← Chapters

အပိုင်း(၂၇)-လင်းလုံ

Vol. 001 Ch. 27

အပိုင်း(၂၇)-လင်းလုံ

Vol. 001 Ch. 27

ဝိညာဉ်လေး သူမအား သခင်အဖြစ်အသိအမှတ်ပြုတုန်းက အချိန်ကို ရှီမာယူယူစဉ်းစားလိုက်သည်။ လိုအပ်သည့် တစ်ခုခုဆိုသည်မှာ သူမ သွေးဖြစ်နိုင်သည်။ ထို့ကြောင့်ပင် သူမလက်ချောင်းအား ဓားမြှောင်ပေါ်သို့တင်လိုက်သောအခါ သူမလှုပ်ရှားမှုမပြုလုပ်ခင်တွင်ပင် လင်းလုံ သူမလက်အား ဖြတ်လိုက်သည်။ ခဏအတွင်းမှာပင် သွေးများသည် ဓားမြှောင်အားရွဲသွားတော့သည်။

“မင်းက ဒီလောက်ဟောင်းပြီး သံချေးတက်ပုံပေါ်ပေမယ့် ဒီလောက်ထက်လိမ့်မယ်လို့ မထင်မိဘူး” ရှီမာယူယူ ပြောလိုက်သည်။ သူမ လက်ကိုပြန်ရုတ်ချင်သော်လည်း သူမလက်များသည် လင်းလုံပေါ်မှ ဖယ်ရှား၍ မရကြောင်းသတိပြုမိလိုက်သည်။ ဒီအခြေအနေသည် ပြီးခဲ့တဲ့ ဝိညာဉ်လေးနှင့်တူညီသော အဖြစ်အပျက်နှင့် အတိအကျတူနေတော့သည်။

“ယူယူ” ဟိန်းသံလေးသည် ရှီမာယူယူမူးလဲသည်ကို မြင်သဖြင့် လျင်မြန်စွာ ပျံသန်းသွားလိုက်သည်။

“မစိုးရိမ်ပါနဲပ သူမ သွေးအများကြီးထွက်သွားလို့ပါ။ သူမ မသေနိုင်ပါဘူး” ဝိညာဉ်လေး ပြောလိုက်သည်။

လင်းလုံ လုံလောက်စွာ သွေးများစုပ်ပြီးနောက်တွင်တော့ ရှီမာယူယူဘေးတွင် ချက်ချင်းပင် လဲလျောင်းလိုက်ပြီး ကျေနပ်စွာလေတက်လိုက်သည်။ ဓားမြှောင်ပေါ်မှ သံချေးများသည် စတင်ပြီးကွာကျတော့သည်။ ဓားမြှောင်တစ်ခုလုံးသည် သန့်ရှင်းသွားပြီး မှန်လို အသုံးပြု၍ပင်ရနိုင်သည်။ ဓားမြှောင်၏ အသွားသည်လည်း အလင်းရောင်များတောက်ပလာသည်။ အကြည့်တစ်ချက်နှင့်ပင် ထိုအရာသည် ပြိုင်ဘက်ကင်းစွာ ထက်ကြောင်းသိနိုင်သည်။

ထိုမျှသာမက သံချေးများလုံးဝကွာသွားချိန်ခဏအတွင်းတွင် ဓားမြှောင်သည် ဖောက်ထွင်းမြင်နိုင်လောက်အောင် ကြည်လင်မှုသို့ပြောင်းလဲသွားသည်။ ဓားသွားအတွင်းတွင်တော့ ရှီမာယူယူ၏သွေးများသည် အပြင်းအထန်လှုပ်ရှားနေသည်ကို မင်ရသည်မှာ ဝိညာဉ်လေးနှင့် ဟိန်းသံလေးနှစ်ဦးတည်းသာဖြစ်သည်။ ဓားသွား၏ အစိတ်အပိုင်းများသည် သွေးစွန်းကွက်များဖြင့် ဖုံးအုပ်သွားတော့သည်။ တစ်ချိန်တည်းတွင် အနီရောင် ရောင်ခြည်တန်းသည် ကောင်းကင်သို့တက်သွားပြီး ဝိညာဉ်ပုလဲတစ်ခုလုံးသည် အနီရောင်ဖြင့်လွှမ်းမိုးသွားသည်။

ဝိညာဉ်ပုလဲအတွင်းတွင် ဖြစ်သွားသည်မှာ ကံကောင်းသည်။ အကယ်၍ အပြင်မှာဖြစ်ပါက ထိုအခိုက်အတန့်သည် ပြဿနာဖြစ်မည်မှာ အသေအချာပင်။

ဟိန်းသံလေးနှင့် ဝိညာဉ်လေးတို့သည် အနီရောင် အလင်းကြောင့်မျက်စိစူး၍ မျက်စိမှိတ်လိုက်သည်။ အနီရောင်အလင်းတန်းများ ပျောက်ကွယ်သွားသည်ကိုစောင့်ပြီးမှ သူတို့မျက်လုံးများဖွင့်လိုက်ကြရာ ရှီမာယူယူ၏ ခန္ဓာကိုယ်ပေါ်တွင် ပျော်ရွှင်စွာ ပြုံးနေသော ကလေးငယ်တစ်ယောက်ထိုင်နေသည်ကို တွေ့ရလေသည်။ ထိုကလေး၏အသံသည် သေးငယ်၍ အမှန်တကယ်ပင် အရုပ်ကလေးနှင့် ဆင်တူနေတော့သည်။

“ကလေးငယ် တစ်ယောက်လား” ဟိန်းသံလေးနှင့် ဝိညာဉ်လေးတို့နှစ်ယောက်လုံး အံ့သြတုန်လှုပ်သွားလေသည်။

“မင်း ဘယ်လိုလုပ်ဒီလောက်သေးရတာလဲ” ဝိညာဉ်လေးသည် လင်းလုံအားညွှန်ပြလိုက်သည်။ “ပြီးတော့ မင်းက မိန်းကလေးတောင်ဖြစ်နေလိုက်သေးတယ်”

ဒီလင်းလုံသည် ဝိညာဉ်ပုလဲအတွင်းတွင် အမြဲတမ်း ဓားမြှောင်ပုံစံဖြင့် ပစ်ထားခံရသည်မှာ နှစ်ပေါင်း ဆယ်သန်းရှိနေပြီဖြစ်သည်။ သူ့စိတ်ထဲတွင် မတွေးမိသည်မှာ လင်းလုံသည် မိန်းကလေးငယ်တစ်ယောက်ဖြစ်နေသည်ကိုပင်။

“ငါ ကလေးငယ်တစ်ယောက်အဖြစ်ပြောင်းလို့မရဘူးလား။ မင်းကိုယ်တိုင်လည်းအဲလိုမဟုတ်ဘူးလား။ ဟင်” လင်းလုံသည် ဝိညာဉ်လေးအား ကျောပေးလိုက်သည်။ ရှီမာယူယူ၏ ဖျော့တော့သော အသွင်အပြင်အားကြည့်၍ သူမမေးလိုက်သည် “သခင်ကဘယ်တော့နိုးမှာလဲ”

“ငါ့ ညီမလေး”  ဝိညာဉ်လေး လင်းလုံရှေ့ပျံသန်းလိုက်ပြီး ပြောလိုက်သည်။ “ညီမလေး လင်းလုံစိတ်မပူပါနဲ့၊ ယူယူ မကြာခင်နိုးမှာပါ။”

“ညီမလေး ဖြစ်ရသေးတယ်” လင်းလုံသည် သူမခန္ဓာကိုယ်အားလှည့်လိုက်ပြီး ဟိန်းသံလေး၏မျက်နှာအား နင်းလိုက်ပြီး ပြောလိုက်သည်။ “အစ်မကြီးပုံစံပြောင်းသွားရင် ကမ္ဘာရဲ့ ထောင့်တစ်ထောင့်မှာတောင်မှ နေစရာုရှိမှာ မဟုတ်ဘူး။ အဲဒါတောင်မှ ငါ့ကို ညီမလေးလို့ခေါ်ဦးမှာလား။ မင်းငါ့ကို တစ်ခုခုခေါ်ချင်တယ်ဆိုရင် အစ်မကြီး လင်းလုံလို့ခေါ်”

ဟိန်းသံလေး၏မျက်နှာသည် အသားပန်ကိတ်တွေ့ရသကဲ့သို့ပင် သူလက်သည်းများဆန့်ထုတ်ကာ လင်းလုံခြေထောက်ကို ပုတ်၍ ဖားပြီးပြောလိုက်သည်။ “အစ်မကြီးလင်းလုံ ခြေထောက်နာသွားတာလား။ မှုတ်ပေးရမလား”

“မင်းက နူးညံ့ပြီး ကြင်နာတတ်တာပဲ၊ ဘယ်လိုလုပ်နာမှာလဲ” ‘အစ်မကြီးလင်းလုံ’ ဆိုသည့် စကားတစ်ခွန်းသည် လင်းလုံအား ကျေနပ်မှုဖြစ်စေသည်။ ဒီသားရဲလေးက ချစ်ဖို့ကောင်းတာပဲ။ ထို့နောက်တွင်တော့ ရှီမာယူယူ၏ ခန္ဓာကိုယ်ဆီသို့ ပျံသန်းသွားလိုက်သည်။ သူမ၏လက်လေးသည် သတိမေ့နေသော ရှီမာယူယူ၏မေးစေ့ကို ကိုင်လိုက်သောအခါ သူမျက်နှာတွင် စိုးရိမ်မှုများ အပြည့်ဖြစ်နေသည်။

ထိုအဖြစ်အပျက်သည် လင်းလုံတွင် မီးကဲ့သို့ အကျင့်စရိုက်ရှိသည်ကို ဟိန်းသံလေးသတိထားမိလိုက်သည်။ တစ်ခဏမျှ သူမ စိတ်ကျေနပ်မှုမရှိလျှင် အော်ရိုက်ပြီး အသေသတ်မည်မှာ အသေအချာပင်။ ကြည့်ရသည်မှာ ဝိညာဉ်လေးသည် သူမအားထိန်းချုပ်ရန်မဖြစ်နိုင်ပဲ သူမနှင့် နှစ်ပေါင်းများစွာ သဘောထားကွဲလွဲသည့်သဘောရှိသည်။

ထို့အပြင် သူမသည် ရှီမာယူယူနှင့်တူသည်။ သူတို့သခင်ဖြစ်သည်ကို အသိအမှတ်မပြုခင်ပင် ရှင်းလင်းစွာ သိမြင်နိုင်သည်။ သို့သော် ဘာကြောင့်လဲ။

ထိုအကြောင်းအရာများကို ဖော်ထုတ်သိရှိသည်မှာ ဟိန်းသံလေးတင်မဟုတ်ပေ၊ ဝိညာဉ်လေးပါ သိရှိလေသည်။ သူနှင့် လင်းလုံတို့ အတူရှိခဲ့သည်မှာ နှစ်ပေါင်းများစွာပင်။ သူမ သခင်ရှာပြီးရင်းရှာခြင်း၊ နောင်တဖြင့် ပြန်လာရခြင်း နောက်ဆုံးတော့ ရှာဖို့ရာ ပျင်းသွားပြီး ဝိညာဉ်ပုလဲအတွင်းတွင် အချိန်ဖြုန်းနေသည်ကို သူစောင့်ကြည့်ခဲ့သည်။

သခင်များနှင့်ပတ်သတ်၍ ဇီဇာကြောင်သောသူတစ်ယောက်သည် မကြာသေးခင်မှ ဝိညာဉ်သခင်ဖြစ်လာသော ရှီမာယူယူအား ထိုတောင်းဆိုမှုကို သူမ ဘာလို့ပြုလုပ်သလဲ။

ဝိဥညဉ်လေးသည် ထိုမေးခွန်းအား ပါးစပ်မှထုတ်မမေးပါ။ လင်းလုံပြုံး၍ ပြောလိုက်သည်။ “ဘာလို့လဲဆိုတော့ သူမက ငါ့ကိုနားလည်တယ်လေ”

“ဒါပေမယ့် မင်းလို တက်ကြွတဲ့သူက သန်မာတဲ့သူကိုပဲ ကြိုက်တာမဟုတ်ဘူးလား။ သူမအခုမှ လေ့ကျင့်နေတုန်းပဲရှိသေးတယ်” ဝိညာဉ်လေးပြောလိုက်သည်။

“သူမ သန်မာလာမှာ” လင်းလုံသည် ယုံကြည်ချက်ရှိစွာပြောလိုက်သည်။

ပြောပြီးနောက် သူမသည် ခေါင်းအားဆန့်ထုတ်လိုက်ပြီး ရှီလက်ယူယူ၏မျက်နှာကို လက်ဖြင့် ညင်သာစွာ ထိလိုက်သည်။

အချိန်အတော်ကြာ မမြင်ခဲ့သော မြင်ကွင်းကို ရှီမာယူယူ ထပ်မြင်ခဲ့သည်။ ပြင်းထန်သော မီးတောက်သည် လှပသော အိမ်ကြီးတစ်ခုလုံးကို ပြာအဖြစ် လောင်ကျွမ်းခဲ့သည်။ ထိုအဆောက်အဦးသည် သူမကမ္ဘာတွင် ရှိသော အဆောက်အဦးမဟုတ်ပါ။ တံခါးအရှေ့တွင် ‘ရှီမန်အိမ်တော်’ ဟူသော နာမည်ကတ်ကို ချိတ်ဆွဲထားသည်။ မီးတောက်များသည် တစ်ဟုတ်ထိုးကြီးလာပြီး ခန့်ညားသော တံခါးကို ချက်ချင်းပင် လောင်ကျွမ်းသွားလေသည်။

အိမ်တော်တစ်ခုလုံး မီးတောက်များဖြင့် တောက်လောင်သည်ကို စောင့်ကြည့်ရခြင်းသည် ရှီမာယူယူ၏ နှလုံးသားတွင် ဓားများဖြင့် အကြိမ်ပေါင်းများစွာ မွှမ်းသကဲ့သို့ ခံစားရသည်။ မီးတောက်များအကြားတွင် ပုံရိပ်မည်းတစ်ခုပေါ်လာပြီး သူမအားမျက်နှာချင်းဆိုင်ကာ လှိုက်လှိုက်လဲလဲ ရယ်မောလိုက်သည်။ “ရှီမန်ယူယူ မင်းရဲ့ အိမ်ကိုကြည့်ပါဦး။ ပြာပုံဖြစ်သွားပြီ။ ဟားဟား ငါနဲ့ တိုက်ခိုက်ဖို့ မင်းမှာ ဘာအရည်အချင်းရှိလဲ”

ရှီမာယူယူသည် သူမမျက်နှာအား ရှင်းရှင်းလင်းလင်းမမြင်ရပေ။ သို့သော် သူမအသံအားမှတ်မိသည်။ ထိုအသံသည် ပြိုင်ဘက်ကင်းစွာ စူးရှ၍ သူမနှလုံးသားအား စိုက်ထိုးသကဲ့ပင်။

ဘာလို့လဲ၊ ဒီလိုအိမ်မက်ကို ဘာလို့ထပ်မက်တာလဲ။ ဟိန်းသံလေးပြောတဲ့ သူမ မေ့နေတဲ့အတိတ်လား။

သို့သော် ဒီလောကမှ သူမ၏အရင်ဘဝကိုမှတ်မိသည်။ သူမသည် အဖွဲ့အစည်း၏ တစ်စက္ကန့်မျှသာရှိသော အမိန့်အောက်တွင် သူမအသတ်ခံခဲ့ရသည်။

သူမကမ္ဘာမှာ သေဆုံးပြီးနောက် နောက်ထပ် ဘဝတစ်ခုအနေနှင့် ဟိန်းသံလေးအားလက်ခံ၍ ရှီမန်ယူယူအဖြစ် ဒီကမ္ဘာတွင်နေထိုင်ခဲ့သည်။ ထို့နောက် သူမမိသားစုတစ်ခုလုံးနှင့် သူမကိုယ်တိုင်သတ်ဖြတ်ခြင်းခံခဲ့ရသည်။ အကြောင်းအရင်းမှာ မည်သူမှမသိခဲ့ရပေ။ သူမ ဒုတိယအကြိမ်ပြန်လည် ဝင်စားချိန်တွင်တော့ အသည်းအသန်အချစ်ခံရသည့် သခင်မလေးဖြစ်လာခဲ့သည်။

ထို့အပြင် ဟိန်းသံလေးပြောသလိုပင် သူမအရင်တစ်ခေါက်သေခဲ့သည်က သူမဝိညာဉ်သည် စိတ်ဒဏ်ရာရခဲ့သည်။ ထိုအရာကြောင့်ပင် သူမဘဝ၏ မှတ်ဉာဏ် အလယ်အစိတ်အပိုင်းကိုမေ့ခဲ့သည်။ သူမ မေ့နေသောထိုမှတ်ဉာဏ်များကို ဟိန်းသံလေးသည် ထောက်ခံခဲ့သည်။ ထိုအရာသည် လှည့်စားမှုမဟုတ်ပါ။ မငြင်းပယ်နိုင်သော အချက်ဖြစ်သည်။

“ယူယူ မင်းအသက်ရှင်ရင် ငါတို့အတွက် သေချာပေါက် လက်စားချေပေးပ။ ငါတို့အမြင်ချင်ဆုံးအရာက် မင်းကောင်းကောင်းနေဖို့ပဲ” နွေးထွေးသော အသံသည် မီးတောက်ပင်လယ်အကြားမှ ထွက်လာသည်။ သို့သော် ထိုအသံကိုနားထောင်ခြင်းသည် ရှီမာယူယူ၏ နှလုံးကို ထပ်ပြီးတော့နာကျင်စေသည်။ သူမအော်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့ပဲ “အမေ…”

‘အမေ’ ဟူသော ခေါ်သံတစ်ချက်သည် ခြောက်သွေ့နေသော မျက်လုံးတစ်စုံကို ချက်ချင်းပင် စိုစွတ်သွားစေပြီး မျက်ရည်များအဆက်မပြတ်စီးသွားသည်။

လှပသော မျက်နှာပေါ်လာပြီး သူမသည် ပြုံးပြီးပြောလိုက်သည်။ “ကြည့် ဒါငါတို့သမီးပဲ။ မင်နဲ့တကယ်တူတယ်။ သူမက ကောင်းကင်က လမင်းနဲ့တူတယ်”

“ဒါဆို ငါတို့သူမကို ယူယူလို့ခေါ်ရအောင်” ယောက်ျားလေးသံသည် ထွက်ပေါ်လာသည်။

“ကောင်းပြီ မိန်းကလေးရေ မင်းကို ရှေ့လျှောက် ရှီမန်ယူယူလို့ခေါ်တော့မယ်။ ငါက သမီးအမေဲ သမီးပထမဆုံးပြောရမယ့်စကားက ‘အမေ’ ဆိုတာဖြစ်ရမယ်နော်”

ရှီမာယူယူသည် သူမလက်အားဆန့်ထုတ်လိုက်ပြီး ထိုလှပသော မျက်နှာကို ထိကိုင်ချင်သည်။ သို့သော် သူမ မထိခင်ပင် ထိုပုံရိပ်အမည်းသည် မီးထဲတွင် ပျောက်ကွယ်သွားတော့သည်။

“အမေ….”

လင်းလုံသည် ရှီမာယူယူ၏ ရင်ဘတ်ပေါ်တွင်ထိုင်၍ သူမမျက်လုံးမှကျလာသော မျက်ရည်များကို ကြည့်ကာ သူမရင်နာသလိုပြောလိုက်သည်။ “ယူယူလေး၊မင်းဘာလို့ ငိုနေတာလဲ။ ယူယူလေးက တကယ်ဝမ်းနည်းနေတာ၊ သူမနှလုံးသားက နာကျင်နေတယ်။ လင်းလုံလည်း ငိုချင်တယ် ရွှတ်ရွှတ်….”

ဟိန်းသံလေးနှင့် ဝိညာဉ်လေးတို့လည်း ရှီမာယူယူနှလုံးသားမှ နာကျင်မှုကို ခံစားရသည်။ ဝိညာဉ်လေးသည် အကြောင်းအရင်းကို မသိပါ။ သို့သော် သူမသည် သူမအတိတ်မှ ဖြစ်ပျက်ခဲ့သော မှတ်ဉာဏ်များကို မြင်ခဲ့ကြောင်း လုံလေးခန့်မှန်းမိသည်။

“ယူယူလေး မငိုနဲပတော့ ငါတို့မင်းနဲအတူရှိတယ်” လင်းလုံသည် ရှီမာယူယူ၏ခေါင်းပေါ်တွင် တွားသွားနေသည်။ သူမသည် ရှေ့လက်များကို ဆန့်ထုတ်လိုက်ပြီး ရှီမာယူယူမျက်လုံးထောင့်မှ မျက်ရည်များကို သုတ်လိုက်သည်။

ရှီမာယူယူ သူမမျက်လုံးများကို ညင်သာစွာဖွင့်လိုက်သည့်အချိန်တွင်တော့ မျက်ရည်များကြောင့် သူမမြင်ကွင်း ဝေဝါးနေခဲ့သည်။ သူမမျက်စိရှေ့တွင်ရှိသော ပုံရိပ်မည်းအား မပျောက်ကွယ်သွားသကဲ့သို့ ကြည့်နေပုံပေါ်သည်။ သူမညင်သာစွာပြောလိုက်သည်။ “အမေ ယူလေး အမေ့ကိုတကယ်လွမ်းတယ်….”

All Chapters