← Chapters

လျှောက်သွားနေတဲ့အတင်းစကား

Vol. 144 Ch. 2010

လျှောက်သွားနေတဲ့အတင်းစကား

Vol. 144 Ch. 2010

“ကိုးခုမြောက်မရဏာတောင်လား.. တကယ်ပဲ ကိုးခုမြောက်မရဏာ တောင်ကို ပြောနေတာလား” ဂီတဂိုဏ်းမှလူများသည် မယုံနိုင်ကြပေ။

“ကိုးခုမြောက်မရဏာတောင်က ပေါ်မလာတာ အရမ်းကြာနေပြီမလား” မိုဝေ့ ပြောလေသည်။

“ဟုတ်တယ် ငါ့ကိုမယုံတာတို့ ကိုယ့်အသက်ကို မနှမြောဘူးဆိုရင်တော့ သူမဘေးက ချန်ကျိုကို သွားရှာကြည့်လိုက်လေ” လုယန် ပြောလေသည်။

“…”

သူတို့ သွားသင့်လား။ တကယ်သာ အဲလိုဆိုရင် နောက်ပိုင်းကိစ္စကို ဘယ်လိုလုပ် ဖြေရှင်းတော့မလဲ။

“သူမက တကယ်ပဲ ကိုးခုမြောက်မရဏာမျိုးနွယ်ရဲ့ ဘုရင်မအငယ်သာဆို ရင် ဒါကို သေချာထည့်စဉ်းစားရမယ်” လူတစ်ယောက် သဘောတူလေသည် “သူမမှာ အဲလောက် အားကောင်းတဲ့ နောက်ခံရှိနေလိမ့်မယ်လို့ ထင်မထားဘူး”

“ပြီးတော့ သူမဘေးမှာ ကိုယ်ရံတော်နှစ်ယောက်ရှိတယ်.. မင်းတို့ သူတို့ကို ခုနကမြင်လိုက်တယ်မလား.. သူတို့ရောင်ဝါ မတူတာကို ခံစားမိလိုက် ကြလား” လုယန် မေးလိုက်သည်။

“သူတို့တွေက တခြားသူတွေ အာရုံခံလို့မရအောင် ရောင်ဝါကိုဖုံးထားပေ မဲ့ တစ်ခုခုမတူတာကိုတော့ ခံစားမိတယ်.. ဘာလို့လဲ သူတို့က ဘာဖြစ်လို့လဲ”

“သူတို့က ဘာမှတော့မဖြစ်ဘူး ဒါပေမဲ့ အဆင့်အတန်းရာထူးတော့ မြင့် တယ်.. သူတို့က မရဏာဘုရင်ရဲ့ ညာလက်ရုံးနဲ့ ဘယ်လက်ရုံးပဲ.. သူမ တစ္ဆေ လောကကို ရောက်ကတည်းက သူတို့က သူမကိုကာကွယ်ပေးနေတာပဲ.. ဒါက နူးညံ့တဲ့ သတိပေးချက်ပဲ ချန်ကျိုက ကိုးခုမြောက်မရဏာမျိုးနွယ်ရဲ့ ညာတမန် တော်ထဲက တစ်ယောက်ပဲ”

အားလုံးသည် ပင့်သက်ရှိုက်မိကြသည်။ တိတ်ဆိတ်မှုသည် သူတို့ကို လွှမ်းမိုးသွားသည်။ သူမဘေးမှ လူသုံးယောက်သည် ဤကဲ့သို့ သရုပ်မှန်ရှိနေ သည်။

“သခင် ဒါကအမှန်ပဲလား၊ ဒါက.. အရမ်းကို လျှို့ဝှက်ဆန်းကြယ်တာပဲ”

လူတစ်ယောက်မှာ ဘယ်လိုလုပ် ဒီလိုမျိုးအားကောင်းတဲ့ နောက်ခံရှိနိုင်ရ တာလဲ။

“မင်းတို့သွားပြီး ကိုယ့်ဘာသာစုံစမ်းကြလေ” လုယန် ပြောလိုက်သည် “မင်းတို့ထဲက ဘယ်သူမဆို သူမကို တိုက်ခိုက်ချင်ရင် ငါ့ကို ကြောက်စရာမလို ဘူး.. ဒါပေမဲ့ တစ်ခုခုဖြစ်ရင်တော့ သူမက ငါ့မျက်နှာထောက်ပြီး သက်ညှာနေ မှာမဟုတ်ဘူး”

အားလုံးသည် စကားလုံးများမဲ့သွားကြသည်။

သွားပြီး အတည်ပြုလိုက်ဟုတ်လား။ လုပ်ဖို့လိုလို့လား။ လုယန်က သူတို့ ကို တစ်ခါမှမလိမ်ဖူးဘူး။ ပြီးတော့ ဒီကိစ္စနဲ့ သူတို့ကို လိမ်ဖို့မလိုဘူးလေ။

“တပည့်အဖြစ်လက်ခံတာက ငါ့ကိစ္စပဲ.. ဒါပေမဲ့ မင်းတို့က မျိုးနွယ်ကို စီမံ တဲ့နေရာမှာ အားစိုက်နေကြတဲ့လူတွေမို့လို့ ငါကရှင်းပြနေတာ.. ဒါပေမဲ့ ငါ့ရဲ့ အရင်စည်းမျဉ်းတွေကိုမမေ့ပစ်ဖို့ မျှော်လင့်ပါတယ်.. ဟုတ်ပြီ အားလုံး သွားကြ တော့”

လုယန်သည် ပြောပြီးသည်နှင့် လက်မှိုင်ကျနေသော ဂီတဂိုဏ်းအဖွဲ့ဝင် များကို ထားခဲ့ပြီး ထွက်သွားလေသည်။

မိုဝေ့၏ မျက်နှာမှာ အကျည်းတန်သွားသည်။ ဂိုဏ်းမှလူများသည် သူမ ခံစားချက်မကောင်းသည်ကို သိသသဖြင့် သူမကို မလှုံ့ဆော်ရဲကြပေ။ သူမ သည် အားလုံးကို ထားခဲ့ကာ အဝေးတွင် သွားပုန်းနေသည်။

မိုဝေ့သည် တခြားသူများ သူမကို မည်သို့တွေးသည်ကို ဂရုမစိုက်ပေ။ သူမ သည် မျက်နှာပျက်ပျက်ဖြင့် ထွက်ခဲ့သည်။ သူမ ထွက်သွားပြီးနောက် အခန်းထဲ မှ လေထုသည် ပြန်ငြိမ်သက်သွားသည်။

“ဂိုဏ်းဒုသခင်မိုရဲ့ ဒေါသက တကယ်ကိုသည်းမခံနိုင်တာပဲ”

“ဟေ့.. အဲဒါကလည်း သူမက အရမ်းဝမ်းနည်းနေလို့လေ”

“အကြီးအကဲကြီး… ဂိုဏ်းဒုသခင်က ဂိုဏ်းသခင် တပည့်လက်ခံတာကို ဘာလို့ ကန့်ကွက်နေတာလဲ” လူတစ်ယောက်သည် အားလုံးသိချင်နေသည့် မေးခွန်းကို မေးလိုက်သည်။

“အဲနောက်ကွယ်မှာ အကြောင်းအရင်းတစ်ခုရှိတယ်” အကြီးအကဲကြီး ကျင်းဖူ သက်ပြင်းချလေသည် “သူမက ပြေလည်တယ်လို့မခံစားရဘူးပဲ”

“အကြီးအကဲကြီး ကျွန်တော်တို့ကို သံသယတွေနဲ့မထားခဲ့နဲ့လေ.. ဘာတွေဖြစ်ခဲ့တာလဲ”

ဖူကျင်းသည် သူ၏ရှည်လျားသော မုတ်ဆိတ်ကြီးကို ကိုင်ပြီး တိုးညင်းစွာ ပြောလေသည် “အဲနှစ်က ဂိုဏ်းဒုသခင်က ငါတို့ဆီကိုရောက်လာတဲ့အချိန် သူမ က ငယ်ပြီး ထင်ရာစိုင်းတတ်တယ်.. ပြီးတော့ ဂိုဏ်းသခင်နဲ့ စိန်ခေါ်ခဲ့တယ်.. ဂိုဏ်းသခင်က သူမကိုနိုင်ခဲ့တယ် အဲဒါကြောင့် သူမက ဂိုဏ်းသခင်ကို သူမရဲ့ ဆရာဖြစ်စေချင်တယ်.. အဲတုန်းက သခင်က ဂိုဏ်းသခင်မဖြစ်သေးဘူး ဘယ်သူ့ကိုမှလည်း တပည့်အဖြစ်လက်မခံခဲ့ဘူး.. အဲတော့ သူမလည်း သူ့ကို အတင်းဖိအားမပေးဘူး.. ပြီးတော့ တခြားသူရဲ့မျက်လုံးထဲမှာဆို ဂိုဏ်းဒုသခင် က မျိုးရိုးမြင့်တယ်လေ အဲဒါနဲ့ သခင်အကြီးအကဲတစ်ယောက်က သူမကို ခေါ် ပျိုးထောင်ခဲ့တယ်.. အဲလိုနဲ့ သူတို့နှစ်ယောက်က မောင်နှမလိုဖြစ်ခဲ့တာပဲ”

“ဒီလောက် နှစ်တွေအများကြီးကြာနေပြီ၊ ဂိုဏ်းဒုသခင်က ဒီရန်ငြိုးရန်စ ကို အခုထိထားမှာတော့မဟုတ်ဘူးမလား”

“ငါ ပြောတာမပြီးသေးဘူး” ဖူကျင်းသည် ပြောရင်းနှင့် ရယ်မောလေသည် “သခင်က ဂိုဏ်းဒုသခင်ကို သူ့တပည့်အဖြစ်ခေါ်ဖို့ ငြင်းခဲ့တယ်.. အဲကိစ္စက အဆင်ပြေပြီး ဒီလိုနဲ့ပဲ လက်စသတ်သွားတယ်.. ဒါပေမဲ့ အစက သူ သူမကို ငြင်းခဲ့ပေမဲ့.. နောက်ပိုင်းကျ မိန်းကလေးတပည့်တစ်ယောက်ကို ခေါ်လာတယ် ဟုတ်တယ် အဲဒါက ကျိရှန်ပဲ.. ဂိုဏ်းဒုသခင်ရဲ့ အတ္တကအဲဒါကို မခံနိုင်ဘူး.. အဲဒါကြောင့် ဂိုဏ်းသခင်ရဲ့နောက်ကွယ်မှာဆို သူမက ကျိရှန်ရဲ့နေရာကိုဝင်ယူ တယ်.. တကယ်တော့ သူမက ဂိုဏ်းသခင်ကို သဘောကျတာကို ငါတို့အားလုံး သိကြတယ်.. အဲဒါကြောင့် သူမက မနာလိုတာပဲ.. ဒါပေမဲ့ ဒါကလည်း မိန်းကလေးတွေရဲ့ သဘာဝပဲလေ ဘာမှမထူးဆန်းဘူး”

“အဲနောက်ပိုင်းက ဘယ်လိုဖြစ်သွားလဲ”

“အဲနောက်ကျ ကျိရှန်က တာဝန်ထမ်းဆောင်ရင်းနဲ့ သေသွားတယ်.. အဲဒီ တာဝန်ကို ဂိုဏ်းဒုသခင်က ပေးလိုက်တာ.. အဲကိစ္စကြောင့် ဂိုဏ်းသခင်က ဂိုဏ်း ဒုသခင်ကို အပြစ်တင်ခဲ့တယ် အဲဒါကြောင့် ဒီလောက်နှစ်တွေကြာခဲ့တာတောင် ဂိုဏ်းသခင်နဲ့ ဒုသခင်တို့က အဆင်မပြေကြတာပဲ” ဖူကျင်းသည် မုတ်ဆိတ်ကို ကိုင်ရင်းနှင့် ရယ်မောကာ ပြောလေသည် “ပြဇာတ်ဆန်တယ်မလား”

အားလုံးမှာ “….”

အကြီးအကဲကြီး.. အကြီးအကဲကြီးက သူတို့နှစ်ယောက်ထက် ရာထူးမြင့် တယ်။ ကိုယ့်ပုံရိပ်ကိုတော့ စိတ်ထဲမှာထည့်ထားပါဦး။

“အဲဒါကြောင့် သူတို့နှစ်ယောက်က ဒီအချိန်တွေမှာ မသင့်မြတ်ကြတာကိုး”

“ဂိုဏ်းသခင်နဲ့ ဒုသခင်တို့က အဆင်မပြေကြတော့ မင်းတို့တွေလည်း ကိုယ့်တာဝန်ကိုယ်ထမ်းရတာ ခက်ခဲမှာပဲ” ဖူကျင်းသည် သူတို့တာဝန်ရှိသူများ ကို သနားမိသည်။

“…”

အကြီးအကဲကြီး.. တကယ်ပဲ ကျွန်တော်တို့ကို သနားရင် ဂိုဏ်းထဲကိစ္စ တွေကို ပိုပြီး စီမံပေးပါဦ။ အကုန်လုံးကို ကျွန်တော်တို့ကိုပဲ အပ်မထားနဲ့။

“အဲနောက်ကျ ဂိုဏ်းသခင်က ဘယ်မိန်းကလေးတပည့်ကိုမှ လက်မခံ တော့ဘူး.. ဒါပေမဲ့ ဒီနေ့ကျ သူက ရုတ်တရက်ကြီး ရှီမာယူယူကို တပည့်အဖြစ် ခေါ်ခဲ့တယ်.. ပြီးတော့ သူမက အဲတုန်းက ကျိရှန်နဲ့တူတာတွေရှိတယ်.. အဲဒါ ကြောင့် ဂိုဏ်းဒုသခင်က သူနဲ့အတိုက်အခံလုပ်နေတာပဲ.. ဒါပေမဲ့ ငါ့အမြင်အရ တော့.. ဂိုဏ်းဒုသခင်က ကျင့်သားရနေတာပဲ အုဲတန်းက သူမက စိုးရိမ်တယ် ဆိုတာကိုမပြပေမဲ့ သူက သူများတွေရဲ့အမြင်ကို ဂရုမစိုက်ခဲ့ဘူး.. အခု ရုတ်တ ရက် မိန်းကလေးတပည့်ခေါ်တယ်ဆိုတော့ သူမ စိတ်ကလည်း သည်းမခံနိုင် တော့တာပဲ” ဖူကျင်းသည် ပြောရင်းနှင့် နှစ်သက်လာသလိုဖြစ်နေကာ သူ့အပေါ် အားလုံးအမြင်မှာ ပြောင်းလဲသွားသည်။

အကြီးအကဲကြီး… ဒီလောက် အသက်ကြီးနေမှ အတင်းအဖျင်းပြောရ တာကို ကြိုက်လိမ့်မယ်လို့ ကျွန်တော်တို့ တကယ်ထင်မထားဘူး။ ဒီလိုနယ်ပယ် မှာ အလားအလာရှိလိမ့်မယ်လို့ ဘယ်လိုလုပ် မသိထားမိတာပါလိမ့်။ မဟုတ်ရင် ယောက်ျားလေး၊ မိန်းကလေးဆက်ဆံရေးကို ပိုပြီးစိတ်ဝင်စားတာလား။

“ဂိုဏ်းသခင်က ဂိုဏ်းထဲကကိစ္စကို သိပ်ဂရုမစိုက်ဘူး၊ ဂိုဏ်းဒုသခင်က ဒီလိုလုပ်မယ်ဆိုရင် နောက်ကိုတော့ ငါတို့တွေပြဇာတ်ကြည့်ရတော့မယ်”

“မင်းက သူများတွေပါတဲ့ ပြဇာတ်ကြည့်ချင်နေတာပဲ.. ဒါပေမဲ့ တခြား ဂိုဏ်းကလူတွေလည်း ငါတို့ပြဇာတ်ကို ကြည့်ဖို့ သိပ်မကြာတော့ဘူးထင်တာပဲ.. မင်းကို သတိပေးလိုက်မယ်.. မင်းစိတ်ထဲမှာ ဘာပဲတွေးတွေးကိစ္စမရှိဘူး အခု ရှီမာယူယူက ဂီတဂိုဏ်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေပြီ.. ပြီးတော့ ဂိုဏ်းသခင်ရဲ့ တပည့်နော်.. သူမ အဆင့်က မင်းတို့အားလုံးထက်မြင့်တယ်.. သူမ ပြဿနာ တစ်ခုခုဖြစ်ရင် ဂီတဂိုဏ်းရဲ့ပြဿနာလို့ မှတ်ယူထားကြ အားလုံး နားလည်ကြ လား”

“နားလည်ပါတယ် နားလည်ပါတယ်.. သတိပေးတဲ့အတွက် အကြီးအကဲ ကြီးကို ကျေးဇူးတင်ပါတယ်”

“ဟုတ်ပြီ အားလုံးပဲ ကိုယ့်အလုပ်ကိုယ်သွားလုပ်ကြ” ဖူကျင်းသည် စိတ် မရှည်စွာဖြင့် လက်ကိုဝှေ့ယမ်းပြီး အားလုံးကိုနှင်ထုတ်လိုက်ရင်းနှင့် စိတ်ထဲမှ ရေရွတ်မိသည်။ အတင်းအဖျင်းကြိုက်ကြတဲ့လူတွေပဲ။

ယွင်ရာသည် ရှီမာယူယူတို့ကို ခေါ်သွားပြီး နေရာချပေးမည်အပြုတွင် ကောင်စီအစည်းအဝေးခန်းမတွင် အစည်းအဝေးလုပ်နေသေးသည်ကို သတိရ သွားသည်။ ရာထူးနိမ့်သည့်လူများကို သွားရှာလျှင်တောင် သူမ နေထိုင်ရန် မည်သည့်နေရာတွင် စီစဉ်ပေးရမည်ကို ပြောနိုင်ကြမည်မဟုတ်ပေ။ ထို့ကြောင့် သူ မတတ်သာတော့ဘဲ လုယန်၏ ခြံဝန်းဆီသို့ ခေါ်သွားလိုက်သည်။

လုယန် ပြန်လာသောအခါ သူတို့အပြင်တွင် စောင့်နေသည်ကိုတွေ့လိုက် ရသည်။

“သူတို့ကို နေရာချပေးလိုက်ဖို့ ငါ မပြောခဲ့ဘူးလား”

“ဂိုဏ်းသခင် ကျွန်တော်က ဒီမှာမနေတာ ကြာပါပြီ ဘယ်နေရာကလွတ် နေတယ်ဆိုတာ ဘယ်လိုလုပ်သိမလဲ.. ဒီလိုကိစ္စတွေကို တာဝန်ယူထားတဲ့လူ ရှိတယ်မလား.. အဲဒါကြောင့် ကျွန်တော်လည်း သူတို့ကို ဒီကိုခေါ်လာတာ” ယွင်ရာ ပြောလေသည်။

“မင်း တောင်ထိပ်ငယ်ကိုသွားလိုက်” လုယန် ပြောလိုက်သည်။ ပြီးနောက် ဝူလင်းယူနှင့် တခြားသူများကိုကြည့်ပြီး မေးလိုက်သည် “မင်းတို့လည်း ဝင်ချင် လား.. ဝင်မယ်ဆို ခဏနေ သွားပြီးစာရင်းသွင်းလိုက်မယ်.. ငါတို့ လျှို့ဝှက်ဂိုဏ်း မှာက ကိုယ်ရံတော်ခေါ်လာလို့မရဘူး”

“ကျွန်တော်က ဂီတဂိုဏ်းကိုမဝင်ဘူး” ဝူလင်းယူ ပြောလိုက်သည်။

“ကျွန်တော်တို့က ကိုယ့်ဘာသာ ကိုယ်ယောင်ဖျောက်နေမယ်” ဟွမ် ပြော လိုက်သည်။

သူတို့သုံးယောက်သာ ပုန်းနေရင် ဘယ်သူကများ သူတို့ကိုရှာတွေ့မှာလဲ။ အဲတော့ ဒီကိစ္စက ပြဿနာမရှိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူများတွေမှာလည်း လျှို့ဝှက်ကိုယ်ရံတော်ရှိကြတာပဲ။

“ဒီသုံးယောက်ကရော”

“ကျွမ်းကျင်သူတွေမှာ အစေခံရှိကြတယ်မလား.. ဒါဆိုရင် အစေခံ နှစ် ယောက်လောက်ခေါ်လာလည်း ကိစ္စမရှိဘူးမလား” ရှီမာယူယူ မေးလိုက်သည်။

***

All Chapters