ထပ်လောင်း သွေးလောင်ကျွမ်းခြင်း
Vol. 5 Ch. 67
"ကောင်းမွန်စွာ ထိန်းချုပ်မှုကို လုပ်ဆောင်နိုင်ဖို့ စိတ်အခြေအနေကို အသုံးပြုရတာက နောက်ပိုင်းမှာ ပိုခက်လာတယ်။ ဒါက ငါ ၇၈၁ လှမ်းမှာ လုပ်နိုင်တာ မိုင်ကုန်ပဲ။ ငါ့မှာ သွေးကြောနှစ်ခု ကျန်နေသေးတယ်။ ဒီသွေးကြောနှစ်ခုက အတူတူ ကပ်နေပုံရတယ်။ သူတို့ကိုငါ တသီးတခြားစီ ပျောက်ကွယ်သွားအောင် မလုပ်နိုင်ဘူး”
"ဒါပေမဲ့ ဒါက နောက်ဆုံးနံပါတ်ပဲ။ ဒီတောင်ဟာ စင်ကြယ်မြင့်မြတ်လှတဲ့ လေ့ကျင့်ရေး ကွင်းလို့ ပြောနိုင်တယ်။ ငါဒီကနေ ထွက်သွားပြီး နောက်မှာတော့ ဒီလို အခွင့်အလမ်း ရှာတွေ့ဖို့ အရမ်း ခက်ခဲလိမ့်မယ်”
စုမင် ရေရွတ်တယ်။
"၃၂၊ ၇၉၊ ၂၄၈၊ ၃၇၁၊ ၅၆၃၊ ၇၈၁ ... ဒါတွေက အကြီးအကဲ ပြောပြခဲ့တဲ့ နံပါတ်ခြောက်ခု။ ဒီနေရာမှာ အကြီးအကဲ ရှာဖွေတွေ့ရှိခဲ့တဲ့ လျှို့ဝှက်ချက် ဖြစ်ရမယ်။ အခုက ၇၈၁ လှမ်းပေါ့၊ ဒါပြီးရင် အဲဒီလို နေရာမျိုးတွေ တစ်ခုမက အများကြီး ထပ်ရှိနိုင်သေးတယ်။ အကြီးအကဲတောင် ရှာမတွေ့နိုင်တဲ့ နေရာမျိုးတွေ…”
စိတ်ပိုင်းဖြတ်မှုဟာ စုမင် မျက်လုံးထဲမှာ ထင်ဟပ်လာတယ်။
ခဏတာ တိတ်ဆိတ်ပြီးနောက်မှာ စုမင်ဟာ သူရထားတဲ့ အဆင့်ကို ပလိတ်ပြားကနေ ကြည့်တယ်။ အဲဒီအဆင့် သူ့ကို အလွန်စိတ်လှုပ်ရှား စေတာမို့ ချီဟာ သူ့ခန္ဓာကိုယ်တွင်းက ချီဟာ စတင်လည်ပတ်စ ပြုလာတယ်။
'ဒုတိယ'
သူ ပလိတ်ပြားကနေ အကြည့်လွှဲပြီး ခေါင်းငိုက်စိုက်ချတယ်။ နောက်ဆုံးမှာ စိတ်အေးအေး ထားနိုင် သွားပြီးနောက် သူ့ရဲ့ မျက်လုံးတွေထဲမှာ အမျှော်အမြင် ရှိဟန် အရိပ်အယောင်တွေ ပေါ်လွင် လာတယ်။
“ငါ့ဆန္ဒ ပြည့်ပြီးပြီ။ ငါလက်လျှော့လိုက်လို့ ရပြီ…”
စုမင် ရေရွတ်လိုက်ပေမဲ့ သူ့မျက်လုံးတွေထဲမှာ တွေဝေခြင် းအပြည့်။
"ဒါပေမဲ့ ငါဒီမှာ လက်လျှော့လိုက်ရင် ကောင်းမွန်စွာ ထိန်းချုပ်နိုင်ခြင်း လေ့ကျင့်မှုဟာ ဒီနေရာကနေ တစ်သက်လုံး တက်မှာမဟုတ်ဘူး။ အဲဒီမှာ ဖိအားမျှခြေ ညီမျှတဲ့ အလားတူ အဆင့်တွေ ရှိလိမ့်ဦးမယ်”
စုမင်အကြာကြီး မတွန့်ဆုတ်နေပါဘူး။ သူ ဒီအခွင့်အရေးကို မစွန့်လွှတ်ချင်ဘူး။ မျိုးနွယ်စုဟာ အန္တရာယ်တောထဲ ကျရောက်နေပြီး အကြီးအကဲရဲ့ စိုးရိမ်ပူပန်မှုကိုလည်း သူ ခံစားမိတယ်။ သူပိုပြီး အစွမ်းထက်လာ ချင်တယ်
"ဒီအခွင့်အရေးကို ငါလက်လွှတ်မခံနိုင်ဘူး။ အကြီးအကဲ ရှာမတွေ့ခဲ့တဲ့ နေရာကို ငါ ဆက်ရှာရမယ်”
စုမင်ရဲ့ တွေဝေမှုတွေက စိတ်ပိုင်းဖြတ်မှုနဲ့ ရည်ရွယ်ချက်ချက် ခိုင်မာခြင်း အဖြစ်ကို ချက်ချင်း ပြောင်းလဲသွားတယ်။ ခြေထောက်တွေကို ကြွလို့ ရုတ်တရက် ၇၈၂ လှမ်းကို သွားလိုက်တယ်။
ခြေချမိချိန်မှာ စုမင် ချက်ချင်း တုန်လှုပ်သွားတယ်။ အင်အားကြီးတဲ့ ဖိအားဟာ သူ့ကိုယ်ပေါ် ကျလာတယ်။ သူတုန်လှုပ်သွားချိန်မှာ ပေါက်ကွဲမှုနဲ့တူတဲ့ ပြင်းအားနဲ့ သူ့ကိုယ်ခန္ဓာပေါ်မှာ သွေးကြောတွေ ပေါ်လာတယ်။ သွေးကြောတွေက ထွက်ပေါ်လာတဲ့ အလင်းက နေရာတိုင်းကို ပျံ့နှံ့သွားပြီး ကောင်းကင်ခပ်မှိန်မှိန် လမင်းထံ အရိပ်သွား ထင်ဟပ်နေတယ်။ အဲဒီအချင်းအရာက စုမင်ကို ညည်းညူစေပြီး၊ သူဆက်သွားနေတုန်းမှာ အံကို တင်းတင်းကြိတ် ထားရတယ်။
၇၈၃ ... ၇၈၄ ... ၇၈၅ ... သူ ၇၉၆ လှမ်းမြောက်ကို ရောက်တဲ့အခါ စုမင်ဆံပင်တွေဟာ ဖွာလန်ကြဲ ရှုပ်ပွလို့ ... သူ့ခန္ဓာကိုယ်က အကြောဆွဲသလို တုန်ယင်နေတယ်။ လှမ်းလိုက်တဲ့ ခြေလှမ်းတိုင်းက သူ့အစွမ်း ခွန်အားအားလုံးကို ယူဆောင်နေတယ်။ မယုံနိုင်လောက်စရာ ဖိအားအောက်မှာ ကြေမွပျက်စီး သွားတော့မတတ် ခန္ဓာကိုယ် တစ်ခုလုံး အကြီးအကျယ် နာကျင်နေခဲ့တယ်။ ခန္ဓာကိုယ်ကြေမွ ပျက်စီးမတတ် ခံစားချက်က သွေးလောင်ကျွမ်းနေတဲ့ ခံစားချက်နဲ့ လုံးဝကွဲပြားတယ်။
သွေးလောင်ကျွမ်းခြင်းက သူ့ခန္ဓာကိုယ်အတွင်းမှာ အားအင် မရှိတော့သလို ကိုယ်တွင်းမှာပဲ ပေါက်ကွဲ ထွက်ပေါ်လာတဲ့ ခံစားချက်။ အခုကျတော့ တောင်ပေါ်က ဖိအားက သူ့ကိုယ်ခန္ဓာကို ချေမွဖျက်ဆီးနိုင်ဖို့ ကြိုးပမ်းနေတဲ့ အလား အပြင်ဘက်က လာတဲ့ အင်အားတစ်ခု။
သူ့ကိုယ်ခန္ဓာ အပိုင်းပိုင်း ကြေမွမသွားအောင် ခန္ဓာကိုယ်အတွင်းရှိ ချီများက
လည်ပတ်နေပြီး သွေးကြောတွေကတော့ ဖိအားကို အဆက်မပြတ် တွန်းလှန် တိုက်ခိုက်နေတယ်။ ဖိအားဒဏ် ခံနိုင်ရည် တိုးလာခြင်းဟာ လရောင်ခြည်က ရရှိတဲ့ အာဟာရ ဓာတ်ကြောင့်လည်း ပါဝင်တယ်။
ခြေတစ်လှမ်း လှမ်းတိုင်း နှုတ်ခမ်းထောင့်ကနေ သွေးတစ်ကြောင်း စီးကျတယ်။ သူ့မျက်နှာဟာ ပြင်းပြင်းထန်ထန် ရှုံ့မဲ့လျက် ရှိပေမဲ့ အဲဒီ ကြောက်စရာကောင်းနေတဲ့ သွင်ပြင်ထဲမှာ လန့်ဖျပ်စရာ ပမာဏ ဆုံးဖြတ်ချက် ခိုင်မာမှုနဲ့ ရည်ရွယ်ချက် ပြတ်သားမှုတွေ ရှိနေတယ်။
“ငါအဲဒီ နေရာကို ရှာတွေ့နိုင်ရမယ် ကောင်းမွန်စွာ ထိန်းချုပ်ခြင်းကို ဆက်လက်လုပ်ဆောင် နိုင်ရမယ်”
စုမင် နောက်ထပ် ခြေလှမ်းတစ်လှမ်း တက်ခဲ့ပြီး ၇၉၉ ခြေလှမ်းကို ရောက်လာတယ်။ သူ့အမြင် အာရုံတွေ ဝေဝါးလာပြီဖြစ်ပြီး နောက်ထပ် ထပ်ပြီး မလှမ်းနိုင်တော့မလို ခံစားရတယ်။
ရဲဝမ်လည်း တော်တော်လေး သနားစရာ ဖြစ်နေတယ်။ သူပြင်းပြင်းထန်ထန် မောဟိုက်နေပြီး သူ့ဆံပင်တွေက ရှုပ်ထွေးနေတယ်။ သူ့မျက်နှာပေါ်မှာ သွေးကြောတွေ ပေါ်လာပြီး သူ့ရဲ့ သွေးကြောတွေက ခန္ဓာကိုယ်အနှံ့ အရေပြားပေါ်မှာ ပေါ်ထွက်နေခဲ့တယ်။ ရင်ဘတ်က စူးရှတဲ့ နာကျင်မှုနဲ့အတူ သူဟာ လှမ်းမြောက်ကို တက်လှမ်းလာခဲ့တယ်။ မြန်ဆန်လွန်းတဲ့ နှလုံးခုန်သံက သူ့ကို မေ့လဲ စေတော့မတတ် ဖြစ်စေတယ်။
သူပလိတ်ပြားကို ကြည့်လိုက်တဲ့အခါ သူ့မျက်လုံးတွေထဲမှာ ဒေါသတွေ ရှိနေတယ်။
"မော့စု”
ရဲဝမ် ရုတ်တရက် ခေါင်းမော့ပြီး ကောင်းကင်ကို မျက်နှာမူလို့ ကြုံးဝါးလိုက်တယ်။ နောက်တစ်ကြိမ် ခြေထောက်ကို မရွေ့လိုက်ပြီး ဆက်သွားပေမဲ့ သူ့ရဲ့ မြန်နှုန်က နှေးသွားတယ်။
စုမင် ငါးကြိမ်တိတိ ကြိုးစားခဲ့ပေမဲ့ ဘာပဲလုပ်လုပ် ခြေထောက် မကြွနိုင်သေးဘူ။ လက်အကြီးကြီး တစ်စုံက သူ့ကိုယ်ကို ဖိထားသလိုပဲ ... ကြီးစွာသော နာကျင်မှုကို ဖြစ်ပေါ်စေတယ်။ သူ့အရိုးတွေလည်း ကြေကွဲလုနီးပါးပဲ။ သူ့ခြေထောက် လုံးဝမကြွနိုင်ဘူး။
စုမင်ကို ဖိနှိပ်ထားတဲ့ လက်ကြီး နှစ်ဖက်ဟာ အကြင်နာကင်း၊ ညှာတာမှု ကင်းမဲ့လှတာမို့ စုမင်ကို မတ်မတ် မရပ်နိုင် ဖြစ်စေပြီး ရုတ်တရက် စုမင် ခန္ဓာကိုယ် ကွေးညွှတ်သွားတယ်။ ဆက်ပြီး မတ်မတ် မရပ်နိုင်တော့ဘဲ ခပ်ကိုင်းကိုင်း ဖြစ်လာတယ်။
စုမင်ရဲ့ မျက်နှာဟာ ဖြူဖပ်ဖြူရော် ဖြစ်နေပြီး ခန္ဓာကိုယ်ကနေ ချွေးတွေ အဆက်မပြတ် ကျဆင်းနေတယ်။ မူးဝေခြင်းက ပိုမိုအားကောင်းလာပြီး သူ့ရဲ့ စိတ်နှလုံးထဲမှာ ကူကယ်ရာမဲ့တဲ့ ခံစားချက်မျိုး ပေါ်လာတယ်။ သူ အတတ်နိုင်ဆုံး ရုန်းကန်လို့ ခေါင်းမော့ရင်း မှိန်ဖျော့လာတဲ့ လမင်းနဲ့ ကျယ်ပြောတဲ့ ကောင်ကင်ကြီးကို ကြည့်လိုက်တယ်။
"အဘယ်ကြောင့် ငိုကြွေးနေပါသနည်း အိုဘယ့် ကောင်းကင်ပြာ"
တဖြည်းဖြည်းနဲ့ အဲဒီစကားလုံးတွေဟာ သူ့ခေါင်းထဲမှာ ပဲ့တင် ထပ်လာတယ်။ သူရုတ်တရက် ထရယ်တယ်။ ရယ်မောလိုက်ခြင်းက သူ့ခန္ဓာကိုယ် အတွင်းက နာကျင်မှုကို သက်သာစေရန် အလို့ငှာပေါ့။ စုမင်ရဲ့ မျက်လုံးထဲမှာ သွေးလွှမ်း လပုံရိပ်ဟာ ပိုလို့ ထင်ရှားပြတ်သား လာပြီး အလျှံတညီးညီနဲ့ တောက်လောင်နေတယ်။
"ငါ အရှုံးမပေးဘူး”
စုမင် ခေါင်းမော့ပြီး မိုးကောင်ကင်ကို ဟစ်ကြွေးလိုက်တယ်။ အသံဟာ ပဲ့တင်ထပ်သွားပြီး သူရုတ်တရက် အဆင့်တက်လာတဲ့ အကြောင်းရင်းမြစ်ကို လှစ်ဟပြနေတယ်။ အော်ဟစ်လိုက်ပြီး နောက်မှာတော့ ညာဘက်လက်ကို တစ်ခါကိုက်ဖောက် လိုက်ပြန်တယ်။ ရူးသွပ်နေသလိုမျိုး သွေးတွေကို မျက်လုံးတွေနဲ့ ဘယ်ဘက် မျက်ခွံပေါ် သုတ်လိမ်းလိုက်တယ်။
မျက်လုံးပေါ် သွေးသုတ်လိမ်း လိုက်တာနဲ့ တစ်ပြိုင်နက် တောင်တစ်ခုလုံး ရုတ်တရက် ရွေ့သွားပြန်တယ်။ အခိုးအငွေ့များဟာ လှိုင်းလုံးတွေလို တလိမ့်လိမ့် တက်လာပြီး လေပြေစီးကြောင်း တောင်တစ်ခုလုံးက လေပြင်းတွေဟာ အဆုံးအစမဲ့ စုမင်ထံကို ဦးတည်ရောက်ရှိ လာကြတယ်။
အဲဒီအချိန်မှာ တောင်ထိပ်ပေါ်က ရုတ်တရက် ဟိန်းဟောက်လိုက်တဲ့ သားရဲကြီးရဲ့ အသံလည်း ကြားလိုက်ရတယ်။ ဟိန်းဟောက်သံက တောင်တစ်ပြင်လုံးကို ပျံ့နှံ့သွားပြီး စုမင်နဲ့ ရဲဝမ်ရဲ့ စိတ်နှလုံးထဲထိ မြည်ဟည်းသွားတယ်။
စုမင်ဟာ ပါးစပ်အပြည့် သွေးတွေ အန်ထုတ်တယ်။ သူ့ရဲ့ သွေးကြောတွေ ထပ်မံတိုးပွား လာတာနဲ့အမျှ မရေမတွက်နိုင်အောင် ထူးဆန်းသော လေပြင်းတွေဟာ သူကိုယ်ခန္ဓာထဲသို့ ဝင်ရောက်လာခဲ့ပြီး စီးဆင်းနေတဲ့ သွေးအလျင်နဲ့ တိုက်ခတ်မိကာ ကျယ်လောင်တဲ့ အသံတွေကို ဖြစ်ပေါ်စေတယ်။ စုမင် မာန်ဟုန်သွင်း ဟစ်အော်လို့ ကွေးညွှတ်နေတဲ့ ခန္ဓာကိုယ်ကို ဖြောင့်မတ်စေပြီး မမြင်နိုင်တဲ့ လက်နှစ်ဖက်ရဲ့ ဖိအားကို ခုခံတွန်းလှန်လို့ မတ်တတ် ရပ်လိုက်တယ်။
လက်ရဲ့ ဖိအားဟာ စုမင်ရဲ့ ခန္ဓာကိုယ်ထဲကို ၀င်ရောက်နေတဲ့ မရေမတွက်နိုင်တဲ့ လေထုကို ဖိနှိပ်ထားနိုင်ခြင်း မရှိတဲ့အပြင် လရောင်အောက်က သွေးလောင်ကျွမ်းခြင်းရဲ့ အစွမ်းအားကိုလည်း အနိုင်ယူနိုင်ခြင်း မရှိခဲ့ဘူး။
စုမင် ထရပ်လိုက်တယ်။
အရုဏ်တက်လေပြီ။ မှိန်ဖျော့ ပျောက်ကွယ်သွားသင့်ပြီ ဖြစ်တဲ့လမင်းဟာ နောက်ဆုံး အချိန်လေးမှာ အလင်းလက်ဆုံး ထွန်းလင်းသွားတယ်။ ကောင်းကင်ဟာလည်း ရုတ်တရက် ကြည်လင်သွားပြီး စုမင် မတ်တတ် ရပ်လိုက်တာနဲ့ ရုတ်တရက် ရှေ့ကို တက်လှမ်းသွားပြီး ၈၀၀ မြောက်ကို ဦးတည်လို့ မရပ်တန့်ဘဲ ဆက်တိုက်သွားလေတယ်။
၈၀၂ ... ၈၀၅ ... ၈၁၁ ... ၈၁၄ ... ၈၁၇
စုမင်ဟာ ၈၁၇ လှမ်းမြောက်မှာ နီရဲနေတဲ့ မျက်လုံးအစုံနဲ့ ရပ်လျက်ရှိတယ်။ သူ့သွေးကြောထဲက သွေးတွေက စတင်လောင်ကျွမ်းစ ပြုနေပြီ။ အခု သူဟာ သွေးလောင်ကျွမ်းခြင်း တတိယအဆင့်ရဲ့ လမ်းခုလတ်မှာ ဖြစ်တယ်။ သူဟာ ဘယ်ဘက်မျက်လုံး တစ်ခုတည်းကိုသာ သွေးသုတ်လိမ်းထားတာ ဖြစ်တယ်။
ပေါက်ကွဲထွက်သလို ပြင်းထန်တဲ့ အင်အားမျိုးဟာ သူ့ကိုယ်ခန္ဓာ အတွင်းမှာ ဖြစ်ပေါ် နေတယ်။ သူ့တစ်ကိုယ်လုံးဟာ ကြေမွပျက်စီးခြင်းနဲ့ ပြိုလဲကျခြင်းရဲ့ အစွန်းဖျားမှာ သီသီလေး ရှိနေတယ်။ အကယ်၍ ပြင်ပအင်အားကို သုံးပြီး တတိယမြောက် သွေးလောင်ကျွမ်းခြင်းကို အင်အားသုံး လုပ်ဆောင်ခဲ့လျှင် သူခံနိုင်မှာ မဟုတ်ဘူးဆိုတာကို သူသိတယ်။ သို့ပေမဲ့ ဒီတောင်ပေါ်က ကြီးမားတဲ့ဖိအားက သူ့ကို ကူညီခဲ့တယ်။ သူ့ရဲ့ ကိုယ်ခန္ဓာဟာ အလယ်ဗဟိုမှာ တည်ရှိပြီး ကိုယ်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြင်းထန်တဲ့ ပေါက်ကွဲအားနဲ့ သူ့ခန္ဓာကိုယ်ကို ဖိနှိပ်ထားတဲ့ အပြင်က အင်အားကြောင့်သာ သူ မပြီးမြောက်နိုင်ခဲ့တဲ့ တတိယမြောက် သွေးလောင်ကျွမ်းခြင်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်တယ်။
စုမင်ရဲ့ ညာဘက်လက်ညှိုးဟာ တုန်ယင်နေတယ်။ သူမာန်သွင်းပြီး ဘယ်ဘက် မျက်လုံးတစ်ခုလုံးကို လတ်လတ်ဆတ်ဆတ် သွေးတွေနဲ့ သုတ်လိမ်းလိုက်ချိန်မှာ သွေးလောင်ကျွမ်းခြင်း စတင်တယ်။
တောင်တစ်ခုလုံး လှုပ်ခါသွားပြန်တယ်။ ပိုမိုများပြားတဲ့ ထူးဆန်းတဲ့ လေထုဟာ စုမင် ကိုယ်ပေါ်ကရှိတဲ့ မွေးညင်းပေါက်တွေထဲက တစ်ဆင့် လျင်မြန်စွာ ဝင်ရောက်လာပြီး သူ့ကိုယ်ပေါ်က သွေးကြောတွေကို မယုံနိုင်စရာ အရှိန်နှုန်းနဲ့ တိုးပွားလာစေတယ်။
“ငါ ဆက်တက်နိုင်ရမယ်”
စုမင် ခြေထောက်ကို ကြွလို့ ဆက်တက်ပြန်တယ်။ ၈၁၉၊ ၈၂၃ ... ၈၂၇။ သူ ၈၃၇ လှမ်းကို ရောက်သွားချိန်မှာ ကိုယ်ထဲကနေ သွေးနီရောင် အခိုးအငွေ့တွေ ထွက်ရှိလာပေမဲ့ သူ့မျက်လုံးတွေ ထဲမှာတော့ ဇွဲလုံ့လနဲ့ ဆုံးဖြတ်ချက် ခိုင်မာမှုတွေပဲ ရှိနေတယ်
သူလှမ်းလျှောက်ခဲ့တဲ့ အဆင့်တွေထဲမှာ သူရှာနေတဲ့ မျှခြေညီတဲ့ အဆင့်ကို ရှာမတွေ့သေးဘူး။ ဒါပေမဲ့ ကျန်တဲ့ အဆင့်တွေထဲမှာ ရှိကိုရှိရမယ်လို့ စုမင်က ယုံကြည်ထားတယ်။
"မော့စု”
ရဲဝမ်လည်း သွေးရူးသွေးတန်း ဖြစ်နေတယ်။ လက်ရှိမှာ သူက ၈၄၅ မှာ ရှိနေပြီး ပလိတ်ပြားကနေ ပြထားတာက စုမင်က ၈၃၇ တဲ့လေ။ ဘယ်လိုကြောင့် ဒေါသ မဖြစ်ဘဲ နေနိုင်မှာလဲ။
သူနဲ့ ရွယ်တူတွေထဲက အတော်ဆုံး လူတစ်ယောက်အနေနဲ့ သူ့မာနသာ မည်သူတစ်ဦး တစ်ယောက်မှ သူ့ကို ကျော်တက်သွားနိုင်ခြင်းကို ခွင့်မပြုဘူး။ သူ့ ဂုဏ်သိက္ခာအတွက် ဘာတွေပဲ ရင်းရရင်းရ သူဟာ ခွန်အားအကြီးဆုံး ပုဂ္ဂိုလ်အဖြစ် သူ့နေရာကိုသူ ထိန်းသိမ်းထားနိုင်မှ ဖြစ်မယ်။
သူ့မျက်နှာပေါ်မှာ သွေးကြောတွေ ထင်လျက်ရှိပြီး မျက်လုံးတွေလည်း ရဲရဲနီနေတယ်။ သီးသန့် နေတတ်တဲ့၊ မာန်မာန ထောင်လွှားတဲ့ မျက်နှာထားအစား ဒေါသတရားနဲ့ စိတ်အနှောင့်အယှက် ဖြစ်ခြင်းက အစားထိုး နေရာယူထားတယ်။ ခက်ခက်ခဲခဲနဲ့ ညာလက်ကို မြှောက်လို့ ရင်ဘတ်ကို ထုပြီး ဟစ်အော်လိုက်တယ်။ တစ်ချိန်တည်းမှာပဲ စွမ်းအားတွေဟာ သူ့သွေးသားနဲ့ အရိုးတွေတစ်လျှောက် စီးဆင်း ဖြာကျသွားပြီး ရင်ဘတ်မှာ အနီရောင် အမှတ်အသားတစ်ခု ပေါ်လာတယ်။
အဲဒါဟာ ဦးချိုတစ်ခု ဖြစ်တယ်။ သွေးနီရောင် တောက်နေတဲ့၊ သားရဲကောင်ကြီးရဲ့ ဦးချိုဖြစ်တယ်။
အဲဒါဟာ ရုပ်ပုံတစ်ခု၊ အနီရောင်ရဲရဲ တောက်မနေပေမဲ့ အနည်းငယ်မျှ အရောင်ရင့်တယ်။ ရဲဝမ် သူ့ရဲ့ရင်ဘတ်ကို ထုရိုက်လိုက်ချိန်မှာ ဦးချိုဟာ ရုတ်တရက် စူးစူးရှရှ အနီရောင် တောက်တောက် လင်းဖြာလာပြီး ရဲဝမ်ရဲ့ ခန္ဓာကိုယ်နဲ့ တစ်သားတည်း ပေါင်းစပ်မိသွားတယ်။ အဲဒီ အချင်းအရာက သူ့ရဲ့ ကိုယ်ခန္ဓာနဲ့ ခြေထောက်တွေမှာ အင်အားအသစ် ဖြစ်တည်စေတယ်။ သူ့ ခြေထောက်တွေကို ကြွလို့ အရှေ့ကို အလျင်အမြန် ပြေးသွားတယ်။
၈၄၅ ... ၈၄၆ ... ၈၆၁ လှမ်းရောက်မှ သူရပ်လိုက်တယ်။ ရဲဝမ်လည်း ပါးစပ်အပြည့် သွေးတစ်ပွက် အန်ထွက်လာတယ်။ ရင်ဘတ်က လင်းနေတဲ့ ဦးချိုပုံလည်း အရောင်တဖြည်းဖြည်း မှိန်ဖျော့သွားပြီး အချိန်မရွေး ပျောက်ကွယ် သွားတော့မယ့်ပုံစံ ဖြစ်နေတယ်။
"မော့စု ... မင်းအခု ဂုဏ်ယူနိုင်ပါပြီ။ ငါ စွမ်းအားတွေကို စုပ်ယူနိုင်ပြီး ဉာဏ်အလင်းပေါက် အဆင့်ကို အမြန်ရောက်ရှိ နိုင်ဖို့အတွက် အကြီးအကဲရဲ့ မာန်သွေး ၃၇ စက်ကို အသုံးပြုလို့ အတင်းအကျပ် ရေးဆွဲပေးခဲ့တဲ့ ဘေးဒုက္ခ အမှတ်အသားကို သက်ဝင်နှိုးဆွအောင် ပြုလုပ်နိုင်တဲ့ ပထမဆုံးလူ ဖြစ်သွားခဲ့ပါပြီ။ ငါ ဒီစွမ်းအားကို အင်အားသုံးပြီး အသုံး မပြုချင်ခဲ့ဘူး။ ဖြည်းဖြည်းချင်း စုပ်ယူနိုင်မှသာ ငါ့အတွက် အကျိုးရှိမှာ။ မော့စု ... မင်းအခု ဂုဏ်ယူနိုင်ပါပြီ”
ရဲဝမ်ဟာ အံတင်းတင်းကြိတ်လို့ ခေါင်းငုံ့ကာ လက်ထဲက ပလိတ်ပြားကို ကြည့်တယ်။ တစ်ချက် ကြည့်ရုံနဲ့ သူ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။
"မ ... မဖြစ်နိုင်တာ”
မော့စု နာမည်နောက်က ကိန်းဂဏန်းတွေက အလျင်အမြန် တိုးပွားလာနေတယ်။
၈၄၁ ... ၈၄၃ ... ၈၄၅ ... ၈၄၉ သူ့မျက်စိရှေ့မှာပဲ ဂဏန်းဟာ ၈၅၉ ပြောင်းလဲသွားတာကို ရဲဝမ် မြင်လိုက်ရတယ်။
သူတို့ကြားမှာ နှစ်လှမ်းပဲ ကွာတော့တယ်။ ရဲဝမ်ဟာ အင်အားသုံးပြီး ဘေးဒုက္ခ အမှတ်အသားရဲ့ စွမ်းအားတွေကို စုပ်ယူခဲ့တာတောင်မှ နှစ်ယောက်ကြားက အကွာအဝေးကို အများကြီး မခြားနားနိုင်ဘဲ သူတို့တွေက ဒီလောက်ထိတောင် နီးလာခဲ့ပြီ။ အကယ်၍ သူသာ အမှတ်အသားရဲ့ စွမ်းအားကို မစုပ်ယူခဲ့လျှင်တော့ အခုလောက်ဆို သူ ကျော်တက် ခံနေရလောက်ပြီ။
"မဖြစ်နိုင်တာ”
ရဲဝမ် မယုံနိုင်ဘူး။ အဲဒီလို ရေရွတ်ပြီး လက်ကိုတစ်ကြိမ် ထပ်မံ မြှောက်လိုက်တယ်။ ကြမ်းကြုတ်စွာနဲ့ ဒေါသခက်ထန်စွာ ရင်ဘတ်က မှိန်ဖျော့နေတဲ့ ဦးချိုပုံကို လက်ဖဝါးနဲ့ ထပ်မံဖိချဖို့ လုပ်ပြန်တယ်။
ရဲဝမ် သွေးတစ်ပွက် ထပ်မံအန်ထွက်တယ်။ သူ့ကိုယ်ခန္ဓာက ထွက်တဲ့ အနီရောင် အလင်းဟာ ကောင်းကင်ထိ ဖြာထွက်လာတယ်။ တစ်ကိုယ်လုံးကို သွေးနီရောင် အလင်း လွှမ်းခြုံသွားလို့ သူ့ကိုယ်ခန္ဓာ ကောက်ကြောင်းကိုသာ ခပ်ဖျဖျ မြင်ရလေတယ်။
"မော့ ... စု”
***