သူတို့ကစားပွဲမှာပဲ သူတို့ကိုအနိုင်ယူခြင်း
Vol. 144 Ch. 2007
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. မင်းက ဘယ်လိုလုပ်ထွက်နိုင်တာလဲ” သူမ ထွက်သွားသည်ကို မြင်သောအခါ သားရဲထိန်းကျောင်းသူဂိုဏ်းခွဲမှလူများသည် အလွန်ပင် အံ့ဩကြသည်။
“ဒါက ဘယ်လိုလုပ်ခက်ရမှာလဲ” ရှီမာယူယူသည် ပြောရင်းနှင့် ခြေတစ် လှမ်းဆုတ်ပြီး ဝင်လိုက် ထွက်လိုက်လုပ်နေသည်။
အတားအဆီးသည် သူမအတွက် လုံးဝအသုံးမဝင်ပေ။
“မင်း ဘာလုပ်လိုက်တာလဲ.. ဘာလို့ ဒီအတားအဆီးကို ဖြတ်နိုင်တာလဲ” သားရဲထိန်းကျောင်းသူဂိုဏ်းခွဲအဖွဲ့ဝင်များသည် သူမကိုကြည့်ပြီး မေးကြလေ သည်။
“ကျွန်မ တစ်ယောက်တည်းမဟုတ်ဘူး.. ဒီမှာရောပဲ” ရှီမာယူယူ လှည့်ပြီး ကောင်းကောင်းမွန်မွန် လမ်းလျှောက်နေသော ချန်ကျိုကို ကြည့်လိုက်သည်။ “အဲဒါကြောင့် ဒါကအသုံးမဝင်ဘူးလို့ပြောတာ”
“ဟင်း မင်းတို့နှစ်ယောက် ထွက်နိုင်ရင်တောင် အသုံးမဝင်ဘူး.. အဲလူတွေ က သေမှာပဲ.. မင်းတို့လည်း အတူသေရလိမ့်မယ်”
“ရှင်တို့ အကြံက ဖန်တီးနိုင်စွမ်းလည်းမရှိဘူး.. ရှင်တို့နဲ့ ကစားရတာ တောင် မကြိုက်တော့ဘူး” ရှီမာယူယူ ပြောလိုက်သည်။ ရုတ်တရက်ပင် သူမ သည် ပျောက်သွားပြီး ချက်ချင်းပင် သူတို့အနောက်တွင် ပေါ်လာသည်။ လူ တစ်ယောက်ကို ခြေထောက်တစ်ဖက်နှင့်ပင် ကန်ပြီး သူတို့အားလုံးကို အတား အဆီးထဲသို့ ကန်ထည့်လိုက်သည်။
ထိုအခိုက်တွင် ဟိန်းသံလေးသည် အတားအဆီးကိုအပေါက်ဖောက်ကာ ဖူရှီ၊ ဟွမ်နှင့် တခြားသူများကို ထွက်သွားခိုင်းသည်။
“အဝူး…”
မရဏာသားရဲများ၏ အော်သံများနီးကပ်လာပြီး သားရဲထိန်းကျောင်းသူ ဂိုဏ်းခွဲအဖွဲ့ဝင်များ၏ အမူအရာများမှာ ပြောင်းသွားလေသည်။
ရှီမာယူယူတို့အဖွဲ့ကို မရဏာသားရဲနှင့် ရှင်းရန်အတွက် သူတို့သည် မရဏသားရဲများကို ဆွဲဆောင်ရန် ဤနေရာတွင် ပစ္စည်းများထားခဲ့ကြသည်။ ထိုအရာသည် သူတို့ကိုရူးသွပ်စေပြီး အသိစိတ်ပျောက်ကာ မြင်မြင်သမျှ တိုက်ခိုက်စေသည်။
ယခု မရဏာသားရဲများရောက်လာသဖြင့် သူတို့သည် အစားတိုက်ခိုက်ခံ ရတော့မည်။
“မြန်မြန်သွားကြမယ်.. ဒီအတားအဆီးက ငါတို့ကိုဘာမှမလုပ်နိုင်ဘူး” အရှေ့မှ လူသည် တခြားသူများကိုအော်ပြီး အတားအဆီးအစွန်ဆီသို့ ဦးတည် သွားကြလေသည်။
သို့သော် သူတို့၏ လျှို့ဝှက်သိုင်းသည် အလုပ်မဖြစ်သည့်ပုံပင်။ သူတို့ မည်မျှပင် လုပ်စေကာမူ ထွက်ရန်နည်းလမ်းမရှိပေ။
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ အတားအဆီးက တစ်ခုခုပဲ” လူတစ်ယောက် သည် တအံ့တဩ အော်လေသည်။
ကြောက်ရွံ့မှုများ ကူးစက်သွားလေသည်။ အစပိုင်းတွင် သူတစ်ယောက် သာကြောက်ရွံ့နေသည်။ သို့သော် သူပြောပြီးနောက် တခြားသူများလည်း ကြောက်လာကြသည်။
သူတို့သာ ဒီနေရာကနေ မထွက်နိုင်ရင် ဒီနေရာမှာပဲ သေသွားမှာမဟုတ် ဘူးလား။
“ထပ်စမ်းကြည့်လိုက်.. နည်းလမ်းမှာ တစ်ခုခုမှားနေတာရှိလား”
“လူတစ်ယောက်တည်းဆိုရင် ဒီနည်းလမ်းက သုံးလို့ရမယ်.. ဒါပေမဲ့ ငါတို့ အားလုံး ဒီကနေထွက်လို့မရဘူး အဲဒါကြောင့် နည်းလမ်းမှာ ဘယ်လိုလုပ် ပြဿနာရှိနိုင်မှာလဲ”
မျှော်လင့်ချက်ကင်းမဲ့ခြင်းနှင့် ကြောက်ရွံ့မှုမှာ မရဏာသားရဲများ၏ အရိပ် ကိုမြင်သည်နှင့် အမြန်ပင် ပြန့်သွားသည်။ သူတို့သည် တခြားအရာများကို ဂရု မစိုက်နိုင်တော့ဘဲ ထွက်နိုင်ရေးကိုသာ ထပ်ခါထိပ်ခါ ကြိုးစားတော့သည်။
“ရှင်တို့ အားတွေ အလဟဿအကုန်မခံနဲ့တော့.. ဒီအတားအဆီးက ရှင် တို့ ဂိုဏ်းက အတားအဆီးမဟုတ်ဘူး.. လင်းယူက ရှင်တို့အတွက် လုပ်ပေးထား တဲ့ဟာပဲ.. ဝင်နိုင်ရင်တောင် ပြန်မထွက်နိုင်ဘူး၊ ပြီးတော့ မရဏာသားရဲတွေ တော့ဝင်နိုင်လိမ့်မယ်” ရှီမာယူယူသည် သူတို့ကိုကြည့်ပြီး ပြောလေသည် “ရှင် တို့ ရှေ့ကတိုက်ပွဲကိုပဲ အာရုံစိုက်ထားတာကောင်းလိမ့်မယ်”
“ဘာ”
“အတင့်ရဲလိုက်တာ”
“ဟား.. ခင်ဗျားတို့သာ ကျွန်တော်တို့ကို လာလှည့်စကားတာတွေ အဲတော့ ဘာလို့မတုံ့ပြန်ရမှာလဲ” ဖူရီသည် လက်နှစ်ဖက်ကို ခါးထောက်ထား သည် “ဒါကို သူများရဲ့နည်းလမ်း၊ စည်းမျဉ်းတွေနဲ့ ကျင့်ကြံတယ်လို့ခေါ်တယ်.. ဒါကို ပျော်မွေ့လိုက်ကြဦး”
လျင်မြန်စွာပင် မရဏာသားရဲများ ရောက်လာသည်။ သားရဲများသည် ဝူလင်းယူ၏ အတားအဆီးထဲသို့ ဝင်လာရာ သားရဲထိန်းကျောင်းသူဂိုဏ်းခွဲအဖွဲ့ ဝင်များအားလုံး တိုက်ခိုက်ခံရသည်ကို သူတို့ ကြည့်နေလိုက်ကြသည်။
မရဏာသားရဲများမှာ အလွန်များပြားပြီး အားကောင်းပြီး သန်မာကြ သည်။ ထိုလူအနည်းငယ်သည် ကြည့်ရက်စရာပင်မရှိလောက်အောင် အချိန်တို အတွင်း၌ပင် အပိုင်းပိုင်းအဖြတ်ခံရလေသည်။
ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့သည် ထိုမြင်ကွင်းကိုမြင်သောအခါ မျက်နှာများ ဖြူဖျော့လာသည်အထိ ကြောက်ရွံ့ကြလေသည်။ သို့သော် သူတို့သည် အားတင်းပြီး ကြည့်ကြသည်။
သူတို့သာ အားမကောင်းပါက အတားအဆီးကို ဖွင့်တတ်သော ဟိန်းသံ လေးရှိနေသည့် ရှီမာယူယူကြောင့်သာမဟုတ်လျှင် ထိုနေရာတွင် ယခုလို အဆုံး သတ်မည်မှာ သူတို့ပင် ဖြစ်လိမ့်မည်။ ထို့ကြောင့်ပင် ထိုလူများကို သနားနေ၍ မဖြစ်ပေ။ သူတို့သည် အားမကောင်းပါက မည်သို့အဆုံးသတ်မည်ကို သေချာ ကြည့်ထားရမည်။
“လျှို့ဝှက်ဂိုဏ်းထဲမှာ ဘယ်သူ မထီမဲ့မြင်ပြုရဲတာလဲ”
လူတစ်စုသည် မြင်းများစီးပြီး ပျံလာကြသည်။ သူတို့သည် အတားအဆီး အတွင်းမှ ခြေလက်ပြတ်များကို မြင်သောအခါ သူငယ်အိမ်များကျဉ်းမြောင်း သွားကြလေသည်။
“မင်းတို့က အတင့်ရဲလှချည်လား.. မင်းတို့က ငါတို့လျှို့ဝှက်ဂိုဏ်းမှာ ဂိုဏ်းတပည့်တွေကို ပေါ်တင် ကိုယ်ထိလက်ရောက်အကြမ်းဖက်ရဲတယ်.. ဒီနေ့ မင်းတို့ကို သေချာပေါက် ဖမ်းမယ်”
ရှီမာယူယူသည် သူတို့ကိုကြည့်လိုက်သည်။ သူတို့သည် အားမနည်းပေ။ တချို့မှာ ချင်းချိုင့်တို့နှင့်တူညီသည့် ဝတ်စုံဝတ်ထားကြသည်။
“ခင်ဗျားတို့ သားရဲထိန်းကျောင်းသူဂိုဏ်းခွဲက ဘာလုပ်ချင်လို့လဲ.. ခင်ဗျား တို့ လူက ကျုပ်တို့ကို ဒီကိုမျှားခေါ်လာပြီး သတ်ဖို့ကြိုးစားတာလေ.. နောက်ဆုံး တော့ ခင်ဗျားတို့လူသေသွားတာကိုပဲ သိလိုက်ရတော့ လျှို့ဝှက်ဂိုဏ်းအဖွဲ့ဝင် တွေက ထွက်လာပြီး ဒါကိုဖြေရှင်းချင်တာလား.. ခင်ဗျားတို့ သားရဲ ထိန်းကျောင်းသူဂိုဏ်းခွဲက တကယ်ပဲ အသုံးမဝင်တဲ့ပုံပဲ” အရိပ်မည်း၏ စကား လုံးများသည် မခံချိမခံသာဖြစ်စေပြီး သားရဲထိန်းကျောင်းဂိုဏ်းအဖွဲ့ဝင်များကို ဒေါသထွက်စေသည်။
“မင်းတို့ ဘာပဲပြောပြော မင်းတို့က ငါတို့ဂိုဏ်းအဖွဲ့ဝင်ကို သတ်လိုက်ပြီ ပဲ.. အဲတော့ မင်းတို့က ငါတို့လျှို့ဝှက်ဂိုဏ်းရဲ့ ရန်သူဖြစ်သွားပြီ.. စစ်သူကြီး လျောင်.. ခင်ဗျား ဒီလူတွေကို အလွတ်ပေးလို့မရဘူး.. သူတို့ကို နေရာတင်ပဲ သတ်လိုက်ဖို့ အကြံပြုလိုက်မယ်” သားရဲထိန်းကျောင်းဂိုဏ်းခွဲအဖွဲ့ဝင်များ သည် လျှို့ဝှက်ဂိုဏ်း၏ ကိုယ်ရံတော်ခေါင်းဆောင် ပထမဆုံးစကားပြောသူ လျောင်ချန်းမင်ကို ကြည့်လိုက်ကြသည်။
“မင်းတို့ အရင်က ဘာရန်ငြိုးတွေရှိခဲ့လဲ ငါစိတ်မဝင်စားဘူး… ဒါက လျှို့ဝှက်ဂိုဏ်းပဲ.. ငါတို့လျှို့ဝှက်ဂိုဏ်းက ဂိုဏ်းအဖွဲ့ဝင်တွေကို ဒီမှာတင် သတ် လိုက်တာက ငါတို့လျှို့ဝှက်ဂိုဏ်းတစ်ခုလုံးကို ဆန့်ကျင်တာပဲ.. လျှို့ဝှက်ဂိုဏ်း ရဲ့ စည်းကမ်းအရ မင်းတို့ကိုသတ်လိုက်လို့ရတယ်” လျောင်ချန်းမင် ပြောလေ သည်။
“ကိုယ်ရံတော်လျောင် ဟုတ်တယ်နော်.. ရှင် ဒီကိစ္စတွေကို ရှင်းရှင်းလင်း လင်း မမြင်ဘူးလား.. ဘယ်လိုလုပ် ကျွန်မတို့က သတ်တယ်ဖြစ်သွားတာလဲ.. သူတို့ကိုသတ်လိုက်တာက မရဏာသားရဲတွေပဲ.. ပြီးတော့ သူတို့ကို ဒီရောက် အောင်ခေါ်တာလဲ အဲလူတွေပဲ.. ဒါက ကျွန်မတို့တွေ လျှို့ဝှက်ဂိုဏ်းကို ပထမ ဆုံး ရောက်ဖူးတာပဲ.. ဒီနေရာမှာ လျှို့ဝှက်သားရဲတွေရှိတာကို ဘယ်လိုလုပ် သိ မှာလဲ.. ပြီးတော့ သူတို့ကို ဘယ်လိုလုပ် ဆွဲဆောင်နိုင်မလဲ” ရှီမာယူယူသည် ငြင်းဆန်လေသည် “ရှင်တို့က ဂိုဏ်းအဖွဲ့ဝင်တွေကို ကာကွယ်ဖို့ ဥပဒေတွေ ထုတ်ထားလည်း ဒီလူတွေ ကိုယ့်သေတွင်းကိုယ်တူးတဲ့ ကိစ္စကို ဘယ်လိုလုပ် ကျွန်မတို့ကို အပြစ်လာဖို့နိုင်ရတာလဲ”
လျောင်ချန်းမင်သည် မျက်မှောင်အသာကြုတ်လိုက်သည်။ သူမ ဆိုလို သည်မှာ အဓိပ္ပာယ်ရှိသည်။
“စကားကို ကွေ့ပတ်ပြောမနေနဲ့.. မင်းရဲ့ လျှို့ဝှက်အကြံအစည်ကြောင့် သာမဟုတ်ရင် သူတို့က မရဏာသားရဲတွေသတ်တာကို ဘယ်လိုလုပ်ခံရမှာလဲ ကိုယ်ရံတော်လျောင်.. ဂိုဏ်းအုပ်ကြီးပြောတာတော့ ဒီလူတွေကို အရှင်ထားလို့ မရဘူးတဲ့.. သူတို့ကိုသတ်လိုက်တာနဲ့ ကျုပ်တို့ ထိန်းကျောင်းထားတဲ့ အထွတ် အထိပ်သားရဲကို ခင်ဗျားကိုပထမဆုံးရွေးခွင့်ပေးမယ်”
လျောင်ချန်းမင်သည် ဖြားယောင်းခံလိုက်ရလေပြီ။ လတ်တလောတွင် သူ သည် အထွတ်အထိပ်သားရဲ ရရန်စဉ်းစားနေခြင်းဖြစ်သည်။ သို့သော် အထွတ် အထိပ်သားရဲမှာ ထိန်းကျောင်းရန် ခက်ခဲလှသည်။ သူတို့ကို ထိန်းကျောင်းနိုင် လျှင်တောင် ဘယ်သောအခါမှ မရခဲ့ပေ။ သူတို့အားလုံးကို ဂိုဏ်းအကြီးအကဲ များ၊ သခင်လေးများနှင့် ပါရမီရှင်များက ယူသွားခဲ့ကြသည်။ ယခု ဂိုဏ်းအုပ်ကြီး မှထိုသို့ပြောလာသဖြင့် အကြာကြီးတောင့်တလာခဲ့ရသည့် အထွတ်အထိပ် သားရဲကို နောက်ဆုံးတော့ သူ ရတော့မည်လား။
သို့သော် ထိုလူများ ပြောသည်မှာမှန်သည်။ သားရဲထိန်းကျောင်းဂိုဏ်း အဖွဲ့ဝင်များသည် သေချာမစီစဉ်ထား၍ကြောင့်သာ အလှည့်အပြောင်းဖြစ်သွား ရခြင်းဖြစ်သည်။ ထိုအချက်ကိုတွေးမိသောအခါ သူတို့ဘာသာ တွင်းတူးလိုက် ခြင်းဖြစ်သည်။
လျောင်ချန်းမင်သည် စိတ်ထဲတွင်လွန်ဆွဲနေသည်ကို ရှီမာယူယူ သိလိုက် သည်။ သို့သော် သူသည် ဖြားယောင်းခြင်းကို မလွန်ဆန်နိုင်ဘဲ မျက်လုံးတွင် လည်း ကြင်နာမှုများမရှိတော့ပေ။ သူသည် အနောက်မှတပ်သားများဆီသို့ လှည့်ပြီး လက်ကိုဝှေ့ယမ်းလိုက်သည် “သူတို့အကုန်လုံးကို ဖမ်းလိုက်”
“ကိုယ်ရံတော်လျောင် သူတို့ကို ဒီမှာတင် သတ်ပစ်ရမယ်” သားရဲထိန်း ကျောင်းဂိုဏ်းအဖွဲ့ဝင်များသည် အော်ကြလေသည်။
လျောင်ချန်းမင်သည် သူတို့ကိုကြည့်လိုက်သည်။ ပြီးနောက်အမိန့်ကို ပြန် ပြောင်းလိုက်သည် “သူတို့ကို ဒီနေရာတင် သတ်ကြ”
တပ်သားများသည် သူ့အမိန့်ကိုကြားသောအခါ သူတို့ အလွန် အားကောင်းသည်ကို သိကြသဖြင့် အတူတကွတိုက်ခိုက်လေသည်။
“ပညာလေ့လာဖို့လာခဲ့တာဆိုတော့ ပြဿနာမရှာချင်ခဲ့ဘူး ဒါပေမဲ့ သူတို့ က လာရန်စတာပဲ” ရှီမာယူယူ ပြောလိုက်သည်။
ဟွမ်နှင့် အရိပ်မည်းတို့ အမိန့်လက်ခံပြီးသည်နှင့် ထိုတပ်သားများမှာ မြေပေါ်တွင် လူးလှိမ့်အောင် အရိုက်ခံရလေသည်။ တစ်ယောက်ပြီးတစ် ယောက်လဲကျသွားကာ မလှုပ်နိုင်ကြေော့ပေ။ သို့သော် အသက်အန္တရာယ်တော့ မရှိပေ။
“တင်”
ကြိုးတပ်တူရိယာ၏ အသံသည် နေရာတိုင်းမှထွက်လာသည်။ သူတို့ သည် ထိုအသံကြားသောအခါ အမူအရာများပြောင်းသွားကြသည်။
***