တုံ့ပြန်ခြင်း
Vol. 144 Ch. 2013
“ဆရာ… စီနီယာအစ်မကျိရှန်ကို ပြောနေတာလား… ကျွန်မ ယွင်ရာ ပြောတာ ကြားဖူးပါတယ်” ရှီမာယူယူ ပြောလေသည် “ဆရာက သူမ သေဆုံးမှု နဲ့ပတ်သက်ပြီး အမြဲတမ်းတွေးပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်နေတာမလား”
“ငါတီးခတ်လိုက်တဲ့ ဗျတ်စောင်းကနေ အဲဒါတွေအကုန်လုံးကို ပြောနိုင် တယ်ပေါ့” လုယန်သည် မငြင်းဆန်ပေ။
“အများစုပါ ဒါပေမဲ့ ကျန်တာတွေက မှန်းကြည့်လိုက်တာပါ” ရှီမာယူယူ ပြောလိုက်သည် “ဆရာ့ရဲ့ တောင့်တမှုက ချစ်သူတွေမှာရှိတဲ့ ခံစားချက်မျိုး မဟုတ်ဘူး.. အဲဒါကြောင့် ဆရာက သူများတွေပြောသလို သူမကို သဘောကျခဲ့ တာမဟုတ်ဘူး.. စီနီယာအစ်မ ဆုံးသွားခဲ့တာ နှစ်တွေအများကြီးကြာသွားပြီ… ဆရာက အခုထိ လက်မလွှတ်နိုင်သေးဘူး.. အဖြစ်နိုင်ဆုံးက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာပဲ”
လုယန်သည် သက်ပြင်းကိုနူးညံ့စွာ ချလိုက်သည် “အဲတုန်းက မိုဝေ့က မငြိမ်မသက်ဖြစ်နေတာကို သိပေမဲ့ သူမကို အားလုံးရှေ့ကို ထွက်ခိုင်းခဲ့တယ်.. အဲတုန်းက သူမသာ ဂိုဏ်းထဲမှာနေခဲ့ရင် ဒီလိုဖြစ်လာမှာမဟုတ်ဘူး”
“အဲတုန်းက ဘာတွေဖြစ်ခဲ့လဲတော့ ကျွန်မမသိပါဘူး.. ဒါပေမဲ့ ဆရာ.. ဒီကိစ္စက ပြီးသွားခဲ့တာ နှစ်တွေဒီလောက်ကြာနေပြီ.. ရုန်းထွက်သင့်နေပြီ” ရှီမာယူယူသည် သူ့ကို အကြံပေးလေသည်။
“မင်း နှစ်သိမ့်ပေးတာက သူများတွေနဲ့မတူဘူးပဲ.. ဒီကိစ္စက ငါနဲ့ မဆိုင်လို့ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့မလိုဘူး၊ အများကြီးတွေးမနေနဲ့လို့ သူများတွေ ပြောကြတယ်.. မင်းကကျ ဘာလို့ရုန်းထွက်ဖို့ပြောတာလဲ” သူမ သူ့ကို နှစ်သိမ့် ပေးပုံသည် ထိုစဉ်ကအဖြစ်အပျက်သည် သူ့အမှားဆိုသည်ကို ဝန်ခံနေသလို ပင်။ ထိုနည်းလမ်းသည် လူတစ်ယောက်ကို နှစ်သိမ့်သည့်နည်းလမ်းတော့ မဟုတ်ပေ။
“ဟုတ်တယ် အကုန်လုံးက ဆရာ့ကို ဒီအတိုင်းနှစ်သိမ့်ကြမှာပဲ.. အဲဒါ ကြောင့် ကိုယ့်ကိုယ်ကိုယ်ပဲ ပိုအပြစ်တင်လိမ့်မယ်.. ဆန့်ကျင်ဘက်အနေနဲ့ အဲဒါ က ဆရာ့ကို ပိုပိတ်လှောင်လိမ့်မယ်.. အဲတုန်းက ဘာကြောင့်ပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ဘယ်သူ့ကြောင့်ပဲဖြစ်ခဲ့ပါစေ အချိန်တွေအများကြီး ကြာသွားပြီလေ.. အချိန်နဲ့ အတူ အဲဒါတွေကို ဝေဝါးသွားခွင့်ပြုလိုက်ပါ”
“အချိန်နဲ့အတူ ဝေဝါးသွားခွင့်ပြုရမယ်ဟုတ်လား” လုယန်သည် လေသံ ဖြင့် လိုက်ပြောသည်။
“ဟုတ်ပါတယ်.. အချိန်က ကမ္ဘာပေါ်မှာ ဖြစ်ပျက်နေတဲ့ အရာတွေ အကုန် လုံးကို ထိန်းချုပ်နိုင်စွမ်းရှိပါတယ်.. အထူးသဖြင့် အသက်အန္တရာယ်နဲ့ ကြုံတွေ့ရ တဲ့အခါမှာပါ.. အနာဂတ်မှာ ဘာတွေဖြစ်မလဲဆိုတာ ကျွန်မတို့မသိနိုင်ဘူး.. ဒါပေမဲ့ အတိတ်ကဖြစ်ခဲ့တာတွေကိုတော့ နှစ်တွေလတွေနဲ့အတူ ယူသွားခွင့် ပေးလိုက်ပါ” ရှီမာယူယူသည် ကမ္ဘာကြီးပြောင်းလဲမှုကို ကြည့်နေရသကဲ့သို့ သူမ၏ အသံသည် ဆွဲဆောင်မှုရှိလွန်းသည်။
သို့သော် ထိုအရာမှာ အမှန်ပင်။ သူမသည် ဘဝ၏ဇစ်မြစ်နှင့် ပြောင်းလဲမှု ကိုမြင်ခဲ့ရာ ကမ္ဘာကြီးပြောင်းလဲသွားမှုကို မြင်ခဲ့ရသည်ဟု ပြော၍ရသည်။ ထို့အပြင် သူမသည် သေလုဆဲဆဲဖြစ်ခဲ့သည်ကို ကြုံတွေ့ခဲ့ရသဖြင့် ထိုအရာများ တွင် စွဲလမ်းနေမှုမရှိပေ။ သူမသည် ခံစားချက်ပါပါပြောသည်။ ထို့ကြောင့် သူမ ၏ စကားလုံးများသည် တခြားလူများကို ယုံသွားစေချင်မိသည်။
လုယန် တဖြည်းဖြည်းဝိညာဉ်လေဟာပြင်ထဲ ဝင်ရောက်သွားသည်ကို သူမ သတိပြုမိသည်နှင့် အတားအဆီးစီမံလိုက်ကာ ဂရုတစိုက်နောက်ဆုတ် သွားလိုက်သည်။ သူမသည် အပြင်ဘက်မှ အစောင့်များကို ပြောလိုက်သည် “ဆရာက အခု ဉာဏ်အလင်းပွင့်သွားပြီ ဘယ်သူ့ကိုမှ ဝင်ပြီးမနှောင့်ယှက်စေနဲ့”
အစောင့်များသည် နားမလည်နိုင်ဖြစ်သည်။ သူမနဲ့ ခဏလောက် စကား ပြောလိုက်တာနဲ့ သူက ဉာဏ်အလင်းရသွားတာလား။ အစောင့်ထဲမှ တစ် ယောက်သည် အံ့ဩသွားကာ တံခါးနားသို့ သွားကြည့်လေသည်။ လုယန်သည် အမှန်တကယ်ပင် ဝိညာဉ်အဆင့်သို့ဝင်သွားသည့်အပြင် တစ်ခန်းလုံးကို စီမံ ထားသည့် အတားအဆီးကိုပါ သူ မြင်လိုက်ရသည်။ သူထွက်လာပြီး တခြား အစောင့်ကို ခေါင်းညိတ်ပြလိုက်သည်။ ထို့ကြောင့် အားလုံးသည် အရေးပေါ် အခြေအနေသို့ ရောက်သွားပြီး လုယန် သူ့ဘာသာထွက်မလာသရွေ့ အိမ်ထဲသို့ မည်သူမှ ဝင်ခွင့်မရှိပေ။
ရှီမာယူယူသည် ကလေးသုံးယောက်ကို ခေါ်ကာ သူမ၏ခြံဝန်းဆီသို့ ပြန် လေသည်။ သူမ နားနေရန် အချိန်မရှိလိုက်ခင်မှာပင် လူတစ်စုသည် ပျားအုပ် ကဲ့သို့ အပြေးရောက်လာကြသည်။
ဖူကျင်းသည် ရောက်လာသည်နှင့် သူမကို မေးလေသည် “ယူယူ သခင်နဲ့ မင်းတို့ ဘာတွေပြောခဲ့တာလဲ”
“ဒီအတိုင်း ပုံမှန်အကြောင်းတွေပါပဲ ဘာမှသိပ်မပြောပါဘူး” ရှီမာယူယူ သည် ဤအဖြစ်အပျက်မှာ အားလုံးကို ဆွဲဆောင်သွားစေပြီး လာမေးကြလိမ့် မည်ဟု ထင်မထားမိပေ။
“ပုံမှန်အကြောင်းဟုတ်လား.. သာမန်အကြောင်းက နှစ်တွေဆယ်ချီနေ အောင် မရနိုင်ခဲ့တဲ့ ဉာဏ်အလင်းကို လမ်းပြပေးလိုက်တာလား၊ အဲဒီပုံမှန် အကြောင်းက ဒီနေ့သူ့ကို ဉာဏ်အလင်းရသွားစေတာလား” မိုဝေ့သည် ဟန်ပါပါပြောလေသည်။
ရှီမာယူယူသည် ဒေါသထွက်သွားသည်။ သူမနဲ့ လုယန်ကြားမှာ တစ်ခုခု ဖြစ်ခဲ့တယ်ဆိုတာကို မိုဝေ့က စောင်းငေါ့နေတာမဟုတ်ဘူးလား။
သူမ အေးစက်စွာ ရယ်မောလိုက်သည် “ဒုဂိုဏ်းသခင် ပြောသလိုဆိုရင် ကျွန်မက ဆရာ့အတွက် တစ်ခုခုပြောမိ၊ လုပ်မိတာဖြစ်မယ်”
“မင်းတို့တွေ…” မိုဝေ့သည် ပြောမည့်စကားများကို မျိုသိပ်လိုက်သည်။ သူမသာ ပြောချင်သည့်အတိုင်း ပြောချလိုက်ပါက တခြားသူများ သူမကို မည်သို့ မြင်တော့မည်နည်း။
သူမတွေးမိသည့် တခြားစကားလုံးများစွာရှိသည်။ သို့သော် ကျယ်လောင် စွာမပြောနိုင်ပေ။
“ကျွန်မတို့ ဘာတွေပြောနေခဲ့တာလဲဟုတ်လား” ရှီမာယူယူ မေးလိုက် သည်။
“မင်းတို့နှစ်ယောက်တည်းရှိတဲ့အချိန်ဆိုတော့ မင်းတို့ဘာတွေပြောခဲ့ တယ် လုပ်ခဲ့တယ်ဆိုတာကို မင်းတို့နှစ်ယောက်ပဲသိမှာပေါ့” မိုဝေ့သည် အေးစက်သော မျက်နှာထားဖြင့် ပြောလေသည်။
“အဲလိုသာဆိုရင် ပုံမှန်အကြောင်းတွေပဲ ပြောတာပါလို့ ကျွန်မပြောတာ ကို ဂိုဏ်းဒုသခင်က ဘာလို့မယုံတာလဲ” ရှီမာယူယူ ပြောလိုက်သည်။
“မင်းသာ ပုံမှန်အကြောင်းတွေ ပြောတယ်ဆို ဘယ်လိုလုပ် ဒီလောက် သက်ရောက်မှုကြီးမှာလဲလို့ ခံစားမိရုံပဲ” မိုဝေ့သည် သူမကိုယ်သူမ ကာကွယ် လေသည်။
“ဂိုဏ်းဒုသခင် အဲလိုမျိုးပြောလို့မရဘူးလေ.. လူတစ်ယောက်က ပုံမှန် အကြောင်းတွေပြောနေရင်းနဲ့လည်း ဉာဏ်ပွင့်သွားနိုင်တာပဲ.. စကားတစ်ခွန်း စကားလုံးတစ်လုံး၊ မဟုတ်ရင် ပုံရိပ်တစ်ခု၊ သစ်ပင်တစ်ပင်၊ ဖန်စတစ်စက တောင် လူတစ်ယောက်ရဲ့ ခံစားချက်ကိုဖြစ်စေတာပဲ အဲအစား အဲဒါကို အတင်း လုပ်ယူနေရင်တော့ သက်ရောက်မှုရှိမှာမဟုတ်ဘူး”
“ရှီမာယူယူ ပြောတာဟုတ်တယ်.. ဉာဏ်အလင်းပွင့်တယ်ဆိုတာက အမှတ်တမဲ့ဖြစ်သွားတာပဲ” ဖူကျင်းသည် သူမ၏ အမြင်ကိုသဘောတူသည် “ဒါပေမဲ့ မင်းတို့နှစ်ယောက် ဘာတွေပြောခဲ့လဲဆိုတာကိုတော့ ပြောပြဦး”
“ရပါတယ်” ရှီမာယူယူသည် လုယန် ဗျတ်စောင်းတီးသည်မှစပြီး သူတို့ ပြောခဲ့သည့် စကားများအထိ အဖြစ်အပျက်ကို ပြောပြလိုက်သည်။ ကျိရှန်နှင့် ဖြစ်ခဲ့သည့် အဖြစ်အပျက်များကို အားလုံးကြားလိုက်ရချိန်တွင် အားလုံးသည် နားလည်သွားသည့် အမူအရာပြကြလေသည်။
လုယန်အဆင့်တက်သည်မှာ ကြာခဲ့ပြီဖြစ်သည်။ သူ့တွင် ဝိညာဉ်စွမ်းအင် မလုံလောက်ခြင်းကြောင့်မဟုတ်ဘဲ စိတ်ထဲမှ ဆူးညှောင့်တစ်ချောင်းကြောင့် သာဖြစ်သည်။ ထိုအရာကို ဂီတဂိုဏ်းမှလူများအားလုံး သိကြသည်။
အစပိုင်းတွင် ကျိရှန်၏အဖြစ်အပျက်ကို မည်သူမှ စိတ်ဝင်စားပုံမပြပေ။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တစ်ခုခုလွဲမှားနေသည်ကို အားလုံး သတိ ထားမိလာကြသည်။ အချိန်ကုန်ဆုံးသွားသည်နှင့်အမျှ လုယန်သည် ယခု အချိန်ထိ လွှတ်မချနိုင်ဘဲ သူ့စိတ်ထဲမှ ဖယ်ရှားမရနိုင်သည့် ဆူးညှောင့်တစ်ခု ဖြစ်လာခဲ့သည်။ သူသာ စိတ်ထဲမှ ဆူးညှောင့်ကိုမထုတ်နိုင်လျှင် အဆင့်တက် မည်မဟုတ်ပေ။
လုယန်သည် အတိတ်အကြောင်းကို သိပ်မပြောပေ။ သို့သော် သူတို့ ခန့်မှန်းမိကြသဖြင့် များစွာပြောပေးခဲ့ကြသည်။ သူတို့သည် အကြိမ်ပေါင်းများ စွာ အကြံပေးခဲ့သည်။ သို့သော် မည်သည့်အရာမှ အသုံးမဝင်ခဲ့ပေ။
“ဒီလောက်နှစ်တွေအများကြီးကြာနေပြီ.. ကျိရှန်ကြောင့် ဖြစ်တုန်းပဲကိုး” ဖူကျင်းသည် မုတ်ဆိတ်ကိုသပ်နေသည် “ငါတို့လည်း မှန်းမိကြပေမဲ့ ဂိုဏ်း သခင်ရဲ့ စိတ်ထဲက ဆူးညှောင့်ကို ဆွဲနှုတ်ဖို့ မကူညီနိုင်ကြဘူး.. ပြောရမှာ တောင် ရှက်စရာကောင်းပါရဲ့”
“အဲဒါက သူမက ကျိရှန်နဲ့တူနေလို့မဟုတ်ဘူးလား.. အဲဒါကြောင့် သူက သူမ ပြောတာကိုနားထောင်တာလေ” မိုဝေ့သည် အတိတ်က သူမလုပ်ခဲ့သည့် အမှားကို ဝန်မခံချင်ပေ။
ရှီမာယူယူသည် အနည်းငယ် အံ့ဩသါားသည်။ သူမ ဖူကျင်းနှင့် တခြားသူ များ၏ တုံ့ပြန်ချက်ကို မြင်သောအခါ အမှန်ဖြစ်သည်ကို သိလိုက်ရသည်။
“ဘယ်လိုပဲဖြစ်ဖြစ် ဂိုဏ်းသခင်က စိတ်ပိုင်းဖြတ်နိုင်ပြီဆိုတော့ အကုန် လုံး ကောင်းသွားတာပဲလေ.. သူ အဆင့်တက်နိုင်ရင် ပိုတောင်ကောင်းသေး တယ်” ဖူကျင်းသည် စကားလမ်းကြောင်းလွှဲလိုက်သည်။
သူသည် ယနေ့တွင် အဆင့်မတက်နိုင်လျှင်တောင် စိတ်ပိုင်းဖြတ်နိုင် သရွေ့ အနာဓာတ်တွင် အဆင့်တက်ရန် အခွင့်အရေးရှိသေးသည်။
“ဟုတ်တယ်.. ကျွန်တော်တို့ ဂိုဏ်းသခင်ရဲ့အိမ်အပြင်မှာ စောင့်ကြပ်ပြီး တော့ လုပ်နိုင်တာ တစ်ခုခုများရှိမလားလို့ ကြည့်ကြတာပေါ့”
ရှီမာယူယူသည် သူတို့ ထွက်သွားရန်ကို မစောင့်နိုင်တော့ပေ။ ထို့ကြောင့် ယဉ်ကျေးမှုအရပင် နေခဲ့ရန်မပြောတော့ပေ။
ယွင်ရာသည် နေခဲ့ပြီး ပြန်သွားတော့မည်ဟု ပြောလေသည်။
“ဂိုဏ်းမှာ ခဏတော့နေမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား”
“ညှို့ယူဂီတဂိုဏ်းက ငါ့ကိုပြန်လာခိုင်းနေပြီ.. ဘယ်လိုပဲဖြစ်ဖြစ် ငါက ဒုသခင်လေ.. သူတို့ကို ဂရုမစိုက်ဘဲနေလို့မရဘူး” ယွင်ရာ ပြောလေသည်။
ညှို့ယူဂီတဂိုဏ်းအကြောင်း ပြောရာတွင် ရှီမာယူယူသည် ဝူရှန်းမြို့မှ အဖြစ်ကို သတိရသွားကာ ခိုင်မာစွာ ပြောလေသည် “အခု ကျွန်မတို့က ဂိုဏ်းတူ သွားပြီဆိုတော့ ဝူရှန်းမြို့မှာဖြစ်ခဲ့သလိုမျိုး ထပ်ဖြစ်လို့ ကျွန်မသိသွားရင် ညှာမှာမဟုတ်တော့ဘူးနော်”
“ငါ သိပါတယ်” ယွင်ရာ ပြောလေသည် “ငါ ပြန်ရောက်တာနဲ့ တစ္ဆေ လောကမှာ ရောက်နေတဲ့သူအကုန်လုံးကို ပြန်ခေါ်လိုက်ပါမယ်.. သူတို့လည်း နယ်ချဲ့တော့မှာမဟုတ်ပါဘူး”
“ဆိုလိုတာက တစ္ဆေလောကမှာ ရှင့်လူတွေ ရှိသေးတယ်ပေါ့”
“ဒါက.. ငါမင်းကို မပြောနိုင်ဘူး” ယွင်ရာ ရယ်မောလေသည် “ငါ မင်းကို ပြောလိုက်ရင် သူတို့ အသက်ရှင်တော့မှာမဟုတ်ဘူး”
“ဟား မပြောလည်းရပါတယ်” ရှီမာယူယူသည် သူပြောလာမည်ဟု မမျှော်လင့်ထားပေ။ “ဒါပေမဲ့ ဒီအချိန် ပြန်ရင်သတိထားပါ ရှဲဟွမ်ရဲ့ကိစ္စက ရှင့် ကို ပြဿနာဖြစ်စေလိမ့်မယ်.. ရှင် မကိုင်တွယ်နိုင်ရင် သူက ကျွန်မနဲ့ရှိနေတယ် လို့သာပြောလိုက်… ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မက လျှို့ဝှက်ဂိုဏ်းထဲမှာဆိုတော့ သူတို့ ကျွန်မကို ဘာမှမလုပ်နိုင်ပါဘူး”
***