← Chapters

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အခန်း (၄၃၉-၄၄၁)

Vol. 30 Ch. 439-441

အခန်း ၄၃၉ - လောက်လွှဲများကို ပေါင်းစပ်ခြင်း

ယောင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူ့ကိုစိုက်ကြည့်ကာ ပြောလိုက်သည်။

“မင်းသိတာ ချေးပဲရှိတယ်။ မင်းပြောတဲ့ လှေလေးတစ်စင်းက ရွက်သင်္ဘောကြီးကို တိုက်မိသွားတာကို ငါမြင်ဖူးတယ်ကွ။ ဒါပေမယ့် သူက လုံးဝမထိခိုက်ခဲ့ဘူး။ ဘာလက်နက်တွေကိုမှ မလိုအပ်ဘူး။ သူကိုယ်တိုင်ကကို လက်နက်တစ်ခုပဲ။”

“အဲဒီသင်္ဘောကိုယ်တိုင်က လက်နက်တစ်ခုလား။”

ဒေသခံခေါင်းဆောင်က ယောင်ကို ထူးဆန်းသောပုံစံဖြင့်ကြည့်ကာ မေးလိုက်၏။

“မင်းက ဘယ်တုန်းကမြင်ဖူးခဲ့တာလဲ။”

“မှော်ဆရာကိုကွန်းနဲ့ ငါ စာချုပ်မချုပ်ခင်က အဲဒီသင်္ဘောရဲ့ပိုင်ရှင်နဲ့ စာချုပ်ချုပ်ခဲ့တာ။ ငါမသိဘူလို့ မင်းထင်လား။”

ယောင်က ပြန်ဖြေလိုက်သည်။ ဒေသခံခေါင်းဆောင် ကြောင်အသွား၏။

“မင်းက အပြင်သူတွေဆီမှာ စာချုပ်ချုပ်ခံခဲ့ရသေးတယ်လား။ အပြင်လူတွေဆီမှာ လက်နက်ချခဲ့ရတာက တကယ်ကိုရှက်စရာပဲ။”

“အပြင်လူဟုတ်ဟုတ် မဟုတ်ဟုတ် ငါကအားကြီးတဲ့သူဆီမှာ အညံ့ခံခဲ့ရတာပဲ။ ပြဿနာရှိလို့လား။”

ယောင်က ပြန်မေးလိုက်သည်။

“ဟမ့်! အပြင်လူတွေက ငါတို့ရဲ့နယ်မြေကို ကျူးကျော်ဖို့လာကြတာပဲ။ သူတို့ရှိနေရင် ငါတို့ရဲ့ဆင်းရဲတဲ့ဘဝတွေက ပိုဆိုးသွားလိမ့်မယ်။”

ဒေသခံခေါင်းဆောင်က ဒေါသတကြီးပြောလိုက်၏။

“ဟမ့်! အဲ့ဒါတွေကို မင်းကိုယ်တိုင် မင်းမျက်လုံးနဲ့ မြင်ဖူးလို့လား။”

ယောင်က ထပ်မေးလိုက်သည်။

ဒေသခံခေါင်းဆောင်သည် ထပ်မံကြောင်အသွားပြီးနောက် ပို၍ဒေါသထွက်လာခဲ့သည်။

“မင်းက မှော်ဆရာရဲ့စကားကို မေးခွန်းထုတ်နေတာလား။”

“ငါမပြောခဲ့ဘူး။ အဲ့ဒါကို မင်းကပြောတာ။ ငါကအချက်အလက်ကို ပြောပြနေတာ။ နိုင်ငံခြားသားအင်အားကြီးမားတဲ့ပုဂ္ဂိုလ်ကြီးတွေရဲ့ကျွန်းပေါ်မှာ တခြားဒေသခံတွေလည်းရှိတယ်။ သူတို့ရဲ့ဘဝက ငါတို့ထက် အဆပေါင်းများစွာပိုကောင်းတယ်။”

ယောင်က ပြောလိုက်သည်။

“မဖြစ်နိုင်ဘူး။ ငါတို့ကို မှော်ဆရာကဦးဆောင်ပြီး နတ်ဘုရားတွေက လမ်းညွှန်ပေးနေတာပဲ။ သူတို့အပြင်လူတွေက ငါတို့ထက်ပိုပြီး ကောင်းကောင်းနေနိုင်တယ်ဆိုတာ လုံးဝမဖြစ်နိုင်ဘူး။”

ဒေသခံခေါင်းဆောင်သည် ယောင်၏စကားများကို လုံးဝမယုံကြည်နိုင်ပေ။

ယောင်သည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး မေးလိုက်သည်။

“ကျောက်တုံးနဲ့သစ်သားကိုမသုံးဘဲ အဆောက်အဦးအမြင့်ကြီးတွေတည်ဆောက်တာကို မင်းမြင်ဖူးလား။ နေ့စဉ်အရည်အသွေးမြင့်အစားအစာတွေကို မင်းစားဖူးလား။ အနံ့သင်းနေတဲ့ဘီယာကိုရော မင်းသောက်ဖူးလို့လား။”

သူ၏မေးခွန်းများကြောင့် ဒေသခံခေါင်းဆောင်သည် တုံဆိုင်းသွားခဲ့သည်။ သူသည် ထိုအရာများကို ယခင်က အမှန်တကယ် မကြားခဲ့ဖူးပေ။

တကယ်တမ်းတွင် ယောင်သည်လည်း သူ၏ကိုယ်ပိုင်သတိထားတတ်သော တွေးခေါ်မှုပုံစံရှိသည်။ သူသည် ရှောင်းယီ၏ကျွန်းကို အလွန်ကောင်းမွန်အောင်သရုပ်ဖော်ပြောဆိုခြင်းဖြင့် ကိုကွန်းသည် ခေါင်းမာမာဖြင့် ရှောင်းယီ၏ကျွန်းကိုတိုက်ခိုက်ရန် လုပ်ဆောင်စေလိုခြင်းဖြစ်သည်။

ဘယ်သူအနိုင်ရရှိသည်ဖြစ်စေ ယင်းသည် နှစ်ဖက်စလုံး၏စွမ်းအားကို သွယ်ဝိုက်၍ အားနည်းစေနိုင်သည်။

ဘယ်လိုပဲဖြစ်ဖြစ် ငါ ကိုကွန်းဆီမှာ ကျွန်ခံခဲ့ရတာ ကြာနေပြီ။ ရလဒ်က ဒီထက်ပိုပြီး မဆိုးနိုင်တော့ဘူး။

ရှောင်းယီဆီတွင် လက်နက်ချခဲ့စဉ်က အနည်းဆုံးတော့ သူသည် လေးစားခံရသည်ဟု ခံစားရပြီး ယူကတော့ သူ့ကို ကျွန်းအမျိုးမျိုးကိုကျူးကျော်ရန် ကိရိယာတစ်ခုအနေဖြင့်သာ အသုံးပြုပေသည်။

ထို့ပြင် ယူနှင့် ရှောင်းယီတို့ အမှန်တကယ် တိုက်ခိုက်ကြမည်ဆိုလျှင် နှစ်ဖက်စလုံး အရေးနိမ့်ကောင်းနိမ့်သွားနိုင်ပြီး သူတို့အနေဖြင့် လွတ်လပ်မှုကို ပြန်လည်ရရှိရန်ပင် အခွင့်အလမ်းရှိနိုင်ပေသည်။ ဘာကြောင့် မလုပ်ရမည်နည်။

ယောင်သည် ဒေသခံအဖွဲ့နှင့်အတူ ပြန်လည်ဆုတ်ခွာသွားသကဲ့သို့ ရှောင်းယီသည်လည်း ထိုလွတ်မြောက်လာသူများထံမှ အစီရင်ခံစာများကို လက်ခံရရှိခဲ့သည်။

“သူဌေး... ခင်ဗျားက အရမ်းကြီးကျယ်မြင့်မြတ်တာပဲ။ အပျော်စီးသင်္ဘောတစ်စီးတည်းနဲ့ ဒေသခံတွေကိုကြောက်ချီးပါအောင် လုပ်ပစ်လိုက်တယ်။”

“ဟုတ်တယ်။ သူတို့ အပျော်စီးရွက်သင်္ဘောကိုတွေ့တာနဲ့ သင်္ဘောသုံးစင်းလုံး ချက်ချင်းပြန်လှည့်ပြီးထွက်ပြေးသွားကြတာ။ ကြောင်ကိုတွေ့လိုက်ရတဲ့ ကြွက်တွေလိုပဲ။”

“ဒါက အရမ်းရိုးရှင်းမှန်း ငါသိသားပဲ။သူဌေးရဲ့ အပျော်စီးသင်္ဘောကို အသာအယာပြလိုက်ရုံပဲ။ ဒီလောက်အကြာကြီးငှားထားစရာတောင် မလိုတော့ဘူး။”

ယီထျန်းဂရုထံမှလူများသည် ထိုလူများ၏စကားများကိုကြားရသည်နှင့် ချက်ချင်းပင် ဆွေးနွေးကြတော့သည်။

“သူဌေးက အဲ့လောက်တောင်ထူးချွန်တာလား။ နောက်ပိုင်းမှာ ဘာလို့ကာကွယ်ရေးတွေလုပ်နေမှာလဲ။ သူဌေးရဲ့အပျော်စီးသင်္ဘောကိုပဲ တိုက်ရိုက်ငှားလိုက်တော့မှာပေါ့။”

“ဟုတ်တယ်။ ဒေသခံတွေရှိတယ်...မကြောက်နဲ့။ အပျော်စီးရွက်သင်္ဘောကို ခဏလောက်ငှားပြီး ဒေသခံတွေကို ကြောက်ချီးပါအောင် လုပ်ပစ်လိုက်။”

“အပေါ်ကလူက ရက်ပ်ပါတစ်ယောက်ပဲ။ ကာရန် ကျတယ်.”

“ဟေး သားကြီး...ငါကရက်ပ်ပါမဟုတ်ဘူးကွ။ တခြားလူတွေ မိန်းမတွေရဲ့ ဆံပင်ကိုလည်းမလိမ်းကျံနိုင်၊ ကြင်ရာတော်တွေကိုလည်း မရွေးချယ်နိုင်။”

“ငါမပြောတော့ဘူး။ ထပ်ပြီးတက်လာပြန်ပြီ။”

ရှောင်းယီသည် လမ်းကြောင်းလွဲနေသော စကားများကို လျစ်လျူရှုကာ မျက်မှောင်ကျုံ့ပြီး မေးလိုက်သည်။

“သူတို့က အပျော်စီးရွက်သင်္ဘောကိုတွေ့တာနဲ့ ချက်ချင်းဆုတ်ခွာသွားကြတာလား။”

“ဟုတ်ကဲ့!”

ရှောင်းယီ စတင်စဉ်းစားကြည့်လိုက်သည်။ အကယ်၍ သူသည် အပျော်စီးသင်္ဘောကို မမြင်ဖူးသော ဒေသခံတစ်ဦးဖြစ်ပါက မသိသောအရာနှင့်ပတ်သက်၍ သတိထားမိမည်ဖြစ်သော်လည်း ဤကဲ့သို့ အလွန်ရိုးရှင်းစွာ ထွက်ခွာသွားမည်မဟုတ်ပေ။

ထို့ကြောင့် ထိုဒေသခံများသည် အပျော်စီးရွက်သင်္ဘောနှင့် ၎င်း၏စွမ်းအားကို သိထားရမည်ဖြစ်သည်။

ဤအခြေအနေနှစ်ရပ်နှင့်ကိုက်ညီသော ဒေသခံမှာ တစ်ဦးသာရှိပြီး ၎င်းသည် ရှောင်းယီနှင့် စာချုပ်ချုပ်ခံခဲ့ရပြီး နောက်ပိုင်းတွင် ကိုကွန်းမျိုးနွယ်စု၏ မှော်ဆရာဖြင့် ထပ်မံစာချုပ်ချုပ်ခဲ့သူဖြစ်သည်။

ရှောင်းယီသည် ယောင်ကို လျှို့ဝှက်နယ်မြေတွင်ဖမ်းမိပြီးနောက် ပြန်လာစဉ် ဒူခန်းကို သင်္ဘောကြီးတစ်စီး လိုက်လံဖမ်းဆီးနေသည်ကို ကြုံတွေ့ခဲ့ရပြီး သူသည် အပျော်စီးရွက်သင်္ဘောဖြင့် ထိုသင်္ဘောကြီးကို ဝင်တိုက်မိခဲ့သည်။

ထို့ကြောင့် ယောင်သည် အပျော်စီးရွက်သင်္ဘော၏စွမ်းအားကို အထူးတလည် အမှတ်ရနေပေလိမ့်မည်။

“မင်းတို့တွေ့ခဲ့တဲ့ အဲ့ဒီဒေသခံလှိုင်းက ငါ့ရဲ့အပျော်စီးသင်္ဘောကို အရင်ကတွေ့ဖူးတဲ့ ဒေသခံတွေဖြစ်သင့်တယ်။ မဟုတ်ရင် သူတို့တောင်မသိတဲ့ အပျော်စီးရွက်သင်္ဘောတစ်စီးက သူတို့ကို ထွက်ပြေးစေနိုင်မှာ မဟုတ်ဘူး။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

“အပျော်စီးရွက်သင်္ဘောနဲ့ ဒေသခံတွေကို ခြောက်လှန့်ဖို့ တွေးမနေကြတော့နဲ့။”

ယီထျန်းဂရု၏မန်ဘာများသည် ရှောင်းယီ၏စကားကို ကြားလိုက်ရသည့်အခါ တုန်လှုပ်သွားခဲ့ကြသည်။

“သူဌေး...ဒါက ဘာကိုဆိုလိုတာလဲ။”

“သူဌေးက အနောက်ဘက်က ဒေသခံတွေကိုတောင် သိနေတာလား။”

ရှောင်းယီက ရှင်းပြလိုက်သည်။

“အနောက်ဘက်က ဒေသခံတစ်ယောက်က အပျော်စီးသင်္ဘောကို ဘယ်လိုအသုံးပြုတယ်ဆိုတာကို အရင်ကတွေ့ဖူးတယ်။ အဲ့ဒါကြောင့် သူက အပျော်စီးရွက်သင်္ဘောရဲ့စွမ်းအားကို သိထားသင့်တယ်။”

“မဆန်းတော့ဘူး။ အမှန်ပဲ။ မဟုတ်ရင် သင်္ဘောတစ်စီးတည်းနဲ့ ဒေသခံတွေကို ဘယ်လိုလုပ်ပြီး ထွက်ပြေးစေနိုင်မှာလဲ။”

“တော်စမ်းပါ။ မင်းက ကျူးကဲလျန်လား။ မင်းကမဖြစ်နိုင်ဘူးလို့ပြောရင် အဲ့ဒါက မဖြစ်နိုင်တော့ဘူးလား။”

“ဒါပေမယ့် ဘာပဲဖြစ်ဖြစ် သူဌေးကြီးရဲ့ အပျော်စီးသင်္ဘောကို အသုံးပြုပုံကတော့ ထူးခြားရမယ်။ တစ်ဖက်သားကို ဒီလိုကြီးမားတဲ့အရိပ်မျိုး ထင်ဟမ်စေခဲ့တာဆိုတော့။”

“ဟားဟား စကားလုံးနဲ့ဖော်ပြရမယ်ဆိုရင်တော့ သူဌေးကြီးက တကယ်ကို ကြီးကျယ်မြင့်မြတ်တယ်။”

ကျန်းယွင်ထျန်းသည်လည်း သူတို့၏ဆွေးနွေးမှုများကို မြင်တွေ့ခဲ့ရပြီး စဉ်းစားတွေးခေါ်ကာ ဝေါ်ကီတော်ကီမှတစ်ဆင့် ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်... ဒါက ယောင်ရဲ့ရည်ရွယ်ချက်ရှိရှိ လုပ်တာဖြစ်မှာကို ကျွန်တော်စိုးရိမ်မိတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“သူက ကိုကွန်းမျိုးနွယ်စုကလူတွေကို လာစေချင်နေတာလို့ဆိုလိုတာလား။”

“ဟုတ်ကဲ့ သူက ကျုပ်တို့ကျွန်းရဲ့တည်နေရာကိုသိထားတယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ဖြစ်နိုင်ချေရှိတယ်။ ယောင်က သေရမှာကြောက်တယ်ဆိုပေမယ့် လူညံ့တစ်ယောက်တော့ မဟုတ်ဘူး။ ဒါကလည်း ကိုကွန်းရဲ့ထိန်းချုပ်မှုကနေ လွတ်မြောက်ဖို့ နည်းလမ်းတစ်ခုပဲ။ ငါတို့နှစ်ဖက်စလုံး အရေးနိမ့်သွားလိမ့်မယ်လို့ ဆိုလိုတာလည်း ဖြစ်နိုင်တယ်။”

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒါပေမယ့် သူ့ရဲ့တွက်ချက်မှုက မှားကောင်းမှားနိုင်တယ်။ ကိုကွန်းမျိုးနွယ်စုရဲ့ မှော်ဆရာဆရာ S-အဆင့် ဖြစ်နေရင်တောင် ကျုပ်တို့ကိုတိုက်ခိုက်မယ်ဆိုရင် အကျိုးမရှိဘူး။”

ကျန်းယွင်ထျန်းက ပြုံးရယ်ကာ ပြောလိုက်သည်။

“ဟုတ်တယ်။ သူတို့မှာ ပိုပြီးအဆင့်မြင့်တဲ့ မှော်ဆရာဆရာတွေ ရှိနိုင်တယ်ဆိုတာကိုလည်း ချန်လှပ်ထားလို့မရဘူး။ အနောက်ဘက်ပိုင်းက အခြေအနေကို ပိုပြီးဂရုစိုက်သင့်တယ်။ ပြီးခဲ့တဲ့တစ်နေ့က ဗဒသခံတစ်စုကို စွန်းယောင်ဆီ ပို့ပေးဖို့ပြောခဲ့တာက ပြင်ဆင်ပြီးပြီလား။”

ရှောင်းယီက မေးလိုက်သည်။

“ဒါပေါ့။ ဒါပေမယ့် အပျော်စီးသင်္ဘောက ပြန်မရောက်သေးဘူး။ အဲ့ဒါကြောင့် စောင့်ရဦးမယ်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ အပျော်စီးရွက်သင်္ဘောပြန်ရောက်တာနဲ့ လူတွေကို စွန်းယောင်ရဲ့ကျွန်းဆီ ပို့ပေးလိုက်ပါ။ ပြီးရင် ကျွန်းပေါ်က ကာကွယ်ရေးတွေကိုလည်း ကူညီပြင်ဆင်ပေးလိုက်ပါ။ သုံးချက်ပစ်လောက်လွှဲတွေလည်း ပိုပြီးပြင်ဆင်ထားပေးလိုက်။”

ရှောင်းယီက အလေးအနက် တိုက်တွန်းလိုက်သည်။

“ဟုတ်ကဲ့!”

ကျန်းယွင်ထျန်းက ပြန်ဖြေသည်။

စကားပြောဆိုမှု ပြီးဆုံးသွားပြီးနောက် ရှောင်းယီသည် သုံးချက်ပသ်လောက်လွှဲအချို့ တည်ဆောက်ပြီး အပြင်ဘက်ရှိ နေရာလွတ်တွင် ထားလိုက်သည်။

ထို့နောက် ရှောင်းယီသည် စူပါပေါင်းစပ်ခြင်းစက်နှင့်အတူ အပြင်သို့ ထွက်လာခဲ့လိုက်သည်။ သုံးချက်ပစ်လောက်လွှဲများဖြင့် မည်သည့်အရာအဖြစ် ပေါင်းစပ်နိုင်မလဲဆိုသည်ကို သူစမ်းသပ်ကြည့့်ချင်နေခဲ့သည်။

“ပေါင်းစပ်မယ်!”

တူညီသည့် လျှပ်စစ်မီးရောင်များ လင်းလက်ပြီးနောက် ထိုအလင်းသည် သုံးချက်ပစ်လောက်လွှဲစင်နှစ်ခုကို လွှမ်းခြုံသွားခဲ့သည်။ ခန့်မှန်းခြေအားဖြင့် စက္ကန့်သုံးဆယ်ခန့်အကြာတွင် အသစ်လွင်ဆုံးသော သုံးချက်ပစ်လောက်လွှဲတစ်ခု ရှောင်းယီရှေ့တွင် ထွက်ပေါ်လာခဲ့လေသည်။

“သုံးချက်ပစ်လောက်လွှဲ (S အဆင့်) - ကျည်ဆန်ထည့်သွင်းရာ၌ ပိုမိုလွယ်ကူစေသည်။ ပစ်လွှတ်နှုန်းပိုမြန်သည်။ ဤသုံးချက်ပစ်လောက်လွှဲသည် အထွတ်အထိပ်အခြေအနေတွင် ရှိနေသည်။”

ပိုမိုအဆင့်မြင့်ပြီး အလွန်လက်ရာမြောက်သော သုံးချက်ပစ်လောက်လွှဲစင်ကို ကြည့်ရှုရင်း စနစ်၏ဖော်ပြချက်နှင့်ပေါင်းစပ်လိုက်သည့်အခါ ရှောင်းယီသည် တစ်စုံတစ်ခုကို နားလည်သဘောပေါက်သွားသကဲ့သို့ ဖြစ်သွားခဲ့လေသည်။

အခန်း ၄၄၀ - ပေါင်းစပ်ခြင်းစက်က အဲ့လောက်လည်းမကြမ်းပါဘူး၊ ကိုကွန်း၏သင်္ကေတ

ရှောင်းယီသည် စနစ်ဖော်ပြချက်ရှိ အဆင့်မြင့်စကားလုံးများကို ကြည့်ရှုလိုက်သည်။ နောက်ဆုံးတွင် သူနားလည်သွားသည်မှာ အရာရာတိုင်းကို SSS အဆင့်အထိ ပေါင်းစပ်၍မရနိုင်ဟူ၍ပင်။ ဥပမာအားဖြင့် နည်းပညာနောက်ကျသော လက်နက်အချို့တွင် ၎င်းတို့၏အမြြင့်ဆုံးအဆင့်မှာ အကန့်အသတ်ရှိပေသည်။

စနစ်သည် ရှောင်းယီ၏အတွေးများကို အာရုံခံမိသွားပုံရပြီး တက်ကြွစွာသတိပေးလာခဲ့သည်။

“ဟုတ်ပါတယ်...နောက်ထပ်ဥပမာတစ်ခုကတော့ သစ်သားလှေကလေးတစ်စင်းပါပဲ။ အဲ့ဒါကို ဆက်တိုက်ပေါင်းစပ်နေရင်တောင် သံသင်္ဘောကြီးတစ်စင်းအဖြစ် ပေါင်းစပ်လို့မရနိုင်ပါဘူး။ သစ်သားလှေကလေးရဲ့ အဓိကပစ္စည်းမှာ သစ်သားဖြစ်ပြီး အကောင်းဆုံးအနေနဲ့ လှေ၏ပုံသဏ္ဍာန်ကို ဆက်လက်အဆင့်မြှင့်တင်ပြီး နေရာလွတ်နှင့် အမြန်နှုန်းတိုးမြှင့်ခြင်းသာဖြစ်ကာ သံကိုအဓိကပစ္စည်းအဖြစ်အသုံးပြုထားသော ခေတ်သစ်သင်္ဘောအဖြစ် ရုတ်တရက်ပြောင်းလဲသွားမည်မဟုတ်ပါ။”

“ဆိုလိုတာက စူပါပေါင်းစပ်ခြင်းစက်က ဒီလောက်လည်း မကြမ်းဘူးပေါ့။”

ရှောင်းယီက ပြောလိုက်သည်။ စနစ် ဆက်မဖြေတော့ပေ။ ရှောင်းယီသည် မတတ်သာစွာ ပခုံးတွန့်လိုက်ပြီးနောက် သူ့ကိုယ်သူနှစ်သိမ့်ကာ ပြောလိုက်သည်။

“ဒါက အရမ်းမကြမ်းဘူးဆိုပေမယ့် အနည်းဆုံးတော့ ပစ္စည်းတစ်ခုရဲ့ အမြင့်ဆုံးအဆင့်ကိုရရှိဖို့ကတော့ အဆင်ပြေပါသေးတယ်။”

ဤစကားကို အခြားအသက်ရှင်ကျန်ရစ်သူများကြားလျှင် သေချာပေါက် သွေးအန်သွားကြပေလိမ့်မည်။

တနည်းအားဖြင့် ရှောင်းယီသည် လေယာဉ်တင်သင်္ဘောကဲ့သို့သော သင်္ဘောကြီးတစ်စင်းပြုလုပ်လိုပါက သံကိုအဓိကပစ္စည်းအဖြစ်အသုံးပြုထားသော သင်္ဘောတစ်စင်းကို အရင်ဆုံး တည်ဆောက်ရမည်ဖြစ်ပြီး ပမာဏအများအပြားလိုအပ်မည်ဖြစ်သည်။

ဤနည်းဖြင့် ရှောင်းယီသည် ပေါင်းစပ်ခြင်းစက်မှတစ်ဆင့် ဖြတ်လမ်းလိုက်၍ရတော့မည်မဟုတ်ပေ။

“နည်းနည်းတော့ အဆင့်မြှင့်လို့ရသေးတယ်။”

ရှောင်းယီ တီးတိုးရေရွတ်လိုက်၏။ ထို့နောက် ကျွန်းပေါ်ရှိ သုံချက်ပစ်လောက်လွှဲစင်အားလုံးကို S-အဆင့် လောက်လွှဲအဖြစ်သို့ ပေါင်းစပ်လိုက်လေသည်။

ထို့နောက် ရှောင်းယီသည် ဒုံးကျည်များနှင့် မီးလုံးများကို စမ်းသပ်ကြည့်ခဲ့ပြီး ထိုနှစ်ခုလုံးကို အဆင့်တစ်ဆင့်သာ မြှင့်တင်နိုင်သည်။

ဒုံးကျည်သည် အဆင့်တစ်ဆင့်မြှင့်တင်ပြီးနောက် ယမ်းထည့်သည့်ကိရိယာသည် မြား၏ကိုယ်ထည်နှင့် ပိုမိုကိုက်ညီသွားပြီး မြားကိုယ်ထည်၏ပျံသန်းမှုအပေါ် သက်ရောက်မှုနည်းသွားကာ ထိမှုမှန်နှုန်းကိုလည်း မြင့်မားစေခဲ့ပြီး အသုံးပြုရာ၌ ပိုမိုအဆင်ပြေစေခဲ့သည်။

ယခင်ဒုံးကျည်တွင် ယမ်းထည့်သည့်ခွက်မှာ ကြီးမားပြီး ပစ်လွှတ်သည့်အခါ မြား၏လမ်းကြောင်းအပေါ် ကြီးမားသောသက်ရောက်မှုများရှိခဲ့၏။

မီးဘောလုံးသည် ကပ်တွယ်အားနှင့် လောင်ကျွမ်းသည့်အချိန်ကိုသာ တိုးမြှင့်ပေးနိုင်ပေသည်။

အနောက်ဘက်ရှိ ပူးပေါင်းထားသောကျွန်းငါးခုသည် အနီးအနားတွင်ရှိနေကြခြင်းပြီး အပျော်စီးရွက်သင်္ဘောသည် သူတို့ကို သူတို့၏ကျွန်းများသို့ အလျင်အမြန် ပြန်လည်ပို့ဆောင်ပေးခဲ့သည်။

အဆုံးတွင် ကျွန်းကိုစွန့်ခွာခဲ့ရသူက သူ၏လှေကိုပြန်တောင်းဆိုခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ငှားရမ်းမှုဖြစ်သောကြောင့် ပြန်လည်ရယူရန်ရွေးချယ်လိုက်လျှင် ပြန်လည်ရယူနိုင်ပေသည်။

သူ၏အလတ်စားရွက်သင်္ဘောကို ပြန်လည်ရယူပြီးနောက် သူသည် သူ၏အရင်းအမြစ်အားလုံးကို သင်္ဘောခန်းမအတွင်းသို့ ပစ်ထည့်လိုက်၏။

ကျယ်ပြန့်သောပင်လယ်ပြင်ကြီးကို ကြည့်ရင်း ဤလွတ်မြောက်လာသူမှာ အနည်းငယ်ရှုပ်ထွေးနေခဲ့သည်။ ကျွန်းမရှိပါက သူသည် အနာဂတ်တွင် ပင်လယ်ထဲတွင် မျောပါနေရမည်ဖြစ်ပြီး ထိုအရာအတွက် သူအဆင်သင့်မဖြစ်သေးပေ။

“ယီရန်ပင်းသူ‌ဌေးက သင်္ဘောလမ်းကြောင်းကို မျှဝေပေးထားတာ ကံကောင်းတယ်။ ဘာပဲပြောပြော ဘေးကင်းကင်းနေလို့ရတဲ့နေရာတစ်ခုရှိသွားပြီ။”

သူက တစ်ယောက်တည်း ရေရွတ်လိုက်၏။

ယောင်သည်လည်း သူ၏အဖွဲ့ကိုခေါင်းဆောင်ကာ သူတို့စခန်းချရာနေရာသို့ ပြန်ရောက်လာခဲ့သည်။ သို့သော် သူ၏ကျွန်းကို ကိုကွန်းမျိုးနွယ်စုမှ သိမ်းပိုက်ထားပြီးဖြစ်လေသည်။

ယောင်မျိုးနွယ်စု၏ကျွန်းသည် အသက်ရှင်ကျန်ရစ်သူများ၏ကျွန်းနှင့် ပိုမိုနီးကပ်သောကြောင့် ကိုကွန်းသည် သူ၏မျိုးနွယ်စုကို ဤနေရာသို့ ပြောင်းရွှေ့ထားခဲ့သည်။

“ဒီတစ်ခါအကျိုးအမြတ်က ဘယ်လိုလဲ။”

ကိုကွန်းသည် ယောင် သူ၏လူများနှင့်အတူပြန်ရောက်လာသည်ကိုမြင်သောအခါ မေးလိုက်၏။

“မှော်ဆရာကို အစီရင်ခံပါတယ်။ ဒီတစ်ခါတော့ ဘာအကျိုးအမြတ်မှရှိခဲ့ပါဘူး။”

ဒေသခံခေါင်းဆောင်က ချက်ချင်းပင် ပြန်လည်ဖြေကြားလိုက်သည်။

ယောင်သည် ထိုလူကိုအေးစက်စွာ စိုက်ကြည့်လိုက်သော်လည်း စကားအများကြီး မပြောခဲ့ပေ။

“ဘာဖြစ်ခဲ့တာလဲ။”

ကိုကွန်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်၏။

“ဒီတစ်ခါ ငါအပြည့်အဝပြင်ဆင်ထားခဲ့တယ်မဟုတ်ဘူးလား။”

“မှော်ဆရာကို အစီရင်ခံပါတယ်။ ဒါက ယောင်ရဲ့အပြစ်ပဲ။ သူက လှေကလေးတစ်စင်းကိုတွေ့တာနဲ့ ကျုပ်တို့ကို ချက်ချင်းပြန်ဆုတ်ခိုင်းခဲ့တယ်။”

ထိုခေါင်းဆောင်က ယောင်ကို လက်ညိုးထိုးကာပြောလိုက်သည်။

ကိုကွန်းက ယောင်ကို ကြည့်ကာ မေးလိုက်၏။

“ပြော ဘာတွေဖြစ်ခဲ့တာလဲ။”

“သခင်... ကျုပ်အရင်ကပြောခဲ့တဲ့ အလွန့်အလွန်စွမ်းအားကြီးတဲ့ အပြင်လူကိုမှတ်မိသေးလား။”

ယောင်က ပြန်မေးလိုက်သည်။

“မင်းကို သူ့ကျွန်းပေါ်မှာအရင်ကဖမ်းထားခဲ့တဲ့အပြင်လူလား”

ယူးက မေးလိုက်သည်။ ယောင် ခေါင်းညိတ်ပြလိုက်၏။

“ခေါင်းဆောင်မြင်ခဲ့တဲ့လှေက အဲဒီအပြင်လူရဲ့လှေပဲ။ လှေကသေးတယ်ဆိုပေမယ့် ရွက်သင်္ဘောကြီးတစ်စင်းကို အလွယ်တကူဝင်တိုက်ပစ်နိုင်တယ်။”

ထို့နောက် ယောင်သည် သူတစ်ကြိမ်မြင်ဖူးသည့် အပျော်စီးရွက်သင်္ဘော၏ အခြေအနေကို တစ်ခုချင်းစီ ပြောပြလိုက်၏။

ယူးသည် ထိုစကားများကို နားထောင်ပြီးနောက် သူ၏မျက်နှာအမူအယာသည် အလွန်တည်ကြည်လေူနက်နေပြီး ခဏအကြာတွင် မေးလိုက်သည်။

“အဲ့ဒီအပြင်လူရဲ့အဆင့်ကို မင်းသိလား။”

“မသိပါဘူး။ သူက ကျုပ်ထက်မြင့်တယ်ဆိုတာပဲသိပါတယ်။ ကျုပ်ကို သူ့ရဲ့လက်အောက်ငယ်သားတစ်ယောက်က အနိုင်ယူခဲ့တာ။ သူ့လက်အောက်ငယ်သားရဲ့အဆင့်ကိုလည်း ကျုပ်မသိပါဘူး။”

ယောင်က ဖြေလိုက်၏။

ယောင်၏အဆင့်သည် B အဆင့်ဖြစ်ပြီး ယူးသည် S အဆင့်သို့ရောက်ရှိနေပြီဖြစ်ကာ သူသည် စာချုပ်၏စွမ်းအားကို မခုခံနိုင်ပေ။ ထို့ကြောင့် လိမ်လည်ပြောဆိုရန်မှာ နည်းလမ်းမရှိပေ။

ပြီးခဲ့သည့်အကြိမ်က ယောင်ကို အနိုင်ယူခဲ့ပြီးနောက်၊ ယူးသည် ရှောင်းယီအကြောင်းကိုအသေးစိတ်မမေးခဲ့ပေ။ ယခု ရင်ဆိုင်ကြုံတွေ့လာရသောကြောင့် သူ့အကြောင်းကို မေးမြန်းရသည်မှာ သဘာဝပင်ဖြစ်သည်။

“အဲ့ဒီလူရဲ့ကျွန်းပေါ်မှာ လူဘယ်နှစ်ယောက်ရှိလဲ။”

ယူးက ဆက်မေးသည်။

“မသိပါဘူး။ ကျုပ် ကျွန်းပေါ်မှာတစ်ညပဲနေပြီး ပြန်မောင်းထုတ်ခံခဲ့ရတာ။”

ယောင်က ပြန်ဖြေလိုက်သည်။ ယူးသည် ချင့်ချိန်စဉ်းစားကာ ထပ်မေးလိုက်၏။

“သူက ငါကို ဆန့်ကျင်မယ်ဆိုရင် အနိုင်ရဖို့ အခွင့်အရေးရှိလား။”

ယောင်က ခေါင်းခါကာ ပြန်ဖြေသည်။

“ကျုပ်မသိဘူး။ အဲ့ဒီအသက်ရှင်ကျန်ရစ်သူက လွယ်ကူမှာမဟုတ်ဘူးလို့ ခံစားရတယ်။”

“သူဘယ်မှာနေတယ်ဆိုတာပြော။”

ယူးသည် နောက်ဆုံးတွင် ဆုံးဖြတ်ချက်ချလိုက်၏။

“ဟုတ်ကဲ့!”

ယောင်သည် ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်၏ မြေပုံပေါ်တွင် ရှောင်းယီ၏တည်နေရာကို ပြောပြလိုက်သည်။

ယူးသည် ရှောင်းယီကျွန်း၏တည်နေရာကိုကြည့်ကာ မျက်မှောင်ကြုံလိုက်မိ၏။

“အရမ်းဝေးလွန်းတယ်။”

“အင်း...ကျွန်တော်ထွက်လာတုန်းက ဦးတည်ချက်ကျောက်တုံးကို သုံးခဲ့တယ်။”

ယောင်က ပြောလိုက်သည်။ ယူးက ခေါင်းညိတ်ကာ ပြောလိုက်၏။

“ငါတို့ ဒီဦးတည်ချက်ကို ဖြည်းဖြည်းချင်း ချဉ်းကပ်ရမယ်။”

“သခင် တိုက်ဆိုင်တာက ကျုပ်တို့ရဲ့ဦးတည်ချက်ကျောက်တုံးကလည်း အေးခဲနေသေးတယ်။ ကျုပ်တို့ အဲဒီလူရဲ့ကျွန်းကိုတိုက်တဲ့အခါ အေးခဲချိန် ပြည့်လောင်ပြီ။ ဒါကို နောက်ထပ်ထွက်ပေါက်တစ်ခုအနေနဲ့ ထည့်သွင်းစဉ်းစားလို့ရတယ်။”

ခေါင်းဆောင်က ဘေးတစ်ဖက်မှနေ၍ ဝင်ပြောလိုက်သည်။

“ကောင်းပြီ အရှေ့ဘက်ကို ဆက်ပြီးတိုက်ခိုက်မယ်။ သူတို့ ဘယ်လောက်စွန့်လွှတ်နိုင်မလဲဆိုတာကြည့်ကြတာပေါ့။ ကျွန်းတစ်ကျွန်းကိုသိမ်းပိုက်နိုင်ရင် အဲဒီကျွန်းကို ပထမဆုံးစခန်းချရာနေရာအဖြစ် အသုံးပြုမယ်။”

ယူးက အမိန့်ပေးလိုက်၏။

“ဒါပေမယ့် အဲဒီလူရဲ့လှေကို ထပ်တွေ့ရင်ဘာလုပ်မလဲ။”

ယောင်က မေးလိုက်သည်။ ယူးသည် နှာခေါင်းရှုံ့လိုက်၏။

“ဒီတစ်ခါ ငါကိုယ်တိုင်သွားပြီး မင်းပြောတဲ့လှေကို လိုက်ကြည့်မယ်။”

ထိုစကားကိုကြားလိုက်ရသောအခါ ခေါင်းဆောင်နှင့် ယောင်တို့သည် ပျော်ရွှင်စွာဖြင့် တစ်ပြိုင်နက်တည်း ပြောလိုက်ကြသည်။

“မှော်ဆရာကြီးသာသွားမယ်ဆိုရင် အဲဒီလူရဲ့လှေကို သိမ်းပိုက်နိုင်မှာသေချာတယ်။”

ယူးသည် ထောက်ပံ့ရေးပစ္စည်းများပြင်ဆင်ပြီး စစ်တပ်ကိုခေါင်းဆောင်ကာ ခရီးထွက်လာသည့်အချိန်တွင် အပျော်စီးရွက်သင်္ဘောသည် ရှောင်းယီ၏ကျွန်းသို့ ပြန်လည်ရောက်နှင့်နေပြီးဖြစ်သည်။

ကျန်းယွင်ထျန်းသည် ၎င်းကိုမြင်လိုက်ရပြီးနောက် သူရွေးချယ်ထားသော ဒေသခံ အယောက် ၃၀ ကိုချက်ချင်းခေါ်ယူကာ စွန်းယောင်၏ကျွန်းဆီသို့မောင်းနှင်သွားတော့၏။

ရှောင်းယီသည် ခြံဝန်းထဲရှိ ဂိုဒေါင်သို့ ရောက်လာခဲ့သည်။ သူသည် သူ၏ကိုယ်ပိုင်ပေါင်းစပ်ခြင်းစက်ကို အသုံးပြုပြီး အဆင့်အမျိုးမျိုးရှိ အစားအစာများကိုပေါင်းစပ်လိုက်၏။ ထို့နောက် အန်းယွဲ့အား လက်တွေ့သူတေသနလုပ်ငန်းအတွက် ထိုအစားအစာများကို ပေးအပ်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ယွမ်နွန်ပြင်ဆင်ထားသော အစေ့များကိုလည်း ပေါင်းစပ်ခဲ့ပြီး ခြံဝန်းထဲရှိ ဂိုဒေါင်ထဲတွင်ဘသိမ်းဆည်းထားခဲ့၏။

အရာအားလုံးပြုလုပ်ပြီးနောက် နေ့လယ်ခင်းအချိန်သို့ ရောက်ရှိသွားပြီဖြစ်ပြီး ရှောင်းယီသည် ချွေးများရွှဲကာဖြင့် သူ၏တိုက်ခန်းသို့ပြန်လာခဲ့သည်။ ထို့နောက် ရေချိုးကာ အဝတ်အစားလဲလိုက်၏။

“ကျွန်းပိုင်ရှင် ကုထောင်ချွေ့ရှန်းက ပင်လယ်ဓားပြသေတ္တာတစ်လုံးရထားပြီး ရှင့်ဆီကို လဲလှယ်ပေးထားတယ်။ သေချာစစ်ဆေးကြည့်ပါဦး။”

ထိုစဉ် ဆုဝမ်၏အသံက ဝေါ်ကီတော်ကီမှတစ်ဆင့် ထွက်ပေါ်လာခဲ့သည်။

ရှောင်းယီသည် သူ၏ဆံပင်များသုတ်နေသောပဝါကို ဘေးဘက်သို့ပစ်ချလိုက်ပြီး ဝေါ်ကီတော်ကီကို ကောက်ကိုင်ကာ ပြန်ဖြေလိုက်၏။

“အင်း ငါအခုစစ်ဆေးလိုက်မယ်။”

ထို့နောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့သွားကာ စွန်းကုထောက်ပေးပို့ထားသော သီးသန့်မက်ဆေ့ချ်ကိုဖွင့်လိုက်၏။ ငွေကြေးလွှဲပြောင်းမှုကို သဘောတူလိုက်ပြီးနောက် ပင်လယ်ဓားပြသေတ္တာတစ်လုံးသည် ရှောင်းယီ၏အိပ်ခန်းထဲ၌ ထွက်ပေါ်လာခဲ့လေသည်။

“မင်းက ပင်လယ်ဓားပြတွေနဲ့ ဒိလောက်မြန်မြန် တွေ့သွားပြီလား။”

ရှောင်းယီက စွန်းကုထောင်ကို ပြန်ဖြေလိုက်၏။ စွန်းကုထောင်က ချက်ချင်းပင် ပြန်ဖြေလာခဲ့သည်။

“ဟုတ်ကဲ့...ကျုပ်အရင်ကဖမ်းထားခဲ့တဲ့ စကိတ်မျိုးနွယ်စုက လူတွေအများကြီးရှိတယ်။ သူတို့ကို နေ့တိုင်း အချိန်မီ ငါးဖမ်းထွက်ခိုင်းထားတာ။”

ထိုစကားကိုကြားသောအခါ ရှောင်းယီက မျက်မှောင်ကြုံ့ကာ မေးလိုက်၏။

“အဲ့ဒါက ထိန်းချုပ်ရခက်မှာကြောက်မိတယ်။ မင်းမှာ စာချုပ်ကတ်တွေ အများကြီးမရှိဘူးမဟုတ်လား။”

အခန်း ၄၄၁ - ရတနာမြေပုံ၊ ဝူနာ့၏တုန်လှုပ်မှုနှင့် စူးစမ်းလိုစိတ်

ရှောင်းယီက စွန်းကုထောင်သည် အဓိကအားဖြင့် ဒေသခံများကို ပင်လယ်ဓားပြများရှာဖွေရန် ထွက်ခွာခွင့်ပြုခဲ့သည်ဟု ယုံကြည်ထားခဲ့သည်။

သူတို့သည် ပင်လယ်ဓားပြများကို ရှာဖွေနေသောကြောင့် လက်နက်များလိုအပ်မည်ဖြစ်၏။ ဒေသခံများစွာသည် လက်နက်များကိုင်ဆောင်ထားပါက သင်္ဘောပေါ်တွင် ရေစီးကိုပြောင်းပြန်လှန်ပြီး သူတို့၏သင်္ဘောကိုပင် ယူသွားနိုင်ပေလိမ့်မည်။

ထို့ကြောင့် ထိန်းချုပ်ရခက်သည်ဟု သူပြောခဲ့ခြင်းဖြစ်၏။

ထိုအခါ စွန်းကုထောင်က ပြုံးရယ်ကာ ပြန်ဖြေသည်။

“ကျွန်းပိုင်ရှင် စိတ်မပူပါနဲ့။ ကျုပ် သူတို့ကို တကယ်ငါးဖမ်းထွက်ဖို့ ခွင့်ပြုထားတာပါ။”

ရှောင်းယီ တုန်လှုပ်သွား၏။ စွန်းကုထောင်သည် ဆက်လက်ရှင်းပြခဲ့ပြီးနောက် ရှောင်းယီ နောက်ဆုံးတွင်နားလည်သွားခဲ့သည်။

စွန်ကုထောင်၏ကျွန်းပေါ်တွင် စာချုပ်အောင်မြင်ထားသော ဒေသခံနှစ်ဦးရှိပြီး ရှောင်းယီချန်ထားပေးခဲ့သော ဒေသခံ ၁၀ ဦးလည်းရှိပေသည်။

သူသည် သစ္စာရှိသော ဒေသခံ ၁၂ ဦးကို အုပ်စုနှစ်စုခွဲကာ တစ်စုသည် လက်နက်များနှင့်အတူ သင်္ဘောနှင့်လိုက်ပါရမည်ဖြစ်ပြီး သင်္ဘောတွင် သုံချက်ပစ်လောက်လွှဲနှစ်ခုကိုလည်း တင်ဆောင်ထားခဲ့သည်။

စကိတ်မျိုးနွယ်စုဝင် ဒေသခံများအား လက်နက်များ မထုတ်ပေးထားဘဲ ငါးဖမ်းပိုက်များသာ ထုတ်ပေးထားခဲ့သည်။ သင်္ဘောလမ်းကြောင်းပေါ်ရောက်သောအခါ သူတို့၏အဓိကတာဝန်မှာ ငါးဖမ်းရန်သာဖြစ်၏။

ပင်လယ်ဓားပြများနှင့် ကြုံတွေ့ရပါက လက်နက်မဲ့ဒေသခံများသည် စောင့်ကြည့်မှုအောက်တွင် လောက်လွှဲများကို အများဆုံးနှစ်ကြိမ် လည်ပတ်စေမည်ဖြစ်ပြီး သူတို့အား သင်္ဘောခန်းအတွင်းသို့ ပြန်သွားခိုင်းမည်ဖြစ်သည်။ ထို့နောက် အခြားဒေသခံ ၆ ဦးထံ လွှဲပြောင်းပေးပေလိမ့်မည်။

ဤတစ်ကြိမ် ပင်လယ်ဓားပြများနှင့် တွေ့ဆုံခြင်းသည် ဤလုပ်ဆောင်မှု၏ဖြစ်နိုင်ခြေကိုလည်း သက်သေပြခဲ့သည်။

လက်နက်များသည် ပင်လယ်ဓားပြများထက် ပိုမိုအဆင့်မြင့်ပြီး ယခင်သုံးချက်ပစ်လောက်လွှဲများ၏ တိုက်ခိုက်မှုများကြောင့် ပင်လယ်ဓားပြများကို မြန်မြန်ဆန်ဆန်ပင် အနိုင်ရရှိခဲ့ပေသည်။

ပင်လယ်ဓားပြသေတ္တာတစ်လုံးသာမက အလတ်စားရွက်သင်္ဘောတစ်စင်းကိုပါ ရရှိခဲ့သည်။

“ကျွန်းပိုင်ရှင် ရတနာသေတ္တာသော့ကိုတော့ မရခဲ့ပါဘူး။ အခု လက်ခံလို့မရနိုင်လောက်ဘူးထင်တယ်။ ဘာလုပ်ရမလဲ”

စွန်းကုထောင်က မျက်မှောက်ကြုံ့ကာ ပြောလိုက်၏။

“စိတ်မပူနဲ့ ငါဖွင့်လို့ရတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။ ထို့နောက် ပင်လယ်ဓားပြသေတ္တာဖွင့်ရန် မာစတာကီးကို ထုတ်ယူလိုက်၏။

“ရရှိသည့်ပစ္စည်းများ- အုတ်မြစ်ကျောက် ၅၀၊ ရတနာမြေပုံ ၁၊ မြို့ပြန်ကျောက် ၁။”

ရှောင်းယီသည် သေတ္တာကိုဖွင့်ပြီးနောက် ရရှိလိုက်သည့်အရာများကိုကြည့်ကာ အနည်းငယ်အံ့အားသင့်သွား၏။

“တကယ်ကြီး ရတနာမြေပုံတစ်ခု ဖွင့်မိလိုက်တာလား။”

ထို့နောက် သူသည် အုတ်မြစ်ကျောက်နှင့် မြို့ပြန်ကျောက်ကို စွန်းကုထောင်ထံ လွှဲပြောင်းပေးပြီး ပြောလိုက်၏။

“ငါ နောက်ထပ်ရတနာမြေတစ်ခုရခဲ့တယ်။ ဒီနှစ်ခုကို မင်းကိုယ်တိုင်သုံးလိုက်။”

စွန်းကုထောင်သည် အုတ်မြစ်ကျောက်ကိုမြင်ရသည့်အခါ ခံစားချက်များစွာမရှိပေ။ အုတ်မြစ်ကျောက် ၅၀ သည် အခြားသူများအတွက် သိပ်နည်းသည်မဟုတ်သော်လည်း ရှောင်းယီအတွက်မူ တကယ့်ကိုသနားစရာကောင်းသည့်ပမာဏပင်။

သို့သော် မြို့ပြန်ကျောက်ကို မြင်လိုကခရသည့်အခါတွင်မူ သူတုန်လှုပ်သွားခဲ့သည်။

“ကျွန်းပိုင်ရှင် ဒီပစ္စည်းကို အကျိုးအများဆုံးရအောင် ခင်ဗျားသုံးလို့ရတယ်။”

“ငါ့ဆီမှာနှစ်ခုရှိပြီးသား။ ဒီတစ်ကြိမ်တော့ မင်းအရင်သုံးလိုက်။ နောက်ပိုင်း ငါအသုံးလိုရင် မင်းဆီတောင်းမယ် “

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“နှစ်ခုလား”

စွန်းကုထောင် ထပ်မံတုန်လှုပ်သွားပြီး တီးတိုးရေရွတ်မိလိုက်၏။

‘ကျွန်းပိုင်ရှင်က ပင်လယ်ဓားပြသေတ္တာနှစ်လုံးတောင် ဖွင့်ပြီးသွားပြီလား။’

“ဟုတ်ကဲ့ပါ။”

စွန်းကုထောင် ပြန်ဖြေလိုက်ပြီး ထိတ်လန့်တုန်လှုပ်နေမိခဲ့သည်။

ရှောင်းယီသည် အုတ်မြစ်ကျောက်ကို ပြန်လည်လွှဲပြောင်းခြင်းသည် စတုရန်းမီတာ ၅၀ ကို မထီမဲ့မြင်ပြုလိုက်ခြင်းမဟုတ်ဘဲ မြောက်ဘက်ဂိတ်တံတားတစ်ခုအဖြစ် စွန်းကုထောင်၏ကျွန်းသည် နက်ရှိုင်းသည့်မဟာဗျူဟာကိုဖွဲ့စည်းနိုင်ရန်အတွက် လုံလုံလောက်ကြီးမားရမည်ဖြစ်သည်။ ထို့ကြောင့် ထိုအရာကို သုံးခိုင်းလိုက်ခြင်းပင်။

“ကျွန်းပိုင်ရှင် ဒီမြို့ပြန်ကျောက်နဲ့ဆိုရင် ကျုပ် ခင်ဗျားရဲ့ကျွန်းကို သွားကြည့်လို့ရမလား။”

စွန်းကုထောင်က သတိထားကာ မေးလိုက်သည်။ ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

“ရတယ်....။ ဒါပေမယ့် ငါ့လက်ထဲက မြို့ပြန်ကျောက်က အေးခဲနေတုန်းပဲ။ ဒီည အေးခဲချိန်ပြည့်သွားရင် မင်းလာလို့ရတယ်။ မင်းမလာခင် မင်းရဲ့ကျွန်းပေါ်ကကိစ္စတွေစီစဉ်ထားခဲ့။ ဘာအမှားမှ မဖြစ်စေနဲ့။”

“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်”

စွန်းကုထောင်က စိတ်လှုပ်ရှားစွာပြောလိုက်၏။

တောက်ပသော နေရောင်အောက်တွင် ကျန်းယွင်ထျန်းသည် စွန်းယောင်၏ကျွန်းအနီးသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။ သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် စွန်းယောင်နှင့် သူ၏တည်နေရာကိုမျှဝေထားပြီးဖြစ်သည်။

ထို့ကြောင့် စွန်းယောင်သည် သူ၏ဒေသခံညီအစ်ကိုနှစ်ဦးကိုခေါ်ဆောင်ကာ ကမ်းခြေပေါ်တွင်ရပ်နေပြီး ကျန်းယွင်ထျန်း၏ရောက်ရှိလာမှုကို စောင့်ဆိုင်းနေပြီးဖြစ်၏။

ဝူနာ့တို့နှစ်ယောက်သည် ချွေးများရွှဲနစ်နေသော စွန်းယောင်ကိုကြည့်ကာ သူသည် မည်သည့်ဆေးများရောင်းခဲ့သည်အား သိချင်နေခဲ့ကြသည်။

သူတို့၏ထင်မြင်ချက်အရ စွန်းယောင်သည် ဤအချိန်တွင် သူ၏အခန်းထဲတွင်သာ ရှိနေသင့်၏။ အပြင်ဘက်ကတွင် နေအရမ်းပူနေသောကြောင့် ထွက်မလာသင့်ပေ။

သို့သော် စွန်းယောင်၏ အလွန်အမင်းစိတ်အားထက်သန်ပြီး ရိုသေလေးစားနေသောပုံစံကိုကြည့်ကာ သူသည် တစ်စုံတစ်ဦးရောက်ရှိလာမည်ကို စောင့်ဆိုင်းနေသည်မှာ သေချာပေသည်။

ရုတ်တရက် ကောင်းကင်ပြာရောင်သင်္ဘောတစ်စင်းသည် ပင်လယ်ထဲ၌ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည် အလွန်မကြီးမားသော်လည်း ၎င်း၏အမြန်နှုန်းကြောင့် ဝူနာ့ဆို့နှစ်ယောက်သည် စကားမပြောနိုင်အောင်ပင် ဖြစ်သွားခဲ့ကြလေသည်။

သူတို့ အပျော်စီးသင်္ဘောကို မြင်နိုင်သည့်အချိန်မှစ၍ မိနစ်မပြည့်မီမှာပင် ၎င်းသည် စွန်းယောင်၏ကမ်းခြေပေါ်တွင် ဆိုင်ကပ်ပြီးဖြစ်၏။

“ဒါက ဘယ်လိုသင်္ဘောမျိုးလဲဟ။ ဘာလို့ဒီလောက်တောင် မြန်ရတာလဲ။”

ဝူနာ့ ထိတ်လန့်တုန်လှုပ်စွာ တွေးလိုက်မိသည်။

စွန်းယောင်သည် သူ့နောက်ရှိ လူနှစ်ယောက်၏ ထိတ်လန့်တုန်လှုပ်နေမှုကို လျစ်လျူရှုကာ တိုက်ရိုက်ပင် ရှေ့တက်သွားပြီး ပြောလိုက်၏။

“အစ်ကိုကျန်း ကျုပ် ခင်ဗျားကိုမျှော်နေတာ နောက်ဆုံးတော့ ရောက်လာပြီပေါ့။”

ကျန်းယွင်ထျန်းသည် ဖြူစင်သည့်အပြုံးတစ်ခုကို ပြုံးပြပြီး ပြန်ဖြေလိုက်သည်။

“မင်းလည်းမြင်ပြီးသားဖြစ်မှာပါ။ အနောက်ဘက်မှာ နောက်ထပ်စစ်ပွဲတစ်ခုဖြစ်ခဲ့တယ်။ သူတို့က ဒီအပျောက်စီးရွက်သင်္ဘောကို ငှားထားတာဆိုတော့ အချိန်နည်းနည်းယူလိုက်ရတယ်။”

“နားလည်ပါတယ်၊ နားလည်ပါတယ်။”

စွန်းယောင်က ပြောလိုက်သည်။

“အထဲဝင်ပြီး ထိုင်ကြရအောင်။”

“ကောင်းပြီလေ သွားကြတာပေါ့။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်၏။ ထို့နောက် သူခေါ်လာသည့်သူများကို လှည့်ပြောလိုက်သည်။

“ကျွန်းတစ်ခုလုံးကို မင်းတို့ဘာသာ ကင်းလှည့်ပြီး ကာကွယ်ရေးတွေကို ကြည့်ပြီးစီစဉ်ထားလိုက်။ ငါ‌နောက်မှ လိုက်စစ်ဆေးမယ်။”

“ဟုတ်ကဲ့!”

ကျန်းယွင်ထျန်း ခေါ်လာသော ဒေသခံများသည် မတ်မတ်ရပ်လျက် အလေးပြုလိုက်ကြ၏။

ထို့နောက် ကျန်းယွင်ထျနသည် စွန်းယောင်နှင့်အတူ ကျွန်း၏အတွင်းပိုင်းသို့ လိုက်ဝင်သွားခဲ့သည်။

ဝူနာ့သည် သူတို့နှင့် အရေပြားအရောင်တူပြီး နိုင်ငံခြားဘာသာစကားကို ချောချောမွေ့မွေ့ပြောဆို နေကြသူများကိုကြည့်ကာ ပို၍စူးစမ်းလိုစိတ်ဖြစ်လာခဲ့သည်။

“သူတို့က ဒီကလူတွေမဟုတ်ဘူးလား။”

ဝူနာ့က လျှို့ဝှက်စွာ ရေရွတ်လိုက်မိသည်။

စွန်းယောင်သည် ဝူနာ့တို့နှစ်ယောက်ကို လုံးဝအာရုံမစိုက်ပေ။ ဝူနာ့တို့နှစ်ယောက်သည်လည်း စွန်းယောင်နှင့်အတူ ကျွန်းအတွင်းပိုင်းသို့ မလိုက်သွားဘဲ စူးစမ်းလိုစိတ်ဖြင့် ဒေသခံများနောက်သို့သာ လိုက်ပါသွားခဲ့သည်။

ထိုဒေသခံများသည် လမ်းလျှောက်နေရင်း ခဲတံနှင့် စက္ကူများကိုင်ကာ ရေးခြစ်နေသည်ကို သူတို့မြင်လိုက်ရလေသည်။

ဟုတ်ပါသည်။ ဝူနာ့သည် ခဲတံနှင့် သန့်ရှင်းသော A4 စက္ကူများကို မသိချေ။

“တစ်စိတ်လောက် မင်းတို့ကလည်း အပြင်လူတွေပဲလား။”

ဝူ့နာ့သည် အဆုံးတွင် မနေနိုင်တော့ဘဲ မေးလိုက်၏။

ထို့နောက် ဒေသခံစစ်သားတစ်ဦးက သူ့ကိုပြန်ကြည့်ကာ မေးလိုက်သည်။

“မင်းက ဒီကျွန်းပိုင်ရှင်နဲ့ စာချုပ်ချုပ်ထားတဲ့လူလား။”

ဝူနာ့က ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်၏။

“ဟုတ်ပါတယ်။”

ထို့နောက် ထိုဒေသခံစစ်သားက ဝူနာ့၏မေးခွန်းကို ပြန်ဖြေလိုက်သည်။

“မဟုတ်ဘူး ကျုပ်တို့က ဒီကမ္ဘာကလူတွေပဲ။ ကျုပ်တို့ကသာ အပြင်လူတွေဆီမှာ အညံ့ခံထားကြတာ။”

“ဒါဆို ခင်ဗျားတို့က သူတို့ဘာသာစကားကို ဒီလောက်ထိကောင်းအောင် ဘယ်လိုသင်ယူခဲ့ကြတာလဲ။”

ဝူနာ့က သိချင်စိတ်ပြင်းပြစွာ မေးလိုက်၏။

“အဲ့ဒါက ကျွန်းပိုင်ရှင်က ကျုပ်တို့ကို အရမ်းကောင်းတဲ့အခြေအနေတွေ ပေးထားခဲ့လို့ပဲ။”

ထိုဒေသခံစစ်သားက ပြန်ဖြေသည်။

“ခင်ဗျားတို့ ကျွန်းပိုင်ရှင်ရဲ့ကျွန်းခွဲပေါ်မှာ အညံ့ခံထားခဲ့တာ တယ်ကယ်ကံကောင်းတာပဲ။”

“ကံကောင်းတာလား။”

ဝူနာ့က ထိုဒေသခံကို သံသယအကြည့်များဖြင့်ကြည့်ကာ ပြောလိုက်သည်။

ဒေသခံစစ်သားများသည် တညီတညွတ်တည်းခေါင်းညိတ်ကာ ပြောလိုက်၏။

“ဟုတ်တယ်၊ ကံကောင်းတာပဲ။ နောက်ပိုင်းကျရင် ခင်ဗျားတို့ပိုပြီး သိလာရလိမ့်မယ်။”

“ဒါဆို ခင်ဗျားတို့ နောက်ထပ် ဘာလုပ်နေကြတာလဲ။”

ဝူနာ့က အံ့အားသင့်သွားကာ ဆက်လက်မေးလိုက်၏။

“ဒီကျွန်းကို ပုံကြမ်းရေးဆွဲပြီး မီးပြင်းအားနဲ့ကာကွယ်ရေးအတွက် စီစဉ်နေတာ။”

စစ်သားတစ်ဦးက တုံ့ပြန်လိုက်သည်။ ဝူနာ့လည်း ခေါင်းညိတ်ကာ စူးစမ်းလိုသောကလေးတစ်ဦးကဲ့သို့ ထပ်မေးလိုက်၏။

“ခင်ဗျားတို့စီးလာတဲ့သင်္ဘောက ဘယ်လိုသင်္ဘောမျိုးလဲ။ ဘာလို့ အရမ်းမြန်နေရတာလဲ။”

“အဲ့ဒါကအပျော်စီးသင်္ဘောပဲ။ လျှပ်စစ်ဓာတ်အားသုံး သင်္ဘောတစ်မျိုးပေါ့။ လျှပ်စစ်ကဘာလဲဆိုတာကိုတော့ မင်း တစ်ချိန်ကျရင် သိလာလိမ့်မယ်။”

ထိုစစ်သားက ရှင်းပြရန် ပျင်းရိနေ၏။ ထိုအရာကို ရှင်းပြရန်မှာ အလွန်ရှုပ်ထွေးလွန်းပေသည်။

သူ၏ ကျောက်တုံးအိမ်သို့ ပြန်ရောက်သောအခါ စွန်းယောင်သည် ကျန်းယွင်ထျန်းအတွက် ရေတစ်ခွက်လောင်းထည့်ပေးကာ ပြောလိုက်၏။

“အစ်ကိုကျန်း ရေနည်းနည်းလောက်သောက်ပါဦး။ ကျုပ်ဆီမှာ အရည်အသွေးမြင့်တဲ့ရေတော့မရှိဘူး။”

“အဆင်ပြေပါတယ် ရေငတ်ပြေရုံပါပဲ။”

ကျန်းယွင်ထျန်းက စိတ်ထဲမထားဘဲ ထိုရေခွက်ကိုယူကာ တစ်ချက်တည်းမော့သောက်လိုက်၏။

“ဒီတစ်ကြိမ်တော့ ခင်ဗျားအတွက် တကယ်ပင်ပန်းသွားရပါပြီ။”

စွန်းယောင်က သူ့ကို ကျေးဇူးတင်စကား ပြောလိုက်သည်။

“အဲ့လောက်ထိ အားနာနေစရာမလိုပါဘူး။ ကျုပ်တို့အားလုံးက အနာဂတ်မှာ ပိုကောင်းတဲ့ဘဝရှင်သန်မှုအတွက် လူတိုင်းကတစ်ယောက်ကိုတစ်ယောက် ကူညီကြရမှာပဲ။”

ကျန်းယွင်ထျန်းက သူ၏လက်ဝါးကို ဘယ်ညာခါယမ်းကာ ပြန်ဖြေလိုက်သည်။

စွန်းယောင်သည် အနည်းငယ်ခေါင်းညိတ်လိုက်ပြီးနောက် သိချင်စိတ်ဖြင့် မေးလိုက်သည်။

“ကျွန်တော်ကြားတာက ဒေသခံတွေက ကျွန်းပိုင်ရှင်ရဲ့ အပျော်စီးရွက်သင်္ဘောကိုမြင်တာနဲ့ ကြောက်လန့်သွားတယ်ဆို...အဲ့ဒါဟုတ်ရဲ့လား။”

“ဟုတ်တယ်။ အဲ့ဒေသခံကို အရင်က ကျွန်းပိုင်ရှင်က အနိုင်ယူခဲ့တာ။ နောက်ပိုင်းမှာ တစ်ခြားသူတွေက အဲ့ဒီဒေသခံကို ထပ်ပြီးအနိုင်ယူလိုက်တာ ဖြစ်သင့်တယ်။ အဲ့ဒီဒေသခံက အပျော်စီးရွက်သင်္ဘောရဲ့စွမ်းအားကိုသိလို့ ပြန်လှည့်ပြေးသွားတာပဲ။”

ကျန်းယွင်ထျန်းက ရှင်းပြလိုက်သည်။

“ဒီလိုကိုး...”

စွန်းယောင်က ကရုတ်တရက်ပြောလိုက်သည်။

ထိုအချိန်တွင် ကျန်းယွင်ထျန်း ခေါ်ဆောင်လာသော ဒေသခံစစ်သားတစ်ဦးသည် သူတို့ဆီသို့ ပြေးလာကာ ပြောလိုက်၏။

“အစီရင်ခံပါတယ်။ အရှေ့တောင်ဘက်မှာ သင်္ဘောတစ်စီးတွေ့ရှိရပါတယ်။”

All Chapters