သွားလည်ပတ်ခြင်း
Vol. 144 Ch. 2014
ယွင်ရာသည် သူမ၏စကားကို ကြားသောအခါ မျက်ခုံးပင့်လေသည် “ဆရာဦးလေးက ကျွန်တော့်ကို ကာကွယ်ပေးချင်လို့လား”
“ကျွန်မကို ဆရာဦးလေးလို့တောင် ခေါ်နေပြီပဲ.. သေချာပေါက် တူလေး ကို ကာကွယ်ရမှာပေါ့” ရှီမာယူယူ ပြောလိုက်သည် “ဒါပေမဲ့ ရှင့်အကျင့်ကို ကြည့်တာနဲ့ ကျွန်မ ပြောနိုင်ပါတယ်.. ရှင် အဲလိုမလုပ်ပါဘူး”
“ရှဲဟွမ်ကြောင့်နဲ့တော့ ငါ့ကိုဘာမှလုပ်မှာမဟုတ်ဘူး” ယွင်ရာသည် ယုံကြည်ချက်ရှိရှိ ပြောလေသည်။
“သူ့နောက်ခံက လူတွေကရော…”
သူသည် အဆက်အသွယ်ကို မှီခိုလွန်းသည်ဆိုသည့်အချက်မှာ သူ၏ နောက်ခံသည် အလွန်အားကောင်းသည်ဟု ဆိုလိုခြင်းဖြစ်သည်။
“ဘယ်လိုပဲဖြစ်ဖြစ် သူ ငါနဲ့အတူရှိနေခဲ့တယ်ဆိုတာကို သူတို့တွေ မသိကြ ဘူး.. ပြီးတော့ သူ့ကိုနိုင်ခဲ့တာလည်း မင်းပဲလေ.. အများဆုံးတော့ သူ့ကို မကာကွယ်နိုင်တာ ငါ့အမှားမဟုတ်ဘူးလေ” ယွင်ရာသည် စနောက်ရင်း ပြော လေသည်။
သူ့တွင် အစွမ်းအစရှိသည်၊ အကျိုးအကြောင်းဆီလျော်သည်ကို ရှီမာယူယူသိသည်။ ထို့ကြောင့် သူ့ကိုစိတ်ပူရန်မလိုပေ။
“ရှင် ဘယ်တော့ ထွက်သွားမှာလဲ”
“မင်းကို ပြောပြီးတော့ ထွက်သွားမလို့ပဲ”
“ဖေးယိရော ရှင်နဲ့သွားမှာလား”
“ဟုတ်တယ်”
“အပြန်ကိုသတိထားပြန်ပါ”
“မင်းရောပဲ.. လျှို့ဝှက်ဂိုဏ်းမှာ အန္တရာယ်တွေအများကြီး စောင့်နေမှာ”
“ကျွန်မသိပါတယ်”
ယွင်ရာသည် ဖေးယိနှင့်အတူ ထွက်သွားလေသည်။ ယခု ဂိုဏ်းထဲတွင် သူမနှင့် သိသူ နှစ်ယောက်လျော့သွားချေပြီ။
လုယန်သည် တံခါးပိတ်ကျင့်ကြံနေသည်။ သူမကို မည်သူမှမသင်ပေး သဖြင့် ကလေးသုံးယောက်ကို ခြံဝန်းထဲသို့ခေါ်ကာ လေ့ကျင့်နေလိုက်သည်။ လျှို့ဝှက်ဂိုဏ်းအဖွဲ့ဝင်များအားလုံးသည် ပြဿနာရှာခဲ့သည့် သူမကို တွေ့ရ လိမ့်မည်ဟု ထင်ထားကြသော်လည်း လုံးဝထွက်မလာမည်ဟု ထင်မထားကြ ပေ။
သူမသည် ဂိုဏ်းကိစ္စများကို လုံးဝစိတ်မဝင်စားပေ။ သူမသည် ဤနေရာ သို့ရောက်နေသည်မှာ နှစ်လကြာပြီဖြစ်ကာ တောင်မှတစ်ခါမှထွက်မသွားပေ။ သူမက တကယ်ပဲ ရေခဲလိုအေးတာလား။ သူမရဲ့ ကလေးသုံးယောက်ကိုတောင် တွေ့ရခဲတာ။
တကယ်ပါပဲ… ဒီလောက်ငယ်ငယ်လေးနဲ့ ဘာလို့လူကြီးလို ပြုမူနေတာ လဲ။ သူမက တခြားအကြောင်းတွေ ဘာမှမသိချင်ဘူးပဲ။
“မင်းပြောပါဦး ရှီမာယူယူက ဘာလို့ထွက်မလာတာလဲ.. သူမက အဲလူ တွေ တိုက်ခိုက်မှာကို ကြောက်နေတာလား” မုယဲ့ချီသည် ကျားနန်ရှင်း၏ ခြံဝန်း ထဲတွင်လှဲနေရင်း စနောက်လေသည်။ ဂိုဏ်းသည် နောက်ပိုင်းတွင် အလွန် တိတ်ဆိတ်လွန်းသည်။ ဇာတ်လမ်းစမည့်သူမရှိသဖြင့် အပျော်ကြည့်စရာမရှိ ဖြစ်နေသည်။
“သူမက အဲလိုလူမျိုးလို့ မင်းထင်နေလား” ကျားနန်ရှင်းမေးလေသည်။
မုယဲ့ချီသည် အတန်ကြာစဉ်းစားပြီးနောက် ပြောလိုက်သည် “ပြီးခဲ့တဲ့ အခြေအနေကို အကဲဖြတ်ကြည့်ရသလောက်ဆိုရင်တော့.. မထင်ဘူး၊ ဒါပေမဲ့ သူမ ထွက်မလာတာ ဒီလောက်ကြာနေပြီ အဲတော့ မတတ်သာဘဲ ဒီလိုပဲတွေးမိ ကြမှာပဲ.. မင်း ဘယ်လိုထင်လဲ”
“မင်းသာဆိုရင် တောင်ပေါ်မှာ အဲလောက်အကြာကြီးနေမှာလား” ကျားနန်ရှင်း မေးလေသည်။
“ဘယ်နေမလဲ.. ရူးနေလို့လား… တရားထိုင်တာမဟုတ်ရင် အချိန်ကို ဘယ်လိုသုံးရမလဲမသိဘူး” မုယဲ့ချီ ပြောလေသည်။
“မင်းက ပျော်ပျော်နေတတ်တဲ့စရိုက်ရှိတာလေ.. အဲတော့ တစ်ရက်ပြီး တစ်ရက် လေ့ကျင့်ပြီးမနေနိုင်ဘူး.. အဲဒါကြောင့် တောင်ပေါ်ကနေ လပေါင်း များစွာထွက်မလာတာက သူမက ကြောက်လို့မဟုတ်ဘူး သူမရဲ့ တည်ငြိမ်ပြီး ရင့်ကျက်တဲ့စရိုက်ကြောင့်ပဲ” ကျားနန်ရှင်း ခွဲခြိမ်းစိတ်ဖြာလေသည်။
“တခြားရောရှိသေးလား.. သူမက မင်းပြောတဲ့ ဒုတိယအမျိုးအစားထဲက လို့ထင်တယ်ပေါ့”
“သူမက အခုမှဂီတဂိုဏ်းကိုရောက်တာလေ.. ဒါပေမဲ့ ဂိုဏ်းသခင်လုက သူမကို တပည့်အဖြစ်ချက်ချင်းလက်ခံခဲ့တယ်.. သူက ပြီးခဲ့တဲ့နှစ်တွေမှာ မိန်းကလေးတပည့်လက်ခံခဲ့လို့လား”
“လက်မခံဘူးလေ”
“အဲဒါကြောင့် ဂိုဏ်းသခင်လုက သူမကိုလက်ခံတဲ့ အကြောင်းအရင်း လည်း သူ့ဟာနဲ့သူရှိမှာပဲ” ကျားနန်ရှင်း ခွဲခြမ်းစိတ်ဖြာလေသည် “ဒုသခင်လုက သူမနဲ့ ခဏလောက် စကားပြောပြီးတော့ အဆင့်တက်ဖို့ကို ခံစားမိတယ်လို့ ကြားတယ်”
“အဲဒါက အမှန်ဖြစ်မယ့်ပုံပဲ.. အကုန်လုံးလည်း သတင်းတွေပြန့်နေတာ.. ပြောပါဦး သူမက ဘယ်လိုလုပ်လိုက်တယ်ထင်လဲ”
“သူမ ဘယ်လိုလုပ်လိုက်လဲ ငါလည်းမသိဘူး.. မင်းရော ငါရောသိတာက ဂိုဏ်းသခင်လုရဲ့ ကိစ္စပဲ.. နောက်ကွယ်က အကြောင်းအရင်းကိုမသိပေမဲ့ သူ့ စိတ်က ရှုပ်ထွေးနေခဲ့တာကိုတော့ သိတယ်.. သူတို့က သူ့စိတ်ကိုရှင်းဖို့ ကြိုးစား ခဲ့ပေမဲ့ သူကလွှတ်မချနိုင်ဘူး.. အဲဒါကြောင့် ဉာဏ်အလင်းမပွင့်ဘဲ အဆင့်တက် ဖို့ကို ဟန့်တားနေတာပဲ” ကျားနန်ရှင်း ဆက်ပြောလေသည် “ဒီလိုအခြေအနေ မျိုးမှာ သူမတစ်ယောက်ပဲ သူနဲ့စကားပြောပြီး သူက ဉာဏ်အလင်းရသွားတယ်.. ဒါက သူမက အရမ်းကိုသာလွန်တယ်လို့ ပြာနေတာပဲ.. အဲလိုလူမျိုးက ကြောက် တာနဲ့ပဲ တောင်ပေါ်မှာပုန်းနေမယ့်လူမျိုးလား”
“ဟုတ်ပြီ မင်းက ဒီလိုမျိုးခွဲခြမ်းစိတ်ဖြာပြတယ်ဆိုတော့ အဲလိုတော့ မဟုတ်လောက်ဘူး” မုယဲ့ချီ ပြောလေသည် “ဟူး တကယ်ပဲ သူမ ထွက်မလာ ရင် အဲလူတွေက သူမကို ပြဿနာရှာလို့မရတော့ဘူး”
“မင်း သူမကို တွေ့ရင်ချင် တိုက်ရိုက်ပဲသွားရှာလေ” ကျားနန်ရှင်း ပြော လေသည် “မင်းသာ ဒီမှာပဲနေနေရင် ဘယ်လောက်ပဲ သက်ပြင်းချနေနေ တွေ့ရမှာမဟုတ်ဘူး”
“ငါက ဘာလို့သူမကိုတွေ့ချင်ရမှာလဲ ငါက ဒီအတိုင်းပြောတာ”
“ငါက မင်းကို မသိလို့လား”
ကျားနန်ရှင်း၏ အကြည့်သည် သူ့ကို အရှုံးပေးစေသည်။ သူသည် နှုတ်ခမ်းဆူက ပြောလေသည် “ဒါဆိုလည်း သွားကြတာပေါ့”
ကျားနန်ရှင်းသည် သူ၏အတွေးကို သိသဖြင့် ရည်ရွယ်ချက်ကိုလည်း သိ နေလိမ့်မည်။
ကျားနန်ရှင်းသည် ထပြီး လျှောက်ထွက်သွားသည်…
ရှီမာယူယူအကြောင်း သိချင်နေသူမှာ သူတို့နှစ်ယောက်တည်း မဟုတ် ပေ။ လျှို့ဝှက်ဂိုဏ်းထဲမှ လူများအားလုံးသည် သူမအကြောင်းသိချင်ကြသည်။ သို့သော် သူတို့သည် သူမနှင့် အဆက်အစပ်မရှိကြသဖြင့် သူမဆီသွားလည်ရန် အကြောင်းအရင်းမရှိပေ။
ကျားနန်ရှင်းနှင့် မုယဲ့ချီတို့ လာရှာသည်ဟု ကြားသည်နှင့် ရှီမာယူယူ အံ့အားသင့်သွားရသည်။ ပြီးနောက် သူတို့ကို ဝင်လာခိုင်းလိုက်သည်။
“ရှီမာယူယူ ဘာလို့ ဒီမှာပဲချောက်ချပြီး ထွက်မလာတာလဲ.. မင်းထွက် မလာရင် ငါတို့ကြည့်စရာဇာတ်လမ်းမရှိတော့ဘူး” မုယဲ့ချီသည် သူမကို မြင် သည်နှင့် စောဒကတက်လေသည်။
သူ မြို့ငယ်တွင် ကူညီပေးခဲ့သည်မှာ ဇာတ်လမ်းကြည့်ချင်၍ ဖြစ်ကြောင်း ကို ရှီမာယူယူ တွေးမိသည်။ ဒါပေမဲ့ ဘာမှမဖြစ်တာ ဒီလောက်ကြာသွားတော့ သူက ဒီအတွက်နဲ့ လာရှာတာလား။
“အဲတော့ အစီအရင်ဂိုဏ်းက ပါရမီရှင်နှစ်ယောက် ရောက်လာတာပဲ” သူမသည် သူတို့နှစ်ယောက်ကို ခြံဝန်းထဲသို့ခေါ်သွားပြီး လမ်းတစ်လျှောက်တွင် ဧည့်ခန်းနှစ်ခန်းကို ပြောလေသည်။
“ဝူလင်းယူရဲ့ရှေ့မှာ ‘ပါရမီရှင်’ ဆိုပြီး နာမည်မတပ်ရဲပါဘူး” ကျားနန်ရှင်း ပြောလေသည်။ သူသည် ခြံဝန်း၏ အဆောင်ငယ်အတွင်းတွင် လက်ဖက်ရည် ပန်းကန်အစုံလိုက်ကိုမြင်သောအခါ မေးလေသည် “မင်း လက်ဖက်ရည် သောက်နေတာလား”
“ဟုတ်တယ် ဒီကလေးတွေနဲ့ ကျင့်ကြံရေးကိစ္စတွေပြောနေတော့ ရေဆာ လာလို့”
“ဒါဆို ငါတို့လည်း ခြံဝန်းထဲမှာပဲထိုင်ကြမလား” သူသည် ပြောပြီးသည် နှင့် ထိုဘက်သို့ လျှောက်သွားလေသည်။
ရှီမာယူယူသည် မတတ်သာတော့ဘဲ သူတို့နှစ်ယောက်ကို အဆောင်ငယ် ဆီသို့ ခေါ်သွားလိုက်ရသည်။ သူမသည် အစောက လက်ဖက်ရည်ကိုသိမ်းပြီး သူတို့အတွက် အသစ်နှပ်ပေးလိုက်သည်။
မုယဲ့ချီသည် သူမ လက်ဖက်ရည်နှပ်နေပုံကို ကြည့်ပြီးမေးလိုက်သည် “မင်းမှာ အစေခံတို့ဘာတို့မရှိဘူးလား”
“မရှိဘူး.. ကျွန်မနဲ့ ကလေးသုံးယောက်ပဲ” ရှီမာယူယူ ပြောလိုက်သည်။
“ကလေးသုံးယောက်နဲ့.. သူတို့က မင်းကိုဂရုစိုက်တာမဟုတ်ဘဲ မင်းက သူတို့ကို စောင့်ရှောက်နေရတာပဲ” မုယဲ့ချီသည် သူမကဲ့သို့လူမျိုးကို မမြင်ဖူးပေ။ ပုံမှန်ဆိုလျှင် လူများသည် အစေခံများခေါ်လာသည် သို့မဟုတ် တစ်ယောက် တည်းလာခြင်းဖြစ်သည်။ ဒါပေမဲ့ ကလေးသုံးယောက် ခေါ်လာတယ်ဟုတ် လား။ သူမက ပထမဆုံးပဲ “ဒါပေမဲ့ လက်ဖက်ရည်ကတော့ မဆိုးပါဘူး”
“ကျွန်မမှာ အစေခံရှိရင် ရှင် ဒီလက်ဖက်ရည်ကို သောက်ရမှာတောင် မဟုတ်ဘူး” ရှီမာယူယူ ပြောလိုက်သည် “ဒီနေ့ရှင်တို့ နှစ်ယောက်လာတာက ဒီအကြောင်းမေးဖို့လား”
“ဟုတ်တယ်.. မင်းထွက်မလာရင် ဘယ်သူမှ မင်းကိုလာမရှာရဲဘူးလေ မဟုတ်ရင် ပြဿနာလာရှာတဲ့သူက သေလမ်းရှာတာပဲလေ” မုယဲ့ချီ ပြောလေ သည် “မင်း ဒီကိုရောက်နေတာ ၂ လကျော်နေပြီ.. လျှို့ဝှက်ဂိုဏ်းအကြောင်းကို လုံးဝမသိချင်ဘူးလား”
“နည်းနည်းပါ”
“ဒါဆိုလည်း ဘာလို့အပြင်ထွက်မကြည့်တာလဲ”
“မလောပါနဲ့ အချိန်ရှိရင်တော့ သွားမှာပေါ့”
“မင်းက မင်းဆရာ တရားကျင့်တာ ထွက်လာမှာကိုစောင့်နေတာလား.. မင်းရဲ့ဆရာ အဆင့်တက်ပြီးထွက်လာရင်တောင် မင်းကိစ္စကို ဂရုစိုက်မှာမဟုတ် ဘူး”
“အဲဒါကြောင့်မဟုတ်ပါဘူး ကျွန်မက ဒီကိုလာပြီးလေ့လာတာဆိုတော့ အရင်ဆုံး လေ့လာရမယ်လေ.. ပညာသင်ဖို့ငြီးငွေ့လာရင် ထွက်မှာပေါ့.. ဒါက အလုပ်နဲ့အနားယူတာကို ဟန်ချက်ညီအောင်လုပ်တယ်လို့ ခေါ်တယ်”
“မင်းက ၂ လကျော်အောင် လေ့လာပြီးပြီလေ မငြီးငွေ့သေးဘူးလား”
“ကျွန်မက အခုမှစတာလေ အဲဒါကြောင့် အရမ်းစိတ်ဝင်စားနေတာ”
တကယ်တော့ ထိုအရာများအားလုံးသည် ဆင်ခြေဖြစ်သည်ကို ရှီမာယူယူ သိသည်။ သူမသည် အပြင်မထွက်ချင်ရုံသာဖြစ်သည်။ သူမသည် ရောက်လာ မည့် ပြဿနာကို ကြောက်နေခြင်းမဟုတ်ဘဲ အခုမဖြေရှင်းလိုခြင်းဖြစ်သည်။ ထိုအရာသည် သူမအချိန်များကို ဖြုန်းတီးနေခြင်းဖြစ်သည်။ သူမတွင် ရွေးချယ် စရာမရှိသဖြင့် မထွက်ရန်ဆုံးဖြတ်ထားခြင်းဖြစ်သည်။
“မင်းက ဒီလောက်ငယ်ငယ်လေးနဲ့ စိတ်ကကျ အဘွားကြီးတွေလိုပဲ”
ရှီမာယူယူသည် ဘာမှမပြောဘဲ ပြုံးနေလိုက်သည်။ ထိုအရာများသည် သူမ ရှင်းမပြနိုင်သည့်အရာများဖြစ်သည်။
ထိုအခိုက်တွင် လေထဲမှ ဝိညာဉ်စွမ်းအားသည် ရုတ်တရက် အတက်အကျ ရှိလာသည်။ ထို့နောက် လုယန်၏ခြံဝန်းဆီသို့ သွားကာ သူရှိနေသည့် အိမ်ထဲသို့ ဝဲဂယက်တစ်ခုဝင်သွားလေသည်။
***