယ်မြေရှိတယ်.. ဂိုဏ်းခွဲတိုင်းမှာ ကိုယ်ပိုင်တောင်ထိပ်တွေ တောင်တွေပါတဲ့ ဆက်စပ်နယ်မြေတွေရှိတယ်… ကျုပ်တို့ ဂီတဂိုဏ်းခွဲက နည်း နည်းသေးတယ်.. သူများတွေနဲ့မယှဉ်နိုင်ဘူး အဲဒါကြောင့် နည်းနည်းဝေးတယ်” ရှေ့မှ ဦးဆောင်သူသည် ခရီးတစ်လျှောက်နွေးထွေးကာ သူတို့ကို နေရာများနှင့် မိတ်ဆက်ပေးသည်။သူသည် ဂိုဏ်းအပြင်ရှိ ဂိုဏ်းခွဲများအကြောင်းကိုပင် ပြော ပြသည်။
သူတို့သည် ထိုလူများနောက်လိုက်ပြီး နေ့တစ်ဝက်မျှ ခရီးနှင်ရသည်။ လူသူပိုမို ပြတ်လပ်လာကာ နောက်ဆုံးတွင် သက်ဝင်လှုပ်ရှားလှသော တောင် တန်းမှထွက်ပြီး သစ်တောအုပ်ဆီသို့ရောက်လေသည်။
“ဂီတဂိုဏ်းခွဲက တော်တော်ဆိုးတာပဲ” ဖူရှီသည် ကျတ်တီးမြေဖြစ်နေ သော တောင်ကိုမြင်သောအခါ လျှာသပ်သည်။ “ခင်ဗျားတို့က ရှက်စရာကောင်း တာပဲ ဒီလိုအခြေအနေမှာနေနေရတယ်”
“ဂိုဏ်းတိုင်းက အားကောင်းကြတယ်.. ဒီအတိုင်း အင်အားက စကားပြော သွားတာပဲ” ထိုလူသည် ပြုံးပြီးရှင်းပြလေသည် “ဂိုဏ်းသခင်၊ ဆရာဦးလေးနဲ့ တခြားသူတွေက ပင်မတောင်ထိပ်မှာရှိတယ်.. အဲဒီကို လက်လွတ်စပယ်သွား လို့မရဘူး.. သွားလိုက်ရင် တခြားတစ်ယောက်က လာခေါ်မှရလိမ့်မယ်”
ရှီမာယူယူနှင့် တခြားသူများသည် တွေဝေခြင်းမရှိ ဝင်သွားလိုက်သည်။ ခြေလှမ်းအနည်းငယ်လျှောက်ပြီးနောက် ခပ်ပျော့ပျော့ အားကိုခံစားမိပြီး နောက်ဆုံးတွင် အတားအဆီးထဲသို့ ဝင်ရောက်သွားလေသည်။
“ဟားဟား ဒီလူတွေက အရူးလုပ်ဖို့လွယ်လိုက်တာ.. ငါတို့ကို ဂရုစိုက်ဖို့ တောင်မှာနေသေးတယ်” ထိုလူများသည် ရယ်မောကြသည် “အဲလူတွေက ချဲ့ကားလွန်းတာပါ”
“အမှန်ပဲ သူတို့က အခု ကန္တာရတောင်ကိုဝင်သွားပြီဆိုတော့ ဘယ်တော့မှ ပြန်ထွက်လာနိုင်မှဦမဟုတ်ဘူး.. အဲဒီကမရဏာသားရဲတွေက သူတို့ကို ဂရုစိုက် ပေးလိမ့်မယ်”
“မရဏာသားရဲဟုတ်လား.. ရှင်တို့က သားရဲထိန်းကျောင်းသူဂိုဏ်းခွဲက လား” ရှီမာယူယူ မေးလိုက်သည်။
“ငါတို့က သားရဲထိန်းကျောင်းသူဂိုဏ်းခွဲကဆိုတာကို သိတာလား”
“ရှင်တို့ လာကတည်းကသိတယ်” ရှီမာယူယူ ပြောလိုက်သည် “အပြင်မှာ ပျင်းနေတာနဲ့ ရှင်တို့ ဘာလုပ်မလဲဆိုတာသိချင်ရုံပဲ.. ဒီလို အကျိုးမရှိတဲ့ ကစား ပွဲဖြစ်လိမ့်မယ်လို့ ထင်မထားဘူး”
“အကျိုးမရှိတဲ့ကစားပွဲဟုတ်လား.. ကန္တာရတောင်ကြီးဆိုတာ ဘယ်လို နေရာလဲသိရဲ့လား.. ငါတို့လျှို့ဝှက်ဂိုဏ်းရဲ့ တားမြစ်နယ်မြေပဲ.. အရင်မျိုးဆက် တွေက ဒီမှာအတားအဆီးထားခဲ့တယ်.. ဝင်လိုက်တာနဲ့ ငါတို့ သားရဲ ထိန်းကျောင်းသူဂိုဏ်းခွဲရဲ့ သိုင်းမရှိရင် ဒီမှာပဲစောင့်ပြီး သေရလိမ့်မယ်.. ဒီမှာ အံ့ဖွယ်သားရဲတွေနဲ့ အထွတ်အထိပ်သားရဲတွေအများကြီးရှိတယ် မင်းတို့ ဒီမှာ သေဖို့ပဲစောင့်နေလိုက်တော့”
“ကျွန်မတို့က ဒီအတားအဆီးကနေ ထွက်မသွားနိုင်ဘူးလို့ ရှင်တို့ ပြောနေ ကြတာလား” ရှီမာယူယူသည် ပြောရင်းနှင့် အတားအဆီးအပြင်သို့ လျှောက် ထွက်လိုက်သည်။
***