← Chapters

ဆက်ပြီးရွံရှာခြင်း

Vol. 144 Ch. 2011

ဆက်ပြီးရွံရှာခြင်း

Vol. 144 Ch. 2011

လုယန်သည် သူမစကားကို မည်သည့်မှတ်ချက်မှ ပေးရန်မရှိသဖြင့် ဘာမှ မပြောတော့ပေ။ သူသည် သူတို့ကို ယွင်ရာကို တောင်ထိပ်သို့ခေါ်သွားခိုင်း သည်။

ထိုတောင်ထိပ်ငယ်သည် တခြားနေရာများနှင့် မတူပေ။ ထောင်ထိပ်တစ် ခုဟု ဆိုသော်လည်း လုယန်၏ ပင်မတောင်ထိပ်နှင့်ဆက်နေသဖြင့် တစ်ခု တည်းဖြစ်သည်ဟု မှတ်ယူ၍ရသည်။

“ဒီတောင်ထိပ်မှာ အရင်က ဘယ်သူမှမနေဖူးဘူး၊ မင်းက ပထမဆုံးပဲ” ယွင်ရာသည် သူတို့ကို ဟင်းလင်းပြင်သို့ခေါ်လာပြီး အိမ်တစ်လုံးတည်ဆောက် ရန် ပြင်ဆင်လေသည်။

“ဂိုဏ်းဒုသခင်က ကျွန်မကို ဆန့်ကျင်ချင်နေသလိုပဲ.. ဘာလို့လဲဆိုတာ သိလား” ရှီမာယူယူသည် သူ့ကို မေးလေသည်။

“သူမက မင်းကို မနာလိုတာအပြင် ဘာရှိဦးမှာလဲ” ယွင်ရာသည် ဂိုဏ်း ဒုသခင်၏ဆရာကို သဘောမတွေ့လှပေ။

“သူမက ကျွန်မဆရာကို သဘောကျနေတာလား မြန်မြန် ဘာတွေဖြစ်ခဲ့ လဲဆိုတာ ပြောပါဦး” ရှီမာယူယူသည် မျက်တောင်ခတ်လေသည်။ သူမ၏ မျက်လုံးများသည် စပ်စုလိုစိတ်များပြည့်နေသည်။

“ဘာလို့ အဲလောက်သိချင်နေတာလဲ” ယွင်ရာသည် သူမကို သဲ့သဲ့ကြည့် လိုက်သည်။

“အကုန်လုံးက အတင်းစကားတွေကို စိတ်ဝင်စားကြတာပဲ.. ကျွန်မတင် မဟုတ်ဘူး.. ရှင်ဆိုလည်း စိတ်ဝင်စားတာပဲမလား.. မဟုတ်ရင် ဒီအကြောင်းကို ဘယ်သိမလဲ” ရှီမာယူယူ ပြောလိုက်သည် “ကဲပါ မြန်မြန် ဘာတွေဖြစ်ခဲ့လဲဆို တာပြောပြ”

“ငါက အရင်ဂိုဏ်းသခင်ပြောလို့ သိခဲ့တာ.. အဲနှစ်က…”

ယွင်ရာပြောသည့် အကြောင်းအရာမှာ အကြီးအကဲကြီးပြောသည်နှင့် ဆင်တူသည်။ ကွာခြားသည်မှာ သူသည် ကျိရှန်ကို မမြင်ဖူးသဖြင့် သူတို့နှစ် ယောက်တူသည်ကိုတော့ သူ မသိပေ။

“ပြဇာတ်ဆန်လိုက်တာ” ရှီမာယူယူ သက်ပြင်းချလိုက်သည် “အဲဒီ အမျိုးသမီးက တကယ်ပဲ တစ်ခုခုပဲ… လူတစ်ယောက်က သဝန်တိုစိတ်ကြောင့် အမြင်ဖုံးသွားရင် ကြောက်ဖို့ကောင်းတယ်.. သူမနဲ့ မပတ်သက်မိဖို့ ရှောင်နေ တာကောင်းမယ်.. မဟုတ်ရင် သူမကကျွန်မကို စီမံချက်တွေဆွဲထားရင် ဒုက္ခ ရောက်လိမ့်မယ်”

“အဲဒါဖြစ်နိုင်တယ်.. အရင်က ဂိုဏ်းသခင်က ဘယ်မိန်းကလေးတပည့်ကို မှ လက်မခံခဲ့ဘူး အဲဒါကြောင့် သူမ ဘယ်လိုရန်စမလဲဆိုတာ ငါတို့မသိခဲ့ကြဘူး.. သူမ ဘာတွေလုပ်နိုင်မလဲဆိုတာကိုလည်း ငါတို့မသိဘူး” ယွင်ရာ ပြောလိုက် သည် “နောက်ဆိုရင် သူမကို ရှောင်လိုက်တာကောင်းမယ်”

“ဟုတ်ပြီ”

သူမသည် ပညာလေ့လာရန် လာခြင်းဖြစ်ရာ ထိုကဲ့သို့ သေးသိမ်သည့်ကိစ္စ များကို ရင်ဆိုင်မည်မဟုတ်ပေ။ မလိုအပ်သည့် ပြဿနာများကို ရှောင်ရှားလိုက် သည်က ပိုကောင်းသည်။

သို့သော် သူမ မသိလိုက်သည်မှာ မိုဝေ့သည် ရှီမာယူယူ ထိုတောင်ထိပ် တွင် နေထိုင်သည်ဟု သိသည်နှင့် ဒေါသထွက်ကာ လက်ထဲမှ လက်ဖက်ရည် ခွက်ကိုပင် ရိုက်ခွဲလိုက်ရာ သူမ၏ လက်ပင်သွေးထွက်သွားလေသည်။

“ဂိုဏ်းဒုသခင် ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် မလုပ်ပါနဲ့” သူမ၏ အစေခံ လျိုရွှီသည် ရှေ့သို့တိုးလာပြီး သူမလက်ထဲမှ ခွက်အပိုင်းအစတွေကို အမြန်ပင်ယူသွားကာ ဒဏ်ရာများကို ကုသပေးလေသည်။

မိုဝေ့သည် သူမ၏ လက်ကိုအေးစက်စွာဆွဲကာ တိုးညင်းစွာပြောလေ သည် “ဂရုစိုက်နေဖို့မလိုဘူး”

“ဂိုဏ်းဒုသခင်.. ဒေါသထွက်လို့ရပါတယ် ဒါပေမဲ့ လက်ပေါ်ကိုတော့ ဒေါသပုံမချပါနဲ့.. ဒုသခင်ရဲ့လက်တွေက ကျွန်မတို့အတွက် အရေးအကြီးဆုံးပဲ မလား” လျိုရွှီသည် သူမကို အတန်ကြာဖျောင်းဖျပြီးနောက် ဆေးတစ်လုံးထုတ် ကာ သူမကို ပေးလိုက်သည်။ မိုဝေ့သည် ဒေါသထွက်နေသော်လည်း ဆေးယူပြီး သောက်လိုက်သည်။

“အဲဒီရှီမာယူယူက ဘာလို့ ဒီလောက်ကံကောင်းရတာလဲ.. သူမက ဘာလို့ အဲဒီမိန်းမနဲ့ ရုပ်သွားတူတနေတာလဲ.. ဒီလောက်နှစ်တွေကြာနေပြီ သူ့နှလုံး သားထဲက အဲဒီမိန်းမကို ငါတောင်ဆွဲမထုတ်နိုင်သေးဘူး.. ငါ ဒီလောက် နှစ်တွေ အများကြီး ကြိုးစားလာတာ ဒါပေမဲ့ သူကသတိတောင်မထားမိဘူး.. တုပ်တုပ် တောင်မလှုပ်ခဲ့ဘူး.. ငါလုပ်ခဲ့သမျှတွေက အလဟဿဖြစ်သွားခဲ့တာလား” မိုဝေ့သည် ပြောလေလေ ဒေါသထွက်လေဖြစ်သည်။ သူမသည် မြေပေါ်မှ ကြွေဖန်ကွဲစတွေကို တွန်းဖယ်ပစ်လိုက်သည်။ ကြွေခွက်ကွဲသွားသည့် အသံ သည်သူမ၏ နှလုံးသားများ ကွဲကြေသွားသည့်အသံနှင့်တူသည်။

လျိုရွှီသည် မိုဝေ့၏နောက်မှ လိုက်ခဲ့သည်မှာ နှစ်ပေါင်းများစွာရှိပြီဖြစ် သည်။ သို့သော် ယခုလိုဒေါသထွက်သည်ကို မမြင်ဖူးခဲ့ပေ။ ဂိုဏ်းသခင်မှ သူမကို ဆိုးဆိုးဝါးဝါးဆက်ဆံလျှင်တောင် ဤမျှလောက် ဒေါသမထွက်ခဲ့ပေ။

“အဲဒီမိန်းမက သေသွားတာ ဒီလောက်နှစ်တွေကြာနေပြီ.. အခု တူတဲ့ လူပေါ်လာပြီး ငါ့ကို အော်ဂလီဆန်အောင်လုပ်နေသေးတယ်.. ဒါ လုယန်က တမင်လုပ်တာပဲ.. သူက ဒီဘဝမှာ သူမကိုမမေ့နိုင်တော့ဘူးလို့ ငါ့ကိုပြောချင်နေ တာပဲ” မိုဝေ့သည် အထိန်းအချုပ်မဲ့သွားကာ အော်လိုက်တိုင်း ခန္ဓာကိုယ်မှာ တုန်ယင်သွားလေသည်။

“ဂိုဏ်းဒုသခင် သူမက ရောက်နေပြီဆိုတော့ ဘယ်လောက်ဒေါသထွက် ထွက် အရေးမပါတော့ဘူး.. ကျွန်မတို့ ဘာလို့တစ်ခုခုမလုပ်ရမှာလဲ”

“တစ်ခုခုလုပ်ရမယ်ဟုတ်လား၊ ငါတို့ဘာလုပ်နိုင်မှာလဲ.. ဘယ်လိုလုပ် လုပ်ရဲထွက်မလဲ.. သူမရဲ့ နောက်ခံကို မင်းသိလား” မိုဝေ့သည် ထိုအချက်ကို ပို ဒေါသထွက်သည်။

သူမသာ သာမန်မိန်းကလေးဆိုပါက သတ်ပစ်ရန် နည်းလမ်းများစွာ တွေး မည်ဖြစ်သည်။ သို့သော် သူမ၏ နောက်ကွယ်တွင် သန်မာလှသောလူများရှိ သဖြင့် ထိရန်ကိုပင် မတွေးရဲပေ။ သူမ မျက်စိရှေ့၌ပင် အဲမိန်းကလေး အသက် ရှင်နေသည်၊ တောင်ထိပ်တွင်နေခွင့်ပြုသည်ကို မြင်နေရသည်မှာ သူမ၏ တစ် ကိုယ်လုံးနာကျင်သလို ခံစားရသည်။

“သူမရဲ့ သရုပ်မှန်က ဒုသခင်ထက်မြင့်လို့လား” လျိုရွှီ အံ့အားသင့်စွာဖြင့် ပြောလေသည်။

မိုဝေ့၏ အမူအရာမှာ အကျည်းတန်လှသည်။ သူမသည် ရှီမာယူယူ၏ နောက်ခံကိုပြောပြရာ လျိုရွှီသည် နားထောင်ရင်း တုံ့ပြန်ရန် အချိန်ပင်မရှိပေ။

တစ္ဆေလောကမှာ တကယ်ပဲ အဲလိုလူရှိတာပဲ။ အဲဒါကြောင့် သူ့သခင်က ဘာမှမလုပ်နိုင်ဘဲ ဒေါသပဲထွက်နေရတာကိုး။ အမှန်ပဲ.. သူမ နောက်ခံက တကယ်ပဲ မျှော်လင့်ချက်မဲ့စေတာပဲ။ သူမလိုလူမျိုးကို ဘယ်နည်းလမ်းသုံးပြီး ရှင်းပစ်လို့ရမှာလဲ။

အခန်းထဲတွင် အတန်ကြာတိတ်ဆိတ်သွားသည်။ လျိုရွှီ ပြောလိုက်သည် “ဂိုဏ်းဒုသခင်.. တကယ်တော့.. တစ်ခုခုလုပ်ချင်ရင် လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ပါဘူး”

“မင်း စဉ်းစားမိတာရှိလို့လား”

“ဒုသခင်က အမြဲတမ်းအလုပ်များနေတာလေ.. အဲဒါကြောင့် ဂိုဏ်းထဲမှာ ဘာတွေဖြစ်နေလဲဆိုတာကို ကျွန်မမပြောပြဖြစ်ဘူး.. ဒါပေမဲ့ ကျွန်မ ဒီနေ့အပြင် သွားတော့ သူမနဲ့ သားရဲထိန်းကျောင်းဂိုဏ်းသခင်နဲ့ ပဋိပက္ခဖြစ်ကြတယ်လို့ ကြားခဲ့တယ်” လျိုရွှီ ပြောလိုက်သည် “သူမက သားရဲထိန်းကျောင်းဂိုဏ်းသခင် ရဲ့သားကို ထိခိုက်အောင်လုပ်ခဲ့တယ်တဲ့.. သူမက ကိုယ်ရံတော်တွေကိုတောင် ဒဏ်ရာရအောင်လုပ်ခဲ့တာ.. ဂိုဏ်းသခင်သာ သူမကို သွားမခေါ်ရင် သူမ အခုလောက်ဆို သေနေလောက်ပီဲ.. ဂိုဏ်းက ဂိုဏ်းရဲ့တပည့်ကိစ္စတွေကို ဘယ် တုန်းကမှ ဂရုစိုက်ခဲ့တာမဟုတ်ဘူး.. နည်းနည်းလောက် လမ်းပြပေးလိုက်ရင်..”

မိုဝေ့၏ မျက်နှာမှာ တင်းမာမှုများ လျော့ကျသွားပြီး သူမ၏ မျက်လုံးသည် အပြုံးသဲ့သဲ့ပြလေသည် “ဘာဖြစ်ခဲ့တာလဲ ထပ်ပြောပါဦး”

သူမ ဒေါသပြေလျော့သွားသည်ကို လျိုရွှီမြင်သောအခါ သက်ပြင်းရှည်ချ လိုက်သည်။

တစ်ဖက်တွင် ဒေါသအပြင်းအထန် ထွက်နေသူများလည်းရှိသည်။ တခြား တစ်ဖက်တွင် ရှီမာယူယူ၏ အခြေအနေသည် တောမီးသဖွယ်ဖြစ်နေသည်။ ဂိုဏ်းထဲမှလူများသည် သူမ၏ သရုပ်မှန်ကိုသိသွားပါက အားလုံးပြေးလာပြီး လက်ငှားကြမည်ဖြစ်သည်။

သူတို့သည် အသေးစိတ်ကိုမသိကြသော်လည်း ဂိုဏ်းဒုသခင်ဖြစ်လျှင် တောင် မယုံကြည်နိုင်လောက်အောင် ဖြစ်သည်။ ထို့ကြောင့် အရင်ဆုံး သူမနှင့် ကောင်းမွန်သည့်ဆက်ဆံရေး တည်ဆောက်လိုက်သည်က ပိုကောင်းလိမ့်မည်။

သူမကို လာရောက်ကြည့်ရှုသူ များပြားသည်ကို ဝူလင်းယူမြင်သောအခါ မျက်နှာကြီးမည်းသွားလေသည်။

“ဒီလိုမျိုးမြင်ဖူးတာ ပထမဆုံးအကြိမ်လည်းမဟုတ်ဘူး.. အသားမကျ သေးဘူးလား” အရိပ်မည်းသည် သူ့ကို စနောက်ရင်းပြောလေသည်။

“မင်းနဲ့မဆိုင်ဘူး” ဝူလင်းယူသည် သူ့ကို တစ်ချက်ပင်မကြည့်ပေ။

“မင်းက ဘာလို့ထွက်မသွားဘဲနဲ့ ဒီမှာနေခဲ့တာလဲ.. အသံတိုက်ခိုက်မှုကို သင်ရတာလည်း မဆိုးပါဘူး” အရိပ်မည်းသည် သူ့ကို ဆက်လက်စနောက်လေ ၏။

ဝူလင်းယူသည် ချက်ချင်းပင် ထွက်သွားပြီး သူ့ကို နောက်ပြန်လှည့်ကြည့် လေသည်။

အရိပ်မည်းသည် ရယ်မောပြီး သူ ရှီမာယူယူဘေးသို့ လျှောက်သွားသည် ကို ကြည့်နေလိုက်သည်။ ရှီမာယူယူ ဘာပြောလိုက်သည်တော့ မသိ.. သို့သော် သူ၏ အုံ့မှိုင်းမှုမှာပျောက်ကွယ်သွားပြီး တောက်ပပြီးကြည်လင်သော ကောင်းကင်အဖြစ် ပြောင်းလဲသွားလေသည်။

ထိုအစား သူမသည် သူ့စိတ်ကိုပိုသိသည်။ သူ စိတ်ကျေနပ်အောင် မည်သို့ လုပ်ရမည်ကို သူမ သိသည်။

ဖေးယိသည် လူနှစ်ယောက်ခေါ်လာပြီး တောင်ခြေမှတောင်ပေါ်သို့ တက် လာသည်။ သူသည် သူမ၏ အိမ်ကိုပထမဆုံးအကြိမ်မြင်ပြီးနောက် ပြောလိုက် သည် “မင်းတို့အိမ်ဆောက်တာလည်း မြန်လိုက်တာ”

“ဒါက ဂိုဏ်းအဖွဲ့ဝင်တွေရဲ့ အကူအညီတွေကျေးဇူးကြောင့်ပါ” ရှီမာယူယူ သည် ပြုံးပြီး ပြောလေသည် “ဒီကိုဘာလာလုပ်တာလဲ”

“မင်းက တောင်ထိပ်မှာနေမယ်လို့ကြားလို့ လာလည်တာ” ဖေးယိရှင်းပြ လေသည်။ “မင်း မသိလို့ တောင်ထိပ်မှာ လူနေတယ်ဆိုတဲ့သတင်းက ဂိုဏ်းထဲ မှာ ပြန့်သွားပြီ.. သခင်လုက အရင်က မိန်းကလေးတပည့်မထားဖူးလို့ သူ သဘောကျတဲ့လူက ဘယ်လိုလူများဖြစ်မလဲလို့ အကုန်လုံးကသိချင်နေကြတာ.. သူက မင်းကို သူ့နားမှာနေခွင့်ပြုထားတာပဲ”

“ရှင်လည်း အတင်းအဖျင်းပြောတတ်သူတော့ မဟုတ်ဘူးပဲ” ရှီမာယူယူ ရယ်မောလေသည် “လင်းယူကို ခေါ်သွားမလို့လာတာလား”

“အဲဒါလည်းပါတယ်.. ငါ ဂိုဏ်းသခင်ကို ပြောပြီးပြီ.. သူက လင်းယူကို တွေ့ချင်နေတယ်.. မင်းကတော့ အဲလောက်မြန်မြန်သွားရမယ်လို့မထင်ဘူး” ဖေးယိသည် ဝူလင်းယူဘက်သို့လှည့်ပြောလိုက်သည် “သွားကြမယ်”

***

All Chapters