← Chapters

ဒီကတိလေးအတွက် ဘယ်သူက ဝမ်းနည်းနေရမလဲ ...

Vol. 6 Ch. 79

ဒီကတိလေးအတွက် ဘယ်သူက ဝမ်းနည်းနေရမလဲ ...

Vol. 6 Ch. 79

လှပတဲ့ ကန့်လန့်ကာတစ်စ ဖြာကျလျက် ရှိသလို နှင်းတွေဟာ မြေပြင်ပေါ်ကို ဆက်လက် ကျဆင်း နေလေတယ်။ ၎င်းဟာ ကောင်းကင်ဘုံနဲ့ ကမ္ဘာလောကကို သွယ်ဆက်ပေးထားဟန် ထင်မြင်ရစေပြီး အဆုံးအစမဲ့သော၊ မေ့ပျောက်ဖွယ်ရာ မရှိသော ရှုခင်းကို ဖြစ်ပေါ်စေတယ်။ နှင်းစက်တွေဟာ လေထဲမှာ ဝေ့လည်နေကာ စုမင်ရှေ့ကို ကျဆင်းလာပါတယ်။ တဝီဝီနဲ့ လေပြင်း တိုက်ခိုက်သံတွေက ဖုန်မှုန်မွှားဖြူတွေ ဟာလည်း ကောင်းကင်ပေါ်က ကျဆင်းလာတဲ့ နှင်းပွင့်တွေနဲ့အတူ ကခုန်နေကြလေရဲ့။

ပိုင်လင်းရှေ့မှောက်ကို ဝေ့ဝဲကျလာတဲ့ နှင်းစက်အချို့ ရှိနေပြီး ၎င်းတို့ဟာ သူမရဲ့ အရိုးနားဆွဲရှေ့ကနေ တစ်ဆင့်... အင်္ကျီလည်ထောင်နဲ့ ထူထဲစွာ ကာရံထားလျက်ရှိတဲ့ သူမရဲ့ လည်တိုင်ပေါ်ကို သက်ဆင်းလို့ အရည်ပျော်ကျ သွားလေတယ်။

ပိုင်လင်းရဲ့ နူးညံ့တဲ့ တီးတိုးရေရွတ်သံကို နားတဲ့ဆတ်ဆတ် ကြားရစဉ်မှာ စုမင်ရဲ့ နှလုံးသားထဲမှာ နွေးထွေးမှုလေး တိုးပွားလာခဲ့ပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့ဖြာဆင်း သွားလေတယ်။ အဲဒီနွေးထွေးမှုဟာ ထူးခြားတဲ့ ခံစားချက်လေးအဖြစ် ပြောင်းလဲသွားတယ်။ အဲဒီကျေနပ် နှစ်သက်ဖွယ် ခံစားချက်လေးကို ဖော်ပြရလျှင် အဲဒါဟာ ပျော်ရွှင်မှု ဖြစ်ပါသတတ်။

အဲဒီ လှပတဲ့ညမှာ လှပတဲ့ နှင်းစက်တွေနဲ့ ပျော်ရွှင်နေတဲ့ လူနှစ်ယောက် ရှိခဲ့ပါတယ်။

စုမင်ပြုံးတယ်။ အဲဒါဟာ ပျော်ရွှင်မှုတွေနဲ့ ပြည့်လျှမ်းနေတဲ့ လူငယ်လေး တစ်ယောက်ရဲ့ မပွင့်တပွင့် အပြုံးလေး ဖြစ်ပါတယ်။ သူက ရပ်လိုက်ပြီးတော့ ပိုင်လင်းကို ကြည့်လိုက်တယ်။ အဲဒီ အခိုက်အတန့်လေးမှာ နှင်းတောထဲက မိန်းမငယ်လေးဟာ အဆုံးအစမဲ့တဲ့ ပန်းချီကားလေး တစ်ချပ်ဖြစ်ပြီး နှင်းပွင့်တွေရဲ့ ရုပ်ပုံလွှာ၊ သူမရဲ့ ဖြူလွတဲ့ဝတ်စုံ၊ နှင်းတွေလို လှပတဲ့ မိန်းမငယ်လေးနဲ့ သူမတိုးလျစွာ ရေရွတ်လိုက်တဲ့ စကားလုံးလေးတွေ အားလုံးဟာ စုမင်ရဲ့ရင်ထဲမှာ ဆေးမင် ရိုက်နှိပ်လိုက်သလို စွဲကျန်ရစ်ခဲ့ပြီ ဖြစ်တယ်။

ပိုင်လင်းဟာ သိပ်လှတယ်။ အချို့သော ရေခဲမှုန်တွေဟာ သူမရဲ့ တဆတ်ဆတ် လှုပ်ခါနေတဲ့ မျက်တောင်တွေပေါ်မှာ တင်နေတယ်။ သူမကို ကြည့်နေရင်းနဲ့ ကမ္ဘာလောကကြီးထဲက အရာဝတ္ထုတွေ အားလုံး ပျောက်ကွယ် သွားကြတယ်လို့ ခံစားလိုက်ရတယ်။ လောကကြီးထဲ  သူတို့ နှစ်ယောက်တည်း ရှိနေကြသလိုပဲ။

အချိန် အတန်ကြာပြီး နောက်မှာ စုမင်ရဲ့ အကြည့်အောက်မှာ ပိုင်လင်းရဲ့ ပါးပြင်လေးတွေက ပိုလို့ နီရဲတက်လာတယ်၊ စုမင် ညာလက်ကို မြှောက်လို့ သူ့လည်ပင်းမှာ ချိတ်ဆွဲထားတဲ့ သားရဲအစွယ် လည်ဆွဲကို ချွတ်ယူလိုက်တယ်။ သူ့ရဲ့ လက်သန်းလောက် ရှိတဲ့ သားရဲအစွယ်ကို ဖြုတ်လိုက်ပြီး ပိုင်လင်းကို ပေးတယ်။

သွားစွယ်က ပကတိ အဖြူရောင် ရှိတယ်။ လခြမ်းကွေး သဏ္ဌာန်ရှိပြီး စာလုံးနှစ်လုံး ထွင်းထားတယ်။ အဲဒီစာလုံး နှစ်လုံးကတော့ စုမင်ရဲ့နာမည်ပေါ့။ သားစွယ်ဟာ ရက်စက် ကြမ်းတမ်းတဲ့ ရှိန်ဝါကို ထုတ်လွှတ်နေတယ်။

"ဒီအစွယ်ကို ငါ အသက်ခုနစ်နှစ်၊ ဝိညာဉ်နှိုးပွဲတော် ဝင်ရောက်တုန်းက အကြီးအကဲက ငါ့ကိုပေးခဲ့တာ။ ဒါက ငါအရမ်း သဘောကျတဲ့ အရာတစ်ခုပဲ။ ငါ မင်းကို ပေးလိုက်မယ်။ “စုမင်ရဲ့မျက်နှာပေါ်မှာ အပြုံးပန်းလေး ပွင့်လန်းနေတယ်၊ ဒါပေမဲ့ သူစိတ်လှုပ်ရှား နေတာ။ သူတို့ မျိုးနွယ်စုတွေထဲမှာ ဒီပစ္စည်းမျိုး လက်ဆောင်ပေးလျှင် ထူးခြားတဲ့ အဓိပ္ပာယ် ရှိတယ်။

ပိုင်လင်းက နှုတ်ခမ်းကို ကိုက်လိုက်တယ်။ သူမ မျက်နှာလေးက ပိုနီရဲလာပြီး နှလုံးသားကလည်း ကဆုန်ပေါက် ပြေးလွှား ခုန်လှုပ်နေတယ်။ သူမရဲ့နှလုံးခုန်သံက သူမ မျက်လုံးထဲမှာ စုမင်ကလွဲလျှင် ကမ္ဘာပေါ်မှာရှိသမျှ အားလုံး ပျောက်ကွယ် သွားအောင် လုပ်နေတယ်။

အတန်ကြာပြီးမှာ ပိုင်လင်းက သူမရဲ့ လက်ဖြူဖြူလေးကို မြှောက်လာပြီး သွားစွယ်ကို ယူတယ်။ အဲဒီအရာလေးနဲ့ သူမလက်နဲ့ ထိမိလိုက်ချင်းမှာ သူမ လက်ချောင်းလေးတွေ တုန်ယင် သွားတယ်။ လက်ထဲမှာ ဖွဖွလေး ကိုင်ထားတယ်။

စုမင် စိတ်လှုပ်ရှား နေခဲ့တယ်။ ပိုင်လင်းက သွားစွယ်ကို ကြည့်ရုံကြည့်နေပြီး တခြားဘာမှ လုပ်ဖို့ ရည်ရွယ်ချက် မရှိတာကို မြင်တော့ စုမင်ခေါင်းကုတ် လိုက်တာ ခေါင်းပေါ်က နှင်းတွေ တောင်အောက် ပြုတ်ကျကုန်တယ်။

ပိုင်လင်းက စုမင်ကို တစ်ချက် ကြည့်တယ်။ သူ့ရဲ့ ကြောင်တောင်တောင် အပြုအမူကို မြင်တော့ နှုတ်ခမ်းကို လက်ကလေးနဲ့ အုပ်လို့ပြုံးတယ်။ သူမ မျက်လုံးတွေထဲမှာ ကျီစယ်လိုမှုတွေရှိပြီး သူတစ်ပါးစိတ်ကို ညွတ်နူး သွားစေလောက်တဲ့ နွေးထွေးမှုတွေလည်း တည်ရှိ နေပြန်တယ်။

"အဲဒါလေ.... အမ်.... မင်းတစ်ခုခု မေ့နေတယ် မဟုတ်ဘူးလား” ပိုင်လင်းက သူ့ကိုကြည့်ပြီး ရယ်နေတော့ စုမင်မျက်နှာလည်း နီရဲတက်လာတယ်။

"ဘာကိုလဲ” ပိုင်လင်းက ပြုံးစိစိ လုပ်နေတုန်းပဲ။ သူမရဲ့အပြုံးက အရမ်းကိုလှပပြီး နှင်းမုန်တိုင်းကြောင့် ဖြစ်ပေါ်လာတဲ့ နှင်းစက်တွေနဲ့ ဝန်းရံထားရာမှာ မမေ့ပျောက်နိုင်ဖွယ်ရာ မြင်ကွင်းကို ဖြစ်ပေါ် စေတယ်။

စုမင်မျက်နှာက ပိုပိုပြီး ရဲတွတ်လာပေမဲ့ မကြာခင်မှာပဲ သူအံကို တင်းတင်းကြိတ်၊ အသက်ဝဝရှူလို့ ... “ပိုင်လင်း ... ငါက မင်းရဲ့ ကယ်တင်ရှင်လေ...”

"နင်က ငါ့ကယ်တင်ရှင် ဆိုတာ ငါသိသားပဲ။ ဒါပေမဲ့ အဲဒါနဲ့ ငါတစ်ခုခု မေ့နေတာက ဘာဆိုင်လို့လဲ” ပိုင်လင်းက မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်တယ်။

"ဆိုင်တာပေါ့။ အာ.... အဲဒီအကြောင်း မပြောတော့ဘူး။ အဲ.... မင်းရဲ့ အရိုးနားဆွဲလေးက အရမ်းလှတယ်။ ငါ့ကိုတစ်ခုလောက် ပြကြည့်” စုမင်က ဟိုကြည့်ဒီကြည့်နဲ့ စကားလမ်းကြောင်း လွှဲတယ်။

ပိုင်လင်း မျက်လုံးတွေထဲက ရယ်ရွှင်မြူးရိပ်ဟာ လှည့်ဖြား လိုမှုတွေနဲ့အတူ ပိုလို့ အားကောင်း လာတယ်။ စုမင်ကိုကြည့်ရင်း သူမ ဘယ်ဘက်နားဖျားက အဖြူရောင် နားဆွဲလေးကို ထိလိုက်တယ်။

"ငါ့အမေက ငါ့အတွက် ထားခဲ့တာ။ ငါနင့်ကို မပေးပါဘူး” စုမင်ရဲ့မျက်လုံး ပြူးသွားပုံကို ကြည့်ပြီး ပိုင်လင်းဟာ ဟက်ဟက်ပက်ပက် ရယ်မောတယ်။ စုမင်က အတင်း ယူတော့မယ်ဟန် ပြတော့ သူမက ချက်ချင်းပဲ နောက်လှည့် ပြေးတယ်။ သူမရယ်သံလေး‌က ငွေခေါင်းလောင်း သံလေးတွေလို အဝေးထိ ပျံ့နှံ့သွားလေတယ်။

သို့ပေမဲ့လည်း စုမင်ပေးထားတဲ့ သွားစွယ်လေးကိုတော့ အဖိုးတန် ရတနာတစ်ခုလို သူမလက်ထဲမှာ ဆုပ်ကိုင် ထားတုန်းပါ။

စုမင် မျက်ထောက်နီနဲ့ ကြည့်တယ်၊ စိတ်တိုသွားပြီး ချက်ချင်း လိုက်ဖမ်းတယ်။ နှင်းတောထဲမှာ နှစ်ယောက်သား ရယ်မောမိကြတယ်။ အဆုံးထိကို အရိုးနားဆွဲလေးကို ပိုင်လင်းက မပေးဘူး၊ ဒါပေမဲ့လည်း အမှတ်မရှိတဲ့ စုမင်ကတော့ သူမမျက်ဝန်းထဲက နူးညံ့မှုတွေထဲမှာ တစ်စုံတစ်ရာကို ခံစားမိနေဆဲ။

မောပန်းသွားတဲ့ ပိုင်လင်းက နှင်းတောထဲမှာ ထိုင်ချတယ်။ ကောင်းကင်ပေါ်က ကျနေတဲ့ နှင်းတွေကိုကြည့်ပြီး ခပ်တိုးတိုး မေးတယ်၊ “စုမင် ... နောက်ဆယ်နှစ်မှာ ငါတို့ဘာတွေ ဖြစ်လာကြမှာလဲ။ အခုလိုမျိုး သောက ကင်းကင်းနဲ့ နေနိုင်ကြပါ့မလား”

စုမင်က လက်နှစ်ဖက်ကို ခေါင်းနောက်မှာ ထိကပ်ပြီး ပိုင်လင်းဘေးနားမှာ လဲလျောင်း လိုက်တယ်။ နှင်းတွေက အရမ်းနူးညံ့တယ်။ နှင်းကျနေတာကို ကြည့်ရင်း ပိုင်လင်းစကားကို နားထောင်နေတဲ့ စုမင်လည်း အလားတူပင်။

"နင် စိတ်ဆိုးနေတုန်းလား” ပိုင်လင်းက တောက်ပတဲ့ မျက်ဝန်းတွေနဲ့ စုမင်ကို ခပ်ပြုံးပြုံး လှည့်ကြည့်တယ်။ "စိတ်မဆိုးပါနဲ့”

"စိတ်မဆိုးပါဘူး” စုမင်က ချောင်းဟန့်လိုက်ပေမဲ့ သူ့ကိုကြည့်နေတဲ့ ပိုင်လင်းကို မြင်တော့ မျက်နှာက ပြုံးသွားတယ်။

"နောက်ဆယ်နှစ် အကြာမှာလည်း ငါတို့အခုလို ပူပင်သောက ကင်းကင်းနဲ့ ရှိနေကြဦးမှာပါ။ အဲဒီ အချိန်လောက်ဆို ငါ့ရဲ့ကျင့်ကြံခြင်း အဆင့်ကလည်း သေချာပေါက် အရမ်းမြင့်မား နေမှာ” စုမင်ရဲ့မျက်လုံးတွေထဲမှာ မျှော်လင့်ချက်တွေ အပြည့်နဲ့။

"နောင်ကျရင် ငါက ပြေစီးကြောင်း မျိုးနွယ်စုမှာပဲ နေရတော့မယ်လို့ အကြီးအကဲက ငါ့ကို မနေ့ကပဲ ပြောတယ်။ ငါက ရဲဝမ်လိုပဲ လေပြေစီးကြောင်း အကြီးအကဲရဲ့ သင်ကြားပြသမှု အောက်မှာ ရှိမယ်တဲ့။ ဖြစ်နိုင်တာက နောက်ဆယ်နှစ်ဆိုရင် ငါက ရုပ်နယ်လွန် အဆင့်ကို ရောက်ခါနီး လောက်ပြီ” စုမင် ရယ်လိုက်တယ်။

စူမင်ရဲ့စကားကို နားထောင်နေရင်း ပိုင်လင်း မျက်လုံးတွေထဲ မှာလည်း မျှော်လင့်ချက် အရိပ်အယောင်တွေ ထင်ဟပ် လာတယ်။ သူမရဲ့ မျက်နှာပေါ်မှာ ပျော်ရွှင်တဲ့အပြုံးလေး ခိုတွဲလျက်ရှိပြီး  နှင်းထူထပ်တဲ့ ညအလယ်မှာ တစ်ယောက်နဲ့ တစ်ယောက် ဘယ်တော့မှ အဆုံးမသတ်နိုင်သလို  စကားတွေ ဆက်ပြောနေခဲ့တယ်။

အချိန်ကောင်းတွေက အမြဲလိုလို မြန်ဆန်စွာ ပြီးဆုံးလေ့ရှိတယ်။ အချိန်နာရီ‌တွေက တဖြည်းဖြည်းချင်း လည်ပတ်နေပေမဲ့၊ နေရောင်မလာခင် အချိန်အနည်းငယ်မျှ ကျန်ရှိနေသေးပေမဲ့ အရာအားလုံးက နောက်ဆုံးတော့ အဆုံးသတ် ရတာပဲလေ။ ပိုင်လင်းက သူမရဲ့မျိုးနွယ်စု တည်းခိုဆောင်ဆီ ပြန်ရတော့မယ်။ နှစ်ယောက်သားဟာ ရွှံ့မြေ ကျောက်သားမြို့တော်ရဲ့ အနီးနားဆီ ပြန်လာခဲ့ကြပါပြီ။

"ငါမင်းကို ပြန်လိုက်ပို့မယ်” စုမင်က ဒူးတုပ်ထိုင်ချပြီး ‌ပိုင်လင်းကို ကျောပေါ်တက်ဖို့ လက်ဟန်ပြတယ်။

ပိုင်လင်း မျက်နှာလေးထက်မှာ ‌ပျော်ရွှင်တဲ့ အပြုံးလေး ရှိတယ်။ လိမ်လိမ်မာမာနဲ့ စုမင်ကျောပေါ်ကို တက်လိုက်ချိန်မှာ စုမင်ရဲ့နှလုံးခုန်သံကို ခံစားရတယ်။ အဆက်မပြတ် ခုန်လှုပ်မှုဟာ သူမရဲ့ ပါးပြင်လေးတွေကို နီရဲသွားစေတယ်။

"အရူးကျနေတာပဲ” စုမင်ပြေးလွှားနေတုန်း သူ့ကျောပေါ်မှာ မှီတည်ထားရင်း သူမ ‌ခပ်တိုးတိုးလေး ရေရွတ်တယ်။

စုမင်ဟာ ပိုင်လင်းကို ကျောပိုးလို့ နှင်းမုန်တိုင်းထဲမှာ ပြေးလွှားနေခဲ့ပြီး ရွှံ့ကျောက်မြို့တော်ရဲ့ ပိုင်းခြားထားတဲ့ စည်းရိုးနံရံတွေကို ကျော်လွှား လိုက်တယ်။ မော့စုပုံစံကိုလည်း ပြောင်းလဲပြီး ဖြစ်တယ်။ စုမင်ဟာ နဂါးနက်တောင်မျိုးနွယ်စု တည်းခိုဆောင် အပြင်ဘက်မှာ ရပ်လိုက်တော့ ပိုင်လင်းဟာ မဆင်းချင့်ဆင်းချင်နဲ့ စုမင်ကျောပေါ်က ဆင်းသက် လာပါတယ်။

သူမဟာ သူမရှေ့က အမျိုးသားလေး စုမင်ကို ကြည့်နေတယ်။ သူ့မျက်နှာဟာ သူမနဲ့ရင်းနှီး ကျွမ်းဝင်မှုမရှိတဲ့ မျက်နှာကိုသာ ပြောင်းချင် ပြောင်းသွားမယ်၊ သူ့ရဲ့မျက်လုံးတွေ ကိုတော့ ပိုင်လင်းဘယ်တော့မှ မေ့မှာမဟုတ်ဘူး။

စုမင်လည်း ပိုင်လင်းကို ကြည့်နေတယ်။ နှင်းထူထပ်တဲ့ လမ်းမထက်မှာ နှစ်ဦးသားဟာ တစ်ယောက် မျက်ဝန်းတွေကို တစ်ယောက် ကြည့်နေခဲ့ကြတယ်။

"လုပ်ပါ... စိတ်မဆိုးပါနဲ့တော့နော်” ပိုင်လင်းက လက်တွေကို မြှောက်ပြီး နောက်ဆုံးတစ်ခေါက် သူတို့ ခွဲခွာသွားကြစဉ်ကလိုပဲ စုမင်ရဲ့အဝတ်တွေကို ပြုပြင်ပေးလို့ ကိုယ်ပေါ်က နှင်းမှုန်တွေကို ဖယ်ရှားပေးတယ်။ သူမရဲ့ မျက်နှာပေါ်မှာလည်း နူးညံ့တဲ့ အပြုံးလေး ရှိတယ်။

"မင်းရဲ့ အဲဒီအရိုး နားဆွဲတွေက တကယ်လှတယ်” စုမင်က ရယ်တယ်။

စုမင်ရဲ့ ဒီလိုပြုမူပုံကို မြင်တော့ ပိုင်လင်းလည်း ရယ်လိုက်မိတယ်။ သူမ ဆက်ရယ်နေရင်း စုမင်ကို လေးလေးနက်နက် ကြည့်တယ်။ သူမရဲ့လှပတဲ့ မျက်နှာလေးပေါ်မှာ ရှက်ရွံ့မှုဟာ ပိုလို့ထင်ရှားလာပြီး သိမ်မွေ့စွာနဲ့ ခေါင်းငုံ့ လိုက်လေတယ်။

"စုမင်၊ နောက်ခုနစ်ရက်ကြာရင် ငါ့အတွက် အရေးကြီးတဲ့နေ့ ရောက်လာတော့မယ်။ အရင်ကတော့ အဲဒီနေ့ကို အကြီးအကဲနဲ့ပဲ ဖြတ်သန်း ကုန်ဆုံးပေမဲ့ ဒီတစ်နှစ်တော့ နင်နဲ့အတူ ဖြတ်သန်းချင်တယ်။ ဟုတ်ပြီလား...” ပိုင်လင်းက ရှိသမျှ သတ္တိတွေစုပြီး ပြောခဲ့တယ်။ သူမအသံက တိုးညင်းပေမဲ့ သူမရဲ့စကား တစ်လုံးချင်းစီကို စုမင် ကြားနိုင်ပါတယ်။ ပျော်ရွှင်ခြင်းက စုမင်ရဲ့မျက်လုံးတွေထဲမှာ ပေါ်ပေါက်လာပြီး ပိုင်လင်းဆီက အကြည့် မဖယ်ခွာဘဲနဲ့ အလွန်အကျူးပဲ ခေါင်းကို တအား ညိတ်ပြတယ်။

"ဒါဆို ကတိနော်” ပိုင်လင်းက စုမင်မျက်လုံးတွေထဲ စိုက်ကြည့်လို့ ပိုင်လင်းက ရှက်ဝဲဝဲနဲ့ ပြုံးနေတယ်။

"ကတိပေါ့။ ခုနစ်ရက်ကြာရင် ငါဘယ်နေရာ ရောက်နေနေ၊ ဘာတွေပဲ လုပ်နေနေ သေချာပေါက် မင်းကို လာရှာမယ်...”စုမင်က ကျိန်ဆို လိုက်တယ်။

အဲဒီနေရာမှာ ရပ်နေတဲ့ နှစ်ဦးသားအတွက် ကောင်းကင်က ကျဆင်းနေတဲ့ နှင်းစက်လေးတွေက မျက်မြင်သက်သေ တစ်ယောက်လိုပေါ့။ အဲဒီကတိဟာ လှပတဲ့ မှတ်ဉာဏ်တစ်ခု ဖြစ်လာမလား၊ နောင်တရခြင်း ကြီးစွာနဲ့ သက်ပြင်း ရှိုက်ရမယ့်အဖြစ်လား ဆိုတာကိုတော့ မသိရသေးပါဘူး။

"အဲဒီနေ့ကျရင် ငါနင့်ကို သေချာပေါက် စောင့်နေမယ်နော်။ အဲဒီအခါကျရင် အရိုးနားဆွဲလေး ပေးပါ့မယ်” ပိုင်လင်းက နားဆွဲလေးကိုထိလို့ ခပ်တိုးတိုးလေး ရေရွတ်ရင်း နားရွက်ဖျားလေးတွေ ရဲတက်သွားတယ်။

"ငါသေချာပေါက် လာခဲ့မယ်” စုမင်က ပျော်ရွှင်စွာ ပြုံးတယ်။ အံ့မခန်းဖွယ်ရာ ပျော်ရွှင်လွန်းစွာနဲ့ပေါ့…”

ပိုင်လင်းက နှုတ်ခမ်းကို ကိုက်တယ်။ လှည့်ထွက်သွားပြီး သူမတို့ မျိုးနွယ်စု တည်းခိုဆောင်ထဲကို လျှောက်လှမ်း ဝင်သွားတဲ့အထိ သူမမျက်နှာပေါ်မှာ ရှက်ရွံ့ရိပ်တွေ ရှိနေဆဲပါပဲ။ ခြံဝင်းတံခါးကို တွန်းဖွင့် ဝင်သွားပြီးနောက် တည်းခိုဆောင်ထဲ ဝင်ရောက် ပျောက်ကွယ်မသွားခင် စုမင်ကို ခေတ္တမျှ သမင်လည်ပြန် လှည့်ကြည့် သွားပါသေးတယ်။

စုမင်ဟာ ပျော်ရွှင်မှုတွေ ပြည့်လျှမ်းနေတဲ့ နှလုံးသားအစုံနဲ့ ရပ်ကျန် နေရစ်ခဲ့တယ်။ နောက်ခုနစ်ရက် အကြာမှာ ပိုင်လင်းနဲ့တွေ့ဖို့ ပြုလုပ်ခဲ့တဲ့ ကတိအတွက်လည်း အများကြီး မျှော်လင့် နေမိလေတယ်။

"ခုနစ်ရက်.....” စုမင် ပျော်ရွှင်စွာ ပြုံးတယ်။ နောက်လှည့်ပြီးတော့ နှင်းတောထဲကို တိုးဝင်သွားကာ သူ့ရဲ့ မျိုးနွယ်စုရှိရာထံ ပြန်သွား ပါတော့တယ်။

နှင်းပွင့်တွေဟာ စုမင်ရဲ့ ပျော်ရွှင်မှုကို သိရှိသယောင်နဲ့ သူနဲ့အတူ ကခုန်နေခဲ့လေတယ်။ မြေပြင်ပေါ်က နှင်းမှုန်တွေဟာလည်း လေပြည်နဲ့အတူ လွင့်မျောလို့ ကောင်းကင်နဲ့ မြေပြင်ကြားက ဟင်းလင်းပြင်ရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာလေတော့တယ်။

စုမင် ခပ်မြန်မြန် ပြေးလွှားတယ်။ ခံစားရတဲ့ပီတိဟာ တစ်ကိုယ်လုံးကို နွေးထွေးမှုအဖြစ် လွှမ်းခြုံ သွားလေတော့တယ်။ အဲဒီအခြင်းအရာက သူ့မှာရှိသမျှ ဒုက္ခသုက္ခအပေါင်း၊ ပြဿနာ အပေါင်းတို့ကို မေ့ပျောက် သွားစေတယ်။ မကြာခင်မှာတော့ နက်မှောင်တောင်ရဲ့ တည်းခိုဆောင်ဆီ ရောက်ရှိလာပါပြီ။

ပြန်ရောက်လာချင်းမှာပဲ မူလရုပ်သွင်ကို ပြန်လည် ပြောင်းလဲလိုက်တယ်။ နှင်းတောထဲ မလှမ်းမကမ်းမှာ တည်ရှိတဲ့ နက်မှောင်တောင် မျိုးနွယ်စု တည်းခိုဆောင်ကို ကြည့်ပြီး အသက်ပြင်းပြင်း ရှူလိုက်တယ်။ တည်းခိုဆောင်ထဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ ဝင်လာခဲ့တယ်။

အထဲမှာ တိတ်ဆိတ်လို့ နေတယ်။ အချိန်က ညအခါ ဖြစ်နေပေမဲ့ ကောင်းကင်ထက်က ကျဆင်းလာတဲ့ နှင်းတွေရဲ့ ငွေမင်ရောင် အလင်းရောင်ပြန် ဟပ်မှုကြောင့် အလုံးစုံ မှောင်မိုက်နေခြင်းတော့ မရှိဘူး။ နှင်းမုန်တိုင်းကြားမှာ နက်မှောင်တောင် တည်းခိုဆောင် တံခါးဟာ တင်းတင်းစေ့ ပိတ်ထားပုံက အထဲမှာ စိတ်ဓာတ်ကျစရာ ကိစ္စတစ်ခုခု ရှိနေပုံမျိုး။ အနားကို ရောက်လေလေ၊ စုမင် အာရုံခံစား မိလေလေ။

တံခါးကိုဖွင့်ပြီး ခြံဝင်းထဲက မြင်ကွင်းကို မြင်လိုက်ရချိန်မှာ စုမင် တုန်ယင် သွားတယ်။ သူ့ရင်ထဲက ပျော်ရွှင်မှုတွေဟာ ချက်ချင်း ဆိတ်သုဉ်းသွားပြီး ထိတ်လန့်နေတဲ့ မျက်နှာထားက အစားထိုး ဝင်ရောက် လာပါတော့တယ်။

အစောင့်အရှောက် ခေါင်းဆောင်၊ ရှန့်ဟန်၊ ပေလင်းနဲ့ ဝူလတို့ဟာ ခြံဝင်းထဲမှာ စုစည်းရောက်ရှိ နေကြတယ်။ အမျိုးမျိုးသော ချောက်ချားနေတဲ့ မျက်နှာထားတွေဟာ ဘယ်လောက်တောင် စိုးရိမ်နေကြ၊ ပူပန်နေကြသလဲ ဆိုတာ ဖော်ပြနေတယ်။ သူတို့ရှေ့မှာ အကြီးအကဲဟာ အလွန်ဖြူဖျော့နေတဲ့ မျက်နှာနဲ့အတူ မောဟိုက်စွာ ပင်ပင်ပန်းပန်း အသက်ရှိုက်လျက် တင်ပျဉ်ချိတ် ထိုင်နေတယ်။ ၎င်းရဲ့ရှေ့၊ ဖြူဖွေးတဲ့ နှင်းလွှာပြင်ပေါ်မှာတော့ လန့်ဖျပ်စရာ သွေးကွက်ကြီး ရှိနေလေတယ်။

စုမင်တံခါး ဖွင့်ဝင်လာချင်းမှာ အားလုံးရဲ့ အကြည့်တွေက သူ့အပေါ်ကို ကျရောက် လာတယ်။

“အကြီးအကဲ စုမင် ဘာမှ မသိတော့ဘူး။ အကြီးအကဲရဲ့ရှေ့ကို အရှိန်အဟုန် ပြင်းပြင်းနဲ့ ပြေးလာခဲ့တယ်။ သူ့ဘဝမှာ ပထမဦးဆုံး အကြိမ် အကြီးအကဲရဲ့ ညှိုးရော်တဲ့ မျက်နှာထက်မှာ အားနည်းမှုကို မြင်တွေ့ရတာ ဖြစ်တယ်။ နှင်းတွေပေါ်က သွေးစက်အချို့က အကြီးအကဲရဲ့အ င်္ကျီတွေအပေါ်မှာတောင် စွန်းပေနေတယ်။ စုမင် တုန်ယင် လာခဲ့တယ်။

***

All Chapters