← Chapters

အခန်း (၂၄၂၅-၂၄၂၆)

Vol. 174 Ch. 2425-2426

အခန်း (၂၄၂၅-၂၄၂၆)

Vol. 174 Ch. 2425-2426

အပိုင်း(၂၄၂၅)

အရိုးပြာနယ်မြေ မှ မိုင်ဘီလီယံပေါင်းများစွာ ကွာဝေးသော နေရာ၌ ဝေ့ဝူယင် နှင့် ပိုင်လင် တို့သည် တောက်ပသော ကြယ်နန်းတော်သခင်၏ ဟင်းလင်းပြင် သင်္ဘော ဖြစ်သော ‘ကြယ်တာရာ တောက်ပခြင်း’၏ ခမ်းနားသော ပဲ့ထိန်းခန်း အတွင်း၌ ရှိနေကြ၏။

ထိုအခန်းအတွင်း၌ သင်္ဘောကြီးကို မောင်းနှင်ပေးနေသော၊ အစီအရင်များနှင့် ဝင်္ကပါများ အားလုံးကို လည်ပတ်ပေးနေသော၊ ၎င်းတို့ကို ထိန်းသိမ်းကာ တာဝန်ကျသူများကို အမိန့်ပေးနေသော ကျင့်ကြံခြင်း အဆင့် မြင့်မားသည့် ကျင့်ကြံသူ အုပ်စုတစ်စုလည်း ရှိနေလေသည်။

တောက်ပသော ကြယ်နန်းတော်သခင်သည် သူ၏ ဒုတိယ နန်းတော်သခင် များထဲမှ တစ်ဦးဖြစ်သော ညာလက်ရုံး ဒုတိယ နန်းတော်သခင် ကျိုးယီရင် နှင့်အတူ ဤနေရာတွင် ရှိနေ၏။ သူမက ဝေ့ဝူယင်အား ရိုသေလေးစားစွာ အကဲခတ်ကြည့်ရှုနေ၏။ သူမသည် စပ်စုချင်စိတ်ကို ဖုံးကွယ်မထားနိုင်ခဲ့ပေ။

ပိုင်လင်သည် သင်္ဘောကုန်းပတ်ပေါ်ရှိ ကျင့်ကြံသူ များအကြား စပ်စုချင်စိတ်ဖြင့် လျှောက်သွားနေစဉ် ဝေ့ဝူယင်နှင့် တောက်ပသော ကြယ်နန်းတော်သခင် တို့သည် ဆွေးနွေးမှုတစ်ခု ပြုလုပ်နေကြလေသည်။

"ဒါပေမဲ့ ကျွန်တော်တို့ ကောင်းတာတစ်ခုခု ရနိုင်မရနိုင် ဆိုတာက ကျွန်တော့်ရဲ့ မူလ အာဏာရှင်တွေနဲ့ ခင်ဗျား နန်းတော်က ရွေးချယ်ခံ တွေအပေါ်မှာ မူတည်နေလောက်တယ် မလား..."

ဝေ့ဝူယင် က အမေးအဖြေလုပ်သည့်ဟန်ဖြင့် မေးလိုက်၏။

တောက်ပသော ကြယ်နန်းတော်သခင်သည် ကျေနပ်စွာ ခေါင်းညိတ်ပြလိုက်လေသည်။ ဝေ့ဝူယင် သည် ပြင်ဆင်ထားပြီး အခြေအနေများ မည်သို့ လည်ပတ်နေကြောင်းကို နားလည်ထားပုံရ၏။ သို့သော် သူ သိထားရန် လိုအပ်သော အရာတစ်ခု ရှိနေပေသည်။

"စုရီ ထွက်ပြေးမယ့် အချိန်ကျရင် ခင်ဗျားက ကူညီမှာလား ဒါမှမဟုတ် ဟန့်တားမှာလား..."

တောက်ပသော ကြယ်နန်းတော်သခင်က ဟောကိန်းထုတ်ခြင်း အကာအကွယ်များနှင့် စောင့်ကြည့်ခြင်း အကာအကွယ် အစီအရင် များစွာအောက်တွင် ဖုံးကွယ်ထားသော ဝိညာဉ် ဆက်သွယ်မှု မှတစ်ဆင့် မေးလိုက်ခြင်း ဖြစ်၏။ သူ့ အနေဖြင့် မည်သည့် ရပ်တည်ချက်ကို ယူသင့်ကြောင်း သိချင်နေခဲ့သည်။ မည်သို့ပင်ဆိုစေ ယှဉ်ပြိုင်နေသော အကျိုးစီးပွား အနည်းငယ် ရှိသော်လည်း အများစုမှာ ဖမ်းဆီးခြင်းထက် ပေါက်ကွဲမှု အဖြစ်အပျက် အပေါ်တွင်သာ အာရုံစိုက်ကြမည် ဖြစ်လေသည်။

စုရီကို မုန်းတီးသူများ သို့မဟုတ် သူ၏ လျှို့ဝှက်ချက်များကို အသေအလဲ လိုချင်နေသူများသာ သူ့ကို ကာကွယ်ပေးမည့် သူများနှင့်အတူ ပါဝင်ပတ်သက်ကြမည် ဖြစ်၏။

ဥပမာအားဖြင့် မူလ ပြိုင်ဘက်ကင်း ဂိုဏ်း၏ ဒုတိယမြောက် သူရဲကောင်း အရှင်သခင် ပင်...။ အထူးသဖြင့် လုံရှီယာမှာ ရရှိထားသော ဒဏ်ရာများကြောင့် လုပ်ငန်းဆောင်တာများ ရပ်နားထားရပြီး သူမ၏ ဆုံးဖြတ်ချက်ကို ဝင်ရောက်စွက်ဖက်နိုင်စွမ်း ရှိတော့်မည် မဟုတ်ချေ။ လက်ရှိ၌ သူမသည် တင်းမာသော လေထုကို ဖန်တီးကာ သူမ၏ ဟင်းလင်းပြင် သင်္ဘော ကို ထုတ်ထားပြီး ဖြစ်လေသည်။

ဝေ့ဝူယင် တစ်စက္ကန့်ခန့် စဉ်းစားလိုက်၏။

"ယွီပေါင်ယွဲ့ ရဲ့ ကံကြမ္မာနဲ့ ပတ်သက်ပြီး ကျွန်တော့်ရဲ့ ရပ်တည်ချက်က အရင်အတိုင်းပါပဲ... ဘယ်သူမှ အဲဒါကို မချိုးဖောက်သရွေ့ ကျွန်တော် ဝင်ပါရမယ့် အကြောင်းပြချက် မမြင်ပါဘူး..."

ကောင်းကင်လောက တစ်ခု၏ ပေါက်ကွဲမှုသည် အလွန် ကြီးကျယ်ခမ်းနားသော အဖြစ်အပျက် တစ်ခု ဖြစ်၏။ ၎င်းသည် အရွယ်အစား သေးငယ်သော်လည်း အသေးစား ဂလက်ဆီ တစ်ခု သို့မဟုတ် ဂလက်ဆီ အနည်းငယ်၏ တန်ဖိုးနှင့်ပင် ညီမျှနိုင်ပေသည်။

ဝေ့ဝူယင် အနေဖြင့် ထိုအခွင့်အရေးကို လွတ်သွားရန် ဆန္ဒမရှိခဲ့ပေ။

တစ်ချိန်တည်းမှာပင် မိုးကုပ်စက်ဝိုင်းများ သည် ပုံမှန်အားဖြင့် ဘေးမှသာ စောင့်ကြည့်လေ့ ရှိကြ၏။ အဖြစ်အပျက် ပြီးဆုံးပြီးနောက် ကုန်ကြမ်းများနှင့် အမတေ ကျောက်တုံးများ အတွက် အပေးအယူများ ပြုလုပ်ကြမည် ဖြစ်သည်။ အဖွဲ့အစည်း အသီးသီးသည် သူတို့ လိုချင်သော ထုတ်ကုန်များ စာရင်းကို ကြိုတင် ပြင်ဆင်နေကြပြီ ဖြစ်လေသည်။

"ကျင့်ကြံခြင်း ကန့်သတ်ချက်က ဘယ်လောက် ဖြစ်မလဲ..."

ကြီးမားသော အလင်းဖောက်ထွင်းနိုင်သည့် ပြတင်းပေါက်ကြီး တစ်ခုမှတစ်ဆင့် အရိုးပြာနယ်မြေ ကို စောင့်ကြည့်နေစဉ် ဝေ့ဝူယင် က မေးလိုက်၏။

"ကောင်းကင်ရှန့်ထို လောက်ပါပဲ... အစစ်အမှန် သူတော်စင် အဆင့်အထိ သတ်မှတ်ဖို့လည်း ပြောဆိုနေကြတာတွေ ရှိတယ်..."

"အရိုးပြာနယ်မြေကို ဒီအဖွဲ့အစည်းတွေက အဲဒီလောက်တောင် တန်ဖိုးထားကြတာလား..."

ဝေ့ဝူယင်သည် ဤသတင်းအချက်အလက်ကြောင့် အံ့အားသင့်သွားခဲ့လေသည်။

တောက်ပသော ကြယ်နန်းတော်သခင် က လောကတစ်ခုလုံး၏ အင်အား ပါဝင်နေသော စကားတစ်ခွန်းဖြင့် ပြန်ဖြေလိုက်၏။

"သေချာတာပေါ့ဗျာ..."

အကယ်၍ ဤနေရာတွင် အကြီးမားဆုံး အကျိုးအမြတ်များကို ရှာဖွေမည်ဆိုပါက ဝေ့ဝူယင် အနေဖြင့် ကိစ္စရပ်များကို အနည်းငယ် ပိုမို လေးလေးနက်နက် စဉ်းစားရတော့မည် ဖြစ်လေသည်။

"ကောင်းကင်ရှန့်ထို အာရုဏ်ဦး..."

တောက်ပသော ကြယ်နန်းတော်၏ ညာဘက် ဒုတိယ နန်းတော်သခင် ကျိုးယီရင် က ရိုသေလေးစားစွာ ခေါ်လိုက်ပြီး ဂလက်ဆီ ၏ အင်အားကြီး ပုဂ္ဂိုလ်နှစ်ဦး၏ အာရုံစိုက်မှုကို ရယူလိုက်၏။

"ကျွန်မ ပြောခွင့်ပြုပါ..."

ဝေ့ဝူယင် ၏ အကြည့်များက သေသပ်သပ်ရပ်စွာ ဝတ်ဆင်ထားသော အမျိုးသမီးဆီသို့ ရွေ့လျားသွားလေသည်။ သူမသည် အသက် သုံးဆယ်ကျော်အရွယ် ရင့်ကျက်သော အမျိုးသမီးတစ်ဦးနှင့် တူညီပြီး ကုန်သည်တစ်ဦးကဲ့သို့ အာဏာ၊ တာဝန်သိမှုနှင့် ဖော်ရွေသော ဆွဲဆောင်မှုတို့ကို ထုတ်လွှတ်နေ၏။ သူမ ဝတ်ဆင်ထားသည့် အနားကွပ်ရှည် လက်တို အပြာရင့်ရောင် ဝတ်ရုံသည် သူမ၏ ခန္ဓာကိုယ် ကောက်ကြောင်းများကို အနည်းငယ် ပေါ်လွင်စေသော်လည်း အမျိုးသမီးဆန်မှုနှင့် ကျိုးနွံမှုတို့အကြား ပြီးပြည့်စုံသော ဟန်ချက်ညီမှုကို ရရှိစေသည်။ သူမ၏ အပြာရောင် ဆေးဆိုးထားသော နှုတ်ခမ်းများတွင်မူ ကြယ်ရောင်စုံသော ကောင်းကင်ကြီးမှ ကြယ်များကို ခူးယူကာ အထဲတွင် ထည့်သွင်းထားသည့်အလား လောကတစ်ခုလုံး၏ အလှတရား ပါဝင်နေပေသည်။

ဝေ့ဝူယင်၏ စပ်စုချင်သော အကြည့်ကို မြင်သောအခါ သူမက ခေါင်းကို အနည်းငယ် ငုံ့၍ အသံပြုရင်း တဖြည်းဖြည်း သေးငယ်သော အပြုံးလေးတစ်ခုကို ဖော်ပြလိုက်လေသည်။ သူမသည် တောက်ပသော ကြယ်နန်းတော်၏ ညာဘက် ဒုတိယ နန်းတော်သခင် အဖြစ် အဆင့်အတန်း ရှိသော်လည်း ဝေ့ဝူယင် ၏ စွမ်းအား၊ အဆင့်အတန်း၊ ကြွယ်ဝမှုနှင့် ပါရမီတို့မှာ သူမထက် များစွာ သာလွန်နေပေသည်။ သူသည် မိုးကုပ်စက်ဝိုင်း တစ်ပါးထက် အရေးပါမှု လျော့နည်းခြင်း မရှိပေ။

"ပြောပါ..."

ဝေ့ဝူယင်က သူမကို စကားပြောရန် လက်ဟန်ပြလိုက်၏။ တောက်ပသော ကြယ်နန်းတော်သခင် က ဝင်ရောက်မစွက်ဖက်ခဲ့ပေ။

ကျိုးယီရင် စိတ်လှုပ်ရှားသွားခဲ့၏။ သူမ၏ တောင်းဆိုမှု အပေါ် ဤသို့ တိတ်ဆိတ်စွာ သဘောတူခွင့်ပြုမှုက အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို ၏ စိတ်ထဲတွင် သူမကိုယ်သူမ နေရာတစ်နေရာ ရရှိစေရန် အခွင့်အရေး ပေးလိုက်ခြင်း ဖြစ်ကြောင်း သိသာလှပေသည်။

"အရိုးပြာနယ်မြေ ကို အဖွဲ့အစည်း အမျိုးမျိုးက အဲ့တာရဲ့ ထူးခြားတဲ့ စည်းမျဉ်းတွေကြောင့် အလွန် တန်ဖိုးထားကြပါတယ်..."

ကျိုးရီယင်၏ စကားလုံးများသည် ဝေ့ဝူယင်ထံမှ သိသာထင်ရှားသော စိတ်ဝင်စားမှု ပြသခြင်းဖြင့် ချက်ချင်း တုံ့ပြန်မှု ရရှိခဲ့၏။ သူမ၏ နှလုံးသားသည် နှစ်ချက်တိတိ အခုန်ရပ်သွားမတတ် ဖြစ်သွားသော်လည်း သူမသည် စိတ်ဓာတ်ခိုင်မာစွာဖြင့် ဆက်ပြောလေသည်။

"ကွယ်လွန်သူ အထွတ်အထိပ် သူတော်စင် မီးတောက်ချိုက ကျင့်ကြံခြင်း အဆင့်တက်ဖို့ ကျရှုံးပြီးတဲ့နောက် သူ့ရဲ့ သားမြေးတွေ အတွက် သင့်လျော်တဲ့ ဘေးကင်းရာ နယ်မြေတစ်ခု ချန်ထားပေးချင်တဲ့ ရည်ရွယ်ချက်ကောင်းနဲ့ သူ့ရဲ့ ကောင်းကင်ငယ် ထဲမှာ တည်ဆောက်ခဲ့တဲ့ ဥပဒေသတုတွေက အဓိက အကြောင်းရင်းလို့ပဲ ဆိုရပါမယ်... အဲဒီလို လုပ်ခဲ့တာကြောင့် အရိုးပြာနယ်မြေ ရဲ့ နိုးကြားမှုမရှိတဲ့ ကောင်းကင် ဆန္ဒ က ပဲ့တင်ထပ် ဝိညာဉ် အဆင့် မှာရှိတဲ့ ဘယ် ကျင့်ကြံသူ ကိုမဆို ချဉ်းကပ်ခွင့် မပြုဘဲ ကန့်သတ်ထားပါတယ်... ပြီးတော့ ပဲ့တင်ထပ် ချီစွမ်းအင် ကျူးကျော်ဝင်ရောက်လာရင် ကပ်ဘေးတစ်ခုလို တုံ့ပြန်မှုမျိုးကို ဖြစ်ပေါ်စေပြီး ဥပဒေသ ချိုးဖောက်သူဆီကို သူ့ရဲ့ အင်အားအပြည့်နဲ့ ဦးတည်သွားမယ့် နိုဗာ ပေါက်ကွဲမှု ဖြစ်စဉ်တစ်ခုကို ဦးတည်သွားစေလိမ့်မယ်... အဲဒီပေါက်ကွဲမှုက ဂလက်ဆီ ရဲ့ တစ်စိတ်တစ်ပိုင်းကိုပါ တစ်ပါတည်း ယူဆောင်သွားနိုင်ခြေ ရှိပါတယ်..."

"ဒါကို တခြားသူတွေရဲ့ လက်ကနေ ကာကွယ်ပေးတာက အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ရဲ့ အကောင်းဆုံး အကျိုးစီးပွားအတွက်ပါပဲ... ဒါက ပဲ့တင်ထပ် ဝိညာဉ် အဆင့် မှာရှိတဲ့ ဘယ် ကျင့်ကြံသူ ကိုမဆို သူ့ရဲ့ သားမြေးတွေဆီကို ချဉ်းကပ်ဖို့ ဒါမှမဟုတ် ခြိမ်းခြောက်ဖို့ ကြိုးစားတာကို တားဆီးပေးခဲ့ပါတယ်... ဒါ့အပြင် ကောင်းကင်လောက နဲ့ ပဲ့တင်ထပ်နိုင်စွမ်း ရှိတဲ့ ဘယ်သူတော်စင် ကိုမဆို သတ်ဖြတ်မယ့် အစောင့်အကြပ် တစ်ယောက်လည်း ရှိပါတယ်... စုရီ ကို ဖမ်းဆီးဖို့ ဒါမှမဟုတ် သတ်ဖြတ်ဖို့ မတူညီတဲ့ အဖွဲ့အစည်းတွေက သူတို့ရဲ့ မုဆိုးတွေနဲ့ လုပ်ကြံသတ်ဖြတ်သူတွေကို စေလွှတ်ခဲ့ပြီးတဲ့နောက် မကြာသေးခင်ကမှ ဒီအချက်ကို အကြွင်းမဲ့ သေချာမှုနဲ့ အတည်ပြုနိုင်ခဲ့တာပါ... ဒီအကြောင်းတွေကြောင့် သူတော်စင် တွေနဲ့ ဉာဏ်အလင်းရ သူတော်စင် တွေက အရိုးပြာနယ်မြေ ကို ရှောင်ကြဉ်ကြပြီး ကြွယ်ဝတဲ့ အရင်းအမြစ်တွေကို ထုတ်ယူဖို့အတွက် စေလွှတ်လို့ မရနိုင်ခဲ့ပါဘူး..."

"တစ်ချိန်တည်းမှာပဲ လျှို့ဝှက်အရှင် အဆင့် မှာရှိတဲ့ သူတွေကလည်း အလွန် အန္တရာယ်များပြီး မတည်ငြိမ်တဲ့ လျှို့ဝှက်ကောင်းကင် အဆင့် ဒါမှမဟုတ် အထွတ်အထိပ် လျှို့ဝှက်လောက အဆင့် ကုန်ကြမ်းတွေကို မရယူနိုင်ကြပါဘူး... အဲဒါကြောင့် ပြင်းထန်တဲ့ ဒဏ်ရာရတာ ဒါမှမဟုတ် သေဆုံးတာမျိုး မဖြစ်အောင် အဲဒီကုန်ကြမ်းတွေနဲ့ အဆက်အသွယ် မလုပ်မိအောင် ရှောင်ကြဉ်ဖို့ ဖိအားပေးခံရပါတယ်... ဒီအကြောင်းပြချက်တွေကြောင့် အရိုးပြာနယ်မြေ ကို အများကြီး စူးစမ်းလေ့လာရခြင်း မရှိသေးတဲ့ ကောင်းကင် ရတနာသိုက် တစ်ခု အဖြစ် ယူဆနိုင်ပါတယ်..."

ဝေ့ဝူယင် ၏ မျက်လုံးများက ဉာဏ်အလင်းပွင့်ခြင်းနှင့် နားလည်သဘောပေါက်ခြင်း လက္ခဏာများဖြင့် တောက်ပသွား၏။

တစ်ချိန်တည်း၌... ကျိုးယီရင်သည်လည်း သူမ၏ နှလုံးသား နှစ်ချက်တိတိ အခုန်ရပ်သွားသကဲ့သို့ အပြည့်အဝ ခံစားလိုက်ရလေသည်။ ဤနယ်ခြားသား၏ သာမန် ယုတ္တိကို ဖီဆန်သော မယုံနိုင်လောက်အောင် ဆွဲဆောင်မှုရှိသည့် ချောမောခန့်ညားမှု အကြောင်းကို ကောလာဟလများ မှတစ်ဆင့်သာ သူမ ကြားဖူးခဲ့ခြင်း ဖြစ်၏။ သူမသည် ရှည်လျားသည့် သက်တမ်းနှင့် ကြီးမားလှသော အတွေ့အကြုံများကို ပိုင်ဆိုင်ထားသော်ငြားလည်း နှလုံးသားက တဆတ်ဆတ် ခုန်လှုပ်သွားခဲ့ရလေသည်။

"နားလည်ပါပြီ... သူ့ရဲ့ သားမြေးတွေ ကကော ဘာဖြစ်သွားလဲ..."

ဝေ့ဝူယင်က မေးလိုက်၏။ အထွတ်အထိပ် သူတော်စင် တစ်ပါးက သူတို့ သေဆုံးပြီးနောက် မွေးဖွားလာမည့် သားမြေးများ အတွက် ကောင်းကင်လောက တစ်ခုကို ချန်ရစ်ခဲ့ခြင်းမှာ အလွန် ကြီးကျယ်ခမ်းနားသော လုပ်ရပ်တစ်ခု ဖြစ်လေသည်။ ကျိုးယီရင် က ခံစားချက် အလွန်ကင်းမဲ့စွာဖြင့် ချက်ချင်း ပြန်ဖြေလိုက်၏။

"သုတ်သင်ရှင်းလင်း ခံလိုက်ရပါတယ်..."

***

အပိုင်း(၂၄၂၆)

ဝေ့ဝူယင် က အတွင်းစိတ်မှ သက်ပြင်းတစ်ချက်ချလိုက်မိသည်။ လူတစ်ယောက်သည် မသေဆုံးခင် သူ့ဘဝ၌ အကောင်းဆုံး အစီအစဉ်များ ချမှတ်ကောင်း ချမှတ်နိုင်ပေသည်။ သို့သော်လည်း... အသက်ရှင်နေသူများတွင် သေဆုံးသွားသူများထက် အမြဲတမ်း ပိုမိုများပြားသော နည်းလမ်းများ ရှိနေတတ်ပေသည်။

ကျိုးယီရင်က သူမ၏ နန်းတော်သခင် ကို မေးခွန်းထုတ်သည့် အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။ နန်းတော်သခင်က ဝေ့ဝူယင်ကို တစ်ချက် လှမ်းကြည့်ကာ တုန့်ပြန်လိုက်သည်။

"ကောင်းကင်ရှန့်ထို အာရုဏ်ဦး ဒီမှာ ရှိနေပြီဆိုတော့ သူ(မ) က မင်းကို အန္တရာယ်ပြုလောက်အောင် မိုက်မဲမှာ မဟုတ်ပါဘူး... ဟုတ်တယ် မလား..."

ဝေ့ဝူယင်မှာ အနည်းငယ် အံ့ဩသွားခဲ့၏။ ကျိုးယီရင်က ချိတ်ပိတ်ထားသော သို့မဟုတ် ကန့်သတ်ထားသော တားမြစ် သတင်းအချက်အလက်များ အကြောင်းကို ပြောဆိုလိုကြောင်း သူ သဘောပေါက်သွားလေသည်။ ယခင် ဥပဒေသများ ချိတ်ပိတ်ခံထားရချိန်တွင် အထွတ်အထိပ် သူတော်စင်များ အသုံးပြုသော လျှို့ဝှက်ဆန်းကြယ်သည့် နည်းလမ်းများကို ကာကွယ်ရန် နည်းလမ်း အနည်းငယ်သာ ရှိခဲ့၏။ သို့သော်... ယခုအခါ၌ သူ၏ စွမ်းရည်များကို အပြည့်အဝ ပြန်လည် ရရှိလာပြီ ဖြစ်ရာ စကားမပြောဘဲ ခေါင်းညိတ်ပြခြင်းဖြင့် ကျိုးယီရင် အား အာမခံချက် ပေးလိုက်လေသည်။

ချက်ချင်းပင် အင်ပါယာ ဥပဒေသ အပေါ် အဓိက အာဏာ သည် ပဲ့ထိန်းခန်းမ အတွင်းသို့ စိမ့်ဝင်သွား၏။ ပြင်းထန်သော တည်ရှိမှုတစ်ခုက ဝန်းကျင် တစ်ခုလုံးအား လွှမ်းခြုံလာသည်ကို မြင်တွေ့လိုက်ရသဖြင့် ကျိုးယီရင်က ယုံကြည်မှုရှိစွာဖြင့် ရှင်းပြလေသည်။

"မိုးကုပ်စက်ဝိုင်း ပိတ်ဆို့ခြင်း မျှော်စင်ရဲ့ မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင် က ကွယ်လွန်သူ မီးတောက်ချို နဲ့ ရေရှည် ရန်ငြိုးတစ်ခု ရှိခဲ့ပါတယ်... အဲဒါကြောင့် သူ သေဆုံးသွားတဲ့ အချိန်မှာ မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင်က သူ့ကို လူကိုယ်တိုင် တိုက်ခိုက်လို့ မရတော့တဲ့အတွက် ကျင့်ကြံသူ တစ်စုကို စုစည်းပြီး ရာစုနှစ်တစ်ခုစာ ကြာမြင့်မယ့် အမဲလိုက်မှု တစ်ခုကို စတင်ခဲ့ပါတယ်... အဲဒီအမဲလိုက်မှုက ခုနစ်ဆယ့်နှစ်နှစ်သာ ကြာမြင့်ခဲ့ပြီး ဂလက်ဆီ အတွင်းမှာရှိတဲ့ သူ့ရဲ့ သားမြေးတွေ အားလုံး သတ်ဖြတ်ခံလိုက်ရပါတယ်..."

"ဂလက်ဆီ တစ်ခုလုံးကလား..."

ဝေ့ဝူယင် အံ့အားသင့်သွား၏။

"ဒါက ဘယ်လို ရန်ငြိုးမျိုးလဲဗျာ..."

"အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်းမှာသာမကဘူး... ကွယ်လွန်သူ အထွတ်အထိပ် သူတော်စင် ရဲ့ မျိုးဆက် ၇၇ ဆက် အတွင်းမှာ ပါဝင်သရွေ့ ဂလက်ဆီ အပြင်ဘက်မှာ ရှိနေတဲ့ သူတွေနဲ့ ကျန်ရစ်နေတဲ့ သွေးမျိုးဆက် သားမြေးတွေ ရဲ့ ခေါင်းတွေအတွက်ပါ ဆုကြေးငွေ ထုတ်ထားခဲ့တာပါ..."

ကျိုးယီရင် က တည်ငြိမ်စွာ ရှင်းပြလေသည်။

“...”

"ဘယ်လို ရန်ငြိုးမျိုးကများ ဒီလောက်အထိ ကျယ်ပြန့်တဲ့ သုတ်သင်ရှင်းလင်းရေး နည်းလမ်းတွေကို လိုအပ်ရတာလဲ..."

ဝေ့ဝူယင်သည် မျိုးဆက် တစ်ခုလုံးကိုပင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ရဲသည့် ရက်စက်ကြမ်းကြုတ်မှုကြောင့် အံ့အားသင့်သွားခဲ့လေသည်။ ဤလုပ်ရပ်တွင် ဘီလီယံနှင့် မချီလျှင်တောင်မှ သန်းနှင့်ချီသော သက်ရှိများ ပါဝင်သွားရန် အလားအလာ များစွာ ရှိပေသည်။ ဂလက်ဆီ ၏ ကျယ်ဝန်းမှုကို ထည့်သွင်းစဉ်းစားပါက ၎င်းမှာ မဆိုသလောက်သာ ဖြစ်ပုံပေါ်နိုင်သော်လည်း၊ ကလေး ရာနှင့်ချီ ရှိတတ်သော သက်တမ်းရှည် သေမျိုး ကျင့်ကြံသူများ၏ သွေးမျိုးဆက်များ မည်သို့ အလုပ်လုပ်ပုံကို ထည့်သွင်းစဉ်းစားပါက ၎င်းမှာ ကြီးမားသော ခန့်မှန်းချက် တစ်ခု ဖြစ်လေသည်။

ဆိုလိုသည်မှာ...

"တချို့လူတွေ ပြောကြတာကတော့ မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင်ကို ဆယ်ကျော်သက် မိန်းမငယ်လေး တစ်ယောက်ရဲ့ အသွင်အပြင်ကို ထိန်းသိမ်းထားဖို့ ကြိုးစားနေတာနဲ့ ပတ်သက်ပြီး ရိုးရှင်းတဲ့ စော်ကားမှု တစ်ခုကနေ မြစ်ဖျားခံလာတယ် လို့ ဆိုပါတယ်... ဒါပေမဲ့ ကျွန်မတို့ စုဆောင်းထားတဲ့ အချက်အလက်တွေ အရတော့ သူတို့က သဘာဝ အတိုင်း မွေးဖွားလာတဲ့ ရတနာ တစ်ခုအတွက် ရက်ရက်စက်စက် ယှဉ်ပြိုင်ခဲ့ကြပြီး ကွယ်လွန်သူ အထွတ်အထိပ် သူတော်စင် က အနိုင်ရသွားခဲ့တာပါ... နှစ်ခုစလုံးလည်း ဖြစ်နိုင်သလို နှစ်ခုစလုံး မဟုတ်တာလည်း ဖြစ်နိုင်ပါတယ်... အထွတ်အထိပ် သူတော်စင် တစ်ပါး မဖြစ်လာခင်က သူ(မ)ရဲ့ ဂုဏ်သတင်းကို ထောက်ရှုကြည့်ရမယ် ဆိုရင် သူ(မ)က သူ အသက်ရှူပုံကို သဘောမကျတာလောက်လေးနဲ့တင် ဖြစ်သွားနိုင်ပါတယ်..."

မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင်သည် ဒေါသထွက်လွယ်ခြင်းနှင့် မထင်လျှင် မထင်သလို ဂြိုဟ်တစ်လုံးလုံးကို သတ်ဖြတ်တတ်သည့် ရက်စက်ကြမ်းကြုတ်မှုတို့ကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားကြောင်း ကျိုးယီရင် က ဝန်ခံလိုက်လေသည်။

သူမသည် တစ်ချိန်က ကြယ်တာရာနယ်မြေ တစ်ခုလုံးကို ဖျက်ဆီးပစ်ခဲ့ဖူးလေသည်။ အကြောင်းရင်းလား...။ သူမက ကြယ်ရောင်စုံသော ကောင်းကင်ကြီးကို ပိုမို ရှင်းလင်းစွာ ကြည့်ရှုလိုချိန်တွင် ၎င်း၏ နေမင်း က "တောက်ပလွန်း" နေသောကြောင့်ပင်။ ထိုမျှ ရိုးရှင်းပေသည်။

ဝေ့ဝူယင်သည် စဉ်းစားတွေးတောလျက် မျက်မှောင်ကြုတ်လိုက်သည်။ ယခင် မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့စဉ်က မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင် ၌ ကမ္မ အပြစ် အရိပ်အယောင် တစ်စုံတစ်ရာမျှ မရှိခဲ့ပေ။ သားမြေးများကို သုတ်သင်ရှင်းလင်းသော အဖြစ်အပျက်သည် ကောင်းကင် တာအိုများ ၏ စည်းမျဉ်းများအတွင်း မှန်ကန်သည်ဟု ယူဆကာ ခွင့်ပြုထားသော ကိစ္စရပ်တစ်ခု ဖြစ်၏။ အထူးသဖြင့် သူမသည် ကွယ်လွန်သူ မီးတောက်ချို နှင့် ဆက်စပ်နေသူများကိုသာ ပစ်မှတ်ထားခဲ့မည်ဆိုပါက ပို၍ပင် သေချာလေသည်။

မည်သို့ပင်ဆိုစေ... သူတို့အားလုံးသည် သူတို့ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မီးတောက်ချိုနှင့် ကမ္မရေစက် ဆက်နွယ်မှု အရိပ်အယောင်များ ရှိနေကြပြီး သူ၏ လုပ်ရပ်များမှ ပေါက်ဖွားလာသော ကပ်ဘေးတစ်ခုတွင် ပါဝင်ခံစားရမည် ဖြစ်၏။ ထိုသို့ ပြုလုပ်သူအပေါ် မည်သည့် နောက်ဆက်တွဲ အကျိုးဆက်မျှ ကျရောက်မည် မဟုတ်ပေ။

အပြစ်၊ ကံကြမ္မာ၊ ကမ္မ တို့နှင့် ပတ်သက်၍ ဝေ့ဝူယင်၏ အမြင်နှင့် နားလည်သဘောပေါက်မှု အရ ဆိုလျှင် ဤသည်မှာ သူမက ကောင်းကင် တာအိုများ ၏ စည်းမျဉ်းများနှင့် ကိုက်ညီသော မှန်ကန်သည့် ရန်ငြိုးများ သို့မဟုတ် ရည်ရွယ်ချက်များဖြင့် အမှန်တကယ် လှုပ်ရှားခဲ့ခြင်း ဖြစ်ကြောင်း ဆိုလိုပေသည်။ သို့မဟုတ်ပါက သူမသည် သူမ၏ ကမ္မ အပြစ် ကို တစ်နည်းနည်းဖြင့် ဖုံးကွယ်ထားခြင်းလည်း ဖြစ်နိုင်လေသည်။

ယခု သေချာ တွေးကြည့်သောအခါ...

မည်သည့် အထွတ်အထိပ် သူတော်စင် တွင်မျှ ကမ္မ အပြစ် သို့မဟုတ် ကမ္မ ကံကြမ္မာ လက္ခဏာ တစ်စုံတစ်ရာ မရှိခဲ့ကြပေ။ သူ မသိသေးသော အရာတစ်ခုခု ရှိနေသလော။ အကယ်၍ အထောက်အထားခိုင်လုံသော ခန့်မှန်းချက်တစ်ခု ပြုလုပ်ရမည်ဆိုလျှင် ကမ္မ အပြစ် သို့မဟုတ် ကမ္မ ကံကြမ္မာ သည်... ကောင်းကင်ငယ် ထဲတွင် ရှိနေခြင်းများ ဖြစ်နိုင်မည်လား။

ဝေ့ဝူယင်၏ မျက်လုံးများသည် ဖြစ်နိုင်ခြေရှိသော သီအိုရီ တစ်ခုကြောင့် တောက်ပသွားလေသည်။

မိုးကုပ်စက်ဝိုင်းများ နှင့် သူတို့၏ တာအို တရားဥပဒေ ထိန်းသိမ်းသူများ သည် အဂ္ဂိရတ်ပညာရှင် များ သက်သက် မဟုတ်ကြပေ။ သူတို့ထဲမှ အချို့မှာ သန့်စင်သော သူတော်စင်များ လည်း မဟုတ်ကြချေ။ သို့သော်... သူ ကိုယ်တိုင်လည်း သူတော်စင် မဟုတ်ပေ။ ထို့ကြောင့် သူက အကဲဖြတ်စရာ အကြောင်း မရှိပေ။

"ကောင်းကင်ရှန့်ထို အဆုံးမဲ့ ပိတ်ဆို့ခြင်း ကရော..."

ဤကိစ္စအပေါ် စူးခိုင်မင် ၏ ရပ်တည်ချက်ကို သိရှိလို၍ ဝေ့ဝူယင် က မေးလိုက်၏။

"သူက ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး သူရဲ့ ရပ်တည်ချက်ကို ဘယ်တုန်းကမှ ထုတ်မပြောခဲ့သလို မိုးကုပ်စက်ဝိုင်း မျှော်စင်တွေက ချမှတ်ထားတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မှု အတွက် ဖြေရှင်းဖို့ ကိုယ်ပိုင် အိတ်ကပ်ထဲကနေလည်း ဘာမှ မပေးခဲ့ဘူး... မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင်က စည်းမျဉ်း အများအပြား ချိုးဖောက်မှုအတွက် သူ(မ) ကိုယ်တိုင်ပဲ ပေးဆပ်ခဲ့တာပါ... သူက အဂ္ဂိရတ်ပညာရှင် တစ်ယောက်လည်း ဖြစ်ပြီး မိုးကုပ်စက်ဝိုင်း မျှော်စင် တစ်ခုရဲ့ တာအို တရားဥပဒေ ထိန်းသိမ်းသူ လည်း ဖြစ်နေတာကို ထည့်တွက်မယ်ဆိုရင် ဒီကိစ္စတွေကို ဖြေရှင်းဖို့ သူ့မှာ ရန်ပုံငွေ ပြတ်လပ်နေတာမျိုး မရှိပါဘူး..."

ကျိုးယီရင် ၏ စကားများသည် ကြားရသူ မည်သူ့ကိုမဆို ရိုးတွင်းခြင်ဆီထိ အေးစက်သွားစေမည် ဖြစ်၏။ သို့သော် ၎င်းတို့သည် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ ဦးဆောင် အဖွဲ့အစည်းများက ချမှတ်ထားသော စည်းမျဉ်းများသာ ဖြစ်ပေသည်။ ဗဟိုချုပ်ကိုင်မှုရှိသော အစိုးရ သို့မဟုတ် အင်ပါယာ စနစ် မရှိသောကြောင့် ပြင်ပအကြောင်းပြချက် အနည်းငယ်ဖြင့် ထိုသို့သော အဆင်အခြင်မဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများကို တားဆီးရန် မည်သည့် အာဏာပိုင်မျှ ရှိမနေခဲ့ပေ။

ကျိုးယီရင်သည် သူမ၏ ရင်ထဲတွင် လေးလံသော သက်ပြင်းတစ်ချက်ကို ချကာ ဆက်ပြောလေသည်။

“မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင် ထုတ်ပြန်ခဲ့တဲ့ ဆုကြေးငွေ စာချုပ် က လွန်ခဲ့တဲ့ နှစ်အနည်းငယ်တုန်းက ပြီးဆုံးသွားခဲ့ပြီ ဆိုတာ ညဉ့်ဦးယံ နိမိတ်ဖတ်သူများ က အတည်ပြုပေးခဲ့ပါတယ်... ၇၇ ဆက်မြောက် အထိ ပါဝင်တဲ့ အဲဒီ မျိုးဆက် သွေးမျိုးဆက် အတွင်းက သားမြေးတွေ အားလုံး သတ်ဖြတ်ခံခဲ့ရတယ်... ဒီကနေ့အထိ တစ်ယောက်မှ မကျန်ရစ်တော့ပါဘူး... အကယ်၍ တစ်ယောက်ယောက်က တစ်နည်းနည်းနဲ့ ရှင်ပြန်ထမြောက်လာရင်တောင် ဆုကြေးငွေ စာချုပ် က ပြန်ပြီး အသက်ဝင်လာဦးမှာပါ..."

ဝေ့ဝူယင် နှင့် တောက်ပသော ကြယ်နန်းတော်သခင် တို့၏ မျက်လုံးများသည် ပဲ့ထိန်းခန်းမ၏ ညာဘက် နံရံဆီသို့ ရွေ့လျားသွား၏။ ဝိညာဉ်အမြင် တစ်ခုသည် အောက်သို့ ဆင်းသက်လာလေသည်။ ထို့နောက် သူ၏ အင်ပါယာ ဥပဒေသ အော်ရာ ကို ဖိနှိပ်ကာ ဆင်းသက်မည့် ရည်ရွယ်ချက်ကို ရပ်တန့်စေခဲ့၏။ တည်ရှိမှုများ၏ အမည်နာမများနှင့် ဘွဲ့ထူးများသည် စွမ်းအားရှိကြပေသည်။ အထွတ်အထိပ် သူတော်စင် မဟုတ်သူများပင်လျှင် ပါဝင်လေသည်။ သူတို့၏ အမည်ကို ထုတ်ဖော်ပြောဆိုရုံမျှဖြင့် သူတို့၏ အာရုံစိုက်မှုကို ဆွဲဆောင်နိုင်သည် သို့မဟုတ် ချက်ချင်း သေဆုံးသွားစေနိုင်လောက်သော ပြင်းထန်သည့် တုံ့ပြန်မှု တစ်ခုကို ဖြစ်ပေါ်စေနိုင်ပေသည်။

အစောပိုင်းက ကောင်းကင် စွမ်းအား များ ပါဝင်သော သတ်ဖြတ်လိုသည့် ရည်ရွယ်ချက် တစ်ခုသည် ထိန်းချုပ်မှု ကင်းမဲ့စွာ ဆင်းသက်လာခဲ့၏။ ၎င်းသည် မိုးကုပ်စက်ဝိုင်းများက ဝေ့ဝူယင် ကို ဖိနှိပ်ရန် အသုံးပြုခဲ့သော စွမ်းအား အမျိုးအစားနှင့် တူညီပြီး သူတို့၏ လျှို့ဝှက်ကောင်းကင် အဆင့် မိုးကုပ်စက်ဝိုင်း မျှော်စင်များ မှ မြစ်ဖျားခံလာခြင်း ဖြစ်လေသည်။ ဝေ့ဝူယင်က ၎င်းကို တားဆီးလိုက်ပြီးနောက် မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင် ၏ ဝိညာဉ်အမြင် သည် ရက်စက်ကြမ်းကြုတ်သော သတ်ဖြတ်လိုသည့် အဟုန်ဖြင့် ထိုးဖောက်ဝင်ရောက်လာခဲ့၏။ ထို့နောက်... ဝေ့ဝူယင် ၏ အင်ပါယာ ဥပဒေသ အော်ရာ ကို ခံစားမိပြီးနောက်မှသာ ရပ်တန့်သွားခဲ့လေသည်။

သို့သော်လည်း... သူမက အေးစက်စွာ နှာခေါင်းတစ်ချက်တော့ ရှုံ့လိုက်သေး၏။

ဘုန်း...

ဟင်းလင်းပြင် သင်္ဘော သည် ပြောင်းပြန် လန်ကျသွားမတတ် အာကာသ လှိုင်းထန်မှု တစ်ခုကို ခံစားလိုက်ရလေသည်။ သင်္ဘောပေါ်ရှိ ကျင့်ကြံသူ များသည် အကြောက်တရားနှင့် တုန်လှုပ်မှုတို့ကြောင့် အော်ဟစ်ဆူညံသွားကြ၏။

ဝေ့ဝူယင်က လှမ်း၍ ကျိုးယီရင် ၏ ခါးကို ဖမ်းဆွဲလိုက်၏။ တောက်ပသော ကြယ်နန်းတော်သခင်သည် သူ၏ ချောမောသော မျက်နှာပေါ်တွင် မှုန်ကုပ်ကုပ် အမူအရာဖြင့် လက်ဟန်ချိပ်စည်း တစ်ခုကို ဖန်တီးလိုက်လေသည်။ ၎င်းက အပျက်အစီး အာကာသ ၏ အနက်ရှိုင်းဆုံး အပိုင်းသို့ တွန်းပို့ခံရလုနီးပါး ဖြစ်နေသော သင်္ဘောကို တည်ငြိမ်သွားစေခဲ့၏။ မကောင်းဆိုးဝါး ဖျက်ဆီးခြင်း အရှင်သခင် ၏ လှုပ်ရှားမှု တစ်ချက်တည်းက သူတို့ကို ကမောက်ကမ အဆုံးသတ် တစ်ခုဆီသို့ ပို့ဆောင်ရန် ကြိုးစားခဲ့ခြင်း ဖြစ်ပေသည်။

***

All Chapters