ငါတို့ဆီလာဝင်ပါ
Vol. 144 Ch. 2016
“သတ္တုရိုင်းလား ယူယူက ဘာလုပ်ချင်တာလဲ”
“သူ ဘာလုပ်လုပ် သခင့်ကိုကူညီပေးနိုင်မယ်လို့ ယုံတယ်” ဖူကျင်းသည် ရှီမာယူယူကို ယုံကြည်ထားကာ မည်သည့်ပြဿနာမှ မဖြစ်စေမည်ကိုသိသည်။
နီလဲ့သည် သူမ၏ သတ္တုရိုင်းကို စွေစောင်းကြည့်လေသည်။ သူ၏ ပါးနပ် သော တုံ့ပြန်ချက်ကိုမြင်သောအခါ မေးလေသည် “အဲဒါက ရှားလို့လား”
“သတ္တုရိုင်းရဲ့ ပုံစံကိုကြည့်ရတာတော့ ရှေးဟောင်းသတ္တုတွင်းကလာ တာပဲ.. အထဲမှာ ဘာရှိလဲဆိုတာသိဖို့ဆို အနီးကပ်ကြည့်ရမယ်၊ သူမ…” ရှီမာယူယူ၏ ရုတ်တရက်လှုပ်ရှားမှုကြောင့် သူ ထိတ်လန့်သွားကာ ဆဲမိတော့ မလိုဖြစ်သွားသည်။
သတ္တုရိုင်းကို ဘယ်သူကများ သူမလိုဖွင့်လို့လဲ။ သူမသည် မည်သည့် အကူကိရိယာမှမပါဘဲ ဝိညာဉ်စွမ်းအင်သုံးကာ ဖွင့်လိုက်သည်။ အဲဒါကို အမှိုက် ဖြစ်အောင် လုပ်နေတာမဟုတ်ဘူးလား။ ဝိညာဉ်ရှာဖွေသူသခင်တွေသာ တွေ့ ရင် ရူးသွားမှာပဲ။
ရှီမာယူယူသည် သတ္တုရိုင်း၏ အခွံကိုလွှင့်ပစ်လိုက်ပြီး ပြီးပြည့်စုံနေသော ဝိညာဉ်ကျောက် ပေါ်လာရာ နီလဲ့၏ဒေါသမှာ ပျောက်ကွယ်သွားလေသည်။
“ဝါး သူမက သတ္တုကျေက်ကို အဲလိုမျိုးဖွင့်လိုက်တာပဲ”
“သတ္တုရိုင်းကို အဲလိုမျိုးဖွင့်တဲ့သူကို ပထမဆုံးမြင်ဖူးတာပဲ မိုက်လိုက်တာ”
ဂီတဂိုဏ်းမှလူများသည် ရှီမာယူယူ ထူးချွန်သည်ကို အကြိမ်ပေါင်းများစွာ မြင်ခဲ့ရသည်။ သူမ၏ ကျွမ်းကျင်သော အသံတိုက်ခိုက်မှု အပြင် အစီအရင်နှင့် ဝိညာဉ်ရှာဖွေသည့်အရည်အချင်းမှာလည်း တခြားသူများကို လေးစားစေသည်။
“အခုချိန်မှာ ဝိညာဉ်ကျောက်ကို ဖွင့်ပြီးဘာလုပ်မှာလဲ.. သူမက ကြွားလုံး ထုတ်ချင်နေတာမဟုတ်ဘူးလား” လျိုရွှီ၏အသံသည် မကျယ်သလို နူးညံ့ခြင်း မရှိဘဲ သူ့ဘာသာသူ ပြောသလိုဖြစ်နေသည်။ သို့သော် အားလုံးကြားလိုက်ကြ သည်။
ဝိညာဉ်ရှာဖွေသူဂိုဏ်း၏ ဂိုဏ်းသခင်သည် ဤနေရာသို့ ရောက်နေသည်။ သူမသာ သူ၏ခွင့်ပြုချက်ရလျှင် ထိုနေရာတွင်လည်း ပညာသင်နိုင်မည်။
ထို့ကြောင့် လျိုရွှီ ပြောလိုက်ခြင်းဖြစ်သည်။ သူမသည် တခြားသူများကို ထိုအတိုင်းတွေးစေချင်ခြင်းဖြစ်သည်။
သို့သော် ယခုလိုအချိန်တွင် သူမ ဘာကြောင့် ထိုသို့ပြုမူသည်ကို သိချင်ကြသော်လည်း မည်သူမှ ထိုအတိုင်းမတွေးပေ။
နီလဲ့တစ်ယောက်သာ သိသည်။
ရှီမာယူယူသည် ဝိညာဉ်ကျောက်ကို အစီအရင်ဝဲဂယက်အလယ်သို့ ပစ်လိုက်ရာ အဆုံးမရှိသော ဝိညာဉ်စွမ်းအင်များသည် ဝိညာဉ်ကျောက်မှထွက် လာပြီး လေထဲမှ ဝိညာဉ်စွမ်းအင်များနှင့် ရောစပ်ကာ လုယန်ကို စုပ်ယူစေ သည်။
ဝိညာဉ်ကျောက်တုံးသည် လက်သီးနှစ်ဆုပ်စာအရွယ်အစားသာရှိသော် လည်း အဆုံးမရှိသည့် ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နေသည်။
“ဒီဝိညာဉ်ကျောက်က…” ပြောရန်မလိုအောင်ပင် တန်ဖိုးဖြတ်မရပေ။
ရှီမာယူယူသည် လေထဲမှ ပျံဆင်းလိုက်သည်။ သူမတွင် ဝိညာဉ်စု အစီအရင်နှင့် ထိုဝိညာဉ်ကျောက်ရှိသည်ကပင် ပြည့်စုံနေပုံပင်။
“အဲဒီသတ္တုရိုင်းကျောက်ထဲမှာ ဘာရှိလဲသိလား” နီလဲ့သည် သူမကို မေး လေသည်။
သူသည် ဤတစ်ခါမှရောက်လာသူဖြစ်သဖြင့် မည်သူမည်ဝါဖြစ်သည်ကို ရှီမာယူယူမသိပေ။ သူသည် နီးစပ်သူ တစ်စုံတစ်ယောက်ဖြစ်လိမ့်မည်။
“သိပါတယ်.. ကျွန်မက ဒီသတ္တုရိုင်းကို လေ့လာနေတာကြာပါပြီ” သူမ ပြန်ဖြေလေသည်။
“မင်း အဲလိုဖွင့်လိုက်ရင် အဲဒီသတ္တုကျောက်တုံးကို ပျက်စီးသွားစေနိုင် တာ သိလား.. မင်းက ဝိညာဉ်ရှာဖွေသူတစ်ယောက်အနေနဲ့ ဝိညာဉ်ကျောက် တုံးကို ဒီလိုမျိုးလုပ်တာ အားမနာဘူးလား”
“ပျက်စီးသွားနိုင်တာကိုသိပါတယ်.. ဒါပေမဲ့ အဲဒါကကောင်းကောင်းပွင့် သွားလို့ ကျွန်မလည်းအံ့ဩနေတာပါ” ရှီမာယူယူသည်လည်း ထိုရလဒ်ကို အံ့ဩမိသည်။ “နည်းနည်း ပျက်စီးမယ်လို့ တွေးမိပါသေးတယ်.. ဒါပေမဲ့ အဲလိုဆိုရင်တောင် ဝိညာဉ်စွမ်းအင်က ဝိညာဉ်စုအစီအရင်ထဲမှာစုမှာပဲ ထွက် လာမှာမဟုတ်ဘူး”
ထို့ကြောင့် ထိုအရာသည် သူမ၏ အစီအစဉ်ဖြစ်သည်။ သူမသည် အမှန် တကယ်ပင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလှသည်ဟု သူတို့ ထင်မိကြသည်။
ရှီမာယူယူ၏ အကူအညီနှင့် လုယန်သည် အောင်မြင်စွာအဆင့်တက်ကာ နှစ်ရက်ကြာပြီးနောက် ထွက်လာနိုင်လေသည်။
“သခင် အဆင့်တက်တာကို ဂုဏ်ပြုပါတယ်” ဂီတဂိုဏ်း၏ အဖွဲ့ဝင်များ သည် အပြင်တွင် ဆက်တိုက်စောင့်ကြည့်နေပြီး သူထွက်လာသည်နှင့် ဂုဏ်ပြု စကားဆိုကြသည်။
လုယန်သည် သူတို့ကိုခေါင်းညိတ်ပြပြီး ရှီမာယူယူဆီသို့ အကြည့်လွှဲကြ လေသည်။
ရှီမာယူယူသည် သူ့ကိုပြုံးပြလေသည် “ဂုဏ်ပြုပါတယ် သခင်”
“ကျေးဇူးတင်ပါတယ်”
သူသည် သူ့ပြဿနာကိုရှင်းပေးသည့်အတွက်နှင့် မသိလိုက်ခင်မှာပင် ထိုအရာများကို ပြုလုပ်ပေးသည့်အတွက် သူမကို ကျေးဇူးတင်သည်။
သူအဆင့်တက်ချိန်က ဝိညာဉ်စွမ်းအင် မလုံလောက်သည်ကို ခံစားမိ သည်။ အဆင့်တက်မှု ကျရှုံးတော့မည်ဟု တွေးလိုက်ချိန်တွင် အပြင်ဘက်မှ တစ်စုံတစ်ခုကို ခံစားမိပြီး ရှီမာယူယူသည် သူ့အတွက် တစ်စုံတစ်ရာလုပ်ပေး နေသည်ကို သိလိုက်ရသည်။ သူမ သူ့အတွက် စုပ်ယူပေးသည့် ဝိညာဉ် စွမ်းအင်ကြောင့် အောင်မြင်စွာ အဆင့်တက်နိုင်ခြင်းဖြစ်သည်။
ထို့ကြောင့် သူသည် သူမကို အလွန်ကျေးဇူးတင်မိသည်။ ထိုအရာသည် စကားနှင့်ပင် ဖော်မပြနိုင်သည့်အရာဖြစ်သည်။
“နောက်မှပဲ မင်းနဲ့ ပြောတော့မယ်” လုယန်သည် သူမကို ပြောလေ သည်။
ဆိုလိုသည်မှာ သူသည် သူမနှင့် နှစ်ဦးတည်းစကားပြောရန်ရှိသည်။
ရှီမာယူယူသည် ခေါင်းညိတ်ပြီး သူ့အနောက်တွင် ရပ်ပြီး တခြားသူများ ဂုဏ်ပြုစကားဆိုသည်ကို ကြည့်နေလိုက်သည်။
ဂီတဂိုဏ်းသည် အောင်ပွဲခံကြကာ တခြားဂိုဏ်းများသည်လည်း လက်ဆောင်များပေးပို့ကြသည်။ ဂီတဂိုဏ်း အောင်ပွဲခံပြီးနောက် နှစ်ရက်မှာ တိတ်ဆိတ်နေသည်။
လုယန်သည် ရှီမာယူယူနှင့် စကားပြောချင်သည်။ သို့သော် စကားပြော မည်ပြုသည်နှင့် သခင်များ ရောက်လာပြီး သူ့ကိုရှာကြသည်။ သူ ထွက် မသွားခင်တွင် ယူယူ့ကို အစီအရင်ဂိုဏ်းနှင့် ဝိညာဉ်ရှာဖွေဂိုဏ်းတို့၏ သခင် များသည် ဖိတ်ကြားကြောင်းကို ပြောခဲ့သည်။
လုယန်သည် နင်းထန်ရာရှိသည့်နေရာသို့ သွားလိုက်သည်။ သူမသည် ခြံဝန်းသို့ပြန်ရောက်သောအခါ စောင့်နေသည့် ဝူလင်းယူကို တွေ့လိုက်ရသည်။
“အဲဒီမှာဘာလုပ်နေတာလဲ” သူမသည် ပြုံးပြီး ခုန်ပေါက်သွားလိုက် သည်။
“အမိန့်အရလာတာပါ” ဝူလင်ယူသည် သူမ၏ ပါးပြင်ကိုဆိတ်လိုက်သည် “မင်းက ဒီလောက် ပြဿနာအကြီးကြီးရှာပြီးတော့ ဂိုဏ်းသခင်တွေရဲ့ အာရုံကို အောင်မြင်စွာဆွဲဆောင်လိုက်တော့ စကားပြောချင်နေကြတာ”
“ကျွန်မလည်း အဲလိုမလုပ်ချင်ပါဘူး ဒီလိုဖြစ်သွားမယ်လို့ ဘယ်သူသိမှာ လဲ” ရှီမာယူယူ ပြုံးလိုက်သည် “ဆရာသာ အဆင့်တက်ရင် ကျွန်မဒိုင်းကာက ပိုပြီးအောင် အားကောင်းလာလိမ့်မယ်”
“ဂိုဏ်းဆရာနီက မင်းဆွဲဆောင်တာခံလိုက်ရပြီလေ.. အဲဒါကြောင့် သူက မင်းကိုဖိတ်ချင်နေတာ.. ဒီကိုလာကြတဲ့သူတွေကိုတော့ ကိုယ်မောင်းထုတ် လိုက်ပြီ” ဝူလင်းယူ ပြောလေသည်။
“သူတို့တွေ ဘယ်လိုတုံ့ပြန်ကြလဲ”
ပြောဖို့ပင်မလိုပေ.. ရောက်လာသူများမှာ သေချာပေါက်ချောမောသူများ ဖြစ်ကြလိမ့်မည်။ သို့သော် ထိုအရာများကို ထည့်တွက်ရန်မလိုပေ။
“မင်း အားတဲ့အချိန် အဲဒီကိုသွားပေါ့”
“ဒါဆို ကျွန်မတို့အားတဲ့အချိန်သွားကြတာပေါ့” ရှီမာယူယူ ဆက်ပြော လေသည်။ “အခု ရှင်တို့ဘက်သွားရမှာလား”
“ဟုတ်တယ်”
သူတို့သည် တောင်ဝင်ပေါက်မှထွက်လာပြီး နေ့တစ်ဝက်ကြာပြီးနောက် သဘောတူထားသည့် အစီအရင်ဂိုဏ်းသို့ရောက်လေသည်။ အစီအရင်ဂိုဏ်း၏ ဂိုဏ်းသခင်နှင့် ဆွေးနွေးပြီးနောက် ချက်ချင်းဝင်ရန် သဘောမတူသော်လည်း သူမ လေ့လာချင်သည့်အချိန်တိုင်း အစီအရင်ဂိုဏ်းသို့ သွားနိုင်သည်ဆိုသည့် အချက်နှင့် သဘောတူလိုက်ကြသည်။
အစီအရင်ဂိုဏ်းမှထွက်လာပြီးနောက် ဝူလင်းယူသည် သူမကို ပြန်ုလိုက် ပို့ချင်သည်။ သို့သော် ရှီမာယူယူသည် သူ့ကိုငြင်းဆန်လိုက်သည်။
“ကျွန်မ ဝိညာဉ်ရှာဖွေဂိုဏ်းကိုသွားလိုက်ပါမယ်” သူမ ဆက်ပြောလေ သည် “ကျွန်မ အပြင်မထွက်တာကြာပြီ.. တချို့တွေက အားတက်သရော် စောင့်နေကြတာ၊ ကျွန်မကပဲ သူတို့ကို ကြောက်နေတယ်လို့ထင်နေကြဦးမယ် သူတို့ကိုလည်း အခွင့်အရေးပေးတာပေါ့”
“ဟုတ်ပြီ ဂရုစိုက်ပါ”
ဝူလင်းယူသည် သူမကို ပို့ပြီးသည်နှင့် တောင်အဝင်ပေါက်သို့ ပြန်လာ သည်။ သူမသည် ဝိညာဉ်ရှာဖွေသူဂိုဏ်းကို လွတ်လပ်စွာ အေးအေးလူလူ တစ် ယောက်တည်း သွားလိုက်သည်။
နီလဲ့သည် သူမ ရောက်နေသည်ဟု ကြားသည်နှင့် လမ်းပြပေးရန် လူ တစ်ယောက် လွှတ်ပေးသည်။
“ဒီနေ့ မင်းမလာတော့ဘူးလို့ ထင်နေတာ” နီလဲ့ ပြောလေသည်။
“ဂိုဏ်းသခင်နီက ဖိတ်တာကို ဘယ်လိုလုပ်ပေါ်မလာဘဲနေရမလဲ” ရှီမာယူယူသည် ပြုံးပြီးနှုတ်ဆက်လိုက်သည်။
“ပြဿနာတက်မှာ မကြောက်ဘူးလား”
“ကျွန်မ ထွက်လာသည်ဖြစ်စေ မထွက်လာသည်ဖြစ်စေ ပြဿနာက ဒီမှာရှိနေတာပဲ.. ပျောက်မသွားဘူး” သူမ ပေါ်မလာသည်နှင့် သားရဲ ထိန်းကျောင်းသူသခင်များသည် လက်လျော့သွားမည်မဟုတ်ပေ။ သူတို့သည် သူမကို ပို၍ပင်မုန်းတီးလေသည်။
“အဓိပ္ပာယ်ရှိတယ်” နီလဲ့ ဆက်ပြောလေသည် “ဒီနေ့ မင်း အကဲဖြတ်ရ မယ့် သတ္တုရိုင်းတချို့ရှိတယ်.. ငါနဲ့ လိုက်ချင်လား”
“လိုက်ပါမယ်” ရှီမာယူယူသည် သူ၏ ဖိတ်ကြားချက်ကို လက်ခံပြီး သတ္တုရိုင်းများရှိသည့်နေရာသို့ လိုက်လာခဲ့လိုက်သည်။
ဝိညာဉ်ရှာဂိုဏ်းသည် သတ္တုရိုင်းများကို အလွန်ကြီးမားသည့် ခန်းမထဲ တွင် အခန်းကျဉ်းများဖြင့် ခွဲထားသည်။ ထိုအခန်းငယ်များတွင် တံခါးမရှိသဖြင့် သတ္တုရိုင်းများအားလုံးကို မြင်နေရသည်။
ရှီမာယူယူသည် တစ်ချက်ကြည့်လိုက်သည်နှင့် အရည်အသွေးကောင်း သော ပစ္စည်းများဖြစ်သည်ကို သတိထားမိသည်။
“ဘယ်လိုလဲ” နီလဲ့ မေးလိုက်သည်။
“မဆိုးဘူး တချို့ဟာတွေက ထိပ်တန်းအဆင့်တွေပဲ” ရှီမာယူယူ ပြန်ဖြေ လိုက်သည်။
“ငါတို့ဆီ ဝင်ဖို့စိတ်မဝင်စားဘူးလား.. ဝင်မယ်ဆိုရင် ဒီသတ္တုရိုင်းတွေကို အကဲဖြတ်ခွင့်ပြုမယ်”
***