← Chapters

အခန်း (၂၄၃၁-၂၄၃၂)

Vol. 174 Ch. 2431-2432

အခန်း (၂၄၃၁-၂၄၃၂)

Vol. 174 Ch. 2431-2432

အပိုင်း(၂၄၃၁)

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီရှိ အင်အားစုအသီးသီးတို့တွင် အဂ္ဂိရတ် အဖွဲ့အစည်းများကို ရှင်းလင်းပြတ်သားစွာ သတ်မှတ်ထားလေသည်။ ၎င်းတို့၏ အဆင့်များကို အကယ်ဒမီများ၊ တက္ကသိုလ်များနှင့် မျှော်စင်များဟူ၍ ခွဲခြားထား၏။

အကယ်ဒမီများကို မြေကြီးရှန့်ထို အဂ္ဂိရတ်ပညာရှင်များက ဦးဆောင်ကြသည်။ သူတို့၏ အဂ္ဂိရတ် မျိုးဆက်များသည် သက်ဆိုင်ရာ အစွမ်းကုန် သန့်စင်ခြင်း ခန်းမဆောင်များ၏ 'စစ်မှန်မှု' နှင့် 'သင့်လျော်သော စံနှုန်း' ရှိကြောင်း အကဲဖြတ်မှုကို ရရှိထားသူများ ဖြစ်ကြလေသည်။ တက္ကသိုလ်များကိုမူ အဖြူရောင် ကောင်းကင်နှင့် မေ့ရှောင်ယန်တို့ကဲ့သို့သော လောကရှန့်ထို အဂ္ဂိရတ်ပညာရှင်များက ဦးဆောင်ကြသည်။ နောက်ဆုံးအနေဖြင့် မျှော်စင်များကို ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင်များကသာ အပိုင်စီး ကန့်သတ်ထားလေသည်။

အလွန်နည်းပါးသော ထူးခြားမှုများမှလွဲ၍ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီကို သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင်ရှိ ကြီးမားသော ဂလက်ဆီလေးခုအတွင်း၌ အဂ္ဂိရတ် တာအို၏ အထွတ်အထိပ်အဖြစ် သတ်မှတ်ထားကြလေသည်။

သူတို့တွင် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ခုနစ်ဦးသာ ရှိသည်မဟုတ်ဘဲ များစွာ ပိုမို ရှိနေခဲ့သည်။ ထို့ပြင် အခြားသော 'တရားမဝင်' မျှော်စင်အဆင့် အင်အားစုများလည်း ရှိနေသေး၏။ 'များစွာ ပိုမိုရှိနေခြင်း' ဆိုသည်မှာ ရှေးဟောင်း မိုးကုပ်စက်ဝိုင်း အပါအဝင် အနားယူသွားကြပြီဖြစ်သော မိုးကုပ်စက်ဝိုင်းများကို ရည်ညွှန်းခြင်း ဖြစ်လေသည်။

မဟာ ပေါင်းစည်းခြင်း အဂ္ဂိရတ် ရှန့်ထိုမှ ဦးဆောင်သော မဟာ ပေါင်းစည်းခြင်း သူတော်စင် မျှော်စင်သည် ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခုတွင် ပါဝင်လေသည်။ သူတို့အားလုံးသည် ဂလက်ဆီမှ 'အဆင့်နိမ့်သည်' ဟု သတ်မှတ်ထားသော အဂ္ဂိရတ် မျိုးဆက်များကို ပိုင်ဆိုင်ထားကြပြီး အစွမ်းကုန် မျှော်စင် ခုနစ်ခုနှင့် ယှဉ်ပြိုင်ရသော ဥဿုံ အဂ္ဂိရတ် တိုက်ပွဲတိုင်းတွင် ရှုံးနိမ့်ခဲ့သော်ငြား အထွတ်အထိပ် သူတော်စင်များအဖြစ် သူတို့၏ စွမ်းအားကို အသုံးပြုကာ မျှော်စင်တစ်ခုအဖြစ် ရပ်တည်နိုင်ရန် ရဲတင်းစွာ ထိန်းသိမ်းထားနိုင်ခဲ့ကြသည်။ ထို့ကြောင့် ဤအရာက ဂလက်ဆီအတွင်း၌ ရေပန်းစားသော ဆွေးနွေးစရာ ခေါင်းစဉ်တစ်ခု ဖြစ်နေခဲ့၏။

သို့သော်ငြားလည်း သူတို့၏ လျှို့ဝှက်ကောင်းကင် အဆင့်ရှိ မျိုးဆက် ထုတ်ကုန်များသည် အချို့သော အထွတ်အထိပ် လျှို့ဝှက်လောက အဆင့် အဂ္ဂိရတ် ထုတ်ကုန်များထက်ပင် နိမ့်ကျနေလေ့ရှိသည်။ ထို့ကြောင့် သူတို့ကို အဘယ်ကြောင့် ဤသို့ သတ်မှတ်ရကြောင်းကို နားလည်ရန် မခက်ခဲလှချေ။

ထို့အပြင် ထိုကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် အများစုသည် အထွတ်အထိပ် သူတော်စင်များ ဖြစ်ကြလေသည်။ သူတို့တွင် အဂ္ဂိရတ် ဝိညာဉ် မရှိကြချေ။

တစ်ချိန်တည်းမှာပင် မိုးကုပ်စက်ဝိုင်း တစ်ယောက်ချင်းစီသည် တစ်နည်းမဟုတ်တစ်နည်းဖြင့် အဂ္ဂိရတ် ဝိညာဉ်ကို ပိုင်ဆိုင်ထားသော အဂ္ဂိရတ်ပညာရှင်များ ဖြစ်ကြသည်။ သူတို့သည် အလွန်တရာ အံ့မခန်း ဖြစ်ဖွယ် ကောင်းလေသည်။ ဗလာနယ်မြေလို ကြမ်းတမ်းသော ပတ်ဝန်းကျင်အခြေအနေမျိုး၌ အမိန့်တော် ဆေးရည်များနှင့် လျှို့ဝှက်ဝိညာဉ်အင်အား ဆေးလုံးတို့ကို ကြီးမားသော အောင်မြင်မှုများဖြင့် မည်သို့ ဖော်စပ်နိုင်ခဲ့ကြောင်းကပင်လျှင် သက်သေဖြစ်လေသည်။ ကျင့်ကြံခြင်း အခြေခံများ မည်သို့ပင် ရှိစေကာမူ သူတို့ တစ်ဦးစီသည် မည်မျှလောက် ကြောက်မက်ဖွယ် ကောင်းကြောင်းကို ပြသနေပေသည်။ သူတို့သည် အဂ္ဂိရတ် တာအို၏ လူသားပုံစံယူထားသော မိစ္ဆာပညာရှင်များ အစစ်အမှန်ပင် ဖြစ်ကြလေသည်။

ဉာဏ်အလင်းရ သူတော်စင် နွေဦးကွင်းပြင်ထံမှ သူရရှိထားခဲ့သော အကန့်အသတ်ရှိသည့် အသိပညာအပေါ် အခြေခံ၍ ဝေ့ဝူယင်ပင်လျှင် သူတို့ကို တရားမျှတစွာ အနိုင်ယူရန်မှာ လုံးဝ မဖြစ်နိုင်ကြောင်း သုံးသပ်ထားခဲ့လေသည်။

အကယ်၍ မရေမတွက်နိုင်သည့် အားသာချက်များ၊ အတုမဲ့ ဖန်တီးခြင်း အဂ္ဂိရတ် ကြယ်တာရာများမှ ရရှိသော အားသာချက်များနှင့် သူတို့၏ လွန်ကဲသော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုများသာ မရှိခဲ့ပါက သူသည် အခက်အခဲ တွေ့နိုင်ပေသည်။

ဂလက်ဆီ အစုအဝေး တစ်ခုလုံးအတွင်းရှိ အဂ္ဂိရတ် တာအို၏ ရှေ့ဆောင် အာဏာပိုင်များ ဖြစ်လာခဲ့ခြင်းမှာ ခိုင်လုံသော အကြောင်းပြချက် ရှိနေသောကြောင့်ပင် ဖြစ်သည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီတွင် အမည်ခံ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် အယောက် နှစ်ဆယ်၊ သုံးဆယ်မျှသာ ရှိသည်မဟုတ်ပေ။ များစွာသော ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင်များသည် အထွတ်အထိပ် သူတော်စင်များလည်း ဖြစ်နေကြသောကြောင့် သူတို့သည် သေဆုံးလေ့ မရှိကြချေ။ ထို့ကြောင့် ဂဏန်းသုံးလုံး အရေအတွက်အထိ ရောက်ရှိသွားသော မယုံနိုင်စရာကောင်းသည့် အရေအတွက်တစ်ခုကို ဖန်တီးနိုင်ခဲ့ကြလေသည်။

သူတို့ထဲမှ အများစုသည် သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင်ရှိ အခြားသော ကြီးမားသည့် ဂလက်ဆီ သုံးခုထဲသို့ ဝင်ရောက်ရန် ထွက်ခွာသွားကြသည်။ သို့သော်လည်း... ဂလက်ဆီများအကြားရှိ ကျယ်ပြောလှသော ဟင်းလင်းပြင် ကာသ အတွင်း၌ သူတို့၏ ကိုယ်ပိုင် ကောင်းကင်လောကများကို သီးခြား တည်ထောင်ရန် ထွက်ခွာသွားကြသူများလည်း ရှိလေသည်။ သို့တိုင်အောင် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၌ လှုပ်ရှားနေသည့် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် အနည်းဆုံး သုံးဒါဇင်ခန့်တော့ ရှိနေဆဲ ဖြစ်၏။

ထိုအထဲမှ နှစ်ဒါဇင်ကျော်မှာ အထွတ်အထိပ် သူတော်စင်များ ဖြစ်ကြလေသည်။ သူတို့ထဲမှ တစ်ဦးမှာ စူးဟောင်ရန် ဖြစ်သည်။ နောက်တစ်ဦးမှာ ဆင်ကျား အရှင်သခင် ဖြစ်လေသည်။ စောစောက ကောင်းကင်ရှန့်ထို ကောင်းကင်သန့်စင်ခြင်း ကို ပေါက်ကွဲမှုမှ ကယ်တင်ခဲ့သော သူမ၏ အတွေ့အကြုံက ဤကဲ့သို့သော နောက်ပြန်ရိုက်ခတ်မှုများကို ကိုင်တွယ်ဖြေရှင်းရာ၌ သူမ၏ ကျွမ်းကျင်ရင်းနှီးမှုကို ရှင်းလင်းစွာ ပြသနေလေသည်။

မိုးကုပ်စက်ဝိုင်းများ၏ တာအို တရားဥပဒေ ထိန်းသိမ်းသူ ကိုးဦးအနက် သုံးဦးမှာ အဂ္ဂိရတ် တာအို၏ ပြဋ္ဌာန်းချက်အရ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင်များ ဖြစ်ကြသည်။ သူတို့သည် မကြာခဏဆိုသလို မိမိတို့၏ မိုးကုပ်စက်ဝိုင်းများအတွက် လက်ထောက်များအဖြစ် ဆောင်ရွက်လေ့ရှိကြ၏။ သို့သော်လည်း သူတို့ကို အဆင့်နိမ့်သော အမျိုးအစားများထဲတွင် ပါဝင်သည်ဟု သတ်မှတ်ထားသောကြောင့် သူတို့၏ အဆင့်အတန်းကို ကြွားလုံးထုတ်လေ့ မရှိကြချေ။

ထို့အပြင် ထိုအချက်ကို သူတို့ကိုယ်တိုင်လည်း သိရှိထားကြလေသည်။ ၎င်းက သူတို့အတွက် ဂုဏ်ယူစရာ ကိစ္စတစ်ခု မဟုတ်ခဲ့ပေ။

အထွတ်အထိပ် သူတော်စင်များနှင့် ပတ်သက်၍မူ... သူတို့၏ အရေအတွက်မှာ ပို၍ပင် များပြားလှပေသည်။ သို့သော်လည်း... လက်ရှိ တည်ရှိနေသူများအနက် ရှစ်ဆယ်ရာခိုင်နှုန်းကျော်သည် ကောင်းကင်ငယ် အဆင့် တွင် သူတို့၏ ကျင့်ကြံခြင်းကို ခိုင်မာအောင် မတည်ဆောက်နိုင်ကြသေးချေ။ ထို့ကြောင့် တိုးတက်မှု အနည်းငယ်မျှ ရရှိရန်အတွက် တံခါးပိတ် ကျင့်ကြံခြင်းကို ပြုလုပ်နေကြရလေသည်။

ဤသည်မှာ အဓိက ပြဿနာတစ်ရပ် ဖြစ်လေသည်။ လျှို့ဝှက် ဝိညာဉ်အင်အား ဆေးလုံး ကဲ့သို့သော အရည်အသွေးမြင့် ထုတ်ကုန်များကို ပုံမှန် ထောက်ပံ့ပေးမှု မရှိပါက သို့မဟုတ် အစစ်အမှန် ဝိညာဉ် ကျင့်စဉ် တစ်ခုကို ရရှိထားခြင်း မရှိပါက သူတို့သည် မကြာခဏဆိုသလို အခက်ခဲဆုံးသော အခြေခံ ခိုင်မာမှု တည်ဆောက်ခြင်း လမ်းကြောင်းဖြင့်သာ တစ်ဆို့နေတတ်ကြလေသည်။ ယင်းမှာ စွမ်းအင်နှင့် အမတေတို့ကို အကြမ်းထည် တိုက်ရိုက် သွင်းယူခြင်းပင် ဖြစ်၏။

ဤသည်မှာ ချီပျစ်ခဲခြင်း အဆင့် ကျင့်ကြံသူ တစ်ဦးက လောကကြီးထဲမှ အမတေကို သာလျှင် စုပ်ယူ၍ ကျင့်ကြံခြင်းနှင့် မခြားနားပေ။ ၎င်းသည် ကြယ်တာရာ အမတေ မဟုတ်ဘဲ အနိမ့်ဆုံးပုံစံရှိသော သေမျိုး အမတေ သာ ဖြစ်ပေလိမ့်မည်။ ထိုအခါ သူတို့၏ ကျင့်ကြံခြင်း လမ်းကြောင်းနှင့် အဆင့် တိုးတက်မှုသည် လွန်စွာမှ နှေးကွေးနေပေလိမ့်မည်။ ဤသည်မှာ မျှော်လင့်ထားပြီးသား ကိစ္စပင် ဖြစ်လေသည်။

ကျင့်ကြံသူများနှင့် အထွတ်အထိပ် သူတော်စင်များ၏ အချိုးအစားမှာ ရူးသွပ်လောက်အောင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ကြီးမားသော ဂလက်ဆီတစ်ခုလုံးတွင် အစစ်အမှန် သူတော်စင်များ သို့မဟုတ် ၎င်းထက် ပိုမိုမြင့်မားသူများ၏ အရေအတွက်မှာ ထောင်ဂဏန်းအတွင်း၌သာ ရှိနေပေသည်။

အဆင့်တက်ရန် အခွင့်အလမ်းများမှာ ရှားပါးလှသည်။ ထို့အပြင် ပိုမိုမြင့်မားသော အဆင့်ရှိ အရင်းအမြစ်များကို အထွတ်အထိပ် သူတော်စင်များက သူတို့၏ ကျင့်ကြံခြင်း လိုအပ်ချက်များအတွက် အသုံးပြုရန်နှင့် ပိုမိုမြင့်မားသော အဆင့်သို့ တက်လှမ်းနိုင်ရန်အတွက် သိမ်းဆည်းထားလေ့ရှိကြသည်။ ထို့ကြောင့်ပင် အဆင့်နိမ့် ကျင့်ကြံသူများ အတွင် အခွင့်အလမ်းမှာ ပို၍ပင် နည်းပါးလာခဲ့သည်။

ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခုတွင် ကောင်းကင် ဖခင်များနှင့် မိခင်များ ခုနစ်ပါး ရှိလေသည်။ သူတို့၏ အငြင်းပွားဖွယ်ရာ အနေအထားများအရ ၎င်းသည် အတော်လေး ခမ်းနားကြီးကျယ်သော ဘွဲ့အမည်တစ်ခု ဖြစ်နေ၏။

သူတို့အထဲတွင် ဖခင် သူတော်စင် လေးပါးနှင့် မိခင် သူတော်စင် သုံးပါး ပါဝင်လေသည်။ ၎င်းတို့မှာ သစ်ချပင်ဖခင်၊ ကောင်းကင်ဖခင်၊ ပင်လယ်ဖခင်၊ ဖခင်လေး၊ မိုးမိခင်၊ မြေကမ္ဘာမိခင် နှင့် အမှောင်မိခင် တို့ ဖြစ်ကြသည်။ သူတို့အားလုံးသည် ကောင်းကင် အဂ္ဂိရတ် ရှန့်ထိုများ ဖြစ်ကြလေသည်။

သူတို့သည် ဂလက်ဆီဇုံများ ကြားရှိ သူတို့၏ ကိုယ်ပိုင် ကောင်းကင် နယ်မြေနှင့် လောက နယ်မြေ ခြောက်ခုကို အုပ်စိုးကြသည်။ မိုးကုပ်စက်ဝိုင်း မျှော်စင် ခုနစ်ခု၏ မိုးကုပ်စက်ဝိုင်းများ ပိုင်ဆိုင်သော ဂလက်ဆီဇုံများ၏ 'အပြင်ဘက်' တွင်ရှိနေသူများအဖြစ် မိမိတို့ကိုယ်ကို သီးခြားလွတ်လပ်စွာ တည်ထောင်ထားကြလေသည်။

သူတို့သည် ဂလက်ဆီအတွင်းရှိ အခြားသော အဖွဲ့အစည်းများနှင့်အတူ အဆင့်နိမ့် ဂလက်ဆီများဖြင့် မကြာခဏဆိုသလို အရောင်းအဝယ် ပြုလုပ်လေ့ရှိကြသည်။

ဝေ့ဝူယင် သိထားသလောက် ယင်ယန် တာအို ပေါင်းစည်းခြင်း ဆေးလုံးများသည် ကောင်းကင်ဖခင်နှင့် မြေကမ္ဘာမိခင်တို့ ပူးပေါင်း ဖန်တီးထားသော ထုတ်ကုန်များ ဖြစ်လေသည်။ သူတို့သည် အထွတ်အထိပ် သူတော်စင် အဆင့်ရှိ ရှားပါးလှသော တာအိုလက်တွဲဖော်များထဲမှ တစ်တွဲ ဖြစ်ကြသည်။

သစ်ချပင်ဖခင် အရှင်သခင်နှင့် ပတ်သက်၍မူ သူသည် တောက်ပသောကြယ် နန်းတော်သခင်၏ မဟာမိတ် တစ်ဦး ဖြစ်လေသည်။ သို့သော် အငြင်းပွားဖွယ်ရာ အခြေအနေများကြောင့် သူ၏ လက်အောက်ငယ်သားများ ပင်လျှင် သူ့ကို ကောင်းကင်ရှန့်ထို သစ်ချပင်ဖခင် ဟု ခေါ်ဝေါ်ရန် မရဲဝံ့ကြချေ။

မိုးကုပ်စက်ဝိုင်းများသည် ဂလက်ဆီအတွင်း၌သာ အဓိက သီးသန့် လှုပ်ရှားလေ့ရှိကြသောကြောင့် တောက်ပသောကြယ် နန်းတော်နှင့် လွန်ကဲစွာ ပတ်သက်လေ့ မရှိကြပေ။ အကယ်၍ တစ်စုံတစ်ယောက်သည် ကုန်ပစ္စည်း တစ်ခုခုကို သူတို့ထံ ပို့ဆောင်ပေးရန် လိုအပ်ပါက ထိုသူတို့ကသာ အစောင့်အရှောက်များ သို့မဟုတ် တောက်ပသောကြယ် နန်းတော်၏ ကြယ်တာရာ တံတား အတွက် ငွေပေးချေရမည် ဖြစ်သည်။ မိုးကုပ်စက်ဝိုင်းများက ပေးချေမည် မဟုတ်ချေ။ သူတို့သည် ၎င်းကို အနီးအနားရှိ ပစ္စည်းလက်ခံမည့် နေရာတစ်ခုသို့သာ သွားရောက် ပို့ဆောင်ပေးမည် ဖြစ်သည်။

သို့သော်ငြားလည်း ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခု ကဲ့သို့သော အဖွဲ့အစည်းများသည် အဆင့်နိမ့် ဂလက်ဆီများနှင့် မကြာခဏ ပတ်သက်ဆက်နွှယ်လေ့ရှိကြသည်။ ထို့ပြင် ဟင်းလင်းပြင် ပင်လယ်ဓားပြများနှင့် ဟင်းလင်းပြင် မုဆိုးများ ကဲ့သို့ ဂလက်ဆီ နယ်မြေများ၏ အပြင်ဘက်တွင် တည်ရှိနေသော အဖွဲ့အစည်းများနှင့်လည်း ဆက်နွှယ်မှု ရှိကြလေသည်။

ထို့ကြောင့် တောက်ပသောကြယ် နန်းတော်သခင်သည် အခြားသော အထွတ်အထိပ် သူတော်စင်များ၊ အစစ်အမှန် သူတော်စင်များနှင့် လျှို့ဝှက်အရှင် အဆင့်ရှိ အင်အားစုများနှင့် များပြားလှသော ဆက်ဆံရေးများ ရှိခဲ့လေသည်။ ယင်းကပင် သူ့ကို သိသာထင်ရှားသော ယုံကြည်မှုနှင့် နာမည်ကျော်ကြားမှုတို့ကို ရရှိစေခဲ့၏။ အဆင့်နိမ့် ဂလက်ဆီများ၏ ခေါင်းဆောင်များပင်လျှင် သူတို့၏ နာမည်နှင့် ကျော်ကြားလှသော ကြယ်တာရာ တံတားကို သိရှိပြီး ယုံကြည်ကြလေသည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း၌ အဂ္ဂိရတ်ပညာ မသုံးသော ထိပ်တန်း အဖွဲ့အစည်းများထဲတွင် အထွတ်အထိပ် တည်ရှိမှုများကို ပိုင်ဆိုင်ထားသော အဖွဲ့အစည်းများ ရှိကြသည်။ အများပြည်သူ၏ အမြင်မှ ရှောင်ရှားလေ့ရှိကြသော ပုရောဟိတ်များ၊ နိမိတ်ဖတ် ပညာရှင်များနှင့် အာရပ်နစ် မျိုးနွယ်စုများကို ချန်လှပ်ထားပါက ကျန်ရှိနေသော အဖွဲ့အစည်းများကို ကြယ်တာရာ နန်းတော် ခုနစ်ခုနှင့် ပြိုင်ဘက်ကင်း စံအိမ် ခုနစ်ခု ဟု လူသိများကြလေသည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ အတွင်း၌ 'ခုနစ်' ဟူသော ဂဏန်းသည် လွန်စွာ ရိုသေလေးစားဖွယ် အဓိပ္ပာယ်ကို ဆောင်လေသည်။ နာမည်ကျော်ကြားလှသော ဂလက်ဆီ အလိုက် အဆင့်သတ်မှတ်ချက်များတွင်ပင် ကောင်းကင်ခုနစ်ခု အဂ္ဂိရတ် အဆင့်သတ်မှတ်ချက် ကဲ့သို့သော ခုနစ်၊ ခုနစ်ဆယ့်ခုနစ် သို့မဟုတ် ခုနစ်ရာ့ခုနစ်ဆယ့်ခုနစ် စာရင်းများသာ ပါဝင်လေသည်။

ထိပ်တန်း နန်းတော် ခုနစ်ခုမှာ- တောက်ပသောကြယ် နန်းတော်၊ ရွှေရောင်ပျားရည် ကြယ်တာရာ နန်းတော်၊ သံမဏိ ကြယ်တာရာ နန်းတော်၊ အဆုံးမဲ့ ကြယ်တာရာ နန်းတော်၊ အဖြူရောင် ကြယ်တာရာ နန်းတော်၊ ကြေမွ ကြယ်တာရာ နန်းတော် နှင့် အဆောင် ကြယ်တာရာ နန်းတော် တို့ ဖြစ်ကြသည်။

ထိပ်တန်း စံအိမ် ခုနစ်ခုမှာ- ပြိုင်ဘက်ကင်း ဓား စံအိမ်၊ ပြိုင်ဘက်ကင်း လမင်း စံအိမ်၊ ပြိုင်ဘက်ကင်း အရိပ် စံအိမ်၊ ပြိုင်ဘက်ကင်း မူလ စံအိမ်၊ ပြိုင်ဘက်ကင်း ကမ္ဘာနှင့်ကောင်းကင် စံအိမ်၊ ပြိုင်ဘက်ကင်း ကံကြမ္မာ စံအိမ် နှင့် ပြိုင်ဘက်ကင်း အဆိပ် စံအိမ် တို့ ဖြစ်ကြသည်။

ပြိုင်ဘက်ကင်း မူလ စံအိမ်သည် ထိပ်တန်း ခုနစ်ခုအနက် ဒုတိယ နေရာတွင် ရပ်တည်နေသည်။ တစ်ချိန်တည်း၌ ထိပ်တန်း စံအိမ် ခုနစ်ခုအနက် ဆဋ္ဌမ နေရာတွင် ရပ်တည်နေသော ပြိုင်ဘက်ကင်း ကမ္ဘာနှင့်ကောင်းကင် စံအိမ် ကိုမူ သူတို့၏ သမီးဖြစ်သူ ကြာပန်းနှစ်မွှာ အရှင်သခင် က ဦးဆောင်ပြီး ကောင်းကင်ရှန့်ထို ကောင်းကင် ဖခင်နှင့် ကောင်းကင်ရှန့်ထို မြေကမ္ဘာ မိခင် နှစ်ဦးစလုံး၏ ပေါ်တင် ကျောထောက်နောက်ခံပြုမှုကို ရရှိထားလေသည်။

သူတို့သည် အထွတ်အထိပ် သူတော်စင် တစ်ဦး၊ နှစ်ဦး မဟုတ်ဘဲ သုံးဦးအထိ ရှိသော မိသားစုတစ်ခု ဖြစ်လေသည်။ ကံမကောင်းစွာဖြင့်ပင် ခွဲခြားသတ်မှတ်ထားသော အဆင့်အတန်းများကြောင့် ပြိုင်ဘက်ကင်း ကမ္ဘာနှင့်ကောင်းကင် စံအိမ် တွင် တရားဝင်အားဖြင့် အထွတ်အထိပ် သူတော်စင် တစ်ဦးတည်းသာ ရှိလေသည်။

အမှောင် ဟင်းလင်းပြင် ကို ဖြတ်သန်း ခရီးသွားနေစဉ် တောက်ပသောကြယ် နန်းတော်သခင်သည် သူတို့ တွေ့ဆုံမည့် ကျင့်ကြံသူများအကြောင်း အကျဉ်းချုပ်ကို ဝိညာဉ်သဝဏ်လွှာဖြင့် ဝေ့ဝူယင်ထံ ပေးပို့လိုက်သည်။ ထိုအထဲတွင် သူတို့၏ စရိုက်လက္ခဏာများနှင့် တောက်ပသောကြယ် နန်းတော်နှင့် ပတ်သက်သည့် ဆက်ဆံရေးများ ပါဝင်လေသည်။

'နောက်ဆုံးတော့ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ရဲ့ အထက်တန်းလွှာတွေနဲ့ တွေ့ဆုံရမယ့် အချိန် ရောက်လာပြီပဲ....'

***

အပိုင်း(၂၄၃၂)

ကြီးမားလှသော ဂလက်ဆီတစ်ခု၏ ဆက်ဆံရေးများနှင့် ပတ်သက်လာလျှင် ရှုပ်ထွေးမှုများမှာ အလွန်များပြားကျယ်ပြန့်လှသည်။ အထူးသဖြင့် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီကဲ့သို့ သက်တမ်းကြာရှည်ပြီး အကျိုးအမြတ်ကို အဓိကထားသော ဂလက်ဆီမျိုးအတွက် ဆိုလျှင် ပို၍ပင် မှန်ကန်လေသည်။

ထို့အပြင်.. အဂ္ဂိရတ် တာအိုကို တိုးတက်စေလိုသော ဆန္ဒဖြင့် ထိန်းသိမ်းထားသော ကြားနေ ရပ်တည်ချက်ကြောင့် ထိုရှုပ်ထွေးမှုများမှာ သာမန်ထက် များစွာ ပိုမို နက်နဲလှပေသည်။ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီသည် ကြားနေ ရပ်တည်ချက်ကို ယူထားသော်လည်း သူတို့ကို အစစ်အမှန် ကြားနေသည်ဟု မယူဆနိုင်ပေ။

လောက၊ မြေကြီး နှင့် ကောင်းကင် ဟူသော အဆင့်သုံးဆင့်ရှိ အဂ္ဂိရတ် ရှန့်ထိုများထဲမှ မိုးကုပ်စက်ဝိုင်း ခုနစ်ခု၏ တက်ကြွလှုပ်ရှားနေသော မျိုးဆက်တွင် မပါဝင်သူများသည် မကြာခဏဆိုသလို နယ်ခြားရေး ကိစ္စရပ်များနှင့် ဆက်နွှယ်ပတ်သက်လေ့ ရှိကြလေသည်။

ဤနေရာတွင် 'တက်ကြွလှုပ်ရှားနေသော' ဆိုသည့် စကားလုံးကို ရှင်းလင်းပြသင့်သည်။ ၎င်းမှာ လက်ရှိ မိုးကုပ်စက်ဝိုင်းများ အတွက် တာဝန်ယူထားသူများကိုသာ ဆိုလိုပေသည်။

အနားယူသွားကြပြီဖြစ်သော မိုးကုပ်စက်ဝိုင်းများ၊ တစ်နေ့တစ်ချိန်တွင် ဂလက်ဆီကို စိုးမိုးနိုင်ဖို့ အတွက် မိမိတို့၏ အမွေအနှစ် ဂိုဏ်းများကို တည်ထောင်ရန်အတွက် အခြား ကြီးမားသော ဂလက်ဆီ သုံးခုသို့ ထွက်ခွာသွားကြသော အရှင်သခင် သူရဲကောင်းများ သို့မဟုတ် ဂလက်ဆီများအနီးတွင် ကိုယ်ပိုင်လောကများကို တည်ထောင်ထားပြီး ဂလက်ဆီအသစ် တစ်ခုကို တည်ထောင်ရန် မျှော်လင့်ချက် အနည်းငယ်နှင့်အတူ ကြီးကျယ်သော ရည်မှန်းချက်ကို သယ်ဆောင်ထားကြသည့် အထွတ်အထိပ် သူတော်စင်များ ကဲ့သို့သော စွမ်းအားရှင် အများအပြား ရှိလေသည်။ သူတို့ထဲမှ အများစုမှာ အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီတွင် လှုပ်ရှားနေသူများနှင့် ဆက်နွှယ်မှုများ ရှိကြလေသည်။

ဂလက်ဆီအတွင်းရှိ ရေအောက်ရေစီးကြောင်းများသည် နက်ရှိုင်းပြီး မှန်းဆ၍ မရနိုင်ချေ။ ထိုမျှသာမက သူတို့၏ နယ်မြေအပေါ် ကိုယ်ပိုင် ဆန္ဒများကို လွှမ်းမိုးကာ စည်းကမ်းများနှင့် ရိုးရာဓလေ့များကို ပြောင်းလဲလိုသော နယ်ခြားသားများအပေါ် ပြင်းထန်သော ရန်လိုမှုများလည်း ရှိကြလေသည်။ ထိုတားမြစ်ချက်ကို အဂ္ဂိရတ်ပညာရှင်များ အပေါ်၌မူ လွန်ကဲစွာ ဘက်လိုက်သော ချွင်းချက်တစ်ခုဖြင့် ရက်စက်စွာ ကျင့်သုံးခဲ့သည်။

အကယ်၍ ဝေ့ဝူယင်သာ ထူးခြားသော အဂ္ဂိရတ် မျိုးဆက်တစ်ခုရှိသည့် လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦးအနေဖြင့် အဓိက အခန်းကဏ္ဍမှ ဧည့်သည်တစ်ဦးအဖြစ် ပြုမူကာ သူ၏ သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများကို ပွင့်လင်းစွာ မပြသခဲ့ပါက သူတို့သည် သူ့ကို ယဉ်ကျေးစွာ ငြင်းပယ်ခဲ့ကြမည် ဖြစ်သည်။ အစကတည်းက သူတို့သည် သူ၏ အဂ္ဂိရတ် တာအိုကို လောဘတကြီး လိုချင်နေခဲ့ကြပြီး ၎င်းကို သိမ်းပိုက်ရန် အလွန်အမင်း အကွက်ချ ကြံစည်နေခဲ့ကြလေသည်။

လျှို့ဝှက် ကစားပွဲမှသည် ဥဿုံ အဂ္ဂိရတ် တိုက်ပွဲအထိ သူတို့ချမှတ်ခဲ့သော ဆုံးဖြတ်ချက် သေးသေးလေးတိုင်းသည် ဝေ့ဝူယင်၏ အဂ္ဂိရတ် မျိုးဆက်ကို သူတို့၏ မျိုးဆက်အတွင်းသို့ စုပ်ယူ ပေါင်းစည်းလိုသော ဆန္ဒများကြောင့်ပင် ဖြစ်သည်။

နောက်ဆုံးတွင် အကောင်းဆုံး မဟုတ်သော်ငြား သူတို့၏ ရည်မှန်းချက် အောင်မြင်ခဲ့လေသည်။ အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင်သည် သူတို့၏ အဂ္ဂိရတ် တာအိုကို အားဖြည့်ပေးနိုင်သည့် အခြားသော မျှော်စင်အဆင့် အင်အားစုတစ်ခုသာ ဖြစ်လာခဲ့သည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ၏ နယ်ခြားသားများအပေါ် ထားရှိသည့် ရပ်တည်ချက်သည် ယေဘုယျအားဖြင့် ကြီးမားသော ဂလက်ဆီတိုင်းအတွက်လည်း အတူတူပင် ဖြစ်သည်။ ၎င်းက ဝေ့ဝူယင်သည် အင်ပါယာ အရှင်သခင် တစ်ဦးဖြစ်သည့် သူ၏ ကျင့်ကြံခြင်းကို ဖုံးကွယ်ထားကာ အဂ္ဂိရတ်ပညာရှင် တစ်ဦးဟူသော အထောက်အထားကို အချိန်တိုင်း ရှေ့တန်းတင်ထားခဲ့ရသည့် အကြောင်းရင်းများထဲမှ တစ်ခုပင် ဖြစ်သည်။

အကယ်၍ သူသာ ရန်လိုစွာ ပြုမူပြီး နယ်မြေ စိုးမိုးမှုကို တည်ထောင်ရန် ကြိုးစားခဲ့ပါက တာအို တရားဥပဒေ ထိန်းသိမ်းသူများ၊ အရှင်သခင် သူရဲကောင်းများနှင့် အထွတ်အထိပ် သူတော်စင်တိုင်းက သူ့ကို ပြတ်သားစွာ အရေးယူကြမည်ဖြစ်ပြီး သွေးမျက်ရည်များဖြင့် ထွက်ခွာသွားရအောင် လုပ်ဆောင်ကြမည်မှာ သေချာသလောက်ပင် ဖြစ်သည်။

ကံကောင်းထောက်မစွာဖြင့် နိမိတ်ဖတ် အစီအရင်များကို အသုံးပြုလိုက်သောအခါ အာရုဏ်ဦး အဂ္ဂိရတ် မျိုးဆက်သည် ကျင့်ကြံခြင်း လမ်းစဉ်၏ ရိုးရာစံနှုန်းများကို ဖီဆန်သည့် သို့မဟုတ် ကျင့်ကြံခြင်းကို ကြီးမားစွာ အထောက်အကူပြုသည့် အလွန်ထူးကဲသော အခြေခံအုတ်မြစ်ကို ထုတ်ဖော်ပြသနိုင်ခဲ့လေသည်။ အရေးအကြီးဆုံးမှာ သူ၏ အဂ္ဂိရတ် မျိုးဆက် အတွင်း လျှို့ဝှက်လောက အဆင့်ရှိ ဆေးလုံး၊ ဆေးရည်၊ ဆေးတောင့် နှင့် ဆေးအနှစ် ဟူသော အဂ္ဂိရတ် အမျိုးအစား လေးခုစလုံး ပါဝင်နေခြင်း ဖြစ်သည်။

လျှို့ဝှက် ကစားပွဲနှင့် ဥဿုံ အဂ္ဂိရတ် တိုက်ပွဲ ပြီးနောက် ဝေ့ဝူယင်သည် သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင် အတွင်း၌ သူ၏ အထောက်အထားကို ထွင်းထုနိုင်ခဲ့ပြီး လာမည့် ယီအင်ပါယာသို့ သွားရာ ခရီးလမ်း အတွက်လည်း အရင်းအနှီးအချို့ကို ရရှိခဲ့လေသည်။

ကောင်းကင် အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဖြစ်လာခြင်းကလည်း ဤမျှလောက် မြန်မြန် မျှော်လင့် မထားသည့် ကိစ္စပင် ဖြစ်သည်။ လူနေထိုင်သည့် ဂလက်ဆီ သုံးဆယ့်သုံးခု ပါဝင်သည့် ဂလက်ဆီ အစုအဝေး တစ်ခုလုံးတွင် ရာနှင့်ချီ သို့မဟုတ် ထောင်နှင့်ချီ၍ပင် ရှိနိုင်သော်လည်း ဤအဆင့်အတန်းသည် ပြိုင်ဘက်ကင်းနေလေသည်။ ညဉ့်ဦးယံ နိမိတ်ဖတ်သူများ၏ အထွတ်အထိပ် ပုရောဟိတ်ကပင် သူ၏ မျက်နှာသာပေးမှုကို ရရှိရန် ကြိုးစားနေခဲ့သည်။ အရာအားလုံးမှာ သူ မျှော်လင့်ထားသည်ထက် များစွာ ပိုမိုလျင်မြန်စွာ ရွေ့လျားနေခဲ့သည်။

နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အဆင့်နိမ့် ဂလက်ဆီ သုံးခုမှ သူ သိမ်းပိုက်ရရှိခဲ့သော ဓနဥစ္စာ တစ်ခုလုံးသည် သူ ဖော်စပ်ခဲ့သည့် သာလွန်ခြင်းအဆင့် အမိန့်တော် ဆေးရည်နှင့် နှိုင်းယှဉ်ပါက မပြောပလောက်တော့ချေ။ အဆင့်နိမ့်၊ အဆင့်မြင့် နှင့် အထွတ်အထိပ် အရည်အသွေးရှိ သူဖော်စပ်ခဲ့သော လျှို့ဝှက် ဝိညာဉ်အင်အား ဆေးလုံး သုံးလုံးသည်ပင်လျှင် အထွတ်အထိပ် သူတော်စင်များကို လှုပ်ရှားလာစေရန် လုံလောက်နေပြီ ဖြစ်သည်။

ယခုအခါ သူသည် အမိန့်တော် ဆေးရည်နှင့် လျှို့ဝှက် ဝိညာဉ်အင်အား ဆေးလုံး တည်းဟူသော လျှို့ဝှက်ကောင်းကင် အဆင့် အဂ္ဂိရတ် ထုတ်ကုန် နှစ်မျိုးကို ဖော်စပ်နိုင်သည့် နည်းလမ်းရှိနေပြီဖြစ်ရာ သူ၏ ဘဏ္ဍာရေး အခြေအနေမှာ အလွန်တရာ မြင့်မားသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

အဂ္ဂိရတ်ပညာ မသုံးသော ထိပ်တန်း အဖွဲ့အစည်းများထဲမှ တစ်ခု၏ ဒုတိယ နန်းတော်သခင်၊ အစစ်အမှန် ဉာဏ်အလင်းရ သူတော်စင် တစ်ဦးကို ချောင်စွေ့ဖုန်း၏ အစေခံမလေးအဖြစ် လုပ်ဆောင်စေခြင်းက ၎င်း၏ သက်သေတစ်ခုပင် ဖြစ်လေတော့သည်။

...

တည်ငြိမ် အာကာသကို ဖြတ်သန်းသွားလာနေစဉ် တောက်ပသောကြယ် နန်းတော်သခင်နှင့် ဝေ့ဝူယင်တို့သည် ဝိညာဉ်သတင်းစကားများကို အဆက်မပြတ် ဖလှယ်နေခဲ့ကြလေသည်။

"ဖိတ်စာက ကျွန်တော့်ဆီကို လိပ်မူထားပေမယ့် သူတို့က ကောင်းကင်ရှန့်ထို အာရုဏ်ဦး နဲ့ တွေ့ဆုံချင်နေတာ ဖြစ်နိုင်တယ်...."

တောက်ပသောကြယ် နန်းတော်သခင်သည် အခြေအနေကို ပွင့်လင်းစွာ ပြောပြလိုက်လေသည်။

"သစ်ချပင်ဖခင်က တစ်ယောက်တည်း ရှိနေဖို့ မဖြစ်နိုင်ဘူး... ပွင့်ပွင့်လင်းလင်း ပြောရရင် အစစ်အမှန် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ယောက်ဆိုတဲ့ ခင်ဗျားရဲ့ ကိုယ်ပိုင်လက္ခဏာက အရာအားလုံးကို ပြောင်းလဲသွားစေတယ်... ခင်ဗျားရဲ့ အာရုဏ်ဦး မိုးကုပ်စက်ဝိုင်း မျှော်စင် ကလည်း များပြားတဲ့ စိတ်ဝင်စားမှုတွေကို ရရှိနေတယ်...."

ဝေ့ဝူယင်သည် ခေါင်းညိတ်လိုက်ပြီးနောက် မေးလိုက်လေသည်။

"အစစ်အမှန် အဂ္ဂိရတ်ပညာရှင် နဲ့ အတုအယောင် အဂ္ဂိရတ်ပညာရှင် ကြားက ကွာခြားချက်က ဘယ်လောက်တောင် ကြီးမားသလဲ...."

အငြင်းပွားဖွယ်ရာ အချို့ရှိနေကြောင်း သူ နားလည်ထားသော်လည်း ဌာနေလူတစ်ဦးထံမှ သင့်လျော်သော ခန့်မှန်းချက်တစ်ခုကို သူ လိုချင်နေခဲ့သည်။

"မှန်းဆလို့မရနိုင်လောက်အောင် ကြီးမားလှတယ်...."

တောက်ပသောကြယ် နန်းတော်သခင်သည် အနည်းငယ်မျှ စဉ်းစားမနေဘဲ ပြန်လည်ဖြေကြားလိုက်၏။

"မိုးကုပ်စက်ဝိုင်းတွေက အဲ့ဒီ စကားလုံး တစ်လုံးတည်း ကွာခြားချက်အပေါ် မူတည်ပြီး ဂလက်ဆီတိုင်းက အဂ္ဂိရတ် တာအို ရဲ့ အထွတ်အထိပ်မှာ ရပ်တည်နေကြတာပဲ... ခင်ဗျားကလည်း အားနည်းချက်ရှိတဲ့ အခြေအနေတွေအောက်မှာ လျှို့ဝှက်ကောင်းကင် အဆင့် အမိန့်တော် ဆေးရည်တွေ ဖော်စပ်နိုင်တဲ့ စွမ်းရည်ကို ပြသနိုင်ခဲ့တယ်... ပြီးတော့ ကာလကြာရှည် ပျောက်ဆုံးနေတဲ့ လျှို့ဝှက် ဝိညာဉ်အင်အား ဆေးလုံး ကိုတောင် ဖော်စပ်နိုင်ခဲ့သေးတယ်...."

တောက်ပသော ကြယ်နန်းတော်သခင်က ခဏမျှ ရပ်တန့်လိုက်ပြီးနောက် ဆက်လက် ရှင်းပြဖို့ ဆုံးဖြတ်လိုက်ဟန် ရသည်။

"သန့်စင်သော ကံကြမ္မာ ဟင်းလင်းပြင် ရဲ့ အကြီးကျယ်ဆုံး အဂ္ဂိရတ် မျိုးဆက်မှာ အဓိက ထုတ်ကုန် လေးခုကတော့ ဝိညာဉ် ဆေးလုံး၊ အမိန့်တော် ဆေးရည်၊ ဟင်းလင်းပြင် ဆေးတောင့် နဲ့ လျှို့ဝှက် ဆေးအနှစ် တို့ပဲ ဖြစ်တယ်... လျှို့ဝှက် ဆေးအနှစ် ကို လျှို့ဝှက် အမွှေးတိုင် လို့လည်း ခေါ်ကြသေးတယ်... အဲ့ဒီ အတုအယောင် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင်တွေထဲက ဘယ်သူတစ်ဦးတစ်ယောက်မှ သူတို့ဘာသာ တစ်ယောက်တည်း ဖန်တီးနိုင်စွမ်း မရှိကြဘူး... တကယ်လို့ သူတို့သာ ဖန်တီးနိုင်ခဲ့ရင် အစစ်အမှန်အဖြစ် သတ်မှတ်ခံရမှာပေါ့...."

"တကယ်လား...."

ဝေ့ဝူယင်သည် စဉ်းစားတွေးတောရင်း မျက်မှောင်ကြုတ်လိုက်၏။

"အဲ့ဒါတွေ အားလုံးက လျှို့ဝှက်ကောင်းကင် အဆင့် ထုတ်ကုန်တွေထဲမှာ အဆင့်နိမ့်တွေ မဟုတ်ဘူးလား...."

ခေါင်းညိတ်လိုက်ရင်း တောက်ပသောကြယ် နန်းတော်သခင်သည် ကွာခြားချက်ကို ပြောပြရန် ကြိုးစားလိုက်လေသည်။

"ဒါပေမယ့် ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခု က ဘယ် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် မှ များပြားတဲ့ အထောက်အပံ့တွေမပါဘဲ အဲ့ဒါတွေကို မဖော်စပ်နိုင်ကြဘူး... ခင်ဗျားက ပါရမီပါပါတယ်၊ ကြောက်စရာကောင်းလောက်အောင်ကို ပါရမီပါတာပါ... ပြီးတော့ ခင်ဗျားက ကံကောင်းထောက်မစွာနဲ့ ဉာဏ်အလင်းရခြင်းရဲ့ ငုပ်လျှိုးနေတဲ့ အကျိုးကျေးဇူးတွေကိုလည်း ခံစားခဲ့ရတယ်... ဒါပေမယ့် လျှို့ဝှက်ကောင်းကင် အဆင့် ထုတ်ကုန်တွေကို ဖော်စပ်ရတဲ့ ခက်ခဲမှုတွေကိုတော့ ကျေးဇူးပြုပြီး အထင်မသေးပါနဲ့...."

"ဒါ့အပြင် ကျွန်တော်တို့ရဲ့ စံနှုန်းတွေအရ ထုတ်ကုန် ခုနစ်ခု ဒါမှမဟုတ် ခုနစ်ဆယ်မှာ အနည်းဆုံး အဆင့်နိမ့် အရည်အသွေး လိုအပ်တယ်... အစစ်အမှန်အဖြစ် သတ်မှတ်ခံရဖို့အတွက် အမျိုးအစားတူ ထုတ်ကုန် အနည်းဆုံး နှစ်ခုမှာ အောင်မြင်မှုနှုန်း ၃၀ ရာခိုင်နှုန်း ရှိရမယ်... ဒါမှမဟုတ် အမျိုးအစားတူ ထုတ်ကုန် အနည်းဆုံး တစ်ခုမှာ အောင်မြင်မှုနှုန်း ၅၀ ရာခိုင်နှုန်း ရှိရမယ်... ဒါမှမဟုတ် မတူညီတဲ့ အမျိုးအစားတွေဖြစ်တဲ့ အနည်းဆုံး ထုတ်ကုန် သုံးခုမှာ အောင်မြင်မှုနှုန်း ၂၀ ရာခိုင်နှုန်း ရှိရမယ်... အဲ့ဒီအထဲမှာ ဆေးအနှစ် အမျိုးအစားတော့ ပါဝင်လို့ မရဘူး...."

"ဆိုလိုတာကတော့ ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် အများအပြားမှာ သင့်လျော်တဲ့ အမွေအနှစ်တွေ ရှိနေပေမယ့်လည်း အဲ့ဒီ အနိမ့်ဆုံး စံနှုန်းကိုတောင် မမီဘူးဆိုရင် သူတို့ကို အတုအယောင် ကောင်းကင်ရှန့်ထို တွေအဖြစ်ပဲ သတ်မှတ်ခံရမှာ ဖြစ်တယ်... ပြီးတော့ အသိအမှတ်ပြုခံရဖို့အတွက် ခင်ဗျား ပထမဆုံး ဖော်စပ်ခဲ့တဲ့ ထုတ်ကုန်ကိုတော့ ထည့်သွင်းစဉ်းစားမှာ မဟုတ်ဘူး...."

"အိုး... ဒါဆို လျှို့ဝှက် ဝိညာဉ်အင်အား ဆေးလုံး နဲ့ဆိုရင် ကျွန်တော်က အဲ့ဒီစံနှုန်းကို ရောက်သလောက် ရှိသွားပြီပေါ့... ဒါမှမဟုတ် နောက်ထပ် ထုတ်ကုန်တစ်ခုကို ဖော်စပ်ဖို့ လိုသေးလား...."

ဝေ့ဝူယင်သည် မေးမြန်းလိုက်လေသည်။ ဥဿုံ အဂ္ဂိရတ် တိုက်ပွဲ ပြီးနောက် လူတိုင်းက သူ့ကို အစစ်အမှန် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ဟု ခေါ်ဝေါ်နေကြသော်လည်း သူသည် ထုတ်ကုန် သုံးခုဖြင့် ၄၂ မှ ၄၃ ရာခိုင်နှုန်းခန့် အောင်မြင်မှုနှုန်းကိုသာ ရရှိခဲ့ခြင်း ဖြစ်သည်။ ၁၀၀ ရာခိုင်နှုန်းပြည့်ဖို့ နောက်ထပ် လေးကြိမ် အောင်မြင်ဖို့ လိုအပ်ပေသေးသည်။

"အဆင့်မြင့် အရည်အသွေးတစ်ခုက အောင်မြင်မှု နှစ်ခုနဲ့ ညီမျှပြီး အထွတ်အထိပ် ပြီးပြည့်စုံတဲ့ အရည်အသွေးကတော့ လေးခုနဲ့ ညီမျှတယ်... ဒါကြောင့် မလိုတော့ပါဘူး... ခင်ဗျားက ကျွန်တော်တို့ရဲ့ စံနှုန်းတွေအရ တကယ့်ကို ရာခိုင်နှုန်းပြည့် ဖော်စပ်မှုနှုန်း ရရှိထားပြီးသားပါ...."

တောက်ပသောကြယ် နန်းတော်သခင်သည် ရှင်းပြလိုက်၏။

ဤအရာကို သူ ကြိုတင်သိရှိထားပြီး ဖြစ်သော်လည်း ကြားလိုက်ရချိန်တွင် အနည်းငယ် ရယ်စရာကောင်းနေခဲ့လေသည်။

"ရာခိုင်နှုန်းပြည့်ထက် ပိုရနိုင်သေးလို့လား...."

"ဟားဟား... ရနိုင်တာပေါ့... တကယ်လို့ ခင်ဗျားက ရာခိုင်နှုန်းပြည့်ထက် ပိုရခဲ့မယ်ဆိုရင် နောက်တစ်ဆင့်ကို တက်လှမ်းသွားပြီလို့ သတ်မှတ်ခံရမှာပဲ... စုစုပေါင်း ကြိုးစားမှု ခုနစ်ကြိမ်မှာပဲဖြစ်ဖြစ် ဒါမှမဟုတ် ဆက်တိုက်ပဲဖြစ်ဖြစ် အဆင့်မြင့် ထုတ်ကုန် လေးခုကို ဖော်စပ်နိုင်ခဲ့မယ်ဆိုရင် အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ရဲ့ အမြင်မှာ ခင်ဗျားက အငယ်တန်း ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ကနေ အကြီးတန်း ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် အဖြစ် အဆင့်တက်သွားမှာ ဖြစ်တယ်... သေချာတာပေါ့လေ... တူညီတဲ့ စံနှုန်းတွေနဲ့ အဆင့်မြင့် ထုတ်ကုန်တွေကို ဖော်စပ်တဲ့ သာမန် လမ်းကြောင်းကိုလည်း လျှောက်လှမ်းလို့ ရပါတယ်...."

"ကျွန်တော် နားလည်ပါပြီ...."

အဂ္ဂိရတ် တာအို တွင် မတူညီသော ခွဲခြားမှုများနှင့် ဘွဲ့အမည်များစွာ ရှိနေခြင်းကို ဝေ့ဝူယင်သည် ပုဂ္ဂိုလ်ရေးအရ မနှစ်မြို့ခဲ့ချေ။ တရားဝင်၊ မဟာ၊ အငယ်တန်း၊ အကြီးတန်း ဟူ၍ မည်သို့ပင်ဖြစ်စေ အားလုံးမှာ အနည်းငယ် စိတ်ပျက်စရာ ကောင်းလှပေသည်။

တောက်ပသောကြယ် နန်းတော်သခင်သည် ချက်ချင်းပင် တည်ကြည်လေးနက်သွားခဲ့သည်။ သူ၏ မျက်လုံးများသည် ရှေ့သို့ စိုက်ကြည့်နေစဉ် ဝိညာဉ် အရောင်အဝါများဖြင့် တောက်ပသွားလေသည်။

"ဒီမှာ ပြဿနာရှာမယ့်ကောင် တစ်အုပ် ရှိနေတယ်...."

“အိုး...”

ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများ သည် တောက်ပသော အလင်းရောင်များဖြင့် ဖူးပွင့်လာခဲ့သည်။ ထို့နောက် အာကာသ၏ ပုံပျက်နေမှုများထဲသို့ ထိုးဖောက်ဝင်ရောက်ကာ ထူးကဲသော အော်ရာ အုပ်စုကြီးတစ်ခုကို ရှာဖွေတွေ့ရှိသွားလေသည်။

ခမ်းနားကြီးကျယ်သော နန်းတော်ကြီးတစ်ခုသည် ၎င်း၏ တံခါးများကို ဖွင့်လှစ်လိုက်လေသည်။

***

All Chapters