← Chapters

အခန်း (၂၄၃၃-၂၄၃၄)

Vol. 174 Ch. 2433-2434

အခန်း (၂၄၃၃-၂၄၃၄)

Vol. 174 Ch. 2433-2434

အပိုင်း(၂၄၃၃)

အရိုးပြာနယ်မြေ၏ ဆွဲငင်အား ပတ်လမ်းအစွန်ဆုံးတွင် အလွန်တရာ ခမ်းနားထည်ဝါသော အဖြူရောင် နန်းတော် အဆောက်အအုံကြီး တစ်ခုသည် မလှုပ်မယှက်ဖြင့် အထင်ကြီးဖွယ်ရာ ပေါ်ထွက်နေလေသည်။ ၎င်းသည် အလွန်ကြီးမားခြင်း မရှိချေ။

အရိုးပြာနယ်မြေ၏ ဆွဲငင်အား လွှမ်းမိုးမှုနှင့် ပိုမို ဝေးကွာသော အဝေးတစ်နေရာတွင် ကျောက်ချရပ်နားထားသော များပြားလှသည့် ဟင်းလင်းပြင် သင်္ဘောများပင်လျှင် များစွာ ပိုမို ကြီးမားကြသော်လည်း နန်းတော်ကြီး၏ လေထုအလွှာမှာမူ အလွန်သိပ်သည်းပြီး အသန့်စင်ဆုံးသော လျှို့ဝှက် အမတေ ကို ထုတ်လွှတ်ပေးနေကာ မည်သည့်အရာကမျှ ယှဉ်နိုင်မည် မဟုတ်ပေ။

နန်းတော်သည် လူသိန်းနှင့်ချီ၍ သက်တောင့်သက်သာ နေထိုင်နိုင်လောက်အောင် ကျယ်ဝန်းသော်လည်း အတွင်း၌ တက်ကြွစွာ လှုပ်ရှားနေသော အော်ရာ အရေအတွက်မှာ အလွန်နည်းပါးလှသည်။ ထို့ပြင် အော်ရာတစ်ခုစီတိုင်းမှာ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သူတို့အထဲတွင် သေမျိုး တစ်ဦးတစ်ယောက်မျှ မရှိချေ။ မည်သို့ပင်ဖြစ်စေ အောင်မြင်စွာ အဆင့်တက်လှမ်းပြီး လျှို့ဝှက် အာဏာရှင် လမ်းစဉ်ကို လျှောက်လှမ်းနေသူများအတွက် ဤနေရာသည် ကျင့်ကြံခြင်းအတွက် သန့်ရှင်းမြင့်မြတ်သော နန်းတော်တစ်ခု ဖြစ်လေသည်။

နန်းတော် တည်ဆောက်ထားသည့် ကုန်းမြေတိုက်ကြီးသည်ပင်လျှင် အမျိုးမျိုးသော အစီအရင်များနှင့် ချိတ်ဆက်ဝင်္ကပါများ ထည့်သွင်းထားသည့် မြေကြီး အမျိုးအစား လျှို့ဝှက်လောက အမတေကျောက်တုံး များဖြင့်သာ အလုံးစုံ တည်ဆောက်ထားခြင်း ဖြစ်သည်။ အံ့မခန်း ဓနဥစ္စာနှင့် ကျွမ်းကျင်မှုတို့ကို ပြသထားသည့် မကြုံစဖူးသော ပြကွက်တစ်ခုက ဤနေရာတွင် ရှိနေပြီး မည်သို့မျှ လျစ်လျူရှု၍ မရနိုင်လောက်အောင်ပင် ဖြစ်လေသည်။

ဤနေရာရှိ မာနထောင်လွှားဖွယ်ကောင်းသော ကြွယ်ဝချမ်းသာမှုကို ဝေ့ဝူယင် ခံစားနိုင်လေသည်။ အထူးသဖြင့် သူတို့နှစ်ဦး တံခါးဝသို့ ရောက်ရှိသွားသောအခါ ဒုတိယအဆင့် အစစ်အမှန် သူတော်စင် အသက်ရှူခြင်း ကို မွေးဖွားနိုင်ခဲ့သည့် အစစ်အမှန် သူတော်စင် တစ်ဦးက လေးစားစွာ ဆီးကြိုနှုတ်ဆက်ခဲ့သည်။ တတိယအဆင့် အစစ်အမှန် သူတော်စင် အသက်ရှူခြင်း ကို မွေးဖွားနိုင်ခဲ့ကြသော ပြတ်သားသော ဆည်းဆာ ဂလက်ဆီ မှ သူတော်စင်များထက် နိမ့်ကျသော်လည်း ဧည့်သည်များကို ဆီးကြိုနှုတ်ဆက်ရန်နှင့် ပြုစုစောင့်ရှောက်ရန် လက်ရှိ တာဝန်ယူထားရခြင်းကြောင့် ဤသည်မှာ အာဏာနှင့် အင်အားကို ရူးသွပ်လောက်အောင် အထင်ကြီးဖွယ်ရာ ပြသနေခြင်းပင် ဖြစ်သည်။

အစစ်အမှန် သူတော်စင် တစ်ဦး၏ အဆင့်အတန်းသည် သာမန်မဟုတ်သလို ပေါ့ပေါ့တန်တန် သဘောထား၍လည်း မရပေ။ သူတို့၏ စွမ်းအားမှာ အဆင့်နိမ့် ဂလက်ဆီများ၏ အထွတ်အထိပ်တွင် ရှိနေပြီး ကျယ်ပြောလှသော အမှောင် ဟင်းလင်းပြင် တွင် လွတ်လပ်စွာ သွားလာနိုင်ကာ သက်တမ်းရှည်ကြာနိုင်သည့် အဖွဲ့အစည်းများကိုပင် တည်ထောင်နိုင်စွမ်း ရှိလေသည်။ ဥပမာအားဖြင့် အဖြူရောင် အဘိဿဲလ် ဂလက်ဆီတွင် အစစ်အမှန် သူတော်စင် တစ်ဦးတစ်ယောက်မျှ မရှိခဲ့ချေ။

သို့သော်... ယခု ရောက်ရှိလာသည့် ဧည့်သည် နှစ်ဦးမှာ အထွတ်အထိပ် သူတော်စင် တစ်ဦးနှင့် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦး ဖြစ်ကြရာ ဤဝန်ဆောင်မှု အဆင့်အတန်းမျိုးက လိုအပ်သည်ဟု ဆိုနိုင်သည့် အဆင့်တစ်ခု၌ ရှိနေပေသည်။ ဧည့်ကြိုသည် တည်ငြိမ်သော မျက်နှာထား၊ လှပကြော့ရှင်းမှု ရှိပြီး တည်ငြိမ်ပြတ်သားကာ နားထောင်ကောင်းသော အသံကို ပိုင်ဆိုင်ထားလေသည်။ သူမ၏ ဝတ်စုံမှာ ရိုးရှင်းသော်လည်း ဆွဲဆောင်မှုရှိကာ ခန္ဓာကိုယ် ကောက်ကြောင်းများကို ပေါ်လွင်စေ သကဲ့သို့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု အရည်အသွေးနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

တောက်ပသောကြယ် နန်းတော်သခင် ပင်လျှင် သူမကို အနီးကပ် တစ်ချက် ကြည့်လိုက်ရပြီး ဝေ့ဝူယင် စိတ်ဝင်စားမှု ရှိမရှိ သိလိုဟန်ဖြင့် သူ့ကို အကဲခတ်လိုက်လေသည်။ သို့သော် ဝေ့ဝူယင်၏ အာရုံစိုက်မှုမှာ ခန်းမဆောင်များကို ဖြတ်သန်းသွားစဉ် နန်းတော်၏ နံရံများအပေါ်တွင်သာ ရှိနေခဲ့ရာ ထိုအမျိုးသမီး သူတော်စင်ကို များစွာ စိတ်ပျက်သွားစေခဲ့သည်။ အသစ်တက်လှမ်းထားသော ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင်၏ အာရုံစိုက်မှုကို မဆွဲဆောင်နိုင်ခဲ့သဖြင့် သူမ၏ ဆန္ဒများ မပြည့်ဝခဲ့သည်မှာ ထင်ရှားလှပေသည်။

"ဒီနန်းတော်က တော်တော်လေးကို... လွန်လွန်ကျွံကျွံ တည်ဆောက်ထားတာပဲ...."

ဝေ့ဝူယင်က မှတ်ချက်ချလိုက်သည်။ နန်းတော်၏ နံရံများအတွက် အခြေခံအုတ်မြစ်သည် ဓနဥစ္စာနှင့် ကြွယ်ဝမှု၏ ကြီးကျယ်သော ပြကွက်တစ်ခု ဖြစ်ပြီး ဤနေရာတွင် တစ်ချက် အသက်ရှူလိုက်ရုံမျှဖြင့် မည်သည့် လျှို့ဝှက် အာဏာရှင် အဆင့် ကျင့်ကြံသူကိုမဆို များစွာ အကျိုးရှိစေမည် ဖြစ်သည်။ အာဏာရှင်များ အဖွဲ့ဝင်ကို ဤနေရာသို့ ခေါ်ဆောင်လာပြီး ကျင့်ကြံစေချင်သော ဆန္ဒတစ်ခု သူ့ထံ၌ ဖြစ်ပေါ်လာခဲ့သည်။

"ဟားဟား... တကယ့်ကို တိုက်ရိုက်ကျတဲ့ လေ့လာတွေ့ရှိမှုပါပဲ... ကောင်းကင်ရှန့်ထို အာရုဏ်ဦး၊ အဖြူရောင် ကောင်းကင် သူတော်စင် နန်းတော် က အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ထဲမှာ အဲ့ဒါကြောင့်ပဲ နာမည်ကြီးတာပါ... ဒါက ကောင်းကင်သူတော်စင် မျှော်စင် ခုနစ်ခု ရဲ့ နှစ်တစ်သန်းကျော်ကြာ ပြင်းပြင်းထန်ထန်နဲ့ ကျယ်ကျယ်ပြန့်ပြန့် ကြိုးစားအားထုတ်ခဲ့ရတဲ့ ရလဒ်တစ်ခုပါ... ပြီးပြည့်စုံတဲ့ လောက ဝိညာဉ် တစ်ခုလည်း ရှိတာကြောင့် ဒီတိုက်ကြီးက ဝိညာဉ်အဆင့်မှာ ရှိနေတယ်... သူတို့က ဒီကိစ္စအတွက် ဒါကြီးကို ထုတ်လာတာ ကျွန်တော် တကယ်ကို အံ့ဩမိတယ်...."

တောက်ပသောကြယ် နန်းတော်သခင်သည် အပြုံးဖျော့ဖျော့လေးဖြင့် ပြောပြလိုက်လေသည်။

"ပြီးပြည့်စုံတဲ့ လောက ဝိညာဉ် ဟုတ်လား...."

ပထမ သူရဲကောင်း၏ တိုက်ကြီး ရှိ မပြည့်စုံသော လောက ဝိညာဉ် သည်ပင် လူတိုင်း လိုချင်တပ်မက်သော အရာတစ်ခု ဖြစ်စေခဲ့သည်။ မိုးကုပ်စက်ဝိုင်းများ၏ လျှို့ဝှက်ကစားပွဲ အတွင်း၌ပင် ရည်မှန်းချက် တစ်ခု ဖြစ်ခဲ့ကြောင်း ဝေ့ဝူယင် တွေးတောလိုက်မိသည်။

"ဟုတ်တယ်... အကယ်လို့ ခင်ဗျားက ဒီနန်းတော်ရဲ့ တန်ဖိုးကို တွေးနေတယ်ဆိုရင်တော့ သူတို့က အလွယ်တကူ ရောင်းမယ်လို့ ကျွန်တော် မထင်ဘူး...."

တောက်ပသောကြယ် နန်းတော်သခင်သည် သူ၏ ဇနီးအတွက် ပထမ သူရဲကောင်း၏ တိုက်ကြီး ကို ဝယ်ယူခဲ့သော ဝေ့ဝူယင်၏ လုပ်ရပ်ကို သတိရသွားကာ ပြုံးလိုက်လေသည်။ ဤသည်မှာ မပြည့်စုံသော လောက ဝိညာဉ် မဟုတ်ဘဲ လောက ဝိညာဉ် တစ်ခု ပါရှိသည့် အစစ်အမှန် တိုက်ကြီး တစ်ခု ဖြစ်သည်။ ထို့အပြင် အဖြူရောင် ကောင်းကင် သူတော်စင် နန်းတော် ကို အရည်အသွေးမြင့် လျှို့ဝှက်လောက ပစ္စည်းများ၏ အခြေခံအုတ်မြစ်အပေါ်တွင် တည်ဆောက်ထားခြင်း ဖြစ်သည်။

"အိုး... တကယ်လား... တကယ်လို့ ကျွန်တော်က အထွတ်အထိပ် အရည်အသွေးရှိတဲ့ လျှို့ဝှက် ဝိညာဉ်အင်အား ဆေးလုံး ကို ကမ်းလှမ်းမယ်ဆိုရင်ရော...."

ကြွယ်ဝသော လျှို့ဝှက် အမတေများကို ရှူရှိုက်ရင်း ဝေ့ဝူယင်က မေးမြန်းလိုက်လေသည်။ အာနိသင်များအပေါ် အခြေခံ၍ ခန့်မှန်းတွက်ချက်ထားသော ဈေးကွက်တန်ဖိုးအရ မသန့်စင်သည့် လျှို့ဝှက် ဝိညာဉ်အင်အား ဆေးလုံး တစ်လုံးသည် လျှို့ဝှက်ကောင်းကင် အမတေကျောက်တုံး ရှစ်တုံး တန်ဖိုးရှိမည် ဖြစ်သည်။ သေချာသော ပြင်ဆင်မှု မရှိဘဲ ၎င်းကို သောက်သုံးရဲသူ အလွန်နည်းပါးသော်လည်း အထွတ်အထိပ် အရည်အသွေးမှာမူ လျှို့ဝှက်ကောင်းကင် အမတေကျောက်တုံး ရှစ်ရာ အပြည့် တန်ဖိုးရှိပေလိမ့်မည်။

"အဲ့ဒါကတော့ သူတို့ရဲ့ စိတ်ကို ပြောင်းလဲသွားစေနိုင်ပါတယ်... ဒါပေမယ့် ခင်ဗျားကရော ပေးချင်လို့လား... အဲ့ဒီ ဆေးလုံးက လျှို့ဝှက်ကောင်းကင် အမတေကျောက်တုံး ရှစ်ရာ တန်တယ်လေ... အဖြူရောင် ကောင်းကင် သူတော်စင် နန်းတော် ရဲ့ ခန့်မှန်းတန်ဖိုးကိုတော့ ကျွန်တော် သေချာ မသိဘူး... ဒါပေမယ့် အဲ့ဒီလောက် တန်ဖိုး မရှိတာကတော့ သေချာတယ်...."

တောက်ပသောကြယ် နန်းတော်သခင်သည် ဖြစ်နိုင်ခြေကို စဉ်းစားလိုက်သည်။ အဘယ်ကြောင့်ဆိုသော် လာမည့် နှစ်တစ်သန်းခန့်အတွင်း အထွတ်အထိပ် အရည်အသွေး ရှိသည့် လျှို့ဝှက် ဝိညာဉ်အင်အား ဆေးလုံး တစ်လုံးကို တွေ့ရရန် အလားအလာမှာ သုည ဖြစ်နိုင်သောကြောင့်ပင်။ ဤထုတ်ကုန်၏ ရှားပါးမှုနှင့် တွေ့ရခဲမှုတို့က ၎င်း၏ အရေးပါမှုနှင့် တန်ဖိုးကို များစွာ မြင့်တက်သွားစေလိမ့်မည်။

တစ်ချိန်တည်းမှာပင် အဖြူရောင် ကောင်းကင် သူတော်စင် နန်းတော် နှင့် ၎င်း၏ လောက ဝိညာဉ် အခြေခံအုတ်မြစ် တိုက်ကြီးသည် နှစ်တစ်သန်းကြာ ကြိုးစားအားထုတ်မှု၏ ရလဒ်တစ်ခု ဖြစ်လေသည်။ အဓိက အဆုံးအဖြတ်ပေးမည့် အချက်မှာ ဆေးလုံး၏ ထိရောက်မှုပင် ဖြစ်လိမ့်မည်။

"အထွတ်အထိပ် သူတော်စင် နိုးထခြင်း ဆေးရည် နည်းနည်းပါ ထည့်ပေးလိုက်ရင်တော့ ကမ်းလှမ်းမှုကို ပိုပြီး ဆွဲဆောင်မှု ရှိသွားစေလိမ့်မယ်...."

ဝေ့ဝူယင်က ကမ်းလှမ်းလိုက်လေသည်။ တောက်ပသောကြယ် နန်းတော်သခင်သည် အတန်ကြာ စဉ်းစားပြီးနောက် ခေါင်းညိတ်လိုက်၏။ သူ၏ အမြင်တွင် ဤအရာမှာ သေချာသလောက်ပင် ဖြစ်သည်။ သို့သော် ဝေ့ဝူယင်က ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဈေးနှုန်းကို ပေးချေရန် ဆန္ဒရှိပါမည်လော။

***

အပိုင်း(၂၄၃၄)

သူတို့ နှစ်ဦး သာမန်ကာလျှံကာ စကားပြောနေစဉ်မှာပင် အမျိုးသမီး ဧည့်ကြိုသည် နှလုံးခုန်နှုန်း မြန်ဆန်လာပြီး သူမ၏ ဝိညာဉ်သည် စိုးရိမ်ပူပန်မှုများဖြင့် တုန်လှုပ်လာသည်ကို ခံစားလိုက်ရသည်။ သူတို့၏ ရိုးရှင်းသော လေသံများသည် ဆွေးနွေးနေသော အကြောင်းအရာနှင့် ယှဉ်လျှင် အလွန်တရာ ဆန့်ကျင်ဘက် ဖြစ်နေလေသည်။ ဆွေးနွေးနေကြသော ဓနဥစ္စာ ပမာဏသည် သူမ၏ အဆင့်ထက် များစွာ ကျော်လွန်နေသဖြင့် သူမကိုယ်သူမ ဆင်းရဲနွမ်းပါးသူတစ်ဦးအဖြစ် ခံစားလိုက်ရလေသည်။

"ဟားဟား... ခင်ဗျားက နောက်နေပြန်ပြီ၊ ကောင်းကင်ရှန့်ထို အာရုဏ်ဦး...."

သူတို့ နှစ်ဦး ပင်မခန်းမဆောင်သို့ သွားရာ ခမ်းနားထည်ဝါသော တံခါးနှစ်ချပ်သို့ ရောက်ရှိချိန်တွင် ရုတ်တရက်... အချိန်၊ နေရာနှင့် ဝိညာဉ်တို့ကို ကူးစက်လွယ်ပြီး ရှေးဟောင်းအငွေ့အသက်များ ပြည့်နှက်နေသော အားကောင်းသည့် အသံတစ်ခုသည် ပဲ့တင်ထပ်လာခဲ့သည်။

"ကျွန်တော့်ရဲ့ မြေးမလေး ကို ဆက်ပြီး မစနောက်ဖို့ တောင်းဆိုရပါလိမ့်မယ်... အထွတ်အထိပ် သူတော်စင် နိုးထခြင်း ဆေးရည် ဆိုတာ ဘယ်လျှို့ဝှက်အရှင် ဒါမှမဟုတ် သူတော်စင် ကမှ လက်လွှတ်မခံနိုင်တဲ့ သွေးဆောင်ဖြားယောင်းမှု တစ်ခုပါပဲ...."

တောက်ပသောကြယ် နန်းတော်သခင်၏ နှုတ်ခမ်းများသည် အရာအားလုံးကို သိရှိနားလည်ထားသည့် အပြုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

ဤမြေခွေးအိုကြီးက သူ့ မိသားစု မျိုးဆက်ကို ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် တစ်ဦး၏ လက်မောင်းထဲသို့ တွန်းပို့ချင်နေသည်လား။ ဝေ့ဝူယင်သည် အလွန်အမင်း ကာမဂုဏ် လိုက်စားသူဖြစ်ကြောင်း သူတို့တွင် မှတ်တမ်းအကဲဖြတ်ချက် တစ်ခုခု ရှိနေသလော။

မှတ်တမ်းအမျိုးမျိုးအရ အင်ပါယာ တာအို ကို ကျင့်ကြံသူများသည် ထောင်နှင့်ချီသော သို့မဟုတ် သိန်းနှင့်ချီသော မောင်းမဆောင်များ ရှိလေ့ရှိကြပြီး ခင်ပွန်းဖြစ်သူ၏ အာရုံစိုက်မှုကို ရရှိရန် ယှဉ်ပြိုင်ကြသော လှပသည့် အမျိုးသမီးများဖြင့် ပြည့်နှက်နေသော စစ်မြေပြင်တစ်ခုကို ဖန်တီးလေ့ရှိကြသည်။ သူတို့၏ လူသိများသော ယှဉ်ပြိုင်မှုများသည် မကြာခဏဆိုသလို အရှက်ရခြင်း၊ ဂုဏ်သိက္ခာကျဆင်းခြင်း သို့မဟုတ် အလွန် ရက်စက်ကြမ်းကြုတ်စွာ သေဆုံးရခြင်းတို့ကို ဖြစ်ပေါ်စေလေ့ရှိသည်။

ဝေ့ဝူယင်က ဂရုမစိုက်ဟန်ဖြင့် ပခုံးတွန့်လိုက်လေသည်။ သူသည် ထိုမျှလောက် အလွန်အကျွံ ကာမဂုဏ် လိုက်စားသူ မဟုတ်သလို ရက်စက်ကြမ်းကြုတ်သူ တစ်ဦး မဟုတ်ချေ။ ထို့အပြင် သူ၏ အင်ပါယာ လမ်းစဉ်သည် သာမန် စံနှုန်းများနှင့် အခြေခံအားဖြင့် ကွာခြားနေသည်။ ထို့ကြောင့် သူ၏ အုပ်ချုပ်မှုအောက်တွင် ရေတွက်၍မရနိုင်သော ကိုယ်လုပ်တော်များနှင့် ဇနီးများဖြင့် အခြားသူများအပေါ် စိုးမိုးအုပ်ချုပ်သည့် လမ်းစဉ်တွင် အချည်းနှီး ရှေ့ဆက်ရန် သူ ဆန္ဒမရှိခဲ့ပေ။

"ကျေးဇူးပြုပြီး ဝင်လာခဲ့ပါ... ကျွန်တော်တို့ စောင့်နေခဲ့တာပါ...."

ထိုအသံသည် မိသားစုကို အသုံးချကာ သွေးဆောင်ဖြားယောင်းရန် မကြိုးစားခဲ့ဖူးသူ တစ်ဦးကဲ့သို့ သူတို့ကို ဆီးကြိုလိုက်လေသည်။

ဧည့်ကြိုသည် ဘေးသို့ ဆုတ်လိုက်ပြီး အရိုအသေပေးလိုက်၏။ အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထို အပေါ် အထင်ကြီးလေးစားမှု ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့သည့်အတွက် သူမ၏ နှလုံးသားသည် စိတ်ပျက်မှုများဖြင့် ပြည့်လျှံသွားခဲ့လေသည်။ သူမ၏ အတိတ်တွင် မြောက်မြားစွာသော လက်ထပ်လိုသူများ ပြည့်နှက်နေခဲ့ခြင်းက သူမ၏ အလှတရားအပေါ် ယုံကြည်မှုကို ပိုမိုခိုင်မာစေခဲ့သည်။ သို့သော် အရေးကြီးသော အချိန်တွင် သူမသည် လျစ်လျူရှုခံခဲ့ရလေသည်။

တောက်ပသောကြယ် နန်းတော်သခင် နှင့် ဝေ့ဝူယင် တို့သည် ပင်မခန်းမဆောင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြသည်။ သူတို့ကို ခေတ်အဆက်ဆက်မှ လှပသော ပန်းချီကားတစ်ချပ်ကဲ့သို့သော ရှုခင်းနှင့် ပုံရိပ် ဆယ့်သုံးခုက ချက်ချင်း ဆီးကြိုလိုက်လေသည်။ အမျိုးသား ခုနစ်ဦးနှင့် အမျိုးသမီး ခြောက်ဦးတို့ပင်...။ တစ်ဦးစီတိုင်းသည် အထွတ်အထိပ် တည်ရှိမှု တစ်ခု၏ ထင်ရှားသော အော်ရာတစ်ခုကို ထုတ်လွှတ်နေကြလေသည်။

သူတို့ထဲမှ အမျိုးသား လေးဦးနှင့် အမျိုးသမီး သုံးဦး၊ စုစုပေါင်း ခုနစ်ဦး၏ အကြည့်များတွင် သာလွန် သန့်စင် အဂ္ဂိရတ် ကြယ်တာရာများ တက်ကြွစွာ တောက်ပနေခဲ့သည်။ ၎င်းက အနည်းဆုံး လောကရှန့်ထို အဂ္ဂိရတ်ပညာရှင် စံနှုန်းရှိသည့် အဂ္ဂိရတ်ပညာရှင်များအဖြစ် သူတို့၏ သက်သေပြပြီးသား အဆင့်အတန်းကို ဖော်ပြနေလေသည်။ ကြွယ်ဝသော အဂ္ဂိရတ် အော်ရာတစ်ခုက လေထုအတွင်း ပျံ့နှံ့နေခဲ့၏။

ကျန်ရှိသော အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦး၊ စုစုပေါင်း ခြောက်ဦးမှာ အထွတ်အထိပ် တည်ရှိမှုများ ဖြစ်ကြလေသည်။ သူတို့အထဲတွင် ဝေ့ဝူယင် ချက်ချင်း ရင်းနှီးနေခဲ့သော အော်ရာတစ်ခု ပါဝင်နေခဲ့သည်။ ၎င်းမှာ စုရီ ကိုယ်စား ရွှေရောင် ညဉ့်ဦးယံ အရှင်သခင် နှင့် ပြင်းထန်စွာ တိုက်ခိုက်ခဲ့သော နေကြယ်ပု အရွယ်အစားရှိ နေမင်း ကြယ်တာရာပင် ဖြစ်လေသည်။

"ခင်ဗျားက အားလုံးကို ခေါ်ထားတော့တာပဲ...."

တောက်ပသောကြယ် နန်းတော်သခင်က အခန်းထဲရှိ လူများကို ကြည့်ရင်း ပြောလိုက်၏။

"ဟားဟား... သေချာတာပေါ့... တကယ်လို့သာ ကျွန်တော် မဖိတ်ခဲ့ဘူးဆိုရင် လူတိုင်းက တိကျတဲ့ တိုက်ခိုက်ရေး စည်းမျဉ်းတွေမရှိဘဲ အရိုးပြာ နယ်မြေ ရဲ့ အပိုင်းအစတွေကို လုယက်ကြရင်းနဲ့ အခြေအနေက ယုံနိုင်စရာမရှိလောက်အောင် ကမောက်ကမ ဖြစ်မသွားဘူးလား...."

သစ်ပင်တစ်ပင်ကဲ့သို့ ကျယ်ပြန့်သော ပခုံးများဖြင့် ခိုင်မာတောင့်တင်းသော ခန္ဓာကိုယ် တည်ဆောက်ပုံရှိသည့် အမျိုးသားတစ်ဦးသည် မည်သည့် အနေရခက်မှုမျှ မရှိဘဲ သူ၏ အကြောင်းပြချက်ကို ပြောပြလိုက်လေသည်။

စိမ်းလန်းသော၊ ရွှေရောင်နှင့် အနီရင့်ရောင် ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ခြောက်ပေနှင့် ခြောက်လက်မကျော်ရှိသော မြင့်မားလှသည့် အရပ်အမောင်းဖြင့် လုံးဝ တက်ကြွသော အမူအရာကို ပြနေသူမှာ အဂ္ဂိရတ် ရှန့်ထို သစ်ချပင်ဖခင် မှလွဲ၍ အခြားသူ မဟုတ်ချေ။ သူသည် အညိုရောင် ဆံပင်ကို တစ်ဝက်ခန့် စုချည်ထားပြီး မုတ်ဆိတ်မွေး အပြည့်ရှိသည့် သူ၏ မျက်နှာသွင်ပြင်က အမျိုးသားဆန်သော ကြီးစိုးမှုကို ပိုမို ပေါ်လွင်စေလေသည်။ သူ၏ မျက်လုံးများထဲမှ ကြယ်တာရာများသည် သူ၏ ခမ်းနားသော တည်ရှိမှုကို ပိုမို မြင့်တက်သွားစေခဲ့၏။

ဝေ့ဝူယင်က နှုတ်ခွန်းဆက်သမှု အမူအရာကို ပြုလုပ်လိုက်လေသည်။

"မဖိတ်ခေါ်ဘဲ ကျူးကျော်ဝင်ရောက်လာမိတဲ့အတွက် ခွင့်လွှတ်ပါ၊ ကောင်းကင်ရှန့်ထို သစ်ချပင်ဖခင်...."

ဝေ့ဝူယင်သည် သူ၏ အစီအစဉ်များကို ပြီးပြည့်စုံအောင် အောင်မြင်နေပြီဖြစ်ရာ မိမိကိုယ်ကို တင်းမာခက်ထန်သူ တစ်ဦးအဖြစ် ဆက်လက် မဖော်ပြလိုခဲ့ချေ။ လိုအပ်သောအခါတွင် သူသည် နှိမ့်ချနိုင်ပြီး သင့်လျော်သော လေးစားမှုကို ပေးစွမ်းနိုင်လေသည်။

ဤအရာက သစ်ချပင်ဖခင် နှင့် လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ သူတို့၏ နန်းတော်ကို ဝယ်ယူရန် မည်သို့ ပြုလုပ်ရမည်ကို အခုလေးတင် ဆွေးနွေးနေခဲ့သော အာရုဏ်ဦး အဂ္ဂိရတ် ရှန့်ထိုက လေးစားစွာ ပြောဆိုခဲ့သည်လော။ ပို၍ အရေးကြီးသည်က ဝေ့ဝူယင်က သူ့ကို ကောင်းကင်ရှန့်ထို ဟု ခေါ်ဝေါ်လိုက်ခြင်းပင် ဖြစ်သည်။

ကြယ်တာရာ တောက်ပခြင်း မှ သာမန် သင်္ဘောသားများပင်လျှင် ထိုအသုံးအနှုန်းကို ရှောင်ရှားကြပြီး ယေဘုယျကျသော အရှင်သခင် ဟူသည့် ရှေ့ဆက်စကားလုံးဖြင့်သာ သူ့ကို ခေါ်ဝေါ်ကြလေသည်။

အစွမ်းကုန် သန့်စင်ခြင်း ဂလက်ဆီ ၏ အဂ္ဂိရတ် တာအို စံနှုန်းများနှင့် ပတ်သက်၍ မိုးကုပ်စက်ဝိုင်းများ ၏ ဘက်လိုက်သော ထင်မြင်ယူဆချက်များ ဝေ့ဝူယင်တွင် လုံးဝ မရှိခဲ့ချေ။ အနည်းဆုံးတော့ သူတို့သည် အဂ္ဂိရတ် တာအို ၏ အသိအမှတ်ပြုမှုကို ရရှိထားကြသည်။ ထို့ကြောင့် ဝေ့ဝူယင်သည် သီးခြား လူမှုအသိုက်အဝန်း စံနှုန်းတစ်ခုခုထက် သူတို့၏ ထင်မြင်ယူဆချက်ကို ပို၍ အလေးထားခဲ့ခြင်း ဖြစ်လေသည်။

"ဟင်...."

ဝေ့ဝူယင်သည် သူ၏ အတုမဲ့ ဖန်တီးခြင်း အဂ္ဂိရတ် ကြယ်တာရာများ လှိုင်းထန် စီးဆင်းလာသည်ကို ခံစားလိုက်ရလေသည်။ ပိုင်ရှု နှင့် အခြား ပိုင်ရှု တို့သည် သန့်စင်မှုနှင့် ရင်းနှီးကျွမ်းဝင်မှုတို့ အနည်းငယ် တိုးလာသည်ကို သူ ခံစားလိုက်ရသည်။ သူတို့ နှစ်ဦးစလုံးသည် ညင်သာစွာ ညည်းတွားလိုက်ကြ၏။

သူ၏ ဘယ်ဘက်မျက်လုံးမှာ ခဏတာ တုန်လှုပ်သွားခဲ့သည်။ သူတို့တွေ ဘာဖြစ်နေကြသနည်း။

တစ်ချိန်တည်း၌... တောက်ပသော ကြယ်နန်းတော် သခင်မှာ ဝေ့ဝူယင်၏ လေးလေးစားစား ပြုမူဆက်ဆံပုံကြောင့် တုန်လှုပ် သွားခဲ့လေသည်။ ပထမတုန်းက ဝေ့ဝူယင်သည် အထိန်းအကွပ်မရှိသော မာန၊ ရန်လိုသော ရပ်တည်ချက်ဖြင့် ဝင်ရောက်လာမည်ဟု သူ ထင်မှတ်ထားခဲ့သည်။ အထူးသဖြင့် သူက ဤနန်းတော်ကို ဝယ်ယူမည်ဟု ကြေညာခဲ့ပြီး နောက်တွင် ဖစ်သည်။ မည်သို့ပင် ဆိုစေကာမူ... ဤကဲ့သို့ ဆက်ဆံပြောဆိုပုံက ကိစ္စရပ်များကို သိသိသာသာ ပို၍ လွယ်ကူသွားစေခဲ့၏။

အပေါ်ယံ နှုတ်ခွန်းဆက်စကားများ ပြောဆိုပြီးနောက် ဝေ့ဝူယင်က ရင်းနှီးနေပြီးသား အော်ရာ (စုရီအတွက် ရွှေရောင် ညဉ့်ဦးယံ အရှင်သခင်နှင့် တိုက်ခိုက်ခဲ့သူ) ကို လှည့်ကြည့်လိုက်သည်။

"ခင်ဗျားက ပြိုင်ဘက်ကင်း မူလ စံအိမ် က မူလ ကြယ်တာရာ အရှင်သခင် ဖြစ်ရမယ်... ဟုတ်တယ်မလား...."

“...”

ချက်ချင်းပင် လေထုအခြေအနေသည် တင်းမာမှုများဖြင့် ပြည့်နှက် လာခဲ့လေသည်။ မည်သို့ပင်ဖြစ်စေ ပြိုင်ဘက်ကင်း မူလ စံအိမ် ကို တည်ထောင်သူ လုံရှီယာ သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ကို ဤအသစ်စက်စက် ကောင်းကင်ရှန့်ထို အဂ္ဂိရတ်ပညာရှင် ထံ၌ ဆုံးရှုံးခဲ့ရသည် မဟုတ်ပါလော။

"ဟုတ်ပါတယ်...."

စကားလုံး သုံးလုံးတည်းသာ ဖြစ်သည်။ သို့သော် ထိုစကားလုံးများ ထွက်ပေါ်လာချိန်တွင် အခန်းတစ်ခုလုံး၌ ကြယ်တာရာများ၏ တေးဂီတတစ်ခုကဲ့သို့ ပဲ့တင်ထပ်သွားခဲ့၏။ နွေရာသီ၏ အေးမြသော နေ့တစ်နေ့ကဲ့သို့ မှန်းဆ၍မရနိုင်လောက်အောင် သာယာနာပျော်ဖွယ်ကောင်းပြီး နွေးထွေးမှု ရှိလေသည်။ သို့ရာတွင် ထိုစကားလုံး နှစ်လုံး၏ နောက်ကွယ်၌ လျစ်လျူရှုမှုနှင့် အလှမ်းဝေးမှု ရည်ရွယ်ချက်တစ်ခု ရှိနေခဲ့သည်။ ထက်မြက်သော နားအာရုံအတွက်မူ ယင်းမှာ ကျွမ်းကျင်စွာ ဟန်ဆောင်ထားခြင်းဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။

သူမသည် အလွန်တရာ လှပကျော့ရှင်းလှသည်။ အသက်ရှူမှားလောက်အောင် တောက်ပနေသည်။ ကြယ်တာရာများကဲ့သို့ လှပလှပေသည်။

မူလ ကြယ်တာရာ အရှင်သခင် ၏ ရုပ်ရည်သွင်ပြင်ကို ပထမဆုံး မြင်တွေ့လိုက်ရချိန်၌ ဤဖော်ပြချက်များသည် သင့်လျော်သည်ဟု ဝေ့ဝူယင် ခံစားလိုက်ရသည်။

ထူးခြားသော ဟန်ပန်နှင့် ကျက်သရေရှိမှုတို့ဖြင့် ပြည့်စုံစွာ တန်ဆာဆင်ယင်ထားသော အမျိုးသမီးတစ်ဦး၏ မြင်ကွင်းကို သူ တန်ဖိုးထား ကြည့်ရှုနေစဉ် ထိုအတွေးများသည် သူ၏ စိတ်ထဲ၌ ချက်ချင်း ပေါ်ထွက်လာခဲ့လေသည်။

သူမ၏ တောက်ပနေသော အညိုရောင် အသားအရေကို ရွှေရောင် စကြဝဠာ မျက်လုံးတစ်စုံက ပြီးပြည့်စုံစွာ ပိုမို ထင်ရှားပေါ်လွင်စေခဲ့သည်။ ကြယ်တာရာ သံသရာ ဆီသို့ သွားရာ တံခါးပေါက်တစ်ခုအလား ထိုမျက်လုံးများသည် အသက်ဝင်ကာ တက်ကြွမှုများဖြင့် ပြည့်နှက်နေလေသည်။ အနက်ရောင် မျက်ခွံဆေး ခြယ်သမှုနှင့် ရှည်လျားကွေးညွှတ်နေသော မျက်တောင်များက ထိုအလှကို ပိုမို ပံ့ပိုးပေးထား၏။

သူမသည် ပိုးသားကဲ့သို့ နူးညံ့သော ခရမ်းရောင် ဆံပင်အရှည်ကို အထက်သို့ မြင့်မြင့် ကျွမ်းကျင်စွာ စုချည်ထားသည်။ သူမ၏ မျက်လုံးများပေါ်တွင် ယိမ်းနွဲ့နေသော လှိုင်းတွန့် ဆံပင်စများသည် တစ်ချက် မျက်တောင်ခတ်ကြည့်လိုက်ရုံဖြင့် တစ်စုံတစ်ယောက်၏ နှလုံးသားထဲသို့ ထိုးဖောက်ဝင်ရောက်သွားနိုင်လေသည်။ ဤအရာအားလုံးက သူမ၏ အသည်းနှလုံးပုံစံ မျက်နှာလေးကို ဝန်းရံပေးထားခဲ့သည်။

ရှည်လျားသည့် အရပ်၊ သွယ်လျကာ အချိုးအစားကျလှသော ခန္ဓာကိုယ်တို့သည် သူမ မွေးဖွားလာချိန်တွင် ကောင်းကင်ဘုံက နှမြောတွန့်တိုနေခဲ့ခြင်း မရှိကြောင်း သက်သေပြနေလေသည်။ အထက်မှ အောက်အထိ အရာအားလုံးကို ပြည့်စုံစွာ ဖန်တီးပေးထား၏။ အထူးသဖြင့် သူမ၏ သွယ်လျသော ခန္ဓာကိုယ်၌ ထူးကဲစွာ တောင့်တင်းခိုင်မာသော ကိုယ်ခန္ဓာတစ်ခု ရှိကြောင်း ဖော်ပြနေသည့် ကြွက်သား အကောက်အကြောင်းများ ရှိလေသည်။ ၎င်းက ကမောက်ကမ လှိုင်းတံပိုးများနှင့် လေပြင်းများရှေ့တွင် ခိုင်မာတည်ငြိမ်စွာ ရပ်တည်နိုင်စွမ်းကို ပြသနေသည်။ သူမသည် အပြင်ဘက်တွင် လရောင်ကဲ့သို့ ဖြူဆွတ်သော ဝတ်ရုံနှင့် အတွင်းဘက်တွင် ခရမ်းရွှေရောင် ဝတ်ရုံတို့ကို ဝတ်ဆင်ထားသည်။ ထိုဝတ်ရုံများပေါ်တွင် ကျယ်ပြောလှပြီး မှန်းဆ၍မရနိုင်သော ကြယ်တာရာ ကောင်းကင်ပြင်၏ ကောင်းကင်အလှတရားများကို ပန်းထိုးထားလေသည်။

သူမသည် ခြေဗလာဖြစ်နေပြီး ဟင်းလင်းပြင် အတွင်းရှိ အရာအားလုံးနှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ သဘာဝကျသော တည်ရှိမှုတစ်ခုကို ထုတ်လွှတ်နေလေသည်။ စွမ်းအင်များနှင့် အမတေ များသည် ကိုယ်ပိုင် ပတ်လမ်းတစ်ခု ရှိနေသည့်အလား သူမ၏ အနီးတစ်ဝိုက်တွင် နာခံမှုရှိစွာ လှည့်ပတ်နေကြသည်။ ၎င်းက သူမကို သဘာဝစွမ်းအင် အလင်းရောင်၏ မှိန်ပျပျ တောက်ပမှုတစ်ခုကို ပေးစွမ်းနေ၏။

အံ့ဩစရာကောင်းသည်က သူမ၏ ခြေသည်းများနှင့် လက်သည်းများကို အနက်ရောင် ဆေးဆိုးထားခြင်းပင် ဖြစ်သည်။ မည်သည့် လှုပ်ရှားမှု လက္ခဏာမျှ မရှိဘဲ စကြဝဠာ၏ အဆုံးမဲ့ကာ မှန်းဆ၍မရနိုင်သော အမှောင် ဟင်းလင်းပြင် ကြီးနှင့် တူညီနေလေသည်။

ပုံမှန်အားဖြင့် ဝေ့ဝူယင်သည် တစ်စုံတစ်ယောက်၏ ခြေထောက်များကို အချိန်ဆွဲ ကြည့်ရှုလေ့ မရှိပေ။ သို့သော် လောကကြီးတွင် ပြီးပြည့်စုံသော ခြေထောက်တစ်စုံ ရှိသည်ဟု ဆိုရမည်ဆိုလျှင် ၎င်းမှာ သူမ၏ ခြေထောက်များပင် ဖြစ်ပေလိမ့်မည်။

ကောင်းကင်ဘုံအောက်တွင် စံနမူနာပြ ဖြစ်လေသည်။

သူမ၏ ထိုအစိတ်အပိုင်း တစ်ခုတည်းကိုသာ အခြားသူများနှင့် နှိုင်းယှဉ်ရမည်ဆိုလျှင် သူသိသမျှ အမျိုးသမီးများထဲတွင် ဝေ့ရှောင်ထျန်း နှင့် နာ့ရှင်းယီ တို့သာလျှင် ယှဉ်ပြိုင်နိုင်ရန် မျှော်လင့်နိုင်ပေမည်။ ပထမတစ်ယောက်သည် ကောင်းကင်ဘုံမှ တိုက်ရိုက် မွေးဖွားလာပြီး ခေါင်းမှ ခြေဖျားအထိ ကောင်းကင်ဘုံ၏ ပုံစံချမှုဖြင့် ထုဆစ်ခံထားရသူ ဖြစ်သည်။ ဒုတိယတစ်ယောက်မှာ မွေးဖွားလာစဉ်ကတည်းက အစွန်းရောက်ယင် အမတေကို လူ့အသွင်ဖန်တီးထားခြင်း ဖြစ်သည်။ ဤအချက်များက သူတို့ မည်မျှ အံ့မခန်းဖြစ်ကြောင်း ပြသသည့် လက္ခဏာများပင် ဖြစ်လေသည်။

***

All Chapters