← Chapters

အဆင့်တက်ခြင်း

Vol. 144 Ch. 2015

အဆင့်တက်ခြင်း

Vol. 144 Ch. 2015

ထိုနေရာတွင် လှုပ်ခတ်မှုကြီးမားသဖြင့် လျှို့ဝှက်ဂိုဏ်းတစ်ခုလုံးသည် လှုပ်လှုပ်ရှားရှားဖြစ်သွားကြသည်။

“နှစ်တွေ ဒီလောက်အများကြီးကြာပြီးမှ နောက်ဆုံးတော့ သူ အဆင့် တက်သွားပြီပဲ” အဘိုးကြီးတစ်ယောက်သည် စားပွဲပေါ်မှ ကျားစေ့များကို ခွဲခြမ်းစိတ်ဖြာရင်း ပြောလေသည်။ သူသည် ခေါင်းမော့ပြီး ထိုတောင်ထိပ်ကို ကြည့်လိုက်သည်။ ထိုလူသည် မြို့ငယ်ထဲမှ တည်းခိုဆောင်၏ ပိုင်ရှင်ဖြစ်၏။

“သူခေါ်လာတဲ့ တပည့်အသစ်က သူ့စိတ်ကိုရှင်းပေးလိုက်တယ်လို့ ကြား တယ် ဟုတ်လား” နင်းထျန်ရာ မေးလေသည်။

“ဟုတ်တယ် အဲဒါက ကောင်မလေးပဲ.. သူမက ထက်သန်တဲ့ကလေးပဲ” ဆိုင်တာဝန်ခံ ပြောလေသည် “အဲဒီမတော်တဆမှုတုန်းက သူမကို ကူညီလိုက် ရင်အကောင်းသားလို့တောင် တွေးမိလိုက်သေးတယ်.. သူမက သူ့ကို အဆင့် တက်အောင် ကူညီပေးလိမ့်မယ်လို့ ထင်မထားဘူး”

“ဆိုလိုတာက မင်းက သူမကိုမြင်ဖူးတယ်ပေါ့”

“ဟုတ်တယ် သူမက ကျွန်တော်တို့ဆိုင်မှာ ရက်ပိုင်းလောက် နေသွား သေးတယ်” ဆိုင်တာဝန်ခံပြောလေသည်။

“မင်းတောင် ချီးကျူးတဲ့မိန်းကလေးဆိုတာ့ ငါလည်း တွေ့ရမယ့်ပုံပဲ” ကျားထျန်ရာသည် ရှီမာယူယူကို စတင်စိတ်ဝင်စားလာသည်။

“ခင်ဗျားက ဘာလုပ်မလို့လဲ.. ကလေးကို အကြောင်းအရင်းမရှိဘဲ လန့် အောင်လုပ်နေတယ်” ဆိုင်တာဝန်ခံသည် ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။

“သူမကို ဒီကိုဖိတ်မှာမဟုတ်ပါဘူး” နင်းထျန်ရာ ပြောလေသည် “ငါ သူမ ကိုအပြင်တစ်နေရာမှာ တွေ့မှာပါ မရဘူးလား”

“ရတယ်လေ ဒါဆို သန့်ရှင်းရေးလုပ်တဲ့ အဘိုးကြီးလိုဟန်ဆောင်ရမယ် အဲဒါမှ သူမကို မလန့်စေမှာ” ဆိုင်တာဝန်ခံသည် သူ့ကို စနောက်လေသည်။

“ဒါက.. လည်းမဖြစ်သေးဘူး”

“ခင်ဗျားက ပျင်းနေတာပဲ”

“မင်းလည်းအတူတူပဲလား.. ဘာလို့ တခြားဆိုင်တာဝန်ခံတွေလို ပြေးလွှားမနေတာလဲ”

“ကျွန်တော်တို့က အတူတူတွေပဲလေ.. အဲဒီတော့ တစ်ယောက်နဲ့ တစ် ယောက် မပြောသင့်ဘူး”

နင်းထျန်ရာသည် တောင်ထိပ်ကို ထပ်မံကြည့်လေသည် “သူ အောင်မြင် သွားပြီထင်တယ်”

“… စစ်သူကြီး”

ရှီမာယူယူသည် လှုပ်ခတ်နေသည်များကိုကြည့်ပြီး နှုတ်ခမ်းထောင့်မှာ ပင့်တက်သွားသည်။

သူ အဆင့်တက်သွားလိမ့်မည်ဟု သူမ ထင်မထားပေ။

“ကျွန်မ လုပ်စရာလေးတွေရှိလို့ပါ ရှင်တို့နှစ်ယောက်ကို ဧည့်မခံနိုင်တော့ ဘူးထင်တယ်”

သူတို့သည် အစကတည်းက တိကျသည့်အကြောင်းအရင်းကြောင့် လာ ခြင်းမဟုတ်ပေ။ အခြေအနေကို အကဲခတ်ကြည့်ရာ လုယန်သည် အဆင့်တက် သွားသည်ကို သိသွားကြသဖြင့် သွားလိုက်သည်က ပိုကောင်းလိမ့်မည်။ သူတို့ သည် နှုတ်ဆက်စကားပြောပြီးသည်နှင့် ထွက်လာခဲ့လိုက်ကြသည်။

ရှီမာယူယူသည် လုယန်၏ ခြံဝန်းဆီသို့ သွားလေသည်။ ဂိုဏ်းထဲမှ အရေးအကြီးဆုံးလူများအားလုံး ရောက်နေပြီဖြစ်သည်။ သူမကို မြင်သည်နှင့် အားလုံးသည် နှုတ်ဆက်ကြလေသည်။

သူမသည် လုယန်အဆင့်တက်အောင် ကူညီပေးခြင်းမဟုတ်သော်လည်း သူမသည် လုယန်၏ တပည့်ဖြစ်သောကြောင့် အများစုထက် သူမ၏ ရာထူး သည် မြင့်သည်။

သူမသည် ဖူကျင်း၏ဘေးသို့လာပြီး မေးလိုက်သည် “ဆရာဦးလေး ဆရာ့ ရဲ့လက်ရှိအခြေအနေအရဆိုရင် သူအောင်မြင်သွားတာလား”

“အခုအခြေအနေကို ကြည့်ရတာတော့ အောင်မြင်ပြီးနေပြီ” ဖူကျင်း ပြော လေသည် “သူ့ခန္ဓာကိုယ်ထဲမှာ ဝိညာဉ်စွမ်းအင်က လုံလောက်နေပြီ တကယ် တော့ လုံလောက်ထက်တောင် ပိုတယ်.. သူ့စိတ်ထဲက အရှုပ်အထွေးကြောင့် သာ အဆင့်မတက်နိုင်တာ၊ အရင်ကစုလာတဲ့ စွမ်းအင်တွေက အဲဒီအဆင့် အတားအဆီးကို တိုက်ခိုက်ဖို့ အားအင်ပေးနေတာပဲ… အဲဒီသူ့ခန္ဓာကိုယ်ထဲက ဝိညာဉ်စွမ်းအင် ဝဲဂယက်က  အဆင့်တက်လောက်အောင်ထိ စွမ်းအားပြည့်ပြီး သားပဲ”

“သူအောင်မြင်တယ်ဆိုတော့ ကောင်းတာပေါ့”

“ဒါပေမဲ့ အောင်မြင်ပြီးသားဆိုတာကိုတော့ အတည်ပြုလို့မရသေးဘူး.. ဒီ အဆင့်ကိုရောက်ပြီးမှ ပြန်ကျသွားတဲ့လူတွေလည်း အများကြီးပဲ.. သူ လိုနေ တာက…” သူ့စကားလုံးများသည် ကျိန်စာတိုက်နေသလိုမျိုး ဖူကျင်း ခံစားမိ လေသည်။ သူသည် အခြေအနေမဆိုးခင် စကားကိုရပ်လိုက်သည်။

အရင်အားကောင်းသော စွမ်းအားသည် စတင်လှုပ်ခါလာသည်။ ဝဲဂယက် များသည် စတင်နစ်မြှုပ်ပြီး ပျောက်ကွယ်သွားတော့မည့် အရိပ်အယောင်ပြလေ သည်။

“ဆရာဦးလေး ဘာဖြစ်တာလဲ” ရှီမာယူယူ မေးလေသည်။

“သခင်က အဆင့်တက်ဖို့ စွမ်းအားအများကြီးလိုတယ်.. အဲဒီက ဝိညာဉ် စွမ်းအားက အားမဖြည့်နိုင်ဘူးဖြစ်နေတာ.. အဲဒါကြောင့် မလောက်တော့ဘူး” ဖူကျင်း အော်လေသည်။

ဝိညာဉ်စွမ်းအင်မှမလိုက်နိုင်ပါက မည်သို့ဖြစ်လာနိုင်သည်ကို ရှီမာယူယူ နားလည်သည်။ လုယန်စုပ်ယူလိုက်သော စွမ်းအင်မှာ လုံလောက်အောင် အား မဖြည့်နိုင်လျှင် အဆင့်တက်အောင် ကြိုးစားမှုသည် ကျရှုံးမည်ဖြစ်သည်။

“ခုနက သူစုပ်ယူလိုက်တဲ့ စွမ်းအင်ပမာဏက အဆင့်တက်ဖို့ လုံလောက် တယ်.. အဲဒါကိုဘာလို့ ဝိညာဉ်စွမ်းအင်က မလောက်ငှဘဲဖြစ်နေတာလဲ” လူ တစ်ယောက်မှ အော်လေသည်။

“အများကြီးမစဉ်းစားခဲ့ဦး မြန်မြန် သခင် စွမ်းအားပြန်ဖြည့်ဖို့ နည်းလမ်း စဉ်းစားဦး” ဖူကျင်း အော်လိုက်သည် “အဲဒီကို ဝိညာဉ်စွမ်းအင်ပို့ပေးနိုင်ရင် ကောင်းမယ်”

ရှီမာယူယူသည် ပိုပိုသေးလာသော ဝဲဂယက်ကို ကြည့်လိုက်သည်။ သူမ သည် နှစ်စက္ကန့်မျှ တွေဝေပြီးနောက် တစ်ချက်ခုန်ကာ ခေါင်မိုးထိပ်သို့ တက် လိုက်ရာ ထိုနေရာသည် ဝဲဂယက်၏ အလယ်ဗဟိုသို့ ကျသွားလေသည်။

“သူမက ဘာလို့အဲဒီကိုသွားတာလဲ.. အဲဒီကိုသွားရင် ဝိညာဉ်စွမ်းအင်ကို ဆွဲယူနိုင်မယ်လို့ ထင်နေတာလား” လျိုရွှီ လှောင်ရယ်လေသည်။

ထိုအချိန်တွင် ရှီမာယူယူ ဘာကြောင့် ပျံသွားသည်ကို မည်သူမှမသိကြ ပေ။ ပတ်ပတ်လည်မှ ဝိညာဉ်စွမ်းအင်များ ထိုနေရာတွင် မြန်ဆန်စွာစုဝေးလာ သော်လည်း အသုံးဝင်အောင် မလုပ်နိုင်ပေ။

“သူမ ဘာကြည့်နေတာလဲ”

“သူမ အပေါ်ရောက်တာနဲ့ သခင်အဆင့်တက်တာကို သက်ရောက်မယ် ထင်နေလား.. သူမကို ဆွဲချရမလာ”

“သေစမ်း.. သခင်အဆင့်တက်တာကို သူမကနှောင့်ယှက်နိုင်မှာတဲ့လား၊ အခုအခြေအနေက အရေးကြီးတဲ့အခြေအနေဖြစ်နေတာ.. သူမ လိုက်နောက် နေရမယ့်အချိန်မဟုတ်ဘူး” မိုဝေ့သည် အေးစက်စွာ ပြောလေသည်။

“စောင့်ဦး” ဖူကျင်းသည် သူမကို ဆွဲချရန်ပြင်နေသည့် လျိုရွှီကို ခေါ်လိုက် သည် “သူမ တစ်ခုခုလုပ်နေတယ်”

သူတို့သည် ရှီမာယူယူ အစီအရင်ကျောက်တုံးထုတ်နေပြီး အိမ် ပတ်ပတ် လည်ကို ပစ်နေသည်ကို မြင်နေရသည်။ သူမ တည်ဆောက်မှုစီရင်နေသည်ကို အားလုံး ပြောနိုင်ကြသည်။

မိုဝေ့သည် ဖူကျင်းဘက်သို့လှည့်ပြီး အော်လေသည် “အကြီးအကဲကြီး ဘာလုပ်နေတာလဲ.. သူမက လျှောက်လုပ်နေတာ.. သူမကို ဒီအတိုင်းလွှတ် ထားတော့မှာလား”

“သူမ ထိပ်မှာရှိနေတာနဲ့ ဝိညာဉ်စွမ်းအင်ကို ဘာသက်ရောက်မှုမှရှိမှာ မဟုတ်ဘူး.. အဲတော့ သူမဘာလုပ်မလဲဆိုတာကို ဘာလို့မကြည့်ရမှာလဲ” ဖူကျင်း ပြောလိုက်သည် “မဟုတ်ရင် သခင် ဝိညာဉ်စွမ်းအင်ဆွဲယူတာကို ကူညီ ဖို့ မင်းမှာနည်းလမ်းရှိတယ်လို့ ပြောမလို့လား”

“ကျွန်မ…” မိုဝေ့သည် ပြောစရာစကားမဲ့သွားသည်။ ဒီလိုအခြေအနေမှာ သူမ ဘယ်လိုလုပ် တတ်နိုင်မှာလဲ။ ဝိညာဉ်စွမ်းအင်များသည် သူမ၏ ဂီတသံ ကြောင့် စုဝေးလာခြင်းမဟုတ်ပေ။

“ဘာအကြံမှမရှိရင်လည်း သူမကို မျှော်လင့်ထားရုံပဲရှိတယ်” ဖူကျင်း သည် ရှီမာယူယူကို ကြည့်ပြီး သူမတွင် အဖြေရှိရန် မျှော်လင့်ထားသည်။

ဖူကျင်း ထိုသို့ ပြောလာသဖြင့် မိုဝေ့တွင် ရွေးချယ်စရာမရှိတော့ပေ။ ရှီမာယူယူ ထိုနေရာတွင် ရပ်နေခြင်းသည် သက်ရောက်မှုမရှိစေသည်မှာတော့ အမှန်ဖြစ်သည်။ ထို့ကြောင့် သူမ လွှတ်ထားလိုက်သည်။

ဝိညာဉ်စွမ်းအင်စုစည်း တည်ဆောက်မှု.. သူမသည် ဤအစီအရင်ကို အကြိမ်ပေါင်းများစွာလုပ်ဖူးသည်။ လျောင်ပြည်နယ်တွင်ရှိစဉ်က သူမသည် စီရင်ရန် ရုန်းကန်ခဲ့ရသည်။ ယခု အစီအရင်အကြောင်းကို ကျွမ်းကျင်စွာသိနေပြီ ဖြစ်သဖြင့် အမြန်ပင် ပြီးစီးလေသည်။

မကြာမီတွင် သူမသည် ဝိညာဉ်စုပုတီးစေ့ထုတ်ပြီး အစီအရင်အလယ်သို့ ထည့်လိုက်သည်။ ဝိညာဉ်စုပုတီးစေ့ နေရာတွင်ကျသွားသည်နှင့် အစီအရင် တစ်ခုလုံး သက်ဝင်လှုပ်ရှားလာသည်။ ပတ်ပတ်လည်မှ ဝိညာဉ်စွမ်းအင်များ ထိုနေရာသို့ စုလာသည်ကို ထိုနေရာမှလူများ ခံစားမိကြသည်။ ဝဲဂယက်သည် စတင်ကြီးမားလာသည်။

“ဝိညာဉ်စုအစီအရင်ပဲ” ခြံဝန်းအပြင်မှ အော်သံထွက်လာပြီး လူနှစ် ယောက်သည် လေဟာပြင်ထဲမှ ထွက်လာသည်။

“ဂိုဏ်းသခင်ဟူ ဒီကိုဘာလို့လာတာလဲ” မိုဝေ့သည် သူတို့ကို နှုတ်ဆက် လေသည်။

သူမသည် သူတို့နှစ်ယောက်လုံးကိုသိသည်။ တစ်ယောက်မှာ အစီအရင် ဂိုဏ်းသခင်ဟူဟူဖြစ်ပြီး ကျန်တစ်ယောက်မှာ ဝိညာဉ်ရှာဖွေဂိုဏ်း၏ ဂိုဏ်းသခင် ကျို့နီလဲ့ဖြစ်သည်။

“သူ အဆင့်တက်တာ ဝိညာဉ်စွမ်းအင်မလောက်နေတာကို ငါတို့ခံစားမိ လို့တစ်ခုခု ကူညီနိုင်တာရှိမလားလို့ လာကြည့်တာ.. ဒါပေမဲ့ ကြည့်ရတာ ငါတို့ ကိုမလိုဘူးထင်တယ်” ဟူဟူ ပြောလေသည်။

“နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်”

“အဲလိုမျိုး ပြီးပြည့်စုံတဲ့ ဝိညာဉ်စုအစီအရင်ကို အဲလိုကလေးမလေးက လုပ်လိမ့်မယ်လို့ ထင်မထားဘူး.. သူမလုပ်တဲ့ အရှိန်ကလည်း အရမ်းမြန်တယ် အစီအရင်ကငြိမ်တယ်.. ပြီးတော့ သူမရဲ့အစီအရင်အရည်အချင်းကလည်း ဖေးယိပြောတာနဲ့ တူတယ်.. သူမရဲ့ အခြေခံက တကယ်ကောင်းတာပဲ”

“ဘာလဲ.. ခင်ဗျားတို့က ကျုပ်တို့လူကို လုဖို့ကြိုးစားနေတာလား” ဖူကျင်းသည် ထိုလူများ၏ အကြည့်မမှန်သည်ကို မပျော်ပေ။

“ဂီတဂိုဏ်းကို ဝင်ထားတဲ့သူက အစီအရင်ဂိုဏ်းကို မဝင်ရဘူးဆိုတဲ့ စည်းမျဉ်းမှမရှိတာ” ဟူဟူသည် ထိုသို့ပြောသည်မှာ ရည်ရွယ်ချက်ရှိရှိ ပြော လိုက်ခြင်းပင်။

ရှီမာယူယူ အစီအရင်တည်ဆောက်ပြီးနောက် လေထဲတွင်ရပ်လိုက်၏။ ထိုနေရာတွင် ဝိညာဉ်စွမ်းအားများ ထပ်ရှိသော်လည်း မလုံလောက်သေးပေ။

ဤအခြေအနေသို့ ရောက်ပြီးမှ ကျရှုံးသွားလျှင် ထိုအတွေးများသည် အလဟဿဖြစ်သွားမည်ပင်။ ဂိုဏ်းသည် တပည့်များအကြားမှ ရန်ပွဲများကို စိတ်မဝင်စားသော်လည်း အလွန်တော်သည့် သခင်တစ်ယောက်ရှိထားခြင်း သည် အနာဂတ်တွင် သူမဘဝကို အေးချမ်းသွားစေမည်။ ထိုအကြောင်းအား တွေးမိသည်နှင့် သူမသည် မဖွင့်ရသေးသည် သတ္တုရိုင်းထုတ်လိုက်သည်။

***

All Chapters