← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 10 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 10 Ch. 133-134

အပိုင်း(၁၃၃)

အီသန်က ပြုံးရွှင်စွာဖြင့် လင်းတုန်း၏ ခေါင်းပေါ်သို့ လက်လှမ်းလိုက်သည်။ လင်းတုန်းက ဘေးသို့ ရှောင်ရန် ကြိုးစားသော်လည်း ထိုအသက်ပိုကြီးသော အမျိုးသား၏ လက်ဝါးက ကြိုတင် ရောက်နှင့်ပြီး ဖြစ်သည်။ သူက လင်းတုန်း၏ ဆံပင်များကို ဖွလိုက်သည်။

"မင်းအရွယ်တုန်းက ငါ့ကိုငါ ပြန်သတိရတယ်။ လူငယ်သဘာဝ၊ တက်ကြွတယ်၊ သူစိမ်းတွေကို မယုံကြည်ဘူး။ နှစ်တွေကြာလာတာနဲ့အမျှ အပြစ်ကင်းစင်မှုတွေ ပျောက်ကွယ်သွားတယ်လို့ ပြောကြပေမယ့်၊ ယုံကြည်မှုရဲ့ လွတ်လပ်မှုကို သင်ယူဖို့ ငါ့အတွက် ဆယ်စုနှစ်တစ်ခုကျော် အချိန်ယူခဲ့ရတယ်..."

"အဲဒါက အဖြေတစ်ခုနဲ့ သိပ်မတူဘူးနော်..."

ယီရင်က လင်းတုန်း၏ စိတ်ကူးကို ထင်ဟပ်စွာဖြင့် ပြောလိုက်သည်။

"ကောင်းပြီလေ... မင်းတို့ရဲ့ အကဲခတ်နိုင်စွမ်းအတွက် ဆုအနေနဲ့ ငါ အမှန်တရားကို ပြောပြမယ်..."

အီသန်က နောက်ပြန်လျှောက်ရင်း လှည့်ကာ ပြောသည်။

"ငါက အရှေ့ဘက် အဝေးကြီးမှာရှိတဲ့ မဟူရာ မီးတောက် အင်ပါယာကနေ လာတာ။ မကြာသေးခင်က အနောက်ဘက်ကနေ စွမ်းအားကြီးမားတဲ့ အရာတစ်ခု လာနေတာကို ငါ ခံစားမိတယ်။ ငါ့ကလန်ကို အသိပေးတော့ သူတို့က စုံစမ်းဖို့ အမိန့်ပေးတယ်။ ဒီကိုရောက်တော့ ဒီအံ့မခန်း ပိရမစ်ကြီးက မိုင်ပေါင်းများစွာက အော်ရာတွေကို စုပ်ယူနေတာ တွေ့ရတယ်။ သေချာတာပေါ့... ငါတစ်ယောက်တည်း မဟုတ်ဘူး... လူသူကင်းမဲ့သော တောရိုင်းမြေက ကျင့်ကြံသူတိုင်းက ငါ့ထက် အရင်ရောက်နေကြပြီ..."

"ရှေးဟောင်း အပျက်အစီး တွေထဲမှာ ကလန်ဆီ ပြန်ယူသွားချင်တဲ့ အရာတစ်ခုခု ရှိလို့လား..."

လင်းတုန်းက မေးလိုက်သည်။ ကျင်းဆန် ပြောခဲ့သည့် လှံက သူ၏ စိတ်ကူးထဲတွင် ကြီးမားစွာ နေရာယူထားသည်။

အီသန်က လက်ကာပြလိုက်သည်။

"အပျက်အစီးတွေက စူးစမ်းဖို့ တန်ပါတယ်။ ဒါပေမဲ့ တောရိုင်း ဂိုဏ်းတစ်ခုအတွက် ရတနာဆိုတာက မဟူရာ မီးတောက် အင်ပါယာက အဓိက ကလန်ကြီးတစ်ခုအတွက်တော့ အာရုံစိုက်ဖို့ မထိုက်တန်ပါဘူး..."

သူက မျက်နှာကျက်ကို မော့ကြည့်လိုက်သည်။

"ဒီမှာ တော်တော်ကောင်းတဲ့ လှံတစ်လက် ရှိတယ်။ ဒါပေမဲ့ ကျင်းကလန်နဲ့ အသင့်တော်ဆုံး ဖြစ်ပုံရတယ်။ ငါ့အတွက်တော့ အသုံးမဝင်ဘူး... ဒါကြောင့် ငါ အဲဒါကို စွန့်လွှတ်လိုက်တာ ကြာပြီ..."

"အစ်ကိုကြီးက လှံကို အာရုံခံနိုင်တာလား..."

လင်းတုန်းက ရုတ်တရက် မက်မောစွာဖြင့် မေးလိုက်သည်။ အီသန်သာ သူ့ကို လူတိုင်းလိုချင်နေသည့် လက်နက်ဆီသို့ တိုက်ရိုက် ခေါ်သွားနိုင်မည်ဆိုလျှင်...

"အစ်ကိုကြီးက အဲဒါကို မလိုချင်ဘူးလား..."

"ငါတို့ဆီမှာ ကိုယ်ပိုင် ဖန်တီးသူ တွေ ရှိတယ်..."

အီသန်က ပေါ့ပေါ့တန်တန် ပြောသည်။

"လှံဆိုတာ စိတ်ဝင်စားစရာ မကောင်းပါဘူး။ သာမန် လက်နက်တစ်ခုထက်၊ ငါတို့က ပါရမီကို ပိုတန်ဖိုးထားတယ်..."

သူက အင်ပါယာ၏ အဓိက ကလန်ကြီးတစ်ခုအတွက် လူစုနေခြင်းဖြစ်ပြီး၊ သူတို့နှစ်ဦးကို ရွေးချယ်ခဲ့သည်။ လင်းတုန်းက လှံကိုပါ မေ့သွားသည်အထိ ဖြစ်သွားသည်။ အီသန်၏ အထောက်အပံ့ဖြင့်သာဆိုလျှင် သူက အကြွေစတိုင်းအတွက် ရုန်းကန်နေရန် မလိုတော့ပေ။ သူ နားလည်တာသာ မှန်လျှင်၊ တန်ခိုးကြီးသော မိသားစု၏ အထောက်အပံ့ဖြင့် မနက်ဖြန်တွင်ပင် ရွှေအဆင့်သို့ ရောက်ရှိနိုင်ပေသည်။

"ခွင့်လွှတ်ပါ၊ ကျွန်တော်က မျက်စိကန်းနေခဲ့တာပါ..."

လင်းတုန်းက ပြောသည်။

"ကျွန်တော်တို့ မျက်စိထဲမှာ ရတနာတွေက အစ်ကိုကြီးတို့အတွက်တော့ အမှိုက်တွေဆိုတာ ကျွန်တော် သိသင့်တာ။ မေးခွင့်ပြုမယ်ဆိုရင်၊ ဘယ်..."

အီသန်က စကားဖြတ်ပြောလိုက်သည်။

"ခြေလက်အင်္ဂါ ဖြတ်တောက်ခံထားရတဲ့သူကို သူ့ခြေထောက်တွေ ဘာဖြစ်သွားတာလဲလို့ မေးသလို ဖြစ်နေမှန်း သိပေမယ့် ငါ အရမ်းသိချင်နေလို့... မင်းရဲ့ အမြုတေက ဘာဖြစ်သွားတာလဲ..."

လင်းတုန်းက သူ့ ဗိုက်ကို ငုံ့ကြည့်လိုက်သည်။

"ကျွန်တော့်ရဲ့ အမြုတေလား..."

"မင်းမှာ အမြုတေ နှစ်ခုရှိနေတယ်။ မွေးကတည်းက အဲဒီလိုလား။ အဲဒါကြောင့် မင်းက အားနည်းနေတာလား။ ဒါမှမဟုတ် တစ်ယောက်ယောက်က မင်းရဲ့ စိတ်ဝိညာဉ်ကို ထိခိုက်အောင် လုပ်ခဲ့တာလား..."

အီသန်က ပွင့်လင်းစွာ သိချင်စိတ်ဖြင့် မေးလိုက်သော်လည်း လင်းတုန်းအနေဖြင့် သူ၏ စိတ်ဝိညာဉ်ကို လာရောက် စမ်းသပ်သည့် ငှက်မွေးလို ပေါ့ပါးသော အာရုံခံစားမှုကို တစ်ခါမှ မခံစားခဲ့ရပေ။ သူ သတိမထားမိ၍ ဖြစ်နိုင်သလို၊ အီသန်က သူ့အနီးအနားတွင် ဖြစ်ပျက်သမျှ အားလုံးကို သိနေ၍လည်း ဖြစ်နိုင်သည်။

လင်းတုန်း၏ စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်သွားသည်။ ထိုပုဂ္ဂိုလ်၏ အာရုံခံနိုင်စွမ်းက ဘယ်လောက်အထိ ကျယ်ပြန့်သနည်း။ ထိုအရာက ကျင့်စဉ် တစ်မျိုးလော။ သို့မဟုတ် အရာအားလုံးကို အလိုအလျောက် သိနေသည်လော။

သို့သော်... ထိုမေးခွန်းများကို အီသန်၏ ကလန် အစောင့်အရှောက်အောက်သို့ ရောက်ပြီးမှ သူ မေးနိုင်သည်။ လောလောဆယ် သူ၏ အလုပ်မှာ အီသန်အတွက် အသုံးဝင်သူဖြစ်ရန်သာ ဖြစ်သည်။

"ရိုင်းစိုင်းသွားရင် ခွင့်လွှတ်ပါ။ အစ်ကိုကြီး သတိထားမိလို့ ကျွန်တော် အံ့သြသွားတာပါ။ ကျွန်တော် မွေးကတည်းက..."

သူက 'ဝိညာဉ်မဲ့' ဟု ပြောရန် ရည်ရွယ်ခဲ့သော်လည်း၊ အထွတ်အမြတ် တောင်ကြား အပြင်ဘက်တွင် အဓိပ္ပာယ် မရှိသဖြင့် စကားတစ်ဝက်တွင် ပြင်ပြောလိုက်သည်။

"...အားနည်းတဲ့ စိတ်ဝိညာဉ်နဲ့ မွေးလာတာပါ။ ကျွန်တော့်ကို ပြုစုပျိုးထောင်ဖို့ အရင်းအမြစ်တွေ ဖြုန်းတီးမယ့်အစား၊ ကျွန်တော့်ကလန်က သိုင်းပညာတွေ မသင်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်။ ကာကွယ်ရေး နည်းလမ်းအနေနဲ့ ကျွန်တော့်အမြုတေကို ကိုယ်တိုင် ခွဲထုတ်ခဲ့တာပါ..."

အီသန်က ထိုဇာတ်လမ်းကို အတိအကျ မျှော်လင့်ထားသလိုမျိုး စကားလုံးတိုင်းကို ခေါင်းညိတ် ထောက်ခံနေသည်။ လင်းတုန်း ပြောပြီးသွားသောအခါ သူက လမ်းလျှောက်နေတာကို ရပ်လိုက်သည်။ ထိုအချိန်တွင် သူတို့သည် ဝိညာဉ်အကြွင်းအကျန်များနှင့် အတော်လေး အလှမ်းကွာဝေးနေပြီ ဖြစ်သော်လည်း ခြောက်ခြားဖွယ်ရာ ပဲ့တင်သံများကတော့ စင်္ကြံလမ်းတစ်လျှောက် လွင့်ပျံလာဆဲဖြစ်သည်။ အီသန်က လင်းတုန်း၏ ရင်ဘတ်ပေါ်သို့ သူ၏ လက်ဝါးကို ကပ်လိုက်သည်။

"ဒီနေရာအထိ အသက်ရှူသွင်းလိုက်..."

အီသန်က ပြောသည်။

လင်းတုန်းက ယီရင်ကို လှမ်းကြည့်လိုက်သော်လည်း သူမကလည်း သူလိုပင် စိတ်ရှုပ်ထွေးနေပုံရသဖြင့် ညွှန်ကြားချက်အတိုင်း လိုက်လုပ်လိုက်သည်။ သူ၏ နံရိုးများက အီသန်၏ လက်ကို ဖိမိသည်အထိ အဆုတ်ထဲ လေဖြည့်သွင်းလိုက်သည်။

"အခု တစ်ဝက်လောက် ပြန်ထုတ်လိုက်..."

လင်းတုန်း ထိုသို့လုပ်လိုက်ပြီး အီသန်က ထိုနေရာတွင် အသက်ရှူအောင့်ထားရန် ပြောသည်။

"မင်းရဲ့ အသက်ရှူနည်းစနစ်က အမြုတေခွဲဖို့ ကူညီပေးခဲ့တာလား..."

အသက်ရှူအောင့်ထားဆဲဖြစ်သော လင်းတုန်းက ခေါင်းညိတ်ပြလိုက်သည်။

"အဲဒါကြောင့် အတွင်းကိုပဲ အာရုံစိုက်နေတာကိုး..."

အီသန်က လင်းတုန်း၏ ဗိုက်ရှေ့တွင် လက်ကို ဝေဝါးစွာ ဝှေ့ယမ်းပြလိုက်သည်။

"မင်းရဲ့ မာဒြာ စီးဆင်းမှုက အားလုံး ရောထွေးနေတယ်။ သန့်စင်တဲ့ မာဒြာအတွက်တော့ ဆိုးရွားတဲ့ အသက်ရှူနည်းစနစ်တော့ မဟုတ်ပါဘူး။ သွေးကြောတွေကိုလည်း မထိခိုက်သေးဘူးဆိုပေမယ့် အခုကတည်းက ပြင်လိုက်တာ ပိုကောင်းမယ်။ မင်းဆီမှာ လမ်းစဉ် ကျမ်းစာအုပ် ရှိလား..."

လင်းတုန်းက အောင့်ထားသည့် အသက်ကို ပြန်ရှူထုတ်ကာ ပြန်ဖြေလိုက်သည်။

"ကျွန်တော့် ကျောပိုးအိတ်ထဲမှာတော့ ရှိပါတယ်။ ဒါပေမဲ့... အဲ့တာက အပြင်ဘက်မှာ ကျန်ခဲ့တာ...”

အီသန်က လက်ချောင်းတစ်ချောင်းဖြင့် သူ၏မေးစေ့ကို ပုတ်ကာ စဉ်းစားလိုက်သည်။

"မင်းမှာ မာဒြာ စစ်ထုတ်တဲ့ဟာ ရှိလား။ ငွေ့ရည်ဖွဲ့ ဆေးရည်တွေရော။ အော်ရာ မစုပ်ယူဘဲ ကြေးအဆင့် ရောက်လာတယ်ဆိုရင် မာဒြာ အရည်အသွေးကို မြှင့်တင်ဖို့ တစ်ခုခုတော့ ရှိရမှာပေါ့..."

"ကျွန်တော့်မှာ ကပ်ပါး လက်စွပ် တစ်ကွင်း ရှိတယ်..."

လင်းတုန်းက ပြောလိုက်သည်။

အီသန်က ပြုံးရွှင်သွားသည်။

"အကောင်းဆုံးပဲ။ ကဲ... မင်းရဲ့ ကျောပိုးအိတ်ကို ဘယ်မှာထားခဲ့လဲ..."

ယီရင်က သူတို့ကြားထဲ ဝင်လာပြီး အီသန်၏ လည်ပင်းကို မမြင်ရသော ဓားတစ်လက်ဖြင့် တေ့ထားသလိုမျိုး လက်တစ်ဖက်ကို မြှောက်လိုက်သည်။

"အရင်ဆုံး ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် မေးစရာတွေ ရှိတယ်... ရှင်က မဟူရာ မီးတောက် အင်ပါယာက လာတယ်လို့ ပြောတယ်။ ရှင်က ဘယ်သူလဲ..."

အီသန်က ဒီမေးခွန်းကို မေးခံရလို့ ဂုဏ်ယူနေသလိုမျိုး ရင်ကော့ကာ မတ်မတ်ရပ်လိုက်သည်။

"မိန်းကလေး... ကျွန်တော်က လောကမှာ အကြီးကျယ်ဆုံး တံမြက်လှည်းသမားပဲ။ ကျွန်တော်က တံမြက်လှည်းသမား တစ်ယောက်ရဲ့ သား၊ တံမြက်စည်း သူတော်စင် ကနေ စတင်ခဲ့တဲ့ ရှည်လျားတဲ့ တံမြက်လှည်းသမား မျိုးဆက်ရဲ့ နောက်ဆုံးမျိုးဆက်... ပြီးတော့ အဲဒီထက်လည်း ပိုတယ်..."

"တံမြက်လှည်းသမားတွေ..."

ယီရင်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"ငါက တင်စားပြီး ပြောနေတာလို့ မင်းတို့ ထင်နေမှာစိုးလို့ ရှင်းပြပါရစေ... ငါတို့ ကလန်က မဟူရာ မီးတောက် မြို့တော်မှာ လမ်းဘေး တံမြက်လှည်းသမားတွေကို စီစဉ်ညွှန်ကြားပေးတယ်... ရေဆိုးမြောင်း ပြုပြင်ထိန်းသိမ်းရေးကို ကြီးကြပ်တယ်၊ မြောင်းတွေတူးတယ်၊ မီးတိုင်တွေ ထွန်းညှိပေးတယ်၊ ပြီးတော့ မီးခိုးခေါင်းတိုင်တွေကို လိုက်ရှင်းပေးတယ်... 'ညစ်ပတ်နေတဲ့ လက်တွေက ဂုဏ်ယူစရာ သင်္ကေတပဲ' ဆိုတာ ငါတို့ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်ပဲ..."

သို့သော်လည်း... ဤစကားကို ပြောလိုက်သူမှာ သူ၏ ဘဝတစ်လျှောက်လုံးတွင် ပေါက်ပြားကို တစ်ခါမျှပင် ကိုင်ဖူးပုံမရသူ ဖြစ်သည်။ သူ၏ လက်ချောင်းများက ရှည်လျားပြီး အသားအရေက ဖြူသည်။ လက်များကလည်း နူးညံ့နေသည်။ သူ၏ အဝတ်အစားများက အဖွဲ့ငါးဖွဲ့ မဟာမိတ်အဖွဲ့တွင် လင်းတုန်း မြင်ဖူးသမျှ အရာအားလုံးထက် များစွာ ပို၍ ဈေးကြီးလှသည်။ အတိုချုပ်ဆိုရလျှင် သူက တံမြက်လှည်းသမား တစ်ယောက်ထက် အထက်တန်းလွှာ ကလန်တစ်ခုမှ အလိုလိုက်ခံထားရသော သခင်လေးတစ်ယောက်နှင့် ပိုတူနေသည်။

***

အပိုင်း(၁၃၄)

"ကျွန်တော်က မယုံကြည်သလို ဖြစ်နေသေးရင် ခွင့်လွှတ်ပါ..."

လင်းတုန်းက လေသံကို မလေးမစား သဘောမျိုး မဖြစ်သွားစေရန် ထိန်းသိမ်းရင်း ပြောလိုက်သည်။

"ဒါပေမဲ့ ဒီလို အလုပ်အကိုင်မျိုးက အစ်ကိုကြီးရဲ့ မြင့်မြတ်တဲ့ အဆင့်အတန်းနဲ့ လုံးဝ မကိုက်ညီဘူးလေ... ဒါမှမဟုတ် အစ်ကိုကြီးက လမ်းတွေပေါ်က ရာဇဝတ်မှုတွေကို ရှင်းလင်းပေးတယ်ဆိုတဲ့ သဘောမျိုးလား၊ ဒါမှမဟုတ် အင်ပါယာထဲက မထိုက်တန်တဲ့သူတွေကို ရှင်းလင်းပေးတဲ့ လုပ်ကြံသတ်ဖြတ်သူ ကလန်တစ်ခုလား..."

ယခုအခါ အီသန်သည် ကျောက်တုံးများ၏ အားနည်းချက်ကို စမ်းသပ်နေသကဲ့သို့ နံရံပေါ်တွင် လက်များကို ပွတ်ဆွဲနေသည်။

"ငါက မဟူရာ မီးတောက် မြို့တော်ရဲ့ ရေဆိုးမြောင်းတွေထဲမှာ ကြီးပြင်းလာခဲ့တာ... ယဉ်ယဉ်ကျေးကျေးနဲ့ ဆိုရင 'ရွှံ့နွံ' လို့ ခေါ်နိုင်တဲ့ အရာတွေထဲမှာ ခြေကျင်းဝတ်မြုပ်တဲ့အထိ ဖြတ်သန်းခဲ့ရတယ်... သူတို့က ရေအဝင်အထွက်ကို ထိန်းချုပ်ဖို့ အလားတူ အစီအရင်တွေကို အသုံးပြုကြတယ်... ဒါကြောင့် ဒီအရာကလည်း အလားတူ နိယာမတွေအတိုင်း အလုပ်လုပ်တယ်ဆိုရင်တော့... ရပြီဟေ့..."

မှော်သင်္ကေတ တစ်ခုက အသက်ဝင်လာကာ တောက်ပသွားသည်။ ထို့နောက် အလင်းလှိုင်းတစ်ခုက အစီအရင် လမ်းကြောင်းများတစ်လျှောက် နှစ်ဖက်စလုံးသို့ လင်းလက် ဖြာထွက်သွားသည်။

ပွတ်တိုက်သံ တစ်ခုနှင့်အတူ ကျောက်ပြားကြီး တစ်ချပ်က အပေါ်သို့ လျှောတက်သွားသည်။ ထို့နောက် အပေါ်သို့ တက်သွားသော လှေကားထစ်များနှင့်အတူ ပွင့်နေသော တံခါးပေါက်တစ်ခု ပေါ်လာသည်။

"ဒါက ရှေးဟောင်း ရေဆိုးမြောင်း တစ်မျိုးမျိုး ဖြစ်နိုင်တယ်..."

အီသန်က ခန့်မှန်းပြောဆိုလိုက်သည်။

"ဘယ်လိုပဲဖြစ်ဖြစ်၊ ဝေ့ရှီလင်းတုန်း... မင်းအတွက် ငါ ခိုင်းစရာ အလုပ်တစ်ခု ရှိတယ်..."

ပြန်တွေးကြည့်တော့ ပထမဆုံးအကြိမ် တွေ့ဆုံကတည်းက အီသန်သည် သူ၏ နာမည်အပြည့်အစုံကို သိနေခဲ့ကြောင်း လင်းတုန်း သတိထားမိလိုက်သည်။ ကြီးကျယ်ခမ်းနားသော အင်ပါယာကြီးတစ်ခု၏ လမ်းဘေး တံမြက်လှည်းသမား တစ်ယောက်ကပင် အထွတ်အမြတ် တောင်ကြားရှိ ကျောင်းတော်လေးခုထက် အဆမတန် ပို၍ အစွမ်းထက်နေသည်။ ထို့ကြောင့် လင်းတုန်းက အရိုအသေပေးရင်း နက်ရှိုင်းစွာ ဦးညွှတ်လိုက်သည်။

"အစ်ကိုကြီးကို အကောင်းဆုံး ဖြစ်အောင် အလုပ်အကျွေးပြုပါ့မယ်..."

"မင်းက အမြုတေကို ထပ်ခွဲဖို့ စီစဉ်နေတယ်ဆိုရင်တော့ မင်းရဲ့ လက်ရှိ အသက်ရှူနည်းစနစ်က လုံလောက်ပါတယ်... ဒါပေမဲ့ အဲဒါက မင်းနဲ့ သံမဏိအဆင့် ကြားမှာ တံတိုင်းတစ်ခု တည်ဆောက်နေသလို ဖြစ်နေတယ်... သံမဏိအဆင့်ကို ရောက်ဖို့ဆိုရင် မင်းက စွမ်းအင်သွေးကြောတွေထဲကနေ မာဒြာတွေကို အပြင်ကို တွန်းထုတ်ပစ်ရမယ်... အဲဒီမာဒြာတွေကို မင်းရဲ့ အသားစတွေတိုင်းထဲကို အတင်းအကျပ် ဝင်ရောက်သွားစေရမယ်... ဆေးရည်တွေ မရှိဘဲနဲ့ အဲဒီလိုလုပ်ဖို့က အရမ်းခက်ခဲတယ်... ပြီးတော့ မင်းရဲ့ မာဒြာတွေက လက်ရှိမှာ အမြုတေထဲကိုပဲ အာရုံစိုက် စီးဆင်းနေတယ်... တခြား ဘယ်ကိုမှ မရောက်ဘူး... မင်းမှာ အသက်ရှူနည်းစနစ် အသစ်တစ်ခု လိုအပ်တယ်..."

အီသန်က လင်းတုန်းဘက်သို့ လှည့်ကာ မတ်မတ်ရပ်လိုက်သည်။

"ငါ လုပ်သလိုမျိုး အသက်ရှူသွင်းလိုက်... အဲဒီလို ရှူသွင်းတဲ့အခါ မင်းရဲ့ မာဒြာတွေကို ခန္ဓာကိုယ်ရဲ့ နေရာအနှံ့အထိ ရောက်အောင် ကျယ်ကျယ်ပြန့်ပြန့် လှည့်ပတ်စီးဆင်းပါစေ... အသက်ရှူထုတ်လိုက်တဲ့အခါမှာတော့ တစ်ပြိုင်နက်တည်း အားလုံးကို ပြန်လည် စုစည်းလိုက်... ဘယ်လိုလုပ်ရမလဲဆိုတာ ငါပြမယ်..."

လင်းတုန်းသည် သစ်သားတံဆိပ်ပြားကို ပထမဆုံး စတင်ရရှိခဲ့သည့်နေ့မှစ၍ ရိုးရှင်းသော အသက်ရှူနည်းစနစ် တစ်ခုကို လေ့ကျင့်ခဲ့သည်။ ထိုအရာက နောက်ဆုံးတွင် သူ၏ သဘာဝ အသက်ရှူရစ်သမ် တစ်ခု ဖြစ်လာခဲ့သည်။ အမြွှာကြယ် နှလုံးသား ကျမ်းစာအုပ်ထဲမှ ညွှန်ကြားချက်များအရ ထိုနည်းစနစ်ကို သူ ပြောင်းလဲခဲ့သည်။ သို့သော် ၎င်းသည် သူ၏ မူလနည်းစနစ်ထက် ပိုမို ရှုပ်ထွေးလာခြင်း မရှိဘဲ၊ ကွဲပြားသွားရုံသာ ဖြစ်သည်။

ထိုနည်းတူစွာပင် အီသန် သင်ပေးသော နည်းစနစ်သည်လည်း မရှုပ်ထွေးလှပေ။ လင်းတုန်း မသိထားသော နိယာမများကို အသုံးပြုထားခြင်း မရှိသဖြင့် သူ့အတွက် သက်သာရာရသွားစေသည်။

သို့သော် ခက်ခဲလှသည်။

အီသန်ကို ကြည့်ကာ မတ်မတ်ရပ်နေရင်း အသက်ရှူလှည့်ပတ်မှု ပုံစံသစ်ကို ထိန်းထားနိုင်ရန် သူ မနည်းကြိုးစားနေရသည်။ အီသန်က ညွှန်ကြားပြသပေးခြင်းကို ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် ထိုပုံစံကို သူ ဆုံးရှုံးသွားလိမ့်မည်ဟု သေချာပေါက် သိနေသည်။ ထိုအကြောင်းကို အီသန်အား ပြောပြလိုက်ရာ၊ အီသန်က ရယ်မောလိုက်သည်။

"အဲဒါက သင်ယူရရှိတဲ့ ကျွမ်းကျင်မှုတိုင်းရဲ့ သဘာဝပဲ... ခဏလောက်တော့ ရေစိုနေတဲ့ အဝတ်စတစ်ခုကို ဖြတ်ပြီး အသက်ရှူရသလိုမျိုး ခံစားရလိမ့်မယ်... မင်းရဲ့ ခန္ဓာကိုယ်ကလည်း ရပ်တန့်ပစ်ဖို့ ပြောနေလိမ့်မယ်... ဒါပေမဲ့ တစ်နေ့ကျရင် မင်း ပြန်ကြည့်ပြီး အဲဒါက ဘယ်တုန်းက ခက်ခဲခဲ့တာလဲလို့ အံ့သြသွားလိမ့်မယ်..."

သူက လှေကားများပေါ်သို့ လက်ညှိုးထိုးပြလိုက်သည်။

"ကဲ... မင်းရဲ့ ပထမဆုံး စိန်ခေါ်မှု အနေနဲ့ နောက်ထပ် အထပ်တစ်ခုကို ပြေးတက်သွားတဲ့ အချိန်မှာ အဲဒီပုံစံကို ထိန်းထားလိုက်စမ်း..."

လင်းတုန်းက အပေါ်ဘက်ရှိ အရိပ်အမည်းများထဲသို့ လှမ်းကြည့်လိုက်သည်။

"အစ်ကိုကြီးဆီမှာ မီး ပါလား..."

"မင်းဆီမှာ ပါတယ်လေ..."

အီသန်က ပြောသည်။

သူက အိတ်ကပ်ထဲသို့ လက်နှိုက်ကာ ဆူရီရယ်၏ စကျင်ကျောက်လုံးကို ဆွဲထုတ်လိုက်သည်။ လိမ်ပြောထားသည်ကို လူမိသွားသကဲ့သို့ ထိုကျောက်လုံးကို ကိုင်ထားရသည်မှာ အနည်းငယ် နေရခက်နေသည်။ သို့သော် အီသန်အနေဖြင့် ၎င်းသည် မည်သည့်အရာ ဖြစ်ကြောင်း သိနိုင်စရာ အကြောင်းမရှိပေ။ သူ အာရုံခံမိလျှင်ပင် ဖန်လုံးထဲမှ အလင်းရောင် တစ်ခုမျှသာ ဖြစ်သည်။

ထင်သည့်အတိုင်းပင် အီသန်က ထိုစကျင်ကျောက်လုံးကို စပ်စုချင်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်သော်လည်း ထိုမျှသာ ဖြစ်သည်။ လင်းတုန်းက ၎င်းကို မြှောက်ကိုင်လိုက်ပြီး၊ အသက်ပြင်းပြင်း တစ်ချက်ရှူကာ ပြေးတက်သွားရင်း မာဒြာကို စတင်လှည့်ပတ်လိုက်သည်။

သူ၏ အနောက်မှ ယီရင်က ကန့်ကွက်လိုက်သည်။

"သူက မွေးကင်းစ ကြောင်ပေါက်လေး တစ်ကောင်လောက်ပဲ သန်မာတာပါ... အပေါ်မှာ တစ်ခုခုများ ရှိနေရင် သူ့ကို အပိုင်းပိုင်း ဆွဲဖြဲပစ်လိမ့်မယ်..."

"ငါ့ရဲ့ မျက်လုံးတစ်ထောင်ကို သတိရပါဦး..."

အီသန်က ပြောသည်။

"ဒီ ရှေးဟောင်း အပျက်အစီး တွေက ငါ့ကိုယ်ပိုင် အိမ်နဲ့တောင် တူနေပါပြီ..."

စကျင်ကျောက်လုံး၏ အပြာရောင် အလင်းတန်းက မှိန်ဖျော့နေသည်။ လင်းတုန်း လှေကားအဆုံးသို့ ရောက်ရှိသွားကာ ကြီးမားသော အခန်းကျယ်ကြီး တစ်ခုထဲသို့ ရောက်သွားချိန်တွင် ၎င်းသည် မြင်နိုင်ရန် အတွက်တော့ လုံလောက်မှု ရှိပါသည်။ သို့သော်လည်း... သူ၏ ခြေရင်းရှိ ကြမ်းပြင်ကွက်လေးမှလွဲ၍ အခြား မည်သည့်အရာကိုမျှ သူ မမြင်နိုင်ပေ။

ပြေးတက်လာရသည့် အကွာအဝေးက မရှည်လျားလှပေ။ သို့သော် အသက်ရှူနည်းစနစ်ကို ထိန်းထားရန် အားထုတ်ထားရသဖြင့် သူ၏ အဆုတ်များက ပူလောင်နေဆဲ ဖြစ်သည်။ သူ ရောက်ရှိသွားပြီ ဖြစ်ကြောင်း အနောက်သို့ အော်ပြောရန် ပြင်လိုက်သည်။ သို့သော် အရိပ်များထဲမှ တစ်စုံတစ်ခုက ရှဲခနဲ အသံပြုလိုက်သောအခါ သူ၏ စကားလုံးများက လည်ချောင်းထဲတွင် တစ်ဆို့သွားသည်။

၎င်းက သူ၏ လက်မောင်းလောက်သာ ကြီးမားသည်။ သဲသောင်ပြင် အရောင်ရှိသော အခွံပါရှိသည့် ညိုဝါရောင် ကင်းခြေများ တစ်ကောင် ဖြစ်သည်။ ၎င်း၏ ခေါင်းက မြွေတစ်ကောင်နှင့် တူပြီး အင်းဆက် ခြေသည်း နှစ်တန်း ပါရှိသည်။ အမြီးကမူ ကင်းမြီးကောက်၏ အဆိပ်ဆူးကဲ့သို့ အပေါ်သို့ ကော့တက်နေသည်။

သဲမြွေပွေးများပင်...။

၎င်းတို့ကို အရှင်လတ်လတ် တစ်ခါမျှ မမြင်ဖူးခဲ့ပေ။ သို့သော် ၎င်းတို့၏ ဝိညာဉ်အကြွင်းအကျန် များက သူ့ကို အလွန် ရှင်းလင်းသော မှတ်ဉာဏ်များ ချန်ထားခဲ့သည်။

ပထမဆုံး သဲမြွေပွေးက အစွယ်များကို ပေါ်လွင်စေကာ သူ့ကို ရှဲခနဲ အသံပြုလိုက်သည်။ ထိုစဉ် ဒုတိယ တစ်ကောင်က ၎င်း၏ အဖော်နှင့် အကွာအဝေး တစ်ခုထားကာ သတိကြီးစွာဖြင့် ပြေးတက်လာပြီး လင်းတုန်းထံသို့ ဦးတည်လာသည်။

ထိုစဉ်... အောက်ဘက် လှေကားထစ်များဆီမှ အီသန်၏ အသံ ထွက်ပေါ်လာသည်။

"အပေါ်မှာ ဘာရှိလဲဆိုတာ ငါသိတယ်... သူ အဲဒါကို ဖြေရှင်းနိုင်ပါတယ်..."

ထို့နောက် အခေါင်းတစ်ခုပေါ်တွင် အဖုံးကို ပွတ်ဆွဲပိတ်လိုက်သကဲ့သို့ ကျောက်တုံး၏ ပွတ်တိုက်သံကြီး ထွက်ပေါ်လာကာ တံခါးက လျှောတိုက် ပိတ်ကျသွားတော့သည်။

လင်းတုန်း၏ အော်ဟစ် အကူအညီတောင်းသံများသည် ကျောက်တံခါးကို ဖြတ်၍ တိုးညင်းစွာ ထွက်ပေါ်လာသည်။ ယီရင်သည် သူမစုစည်းနိုင်သမျှ မာဒြာအနည်းငယ်ကို သူမ၏ လက်သည်းများပေါ်တွင် စုစည်းလိုက်သည်။ ဓား မာဒြာသည် ထက်မြက်သော အရာများပေါ်တွင်သာ စုစည်းလေ့ရှိသည်။ သူမ၏ လက်သည်းများသည် အကောင်းဆုံး သိုလှောင်ရာ နေရာများ မဟုတ်ပေ။

ထိုအစား သူမ၏ ရွှေအဆင့် သင်္ကေတကို အသုံးပြုချင်ခဲ့သည်။ သို့သော် အစီအရင် ရေးဆွဲထားသော လည်ပတ်သည် သူမ၏ မာဒြာများကို မြစ်ဖျားခံရာ နေရာမှစ၍ ပိတ်ဆို့ထားသည်။ ထို့ပြင် စောစောက သဲမြွေပွေး အဆိပ်ကြောင့် သူမ တုန်ယင်နေဆဲ ဖြစ်သည်။ သူမ၏ ကြွက်သားများသည် အိတ်တစ်လုံးထဲမှ မြွေများကဲ့သို့ တွန့်လိမ်နေကြသည်။ သူမသည် နည်းစနစ်ကို ထိန်းထားနိုင်ရန် အတော်လေး အာရုံစူးစိုက်နေရသည်။ အကယ်၍ သူမ၏ ကျောဘက်ရှိ သံမဏိ လက်တံကိုသာ ထိန်းချုပ်ရန် ကြိုးစားလိုက်ပါက သူမ၏ ခေါင်းကို သူမသာ ပြန်ဖြတ်မိသွားနိုင်သည်။

သို့သော် တိုက်ပွဲမဝင်ဘဲ လက်မြှောက်အရှုံးပေးလိုက်ရမည့်အစား သူမ သေဆုံးပြီး ပုပ်သိုးသွားခြင်းကိုသာ ရွေးချယ်လိမ့်မည် ဖြစ်သည်။

သူမသည် အီသန်၏ မျက်လုံးဆီသို့ လက်ချောင်းများကို ခြေသည်းများကဲ့သို့ ထောင်ပြလိုက်သည်။

"အဲဒါကို ပြန်ဖွင့်ပေးလိုက်..."

သူသည် အနည်းငယ်မျှ တွန့်ဆုတ်မသွားခဲ့ပေ။ မတရား အပြစ်တင်ခံရသော ကလေးတစ်ယောက်ကဲ့သို့ သူမကို ကြည့်လာသည်။

"ဒါပေမဲ့ သူ ပြီးသေးတာမှ မဟုတ်တာ..."

သူမက သူ့ကို ခုတ်ပိုင်းလိုက်သည်။ သို့သော် လမ်းလျှောက်ထွက်ရန် အတိအကျ အချိန်ကိုက် ရွေးချယ်လိုက်သကဲ့သို့ သူသည် ဘေးဘက်သို့ စတင် လျှောက်သွားနှင့်ပြီ ဖြစ်သည်။

သူမ၏ နည်းစနစ်သည် လေထုထဲတွင် လှိုင်းထသွားသည်။ ဝိညာဉ် အမြင်သာ မရှိလျှင် ၎င်းကို မြင်နိုင်မည်ပင် မဟုတ်ပေ။ ထို့နောက် မာဒြာသည် ကျောက်တံတိုင်းကို ထိမှန်ကာ အက်ကွဲသွားသည်။

"ငါက အလားအလာရှိတဲ့ လူသစ်တချို့ကို ရှာဖို့ ဒီကို လာခဲ့တာ..."

အီသန်က သူမ၏ ဘေးတွင် လမ်းလျှောက်ရင်း ဆက်ပြောသည်။ သူမက ကျောဘက်မှ အတိုက်မခံရစေရန် လှည့်လိုက်သည်။

"ငါက ပျင်းလည်း ပျင်းနေတာကိုး၊ ဒါပေမဲ့ လူသစ်စုဖို့ကလည်း အရေးကြီးတယ်လေ... မင်းသိလား၊ အင်ပါယာက မိသားစုတွေက မျိုးဆက်သစ်တွေရဲ့ ခွန်အားအပေါ်မှာ အဓိက ယှဉ်ပြိုင်ကြတယ်... ဘာလို့လဲဆိုတော့ တပည့်တွေက ကလန်တစ်ခုရဲ့ အနာဂတ် အင်အားကို ညွှန်ပြနေလို့ပဲ... ငါတို့ဆီမှာ တပည့်ပိုင်းနဲ့ ပတ်သက်ပြီး တော်တော်လေး နည်းပါးနေတဲ့အတွက်၊ အပြင်က ပါရမီရှင်တွေကို မျက်စိဒေါက်ထောက် ကြည့်နေရတာပေါ့..."

တစ်ချိန်တည်းမှာပင် လင်းတုန်း၏ အကူအညီတောင်းသံများသည် ခန်းမတစ်ခုလုံး ပြည့်နှက်နေလေတော့သည်။

***

All Chapters