← Chapters

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အခန်း (၄၄၂-၄၄၄)

Vol. 30 Ch. 442-444

အခန်း ၄၄၂ - စစ်ရေးလေ့ကျင့်မှု

ကျန်းယွင်ထျန်းသည် ထိုစစ်သား၏အစီရင်ခံစာကို ကြားရသည်နှင့် ချက်ချင်းပင် မေးလိုက်၏။

“ဘယ်လောက်ဝေးသေးလဲ။”

“၁၂ ကီလိုမီတာလောက်ပါ။”

ထိုစစ်သားကဘတုံ့ပြန်လိုက်သည်။

“အဲ့လောက်တောင် နီးနေပြီလား။”

ကျန်းယွင်ထျန်းက အံ့အားသင့်စွာ မေးလိုက်၏။ သူတို့သည် မြောက်ဘက်မှလာခဲ့ခြင်းဖြစ်သော်လည်း စွန်းယောင်၏ကျွန်းဆီသို့ အရှေ့ဘက်မှ ချဥ်းကပ်ခဲ့ခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သင်္ဘောလမ်းကြောင်းအတိုင်း လိုက်လာရသောကြောင့်ပင်။

ယခု သူကျွန်းပေါ်ရောက်ရုံသာရှိသေးပြီး အခြားသင်္ဘောကြီးများကိုတွေ့နေရပြီဖြစ်သည်။ ဤသို့ဆိုလျှင် သူတို့ အပျော်စီးရွက်သင်္ဘောပေါ်တွင်ရှိစဥ်က ထိုသင်္ဘောများကို မြင်နိုင်ရမည်ဖြစ်သော်လည်း မမြင်ခဲ့ရချေ။

“ဟုတ်ကဲ့ ကျုပ်တို့စောင့်ကြည့်လေ့လာနေစဉ်အတွင်း သင်္ဘောက ပင်လယ်ထဲကနေ ရုတ်တရက် ပေါ်လာတာကို တွေ့ခဲ့တာပါ။”

ထိုစစ်သားက ပြန်ဖြေသည်။

“ဒါကဦးတည်ချက်ကျောက်ကြောင့် ဖြစ်သင့်တယ်။ ဒါဆိုရင်တော့ နားလည်သွပေးလို့ရပါတယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“သွားကြရအောင်...လေ့ကျင့်ရေးဆင်းကြတာပေါ့။”

ထိုသို့ပြောရင်းနှင့် ကျန်းယွင်ထျန်းတို့သည် အပြင်ထွက်ကာ အပျော်စီးရွက်သင်္ဘောပေါ်သို့ ရောက်လာသည်။ ထို့နောက် S-အဆင့် သုံးချက်ပစ်လောက်လွှဲ ၁၀ ခုကို ဆုဝမ်ဆီမှ လွှဲပြောင်းရရယူကာ ဒေသခံသင်္ဘော၏လားရာဘက်သို့ ဦးတည်လိုက်၏။

“ဟေ့! ဒီသုံချက်ပစ်လောက်လွှဲတွေက အဆင့်မြှင့်ထားတာလား။”

အနည်းငယ်စိုးရိမ်ထိတ်လန့်နေသော စွန်းယောင်သည် ထိုသုံးချက်ပစ်လောက်လွှဲ ၁၀ ခုကို မြင်လိုက်ရသောအခါ အံ့အားသင့်စွာမေးလိုက်သည်။

ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြလိုက်၏။

“ဒါက အဆင့်မြှင့်ထားတာဖြစ်သင့်တယ်။ မင်းက တော်တော်ကံကောင်းတာပဲ။ တစ်ခါတည်းနဲ့ နည်းပညာအမြင့်‌ဆုံးထုတ်ကုန်တွေနဲ့ ထောက်ပံ့ပေးခံခဲ့ရတယ်။”

ကျန်းယွင်ထျန်း၏စကားကိုကြားလိုက်ရသောအခါ စွန်းယောင်၏မျက်လုံးများ အရောင်လက်သွားပြီး မေးလိုက်သည်။

“ဒီအဆင့်မြင့်သုံးချက်ပစ်လောက်လွှဲတွေကို နောက်ပိုင်းကျရင် ဒီမှာထားမယ်လို့ ဆိုလိုတာလား”

“သေချာတာပေါ့။ မဟုတ်ရင် ငါလူဒီလောက်အများကြီး ခေါ်လာမှာမဟုတ်ဘူး။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“နောက်ပိုင်းမှာ သူတို့ကမင်းရဲ့ကျွန်းကာကွယ်ရေးကိုတာဝန်ယူလိမ့်မယ်။ မင်းက ဆေးပညာကို စိတ်ချလက်ချလေ့လာရုံပဲ။”

“အရမ်းကောင်းတယ်။ အစ်ကိုကျန်း ကျေးဇူးတင်ပါတယ်။”

စွန်းယောင်က ချက်ချင်းပင် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

“မင်း ကျွန်းပိုင်ရှင်ကိုပဲ ကျေးဇူးတင်သင့်တယ်။ ဒါတွေအားလုံးက သူ့ရဲ့အကြံဉာဏ်တွေချည်းပဲ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“အင်း ကျွန်းပိုင်ရှင်ကို သေချာပေါက်ကျေးဇူးတင်ရမှာပေါ့။ ဒါပေမယ့် ခင်ဗျားလည်း ဒီကိုလာပြီး အပင်ပန်းခံနေပေးရတာပဲလေ...မဟုတ်ဘူးလား။”

စွန်းယောင်က ပြုံးရယ်ကာပြန်ဖြေလိုက်သည်။

သူတို့စကားပြောနေစဉ်အတွင်း ဒေသခံသင်္ဘောသည် သုံးချက်ပစ်လောက်လွှဲ၏ တိုက်ခိုက်နိုင်သည့်အကွာအဝေးအတွင်းသို့ ရောက်ရှိလာပြီဖြစ်သည်။

“ငါးစင်တစ်စုနဲ့ အလှည့်ကျတိုက်ခိုက်ကြ။”

ကျန်းယွင်ထျန်းက အော်ပြောလိုက်သည်။

“ဟုတ်ကဲ့”

လူအယောက်သုံးဆယ်သည် ချက်ချင်းပင် လူဆယ်ယောက်ထွက်လာကာ တစ်ယောက်စီက သုံးချက်ပစ်လောက်လွှဲတစ်လုံးစီကို ထိန်းချုပ်ကာ ပစ်ခတ်ရန်စတင်လိုက်ကြသည်။

ပထမဆုံးသုံးချက်ပစ်လောက်လွှဲငါးခုကို ပစ်ခတ်ပြီးနောက် ပစ်လွှတ်လိုက်သော မီးဘောလုံးများသည် ချဉ်းကပ်လာသော သင်္ဘောဆီသို့ မြန်မြန်ဆန်ဆန်ပင် ပျံသန်းသွားလေတော့သည်။

“အစ်ကိုကျန်း ဒီမြန်နှုန်းက အရင်ထက်တော်တော်မြှင့်သွားတာပဲ။”

စွန်းယောင်သည် ယခင်က A-အဆင့်သုံးချက်ပစ်လောက်လွှဲကို အသုံးပြုဖူးပေသည်။ ဤတစ်ကြိမ်မီးဘောလုံး၏ပျံသန်းမှုအမြန်နှုန်းသည် ယခင်ကထက် အဆပေါင်းများစွာပိုမိုမြန်ဆန်နေ၏။ ၎င်းကို သာမန်မျက်စိဖြင့်ပင် မြင်နိုင်ပေသည်။

ကျန်းယွင်ထျန်းသည်လည်း စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်လိုက်၏။ ဤသည်မှာ S-အဆင့် သုံးချက်ပစ်လောက်လွှဲ၏တိုက်ခိုက်မှုကို သူပထမဆုံးအကြိမ်မြင်ဖူးခြင်းဖြစ်သည်။

သင်္ဘောကြီးပေါ်ရှိ ဒေသခံများမှာ လုံးဝမတုံ့ပြန်နိုင်ခဲ့ပေ။ မီးဘောလုံးသည် သင်္ဘောကြီးပေါ်သို့ကျသွားပြီး မီးလျှံများ တစ်ဟုန်ထိုး ထိုးတက်သွားတော့၏။

သင်္ဘောကြီးပေါ်ရှိ ဒေသခံများသည် ချက်ချင်းပင် ထိတ်လန့်ကြောက်ရွံ့သွားကြသော်လည်း ဒုတိယအသုတ် သုံးချက်ပစ်လောက်လွှဲသည်လည်း မီးဘောလုံးများကို ထပ်မံပစ်ခတ်လိုက်ပြီဖြစ်သည်။

ဒုတိယအသုတ် မီးဘောလုံးများ ပစ်ခတ်ပြီးသည်နှင့် ပထမဆုံး သုံချက်ပစ်လောက်လွှဲငါးခုသည် ချက်ချင်းနီးပါး ပြန်လည်တပ်ဆင်ပြီးသွားပြီဖြစ်၏။

“ဒီပြန်လည်တပ်ဆင်မှုမြန်နှုန်းကလည်း အရင်ကထက် အများကြီးပိုမြန်တယ်။”

ကျန်းယွင်ထျန်း၏မျက်လုံးများ တောက်ပလာခဲ့သည်။

ဒေသခံသင်္ဘော ချဉ်းကပ်လာနေစဉ်ကာလအတွင်း မူလသုံးချက်ပစ်လောက်လွှဲသည် ကျွမ်းကျင်သောလုပ်သားများဖြင့် နှစ်ကြိမ်ပြန်လည်တပ်ဆင်ပစ်ခတ်နိုင်ခဲ့သော်လည်း ယခုအခါ သုံးကြိမ် သို့မဟုတ် လေးကြိမ်အထိ ပစ်ခတ်နိုင်ပေသည်။ ဤစွမ်းအားသည် အနည်းငယ်မြှင့်တင်ထားခြင်းမဟုတ်ဘဲ ၅၀% သို့မဟုတ် ၁၀၀% အထိ တိုးမြှင့်ထားခြင်းဖြစ်ပေသည်။

သင်္ဘောကြီးပေါ်ရှိ ဒေသခံများသည် မီးများကိုငြှိမ်းသတ်နေစဉ်အတွင်း နောက်ထပ်မီးဘောလုံးသုံးလုံးသည် သူတို့၏သင်္ဘောကြီးပေါ်သို့ ကျရောက်လာခဲ့လေသည်။

ကမ်းခြေပေါ်ရှိ မီးပြင်းအားမှာ အလွန်ပြင်းထန်လွန်းသောကြောင့် ဒေသခံသင်္ဘောသည် ချက်ချင်းပင်ရပ်တန့်ရန်ရွေးချယ်လိုက်ရပြီး နောက်ပြန်လှည့်၍ ထွက်ခွာရန် အသင့်ပြင်လိုက်၏။

သို့သော် သူတို့ရောက်ရှိလာပြီးဖြစ်သောကြောင့် ကျန်းယွင်ထျန်းသည် သူတို့ကို ထွက်ခွာခွင့်ပြုလိုက်ရန်မှာ မဖြစ်နိုင်ပေ။

“ဆက်ပစ်ထား! လူ ၁၁ ယောက်ကိုပြောင်းပြီး ငါနောက်လိုက်ခဲ့။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“စွန်းယောင် မင်းရဲ့ရွက်သင်္ဘောကြီးကို ငါခဏငှားမယ်။”

“ဟမ်?”

စွန်းယောင် ပဟေဠိဖြစ်သွား၏။

အပျော်စီးရွက်သင်္ဘော မရှိတော့လို့လား။ အပျော်စီးရွက်သင်္ဘောက အရမ်းမိုက်တယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ ပစ္စည်းကောင်းတွေကိုမသုံးဘဲ ရွက်သင်္ဘောကိုသုံးမယ်ဆိုတာက ဘာကိုဆိုလိုတာလဲ။

စွန်းယောင်၏သံသယကို နားလည်သကဲ့သို့ ကျန်းယွင်ထျန်းက ရှင်းပြလိုက်သည်။

“အပျော်စီးသင်္ဘောက တစ်စီးတည်းရှိတယ်။ ငါတို့က ပင်လယ်ပြင်စစ်ပွဲအတွက် လိုက်လျောညီထွေဖြစ်အောင်လုပ်ရမယ်လေ။”

စွန်းယောက် ချက်ချင်းနားလည်သွား၏။ ထို့နောက် ချက်ချင်း ပြောလိုက်သည်။

“ခင်ဗျားကြိုက်သလိုသာ ယူသုံးလိုက်ပါ။”

ကျန်းယွင်ထျန်းသည်ချက်ချင်းပင် ဒေသခံစစ်သား ၁၁ ဦးနှင့်အတူ ရွက်သင်္ဘောတစ်စင်းပေါ်တက်လိုက်၏။ ထို့နောက် ဒေသခံသင်္ဘောကြီးဆီသို့ ဦးတည်လိုက်လေတော့သည်။

“တစ်ယောက်နဲ့တစ်ယောက် အနားကပ်လာပြီတာနဲ့ လွတ်လွတ်လပ်လပ်သာပစ်ကြ။ လူငါးယောက်က ဒုံးပျံတွေနဲ့ ရန်သူ့သင်္ဘောပေါ်က မီးတွေကို ပိုများအောင်လုပ်ရမယ်။ ကျန်တဲ့ငါးယောက်က ဝါးမြားတွေသုံးပြီး သတ်ကြ။”

ကျန်းယွင်ထျန်းက နက်ရှိုင်းသည့်လေသံဖြင့် ပြောလိုက်သည်။

“ဟုတ်ကဲ့”

လူဆယ်ယောက်က ဖြေကြားလိုက်ကြသည်။

ကျန်လူတစ်ယောက်သည် ရွက်သင်္ဘောကိုမောင်းနှင်ရန် တာဝန်ရှိပေသည်။

သင်္ဘောကြီးပေါ်ရှိ ဒေသခံများသည် မီးများကိုငြှိမ်းသတ်ရန် အလျင်အမြန် လုပ်ဆောင်နေကြ၏။ သင်္ဘောကိုယ်ထည်သည် နောက်ပြန်လှည့်ပြီးသော်လည်း ၎င်း၏အမြန်နှုန်းကို ချက်ချင်းမြှင့်တင်နိုင်ခြင်းမရှိပေ။

ကျန်းယွင်ထျန်းသည်လည်း ရွက်သင်္ဘောကြီးတစ်စင်းကို မောင်းနှင်ကာ သူတို့ဆီသို့ ချဉ်းကပ်လာနေခဲ့သည်။ ဒုံးပျံ၏တိုက်ခိုက်နိုင်သည့်အကွာအဝေးအထိချဉ်းကပ်သွားပြီးနောက် သင်္ဘောပေါ်ရှိ ကောင်းကောင်းလေ့ကျင့်ထားသော ဒေသခံစစ်သားများသည် ချက်ချင်းပင် စတင်ပစ်ခတ်ကြလေတော့သည်။

ကမ်းခြေပေါ်ရှိ သုံးချက်ပစ်လောက်လွှဲများသည်လည်း ရပ်တန့်ခြင်မရှိပေ။ ပြီးနောက် ဒုံးပျံတစ်ခုသည် သူနှင့်အနီးဆုံးတွင်ရှိနေသော ရွက်သင်္ဘောကြီးမှ ပျံတက်လာ၏။ ရိုးရိုးရှင်းရှင်းပြောရလျှင် သူတို့၏သင်္ဘောပေါ်ရှိမီးများသည် လုံလုံလောက်လောက်ပြင်းထန်ခြင်းမရှိသေးသောကြောင့် ဒီဇယ်ဆီတစ်ပုံကြီးသွန်းလောင်းပေးလိုက်သကဲ့သို့ပင် ဖြစ်နေပေသည်။

မီးများကို အသည်းအသန်ငြှိမ်းသတ်နေကြရသော ဒေသခံများသည်လည်း ဝါးမြားများဖြင့် တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေကြရ၏။

ဒေသခံသင်္ဘောပေါ်ရှိ မှော်ဆရာသည် ထိုမြင်ကွင်းကိုမြင်လိုက်ရသောအခါ ချက်ချင်းပင် အော်ဟစ်လိုက်သည်။

“ရန်သူ့ရဲ့မြားတိုက်ခိုက်မှုကို ဂရုစိုက်ပြီးကာကွယ်ဖို့ကြ။”

ကျန်းယွင်ထျန်း၏ဘက်တွင်လူအများကြီး မရှိကြောင်း သူမြင်နိုင်ပေသည်။ ထို့ကြောင့် သူသည် လူအနည်းငယ်ကို ဆွဲထုတ်ကာ ကာကွယ်ခိုင်းပြီး အေးစက်သောမြားများဖြင့် ရန်သူများကို ပစ်ချရန်သာဖြစ်သည်။

၎င်းတို့၏ပြင်ဆင်မှုများကို မြင်သောအခါ ကျန်းယွင်ချန်းက လှောင်ပြောင်လိုက်၏။

“အကုန်လုံး ဒုံးပျံတွေနဲ့ ချိန်းလိုက်။ ပြီးရင် သူတို့ရဲ့ဘာမှမရှိတဲ့နေရာတွေကိုပစ်။ အထူးသဖြင့် ရွက်တွေကိုပဲ။ သူတို့ ဘယ်လောက်ထိဖျက်စီးနိုင်မလဲဆိုတာ ကြည့်ရတာပေါ့။”

“ဟုတ်ကဲ့”

လူတိုင်း တုံ့ပြန်လိုက်ကြ၏။ ထို့နောက် ကျန်းယွင်ထျန်းက သင်္ဘောမောင်းသည့်လူကို ပြောလိုက်သည်။

“တစ်ဖက်ကရွက်သင်္ဘောနဲ့ကြားက အကွာအဝေးကို ဂရုတစိုက်ထိန်းထား။ အရမ်းမကပ်သွားစေနဲ့။”

တစ်ဖက်ရှိရန်သူသင်္ဘောပေါ်တွင် မှော်ဆရာရှိနေခဲ့မည်ဆိုလျှင် သူတို့ အနည်းငယ် ဂရုစိုက်ရမည်ဖြစ်သည်။ မည်သို့ပင်ဆိုစေကာမူ မှော်ဆရာ၏ စွမ်းရည်မှားမှာ အနည်းငယ် ဆန်းကြယ်နေတုန်းပင်။

ရတနာနယ်မြေသို့ သွားခဲ့စဉ်က ကျန်းယွင်ထျန်း၏ မှော်ဆရာနှင့် တိုက်လိုက်ခဲ့ရသည့် ပထမဆုံးတိုက်ပွဲတွင် ထိုမှော်ဆရာသည် သူ့ကို လုံးလုံးမှတ်သားလောက်သည့်သင်ခန်းစာတစ်ခု ပေးခဲ့ပေသည်။

ကျန်းယွင်ထျန်းတို့ဘက်ရှိလူအားလုံး ဒုံးပျံများနှင့်အစားထိုးလိုက်သည်ကို မြင်ရသောအခါ အခြားတစ်ဖက်မှ မှော်ဆရာမှာ အော်ဟစ်ကျိန်ဆဲလိုက်ရ၏။

“ဒီအပြင်လူက တော်တော်ကလိမ်ကကျစ်ကျတာပဲ။”

သင်္ဘောရွက်များ မီးလောင်နေသည်ကိုမြင်သောအခါ မှော်ဆရာသည် သူ၏သွားများ ကျိုးကြေလုမတက် တင်းတင်းကြိတ်ကာ ပြောလိုက်၏။

“သင်္ဘောကိုပြန်လှည့်ပြီး ကမ်းခြေကိုဦးတည်သွားကြ။”

“ဟုတ်ကဲ့”

ဒေသခံသင်္ဘောမောင်းသူက ပြန်ဖြေလိုက်သည်။

သို့သော်ရွက်များမရှိဘဲ သင်္ဘောခန်းအတွင်းရှိ စွမ်းအားခန်းထဲသို့ဝင်ရန်မှာ နည်းလမ်းမရှိပေ။ သူတို့သင်္ဘော၏အမြန်နှုန်းမှာ အလွန်နှေးကွေးနေပြီဖြစခသည်။

ကမ်းခြေပေါ်ရှိသုံးချက်ပစ်လောက်လွှဲများသည် အလိုရှိသလိုပစ်ခတ်နိုင်ပြီး သုံးချက်ပစ်လောက်လွှဲများကို သူတို့ကမ်းခြေနှင့်နီးကပ်လာသည်အထိ ဆက်လက်ရွှေ့ပြောင်းနိုင်၏။

ကျန်းယွင်ထျန်းသည် သူတို့ကမ်းဖြေဘက်သို့ နောက်တစ်ခေါက် ပြန်လှည့်သွားသည်ကို မြင်သောအခါ ပြုံးရယ်ကာပြောလိုက်သည်။

“စောစောကဆိုရင်တော့ မင်းတို့မှာ အခွင့်အရေးရှိသေးတယ်။ ဒါပေမယ့် အခုတော့ အခွင့်အရေးလုံးဝမရှိတော့ဘူး။”

ကမ်းခြေရှိ သုံချက်ပစ်လောက်လွှဲများ၏ ဆက်လက်တိုက်ခိုက်မှုကြောင့် ဒေသခံသင်္ဘောပေါ်ရှိ မီးများသည် ပိုမိုကြီးမားလာနေပြီး သင်္ဘောပေါ်ရှိအပူချိန်သည်လည်း အလွန်မြင့်မားနေကာ မီးခိုးများ ထွက်ပေါ်နေခဲ့သည်။

“သင်္ဘောပေါ်တက်ပြီး ကျွန်းကိုတိုက်ကြ။”

မှော်ဆရာက အော်ဟစ်လိုက်၏။ ထို့နောက် သင်္ဘောကြီးမှ သစ်သားလှေငယ်ငါးစင်းကို ချက်ချင်းချပေးလိုက်သည်။

ဒေသခံအားလုံးသည် သစ်သားလှေငယ်များပေါ်သို့ ခုန်တက်ကာ ကာကွယ်ရေးအတွက် နှစ်ခုခွဲထုတ်ပြီး အခြားသူများမှာမူ ကမ်းခြေဆီသို့ စတင်လှော်ခတ်လိုက်ကြ၏။

သို့သော်သစ်သားလှေငယ်ငါးစင်းသည် လူ ၃၀ သာထိုင်နိုင်ပြီး လှေများပေါ်တွင် လူတစ်ဒါဇင်ကျော်ရှိကာ ကမ်းခြေဆီသို့ ကူးခတ်သွားကြလေသည်။

“နင်းခြေပစ်လိုက်စမ်း။”

ကျန်းယွင်ထျန်းသည် လှေပေါ်သို့ ရောက်ရှိသွားသော ဒေသခံများကိုကြည့်ကာ နှာခေါင်းရှုံ့ပြီး ပြောလိုက်၏။

အခန်း ၄၄၃ - သိမ်းပိုက်စိုးမိုးခြင်း၊ ပြန်လည်ကုသခြင်း

ရွက်သင်္ဘောကြီးသည် သစ်သားလှေငယ်ထက် အမြင့်အားဖြင့် များစွာမြင့်မားနေဆဲဖြစ်သည်။ ကျန်းယွင်ထျန်းသည် လူတိုင်းကို သင်္ဘောခန်းအတွင်းသို့ဝင်ရောက်ရန် ပြောလိုက်၏။ ဤအကွာအဝေးလောက်ဆိုလျှင် မှော်ဆရာ၏တိုက်ခိုက်မှုကို ခံရလိမ့်မည်မဟုတ်ပေ။

ရွက်သင်္ဘောကြီး ချဉ်းကပ်လာသည်ကိုမြင်လိုက်ရသောအခါ သစ်သားလှေငယ်ပေါ်ရှိ ဒေသခံများသည် ချက်ချင်းပင် ပင်လယ်ထဲသို့ခုန်ချလိုက်ကြ၏။

ပင်လယ်ထဲသို့ခုန်ချလိုက်ပါက အသက်ရှင်နိုင်ခြေရှိသေးသော်လည်း သင်္ဘောကြီးဖြင့် ဖိသတ်မိပါက အမှန်တကယ် သေဆုံးသွားနိုင်ပေသည်။

ဒေသခံများ သစ်သားလှေငယ်ပေါ်များမှ ခုန်ချသွားကြသည်ကို မြင်သောအခါ ကမ်းခြေရှိစစ်သားများသည် ချက်ချင်းပင် ဝါးမြားများကိုထုတ်ယူကာ ရေထဲကျသွားသော ဒေသခံများကို စတင်ပစ်ခတ်ကြလေတော့သည်။

သို့သော် သင်္ဘောကြီးလှည့်သည့်အခိုက်အတန့်တွင် သစ်သားလှေငယ်တစ်စင်းတွင် လူတစ်ဦးသည် လူတစ်ယောက်၏ပုခုံးကို တက်နင်းကာ သင်္ဘောကြီးပေါ်သို့ ခုန်တက်လာခဲ့လေသည်။

“နောက်ဆုံးတော့ လာပြီပေါ့။”

ကျန်းယွင်ထျန်းသည် သင်္ဘောခန်း၏တံခါးဝမှတစ်ဆက့် ထိုလူ၏လှုပ်ရှားမှုကို မြင်လိုက်ရသောအခါ တိတ်တဆိတ် ရေရွတ်လိုက်၏။ ထို့ပြင် ဤကဲ့သို့စွမ်းရည်ရှိသူမှာ သာမန်လူမဟုတ်နိုင်ပေ။ မှော်ဆရာပင် ဖြစ်နိုင်ပေသည်။

“မြားတွေပစ်! အကွာအဝေးကို ဂရုစိုက်ထား။”

ကျန်းယွင်ထျန်းက အော်ဟစ်လိုက်၏။ ထို့နောက် သူ့ကိုယ်သူ ဝှက်ထားလိုက်သည်။

“ဟုတ်ကဲ့”

သင်္ဘောပေါ်ရှိ စစ်သား ၁၁ ဦးသည် ချက်ချင်းပင် သင်္ဘောခန်းထဲမှထွက်လာကာ အပေါ်တက်လာသော မှော်ဆရာကို ပစ်ခတ်တော့လေသည်။

မှော်ဆရာသည် အလွန်မြန်ဆန်စွာရွေ့လျားနေပြီး ထိုဝါးမြားများကို ရှောင်တိမ်းလိုက်၏။ ထို့နောက် မြွေလိမ်မြွေကောင်ပုံစံဖြင့် ချဉ်းကပ်လာခဲ့သည်။

ကျန်းယွင်ထျန်း၏စကားအတိုင်း စစ်သားများသည် နောက်သို့ဆက်တိုက်ဆုတ်ခွာလာခဲ့ကြသည်။

မှော်ဆရာသည် သူတို့၏လှုပ်ရှားမှုများကို အေးစက်စွာစိုက်ကြည့်ရင်း ရုတ်တရက်အရှိန်မြှင့်ကာ တစ်ချိန်တည်းမှာပင် ဟစ်အော်လိုက်၏။

စစ်သား ၁၁ ဦး၏စိတ်သည် ချက်ချင်းပင် ဗလာဖြစ်သွားကာ သူတို့၏လှုပ်ရှားမှုများကို ရပ်တန့်ရင်း ရောက်သည့်နေရာ၌ရပ်နေကြရလေသည်။

မှော်ဆရာသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး သူတို့ဆီသို့ လျှောက်လာခဲ့လေသည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက် သူ၏နောက်ကျောမှ ပုံရိပ်တစ်ခုပေါ်ထွက်လာ၏။ သူ၏ညာဘက်လက်သည် စူးရှသည့်ခံစားမှုတစ်ခုကို ခံစားလိုက်ရကာ ပြတ်ထွက်သွားခဲ့ပြီး ထို့နောက် သူ၏လည်ပင်းကို ဓားမြှောင်တစ်ချောင်းဖြင့် အထောက်ခံလိုက်ရလေတော့သည်။

“အားးးးး”

မှော်ဆရာသည် စူးစူးဝါးဝါးအော်ဟစ်လိုက်သော်လည်း သူ့လည်ပင်းပေါ်တွင်ရှိနေသော ဓားမြှောင်ကြောင့် ပြင်းပြင်းထန်ထန် မရုန်းကန်ရဲချေ။

ထိုအချိန်တွင် ရေထဲရှိ ဒေသခံအများစုကိုလည်း သုတ်သင်ပြီးဖြစ်လေသည်။

ကျန်းယွင်ထျန်းသည် မှော်ဆရာကို လက်တစ်ဖက်ဖြင့် ဆွဲကိုင်ပြီး သင်္ဘောကုန်းပတ်အစွန်းသို့သွားကာ ပြောလိုက်သည်။

“သူတို့ကိုအညံ့ခံခိုင်းလိုက်။”

ကမ်းခြေရှိစစ်သားများသည် ချက်ချင်းပင် ဒေသခံဘာသာစကားဖြင့် အော်ပြောလိုက်၏။

“အညံ့ခံမယ်ဆိုရင် မင်းတို့အသက်ကို ချမ်းသာပေးလိုက်မယ်။”

မာနကြီးပြီးမောက်မာလှသည့် ဆရာကိုပင် ချုပ်ကိုင်ထားပြီးဖြစ်သည်ကို မြင်လိုက်ရသောအခါ ရေထဲရှိဒေသခံများတွင် ခုခံရန်အတွေးများမရှိတော့ဘဲ အားလုံး အသံကျယ်ကျယ်ဖြင့် အော်ဟစ်ရင်း အညံ့ခံလိုက်ကြလေတော့သည်။

ကျန်းယွင်ထျန်းသည် မှော်ဆရာ၏အဆင့်ကို မမြင်နိုင်သော်လည်း သူသင်္ဘောခန်းအတွင်း၌ ပုန်းနေခြင်းကို တစ်ဖက်လူမှရှာမတွေ့ခဲ့သောကြောင့် သူ၏ခိုးဝင်တိုက်ခိုက်မှုမှာ အလွန်ချောမွေ့ခဲ့ခြင်းဖြစ်ပေသည်။ ထို့ကြောင့် သူ၏အဆင့်သည် B သို့မဟုတ် ထိုထက်နိမ့်ရမည်ဟု ဆိုလိုပေသည်။

အညံ့ခံထားရသော စစ်သားအားလုံးကိုမူ ကြိုးတုတ်ထားပြီဖြစ်သည်။ ကျန်းယွင်ထျန်းသည် သူ့လူအနည်းငယ်ကို သင်္ဘောကြီးပေါ်ရှိမီးများအား ငြှိမ်းသတ်ရန် ခိုင်းစေခဲ့ပြီး သူကိုယ်တိုင်ကမူ မှော်ဆရာကို အပျော်စီးရွက်သင်္ဘောပေါ်သို့ ခေါ်ဆောင်သွားခဲ့သည်။

“ကျွန်းပိုင်ရှင် ဖြစ်ချင်တော့ ဒေသခံတွေက စွန်းယောင်ကိုတိုက်ခိုက်ခဲ့တယ်။ ဒီမှာမှော်ဆရာတစ်ယောက်ကို ဖမ်းမိထားပါတယ်။”

ကျန်းယွင်ထျန်းက ရှောင်းယီထံသို့ အစီရင်ခံလိုက်သည်။

ရှောင်းယီသည် ကျန်းယွင်ထျန်းဆွဲကိုင်ထားသော မှော်ဆရာကိုကြည့်ကာ ပြောလိုက်၏။

“B-အဆင့် ဝီကဒ်ဆရာတစ်ယောက်က စွန်းယောင်ရဲ့ကျွန်းကို ကာကွယ်တဲ့နေရာမှာ ကူညီပေးနိုင်တယ်။ အညံ့ခံမယ်ဆိုရင် အသက်ချမ်းသာပေးမယ်။”

“ကျုပ် အညံ့ခံပါတယ်။”

မှော်ဆရာသည် နာကျင်မှုကြောင့် အော်ဟစ်လိုက်၏။

“ကျေးဇူးပြုပြီး ကျုပ်ကိုသွေးတိတ်အောင်ကူညီပေးပါ။ မဟုတ်ရင် ကျုပ်တကယ်သေသွားလိမ့်မယ်။”

ထိုစဉ် ကျန်းယွင်ထျန်းက ဖွင့်ဟကာ ပြောလိုက်သည်။

“သူ့ရဲ့စိတ်ဝိဉာည်တိုက်ခိုက်မှုကြောင့် စစ်သား ၁၁ ယောက် ဒဏ်ရာရထားသေးတယ်။ သူတို့ အခုထိ သတိလစ်နေတုန်းပဲ။”

ရှောင်းယီ ခေါင်းညိတ်လိုက်၏။

“ခဏနေရင် နာ့နာကို အဲဒီကို လွှတ်လိုက်မယ်။ သူ့ရဲ့ပြတ်သွားတဲ့လက်က ရှိသေးလား။ ချို့ယွင်းချက်ရှိတဲ့လက်နက်တစ်ခုကိုတော့ ငါမလိုချင်ဘူး။”

“ငါသိမ်းထားတယ်”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“စာချုက်ကတ်သုံးလိုက်။”

ထို့နောက် ရှောင်းယီသည် စာချုပ်ကတ်တစ်ခုကို လွှဲပြောင်းပေးလိုက်၏။

ကျန်းယွင်ထျန်းသည် ချက်ချင်းပင် အပျော်စီးသင်္ဘောပေါ်ရှိ ရှောင်းယီ၏လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကိုအသုံးပြုကာ မှော်ဆရာနှင့် စာချုပ်ချုပ်လုပ်လိုက်ပြီး ထိုလူ၏အမည်မှာ ချီဟူ၍ဖြစ်ပေသည်။

စွန်းယောင်၏ကျွန်းပေါ်တွင် နေထိုင်စေသည်မှာ ပို၍အဆင်ပြေသောကြောင့် စွန်းယောင်နှင့် စာချုပ်ချုပ်ရန်စဉ်းစားနိုင်သော်လည်း မှော်ဆရာချီ၏အဆင့်သည် စွန်းယောင်ထက် ပိုမိုမြင့်မားသောကြောင့် ကျန်းယွင်ထျန်းသည် သူ့ကို အပျော်စီးသင်္ဘောပေါ်သို့ ဖမ်းခေါ်လာခဲ့ဖြစ်ပြီး ရှောင်းယီအား လက်ခုပ်ထဲသို့ ထည့်ပေးလိုက်ခြင်းပင်။

ချီသည် B အဆင့်ဖြစ်ပြီး စွန်းယောင်သည် C အဆင့်သာဖြစ်၏။ စွန်းယောင်သည် စာချုပ်ချုပ်ဆိုခြင်း အောင်မြင်နိုင်သည့်တိုင် ချီသည် မိနစ်ပိုင်းအတွင်းမှာပင် ထိုစာချုပ်ကို ဖျက်သိမ်းပစ်နိုင်ပေသည်။

သို့သော် ရှောင်းယီနှင့် စာချုပ်ချုပ်ဆိုရာတွင်မူ ပြဿနာမရှိပေ။ ရှောင်းယီသည် ယခုအချိန်တွင် SS-အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဤစာချုပ်၏စွမ်းအားမှာ အလွန်တည်ငြိမ်ပေသည်။

စာချုပ်ချုပ်ဆိုခြင်းအောင်မြင်ပြီးနောက် ရှောင်းယီသည် နာနိုဆေးကုသရေးစက်ကို လွှဲပြောင်းပေးလိုက်၏။

“နာ့နာ သူ့ကိုပြန်ကောင်းအောင် ခွဲစိတ်ကုသပေးနိုင်မလားဆို ကြည့်ကြည့်လိုက်ပါဦး။”

ရှောင်းယီက ပြောလိုက်သည်။

နာ့နာသည် သူမ၏စက်ရုပ်လက်တံဖြင့် ဖြတ်ထားသောလက်ကိုကောက်ယူကာ အနည်းငယ်စစ်ဆေးကြည့်ပြီးနောက် ပြန်ဖြေလိုက်သည်။

“ပြဿနာမရှိပါဘူး။ ကျွန်မကို သုံးမိနစ်အချိန်ပေးပါ။”

ထိုသို့ပြောရင်းနှင့် နာ့နာသည် ချီ၏ဘေးသို့ရောက်ရှိလာ၏။ ထို့နောက် သူ၏အဖြတ်ခံထားသောလက်ကို စချုပ်တော့လေသည်။

ချီသည် စကားပြောနေသောစက်ပစ္စည်းကိုကြည့်ကာ ထိတ်လနိ့တုန်လှုပ်သွားခဲ့ပြီး သူ၏အဖြတ်ခံထားရသောအစိတ်အပိုင်း၏နာကျင်မှုမှာ သိသိသာသာလျော့နည်းသွားကြောင်း ခံစားလိုက်ရ၏။ ထိုနေရာ၌ ယားယံသည့်အထိအတွေ့ကိုသာ အနည်းငယ်ခံစားနေခဲ့ရသည်။

နှစ်မိနစ်အကြာတွင် ချီသည် သူ၏ညာဘက်လက်ကို အမှန်တကယ်ပင် ပြန်လည်ခံစားနိုင်သွားသည်ကို တွေ့ရှိလိုက်ရပြီး အလွန်အမင်း တုန်လှုပ်သွားခဲ့တော့လေသည်။

“ငါ့ညာဘက်လက် ပြန်ရသွားပြီလား။”

ချီက အံ့အားသင့်စွာပြောလိုက်သည်။

“နောက်ပိုင်းမှာ စွန်းယောင်ကို ကောင်းကောင်းကူညီပြီး သူ့ကျွန်းကို သေချာစောင့်ရှောက်ထား။”

ရှောင်းယီက အမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ သခင် ကျုပ်ဒီကျွန်းကို သေချာပေါက်ကာကွယ်ပေးပါ့မယ်။”

ချီက ချက်ချင်းပင် သူ၏သဘောထားကို ပြသလိုက်၏။

“မင်းရဲ့လက်က သုံးရက်လောက် အနားယူဖို့လိုတယ်။ တစ်ပတ်လုံး အလေးအပင်တွေ မ,မပါနဲ့။”

နာ့နာက ပြောလိုက်သည်။

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။”

ချီသည် ပင့်ကူတစ်ကောင်ကဲ့သို့ဖြစ်နေသော နာ့နာကိုကြည့်ကာ ပြန်ဖြေလိုက်၏။

နာ့နာသည် ချက်ချင်းပင် ချီ၏စိတ်ဝိဉာည်တိုက်ခိုက်မှုကြောင့် ဒဏ်ရာရသွားသော စစ်သား ၁၁ ဦးဆီသို့သွားကာ ကုသမှုကို စတင်လိုက်သည်။

ဆယ်မိနစ်အကြာတွင် နာ့နာ၏ကုသမှုမှာ ပြီးဆုံးသွားခဲ့သည်။

“သူတို့ တစ်ရက်လောက် အနားယူဖို့လိုတယ်။ ခဏနေရင် သူတို့နိုးလာလိမ့်မယ်။”

“အင်း ပင်ပန်းသွားပါပြီ။”

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်ပြီးနောက် နာ့နာကိုပြန်ပို့လိုက်၏။

ထို့နောက် ကျန်းယွင်ထျန်းသည် ချီကို စွန်းယောင် ယ၏ဘေးသို့ခေါ်ဆောင်သွားပြီး ပြောလိုက်သည်။

“ဒါကခုနက ကျုပ်တို့သင်္ဘောကို တိုက်ခိုက်လာတဲ့ မှော်ဆရာပဲ။ သူ့ကို ကျွန်းပိုင်ရှင်က စာချုပ်ချုပ်ပြီးပြီ။ နောက်ပိုင်းမှာ တခြားဒေသခံတွေရဲ့တိုက်ခိုက်မှုတွေကို ကူညီပြီးကာကွယ်ပေးလိမ့်မယ်။”

စွန်းယောင်၏မျက်လုံးများ ချက်ချင်းပင် တောက်ပသွားကာ ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”

“သူက B အဆင့်ပဲ။ ပြီးတော့ သူ့မှာ စွမ်းအားနည်းနည်းရှိတယ်။”

ကျန်းယွင်ထျန်းက ဖြည့်စွက်ပြောလိုက်သည်။

စွန်းယောင်၏မျက်လုံးများသည် ပို၍ပင် တောက်ပသွားပြီ ချီကိုကြည့်ကာ ပြောလိုက်၏။

“နောက်ပိုင်းမှာ ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါဦး။”

သဘာဝအတိုင်းပင် ဒေသခံစစ်သားများက ဘာသာပြန်အဖြစ် ဆောင်ရွက်ပေးလိုက်ကြသည်။

“သခင်ကြီးက အားနာလွန်းနေပါပြီ။ ကျွန်းပိုင်ရှင်က ကျုပ်ကိုယုံကြည်တဲ့အတွက် ကျုပ် ဒီကျွန်းကိုသေချာပေါက်ကာကွယ်ပေးမှာပါ။”

ချီက ပြန်ဖြေလိုက်သည်။ စွန်းယောင်က ခေါင်းညိတ်လိုက်၏။

“ခင်ဗျားရဲ့လူတွေကရော။”

“ကျုပ် ကျွန်းပိုင်ရှင်ဆီမှာ အအညံ့ခံလိုက်ပြီဆိုတော့ သူတို့လည်း သဘာဝအတိုင်း အညံ့ခံကြမှာပါ။ စိတ်မပူပါနဲ့။”

ချီက ပြောလိုက်သည်။

“ကောင်းပြီ မင်းရဲ့ကျွန်းမှာရော လူတွေရှိသေးလား။”

စွန်းယောင်က ဆက်မေးလိုက်သည်။

“နည်းနည်းလောက် ထပ်ရှိပါသေးတယ်။ ဦးတည်ချက်ကျောက်ရဲ့ အေးခဲချိန်ပြည့်သွားရင် သူတို့အားလုံး သွားခေါ်လာခဲ့ပါ့မယ်။”

ချီက ပြန်ဖြေသည်။

ယခုအချိန်တွင် သူသည် အလုံးစုံအညံ့ခံရန် ဆုံးဖြတ်လိုက်ပြီဖြစ်သည်။ ရှောင်းယီ၏လက်ထဲတွင် ဤမျှမှော်ဆန်သောအရာများရှိသည်ကို သိလိုက်ရသောအခါ မှော်ဆရာချီသည် သူ၏အခြားသတိထားတတ်သောအတွေးများကို ရပ်တန့်လိုက်၏။ ဤအံ့ဖွယ်အပြင်လူနောက်သို့ လိုက်ပါက သူ၏အနာဂတ်ဘဝသည် သိပ်ပြီးဆိုးရွားမည်မဟုတ်ပေ။

“ဟုတ်ပြီ အရမ်းကောင်းတယ်။”

စွန်းယောင်က ပျော်ရွှင်စွာပြောလိုက်သည်။

ဒေသခံမျိုးနွယ်စုတစ်ခု၊ ရှောင်းယီမှ စနစ်တကျစီစဉ်ထားသောတပ်မတော်၊ ခေတ်မီလက်နက်များနှင့်အတူ သူ၏ကျွန်းသည် သေချာပေါက် သန်မာရမည်ဖြစ်သည်။

“လုံလုံလောက်လောက် ခေတ်မမီသေးဘူး။ ငါတကယ်ကို အပန်းဖြေစခန်းမှာနေပဲပြီး ပြန်မလာချင်ဘူး။”

စွန်းယောင်က တီးတိုးရေရွတ်လိုက်၏။

“မင်းရဲ့ကျွန်းကိုပြန်သွားချင်တယ်ဆိုရင် ကျွန်းပိုင်ရှင်ကို ကြိုပြောလိုက်။ မင်းအတွက်တာဝန်တစ်ခုလောက် ရှိရင်ရှိနေနိုင်တယ်။”

ကျန်းယွင်ထျန်းက သတိပေးလိုက်သည်။

ချီသည် အနည်းငယ်ကြောင်အသွားပြီးနောက် တုံ့ပြန်လိုက်သည်။

“ဟုတ်ကဲ့ အဲအချိန်ကျရင် ကျွန်းပိုင်ရှင်ဆီ ကြိုတင်လျှောက်ထားလိမ့်ပါ့မယ်။”

“ကောင်းပြီ မင်းဘက်မှာတော့ အဲ့လိုပဲလုပ်လိုက်ပါ။ နေအိမ် အခက်အခဲအတွက်ကတော့ စွန်းယောင် မင်းကျွန်းပိုင်ရှင်ကို ကိုယ်တိုင်လျှောက်ထားလိုက်။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်၏။

“သူတို့ရဲ့ တပ်ဖြန့်ထားတဲ့ပုံစံကို စစ်ဆေးပြီးရင် ကျုပ်ပြန်တော့မယ်။”

စွန်းယောင်က ခေါင်းညိတ်သည်။ သူသည် စစ်သားများဆွဲထားသော ကာကွယ်ရေးအစီအစဉ်များကို ပြန်လည်သုံးသပ်နေသည့် ကျန်းယွင်ထျန်းကိုကြည့်ရင်း သူ၏လက်ကွက်ပေါ်ရှိ ဇီဝချစ်ပ်မှ ကျန်းယွင်ထျန်းဆီသို့ ယွမ် ၅၀၀၀ လွှဲပြောင်းပေးလိုက်လေသည်။

အခန်း ၄၄၄ - ရေချိုရင်းမြစ်၊ နောက်ထပ်ရတနာမြေပုံတစ်ခု၊ လေဆင်နှာမောင်း

စစ်သားများ ရေးဆွဲထားသော ကာကွယ်ရေးမြေပုံများကို လေ့လာနေစဉ် ကျန်းယွင်ထျန်းသည် ရုတ်တရက် သူ၏လက်ကွက်ပေါ်ရှိ ချစ်ပ်မှတုန်ခါမှုကို ခံစားမိလိုက်၏။

သူဖွင့်ကြည့်လိုက်သောအခါ စွန်းယောင်မှ သူဆီသို့ ငွေလွှဲထားကြောင်း တွေ့လိုက်ရလေသည်။

ကျန်းယွင်ထျန်းက တိုက်ရိုက်ငြင်းပယ်လိုက်၏။ ထို့နောက် စွန်းယောင်ဆီသို့သွားပြီး ပြောလိုက်သည်။

“စွန်းယောင် ဒီကိစ္စကိုမင်းကိုယ်တိုင်ပြန်သုံးသပ်ရမယ်။ ငါတို့စနစ်က အခုမှစပြီးဖွံ့ဖြိုးတုန်းပဲရှိသေးတယ်။ မင်းက လာဘ်ထိုးချင်နေပြီလား။”

စွန်းယောင် တုန်လှုပ်သွား၏။ ထို့နောက် ခါးသက်သက်ဖြင့် ပြုံးကာ ပြောလိုက်သည်။

“ကျုပ်က ဒီလိုသဘောမျိုးနဲ့ လုပ်လိုက်တာမဟုတ်ပါဘူး။ ခင်ဗျားက ကျုပ်ရဲ့ကျွန်းကို ဒီလိုမျိုးခက်ခက်ခဲခဲနဲ့ရောက်လာပြီး ကာကွယ်ရေးတွေကိုပါ ကူညီပေးခဲ့တယ်။ ကျုပ်က ခင်ဗျားကိုသောက်စရာတစ်ခုခု တိုက်ချင်ရုံပါပဲ။ ဒါပေမယ့် ငါ အချိန်တိုတွင်း မရောက်နိုင်လောက်ဘူး။ ဒါက ကျွန်းပိုင်ရှင်ရဲ့ကျွန်းအတွက် တစ်ခုတည်းသောနည်းလမ်းပဲလေ။”

“ခင်ဗျားရဲ့ရည်ရွယ်ချက်ကို ကျုပ်နားလည်ပါတယ်။ ကျွန်းပိုင်ရှင်ဘက်မှာ ကျုပ်ကိုသောက်ဖို့ဖိတ်ခေါ်မယ်ဆိုရင်တော့ ကျုပ်သေချာပေါက်သောက်ပါ့မယ်။ ဒါပေမယ့်ဒါမျိုးတော့မဟုတ်ဘူး။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“နားလည်ပါပြီ။ ကျုပ်နောက်ထပ်မလုပ်တော့ပါဘူး။”

စွန်းယောင်က ပြန်ဖြေလိုက်သည်။

ကျန်းယွင်ထျန်း ဤသို့ပြုလုပ်ရခြင်းမှာ ကြိုတင်ကာကွယ်ရန်အတွက်ဖြစ်သည်။ သူတို့၏အဖွဲ့အစည်းဖွဲ့စည်းပုံသည် အခုမှ စတင်ပုံစံပေါ်လာနေခြင်းဖြစ်ပြီး ဤကဲ့သို့အဂတိလိုက်စားမှုမျိုးကို ဖြစ်ပွားခွင့်မပြုနိုင်ပေ။

ထို့ပြင် ဤချစ်ပ်စနစ်တွင် ရှောင်းယီက စီမံခန့်ခွဲသူဖြစ်၏။ မည်သည့်ငွေကြေးလွှဲပြောင်းမှုမျိုးကိုမဆိုသူက ရှင်းရှင်းလင်းလင်းသိနေပေလိမ့်မည်။

ရှောင်းယီသည် ဤကိစ္စကို တွယ်ကပ်နေမည်မဟုတ်သော်လည်း ကျန်းယွင်ထျန်းက သူတို့ ရိုက်ခတ်ရန်လိုနေသေးသည်ဟု ထင်နေမိပေသည်။

စွန်းယောင်၏ကျွန်းပေါ်ရှိ ကာကွယ်ရေးကို မြှင့်တင်ပြီးဖြစ်ကာ ယခု လူအင်အားလည်း လုံလောက်နေပြီဖြစ်သောကြောင့် ကာကွယ်ရေးနေရာတစ်ခုစီတွင် လူအနည်းငယ်ထပ်ရှိနေ‌လေသည်။

“ဒါက ပြဿနာမရှိသင့်တော့ဘူး။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ချီ မင်းရဲ့လူတွေ သူတို့အချိန်ရတဲ့အခါ ပိုပြီးသင်ယူခိုင်းသင့်တယ်။ ဘာသာစကားတစ်ခုတည်းတင်မကဘူး စစ်ရေးဗဟုသုတတွေရောပေါ့။”

“ဟုတ်ကဲ့”

ချီက ဖြေလိုက်သည်။

ကျန်းယွင်ထျန်း တပ်ဖြန့်မှုပုံစံများကို ညွှန်ကြားနေစဉ် ချီသည် ကျန်းယွင်ထျန်း၏ ကာကွယ်ရေးသည် လက်ဖျားခါလောက်အောင်ပင် ထူးချွိပြောင်မြောက်ကြောင်း ရှာဖွေတွေ့ရှိပြီးဖြစ်လေသည်။ သင်ယူရန်အတွက် အကြောင်းအရာများစွာ ကျန်ရှိနေသေးသည်ဟု သူခံစားမိနေခဲ့သည်။

ထို့နောက် ကျန်းယွင်ထျန်းသည် အပျော်စီးရွက်သင်္ဘောပေါ်သို့ ပြန်တက်သွားပြီး ရှောင်ယောက်အား သင်္ဘောလမ်းကြောင်းအတိုင်းပြန်မောင်းခိုင်းလိုက်တော့လေသည်။

ထိုစဉ် ရှောင်းယီသည် အအေးသောက်ကာ ကျွန်းအထိမအမှတ်ကျောက်တိုင်ပေါ်ရှိ အုပ်စုတွင်းဆွေးနွေးမှုများကို ကြည့်ရှုနေခဲ့သည်။

“ကျုပ် မျိုးစေ့အားလုံးကို အလကားဝယ်ထားမိတာကို တွေ့ခဲ့ရတယ်။”

“မင်းဘာလို့ဒီလိုပြောတာလဲ။”

“ဟင်း စိုက်ပျိုးရေးကို ဘယ်လိုလုပ်ရမှန်း ကျုပ်မသိဘူး။ ကျုပ်အရင်က ရုံးခန်းထဲမှာပဲ ထိုင်နေခဲ့ရတာ။ လယ်ကွင်းထဲကအရာတွေကို ဘယ်လိုနားလည်ရမှန်းကိုမသိဘူး။”

“အခုချိန်မှာ ဘာမှစိုက်နိုင်မှာ မဟုတ်ဘူး။ ဒီနေ့ အရမ်းပူတယ်။ လုံးဝမရှင်သန်နိုင်ဘူး။ မင်း ဘူးစင်တစ်ခုဆောက်မယ်ဆိုရင်တောင် ရေလောင်းပေးဖို့ ရေချိုတွေ အများကြီးလိုအပ်သေးတယ်။ အခုဘယ်သူ့ဆီမှာ ရေချိုတွေအများကြီးရှိလို့လဲ။ လူတိုင်းက သူတို့ဝယ်ထားတဲ့ရေချိုတွေကိုပဲ သောက်နေရတာ။”

“အမှန်ပဲ အခု ငါဘာလုပ်ရတော့မှာလဲ။ ကိုယ့်ရဲ့ဗလာဖြစ်နေတဲ့လယ်ကွင်းကို ကြည့်ရုံပဲကြည့်နေရတော့မှာလား။”

“မင်းကငတုံးလား။ ရေချိုမရှိဘူးရင် အရင်ကလူတွေ ရေဘယ်လိုသောက်ကြသလဲဆိုတာ တွေးကြည့်စမ်းပါ။”

“ဘုံပိုင်ရေတွင်း! ဘုံပိုင်ခေါင်းတစ်ခု တပ်လိုက်ရုံပဲ။”

“မင်းဂျီးတော်ကို ဘုံပိုင်ရေတွင်းလား။ ငါပြောချင်တာက ရှေးခေတ်တုန်းကလူတွေရေသောက်ဖို့ ရေကိုဘယ်လိုရှာကြသလဲဆိုကိုပြောချင်တာကွ။”

“ရေချိုမြစ်ကနေလေ။ ဒါပေမယ့် ငါတို့ကျွန်းမှာ ဘာမြစ်မှမရှိဘူး။”

“ငါနားလည်ပါတယ်။ စကားတစ်ခွန်းပြောရမယ်ဆိုရင် ရေတွင်းတူးလို့ရတယ်ဆိုတာကို မမေ့နဲ့လေ။”

“အာ... မင်းဆိုလိုတာက ငါတို့ကျွန်းပေါ်မှာ ရေတွင်းတူးဖို့လား။”

“သေချာတာပေါ့....။ ပတ်ပတ်လည်မှာရှိတဲ့ မြေကြီးတွေက အုတ်မြစ်ကျောက်းတွေကို ရေစစ်လိုမျိုးသုံးထားတာပဲ။ အဲ့တော့ တူးလိုက်တဲ့ရေတွင်းကလည်း အခြေခံအားဖြင့်ညရေချိုပဲဖြစ်ရမယ်။ ပြီးတော့ လက်တွေ့တိုင်းတာချက်က တကယ်ထိရောက်တယ်။”

“အင်း မင်းက အရင်ကလို့ပြောခဲ့တာဆိုတော့ မင်း အဲ့ဒါကို ဘယ်နှစ်ရက်တူးခဲ့ရတာလဲ။”

“ရေထွက်ဖို့တစ်ပတ်ကြာခဲ့တယ်။ အဓိကက ပစ္စညါးကိရိယာတွေ မကောင်းလို့ပဲ။”

“တစ်ပတ်! ညီအစ်ကို မင်းက တကယ်ကို ဇွဲကောင်းတာပဲ။ ငါလည်း နေဝင်တာနဲ့ ရေတွင်းစတူးတော့မယ်။”

“ကျုပ်က တူရွင်းတစ်ခုရခဲ့တယ်။ ခင်ဗျားထက် ပိုမြန်တယ်။ ကျုပ်က သုံးရက်အတွင်း ရေတွင်းတူးပြီးသွားပြီ။”

“ဟင်း ရေတွင်းတူးဖို့ကို တစ်ယောက်ထက်ပိုပြီး တွေးမိခဲ့ကြပုံပဲ။”

“ကျုပ်လည်းတွေးမိခဲ့ပါတယ်။ ဒါပေမယ့် ငါးရက်လောက်တူးပြီးတာတောင် ဘာရေမှမတွေ့ရဘူး။ အဲ့ဒါနဲ့ ဒီကမ္ဘာကြီးမှာ ရေတွင်းတူးလို့မရနိုင်ဘူးထင်ပြီး လက်လျှော့လိုက်တာ။”

“အခုဆက်တူးလို့ရတယ်လေ။ နောက်ထပ်ရေတွင်းတစ်ခုလောက် ထပ်တူးနိုင်မှာပါ။”

“လှေကားနဲ့ကြိုးနဲ့ လုပ်ထားဖို့တော့ အကြံပေးချင်တယ်။ ရေတွင်းမတူးရသေးခင်မှာတင် မြုပ်မကျန်ခဲ့စေနဲ့။”

လူတိုင်း၏ဆွေးနွေးမှုကို မြင်လိုက်ရသည့်အခါ ရှောင်းယီသည်လည်း တုန်လှုပ်သွားခဲ့သည်။ သူသည်ရေချိုမချို့တဲ့ဖူးသောကြောင့် ဤအရာကို မတွေးမိခဲ့ပေ။

“မျိုးနွယ်စုလေးစုကို စမ်းကြည့်ခိုင်းလို့ရတာပဲ။”

ရှောင်းယီက တီးတိုးရေရွတ်လိုက်သည်။

ကျွန်းသည် တဖြည်းဖြည်းကြီးမားလာသည်နှင့်အမျှ သူတို့မျိုးနွယ်စုလေးစုလုံးအတွက် နံရံထဲရှိ ရေပိုက်များမှ ထုတ်ယူနိုင်ရန်မှာ မဖြစ်နိုင်တော့ပေ။

“ဒေါက်! ဒေါက်! ဒေါက်!”

ရှောင်းယီသည် ခေါင်းမော့ကြည့်လိုက်သောအခါ အန်းရန် အခန်းထဲသို့ဝင်လာသည်ကို တွေ့လိုက်ရလေသည်ာ သူမ၏လက်ထဲတွင်လည်း စာရွက်တစ်ခုကို ကိုင်ဆောင်ထား၏။

“ရှောင်းယီ ဒါ ငါဆွဲထားတဲ့ပုံကြမ်းပဲ။ အဆင်ပြေမယ်လို့ထင်လား။”

အန်းရန်သည် သူမ၏လက်ထဲမှစက္ကူဖြူကို ရှောင်းယီ၏စားပွဲပေါ်သို့ တင်ပေးလိုက်သည်။

ခဲတံဖြင့် ရေးဆွဲထားခြင်းဖြစ်သော်လည်း စက္ကူဖြူပေါ်ရှိနဂါးသည် စွမ်းအားများဖြင့်ပြည့်နှက်နေပြီး ကြီးကျယ်ခမ်းနားပေသည်။

“ဒီရစ်ခွေနေတဲ့ပုံစံကို ကုတ်အင်္ကျီနဲ့ဦးထုပ်မှာ ဒီဇိုင်းဆွဲလို့ရပြီးတော့ ဒီခန္ဓာကိုယ်ပုံစံကို ဆန့်ထုတ်ပြီးတော့ ငါတို့အလံပေါ်မှာ ထားလို့ရတယ်။”

အန်းရန်က စက္ကူဖြူပေါ်ရှိ နဂါးနှစ်ကောင်ကို ညွှန်ပြကာ ပြောလိုက်သည်။

“မင်းရဲ့လက်ရေးပန်းချီက အရင်ကထက်ပိုကောင်းတယ်လို့ ခံစားရတယ်။”

ရှောင်းယီသည် အန်းရန်ဆွဲထားသည့် နဂါးကိုကြည့်ကာ ပြောလိုက်၏။

“အဆင်ပြေတယ်။ မင်းပြောတဲ့အတိုင်းပဲ လုပ်လိုက်ပါ။ တကယ်ကို နက်နက်ရှိုင်းရှိုင်း စဉ်းစားထားတယပဲ။ အဒေါ်လီက အဝတ်အစားနဲ့ ဦးထုပ်ပေါ်မှာ လုပ်နိုင်မလားဆိုတာပဲ စောင့်ကြည့်ရတော့မယ်။”

“နင်သဘောတူတယ်ဆိုရင် ငါအမေ့ဆီသွားပြီးတကယ်လုပ်တဲ့နေရာမှာ အခက်အခဲရှိမရှိကြည့်လိုက်မယ်။”

အန်းရန်က ထိုသို့ပြောပြီးနောက် ထရပ်ကာ ထွက်သွားတော့‌လေသည်။

ရှောင်းယီ၏အကြည့်များ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ ယီထျန်းဂရုဆီသို့ ပြန်သွားသောအခါ အတွင်းရှိသတင်းတစ်ခုက သူ၏အာရုံကိုဆွဲဆောင်သွားခဲ့သည်။

“ဟားဟားဟား....။ ငါ့ကျွန်းတော့ ပွပေါက်တိုးပြီပဲ။ ငါ ဒီဟာရခဲ့တယ်။ [ရတနာမြေပုံ] ၁”

“အိုးမိုင်! သူဌေးကြီး ရတနာမြေပုံကို ငါ့ကိုရောင်းပေးပါ။”

“မရောင်းနဲ့။ အရင်က တစ်စုံတစ်ယောက်က ဗျူဟာနဲ့ပတ်သက်ပြီး ပို့စ်တင်ထားပြီးသား။ အဲဒီဗျူဟာအတိုင်းလုပ်မယ်ဆိုရင် ပိုပြီးအဖိုးတန်တဲ့အရာမျိုးတွေတောင် ရနိုင်သေးတယ်။”

“ဒီရတနာမြေပုံကို ဘယ်နှစ်စောင်လောက် ထုတ်ဝေပြီးပြီလဲမသိဘူး။ ငါလည်းဖွင့်ခွင့်ရမလား သိချင်မိတယ်။”

“မင်းက အရမ်းတွေးနေတာပဲ။ ဒီရတနာမြေပုံက အရမ်းရှားတယ်။ မဟုတ်ရင် ဒီ ၄၉ ရက်အတွင်းမှာ ဒီလောက်နည်းနည်းလေးပဲ ထွက်လာမှာမဟုတ်ဘူး။”

“အိပ်မက်ကတော့ ရှိရမယ်‌လေ။ အကယ်၍ တကယ်ရလာခဲ့မယ်ဆိုရင်ကော။”

“ဟုတ်တယ်...ငါတို့ဒီကမ္ဘာထဲရောက်နေတာ ၄၉ ရက်ပဲရှိသေးတယ်။ ဒါပေမယ့် နှစ်နှစ်လောက်ကြာသွားသလိုတောင် ခံစားနေရတယ်။”

“ငါက ၄၉ နှစ်လောက်ကြာသွားသလိုတောင် ခံစားနေရတာ။”

“ဟုတ်တယ်...ဒါက တကယ့်ကိုစိတ်မကောင်းစရာပဲ။”

“အခုတော့ အစကထက်စာရင် ပိုကောင်းသွားပါပြီ။ အစောပိုင်းက ဧရိယာ ၄ စတုရန်းမီတာထက်တော့ ပိုကောင်းပါတယ်။”

“ဟုတ်တယ်...ဟူး ဒီနေ့တွေက ဘယ်တော့မှပြီးမှာလဲကွာ။”

“ဒီတစ်ပတ်ပြီးရင် စည်းမျဉ်းအသစ်တွေရှိလာဦးမလားမသိဘူး။”

“အခုထိတော့ ဘာအရိပ်အယောင်မှမရှိဘူး။ မွမ်းမံမှုအသစ်တွေရှိတယ်ဆိုရင်တောင် ကိုယ်တိုင်ရှာဖွေရမှာပဲ။”

“ဟုတ်တယ်...တကယ်ခက်တာပဲ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ အရိပ်အမွတ်နည်းနည်းလောက် ထပ်ပေးရင်ကောင်းမယ်။”

“မဟုတ်ဘူး...ငါဘက်မှာ လေဆင်နှာမောင်းတစ်ခုရှိနေတယ်။”

ထိုစဉ် တစ်စုံတစ်ဦးက ရုတ်တရက် ဂရုထဲတွင်အော်ဟစ်လိုက်၏။

“မင်းကဘယ်မှာတုန်း!”

“အရှေ့မြောက်ဘက်နည်းနည်းလေးမှာ။”

“ရွှမ်းယွမ်ဝူဝေ့ဆိုတဲ့ကောင်ရဲ့နေရာလား။ ကောင်းတယ်...။ လေဆင်နှာမောင်းရေ သူ့ကျွန်းမှာရှိတဲ့ဟာတွေအကုန်လုံးကို အမှုန့်ချေပစ်လိုက်စမ်းကွာ...။”

“ရွှမ်းယွမ်လိပ်က သေဖို့ထိုက်တန်တယ်။ ဒါပေမယ့် ငါတို့ မသေချင်သေးဘူးဟ။”

“အမြန်ပုန်းတော့။ မင်း အခုထိမြေအောက်ခန်းမတူးရသေးဘူးလို့တော့ လာမပြောနဲ့နော်။”

“တူးပြီးသားပဲ။ ဒါပေမယ့်မြေပြင်ပေါ်ကအဆောက်အဦတွေကရော။”

“ဒီအချိန်မှာ မင်းက မြေပြင်ပေါ်ကအဆောက်အဦတွေကို တွေးနေသေးတာလား။ အသက်ရှင်ရင်တောင် တော်တော်ကောင်းနေပြီကွ။”

“ဟုတ်တယ် အမြန်ပုန်းနေတော့။”

“အိုး ဒါက တစ်ခုတည်းသောနည်းလမ်းပဲ။”

ထိုအချိန်တွင် ရွှမ်းယွမ်ဝူဝေ့သည် အဝေးတွင်ရှိနေသောလေဆင်နှာမောင်းကို မြင်နေရပြီဖြစ်ကာ စိတ်ထဲမှ ကျိန်ဆဲလိုက်မိ၏။

“ငလူးမ တကယ်ကို ငါ့ဆီကိုဦးတည်လာတာပဲ။”

All Chapters