ခြေရာဖျောက်ပြေးရန် ပြင်ဆင်ပြီ
Vol. 24 Ch. 254
ဝိညာဉ်သားရဲတောင်သည် အမြင့်ပေ တစ်သောင်းကျော်ရှိပြီး သားရဲသခင်ဂိုဏ်းတွင် အကြီးဆုံးတောင် ဖြစ်သည်။ တောင်ခြေတွင် ဝင်းတစ်ခုရှိပြီး ချီစုစည်းခြင်းအဆင့် ကျင့်ကြံသူများမှာ အသားပုပ်များ၊ ဝိညာဥ်ဆေးပင်များကို ကိုင်တွယ်ကာ အသားလုံးများ ပြုလုပ်ရင်း အလုပ်ရှုပ်နေကြသည်။
စုန့်ဝမ်သည် ဓားပျံစီးကာ ထိုဝင်း၏အထက်တွင် ဝဲပျံနေသည်။ ထို့နောက် ဝင်းအတွင်းရှိ သားရဲအစားအစာစာခန်းမဟု ကမ္ပည်းထိုးထားသော အဆောက်အအုံရှေ့သို့ ဆင်းသက်ကာ အဆောက်အအုံအတွင်းသို့ တန်းဝင်သွားပြီး "အကြီးအကဲကျွမ်း ရှိပါသလား။ ကျွန်တော် ဆေးတောင်ထိပ်က ဝူရှန်းပါ၊ ဆွေးနွေးစရာ ရှိလို့ တွေ့ခွင့်ပေးပါဦး" ဟု အော်ပြောလိုက်သည်။ သူ ဝင်သွားသည်နှင့် လူရိပ်တစ်ခု ပေါ်လာသည်။ ထိုသူမှာ ခေါင်းကြီးနားရွက်ကြီးနှင့် ဝဖိုင့်ဖိုင့် ဖြစ်သော်လည်း ဖော်ရွေသော အပြုံးရှိသည့် ကျွမ်းထောင် ပင်ဖြစ်သည်။
"အကြီးအကဲဝူ... ပထမဆုံးအကြိမ် လာတာကို ကျွန်တော် ကောင်းကောင်းမကြိုဆိုမိတာ ခွင့်လွှတ်ပါဗျာ" ဟု ကျွမ်းထောင်က ဆိုသည်။ စုန့်ဝမ်ကလည်း ယဉ်ကျေးစွာ ပြန်လည်နှုတ်ဆက်ပြီးနောက် အချိန်မဆွဲဘဲ လာရင်းကိစ္စကို ပြောလိုက်သည်။ "အကြီးအကဲကျွမ်း... ကျွန်တော် လာတာက မြွေဂူထဲမှာ မြွေလူသားတွေ များလာလို့ အသားလုံး ပိုလိုအပ်လာလို့ပါ။ အသားလုံးတွေ ပိုပြီး ထောက်ပံ့ပေးနိုင်မလား"
ဤစကားကို ကြားသည်နှင့် ကျွမ်းထောင်၏ မျက်နှာမှာ ချက်ချင်းပင် ညှိုးငယ်သွားပြီး "အကြီးအကဲဝူ... ကျွန်တော်က မပေးချင်လို့ မဟုတ်ပါဘူး၊ အသားလုံး အရေအတွက်က ကန့်သတ်ချက် ရှိနေလို့ပါ။ ဝိညာဉ်သားရဲတောင်ကို ပေးဖို့တောင် မလောက်ငှပါဘူး။ ဆေးတောင်ထိပ်ကို လုံလောက်စေဖို့ ဒီဘက်က ဝေစုကိုတောင် လျှော့ပေးနေရတာပါ။ အသားလုံး ပိုပေးဖို့ဆိုတာ ကျွန်တော် တကယ် မတတ်နိုင်ပါဘူး" ဟု ငြင်းလိုက်သည်။
စုန့်ဝမ်က အလွယ်တကူ လက်မလျှော့ဘဲ "နည်းလမ်းလေးတစ်ခုလောက် ရှာပေးလို့ မရဘူးလား။ လုံးဝမရှိဘူးဆိုတာ မဖြစ်နိုင်ပါဘူး" ဟု ထပ်ပြောသည်။
ကျွမ်းထောင်က ခေါင်းခါရင်း "အသားလုံးတွေက သားရဲတွေ ခွန်အားတိုးဖို့နဲ့ ဆေးဖော်စပ်ဖို့ အရမ်းအရေးကြီးတာမို့ လူတိုင်းက လိုချင်နေကြတာ။ ဒါပေမဲ့ ကုန်ကြမ်းက ရှားပြီး ဖော်စပ်ရတာ ခက်လို့ အထွက်နှုန်း အရမ်းနည်းတယ်။ မထွက်ခင်ကတည်းက ကြိုတင်မှာထားသူတွေ ရှိပြီးသားဆိုတော့ လက်ကျန်ဆိုတာ မရှိသလောက်ပါပဲ" ဟု ဆိုသည်။
စုန့်ဝမ်သည် ကျွမ်းထောင်၏ စကားကို လုံးဝမယုံပေ။ တာဝန်ခံတစ်ယောက်အနေဖြင့် လက်ကျန်လုံးဝမရှိဘဲ မနေနိုင်။ ထို့နောက် စုန့်ဝမ်သည် သက်ပြင်းအရှည်ကြီး တစ်ချက်ချလိုက်ပြီး "ဟူး... လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ မဟာအကြီးအကဲက မြွေဂူကို လာပြီး မြွေလူသားတွေကို အမြန်သန့်စင်ဖို့ အမိန့်ပေးသွားတာ။ အသားလုံး မလုံလောက်ရင် မြွေလူသားတွေ အားနည်းပြီး သန့်စင်တာကို မခံနိုင်ကြဘူး။ ဒါဆို မဟာအကြီးအကဲအမိန့်ကို ဘယ်လို ဆောင်ရွက်ပေးနိုင်မှာလဲ၊ ဒုက္ခပါပဲ" ဟု ဆိုလိုက်သည်။
ကျွမ်းထောင်၏ မျက်နှာတွင် စိုးရိမ်ရိပ်တစ်ခု ဖြတ်ပြေးသွားပြီး "မဟာအကြီးအကဲက တကယ်ပဲ အမြန်လုပ်ခိုင်းတာလား"ဟု မေးလိုက်သည်။ လျိုကျန်း ပြောတုန်းက သိပ်ဂရုမစိုက်ခဲ့သော်လည်း ယခု စုန့်ဝမ်က မဟာအကြီးအကဲ၏ အမိန့်ကို ကိုးကား၍ ပြောလာသဖြင့် သူ တုန်လှုပ်သွားသည်။
စုန့်ဝမ်က ပတ်ဝန်းကျင်ကို လူရှင်း၊ မရှင်း ကြည့်လိုက်ပြီး ကျွမ်းထောင်၏ အနားသို့ ကပ်ကာ လေသံနှိမ့်၍ လျှို့ဝှက်စွာ ပြောလိုက်သည်။
"မဟာအကြီးအကဲက ဒီမြွေလူသားတွေရဲ့ ဆန်းကြယ်ချီကို ဘာလို့ ဒီလောက် တန်ဖိုးထားလဲ သိလား"
ကျွမ်းထောင်က ကြောက်လန့်တကြား ခေါင်းခါရင "မသိဘူး၊ သိလည်း မသိချင်ဘူး..." ဟု ဆိုသည်။ မဟာအကြီးအကဲ၏ လျှို့ဝှက်ချက်ကို သိလိုသူမှာ သေလမ်းရှာသူသာ ဖြစ်မည် မဟုတ်လား။ သို့သော် စုန့်ဝမ်က "တစ်ခါက မဟာအကြီးအကဲ လွှတ်ခနဲ ပြောမိတာ... ဒီချီစွမ်းအားက သူ ကျင့်ကြံနေတဲ့ ပညာရပ်နဲ့ သက်ဆိုင်နေတယ်တဲ့။ အဲဒါကို နှောင့်နှေးအောင် လုပ်တဲ့သူဟာ သူ့ကျင့်ကြံမှုကို ဟန့်တားတာပဲ၊ မဟာအကြီးအကဲရဲ့ ဒေါသကို ခံရလိမ့်မယ်။ ဟိုတစ်လောက ခင်ဗျားတို့တောင်က ဒုတောင်သခင် ကျိုးရွှယ်လင်ကို မဟာအကြီးအကဲ သတ်ပစ်လိုက်တာ သိတယ်မလား" ဟု ခြိမ်းခြောက်လိုက်သည်။
ကျိုးရွှယ်လင် သေဆုံးမှု၏ ဖြစ်ရပ်မှန်မှာ လျှို့ဝှက်ထားသော်လည်း အဆင့်မြင့်ဂိုဏ်းသားအချို့ သိကြသဖြင့် ကျွမ်းထောင်လည်း သိထားသည်။ စုန့်ဝမ်က မဟာအကြီးအကဲ၏ လျှို့ဝှက်ချက်ကို ပြောင်ပြောင်တင်းတင်း ပြောရဲသည်ကိုလည်း အံ့သြနေမိသည်။ "အကြီးအကဲဝူ... ဒီနေရာမှာ ခင်ဗျားကို မကြိုဆိုတော့ဘူး၊ ကျေးဇူးပြုပြီး ထွက်သွားပါ" ဟု ကျွမ်းထောင်က ဒေါသတကြီး မောင်းထုတ်လိုက်သည်။
စုန့်ဝမ်က အပြုံးမပျက်ဘဲ "အကြီးအကဲကျွမ်း... ကျွန်တော် ပြောတာတွေကို ခင်ဗျား နားမထောင်ဘူးပဲ။ ဒါဆိုလည်း နောက်တစ်ခါ မဟာအကြီးအကဲနဲ့ တွေ့ရင် မြွေဂူမှာ အသားလုံး မလုံလောက်တဲ့အကြောင်းကိုပဲ အမှန်အတိုင်း တင်ပြလိုက်တော့မယ်" ဟု ဆိုကာ တံခါးဘက်သို့ ထွက်သွားသည်။
စုန့်ဝမ်က ထွက်လာရင်း ကျွမ်းထောင် ပြန်ခေါ်မည့်အချိန်ကို စိတ်ထဲမှ စောင့်ဆိုင်းနေခဲ့သည်။ တံခါးဝရောက်သည်အထိ ဘာသံမှ ထွက်မလာသဖြင့် စိတ်ပျက်သွားသော်လည်း၊ ဓားပျံစီးကာ ထွက်တော့မည့်ဆဲဆဲတွင် "အကြီးအကဲဝူ... ခဏနေပါဦး" ဟု ကျွမ်းထောင်က လှမ်းခေါ်လိုက်သည်။ စုန့်ဝမ်သည် စိတ်ထဲမှ ဝမ်းသာသွားသော်လည်း မျက်နှာကို တည်ထားလျက် "ဘာကိစ္စလဲဗျ" ဟု မေးလိုက်သည်။ ကျွမ်းထောင်က ဝေခွဲမရဖြစ်နေပြီးမှ ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် "ကျွန်တော့်ဆီမှာ အသားလုံး တစ်သုတ် ကျန်သေးတယ်၊ မြွေဂူမှာ အရေးကြီးနေတယ်ဆိုတော့ အကြီးအကဲဝူပဲ တစ်ခါတည်း ယူသွားလိုက်ပါ" ဟု ဆိုကာ သိုလှောင်အိတ်တစ်အိတ် ပစ်ပေးလိုက်သည်။
အိတ်ထဲတွင် အသားလုံး နှစ်ထောင်တိတိ ပါဝင်နေသဖြင့် စုန့်ဝမ် အလွန်ဝမ်းသာသွားသည်။ "ကျေးဇူးတင်ပါတယ် အကြီးအကဲကျွမ်း" ဟု ဆိုရာ၊ ကျွမ်းထောင်ကလည်း "မဟာအကြီးအကဲက ဂိုဏ်းရဲ့ ဒေါက်တိုင်ပါ၊ သူ အရမ်းအလုပ်များနေတာမို့ ခုနက မပြေလည်တာတွေကို သွားမပြောပါနဲ့တော့" ဟု ဆိုသည်။ စုန့်ဝမ်က "ကျွန်တော်တို့ အချင်းချင်း ကူညီနေကြတာပဲ၊ ဘယ်တုန်းက မပြေလည်တာ ရှိလို့လဲ" ဟု ရယ်မောကာ ပြန်ဖြေပြီး ထွက်လာခဲ့သည်။
ထို့နောက် စုန့်ဝမ်သည် တောင်ခါးပန်းရှိ ဝိညာဉ်ဆေးခန်းမသို့ သွားခဲ့သည်။ ထိုနေရာတွင် ဂိုဏ်းမှ ဖော်စပ်သော ဆေးများကို ဈေးသက်သာစွာ ရနိုင်သည်။ စုန့်ဝမ်လည်း အဆိပ်ဖြေဆေး၊ ဒဏ်ရာပျောက်ဆေးများနှင့် သားရဲအဆီအနှစ်ဆေးလုံး တစ်ထောင်ကို ဝိညာဉ်ကျောက် လေးသောင်းပေး၍ ဝယ်ယူလိုက်သည်။ ဂိုဏ်းမှ ထွက်ခွာတော့မည် ဖြစ်သဖြင့် အကုန်အကျခံကာ ဆေးဝါးများကို ကြိုတင် စုဆောင်းထားခြင်း ဖြစ်သည်။ လေလွင့်ကျင့်ကြံသူအနေဖြင့် ပြင်ပတွင် ကျင်လည်နေပါက စျေးတတ်နိုင်လျှင်ပင် ဝယ်ရသော ဆေးများ ရှိသည် မဟုတ်ပါလား။
သူ ဆေးဝယ်ယူနေစဉ် တပည့်မလေးတစ်ဦးက "အကြီးအကဲဝူ... ဒီနေ့ ဘာလို့ ဆေးတွေ အများကြီး တစ်ခါတည်း ဝယ်တာလဲ" ဟု စပ်စုမေးမြန်းရာ၊ စုန့်ဝမ်က အေးစက်စက် ကြည့်ကာ "ငါ့ကိစ္စကို နင်က ဘာလို့ ဒီလောက် စပ်စုနေတာလဲ" ဟု ငေါက်လိုက်သည်။ သူ၏ အေးစက်လှသော အရှိန်အဝါကြောင့် တပည့်မလေးမှာ ကြောက်လန့်သွားသည်။ စုန့်ဝမ်က "ငါ ဆေးဝယ်တာကို တစ်ယောက်ယောက်ကို ပြန်ပြောတာ သိရင်... နင့်ကို သားရဲ အစာလုပ် ကျွေးပစ်မယ်" ဟု ခြိမ်းခြောက်ကာ ထွက်ခွာလာခဲ့သည်။
ခန်းမအပြင်ရောက်သောအခါ ရုန်ကျင့်ယွမ်နှင့် သွားတိုးသည်။ ရုန်ကျင့်ယွမ်က အလွန် ဝမ်းသာဂုဏ်ယူနေဟန်ရှိပြီး အတားအဆီးဖြိုခွင်းဆေးလုံး အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့ကြောင်း စုန့်ဝမ်ကို လျှို့ဝှက်စွာ ပြောပြသည်။ သူမသည် နောက်သုံးရက်နေလျှင် ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် တံခါးပိတ်ကျင့်ကြံမှု စတင်တော့မည် ဖြစ်သည်။ စုန့်ဝမ်က ဂုဏ်ပြုစကားဆိုပြီးနောက် သူမနှင့် လမ်းခွဲခဲ့သည်။
စုန့်ဝမ်သည် ဓားပျံစီးကာ ထွက်ခွာလာစဉ် ခဏမျှ စဉ်းစားပြီး လမ်းကြောင်းပြောင်းကာ တောင်ခြေရှိ လူသူကင်းဝေးသော ဝိညာဉ်မီးလျှံ တားမြစ်နယ်မြေသို့ ရောက်လာသည်။ ရောက်သည်နှင့် အတွင်းသို့ မဝင်ဘဲ ဆက်သွယ်ရေးအဆောင်ဖြင့် သတင်းပို့လိုက်ရာ၊ ခဏအကြာတွင် ကျော့ရွှေယွင်နှင့် ဝေ့တင်းတို့ ဓားပျံစီးကာ ရောက်ရှိလာကြသည်။
"ဂျူနီယာမောင်လေးဝူ... ဝိညာဉ်မီးလျှံတားမြစ်နယ်မြေကို ဘာကိစ္စနဲ့ ရောက်လာတာလဲ"
လူရောက်သေးမီ အဝေးကပင် ကျော့ရွှေယွမ်၏ ချိုသာသောအသံက အရင်ရောက်လာသည်။ ဝေ့တင်းကမူ စိတ်အားထက်သန်မှုမရှိဘဲ အေးစက်စက်မျက်နှာထားဖြင့်သာ ရှိနေသည်။
မြေအောက်ဝင်ပေါက်သည် မြေကမ္ဘာမီးတောက်ကို ချိတ်ပိတ်ထားသည့် တားမြစ်နယ်မြေ၏ ဝင်ပေါက်ဖြစ်သည်။ ကျော့ရွှေယွမ်နှင့် ဝေ့တင်းတို့သည် ထိုတားမြစ်နယ်မြေကို စောင့်ကြပ်ရန် တာဝန်ကျနေခြင်း ဖြစ်သည်။
စုန့်ဝမ်က "စီနီယာအစ်မကျောက်၊ အကြီးအကဲဝေ၊ ကျွန်တော်က မြွေဂူရဲ့ အလောင်းသန့်စင်မှုလုပ်ငန်းမှာ လိုအပ်လို့ မြေကမ္ဘာမီးတောက်ရဲ့ အဓိကမီးတောက်တစ်စကို လာယူတာပါ" ဟု ပြောလိုက်သည်။
အဓိကမီးတောက်ဆိုသည်မှာ မြေကမ္ဘာမီးတောက်၏ အနှစ်သာရအပိုင်းဖြစ်ပြီး ၎င်းကို ထုတ်ယူလိုက်ပါက မီးတောက်ကို အားနည်းသွားစေနိုင်သည်။ သို့သော် ဆေးတောင်ထိပ်အောက်တွင် ချိတ်ပိတ်ထားသော ဤမီးတောက်မှာ နှစ်ပေါင်းရာချီ ဂရုတစိုက် မွေးမြူထားသဖြင့် အလွန်အင်အားကြီးမားနေပြီ ဖြစ်သည်။ ထို့ကြောင့် အဓိကမီးတောက် တစ်စလောက် ထုတ်ယူခြင်းမှာ မီးတောက်တစ်ခုလုံးအပေါ် သက်ရောက်မှု ရှိမည်မဟုတ်ပေ။ အဓိကမီးတောက်ဆိုသည်မှာ ခွဲထုတ်ထားသော အမြုတေပါ မီးတောက်အမျိုးအစား မဟုတ်သဖြင့် အချိန်အတိုင်းအတာတစ်ခု ကြာလျှင် အလိုအလျောက် ပျောက်ကွယ်သွားတတ်ပြီး မီးတောက်အသစ် မွေးမြူရန်အတွက် မျိုးစေ့အဖြစ် အသုံးပြု၍မရနိုင်ပေ။
ဝေတင်းက တည်ကြည်သောမျက်နှာဖြင့် "ဝိညာဉ်မီးလျှံ တားမြစ်နယ်မြေဆိုတာ ဂိုဏ်းရဲ့ အလွန်အရေးကြီးတဲ့နေရာပဲ။ တောင်ထိပ်သခင်ရဲ့ အမိန့်မပါဘဲ ဘယ်သူမှ ဝင်ခွင့်မရှိဘူး"ဟု အေးစက်စက်ပင် ဆိုလာသည်။
ဖုန့်ဖန်းယီသည် ဂိုဏ်းချုပ်ဖြစ်လာသော်လည်း ဆေးတောင်ထိပ်သခင် ရာထူးကို စွန့်လွှတ်ခြင်းမရှိသေးပေ။ ထို့ကြောင့် ဝေတင်းပြောသော တောင်ထိပ်သခင်မှာ ဖုန့်ဖန်းယီကို ဆိုလိုခြင်းဖြစ်သည်။
စုန့်ဝမ်က အံ့သြသွားဟန်ဖြင့် ဆိုလာသည်။
"ခင်ဗျားတို့ ဂိုဏ်းချုပ်ဆီက အမိန့်မရသေးဘူးလား။ ကျွန်တော် အခုပဲ ဂိုဏ်းချုပ်ဆီက လာခဲ့တာ၊ သူက ဒီကိစ္စကို ခွင့်ပြုပေးပြီးသား။ ခင်ဗျားတို့ကို အကြောင်းကြားဖို့ လူလွှတ်လိုက်မယ်လို့လည်း ပြောတယ်။ ကြည့်ရတာ အရမ်းအလုပ်များနေလို့ မေ့သွားတာ ဖြစ်ရမယ်။ အခု ဘယ်လိုလုပ်ကြမလဲ၊ ကျွန်တော် ထွက်လာတုန်းက ဂိုဏ်းခေါင်းဆောင်က ရက်အနည်းငယ်ကြာ တံခါးပိတ် ကျင့်ကြံမှုဝင်တော့မယ်လို့ ပြောခဲ့တယ်။ မြွေဂူမှာက အလောင်းသန့်စင်ဖို့ ဝိညာဉ်မီးလျှံကို စောင့်နေကြတာ။ အခုတော့ အစီအစဉ်တွေ ပျက်ကုန်တော့မှာပဲ။ ဂိုဏ်းခေါင်းဆောင် ကျင့်ကြံမှုကနေ ထွက်လာမှပဲ နည်းလမ်းသစ်ကို သုံးကြည့်နိုင်တော့မယ် ထင်တယ်"
ဝေ့တင်းက စုန့်ဝမ်ကို သံသယဖြင့် ကြည့်လိုက်သည်။
"မြေကမ္ဘာမီးတောက်ကိုသုံးပြီး အလောင်းသန့်စင်မယ် ဟုတ်လား။ အကြီးအကဲဝူ... ခင်ဗျား နောက်နေတာလား"
ဤမီးတောက်မှာ အလောင်းသန့်စင်ရာတွင် အသုံးပြုသည့် မိစ္ဆာမီးတောက်မျိုး မဟုတ်ပေ။ ဝူရွှယ်လင် သေဆုံးသည့်ညက ဖုန့်ဖန်းယီသည် ဆေးတောင်ထိပ်မှ အခြေတည်အဆင့် ကျင့်ကြံသူအားလုံးကို ကြည့်ရှုရန် ခေါ်ယူခဲ့ရာ ဝေ့တင်းနှင့် ကျော့ရွှေယွမ်တို့လည်း ပါဝင်ခဲ့သည်။ ထို့ကြောင့် ၎င်းတို့နှစ်ဦးမှာ မြွေလူသား သန့်စင်သည့်နည်းလမ်းအကြောင်း အနည်းနှင့်အများ သိထားကြသည်။
စုန့်ဝမ်က ခေါင်းခါလိုက်သည်။
"ကျွန်တော် ခင်ဗျားတို့ကို လိမ်ပြောလို့ ဘာအကျိုးအမြတ် ရမှာလဲ။ ဒီမီးလျှံကို အလောင်းသန့်စင်ဖို့ သုံးမှာကို ဂိုဏ်းချုပ်ဆီ တင်ပြပြီးသား၊ သူကိုယ်တိုင်လည်း သဘောတူထားတယ်။ ခင်ဗျားတို့ မယုံရင် ဂိုဏ်းခေါင်းဆောင်ကို ဆက်သွယ်ပြီး မေးကြည့်နိုင်ပါတယ်။ အော်... မေ့လို့၊ ဂိုဏ်းချုပ်က ကျင့်ကြံမှုထဲ ဝင်သွားပြီပဲ"
ဖုန့်ဖန်းယီ တံခါးပိတ် ကျင့်ကြံမှုဝင်သွားသည်ဆိုသည်မှာ လုပ်ကြံပြောဆိုလိုက်သော အလိမ်အညာသာ ဖြစ်သည်။ သို့သော် စုန့်ဝမ်မှာ စိုးရိမ်ခြင်းမရှိပေ။ အကြောင်းမှာ ထိုသူနှစ်ဦးတွင် ဖုန့်ဖန်းယီ၏ ဆက်သွယ်ရေးအဆောင် မရှိသောကြောင့် ဖြစ်သည်။ ဖုန့်ဖန်းယီ ဂိုဏ်းခေါင်းဆောင် မဖြစ်မီက လူတိုင်းတွင် ရှိခဲ့သော်လည်း ဂိုဏ်းခေါင်းဆောင် ဖြစ်လာသောအခါ သူ့အဆင့်အတန်းနှင့် မထိုက်တန်ဟု ယူဆသဖြင့် အဆောင်အဟောင်းများကို ဖျက်ဆီးကာ အသစ်များကိုသာ အနီးကပ်လူယုံများထံ ပေးထားခဲ့သည်။ စုန့်ဝမ်ပင် လွန်ခဲ့သော ဆယ်ရက် မဟာအကြီးအကဲ ပေါ်လာပြီးနောက်မှ ထိုအဆောင်အသစ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
ကျောက်ရွှေယွမ်နှင့် ဝေတိန်တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ စုန့်ဝမ်၏ စကားကို အလွယ်တကူ မယုံကြသေးပေ။ ကျော့ရွှေယွမ်က ချိုသာစွာ ပြုံးပြရင်း "ဂျူနီယာမောင်လေးဝူ... ကျွန်မတို့က မကူညီချင်လို့ မဟုတ်ပါဘူး၊ ဒါပေမဲ့ စည်းကမ်းတွေရှိတော့ ကျွန်မတို့ မလွန်ဆန်ရဲလို့ပါ" ဟု ဆိုသည်။
"ကျွန်တော် ခင်ဗျားတို့ရဲ့ အခက်အခဲကို နားလည်ပါတယ်၊ ခင်ဗျားတို့ကို အခက်တွေ့အောင် မလုပ်ပါဘူး" ဟု စုန့်ဝမ်က စိတ်ပျက်လက်ပျက် အသံဖြင့် ပြောလိုက်သည်။ ထို့နောက် ဓားပျံစီးကာ ထွက်ခွာတော့မည့်ဟန် ပြုပြီးမှ ရုတ်တရက် ပြန်ရပ်လိုက်သည်။ "စီနီယာအမကျောက်၊ အကြီးအကဲဝေ... ကျွန်တော်တို့က မိတ်ဟောင်းဆွေဟောင်းတွေပဲ။ ကျွန်တော် ဂိုဏ်းကို စဝင်တုန်းက ခင်ဗျားတို့ နှစ်ယောက်ရဲ့ စောင့်ရှောက်မှု ခံယူခဲ့ရတာ မှတ်မိနေပါတယ်။ အခု ဒီတားမြစ်နယ်မြေထဲမှာ ပတ်ဝန်းကျင်ကလည်း ကြမ်းတမ်း၊ ခံစားခွင့်ကလည်း နည်းပါးတာကို တွေ့ရတော့ စိတ်မကောင်းဘူး။ ခင်ဗျားတို့ တာဝန်နေရာ ပြောင်းဖို့ကော စဉ်းစားဖူးလား"
ဤစကားကို ကြားသောအခါ ကျော့ရွှေယွမ်၏ မျက်လုံးများမှာ တောက်ပလာသည်။ အေးစက်နေသော ဝေ့တင်းပင်လျှင် စိတ်လှုပ်ရှားသွားဟန် ရှိသည်။ "အကြီးအကဲဝူ... ရှင် ကျွန်မတို့ကို ဒီနေရာကနေ ပြောင်းပေးနိုင်အောင် ကူညီမလို့လား" ဟု ကျော့ရွှေယွမ်က စိတ်လှုပ်ရှားစွာ မေးလိုက်သည်။ သူမနှင့် ဝေ့တင်းတို့မှာ ဤနေရာတွင် နေရသည်ကို အလွန် ငြီးငွေ့နေကြပြီ ဖြစ်သည်။ တားမြစ်နယ်မြေအတွင်းရှိ အားကြီးလွန်းသော မီးဓာတ်စွမ်းအင်များကြောင့် အခြားသော ဓာတ်ကြီးများမှာ မျှတမှုမရှိပေ။ မီးဓာတ်တစ်ခုတည်းရှိသော ပါရမီရှင်များမှအပ ကျန်သူများမှာ ဤနေရာတွင် ကျင့်ကြံရန် မဖြစ်နိုင်ပေ။ အထူးသဖြင့် ရာထူးချခံထားရသော ဝေ့တင်းအတွက်မူ အကြောင်းထူးမရှိလျှင် ဤနေရာမှ ပြောင်းရန် အလွန်ခက်ခဲသည်။ ကျော့ရွှေယွမ်မှာမူ အမှားအယွင်းမရှိသဖြင့် တာဝန်သက်တမ်းစေ့လျှင် ပြောင်းနိုင်သော်လည်း မြွေဂူကဲ့သို့ နေရာမျိုးနှင့် ယှဉ်နိုင်သည့် နေရာမှာ ဆေးတောင်ထိပ်တွင် မရှိပေ။ ထို့ကြောင့် စုန့်ဝမ်က နေရာပြောင်းပေးမည်ဟု ဆိုသောအခါ ၎င်းတို့နှစ်ဦးလုံး စိတ်လှုပ်ရှားသွားကြခြင်း ဖြစ်သည်။
"လွန်ခဲ့တဲ့ ဆယ်ရက်က မဟာအကြီးအကဲ မြွေဂူကို ရုတ်တရက် ရောက်လာပြီး မြွေလူသား သန့်စင်တာကို အရှိန်မြှင့်ဖို့ ခိုင်းသွားတယ်။ အခု မြွေဂူမှာ လူအင်အား အရမ်း လိုအပ်နေတယ်။ ခင်ဗျားတို့ ဆန္ဒရှိရင် မြွေဂူမှာ လာပြီး တာဝန်ထမ်းဆောင်လို့ ရတယ်။ ဘာပဲပြောပြော သိကျွမ်းသူတွေဆို လုပ်ရကိုင်ရ လွယ်တယ်လေ။ မြွေဂူရဲ့ အခြေအနေကို အများကြီး မပြောချင်ပေမဲ့ လစာကတော့ ဂိုဏ်းထဲမှာ အကောင်းဆုံးပဲ။ အလုပ်ကို ကြိုးကြိုးစားစား လုပ်ရင် မကြာခင်မှာ စီမံခန့်ခွဲရေး အကြီးအကဲ ရာထူးအထိ တက်လာနိုင်မှာ သေချာတယ်"
ကျော့ရွှေယွမ်သည် အတိုင်းထက်အလွန် ဝမ်းသာသွားပြီး စုန့်ဝမ် ရှေ့သို့ ပျံသန်းလာခဲ့သည်။
"ဂျူနီယာမောင်လေးဝူ... အဲဒါ တကယ်လား"
စုန့်ဝမ်က ပြုံးရင်း "ကျွန်တော် စီနီယာအစ်မကို လိမ်ပါ့မလား" ဟု ပြန်ဖြေလိုက်သည်။ ထို့နောက် ဝေ့တင်းကို ကြည့်ကာ "အကြီးအကဲဝေ့... ခင်ဗျားကော ဘယ်လို ထင်သလဲ" ဟု မေးလိုက်သည်။
ဝေ့တင်းမှာ စိတ်လှုပ်ရှားနေသော်လည်း သံသယ ရှိနေသေးသည်။
"ခင်ဗျားက တကယ်ပဲ စိတ်ရင်းနဲ့ ကျွန်တော့်ကို ကူညီမှာလား”
စုန့်ဝမ်က "အကြီးအကဲဝေ့... ခင်ဗျားက ကျွန်တော့်ကို ဆေးဖော်စပ်နည်းတွေ သင်ပေးခဲ့တဲ့ ဆရာတစ်ပိုင်း ဖြစ်နေတာပဲ။ ခင်ဗျားကို ဘာလို့ လိမ်ရမှာလဲ။ သူစိမ်းထက် အသိတွေနဲ့ အလုပ်လုပ်ရမှာ ပိုစိတ်ချလို့ ကမ်းလှမ်းတာပါ" ဟု ပြန်ပြောလိုက်သည်။
ဝေ့တင်းက တစ်ခုခု ထပ်ပြောရန် ပြင်သော်လည်း ကျော့ရွှေယွမ်က ဦးအောင် စကားဖြတ်ကာ "ဂျူနီယာမောင်လေးဝူ... ဒါဆို ဒါကို အတည်လို့ပဲ သတ်မှတ်လိုက်မယ်နော်" ဟု ဆိုသည်။ ဤသည်ကို မြင်သောအခါ ဝေ့တင်းသည်လည်း တွန့်ဆုတ်မနေတော့ဘဲ "ကျေးဇူးတင်ပါတယ် အကြီးအကဲဝူ၊ ကျွန်တော်လည်း သဘောတူပါတယ်" ဟု အမြန် ပြောလိုက်သည်။
စုန့်ဝမ်က ခေါင်းညိတ်ပြရင်း "နောက်ရက်အနည်းငယ်ကြာလို့ ဂိုဏ်းချုပ် ကျင့်ကြံမှုကနေ ထွက်လာတဲ့အခါ ကျွန်တော် ဒီကိစ္စကို အပြီးသတ် ဆောင်ရွက်ပေးပါ့မယ်" ဟု ကတိပေးလိုက်သည်။ ထို့နောက် သူ ထွက်ခွာရန် ပြင်ပြီးမှ ထပ်မံ ရပ်လိုက်ပြန်သည်။ "ခင်ဗျားတို့ ကျွန်တော့်ကို ကူညီတဲ့အနေနဲ့ မြေကမ္ဘာမီးတောက်ရဲ့ အဓိကမီးတောက် တစ်စလောက် ဝင်ယူခွင့်ပြုမလား။ အဲဒီလောက်လေးက မီးလျှံတစ်ခုလုံးအပေါ် ဘာသက်ရောက်မှုမှ ရှိမှာ မဟုတ်ပါဘူး"
ဤစကားကို ကြားသောအခါ ကျောက်ရွှေယွမ်နှင့် ဝေတိန်တို့၏ မျက်နှာမှ ဝမ်းသာရိပ်များမှာ ပျောက်ကွယ်သွားသည်။ "ဒါကတော့..." ကျော့ရွှေယွမ်မှာ အကျပ်ရိုက်သွားပြီး ဝေ့တင်းကို ကြည့်လိုက်သည်။ သူမ၏ စိတ်ထဲတွင်မူ စုန့်ဝမ်ကို ဝင်ခွင့်မပေးချင်သဖြင့် ဝေ့တင်းက ငြင်းလိုက်စေချင်သည်။ သို့သော် ဝေ့တင်း၏ တုံ့ပြန်မှုမှာ သူမ မျှော်လင့်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။
"အကြီးအကဲဝူ... ခင်ဗျား အဓိကမီးတောက် တစ်စ ယူချင်တယ်ဆိုရင်တော့ ဒါက ပြဿနာမရှိပါဘူး" ဟု ဝေ့တင်းက ဆိုလိုက်သည်။
ထို့နောက် ဝေ့တင်းက အနက်ရောင် တံဆိပ်ပြားတစ်ခုကို ထုတ်ကာ ဝင်ပေါက်ဆီသို့ ဝှေ့ယမ်းလိုက်ရာ အကာအကွယ် အစီအရင်များ ချက်ချင်း ပွင့်သွားတော့သည်။ ရာထူးချခံထားရသော ဝေ့တင်းမှာ ကျော့ရွှေယွမ်ထက်ပင် မြွေဂူသို့ ပြောင်းရန် ပို၍ ဆန္ဒပြင်းပြနေခြင်း ဖြစ်သည်။ ဤအခွင့်အရေးကို လက်လွတ်လိုက်ပါက နောက်တစ်ကြိမ် မည်သည့်အခါ ပြန်ရမည်ကို သူ မသိပေ။ ပြစ်ဒဏ်ဖြင့် ရောက်လာသူတချို့ တစ်သက်လုံးနေသွားရသည်ပင် ရှိသည်။ သူ့အနေဖြင့် ဤနေရာတွင် ဘဝမဆုံးလိုပေ။ ထို့ပြင် စုန့်ဝမ်အနေဖြင့် မြေကမ္ဘာမီးတောက်ကို အန္တရာယ်ပြုမည့်အလုပ်မျိုး လုပ်လိမ့်မည်ဟု သူ မယုံကြည်ခြင်းကြောင့်လည်း ဖြစ်သည်။ စုန့်ဝမ်သည် ပထမ မဟာအကြီးအကဲ၏ မျက်နှာသာပေးခြင်း ခံနေရသည့် တက်လမ်းရှိသူ ဖြစ်သည်။ ထိုသို့လုပ်ခြင်းမှာ မိမိကိုယ်ကိုယ် သတ်သေခြင်းနှင့် အတူတူပင် မဟုတ်ပါလား။
…………….