← Chapters

အရည်အချင်း

Vol. 144 Ch. 2012

အရည်အချင်း

Vol. 144 Ch. 2012

ဝူလင်းယူသည် ဖေးယိနောက်လိုက်ကာ ထွက်သွားသည်။ ဟွမ်၊ အရိပ် မည်းနှင့် ချန်ကျိုတို့သည် ပုန်းကွယ်၍နေကြသည်။ ထိုအချိန်တွင် ရှီမာယူယူ၏ ဘေးတွင် ဖူရှီ၊ ဟိုင်ရှီးနှင့် ဟိုင်ရှင်းတို့သာကျန်ခဲ့သည်။

သူမဘေးတွင် လူသုံးယောက်သာ ကျန်တော့သည်ကို ဂီတဂိုဏ်းမှလူများ တွေ့သောအခါ ပြောကြလေသည် “မင်းဘေးမှာ ကလေးသုံးယောက်ပဲချန်ထား တာ၊ သူတို့က မင်းကိုစောင့်ရှောက်မှာလား မဟုတ်ရင် မင်းက သူတို့ကို စောင့်ရှောက်ရမှာလား… ဒီနေရာကို ငါတို့တွေ ဘာလို့လူထပ်မပို့ရမှာလဲ”

“လူထပ်ပို့မယ်ဆိုတာ ဘာအဓိပ္ပာယ်လဲ.. မင်းတို့ကိုယ်မင်းတို့ အဲဒီကိုပို့ ချင်နေတာမဟုတ်ဘူးလား” အကြီးအကဲကြီးကျင်းဖူသည် ထိုစကားပြောသူ၏ ပခုံးကိုပုတ်လိုက်သည် “မင်းတို့ကတော့လေ… မြန်မြန်သွား ကိုယ့်ဘာသာ လေ့ကျင့်ချည်.. မင်းရဲ့ဆရာမလေးက မင်းတို့ထက်တောင်သာသွားတော့မယ်”

“ဆရာမလေးက ကျွန်တော်တို့ထက် ရာထူးမြင့်တာပဲ.. သူမ ကျွန်တော် တို့ထက် သာသွားတာ ဘာမှရှက်စရာမလိုဘူး”

“မင်းတို့က ငါ့ကိုပြန်ပြောနေတာလား… မင်းတို့ နံရံကိုမျက်နှာမူပြီး ကိုယ့် ကိုယ်ကိုယ် ပြန်သုံးသပ်ချင်နေပြီလား” သခင်ကျင်းဖူသည် မုတ်ဆိတ်ကိုမှုတ် လိုက်ရာ ထိုလူများသည် ချက်ချင်းပင် ပြန်ပြေးကြသည်။

ထိုအဘိုးကြီးများသည် စိတ်ဝင်စားစရာကောင်းလှသည်ဟု ရှီမာယူယူ ခံစားရသည်။

“ယူယူ အဲနေ့က ငါတို့တွေ သေချာမိတ်မဆက်လိုက်ရဘူး.. ငါက ဂီတ ဂိုဏ်းရဲ့ အကြီးအကဲကြီး ဖူကျင်းပါ နောက်ဆိုရင် ဆရာဦးလေးလို့ခေါ်လို့ရ တယ်.. အကြီးအကဲကြီး ဒါမှမဟုတ် ဖူကျင်းဆိုလည်း အဆင်ပြေတာပဲ” ဖူကျင်း ပြောလေသည်။

“ဆရာဦးလေး” ရှီမာယူယူသည် ပို၍ခိုင်မာသည့် အမည်နာမကို ခေါ်ရန် ရွေးလိုက်သည်။

“အင်း အခြေအနေ ဘယ်လိုတွေရှိလဲဆိုတာ လာကြည့်တာ” ဖူကျင်း ပြောလေသည်။

“ပြီးတော့မှာပါ.. အတွင်းပိုင်းလေး နည်းနည်းလောက် အလှဆင်ဖို့ပဲလို တော့တယ၊ အဲဒါပြီးရင် ပြီးပါပြီ” ရှီမာယူယူ ပြန်ဖြေလေသည်။

နဂိုအတိုင်းဆိုလျှင် ရက်အနည်းငယ်ကြာမည်။ သို့သော် လူအများမှာ သူမ ကိုလာကူညီကြသဖြင့် အိမ်ကိုမြန်မြန်ဆန်ဆန် ဆောက်လုပ်ပြီးစီးလေသည်။ အိမ်အတွင်းခန်း အလှဆင်သည်ကို သူတို့ ဝင်မနှောင့်ယှက်လျှင် ပိုအဆင်ပြေ မည်။

“ဟုတ်ပြီလေ.. တစ်ခုခုလိုအပ်တာရှိရင် ဂိုဏ်းကိုသာပြောလိုက်.. အိုး ငါ့ကို ပြောလို့ရတာပဲ.. ငါ စီစဉ်ပေးလို့ရရင် စီစဉ်ပေးတာပေါ့” ဖူကျင်း ပြောလေ သည်။

“ကျေးဇူးတင်ပါတယ် ဆရာဦးလေး.. အခုတော့ လိုတာမရှိသေးပါဘူး.. ရှိလာရင်လည်း ဆရာဦးလေးကို လာရှာပါ့မယ်” ရှီမာယူယူသည် ယဉ်ကျေးစွာ ပြန်ပြောလေသည်။

“ကောင်းပြီလေ ဒါဆိုလည်း” ဖူကျင်းသည် ခေါင်းညိတ်လေသည် “ယူယူ မင်း‌ရောက်နေတာလည်း ရက်ပိုင်းလောက်ရှိပြီ ဂိုဏ်းဒုသခင်ကို သွားတွေ့ပြီးပြီ လား”

ရှီမာယူယူသည် သူ၏ဆိုလိုရင်းကို နားလည်သည်။ ဆရာဦးလေးက အတင်းပြောဖို့ ဒီကိုလာတာလား။ သူသည် အလုပ်များနေသည်ဟု ယွင်ရာ ပြောသည်။ ဒီကိစ္စကြောင့် အလုပ်များနေတာလား။

“ဂိုဏ်းဒုသခင်က ဂိုဏ်းကိစ္စတွေ စီမံရသေးတာ.. သူမက အရမ်းအလုပ် များနေမယ်ထင်တယ်.. ကျွန်မလည်း အိမ်ကိုအရင်ပြီးအောင် ဆောက်ရသေး တာလေ.. တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုလုပ် တွေ့ဖို့အချိန်ရှိပါ့မလဲ” သူမသည် ရယ်မောရင်း ပြန်ဖြေလေသည်။

“အိုး”

သူ့အသံထဲမှ မျှော်လင့်ချက်နှင့် စိတ်ပျက်သွားမှုကို ရှီမာယူယူ ကြားမိ သည်။

“မင်းနဲ့ သားရဲထိန်းကျောင်းဂိုဏ်းဒုသခင်တို့ကြားက ကိစ္စကိုလည်း ကြား ခဲ့တယ်.. သားရဲထိန်းကျောင်းဂိုဏ်းဒုသခင်က တော်တော်သေးသိမ်တာပဲ.. မင်း ကို ဒီလိုရှက်စရာကောင်းတဲ့ အခြေအနေဖြစ်အောင် တွန်းပို့ရယ်လို့.. သူက မင်း ကို ဒုက္ခပေးမှာသေချာတယ်” ဖူကျင်း ပြောလေသည် “မျိုးဆက်တူတဲ့သူတွေ ဖြစ်တဲ့ပြဿနာမှာတော့ ငါတို့တွေ ဝင်မပါဘူး ဒါပေမဲ့ သားရဲထိန်းကျောင်း ဂိုဏ်းက မင်းကိုပြဿနာလာရှာရင်တော့ ငါတို့ကိုပြောလို့ရတယ်” အကြီးအကဲ ကြီးပြောလေသည်။

“ဟုတ်ကဲ့ ပြောပါမယ်” ရှီမာယူယူသည် ခေါင်းညိတ်ပြီး သူပြောသည့် စကားကို လိုက်နာကြောင်းပြလိုက်သည်။

“လျှို့ဝှက်ဂိုဏ်းက အရမ်းအန္တရာယ်များတယ်.. အပြင်သွားရင် ဂရုစိုက်ရ မယ်” ဖူကျင်းသည် မသွားခင် သတိပေးလိုက်သည်။

“ဒီလူကြီးက အသက်ကြီးနေပြီကို လုပ်နေတာတွေက အသက်နဲ့မလိုက် ဘူး အသက်ကဘယ်လောက်ရှိပြီလဲ.. အခုထိအကုန်လုံးကို လိုက်သိချင်နေတာ ပဲ” ဖူရှီ အထင်သေးလေသည်။

“ဆရာဦးလေး ပြောတာမှန်ပါတယ်.. အဲဒီဈေးပေါတဲ့ ငါ့ဆရာက တစ်ခါမှ တောင် လာမလည်ဘူး.. အနည်းဆုံးတော့ သူ လာလည်သေးတယ်” ရှီမာယူယူ ပြောလိုက်သည် “ကဲပါ မင်းတို့တွေ သွားပြီးအိမ်တစ်အိမ်စီရွေးကြ တစ်ခုခု လိုရင် ငါ့ကိုပြောလေ.. တစ်ခုခုလိုနေတာရှိလည်း ငါ့ကိုပြောဦး.. လိုတာရှိရင် ဂိုဏ်းကလူတွေကို ကူညီခိုင်းလို့ရတယ်”

“ဟုတ်ကဲ့ပါ” သူတို့သုံးယောက်သည် အိမ်ကိုယ်စီရွေးကြကာ ကိုယ်ပိုင် ပစ္စည်းများကို ထုတ်လေသည်။ ရှီမာယူယူသည် သူတို့ကို ပစ္စည်းတချို့ပေး သည်။ လိုအပ်သည့်ပစ္စည်းများကို ဂိုဏ်းကိုတောင်းလိုက်ရာ အမြန်ပင် ပစ္စည်း များလာပို့ပေးသည်။

သူမ အိမ်တွင် အထုပ်များနေရာချပြီးသည်နှင့် လုယန်သည် နောက်ဆုံး တွင် တပည့်ဖြစ်သူ သူမကို သတိရသွားသည်။ သူသည် သူမကို လူလွှတ်ခေါ် ခိုင်းပြီး ထိုကလေးသုံးယောက်ကိုပါ ခေါ်လာရန်မှာလိုက်သည်။

“ဆရာ” ရှီမာယူယူသည် လုယန်၏ လေ့ကျင့်ရေးအခန်းသို့ သွားလိုက် သည်။ လုယန်သည် ဆံပင်ကိုဖားလားချထားကာ အဖြူရောင်ဝတ်စုံဖြင့် တူရိယာအနောက်တွင် ရပ်နေသည်။

သူတို့ ဝင်သွားသည်နှင့် လုယန်သည် ဗျတ်စောင်းအတီးရပ်ပြီး သူတို့ လေးယောက်ကိုကြည့်ကာ ပြောလေသည် “သူတို့ကို မင်းရဲ့ဘေးမှာ ထားဖို့ ဆုံးဖြတ်လိုက်ပြီလား”

“ဟုတ်ပါတယ် ဆုံးဖြတ်ပြီးပါပြီ” ရှီမာယူယူ တုံ့ပြန်လိုက်သည်။

“ဟိုင်မျိုးနွယ်ကလူတွေ.. မင်းက ပြဿနာတွေတောင် ရင်ဆိုင်ပြီးပြီပဲ ဒီလို ဆုံးဖြတ်ထားမှတော့လည်း မင်းကိုထပ်မမေးတော့ဘူး” လုယန် ပြော လိုက်သည် “နောက်တစ်ယောက်ကတော့… မင်းရဲ့သရုပ်မှန်ကို ငါ မသိပေမဲ့ လျှို့ဝှက်ဂိုဏ်းရဲ့ လုံခြုံရေးကို ထိပါးခွင့်မပြုဘူး.. မဟုတ်ရင် မင်းကို ငါ လက်မခံ ဘူး”

သူထိုသို့ပြောလာသည်မှာ သူတို့ကို နေထိုင်ရန် သဘောတူသည်ဟု ဆိုလို ခြင်းဖြစ်သည်။

“ကျေးဇူးအများကြီးတင်ပါတယ် ဆရာ”

လုယန်သည် ကလေးသုံးယောက်ကို ထွက်သွားခိုင်းပြီးနောက် ရှီမာယူယူ ကို ပြောလေသည် “ဒီနေ့ မင်းကို လာခိုင်းတာက ဒီနယ်ပယ်မှာ မင်းအရည်အချင်း ဘယ်လောက်ရှိလဲလို့ စမ်းသပ်ချင်လို့ပဲ.. ငါ ဂီတသင်္ကေတ တစ်ခုတီးမယ်.. မင်း ဘာကြားရလဲဆိုတာ ငါ့ကိုပြော”

စဉ်းစားပြီးနောက် သူသည် ဗျတ်စောင်းကို စတင်တီးခတ်လေသည်။

သူ ဗျတ်စောင်းတီးသည်ကို မြင်ရသည်မှာ ရှီမာယူယူအတွက် ဒုတိယ အကြိမ်ဖြစ်သည်။ အသံကျိုးပြတ်ပြီး စူးရှသည့်ရောင်ဝါရှိသည့် အရင်တစ်ခေါက် ကနှင့် ကွဲပြားစွာပင် သည်တစ်ခေါက် ဂီတသင်္ကေတမှာ များစွာနူးညံ့ကာ ကြား ရသူတိုင်းကို စိတ်သက်သာရာရစေသည်။

ဂိုဏ်းထဲမှလူများလည်း သူဗျတ်စောင်းတီးခတ်သည်ကို မကြားရသည်မှာ ကြာပြီဖြစ်သည်။ သူသည် တခြားတူရိယာများကိုသာ အမြဲတစေတီးခတ်ခဲ့ သည်။ သူသည် ဗျတ်စောင်းကို သယ်သွားလေ့ရှိသော်လည်း တခြားသူများကို တီးခတ်ပြလေ့မရှိပေ။

ဂီတသံမှာ ပျော်ရွှင်မှုကို သယ်လောင်လာပြီး နူးညံ့သိမ်မွေ့သော အရာ ဖြစ်သည်။ ဂီတသင်္ကေတတစ်ခု အဆုံးသတ်သွားသည်နှင့် ကြားရသူတိုင်းသည် စိတ်ငြိမ်ပြီး အလုပ်များကို ပျော်ရွှင်စွာ လုပ်နိုင်ကြလေသည်။

လုယန်သည် အပြင်မှ လူများ၏ တုံ့ပြန်ချက်ကို ခံစားမိသည်။ သူသည် နှိုင်းယှဉ်ကြည့်နိုင်ရန် အရင်းအမြစ်ကို ရည်ရွယ်ချက်ရှိရှိ ထားခဲ့သည်။

“ဒီဂီတသင်္ကေတကနေ ဘာကြားလိုက်လဲ”

သူတို့နှစ်ယောက်သည် တစ်ယောက်နှင့် တစ်ယောက်ကြည့်နေကြသည်။ သူသည် သူမ၏ တုံ့ပြန်ချက်ကိုမြင်ချင်သည်။

သူသည် သူမကို တပည့်အဖြစ် လက်ခံပြီဖြစ်သော်လည်း ထိုအရာသည် အပေါ်ယံဖြစ်ကာ သူမ၏ အရည်အချင်းကို တိုင်းတာကြည့်ချင်သေးသည်။ သူမ မဆိုးလှရန်ကို သူ မျှော်လင့်မိသည်။

ဒါပေမဲ့ သူမ မျက်မှောင်ကြုတ်ပုံကိုကြည့်ရတာ သင်္ကေတနောက်က ယူဆချက်ကို မသိလိုက်တာတော့ မဟုတ်ပါဘူးနော်။

“မင်း ပြောချင်တာပြောလို့ရတယ်.. ဂီတသင်္ကေတကနေ ဘာမှမရလိုက် ဘူးဆိုလည်း ကိစ္စမရှိဘူး”

“ဒါဆို ဒီအတိုင်းပြောလိုက်ပါမယ်နော်” ရှီမာယူယူသည် သူ့ကိုတစ်ချက် ကြည့်ပြီး ဂရုတစိုက်ပြောလေသည် “ဆရာက နူးညံ့တဲ့ဂီတသံထဲမှာ ပျော်ရွှင်မှု ရောယှက်နေတဲ့ သီချင်းကိုရွေးခဲ့တယ်.. စိတ်တွေ ဘယ်လောက်ပဲ ယောက်ယက်ခတ်နေပါစေ ဒီဂီတသံကိုကြားလိုက်တာနဲ့ စိတ်ငြိမ်သွားစေနိုင်ပါ တယ် ဒါပေမဲ့…”

“ဒါပေမဲ့ ဘာဖြစ်လဲ ငါတီးတာ မတော်လို့လား”

“ဆရာ့ရဲ့ အရည်အချင်းကို ဘယ်လိုလုပ် ကျွန်မက မှတ်ချက်ပေးရဲမှာလဲ ဒီအတိုင်း ဆရာတီးခတ်နေတုန်းကို တောင့်တမှုနည်းနည်းပါနေသလိုပဲ.. အစပိုင်း နားထောင်ရတာပျော်တယ်.. ဒါပေမဲ့ နောက်ပိုင်းရောက်တော့ကျ နည်းနည်းဝမ်းနည်းလာသလိုပဲ”

လုယန်သည် ခေတ္တမျှ မှင်တက်သွားသည်။ သူမသည် တောင့်တမှုကို ကြားလိုက်ရသည်။ ထိုအရာသည် အလွန်ပင်ပါးလွှာသည့် ပုဝါတစ်စလိုပင်။

“အရမ်းကောင်းတယ်.. မင်းက ဒီဂီတသံကနေ ခံစားချက်အကုန်လုံးကို ကြားလိုက်ရတာပဲ” သူသည် သူမအား ခွင့်ပြုသည့်အနေနှင့် ကြည့်သည် “ပြီးတော့ တခြားရော”

“အဲဒီတောင့်တမှုက တခြားခံစားချက်တွေနဲ့ ကွဲတယ်လို့ခံစားရတယ်.. တခြားခံစားချက်တွေက ဂီတယူဆချက်ဖြစ်ရင်ဖြစ်မယ်.. ဒါပေမဲ့ အဲဒီ တောင့်တမှုက ဆရာ့ရဲ့ ကိုယ်ပိုင်ခံစားချက်ကနေလာတာပဲ” ရှီမာယူယူ ပြော လိုက်သည် “ဆရာ တစ်ယောက်ယောက်ကိုများ လွမ်းဆွတ်နေတာလား”

လုယန်သည် ကြိုးကိုနှစ်ခါမှ ခတ်ပြီးပြောလိုက်သည် “ငါ မင်းရဲ့ စီနီယာ အစ်မကို သွားသတိရလို့ပါ.. သူမကလည်း အခုမင်းလိုပဲ ငါ့ရှေ့မှာထိုင်ပြီး မေးထောက်ထားတတ်တယ်.. မင်းမျက်လုံးထဲက အကြည့်တွေတောင် တူကြ တယ်”

သူတို့သည် တူနေလွန်းရာ သူ့ကို ခေတ္တမျှငေးငိုင်သွားစေသည်။

***

All Chapters