← Chapters

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃-၆၄)

Vol. 7 Ch. 63-64

အခန်း (၆၃)

ထောက်ပံ့ပို့ဆောင်ရေး လွှဲပြောင်းစခန်း

အချိန်မှာ အလွန်တန်ဖိုးရှိနေသဖြင့် ဟွာကျွင်း သည် သူမ၏ ဖုန်းထဲမှ လမ်းညွှန်အက်ပ်ကို ဖွင့်ကာ စောင်စက်ရုံတစ်ခုကို ရှာဖွေလိုက်၏။ အနီးဆုံးစက်ရုံမှာ သူမ မုန့်ဆိုင်နှင့် ကီလိုမီတာ (၃၀) ခန့် ကွာဝေးသည်။ ဟွာကျွင်း လူချင်းတွေ့ပြီး စကားပြောချင်သည့်အတွက် တိုက်ရိုက်သွားရန် ဆုံးဖြတ်လိုက်တော့သည်။

စက်ရုံဂိတ်ဝသို့ ရောက်သည့်အခါ သူမ အနည်းငယ် ဝေခွဲမရ ဖြစ်သွား၏။ စောင်စက်ရုံဟု ဆိုသော်လည်း သံဇကာစည်းရိုးများ ဝန်းရံထားသော ဟောင်းနွမ်းပျက်စီးနေသည့် အထပ်နိမ့် အဆောက်အအုံ အနည်းငယ်သာ ရှိသည်။ စည်းရိုးပေါ်တွင် "ကြယ်နီစောင်စက်ရုံ" ဟု ရေးသားမထားပါက လမ်းညွှန်ချက် မှားနေပြီဟု သူမ ထင်မိပေလိမ့်မည်။

'စက်ရုံက ပိတ်သွားပြီလားမသိဘူး'

ဟွာကျွင်းသည် အဝင်ဝတွင် တစ်ခဏ ရပ်ကြည့်ရင်း တစ်စုံတစ်ယောက်ကို မေးရမလား ဝေခွဲမရ ဖြစ်နေ၏။ သံတံခါးအတွင်းဘက်တွင် ဂိတ်စောင့်တဲဟု ယူဆရသော အိမ်လေးတစ်လုံးရှိပြီး အထဲတွင် လူအချို့ စကားပြောနေကြသည်။ ဟွာကျွင်း အပြင်မှာ ရပ်နေသည်ကို မြင်သောအခါ လူကောင်ကြီးကြီး အမျိုးသားတစ်ဦး ထွက်လာပြီး မေးမြန်းလိုက်သည်။

“ဘာကိစ္စရှိလို့လဲ”

သူ့ပုံစံမှာ အတော်လေး ကြောက်စရာကောင်းလှ၏။

ဟွာကျွင်းသည် ယခုမှတော့ ပြန်လှည့်၍ မရတော့သဖြင့် စိတ်ကိုတင်းကာ ဆိုလိုက်၏။

“ကျွန်မ စောင်ဝယ်ချင်လို့ပါ၊ ဒီမှာ ရောင်းသေးလားရှင့်”

ထိုအခါ လူကောင်ကြီးကြီး အမျိုးသားမှာ ချက်ချင်းပင် ပြုံးရွှင်သွားပြီး အထဲသို့ လှည့်၍ အော်ပြောသည်။

“စက်ရုံမှူး။ စက်ရုံမှူး။ စောင်ဝယ်မဲ့သူ ရောက်နေတယ်”

သူ သံတံခါးကို ဖွင့်ပေးလိုက်ပြီး ဝမ်းသာအားရ ပြောလိုက်သည်။

“အို ဧည့်သည် လာတာ အတော်ပဲဗျာ။ ကျွန်တော်တို့စက်ရုံက စောင်တွေက အကောင်းဆုံးတွေပဲ”

သူ၏ ပြောင်းလဲသွားသော အမူအရာကို ကြည့်ပြီး ဟွာကျွင်းက 'အရင်နဲ့ အခု ကွာခြားချက်က ကြီးမားလိုက်တာ' ဟု တွေးနေမိ၏။ ဂိတ်စောင့်တဲထဲမှ အသက်လတ်ပိုင်း အမျိုးသားတစ်ဦး ထွက်လာရာ သူသည် စက်ရုံမှူး ဖြစ်ပေလိမ့်မည်။ သူ ဟွာကျွင်းကို ကြည့်ကာ မေးမြန်းသည်။

“အမျိုးသမီးက စောင်ဝယ်ချင်လို့လား။ ဒါက စောင်စက်ရုံဆိုပေမဲ့ ကျွန်တော်တို့က ဂွမ်းစောင် တွေပဲ ရောင်းတာပါ၊ တခြားစောင်မျိုးတွေ မရှိဘူးနော်”

ဟွာကျွင်း ခေါင်းညိတ်ပြ၏။

“ဟုတ်ကဲ့ဦးလေး၊ ကျွန်မက ဂွမ်းစောင်ပဲ ဝယ်ချင်တာပါ။ ဒီမှာ ရောင်းဖို့ ရှိသေးတယ်မလား”

စက်ရုံမှူးက ဟွာကျွင်းကို အဆောက်အအုံထဲသို့ ခေါ်ဆောင်သွားရင်း ဆိုသည်။

“ရှိတာပေါ့၊ ရှိတာပေါ့ဗျာ။ ဒီနှစ်တွေမှာ ပဲပုပ်စောင်တွေ၊ ငှက်မွှေးစောင်တွေ ခေတ်စားလာတော့ ဂွမ်းစောင်တွေက သိပ်မရောင်းရတော့ဘူး၊ ကျွန်တော်တို့ စက်ရုံတောင် ဆက်မလည်ပတ်နိုင်တော့လို့ စက်တွေရပ်ထားတာ ခြောက်လလောက် ရှိပြီ! မင်း အခုလာတာ အတော်ပဲ၊ ကျန်တာလေးတွေ ရှိသေးတယ်။ တာ့ကျန်းရေ ဒီအမျိုးသမီးလေးကို အကောင်းစားလေးတွေ ရွေးပေးလိုက်ဦး”

စက်ရုံမှူး အပြင်ဘက်တွင် ရပ်ကျန်ရစ်ခဲ့၏။ တာ့ကျန်းဟု ခေါ်သော လူကောင်ကြီးကြီး လူငယ်က ထူးလိုက်ပြီး ဟွာကျွင်းကို အထဲသို့ ခေါ်သွားသည်။ ဟွာကျွင်းက ဆိုသည်။

“စက်ရုံမှူးရှင့်၊ ကျွန်မက အများကြီး လိုချင်တာမို့လို့ ထိုင်ပြီး စကားပြောလို့ ရမလား”

စက်ရုံမှူး ဟွာကျွင်းကို တစ်ချက်ကြည့်ပြီးမှ ဂိတ်စောင့်တဲဘက်သို့ ပြန်ကြည့်ကာ ဆို၏။

“ ခဏလောက် စောင့်ပေးလို့ ရမလား။ ကျွန်တော့်ဆီမှာ ဧည့်သည်တွေ ရောက်နေလို့ သူတို့ကို ပြန်ပို့ပြီးမှ စကားပြောကြရအောင်”

တာ့ကျန်းကလည်း ဘေးမှ ခေါင်းညိတ်ထောက်ခံသည်။

“စိတ်မပူပါနဲ့ ၊ ကျွန်တော်က စောင်တွေအကြောင်း ကောင်းကောင်း သိပါတယ်။ ကျွန်တော် ရွေးပေးတာ ဘယ်တော့မှ မမှားစေရဘူး”

တာ့ကျန်း ဟွာကျွင်းကို သန့်ရှင်းသော အခန်းတစ်ခုသို့ ခေါ်သွားပြီး ထိုင်ခုံတစ်ခုကို တဘက်ဖြင့် သေသေချာချာ သုတ်ပေးလိုက်၏။

“ဒီမှာထိုင်၊ ဒီနေရာက နေရောင်ရတယ်”

တာ့ကျန်းက ဆက်၍ မေးသည်။

“ကာစတမ်မာ ခင်ဗျား စောင်ဘယ်နှစ်ထည် လိုချင်တာလဲ။ ကျွန်တော်တို့ဆီမှာ ၂ ကျင် ကနေ ၁၀ ကျင်အထိ အလေးချိန် အမျိုးမျိုး ရှိတယ်။ ဆောင်းတွင်းသုံးဖို့ဆိုရင် ၈ ကျင်ဆိုရင် လုံလောက်ပါပြီ၊ အသစ်စက်စက် ဂွမ်းတွေမို့ အရမ်း နွေးထွေးတာနော်။ ကျွန်တော် ယူလာပြမယ်”

ဟွာကျွင်း သူ့ကို တားလိုက်ပြီး ပြောလိုက်သည်။

“ကျွန်မက အများကြီး လိုချင်တာပါ။ ရှင့်တို့စက်ရုံမှာ လက်ကျန် ဘယ်လောက်ရှိလဲ”

တာ့ကျန်း တစ်ခဏ စဉ်းစားပြီး မျှော်လင့်ချက်အပြည့်ဖြင့် ဆို၏။

“ကျွန်တော်တို့စက်ရုံက မနေ့ကတင် ပစ္စည်းအချို့ လှူလိုက်သေးတယ်၊ အခု လက်ကျန် (၁၀၀၀) ရှိတယ်။ အကုန်ယူမှာလား”

ဟွာကျွင်းက ခေါင်းခါပြလိုက်၏။ တာ့ကျန်း၏ မျက်လုံးများမှာ ချက်ချင်းပင် မှေးမှိန်သွားတော့သည်။ စက်ရုံမှူးအတွက် အခက်အခဲကြီးကို ဖြေရှင်းပေးနိုင်ပြီဟု သူ ထင်ခဲ့ခြင်း ဖြစ်၏။ သို့သော် ဟွာကျွင်းက ဆက်ပြောသည်။

“တစ်ထောင်က နည်းလွန်းတယ်။ ကျွန်မ အနည်းဆုံး စောင်တစ်သိန်းလောက် လိုချင်တာ”

“ဘာပြောတယ်”

တာ့ကျန်း အံ့ဩတကြီး အော်ဟစ်မိ၏။

“ကာစတမ်မာခင်ဗျ ကျွန်တော့်ကို နောက်မနေပါနဲ့၊ တစ်သိန်းလို့ ပြောတာလား။ သုညငါးလုံး ပါတဲ့ တစ်သိန်းလား”

ဟွာကျွင်း ပြန်ပြောသည်။

“ဟုတ်တယ်၊ စောင်တစ်သိန်း၊ အလေးချိန်က ဘယ်လောက်ပဲဖြစ်ဖြစ် ရတယ်။ ရှင့်တို့ ထုတ်လုပ်မှု ဆက်လုပ်နိုင်ဦးမလား”

တာ့ကျန်းသည် သူမကိုပင် ပြန်မဖြေတော့ဘဲ အပြင်သို့ အော်ဟစ်ပြေးထွက်သွားတော့သည်။

“ဦးလေး၊ ဦးလေး၊ စက်ရုံကို မရောင်းရတော့ဘူး။ စက်ရုံကို ရောင်းစရာ မလိုတော့ဘူး”

စက်ရုံမှူးသည် ဂိတ်စောင့်တဲထဲတွင် ဧည့်သည်နှင့် စကားပြောနေခြင်း ဖြစ်၏။ မကြာသေးမီက အမှာစာများ မရှိတော့သဖြင့် စက်ရုံကို ရောင်းချကာ ရရှိလာသော ငွေများကို အလုပ်သမားများအား ခွဲဝေပေးရန် ပြင်ဆင်နေခြင်း ဖြစ်သည်။ မကြာမီ တာ့ကျန်းနှင့် စက်ရုံမှူးတို့ အတူတူ ပြေးဝင်လာကြ၏။ စက်ရုံမှူးက တိုက်ရိုက်ပင် မေးမြန်းသည်။

“ကာစတမ်မာ ခင်ဗျားက ဂွမ်းစောင် တစ်သိန်း ဝယ်ချင်တာ တကယ်လား”

ဟွာကျွင်း ဆိုသည်။

“ဟုတ်ကဲ့၊ ဒါက ပထမဆုံး အသုတ်ပါ။ နောက်ပိုင်းလည်း ထပ်ဝယ်ဖို့ ရှိနိုင်ပါတယ်”

စက်ရုံမှူး စိတ်ပျက်လက်ပျက်ဖြင့် ဆို၏။

“နှမြောစရာပဲ။ စက်တွေအားလုံး မောင်းနှင်ရင်တောင် တစ်နေ့ကို စောင် ၁၀၀ ထက် ပိုမထုတ်နိုင်ဘူး”

ဟွာကျွင်း မေးမြန်းသည်။

“ဒါဆို လက်ကျန်ပစ္စည်းရော မရှိဘူးလား”

“လက်ကျန်တော့ ရှိပါတယ်၊ ဒါပေမဲ့ အဲဒါတွေက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ထုတ်ထားတဲ့ စောင်တွေပါ၊ ဂွမ်းအသစ်တွေ မဟုတ်တော့လို့ မင်းကို မရောင်းချင်တာ”

“ရပါတယ်၊ ကယ်ဆယ်ရေးစောင်တွေက ပိုတောင် အဆင်ပြေပါသေးတယ်”

“နောက်ဘက် ဂိုဒေါင်ထဲမှာ စုပုံထားတာ စောင် ၁၀၀၀၀ လောက် ရှိမယ်။ ကာစတမ်မာက ဒါတွေကို ဘေးသင့်ဒေသတွေကို လှူဖို့လား။ အကယ်၍ လှူဖို့ဆိုရင်တော့ ကျွန်တော် ပိုက်ဆံမယူပါဘူး၊ အလကား ယူသွားလိုက်ပါ။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော့်စက်ရုံက ပိတ်တော့မှာဆိုတော့ ဒါတွေက ကျွန်တော့်အတွက် အပိုတွေပါပဲ”

ဟွာကျွင်း ပြန်ငြင်းလိုက်သည်။

“ဘယ်လိုဖြစ်နိုင်မှာလဲ။ ကျွန်မက လှူမှာမဟုတ်ဘူး၊ ပြန်ရောင်းမှာပါ။ ကြားထဲကနေ အမြတ်ယူမှာ”

စက်ရုံမှူး ခေါင်းညိတ်ကာ ဆို၏။

“ဒါဆိုရင်လည်း ကျွန်တော် ဈေးလျှော့ပေးပါ့မယ်။ မနက်ဖြန်ကျရင်လည်း ရွာထဲက လူတွေကို ခေါ်ပြီး ထုတ်လုပ်ခိုင်းပါ့မယ်၊ တစ်နေ့ကို စောင် ၁၂၀ လောက် ရအောင် ကြိုးစားပေးပါ့မယ်။ ဘေးရွာမှာလည်း ကျွန်တော့်အမျိုး တည်ထားတဲ့ စောင်စက်ရုံ ရှိတယ်၊ အဲဒီနှစ်ရုံပေါင်းရင် တစ်နေ့ကို ၂၄၀ လောက်တော့ ထွက်နိုင်မှာပါ”

ဟွာကျွင်း၏ မုန့်ဆိုင်မှာ သယ်ယူပို့ဆောင်ရေး အင်အား အကန့်အသတ် ရှိသလို စောင်တစ်သိန်းလုံးကို တစ်ပြိုင်နက် ဆိုင်ထဲထည့်ရန်မှာလည်း မဖြစ်နိုင်ပေ။ ဟွာကျွင်း ပြောလိုက်သည်။

“ရပါတယ် ဦးလေး၊ တစ်နေ့ ၂၄၀ ဆိုရင် တစ်လကျော်ကျော်လောက်နဲ့ အကုန်ပြီးမှာပဲ၊ အချိန်က လုံလောက်ပါတယ်။ တစ်ထည်ကို ဘယ်လောက်လဲရှင့်”

စက်ရုံမှူး ပြောလိုက်သည်။

“ကယ်ဆယ်ရေးအတွက်ဆိုရင် ၅ ကျင် အလေးချိန်က အကောင်းဆုံးပဲ။ တစ်ထည်ကို ယွမ် ၅၀ ပဲ ယူပါ့မယ်၊ ဘယ်လိုလဲ”

ဟွာကျွင်းသည် မလာခင်က အွန်လိုင်းတွင် ဈေးနှုန်းများ စစ်ဆေးခဲ့ရာ တစ်ထည်လျှင် ယွမ် ၆၀ သို့မဟုတ် ၇၀ ကျော် ပေးရသည်။ စက်ရုံမှူး၏ ဈေးနှုန်းမှာ အလွန် သင့်တင့်လှ၏။ ဟွာကျွင်းနှင့် စက်ရုံမှူးတို့သည် ချက်ချင်းပင် စာချုပ်ချုပ်ဆိုလိုက်ကြပြီး တာ့ကျန်းနှင့် ရွာသားအချို့က ညစဉ်ညတိုင်း ပစ္စည်းများကို မုန့်ဆိုင်သို့ လာပို့ပေးရန် သဘောတူလိုက်ကြသည်။

ဟွာကျွင်း စာချုပ်ပေါ်တွင် လက်မှတ်ထိုးလိုက်သည့် အခိုက်အတန့်မှာပင် စက်ရုံမှူးနှင့် တာ့ကျန်းတို့ သက်ပြင်းချလိုက်သည်ကို သူမ အထင်အရှား မြင်လိုက်ရ၏။ စက်ရုံမှူးက ဟွာကျွင်း၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာ ဆိုသည်။

“မစ္စဟွာကျွင်း... ကျွန်တော်တို့ စက်ရုံက အလုပ်သမားတွေနဲ့ ရွာသူရွာသား အားလုံး ကိုယ်စား ကျေးဇူးတင်ပါတယ်။ စိတ်ချပါ၊ ပစ္စည်းတွေကို အကောင်းဆုံး ဖြစ်အောင် ပြင်ဆင်ပေးပါ့မယ်”

ဟွာကျွင်းက စရန်ငွေ ၃၀ ရာခိုင်နှုန်း ပေးချေလိုက်ပြီးနောက် စက်ရုံမှူးကို ပြောလိုက်သည်။

“ကျွန်မကပဲ ကျေးဇူးတင်ရမှာပါ၊ ဦးလေးတို့က ကျွန်မရဲ့ အခက်အခဲကြီးကို ကူညီဖြေရှင်းပေးတာပါ”

ထိုညမှာပင် တာ့ကျန်းသည် ရွာသို့ ပြန်ပြေးကာ လူအချို့ကို ခေါ်ယူပြီး ပထမဆုံးအသုတ်အဖြစ် စောင် ၂၅၀ ကို မုန့်ဆိုင်နောက်ဘက်တံခါးသို့ လာပို့ပေးသည်။ ဟွာကျွင်းသည် သယ်ယူရန်အတွက် လက်တွန်းလှည်း အချို့ကိုလည်း ဝယ်ယူထား၏။ တာ့ကျန်းတို့ဘက်က စောင်များကို လက်တွန်းလှည်းပေါ် တင်ပေးလိုက်လျှင် ဟွာရှန့်နှင့် ဟွာကျွင်းတို့က လှည်းကို ဆိုင်ထဲသို့ တွန်းသွင်းကြပြီး ဆိုင်ထဲရောက်သည့်အခါ လုမင်လီ၏ လူများက စောင်များကို အပြင်ဘက်ရှိ မြင်းလှည်းများပေါ်သို့ ဆက်လက် သယ်ဆောင်ကြသည်။

မုန့်ဆိုင်လေးမှာ ထောက်ပံ့ပို့ဆောင်ရေး လွှဲပြောင်းစခန်းတစ်ခု ဖြစ်သွားသော်လည်း ဤလွှဲပြောင်းမှုမှာ နှစ်ပေါင်း တစ်ရာကျော်ကို ဖြတ်ကျော်နေခြင်း ဖြစ်၏။ နှစ်ဖက်လုံးမှ လူများသည် ဤအခြေအနေကို ထူးဆန်းသည်ဟု ထင်ကြသော်လည်း မည်သူမျှ စကားမထုတ်ဘဲ တိတ်ဆိတ်စွာ အလုပ်လုပ်ကြသည်။ ဟွာကျွင်းသည် စောင်စက်ရုံ၏ ရှင်သန်ရေးကို ကူညီပေးခဲ့သူဖြစ်ရာ တာ့ကျန်းနှင့် ရွာသားများက သူမကို နတ်သမီး တစ်ပါးကဲ့သို့ သဘောထားကြပြီး သူမ စိတ်ဆိုး၍ အမှာစာများ ဖျက်သိမ်းမည်ကို စိုးရိမ်သဖြင့် ဘာမှ မမေးရဲကြပေ။

လုမင်လီ၏ စစ်သည်များမှာမူ ကောင်းမွန်စွာ လေ့ကျင့်ထားသူများဖြစ်ပြီး သူ၏ အမိန့်ကို မေးခွန်းမထုတ်ဘဲ လိုက်နာကြသူများ ဖြစ်သည်။ ထို့အပြင် ဤပစ္စည်းများမှာ ဘေးအန္တရာယ် ကယ်ဆယ်ရေးအတွက် ဖြစ်ရာ နတ်ဘုရားများက ပေးသနားခြင်းဖြစ်သည်ဟုပင် သူတို့ ထင်မှတ်နေကြသဖြင့် မည်သူမျှ စူးစမ်းဝံ့ခြင်း မရှိကြပေ။ ဤကဲ့သို့ ထူးဆန်းသော ပူးပေါင်းဆောင်ရွက်မှုကြောင့် စောင် ၂၅၀ ကို နာရီဝက်အတွင်း သယ်ယူပြီးစီးသွားတော့သည်။ ဟွာကျွင်းသည် တာ့ကျန်း၏ လက်ခံဖြတ်ပိုင်းတွင် လက်မှတ်ထိုးပေးလိုက်ပြီးနောက် ဆိုင်ထဲသို့ ဝင်လာရာ လုမင်လီက သူမကို စောင့်ဆိုင်းနေသည်။

အခန်း (၆၄)

ဝင်ငွေအသစ်

ရာသီဥတု အေးစိမ့်လာသည့်အတွက် ဟွာကျွင်း သည် အငွေ့တထောင်းထောင်းထနေသော ဆိတ်သားစွပ်ပြုတ်အိုးကို ပြင်ဆင်လိုက်၏။ ပါးပါးလှီးထားသော ဆိတ်သား၊ မုန်လာထုပ်၊ ပဲကြာဆံနှင့် ဆိတ်သွေးတို့ကို မြေအိုးထဲတွင် စွပ်ပြုတ်ရည် နို့နှစ်ရောင်သမ်းလာသည်အထိ တည်ထားရသည်။ ထို့ေနာက် အပေါ်မှ ကြက်သွန်မြိတ်လေးများ ဖြူးလိုက်ခြင်းက အလှဆင်ရုံသာမက အရသာကိုလည်း ပိုမိုထူးကဲစေ၏။

ဟွာကျွင်း၊ ဟွာရှန့် နှင့် လုမင်လီ တို့သည် စားပွဲတွင် ဝိုင်းဖွဲ့ကာ အရသာရှိလှသော အစားအစာကို တိတ်ဆိတ်စွာ စားသုံးကြလေသည်။ ဆိတ်သားမှာ နူးညံ့ပြီး ခြောက်ကပ်မနေကာ ငရုတ်သီးဆော့စ်နှင့် တို့စားသည့်အခါ ပို၍ပင် အရသာရှိလှ၏။

ဆိတ်သားတစ်ဖတ်နှင့် ထမင်းတစ်လုတ်ကို တွဲစားလိုက်ခြင်းက အလွန်ပင် မွှေးကြိုင်လှပေသည်။ နောက်ဆုံးတွင် ထမင်းကို ဆိတ်သားစွပ်ပြုတ်ရည်နှင့် နယ်ကာ ဇွန်းဖြင့် ခတ်စားလိုက်သည့်အခါ ဆောင်းတွင်းကြီး ဖြစ်သော်လည်း နွေရာသီကဲ့သို့ နွေးထွေးမှုကို ခံစားလိုက်ရတော့သည်။

စွပ်ပြုတ်တစ်အိုးလုံးနှင့် ထမင်းများမှာ ပြောင်စင်သွားတော့၏။ ဟွာရှန့် ပန်းကန်ခွက်ယောက်များကို မီးဖိုချောင်ထဲရှိ ပန်းကန်ဆေးစက်ထဲသို့ ထည့်လိုက်သည်။ ဟွာကျွင်းက သွားကူရန် ပြင်လိုက်စဉ် လုမင်လီက သူမကို လှမ်းခေါ်လိုက်၏။

သူသည် အမျိုးမျိုးသော အရွယ်အစားရှိသည့် လက်ဆောင်သေတ္တာ ခြောက်ခု၊ ခုနစ်ခုခန့်ကို စားပွဲပေါ်သို့ မျက်လှည့်ပြသကဲ့သို့ တင်လိုက်လေသည်။ ဟွာကျွင်း အနားသို့ ရောက်လာသည့်အခါ သူ ရတနာများကို ထုတ်ပြသကဲ့သို့ တစ်ခုချင်းစီ ဖွင့်ပြတော့သည်။ သေတ္တာများထဲတွင် ပုံစံအမျိုးမျိုးရှိသော ပန်းကန်လုံးများ၊ ဝိုင်ခွက်များနှင့် မင်အိုး များ ပါရှိလေသည်။

ဟွာကျွင်း၏ 'ဝါး' ခနဲ အံ့ဩသံများကို နားထောင်ရင်း လုမင်လီသည် အနည်းငယ် ဂုဏ်ယူနေမိ၏။

“တချို့က ကြင်ယာတော် ပို့ပေးထားတာတွေ၊ တချို့ကတော့ ဧကရာဇ်မင်းမြတ် ဆုလာဘ်အဖြစ် ပေးထားတာတွေပါ။ အောက်ခြေမှာ နန်းတွင်းတံဆိပ်တွေ ပါပြီးသားမို့ မင်း ဒါတွေကို ယူသွားပြီး ရောင်းလိုက်ပါ။ မလုံလောက်သေးရင် ကိုယ် ထပ်ရှာပေးမယ်”

ဟွာကျွင်းသည် ဟိုတစ်ခု၊ ဒီတစ်ခု ထိတွေ့ကြည့်ရာ အားလုံးမှာ အလွန်လှပလှသော်လည်း သူမ ပန်းကန်လုံးတစ်လုံးနှင့် မင်အိုးတစ်လုံးသာ ယူလိုက်လေသည်။

“ဒီနှစ်ခုဆို ရပါပြီ။ ကျန်တာတွေကို ပြန်ယူသွားလိုက်ပါ”

လုမင်လီက နားမလည်နိုင်စွာဖြင့် မေးမြန်းတော့သည်။

“ဘာဖြစ်လို့လဲ”

“ဒီနှစ်ခုတင် ရောင်းရင် (၁.၁) သန်းလောက် ရမှာ။ ကျွန်မ ဂွမ်းစောင်တွေအတွက် (၁) သန်း သုံးထားတာဆိုတော့ ကျန်တာက ကျွန်မရဲ့ အမြတ်ပေါ့။ ဒီထက်ပိုယူရင် ကျွန်မ စိတ်ထဲမှာ မခံစားနိုင်လို့ပါ”

လုမင်လီက ခေါင်းခါလိုက်၏။

“ကိုယ်တို့အတွက်တော့ ဒါတွေက အသုံးအဆောင် ပစ္စည်းတွေပါပဲ။ နန်းတွင်းလက်ဆောင်တွေ ဖြစ်ပေမဲ့ အဲဒီ ဂွမ်းစောင်တွေက တကယ့်ကို တန်ဖိုးဖြတ်မရတဲ့ ရတနာတွေပါ။ အဲဒီလို ပြောကြေးဆိုရင် ကိုယ်က ပိုပြီးတော့တောင် မယူသင့်တဲ့သူ ဖြစ်မနေဘူးလား”

ဟွာကျွင်းသည် သူ့စကားကြောင့် လုံးဝ လက်ခံသွားတော့သည်။

“ဒါဆို... အကုန်လုံး ယူလိုက်တော့မယ်နော်”

လုမင်လီက ပြုံး၍ ခေါင်းညိတ်ပြ၏။

“အကုန်ယူလိုက်ပါ။ မင်းအတွက် နောက်ထပ် ပေးစရာ တစ်ခု ရှိသေးတယ်”

သူ့ ရင်ခွင်ထဲမှ သေတ္တာလေးတစ်လုံးကို ထုတ်လိုက်လေသည်။

“ပညာရှင်က အရင်တစ်ခါ ပျက်စီးသွားတဲ့ လည်ဆွဲအတွက် အတူတူပဲဖြစ်မဲ့ ငှက်မွှေးတွေကို ရှာပြီး အစားထိုးပေးလိုက်တာ၊ အရင်အတိုင်းပဲ မခွဲခြားနိုင်လောက်အောင် ဖြစ်သွားပြီ”

သေတ္တာထဲတွင် ဒုက္ခများခဲ့သော အရှေ့တိုင်းပုလဲ စိမ်းပြာငှက်မွှေးလည်ဆွဲ ရှိနေ၏။ ဟွာကျွင်းသည် ၎င်းကို သေသေချာချာ သိမ်းလိုက်ရင်း ပြောသည်။

“နောက်တစ်ခါတော့ မဝတ်ရဲတော့ဘူး”

သူမသည် ရင်ဘတ်ကို ပုတ်ကာ ပြန်လည်ပြင်ဆင်ပြီးသွားသဖြင့် စိတ်သက်သာရာ ရသွားတော့သည်။

“လည်ဆွဲတစ်ခုပဲဥစ္စာ။ ထပ်ပျက်စီးရင်လည်း ကိုယ့်ကိုသာ ပေးလိုက်ပါ၊ ပြန်ပြင်ပေးမယ်”

သူတို့ စကားပြောနေစဉ်မှာပင် တစ်စုံတစ်ယောက် ဆိုင်ထဲဝင်လာကာ အော်ပြောလိုက်သည်။

“ဟွာကျွင်း။ ဟွာကျွင်းဆိုတာ ဘယ်သူလဲ။ စာတစ်စောင် ရောက်နေတယ်”

ဟွာကျွင်းမှာ ဝေခွဲမရ ဖြစ်သွား၏။

ဘာဖြစ်လို့ စာရောက်လာရတာလဲ။ ကျန်းရှီယွဲ့ ဆီကလား။

သူမသည် စာကို ယူကာ ဖွင့်လိုက်ရင်း လုမင်လီကို ပြောသည်။

“ကျန်းရှီယွဲ့ဆီက ဖြစ်လိမ့်မယ်”

လုမင်လီသည် သူ ထိန်းချုပ်ထားသော စိတ်ခံစားချက်များကို ဆက်လက် မထိန်းနိုင်တော့ဘဲ မျက်နှာမှာ တင်းမာသွားတော့သည်။

ခရိုင်တစ်ခုလုံး အလုပ်တွေ ဒီလောက်များနေတာတောင် သူက စာရေးဖို့ အချိန်ရနေသေးတယ်တဲ့လား။

“အိုး... ဒီစာက ဆုံးအောင် မရေးထားဘူးပဲ။ စာသား နည်းနည်းပဲ ပါတယ် ဆောင်းရာသီမှာ ရောက်လာတဲ့ အကူအညီကြောင့် ကျွန်တော်ကျေးဇူးတင်မိပါတယ်”

လုမင်လီသည် ထိုစာသားကို အကျွမ်းတဝင်ရှိသလို ခံစားလိုက်ရ၏။ သူ ငုံ့ကြည့်လိုက်သည့်အခါ ထိတ်လန့်သွားတော့သည်။

“ဒါ ရေးလို့ မပြီးသေးတဲ့ စာမဟုတ်လား။ ဘယ်သူ ပို့လိုက်တာလဲ”

သူသည် ရှက်ကိုးရှက်ကန်းဖြင့် စာကို ယူကာ အခေါက်ခေါက်အခါခါ ခေါက်လိုက်ရင်း ဆို၏။

“ဒါ ကျန်းရှီယွဲ့ဆီက စာမဟုတ်ပါဘူး။ ကိုယ် ရေးလက်စ စာတစ်စောင်ပါ။ ဘယ်သူ ပို့လိုက်တယ်ဆိုတာ ကိုယ်လည်း မသိဘူး”

ဟွာကျွင်း အူတက်မတတ် ရယ်မောမိတော့သည်။

“ရှင့်စာက ရှင့်ထက် နောက်ကျပြီးမှ ရောက်လာတယ်ပေါ့... ဟားဟားဟား”

လုမင်လီမှာ နားရွက်များ နီမြန်းသွားကာ ရှင်းပြလေသည်။

“ကိုယ် မင်းကို စိတ်ဝင်စားစရာ အကြောင်းအရာလေးတွေ ရေးပြမလို့ပါ၊ ဒါပေမဲ့ ရောဂါကိစ္စက အရေးကြီးလာတာနဲ့ စာမပြီးခင်မှာပဲ ပြန်လာခဲ့ရတာ”

ဟွာကျွင်းသည် မျက်ရည်များ ထွက်လာသည်အထိ ရယ်မောပြီးမှ ရပ်လိုက်၏။

“ဒါဆို ရှင် ကျွန်မကို ဘာတွေ ပြောပြမလို့လဲ”

လုမင်လီသည် ချောင်တရှန်း ၏ အဖြစ်အပျက် တစ်ခုလုံးကို ပြန်ပြောပြလေသည်။

ဟွာကျွင်း ပြောလိုက်သည်။

“ဒီလောက်ထိ ဖြစ်သွားမယ်လို့ မထင်ထားဘူး။ အဲဒီ ချောင်တရှန်းက ဆေးတွေခိုးပြီး လူအများကြီးကိုတောင် သတ်ခဲ့တာပေါ့”

“တခြားနည်းလမ်း မရှိလို့ပါပဲ။ ကူးစက်ရောဂါ ဖြစ်နေတော့ လူတိုင်းက စိုးရိမ်တကြီး ဖြစ်နေကြတာ။ ရောဂါက ဆက်ရှိနေဦးမှာဆိုတော့ ပြည်သူတွေက နတ်ဘုရားတွေကိုပဲ မျှော်လင့်ချက် ထားကြရတာပေါ့”

ဟွာကျွင်းသည် နှုတ်ခမ်းကို တင်းတင်းစေ့လိုက်၏။

“နောက် ရက်အနည်းငယ်နေရင် ဆေးတွေ ရောက်တော့မှာပါ။ သူတို့တွေ မကြာခင် ပြန်ကောင်းလာမယ်လို့ ကျွန်မ ယုံကြည်ပါတယ်”

နောက်တစ်နေ့တွင် ဟွာကျွင်းသည် လုကျောက်ကို သွားရှာကာ လုမင်လီ ပေးခဲ့သော ရှေးဟောင်း ပစ္စည်းများကို ပေးလိုက်သည်။ လုကျောက်၏ စပ်စုချင်စိတ်မှာ ဆက်လက် မထိန်းနိုင်လောက်အောင် ဖြစ်နေ၏။ အကယ်၍ ဘိုးဘေးများ၏ စည်းကမ်းချက်သာ မရှိလျှင် ဟွာကျွင်း ဤမျှ ကောင်းမွန်သော ပစ္စည်းများကို ဘယ်က ရသလဲဟု သူ သေချာပေါက် မေးမိပေလိမ့်မည်။

“ကြာရွက်ပုံစံ အပြာနဲ့ အဖြူ ပန်းကန်လုံး၊ ကြက်ရုပ်ပါတဲ့ တိုချိုင်ဖလား၊ စိမ်းပြာရောင် ပန်းကန်ပြား၊ အနုစိတ် ရောင်စုံခြယ် ပန်းကန်လုံး... အကုန်လုံးက အကောင်းစားတွေပဲ”

ဟွာကျွင်း မေးမြန်းလိုက်၏။

“ဘယ်လောက်လောက် တန်မယ် ထင်လဲ”

“ခင်ဗျား မလောဘူးဆိုရင်တော့ လေလံပွဲ ပို့ပေးမယ်၊ ဈေးကောင်း ရနိုင်တာပေါ့”

ဟွာကျွင်း ဖြတ်ပြောလိုက်သည်။

“ကျွန်မ လောနေတယ်”

“ဒါဆိုရင်လည်း ကျွန်တော် ခန့်မှန်းတန်ဖိုးအတိုင်း ဝယ်ယူလိုက်ပါ့မယ်”

ထိုပစ္စည်း ခြောက်မျိုးအတွက် လုကျောက်သည် စုစုပေါင်း (၄.၈) သန်း ပေးချေခဲ့၏။ ဟွာကျွင်းသည် အပြင်ပန်းတွင် တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ အလွန် ဝမ်းသာနေတော့သည်။ ပိုက်ဆံ ဝင်မလာသည်မှာ ကြာပြီ ဖြစ်သဖြင့် ထိုပျော်ရွှင်မှုမှာ ပြန်လည် ရောက်ရှိလာခြင်း ဖြစ်၏။ ဤငွေများဖြင့် ဟွာကျွင်း တဲစက်ရုံ ကို ချက်ချင်း ဆက်သွယ်ကာ အအေးဒဏ်ခံ တဲအလုံးပေါင်း တစ်သောင်းကို ဝယ်ယူ၍ ဘေးရှိ ဂိုဒေါင်သို့ ပို့ခိုင်းလိုက်သည်။

အဖျားကျဆေး တစ်ဝက်ခန့်မှာလည်း ယနေ့တွင် ရောက်ရှိလာပြီး ဂိုဒေါင်ထဲတွင် သေသေချာချာ စီထားလိုက်၏။ ထို့အပြင် စည်သွပ်ဘူးများ၊ ဆန်နှင့် ဖယောင်းတိုင်များလည်း ပါရှိလေသည်။ ညနေဘက်တွင် ဂွမ်းစောင်များ ရောက်ရှိလာသည့်အခါ အရာအားလုံးကို မုန့်ဆိုင်သို့ အတူတူ သယ်ဆောင်ကြမည် ဖြစ်၏။ မနေ့က မုန့်ဆိုင်ရှိ ပစ္စည်းအားလုံးကို သယ်ထုတ်လိုက်သဖြင့် ဆိုင်မှာ လွတ်နေလေသည်။ ဂွမ်းစောင်များမှာ ယနေ့ ညနေမှ ရောက်မည်ဖြစ်ရာ ဟွာကျွင်း ဆိုင်ကို ပုံမှန်အတိုင်း ဖွင့်လှစ်ပြီးမှ ပစ္စည်းများကို သယ်ရန် ဆုံးဖြတ်လိုက်၏။

အလုပ်မရှုပ်စေရန်အတွက် ဟွာကျွင်းသည် ပီဇာ၊ ကြက်တောင်ပံကင်နှင့် ခေါက်ဆွဲ အပွဲ ၂၀၀ စီကို ပါဆယ်ထုပ် အသင့် ပြင်ထားလိုက်သည်။ အချိုရည်အဖြစ် ပဲနီလေးမုန့်ကို ပြင်ဆင်ထား၏။ စားသုံးသူများသည် ဆိုင်ဖွင့်ထားသည်ကို မြင်သောအခါ အလွန် ဝမ်းသာသွားကြပြီး ဆိုင်အပေါ်ထပ်နှင့် အောက်ထပ်မှာ ခဏချင်းပင် ပြည့်သွားတော့သည်။ သူတို့ နားမလည်နိုင်သည်မှာ ဆိုင်အပြင်ဘက်တွင် စစ်သည်များစွာ ရောက်နေခြင်း ဖြစ်၏။ စစ်သည်များမှာ ဆိုင်နှင့် မလှမ်းမကမ်းတွင် ခန့်ညားစွာ ရပ်နေကြသဖြင့် လူတိုင်းမှာ စိတ်မသက်မသာ ဖြစ်နေကြတော့သည်။

ဟွာကျွင်းသည် ဘာမှ မတတ်နိုင်သဖြင့် လုမင်လီကို ခေါက်ထိုင်ခုံများနှင့် စားပွဲများကို အပြင်သို့ ထုတ်ခိုင်းကာ သူတို့ကို ထိုင်စောင့်ခိုင်းလိုက်၏။ သူမ အစားအစာများနှင့် ပဲနီလေးစွပ်ပြုတ်များကိုလည်း အပြင်သို့ ပို့ပေးလိုက်လေသည်။ ဤစစ်သည်များသည် ညစာ စားပြီးမှ ဆိုင်ရှေ့သို့ လာစောင့်ကြခြင်း ဖြစ်သော်လည်း ဆိုင်ထဲမှ မွှေးကြိုင်သော အနံ့များကြောင့် သူတို့ နှာခေါင်းများမှာ အလိုလို လှုပ်ရှားလာတော့သည်။ နောက်ဆုံးတွင် တစ်ဦးက မနေနိုင်ဘဲ ဘေးကလူကို တိုးတိုးလေး မေးလိုက်၏။

“ဒီအနံ့ကို ရလား။ ဘာအနံ့လဲ”

“ငါလည်း မသိဘူး၊ မွှေးလိုက်တာဗျာ။ ဗိုက်တောင် ဆာလာပြီ”

“ဒီပစ္စည်းတွေ သယ်ပြီးရင် တစ်ခုခု စားရရင် ကောင်းမှာပဲ”

“အိမ်မက် မက်မနေနဲ့။ ငါတို့ ခုတင် ကျန်းနန်ကို သွားရတော့မှာ၊ အရေးကြီးနေတာမို့ စားဖို့ အချိန်မရှိဘူး”

“ဟူး... ငါလည်း ဗိုက်ဆာတယ်”

သူတို့ စကားပြောနေစဉ်မှာပင် လုမင်လီသည် ပစ္စည်းများနှင့်အတူ ပြန်ရောက်လာပြီး ဟွာကျွင်းကလည်း နောက်က လိုက်လာလေသည်။ ပါးနပ်သော စစ်သည်အချို့မှာ ချက်ချင်းပင် အနားသို့ သွားကာ ဟွာကျွင်းကို ကူညီ၍ စားပွဲနှင့် ထိုင်ခုံများကို ဖြန့်ပေးလိုက်ကြ၏။ ဟွာကျွင်း အိတ်ကြီးထဲမှ အစားအစာများကို စားပွဲပေါ် တင်လိုက်ရင်း ပြောလိုက်သည်။

“အားလုံး ပင်ပန်းနေကြပြီ။ ရာသီဥတုက အရမ်းအေးနေတာမို့ တစ်ခုခု စားလိုက်ကြပါဦး”

စစ်သည်များသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီးနောက် သူတို့စစ်သူကြီးကို မျှော်လင့်တကြီး ကြည့်လိုက်ကြလေသည်။

လုမင်လီ ခေါင်းညိတ်ပြလိုက်ပါ၏။

“ဟွာကျွင်းရဲ့ စေတနာကို လက်ခံလိုက်ကြပါ။ ထိုင်စားကြ၊ စားပြီးမှ ပစ္စည်းတွေကို ပိုပြီး အားရှိရှိ သယ်နိုင်မှာ”

“ကောင်းလိုက်တာ”

သူတို့ ဤအရာများကို မြည်းစမ်းကြည့်ချင်နေကြသည်မှာ ကြာလှပေသည်။ ယခုမူ ၎င်းတို့မှာ ပြားချပ်ချပ် မုန့်ပြားများ ဖြစ်သည်ကို တွေ့လိုက်ရသည်။ ဤအရာမှာ အပေါ်က အစာအနည်းငယ် ပိုပါသည့် သာမန် မုန့်ပြားပင် မဟုတ်ပါလော။ သို့သော အဘယ့်ကြောင့် ထိုမျှ မွှေးနေရသနည်း။

All Chapters