ကျွန်မကိုဆရာ
Vol. 144 Ch. 2008
တောင်ကမ်းပါးဘေးတွင် ဘယ်ချိန်ကရောက်နေမှန်းမသိသည့် အဖြူ ရောင် အရိပ်ကို ရှီမာယူယူနှင့်တခြားသူများ ကြည့်လိုက်ကြသည်။ သူသည် တောင်ထိပ်တွင် တင်ပျဉ်ခွေထိုင်ပြီး ဗျတ်စောင်းရှည်ကို ဒူးပေါ်တင်ထားသည်။
သူတို့သည် သူ့ကိုမြင်ရုံသာရှိသေးသည် လျောင်ချန်းမင်နှင့် သားရဲ ထိန်းကျောင်းဂိဏ်းသားများသည် အလွန်ပင် ကြောက်ရွံ့သွားကြသည်။
“ဂိုဏ်းသခင်လု.. ဒီမှာဘာလုပ်နေတာလဲ လူကြီးမင်း” လျောင်ချန်းမင် သည် လုယန်ကို ယဉ်ကျေးစွာ အရိုအသေပြုပြီး ဤအဘိုးကြီး ရုတ်တရက် ရောက်လာခြင်းကို ကျိန်ဆဲနေလေသည်။
“လျောင်ချန်းမင်.. ငါက ဒီလောက် ကြည့်ကောင်းပြီး ကျက်သရေရှိနေ တာ ဘာလို့ အဘိုးကြီးတွေ နှုတ်ဆက်သလိုလာနှုတ်ဆက်နေတာလဲ” လုယန် သည် ဗျတ်စောင်းပေါ်သို့ လက်နှစ်ဖက်တင်ထားကာ သူ့အသံ ကြည်လင်ပြီး ပေါ့ပါးနေသည်မှာ လျောင်ချန်းမင်၏ ဆံပင်မွေးများကို ထောင်သွားစေသည်။
ဤအဘိုးကြီးသည် ယဉ်ကျေးသည်ကို သဘောကျပြီး သူ့ကို လူကြီးတစ် ယောက်ကဲ့သို့ ဆက်ဆံသည်ကိုလည်း မကြိုက်ပေ။ ထို့ကြောင့် အားလုံးသည် မတတ်သာဘဲ သူ့ကို တလေးတစားနှုတ်ဆက်ရသည်။
“ဂိုဏ်းသခင်လု.. ကျွန်တော် အဲလိုမဆိုလိုပါဘူး.. ဂိုဏ်းသခင်က ဒီလောက်ငယ်ပြီး ချောတာ ဘယ်လိုလုပ် အိုမှာလဲ” လျောင်ချန်းမင်သည် နှစ် ကြိမ်မျှရယ်မောလေသည်။
လုယန်သည် သူနှင့် စကားပြောမနေချင်သဖြင့် တောင်ကမ်းပါးတစ်ဖက် ကို ကြည့်လိုက်သည် “ဂိုဏ်းဒုသခင်ချင်း.. ဘာလို့အဲဒီမှာ ပုန်းနေတာလဲ.. ခင်ဗျား ရောက်မှတော့ ထွက်လာပြီး အကုန်လုံးနဲ့ စကားလာပြောချေပါဦး”
အားလုံးသည် တစ်ဖက်ကမ်းပါးကိုကြည့်လိုက်ရာ ချင်းချိုင့်နှင့်တူသည့် လူတစ်ယောက် ထွက်လာသည်ကို မြင်လိုက်ကြသည်။
“ဂိုဏ်းသခင်လု.. ဒါက ကျုပ်တို့ သားရဲထိန်းကျောင်းသူတွေ သားရဲတွေ ကို ထိန်းကျောင်းတဲ့နေရာပဲ.. ဒီမှာဘာလုပ်နေတာလဲ” ဂိုဏ်းဒုသခင်ချင်းသည် လူမိသွားသည့်အပေါ် ရှက်ရွံ့မနေပေ။ ထိုအစား သူ့ကို မေးခွန်းပြန်မေးလေ သည်။
“လှုပ်လှုပ်ရှားရှားလေးတွေရှိတယ်ဆိုလို့ လာတာလေ”
“အဲလူတွေက ကျုပ်သားကို ဒဏ်ရာရအောင် လုပ်ထားတာပါ.. ဂိုဏ်းသခင်လု ဝင်မပါဖို့ မျှော်လင့်ပါတယ်”
“ဒီလူတွေက ခင်ဗျားသားကို ဒဏ်ရာရအောင် လုပ်ထားတယ်ဟုတ်လား.. ခင်ဗျားသားက သူမ မထိန်းကျောင်းနိုင်တဲ့ အံ့ဖွယ်သားရဲကြောင့် ဒဏ်ရာရသွား တာမဟုတ်ဘူးလား… သားရဲထိန်းကျောင်းသူသခင် တစ်ယောက်အနေနဲ့ သူက ကိုယ်ထိန်းကျောင်းထားတဲ့ မရဏာသားရဲကြောင့် ဒဏ်ရာရသွားတာနော်.. တော်တော်တော့ ရှက်ဖို့ကောင်းတာပဲ.. ကျုပ်သာ ခင်ဗျားဆိုရင် အတတ်နိုင်ဆုံး ဖုံးဖိထားမှာပဲ.. ဘယ်လိုလုပ် သူများကို ပြေးလာပြီးပြဿနာရှာမလဲ.. ဟေး ခင်ဗျားသားရဲ့ ဒဏ်ရာက မပြင်းထန်ဘူးလား.. သူ နိုးလာတဲ့အထိမစောင့်ရင် သူ စိတ်ကောက်နေဦးမယ်”
ဂိုဏ်းဒုသခင်ချင်း၏ အမူအရာသည် မည်းနက်သွားလေသည်။ ထိုအဖြစ် အပျက်သည် လျှို့ဝှက်ဂိုဏ်းအတွင်းတွင် ဟာသကြီးတစ်ခုသဖွယ်ဖြစ်လာချေ ပြီ။ သူနှင့် အတိုင်အဖောက်မညီသူများသည် ဤအခွင့်အရေးကိုယူပြီး ရန်စကြ လိမ့်မည်။ ယခု သားရဲထိန်းကျောင်းဂိုဏ်းခွဲမှလူများသည် လျှို့ဝှက်ဂိုဏ်း အတွင်းတွင် ခေါင်းပင်မမော့ရဲကြပေ။
ထို့ကြောင့်ပင် သူသည် ရှီမာယူယူတို့အဖွဲ့ကို သတ်ချင်နေခြင်းဖြစ်သည်။ သူတို့ကြောင့်သာမဟုတ်လျှင် သူ၏ အဖိုးတန်သားသည် ဒဏ်ရာရမည်မဟုတ် သလို သူ၏သားရဲထိန်းကျောင်းဂိုဏ်းခွဲမှာလည်း မျက်နှာပူပြီး အရှက်ကွဲမည် မဟုတ်ပေ။
ချင်းချိုင့် နိုးလာပြီးနောက် ဝုန်းဒိုင်းကြဲသည်ကို ဆေးဂိုဏ်းခွဲမှ တပည့်များ ဆေးလာပို့သည်နှင့် တိုက်ဆိုင်၍ သူတို့မြင်သွားကြရာ သတင်းများမှာ ပြန့်သွား ခြင်းဖြစ်သည်။ လုယန်၏ စကားများသည် ချင်းချိုင့်၏ အချစ်တော်ဖခင်၏ ခေါင်းကို တူနှင့်ထုနေသလိုပင်။
“ကျုပ်ကလေးအခြေအနေက ခင်ဗျားနဲ့ဘာမှမဆိုင်ပါဘူး” ဂိုဏ်းဒုသခင် သည် အေးစက်စွာနှာမှုတ်လေသည် “အဲလူတွေကို ခင်ဗျားတို့ဂိုဏ်းခွဲက ယွင်ရာ ခေါ်လာခဲ့ပေမဲ့ ကျုပ်တို့ရှေ့မှာပင် ကျုပ်တို့ဂိုဏ်းအဖွဲ့ဝင်တွေကို သတ်သွား တယ်.. ခင်ဗျားက ဂိုဏ်းစည်းမျဉ်းကို လျစ်လျူရှုပြီး သူ့ကိုကာကွယ်ချင်နေတာ လား”
“ဂိုဏ်းစည်းမျဉ်းဟုတ်လား.. ဂိုဏ်းစည်းမျဉ်းက ဘာပြောထားလဲ”
“ဂိုဏ်းအဖွဲ့ဝင် အချင်းချင်းဆက်ဆံရေးက ဘယ်လိုပဲဖြစ်ဖြစ် ဂရုမစိုက် ဘူး.. အပြင်လူက ဂိုဏ်းအဖွဲ့ဝင်ကို အနိုင်ကျင့်လာရင် ကိုယ့်ဂိုဏ်းအဖွဲ့ဝင်ကို ကာကွယ်ရမယ်”
“အမှန်ပဲ” လုယန်သည် မတ်တတ်ရပ်ပြီး ဗျတ်စောင်းကို ဖက်တွယ်ထား လေသည် “ဒီကိစ္စက ဂိုဏ်းတပည့်တွေကြားက ပြသနာပဲ.. အဲတော့ ခင်ဗျားက ဘာဝင်နှောက်ချင်တာလဲ သူတို့ဘာသာ ဖြေရှင်းပါစေ”
“သူတို့က မဟုတ်…”
“ဒီကိစ္စတွေဖြစ်သွားတော့ သူမက ကျုပ်တို့ဂိုဏ်းအဖွဲ့ဝင်ဖြစ်နေပြီ” လုယန် ပြောလေသည် “အဲဒါကြောင့် ဒီမတော်တဆမှုက ဂိုဏ်းအဖွဲ့ဝင်အချင်း ချင်းဖြစ်တာပဲ.. ကျုပ်တို့လို အဘိုးကြီးတွေ ဝင်မပါသင့်ဘူး”
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.. သူမက ဘယ်လိုလုပ် ခင်ဗျားတို့ ဂိုဏ်းခွဲ အဖွဲ့ဝင်ဖြစ်နိုင်မှာလဲ” ဂိုဏ်းဒုသခင်ချင်းသည် သူ့ကိုမယုံပေ “ခင်ဗျား သူမကို ကာကွယ်ရင်တောင် ဒီလိုဆင်ခြေပေးဖို့မလိုပါဘူး.. ဒါက ကျုပ်တို့ဂိုဏ်းစည်း မျဉ်းကို ဆန့်ကျင်နေတယ်”
“အစောပိုင်းက ယွင်ရာက သူမကို သိုင်းပညာသင်ပေးခဲ့တယ် အဲဒါ ကြောင့် သူမက ကျုပ်တပည့်ပဲ” လုယန် ပြောလိုက်သည် “ခင်ဗျားမယုံရင် ယူယူ သူတို့ကြည့်အောင် သီချင်းတစ်ပုဒ်လောက် တီးမှုတ်ပြလိုက် အရမ်းကြီး အားစိုက်ဖို့တော့ မလိုဘူး”
ရှီမာယူယူသည် သူပေါ်လာကတည်းကပင် သူ၏သရုပ်မှန်ကို ခန့်မှန်းမိ ပြီးသားဖြစ်သည်။ သူမ လျှို့ဝှက်ဂိုဏ်းကို ဝင်ချင်မှတော့ ဂိုဏ်းသခင်ရဲ့ တိုက်ရိုက်တပည့်ဖြစ်လာလိုက်တာက သူမအတွက် ပိုပြီးအဆင်ပြေသွားတာ ပေါ့။
သည်လိုနှင့် သူမသည် ပုလွေထုတ်ကာ ဂီတသင်္ကေတတချို့ကို တီးမှုတ် လိုက်သည်။ သူမ၏ဂီတမှာ ရင်းနှီးလှသည်မဟုတ်သော်လည်း လျှို့ဝှက်ဂိုဏ်း ၏ပညာတစ်ရပ်ဖြစ်သည်ကိုတော့ ပြောနိုင်ကြသည်။
“ဒီကိစ္စကို ဂိုဏ်းသခင်ရဲ့ ရှင်းပြချက်တောင်းမယ်” ဂိုဏ်းဒုသခင်ချင်း သည် ပြောပြီးနောက် တခြားသူများကို တစ်ချက်မကြည့်ဘဲ လှည့်ထွက်သွား လေသည်။
သားရဲထိန်းကျောင်းဂိုဏ်းမှလူများသည် သူတို့၏ ဂိုဏ်းဒုသခင်ထွက်သွား သည်ကို မြင်သောအခါ သူတို့လည်း အမြန်ပင် ထွက်သွားကြလေသည်။ သူတို့ သည် မရဏာသားရဲများ စားထားသဖြင့် အရိုးတောင်မကျန်တော့သည့် အလောင်းများကို ထားသွားကြလေသည်။
လျောင်ချန်းမင်သည် ရှက်သွားကာ ရှီမာယူယူတို့ကို တောင်းပန်လေ သည် “တောင်းပန်ပါတယ်.. ခင်ဗျားတို့က လျှို့ဝှက်ဂိုဏ်းသားတွေဖြစ်နေလိမ့် မယ်လို့ထင်မထားဘူး.. ပြစ်မှားမိသွားပါပြီ”
“ရှင်မသိလို့ လုပ်မိတာပဲလေ.. မသိတာက အပြစ်မဟုတ်ပါဘူး” ရှီမာယူ ယူသည် လူအားလုံးကို ရန်သူလုပ်ရန် စိတ်ကူးမရှိပေ။ မည်သို့ပင်ဖြစ်စေကာမူ ဟွမ်တို့သည် တခြားလူများကို အပြစ်ပေးပြီးပြီဖြစ်သည်။
လျောင်ချန်းမင်သည် ရှီမာယူယူအပေါ် အထင်ကြီးလေးစားသွားကာ လက်သီးဆုပ်ဖြင့် နှုတ်ဆက်ပြီးနောက် သူ့လူများနှင့် ထွက်သွားလေသည်။ နောက်ဆုံးတွင် လုယန်နှင့် တခြားသူများသာ ကျန်ခဲ့လေသည်။
“ငါ ပေါ်လာတာ ဘာမှမဟုတ်ဘူးလို့ ပြောလို့ရလား” လုယန်သည် ပေါ့ပေါ့ပါးပါးပင် ပြောလေသည်။
“သခင်ကြီးသာ ဝင်မပါရင် ကျွန်မတော့ ဒီနေ့ဒုက္ခရောက်တော့မှာပါ အသင်းဝင်ဖို့လည်း ပိုခက်သွားနိုင်တယ်” ရှီမာယူယူ ပြောလိုက်သည်။
“မင်းက စကားပြောင်းပြောတာ မြန်သားပဲ.. ဒါပေမဲ့ ငါဘာလို့ ဒါကိုလုပ် လဲဆိုတာ မင်းသိသင့်တယ်” လုယန်၏ အပြုံးမှာပျောက်ကွယ်သွားသည် “ဂိုဏ်း ကိုရောက်မှ ဒီအကြောင်းဆက်ပြောကြတာပေါ့”
အကြောင်းအရင်းကို ရှီမာယူယူ အလိုအလျောက် သိသည်။ သူမရဲ့ လက်ထဲက အရိုးပလွေကြောင့်မဟုတ်ရင် ဘာဖြစ်နိုင်ဦးမှာလဲ။
သူမသည် သူ့နောက်လိုက်ကာ လျှို့ဝှက်ဂိုဏ်းသို့ ပြန်သည်။ အစောက သူမသည် ထိုလူများအပေါ် သံသယတချို့ ရှိခဲ့သော်လည်း သူတို့ပြောသည့် တချို့ကိစ္စများမှာတော့ မဆိုးလှပေ။ ထို့အပြင် လျှို့ဝှက်ဂိုဏ်းသည် လူသူကင်း မဲ့သည့် နေရာတွင်တည်ရှိသည်။
သူတို့သည် လမ်းတစ်လျှောက်တွင် တောင်ထိပ်များစွာ ကျော်ဖြတ်ခဲ့ပြီး ထိုတောင်ထိပ်များတွင် လူများသည် သက်ဝင်လှုပ်ရှားနေကြသည်။ သူတို့ လျှို့ဝှက်ဂိုဏ်းသို့ရောက်သည့်အချိန်တွင် ‘အေးစက်သည်’ ဆိုသည့် စာလုံးတစ် လုံးသာ ရေးထားသည်။
ယွင်ရာသည် တောင်အပြင်ဘက်တွင်ရှိနေသည်။ သူတို့ လုယန်နောက်မှ လိုက်လာသည်ကို မြင်သောအခါ အသာခေါင်းညိတ်ပြလေသည်။
“ကျန်တဲ့သူတွေရော” လုယန်သည် ဆင်းသက်လိုက်ပြီး တောင်ဆီသို့ လျှောက်သွားသည်။
“သူတို့က အစည်းအဝေးခန်းမမှာပါ” ယွင်ရာ ပြောလိုက်သည်။
“အစည်းအဝေးခန်းမကို သွားကြတာပေါ့”
သူသည် ရှေ့မှလျှောက်သွားပြီး ယွင်ရာနှင့် ရှီမာယူယူတို့အဖွဲ့သည် သူတို့ အနောက်မှ လိုက်သွားကြသည်။
“ဘယ်လိုဖြစ်လို့ ရောက်လာတာက သူဖြစ်နေတာလဲ.. ရှင်လာမယ်ထင် နေတာ” ရှီမာယူယူသည် တိုးတိုးပြောလေသည်။
“ငါ မြို့ငယ်ကို သခင်ကြီးနဲ့အတူသွားခဲ့တာ.. ဒါပေမဲ့ မင်းကို လူတစ် ယောက်ခေါ်သွားတယ်လို့ ကြားလိုက်တော့ သခင်ကြီးက သူသွားမယ်လို့ပြော ပြီး ငါ့ကို ဒီမှာပြန်လာစောင့်ခိုင်းတာ”
“သခင်ကြီးဟုတ်လား သူက ရှင့်ဆရာလား” ရှီမာယူယူသည် တအံ့တဩ မျက်တောင်ခတ်ပြီး မေးလေသည်။
“ဟုတ်တယ်.. ငါ ဂိုဏ်းကိုဝင်တော့ ငါ့အရည်အချင်းကြောင့် ဆရာက ခြွင်းချက်ထားပြီး ငါ့ကိုခေါ်ခဲ့တာ.. ဆရာက သခင်ကြီးရဲ့ညီလေ ဒါပေမဲ့ အခု သူဆုံးသွားပါပြီ” ယွင်ရာ ရှင်းပြလေသည်။
“ဒါဆို ရာထူးအတိုင်းသွားမယ်ဆိုရင် ကျွန်မကို ဆရာဦးလေးလို့ ခေါ်သင့် တာမဟုတ်ဘူးလား” ရှီမာယူယူသည် ကြိတ်ရယ်လေသည် “သူက ကျွန်မကို သူ့တပည့်အဖြစ် လက်ခံမယ်လို့ ပြောတယ်”
“သူက တကယ်ကြီး မင်းကို တပည့်အဖြစ်ခေါ်မှာလား”
“ဟုတ်တယ် မြန်မြန် ကျွန်မကို ဆရာဦးလေးလို့ခေါ်လေ”
ယွင်ရာသည် သူမကို နားမလည်စွာကြည့်လိုက်သည်။ သူမ လိမ်ညာနေ ခြင်းမဟုတ်သည်ကို သူ သိသဖြင့် အနည်းငယ် စိတ်ဓာတ်ကျသွားသည်။
သူ အရင်က စဉ်းစားပြီးရင်း စဉ်းစားခဲ့ဖူးသည်။ အများဆုံးမှ သူ့ဆရာ သို့ မဟုတ် ဆရာတို့မျိုးဆက်မှ လူများသည် သူမကို တပည့်အဖြစ်လက်ခံမည်ဟု ထင်ထားခဲ့သည်။ သည်လိုဆိုလျှင် သူမသည် သူနှင့် ရာထူးအဆင့်အတန်းတူ သွားမည်။ သို့သော် ထိုသခင်ကြီးသည် အမှန်တကယ်ပင် သူမကို ကိုယ်တိုင် တပည့်အဖြစ် လက်ခံလိမ့်မည်ဟု ထင်မထားပေ။ သူမရဲ့ အရိုးပုလွေကြောင့် များလား။
အဲဒါလည်း မဖြစ်နိုင်သေးဘူး။ အရိုးပုလွေကြောင့်သာဆိုရင် သူမကို တခြားသူကို သွားခေါ်ခိုင်းမှာပဲ။ သူကိုယ်တိုင် သွားခေါ်စရာမလိုပါဘူး။ ပြီးတော့ တပည့်လက်ခံချင်တယ်လို့ အရင်က မပြောဖူးပါဘူး။ အဲဒါကြောင့် ဒီ ဆုံးဖြတ်ချက်ကို အဲနေရာတင် ဆုံးဖြတ်လိုက်တာဖြစ်မယ်။
ဒါပေမဲ့ မေးစရာရှိတာက… ဘာလို့လဲ…
***