← Chapters

အခန်း (၄၄၅-၄၄၇)

Vol. 30 Ch. 445-447

အခန်း (၄၄၅-၄၄၇)

Vol. 30 Ch. 445-447

အခန်း ၄၄၅ - ရွှမ်းယွမ်ဝူဝေ့ကို ဝမ်းနည်းစွာသတိပေးခြင်း

“သခင်လေး ကျုပ် မြေအောက်ခန်းထဲမှာ မြန်မြန်သွားပုန်းကြရအောင်။”

ဦးလေးချန်းသည် ရွှမ်းယွမ်ဝူဝေ့နားသို့ အလျင်အမြန်ရောက်လာကာ ပြောဆိုလိုက်သည်။ ရွှမ်းယွမ်ဝူဝေ့က ခေါင်းညိတ်ပြကာ မေးလိုက်သည်။

“အားလုံး အဆင်သင့်ဖြစ်ပြီလား။”

“အရေးကြီးတဲ့ပစ္စည်းတွေအားလုံးကို မြေအောက်ချန်းထဲ ပြောင်းထားပြီးပါပြီ။”

ချန်းပေါ်က တုံ့ပြန်လိုက်ပြီး ရွှမ်းယွမ်ဝူဝေ့နောက်သို့လိုက်သွားကာ သူယခုလေးတင်တူးထားသော မြေအောက်ခန်းထဲသို့ ဝင်သွားခဲ့သည်။

“ဒီလေဆင်နှာမောင်းရဲ့မြန်နှုန်းက အရမ်းမြန်လွန်းတယ်။”

ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်သည်။ ထိုအခါ ချန်းပေါ်က ရှင်းပြလိုက်၏။

“လေဆင်နှာမောင်းရဲ့မြန်နှုန်းက တကယ်မြန်တယ်။ ဒါပေမယ့် အမြန်နှုန်းနဲ့နှုင်ယှင်မယ်ဆိုရင် သူ့ရဲ့ဖြန့်ကျက်မှုနှုန်းက သေးငယ်နေတုန်းပဲ။ နေရာအကျယ်ကြီးကို ဖြန့်ကျက်ပြီး ပျက်စီးဆုံးရှုံးမှုပိုများစေတဲ့ တိုင်ဖွန်းမုန်တိုင်းနဲ့မတူဘူး။”

“သူ့ရဲ့နယ်ပယ်က မကျယ်ပြန့်ဘူး။ ဒါပေမယ့် ကျုပ်တို့ကျွန်းရဲ့ဧရိယာအတွက်တော့ တစ်ကျွန်းလုံးကိုသက်ရောက်မှုရှိနိုင်တယ်။”

ရွှမ်းယွမ်ဝူဝေ့က ပြောသည်။

ဦးလေးချန်းသည် တုန်လှုပ်သွားခဲ့သည်။ သူ ယခုလေးတင်ပြောခဲ့သည်မှာ ယခင်ကမ္ဘာ၏အတွေ့အကြုံများဖြစ်ပြီး သူတို့လက်ရှိကျွန်း၏ အလွန်သေးငယ်လွန်းသောပြဿနာကို ထည့်သွင်းမစဉ်းစားခဲ့မိပေ။

ဦးလေးချန်းသည် အကူညီမဲ့စွာခေါင်းခါရင်း ပြောလိုက်၏။

“ဘာနည်းလမ်းကောင်းမှမရှိတော့ဘူး။ အရင်ကမ္ဘာရဲ့သိပ္ပံနည်းပညာတွေကတောင် ဒီလိုသဘာဝဘေးအန္တရာယ်မျိုးကို မဖျက်သိမ်းနိုင်ဘူး။ အခုလယ်ယာလူ့အဖွဲ့အစည်းဆိုတော့ ပိုဆိုးပြီပေါ့။”

ရွှမ်းယွမ်သည် သူ၏ဘေးနားရှိ အပြစ်မဲ့စည့်စားပွဲခုံကို ပြင်းထန်စွာ ရိုက်ချလိုက်၏။

“ကျုပ်သိတယ်။ ဒါပေမယ့် ဒီလေဆင်နှာမောင်းက ဘာလို့တခြားအသက်ရှင်ကျန်ရစ်သူတွေရဲ့ကျွန်းတွေကိုကျ မသွားရတာလဲ။ အဲ့ဒီ အရမ်းစိတ်ရှုပ်ဖို့ကောင်းတဲ့ ယီရန်ပင်းဆိုတဲ့ကောင်ဆီ ဘာလို့မသွားတာလဲ။”

“သူတို့က ကြုံခဲ့ရပြီးသားတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်။”

ဦးလေးချန်းက ပြောလိုက်သည်။

“သူ့ကိုဘာလို့ ကောင်းကင်ဘုံဆီ ခေါ်မသွားတာလဲ”

ရွှမ်းယွမ်ဝူဝေ့ အရိုးစွဲအောင်ပင် မုန်းတီးမိသွား၏။ ချန်းပေါ်သည်လည်း ပြောစရာစကားများ ကင်းမဲ့သွားခဲ့သည်။

လေဆင်နှာမောင်းသည် မကြာမီ ရွှမ်းယွမ်ဝူဝေ့၏ကျွန်းသို့ ရောက်ရှိလာပြီး ဒေါသတကြီး မွှေနှောက်ပြီးနောက် ပြန်လည်ထွက်ခွာသွားခဲ့လေသည်။

မြေအောက်ခန်းမှနေ၍ ရွှမ်းယွမ်ဝူဝေ့သည် အပြင်ဘက်ရှိ အိမ်များပြိုကျပျက်စီးခြင်းနှင့် သစ်ပင်များကျိုးပဲ့ခြင်းကဲ့သို့သော အသံမျိုးစုံကို ကြားခဲ့ရ၏။

အသံများငြိမ်သက်သွားပြီးနောက် ချန်းပေါ်သည် အပြင်ထွက်ရန် အလျင်စလိုဖြစ်နေသော ရွှမ်းယွမ်ဝူဝေ့ကိုလှမ်းဆွဲကာ မိနစ်အနည်းငယ်စောင့်ဆိုင်းပြီးမှ မြေပြင်ပေါ်သို့ပြန်တက်သော မြေအောက်သံတံခါးကို သတိထား၍ဖွင့်လိုက်သည်။

သူတို့ အပြင်ပြန်ထွက်လာသည့်အခါ မြင်လိုက်ရသည့်မြင်ကွင်းများမှာ အလွန်ကြေကွဲဖွယ်ရာဖြစ်လို့နေခဲ့လေသည်။

အတော်အတန် ထူထပ်သိပ်သည်းနေပြီဖြစ်သော သစ်တောများအားလုံးနီးပါးသည် လေဆင်နှာမောင်းကြောင့် ကျိုးပဲ့ပြီး မြေပြင်ပေါ်သို့ လဲကျနေကြ၏။

သစ်ပင်အချို့မှာမူ အမြစ်ပင်ပြုတ်ထွက်သွားခဲ့ကြသည်။

ဘေးတစ်ဖက်ရှိ လယ်ကွင်းများအတွင်းမှ သီးနှံများသည်လည်း သဘာဝအတိုင်း ပျက်စီးသွားခဲ့ပြီး ဘာတစ်ခုမှမကျန်ရစ်ခဲ့ချေ။

“အိုး! ဒီရာသီကတော့ လုံးဝကိုမှ မအောင်မြင်နိုင်တော့ဘူး။”

လယ်ယာလုပ်ငန်းကို တာဝန်ယူထားသော ဦးလေးကြီးတစ်ဦးက ကူကယ်ရာမဲ့စွာ ပြောလိုက်၏။

မူလကကမ်းခြေပေါ်တွင်ရှိနေသော ရွက်သင်္ဘောနှစ်စင်းတွင်လည်း တစ်စင်းသာကျန်ရှိတော့လေသည်။ ကျန်တစ်စင်းသည် လေဆင်နှာမောင်းကြောင့် တစ်စစီဖြစ်သွားသည်လား သို့မဟုတ် ၎င်းနှင့်ပါသွားသည်လားမသိပါပေ။

“သေစမ်း! ဒီအခြေအနေကိုရဖို့ ငါအရမ်းကိုမှခက်ခက်ခဲခဲကြိုးစားခဲ့ရတာကွ။ ငါ့မိသားစု တစ်ခါတည်းနဲ့ ရှင်ပစ်ခံလိုက်ရတာပဲ။”

ရွှမ်းယွမ်ဝူဝေ့က အော်ဟစ်ကျိန်းဆဲလိုက်၏။

ဦးလေးချန်းသည် နေရာတိုင်းရှိ ပျက်စီးဆုံးရှုံးမှုများကို ရေတွက်ရန်အတွက် လူများစီစဉ်လိုက်လေသည်။ ထို့နောက် သူက ရွှမ်းယွမ်ဝူဝေ့ကို ပြောလိုက်၏။

“သခင်လေး ကျုပ်တို့ အခုပြန်လည်ထူထောင်ရေးအတွက် ပြင်ဆင်ကြရအောင်ပါ။”

ရွှမ်းယွမ်ဝူဝေ့သည် အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး သူ၏ကျောက်တုံးအိမ်ဆီသို့ လျှောက်သွားလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ကျောက်တုံးအိမ်သည် ပျက်စီးသွားရုံသာဖြစ်ပြီး လေဆင်နှာမောင်းနှင့် ပါမသွားခဲ့ပေ။ အကယ်၍ ထိုအရာပါ ပါသွားခဲ့ပါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးပြုမည်ဆိုလျှင်ပင် ပြန်လည်ပြင်ဆင်နိုင်မည်မဟုတ်ဘဲ အသစ်ပြန်လည်တည်ဆောက်ရန်သာ တတ်နိုင်မည်ဖြစ်သည်။ အကယ်၍ ပျက်စီးရုံသာဆိုပါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဖြင့် တိုက်ရိုက်ပြင်ဆင်နိုင်ပေသည်။

ပြင်ဆင်နိုင်သောအရာများအားလုံးကို အရင်ဆုံး ပြင်ဆင်ရန်အတွက် ကုန်ကြမ်းပစ္စည်းများစွာကို သုံးစွဲလိုက်ရပြီး သူ့အား ထပ်မံ၍ ဒေါသတကြီး ကျိန်ဆဲစေခဲ့၏။

ယီထျန်းဂရုထဲတွင်လည်း လူများစွာမှာ ဝမ်းနည်းပူဆွေးစွာဖြင့် ငိုကြွေးနေကြလေသည်။

“သေစမ်း! သွားပြီ...ဘာမှမရှိတော့ဘူး။ ငါ့သစ်သားအိမ်တောင် ပျောက်သွားတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နဲ့တောင် ပြန်ပြင်လို့မရတော့ဘူး။ ယီရန်ပင်းဆီက နောက်ထပ်တစ်ခု ထပ်ဝယ်ရတော့မယ်။”

“ကျုပ်အခုလေးတင်စိုက်ထားတဲ့ဟာတွေလည်း ခြစ်ထုတ်ခံလိုက်ရတယ်။ ကုဒ်ရေးသူတစ်ယောက်အနေနဲ့ သီးနှံတွေစိုက်ဖို့ လွယ်တာမဟုတ်ဘူး အူးးးး။”

“အားးး ငါ့ကျွန်းက သစ်ပင်တွေအကုန်လုံး ပျက်စီးသွားပြီ။ အခုမှ သစ်တောသေးသေးလေးဖြစ်လာရောရှိသေးတယ်။ သုံးဖို့အချိန်တောင်မရလိုက်ဘူး။

“သုံးမှာလား။ မင်းက စစ်မြေပြင်မှာ တော်အုပ်လေးနဲ့ ကစားမလို့လား။”

“အပေါ်ကလူ ဒီအချိန်မှာ ဟာသလုပ်တာက ရယ်စရာမကောင်းဘူး။ ကျုပ်က အခုဘေးဒဏ်သင့်ဒေသကပါဗျာ။”

“လူတွေအကုန်လုံး အဆင်ပြေနေတာ မကောင်းဘူးလား။ ဒါက အကောင်းဆုံးရလဒ်ပဲလေ။ ပြီးတော့တောအုပ်‌လေးတွေက အသုံးပြုဖို့ တစ်ခုတည်းသောနည်းလမ်းပဲလေ။”

“ဖျင်ယားနေတာလားမင်း ထွက်သွားစမ်းကွာ...။”

“လူတိုင်းပဲ တော်ကြပါတော့။ ကျုပ် အခြေခံအရင်းအမြစ်နည်းနည်းလောက်တော့ အခမဲ့ထောက်ပံ့နိုင်ပါတယ်။ ကျုပ်ကျွန်းရဲ့တည်နေရာကိုလည်း ပြောပြထားမယ်။ ခင်ဗျား ခုနကကြုံခဲ့ရတဲ့ လေဆင်နှာမောင်းရဲ့လမ်းကြောင်းပေါ်မှာရှိနေတာဆိုရင် တစ်စုံနိုင်တယ်။”

“အပေါ်ကလူက တကယ်ရက်ရောတာပဲ။”

“အားလုံး အချင်းချင်းတွေပဲလေ။ နည်းနည်းလောက်ကူညီရုံပါပဲ။ အများကြီးမဟုတ်ပါဘူး။ သစ်သားနဲ့ကျောက်တုံး ၁၀ ယူနစ်တည်းပါ။”

“ဟမ် ဒီအခြေခံအရင်းအမြစ်နှစ်ခုက ခုနကလေဆင်နှာမောင်းနဲ့ကြုံထားရတဲ့ကျွန်းတွေမှာလည်း ကင်းမဲ့မနေဘူးလေ။”

“ဟုတ်တယ်။ မင်းကတခြားလူတွေရဲ့ကျွန်းတည်နေရာကို သိချင်နေတာလို့ ငါသံသယရှိတယ်။”

“အဲ့လောက်အမှောင်ဖုံးနေတာမကောင်းဘူးနော်။ အဲ့လောက်ထိကြီးကျယ်နေရင ကျုပ်မထောက်ပံ့တော့ဘူး။”

ရှောင်းယီသည် ဂရုထဲရှိစကားများကိုကြည့်ကာ ခေါင်းခါလိုက်မိသည်။ ဤလူများ၏ ကြေကွဲဖွယ် အော်ဟစ်သံများကိုသာ ကြည့်၍မရပေ။ သူတို့သည် သူတို့၏အဓိကပစ္စည်းများကို ကျိန်း‌သေပေါက် ချန်ထားကြမည်ဖြစ်ပြီး သူတို့၏ရှင်သန်မှုကိုလုံးဝထိခိုက်စေမည်မဟုတ်‌ချေ။

ကျန်းယွင်ထျန်းသည် ညစာစားချိန်မတိုင်မီ ပြန်ရောက်လာခဲ့ပြီး သူသည် စွန်းယောင်ဘက်ရှိ အခြေအနေများကို ရှောင်းယီအား ချက်ချင်းအစီရင်ခံခဲ့သည်။

“ချီမျိုးနွယ်စုနဲ့ဆိုရင် စွန်းယောင်ရဲ့ ကျွန်းလုံခြုံရေးကို အချိန်တိုအတွင့် စိုးရိမ်စရာမလိုတော့ပါဘူး။”

ကျန်းယွင်ထျန်းက နောက်ဆုံးအနေဖြင့် ပြောလိုက်သည်။ ရှောင်းယီ ခေါင်းညိတ်လိုက်၏။

“အင်း မှော်ဆရာချီပြန်တဲ့အချိန်ကျရင် လူနည်းနည်းလောက်ထပ်သွားခေါ်ပြီး သူတို့မျိုးနွယ်စုရဲ့ကျွန်းမှာ ထူးခြားတဲ့အရာတွေရှိမရှိ လိုက်သွားကြည့်ရမယ်။”

“အင်း ငါလည်း သူ့ကိုပြောထားတယ်။ သူ့မှာပြန်သွားဖို့အစီအစဉ်ရှိရင် မင်းဆီကို အစီရင်ခံဖို့လိုတယ်လို့။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ထိုအချိန်တွင် လီယန်သည် လုပင်းအာကိုခေါ်ဆောင်ကာ သူတို့ဆီသို့ရောက်လာ၏။

“ကျွန်းပိုင်ရှင် ရှင်ဘယ်လိုထင်လဲ။ ကျွန်မတို့ လက်ရှိမှာ ဒီအဆင့်လောက်ပဲ လုပ်နိုင်သေးတယ်။”

အန်းရန်ကိုယ်တိုင် သူမ၏လက်ချောင်းများဖြင့် ရေးဆွဲထားသော နဂါးပုံသဏ္ဍာန်လိုဂိုကို ချုပ်လုပ်ပြီးသွားပြီဖြစ်သည်။

သို့သော် နှစ်ယောက်လုံးက ပန်းထိုးခြင်းအတတ်ကို မသိကြပေ။ ထို့ကြောင့် နည်းနည်းချင်း စမ်းကြည့်ရုံသာ တတ်နိုင်ခဲ့သည်။

ထို့ကြောင့် အပြီးသတ်ထုတ်ကုန်သည် အထူးကောင်းမွန်ခြင်းမရှိသော်လည်း ရှန်းလုံ၏သင်္ကေကို အခြေခံအားဖြင့် မြင်နိုင်ပေသည်။

“အင်း လောလောဆယ်အတွက်တော့ ဒီတိုင်းပဲလုပါကြတာပေါ့။ နောက်မှ ပန်းထိုးတတ်တဲ့အမျိုးသမီးအလုပ်သမားတွေရှိ၊မရှိ ရှာကြည့်လိုက်မယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အကြီးစားအလံ နည်းနည်းလောက်ကို အရင်ပြထားလိုက်တာပေါ့။ ကျုပ်တို့ကျွန်းပေါ်က အရေးကြီးတဲ့အဆောက်အဦတွေနဲ့ သင်္ဘောအားလုံးမှာ ချိတ်ထားလိုက်ပါ။”

“ဟုတ်ကဲ့”

လီယန်က ပြန်ဖြေလိုက်သည်။

“ကျွန်းပိုင်ရှင် လုံဖေးဖုန့်ဝူက ဂရုထဲမှာ သေနတ်ကိုင်နဲ့ဒေသခံတွေတွေ့တယ်လို့ ပြောနေပါတယ်။”

ထိုစဉ် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ကြည့်နေသော ဆုဝမ် ရုတ်တရက်ပြောလိုက်၏။

ရှောင်းယီ ချက်ချင်းပင် သွားကြည့်လိုက်သည်။

“ကျွန်မတို့က လေဆင်နှာမောင်းနဲ့ကြုံခဲ့ရပြီးတော့ ပြန်ပြီးတည်ဆောက်နေတာ သူတို့ကို သတိမထားမိလိုက်ဘူး။ အဲ့ချိန်မှာ ဒေသခံတွေက ကျွန်မတို့ကျွန်းကို ချဉ်းကပ်လာနေပြီ။”

လုံဖေးဖုန့်ဝူက ပြောလိုက်သည်။

“ဒါက အရမ်းသနားစရာကောင်းတာပဲ။ ကျုပ်ဆီမှာက ညဘက်မိုးရွာရုံပဲ။ ဒီလိုကြည့်ရတာတော့ ကျုပ်ကံကောင်းသွားတယ်။”

“မင်းရဲ့ပတ်ဝန်းကျင်မှာ ဒေသခံသင်္ဘောတွေရှိ၊မရှိ မင်းမြန်မြန်ကြည့်သင့်တယ်။”

“ဆွေးနွေးမနေကြနဲ့တော့။ ကျုပ်တို့ လာပြီးကူညီနိုင်မလားဆိုတာ ကြည့်ကြဦး။

“မရဘူး...အရမ်းဝေးတယ်။ ကျုပ်တော့ မလုပ်နိုင်ဘူး။ ကျုပ်လည်း အခုလေးတင် လေဆင်နှာမောင်းအတိုက်ခံထားရတာ။”

“ဒီတစ်ခါ ဒေသခံတွေက အချိန်ကိုက်ရောက်လာတာပဲ။ လုံဖေးဖုန့်ဝူအတွက် ခဏလောက် တိတ်ဆိတ်ပေးရုံပဲ တတ်နိုင်တော့တယ်။”

ဖန်မင်လုံသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်ရှိ သတင်းများကိုကြည့်ကာ အနည်းငယ်ကူကယ်ရာမဲ့နေခဲ့သည်။

အမှန်တကယ် သူနှင့်နီးသောကျွန်းများသည် လေဆင်နှာမောင်းဒဏ်ခံထားကြရပြီး သူတို့ကိုယ်ပိုင်ကျွန်းရှိ ပြဿနာများကိုပင် မဖြေရှင်းရသေးပေ။ ထို့ကြောင့် မည်သို့ကိုယ်ကျိုးစွန့်၍ ကူညီနိုင်မည်နည်း။

ဖုန့်မင်လုံသည် သူ၏ဘေးရှိ ညီမဖြစ်သူ ဖန်ချင်းလွမ်ကိုကြည့်ကာ ပြောလိုက်၏။

“ငါတို့ကျွန်းကို စွန့်လွှတ်ရတော့မယ်ထင်တယ်။”

“အဆင်ပြေတယ်အစ်ကို။ ငါတို့သာ အတူတူရှိနေမယ်ဆိုရင် ဘယ်နေရာဖြစ်ဖြစ်ရတယ်။”

ဖန်ချင်းလွမ်က ပြန်ဖြေလိုက်လေသည်။

“အင်း”

ဖန်မင်လုံက လေးပင်စွာ ခေါင်းညိတ်လိုက်၏။

“ဒါဆို ဒီနေ့ရဲ့ရေတိုက်စားနိုင်မှုမပြီးခင် အခွင့်အရေးယူလိုက်မယ်။ အုတ်မြစ်ကျောက်တွေကို တစ်ခါတည်းပြန်ယူပြီး ကျွန်းကိုစွန့်ပစ်လိုက်ကြတာပေါ့။”

အခန်း ၄၄၆ - ဆန်းကြယ်သောလေးသမား ၊ ရှောင်းယီမှ လက်ကမ်းကူညီခြင်း

ပင်လယ်ရေတိုက်စားမှု မပြီးမြောက်သေးသော အချိန်တွင် အုတ်မြစ်ကျောက်များကို ပြန်လည်ရယူခြင်းဖြင့် ယနေ့တိုက်စားခံရမည့် အုတ်မြစ်ကျောက်တုံးအားလုံးကို ပြန်လည်ရယူနိုင်ပေသည်။

အစ်ကိုဖြစ်သူ ဖန်မင်လုံ၏စကားကို ကြားလိုက်ရသည့်အခါ ဖန်ချင်းလွမ်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီ။”

သူတို့နှစ်ယောက်သား အရေးကြီးသောပစ္စည်းများကို သူတို့၏လှေပေါ်သို့ ချက်ချင်းပင် ပြောင်းရွှေ့လိုက်ကြ၏။ သူတို့သည် ထိုဒေသခံသင်္ဘောကို နောက်ကျမှ တွေ့ရှိခဲ့ရခြင်းဖြစ်သော်လည်း သူတို့ကျွန်းနှင့် အတော်အတန် ဝေးကွာနေဆဲပင်။

မိနစ် ၃၀ ခန့်အလိုတွင် ဖန်မင်လုံတို့နှစ်ယောက်သည် သူတို့၏ပစ္စည်းများကို အလွန်မြန်ဆန်စွာ ပြောင်းရွှေ့ခဲ့ပြီးဖြစ်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ချက်ချင်းပင် ရွှေ့ပြောင်းလိုက်၏။

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အလတ်စားရွက်သင်္ဘောသို့ပြောင်းရွှေ့ပြီး အုတ်မြစ်ကျောက်များ ပြန်လည်ရယူမည်မှာ သေချာပါသလား။”

“သေချာတယ်။”

ဖန်မင်လုံက ပြန်ဖြေလိုက်သည်။

“ပြောင်းရွှေ့မှုအောင်မြင်ပါသည်။ ကျေးဇူးပြုပြီး သုံးမိနစ်အတွင်း ကျွန်းမှထွက်ခွာပါ။”

ဖန်မင်လုံနှင့် ဖ်ချင်းလွမ်တို့သည် ချက်ချင်းပင် အလတ်စားရွက်သင်္ဘောပေါ်တက်လိုက်၏။ ထို့နောက် သင်္ဘောလမ်းကြောင်းအတိုင်း အနောက်ဘက်သို့ ဦးတည်သွားလိုက်သည်။

နောက်ကွယ်မှဘတိုက်ခိုက်ရန်ရောက်လာကြသော ဒေသခံများသည် ဖန်မင်လုံ၏လှုပ်ရှားမှုများကို အလျင်အမြန်ပင် ရှာဖွေတွေ့ရှိသွားခဲ့ကြလေသည်။ သူတို့သည် ပျောက်ကွယ်မသွားသေးသောကျွန်းကို လုံးဝလျစ်လျူရှုပြီး သူတို့ကိုသာ တိုက်ရိုက်လိုက်လံဖမ်းဆီးကြတော့သည်။

“အစ်ကို သူတို့ ငါတို့ကိုတွေ့သွားပြီ။ ငါတို့လှေက သူတို့သင်္ဘောကြီးကို မယှဥ်နိုင်ဘူး။”

ဖန်ချင်းလွမ်က မျက်မှောင်ကျုံ့လိုက်၏။

“တွေ့သွားပြီဆိုရင်တော့ အသေခံတိုက်ရုံပဲပေါ့။”

ဖန်မင်လုံသည် ထိုသို့ပြောပြီးသည်နှင့် သုံးချက်ပစ်လောက်လွှဲစင်ကို သင်္ဘောကြမ်းပြင်ပေါ်တင်ကာ သူတို့ကိုလိုက်လံဖမ်းဆီးနေသော ဒေသခံရွက်သင်္ဘောဆီသို့ ပစ်လွှတ်လိုက်လေတော့သည်။

ဝှစ်ရှ် ဝှစ်ရှ် ဝှစ်ရှ်

မီးဘောလုံးသုံးလုံးသည် ချက်ချင်းပင် ပျံသန်းထွက်သွား၏။ ထိုအချိန်တွင် ဒေသခံသင်္ဘောဆီမှ ရုတ်တရက် မြားသုံးစင်း ပျံထွက်လာခဲ့သည်။

ဒင် ဒင် ဒင်

မြားသုံးစင်းသည် မီးဘောလုံးသုံးလုံးကို တိကျစွာ ထိမှန်သွားခဲ့သည်။

ထို့နောက် နောက်ထပ်မြားသုံးစင်း ထပ်မံ၍ ထွက်ပေါ်လာပြန်၏။

ဤအကြိမ်တွင် မီးဘောလုံး၏လမ်းကြောင်းမှာ လုံးဝပြောင်းလဲသွားလေတော့သည်။

ဖုတ်!

မီးဘောလုံးသည် မြားဖြင့်တံစို့ထိုးခံလိုက်ရပြီး ပင်လယ်ထဲသို့ ပြုတ်ကျသွားလေသည်။

“ဘာ! ဒါ မဖြစ်နိုင်ဘူး။”

ဖန်မင်လုံသည် ထိုမြင်ကွင်းကိုစိုက်ကြည့်ရင်း မယုံကြည်နိုင်စွာပြောလိုက်၏။

ဖန်ချင်းလွမ်သည်လည်း ဒုံးကျည်တစ်စင်းဖြင့် ပစ်ခတ်လိုက်ပြီး ဒေသခံသင်္ဘောဆီမှ သစ်သားမြားတစ်စင်း ထပ်မံပျံသန်းထွက်လာကာ သူမ၏ဒုံးကျည်ကို လမ်းကြောင်းလွဲသွားစေခဲ့ပြန်သည်။

“ဟမ့်! သူတို့သင်္ဘောပေါ်ကလူတွေအကုန်လုံး ကျွမ်းကျင်လေးသမားတွေဆိုတာ ငါမယုံဘူး။ စောင့်နေစမ်း။ မင်း ငါနဲ့အတူတူလိုက်ပစ်။”

ဖန်မင်လုံက အသံနက်ကြီးဖြင့် ပြောလိုက်၏။

“ကောင်းပြီ”

ဖန်ချင်းလွမ်ကညတုံ့ပြန်လိုက်သည်။

ဖန်မင်လုံသည် မီးဘောလုံးကို ထပ်မံတပ်ဆင်လိုက်ပြီးသည့်အချိန်ထိစောင့်ပြီးနောက် ဖန်ချင်းလွမ်အား ပစ်ခတ်ရန် အချက်ပြလိုက်၏။

ဖန်ချင်းလွမ်သည် ချက်ချင်းပင် ကြိုးပေါ်တင်ထားသော ဒုံးကျည်ကိုပစ်လွှတ်လိုက်ပြီး တစ်ချိန်တည်းမှာပင် ဖန်မင်လုံသည်လည်း သုံးချက်ပစ်လောက်လွှဲကိုအသုံးပြုလိုက်လေသည်။

ဤအကြိမ်တွင် မီးဘောလုံးတစ်လုံးနှင့် ဒုံးကျည်တစ် ခုသာ လမ်းကြောင်းလွဲသွား၏။

ကျန်ရှိသော မီးဘောလုံးနှစ်လုံးသည် နောက်ဆုံးတွင် သူတို့သင်္ဘောကြီး၏ကြမ်းပြင်ပေါ်သို့ ကျရောက်သွားကာ ပေါက်ကွဲပြီး သင်္ဘောကြမ်းပြင်ကို မီးလောင်သွားစေခဲ့လေသည်။

သင်္ဘောပေါ်ရှိ ဒေသခံများသည် မီးများကိုငြှိမ်းသတ်ရန် အလျင်အမြန် စတင်လုပ်ဆောင်လိုက်ကြ၏။

ဖန်မင်လုံသည် သူ၏၏လက်ထဲရှိလက်နက်ကို ဒူးလေးကြီးဖြင့်အစားထိုးပြီး မီးသတ်ရန်အလုပ်ရှုပ်နေသော ဒေသခံများအား စတင်ပစ်ခတ်တော့လေသည်။

ဒူးလေးကြီး၏ မြားများသည် ထူထဲပြီးရှည်လျားကာ သာမန်မြားများဖြင့် ၎င်း၏ဦးတည်ချက်ကို ပြောင်းလဲရန်မှာ မလွယ်ကူပေ။

ထို့ကြောင့် သူတို့သည် ဒေသခံသင်္ဘောသည် မြားများဆက်တိုက်ပစ်လွှတ်မည့်အစား သူတို့သည် ထူထဲသောဒိုင်းများကိုသာ စီစဉ်ထားခဲ့ကြသည်။ သူတို့သည် ဤအတွက် ပြင်ဆင်ထားခဲ့ကြသည်မှာ သိသာပေ၏။

ဖန်မင်လုံ တိုက်ခိုက်နေစဉ်အတွင်း ဒေသခံသင်္ဘောကြီးများသည်လည်း ဖန်မင်လုံ၏သင်္ဘောဆီသို့ ဆက်လက်၍ ချဉ်းကပ်လာနေခဲသည်။

ထိုစဉ် ရုတ်တရက် ဒေသခံသင်္ဘောမှ သစ်သားမြားတစ်စင်းပျံသန်းထွက်လာကာ ဖန်မင်လုံ၏မျက်လုံးအိမ်သို့ တိုက်ရိုက်ဦးတည်လာခဲ့လေသည်။

“အစ်ကို သတိထား!”

ဖန်ချင်လွမ်က အော်ဟစ်လိုက်၏။

ထိုအော်သံကိုကြားလိုက်ရသောအခါ ဒေသခံသင်္ဘောပေါ်ရှိ လေးသမား၏လက်များ တုန်ယင်သွားခဲ့သည်။

ဖန်မင်လုံသည် ချက်ချင်းပင် ဒူးလေးကြီး၏နောက်သို့ ခေါင်းငုံ့လိုက်၏။

ဒုတ်!

သစ်သားမြားသည် သင်္ဘောခန်း၏ အရှေ့သို့ နက်ရှိုင်းစွာ နစ်ဝင်သွားခဲ့ပြီး မြှား၏အမြီးမှာမူ တုန်ရီနေဆဲပင်။

သင်္ဘောပေါ်ရှိ‌ ဒေသခံခေါင်းဆောင်သည် သူ၏လေးသမား ရပ်တန့်သွားသည်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် ထိုလူထံသို့သွားပြီး ဖန်မင်လုံ ၏လှေကိုညွှန်ပြကာ စကားစပြောလိုက်၏။

လေးသမားက အေးစက်စွာနှာခေါင်းရှုံ့လိုက်၏။ ထို့နောက် သူသည် ဆက်လက်ပစ်ခတ်လိုက်သော်လည်း သူ၏တိကျမှုမှာ သိသိသာသာ ကျဆင်းသွားခဲ့သည်။

တိကျစွာပြောရလျှင် ထိုလူသည် ဖန်မင်လုံကိုပစ်ခတ်ရန် ရည်ရွယ်ခြင်းမရှိခဲ့ပေ။

“မင်းဘာလုပ်နေတာလဲ။”

ဒေသခံခေါင်းဆောင်က ဒေါသတကြီးဟစ်အော်လိုက်၏။ သို့သော်လည်း သူသည် ဤလေးသမားကို ဘာမှမလုပ်နိုင်ဖြစ်နေခဲ့သည်။

ဒေသခံခေါင်းဆောင်သည် သူ၏လက်ကိုခါယမ်းကာ ထွက်သွားဖြစ်ပြီး အရှိန်မြှင့်ရန် အမိန့်ပေးလိုက်၏။ အလတ်စားရွက်သင်္ဘောကိုသာ ချဉ်းကပ်နိုင်မည်ဆိုပါက သင်္ဘောပေါ်ရှိလူနှစ်ယောက်ကို သေချာပေါက်ဖမ်းဆီးနိုင်မည်ဖြစ်သည်။

“အစ်ကို ရန်သူ့ဘက်က လေးသမားက တမင်သက်သက်လွှတ်‌ပေးနေသလိုပဲ။”

ဖန်ချင်းလွမ်က မသေချာမရေရာဟန်ဖြင့် ပြောလိုက်သည်။

ဖန်မင်လုံက ခေါင်းညိတ်လိုက်၏။

“အင်း အဲ့လိုပဲ ဖြစ်သင့်တယ်။ မင်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသွားပြီး အကူအညီတောင်းလိုက်ပါ။ ငါတို့ ပြေးလို့မလွတ်နိုင်သေးဘူး။ သူတို့သင်္ဘောကြီးက ငါတို့ထက်ပိုမြန်တယ်။”

ဖန်ချင်းလွမ်သည် ချက်ချင်းပင် သင်္ဘောခန်းထဲသို့ဝင်သွားကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် ပြောလိုက်၏။

“ကျွန်မိတို့ကျွန်းကို စွန့်ပစ်ခဲ့ပြီးပြီ။ ဒါပေမယ့်ဒေသခံတွေက ကျွန်မတို့ကိုလိုက်ဖမ်းနေတုန်းပဲ။ ကျွန်မတို့မှာရှိသမျှ အုတ်မြစ်ကျောက် ၁၉၈ ခုအားလုံးကို ပေးပါမယ်။ ကျွန်မတို့ကို ကျေးဇူးပြုပြီး ကယ်ဆယ်ပေးဖို့ မျှော်လင့်ပါတယ်။”

“အုတ်မြစ်ကျောက် ၁၉၈...အဲ့လောက်တောင် များတယ်ပေါ့။ ငါလာကယ်ချင်တယ်။ မင်းတို့ အခုဘယ်မှာလဲ။”

“ကျွန်မတို့က အရှေ့- အနောက်သင်္ဘောလမ်းကြောင်းပေါ်မှာပါ။ ရန်သူက ကျွန်မတို့နဲ့ အရမ်းနီးနေပြီ။ နောက်ငါးမိနစ်အတွင်း ကျွန်မတို့ကို လိုက်မီလိမ့်မယ်လို့ ခန့်မှန်းရတယ်။”

“ငါးမိနစ်လား။ ဒါဆိုရင်တော့ ကယ်တင်တာက အချည်းနှီးပဲ။ ငါးမိနစ်အတွင်း တံခါးထဲတောင် ထွက်လို့ရဦးမှာမဟုတ်ဘူး။”

“ဟုတ်တယ်။ မင်းတို့သုံးဖို့ ငါ့ရဲ့သုံးချက်ပစ်လောက်လွှဲကိုတော့ ငှားပေးလို့ရတယ်။”

“ဒီလိုဆိုရင်တော့ လက်နက်တွေကိုပဲ ထောက်ပံ့ပေးနိုင်တော့မယ်။ ငါ့ရဲ့သုံးချက်ပစ်လောက်လွှဲကိုလည်း ငှားပေးလို့ရတယ်။”

ထို့နောက် ဖန်ချင်းလွမ်က ပြန်ဖြေလိုက်သည်။

“အဲ့ဒါက အသုံးမဝင်ဘူး။ ရန်သူ့သင်္ဘောပေါ်မှာ ဆန်းကြယ်တဲ့လေးသမားရှိတယ်။ သူက သစ်သားမြားနဲ့ ကျွန်အတို့မီးဘောလုံးရဲ့ဦးတည်ချက်ကို ပြောင်းပစ်နိုင်တယ်။ အကျိုးသက်ရောက်မှု သိပ်မရှိဘူး။ ပြီးတော့ အခုအကွာအဝေးက အရမ်းနီးနေပြီ။ သုံးချက်ပစ်လောက်လွှဲက အသက်သွင်းရတာ ခက်ခဲတယ်။”

“ဒါဆိုရင်တော့ နည်းလမ်းမရှိတော့ဘူး။ မင်းတို့ကံကောင်းဖို့ပဲ ဆုတောင်းရတော့မယ်။”

ဖန်ချင်းလွမ်၏မျက်လုံးများ အနည်းငယ်မှောင်မိုက်သွားပြီးနောက် သူမသည် အသက်ပြင်းပြင်းရှူထုတ်လိုက်မိသည်။

“ဒီဒီ! ယီရန်ပင်းက သင့်ကို သီးသန့်ကားပြောရန် တောင်းဆိုနေပါတယ်။ သဘောတူပါသလား။”

“သဘောတူတယ်။”

ဖန်ချင်းလွမ်၏မျက်လုံးများ ချက်ချင်းပင် တောက်ပသွားခဲ့သည်။

သူမသဘောတူလိုက်ပြီးနောက် ယီရန်ပင်းသည် လွှဲပြောင်းမှုတစ်ခုပေးပို့လိုက်သည်ကို သူမမြင်လိုက်ရလေသည်။

“[မြားမိုးလောင်ချာ] တစ်ဝက်နာရီအသုံးပြုခွင့် ၂၊ [ဝါးမြား] (B အဆင့်) ၂၀၀ - လဲလှယ်မှုမရှိပါ။”

“ကျေးဇူးတင်ပါတယ် သူဌေးကြီး။”

ဖန်ချင်းလွမ်က ချက်ချင်းပင် လဲလှယ်မှုကို သဘောတူလိုက်၏။ ထို့နောက် အုတ်မြစ်ကျောက် ၁၉၈ ခုလုံးကို ယီရန်ပင်းဆီသို့ လွှဲပြောင်းပေးလိုက်သည်။

ဝါးမြားများကို မြားမိုးလောင်ချာထဲသို့ ထည့်သွင်းထားပြီးဖြစ်၏။ ဖန်ချင်းလွမ်သည် မြားမိုးလောင်ချာနှစ်ခုကို ချက်ချင်းပင် သင်္ဘောကုန်းပတ်ပေါ်၌ နေရာချလိုက်သည်။

ဖန်မင်လုံသည် မြားမိုးလောင်ချာများ ရုတ်တရက် ထွက်ပေါ်လာသည်ကို မြင်လိုက်ရသောအခါ သူသည်အနည်းငယ်တုန်လှုပ်သွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သောစက်ပစ္စည်းမျိုးကို သူအရင်က မြင်ဖူးခဲ့ခြင်းမရှိသောကြောင့်ပင်။

ထိုစဉ် ဖန်ချင်းလွမ်သည် အပြင်ပြန်ထွက်လာကာ ပြောလိုက်၏။

“ဒါကမြားမိုးလောင်ချာပဲ။ သူတို့ ငါတို့သင်္ဘောပေါ်တက်ဖို့ ပြင်ဆင်တဲ့အခါကျရင် သုံးမယ်။”

“ကောင်းပြီ ခဏနေရင်သုံးဖို့အတွက် အမြဲတမ်းအဆင်သင့်ဖြစ်နေအောင်လုပ်ထား။”

ဖန်မင်လုံသည် ထိုသို့ပြောပြီးနောက် ကုန်ပတ်ပေါ်ရှိလူများကို တိုက်ခိုက်ရန် သူ၏ဒူးလေးကြီးကို ဆက်လက်အသုံးပြုလိုက်သည်။

အကျိုးသက်ရောက်မှုမှာ အလွန်သေးငယ်သော်လည်း ၎င်းကို အနှောင့်အယှက်ပေးခြင်းတစ်မျိုးအဖြစ် သတ်မှတ်၍ရပေသည်။

သူ မည်သို့ပင်အနှောင့်အယှက်ပေးနေစေကာမူ သင်္ဘောနှစ်စင်းကြားရှိ အကွာအဝေးသည် အလျင်အမြန် နီးကပ်လာနေဆဲပင်။

“လက်သည်းတွေသုံးပြီး သူတို့သင်္ဘောကိုဖမ်းလိုက်။”

ဒေသခံခေါင်းဆောင်က အော်ပြောလိုက်၏။

“ဟုတ်ကဲ့”

ဒေသခံသုံးယောက်သည် ချက်ချင်းပင် သတ္တုလက်သည်းတစ်ခုစီယူကာ ဖန်မင်လုံ၏လှေပေါ်သို့ ပစ်ချလိုက်လေသည်။

ထိုလက်သည်းများသည် လှေ၏လက်ရန်းကို ကပ်တွယ်ထားပြီး ဒေသခံအနည်းငယ်သည် ထိုလက်သည်းများနောက်ရှိ ကြိုးများကို စတင်ဆွဲယူလိုက်ကြသည်။

သူတို့၏လှုပ်ရှားမှုများကို မြင်လိုက်ရသောအခါ ဖန်မင်လုံသည် ချက်ချင်းပင် ဓားကြီးတစ်ချောင်းကိုင်ကာ သင်္ဘောဘေးသို့ပြေးသွားပြီး လက်သည်းသုံးခုနောက်ရှိကြိုးများကို ဖြတ်တောက်ရန်ကြိုးစားလိုက်လေသည်။

အခြားတစ်ဘက်တွင် လူပေါင်းများစွာမှ ဆွဲနေကြသောကြောင့် အလွန်ခိုင်မြဲစွာ ကပ်နေခဲ့ပြီး လက်သည်းများကို လုံးခွာမထုတ်နိုင်ဘဲ နောက်ကျောရှိကြိုးများကို ဖြတ်တောက်ပစ်ရန်သာ တတ်နိုင်ပေသည်။

မြားမိုးများကို ရှောင်ရှားရင်း သူသည် ကြိုးများကိုအရူးအမူး ခုတ်ဖြတ်နေသော်လည်း ကြိုးများသည်အလွန်ခိုင်ခံ့ပြီး ဆက်တိုက်ခုတ်ဖြတ်ပြီးနောက်တွင်မှာပင်လျှင် ထိုကြိုးများကို မဖြတ်တောက်နိုင်ခဲ့ပေ။

ထိုသတ္တုလက်သည်းများသည် ဖန်မင်လုံ၏သင်္ဘောကို အမိအရဖမ်းဆုပ်ကာ ပြင်းထန်စွာ ဆွဲယူသွားပြီး သင်္ဘောနှစ်စင်းမှာ ပိုပို၍နီးကပ်လာခဲ့လေသည်။

“အား”

ဖန်မင်လုံ ဟိန်းဟောက်လိုက်၏။ နောက်ဆုံးတွင် သူသည် ပထမဆုံးလက်သည်း၏ကြိုးကို ဖြတ်တောင်ပစ်လိုက်နိုင်၏။

“ဆွစ်”

ထိုစဉ် သူ၏ဘယ်လက်လက်မောင်းသို့ မြားတစ်စင်း ထိုးစိုက်မိသွားတော့လေသည်။

အခန်း ၄၄၇ - မြားမိုးရဲ့စွမ်းအားက ငါ့ကိုတုန်လှုပ်စေခဲ့တယ်။

ထိုတိုင်းရင်းသားများ၏တိကျမှု မည်မျှပင်သနာစစရာကောင်းလောက်အောင် ညံ့ဖျင်းစေကာမူ နောက်ဆုံးတွင် သူတို့ ထိအောင်ပစ်ခတ်နိုင်ခဲ့ပေသည်။

ဖန်မင်လုံသည် အသက်ပြင်းပြင်းရှူကာ ဒုတိယမြောက်လက်သည်းဆီသို့ ဆက်သွားလိုက်၏။

“အစ်ကို မသွားပါတော့နဲ့ ပြန်လာခဲ့။”

ဖန်ချင်းလွမ်က အော်ပြောလိုက်သည်။

ကျန်ရှိနေသောလက်သည်းနှစ်ခုကိုကြည့်ရင်း ဖန်မင်လုံသည် အားလုံးကိုဖြတ်တောက်ရန် သူ့တွင်အချိန်မရှိကြောင်းသိပေသည်။ ထို့ကြောင့် သူသည် သက်ပြင်းချကာ ဆုတ်ခွာရန်သာတတ်နိုင်ခဲ့ပေသည်။

ဖန်မင်လုံမှ ကြိုးများကိုဖြတ်တောက်ရန် လက်လျှော့လိုက်သည်ကို မြင်လိုက်ရသောအခါ ဒေသခံခေါင်းဆောင်သည် ပျော်ရွှင်စွာရယ်မောလိုက်ပြီး လေးသမားကိုကြည့်ကာ ပြောလိုက်၏။

“ကြည့်စမ်း မင်းမပါဘူးဆိုရင် အဲ့ဒီလူနှစ်ယောက်ကို ငါတို့ဖမ်းနိုင်တယ်ကွ။”

သင်္ဘောနှစ်စင်းကြားရှိ အကွာအဝေးသည် ၂ မီတာခန့်သာရှိပြီး ဒေသခံခေါင်းဆောင်က ချက်ချင်းပင် အမိန့်ပေးလိုက်သည်။

“သွား အဲ့နှစ်ယောက်ကိုဖမ်းလာခဲ့။”

ထို့နောက် ဒေသခံသင်္ဘောပေါ်ရှိလူများသည် ချက်ချင်းပင် ဖန်မင်လုံ၏သင်္ဘောဆီသို့ ပြေးသွားကြတော့သည်။

သူတို့၏လူဦးရေမှာအလွန်များပြားလှသောကြောင့် ဖန်မင်လုံသည် သူတို့ထဲက တစ်ယောက်နှစ်ယောက်ကို သတ်နိုင်သည့်တိုင် သူတို့သည် အောင်မြင်စွာချဉ်းကပ်လာနိုင်ဆဲပင်။

ဤသည်မှာ အသက်ရှင်ကျန်ရစ်သူများ၏ကျွန်းများကို ကြိမ်ဖန်များစွာတိုက်ခိုက်ပြီးနောက် သူတို့၏အတွေ့အကြုံဖြစ်ပေသည်။ ထို့ကြောင့် သူတို့အားလုံး အလွန်စိတ်လှုပ်ရှားနေခဲ့ကြသည်။

လေးသမား၏ခြေလှမ်းများမှာမူ အနည်းငယ်တုံ့ဆိုင်းနေခဲ့သည်။ သူသည် ဒိုင်းများကိုင်ဆောင်ထားသည့် ပြေးထွက်မသွားသေးသော ဒေသခံများလိုက်၏။ လေးသမားသည် ချက်ချင်းပင် သူ၏သင်္ဘောပေါ်ရှိ ဒိုင်းများဆီသို့ပြေးသွားကာ ထိုဒိုင်းများအားလုံးကို ပင်လယ်ထဲသို့ တိုက်ရိုက်ပစ်ချလိုက်လေသည်။

အနောက်ဘက်မှ ဆူညံသံများကို ကြားလိုက်ရသောအခါ ဒေသခံခေါင်းဆောင်သည် ချက်ချင်းပင် ခေါင်းလှည့်ကြည့်လိုက်ပြီး လေးသမား၏လှုပ်ရှားမှုများကို မြင်လိုက်ရပြီးနောက် အော်ဟစ်လိုက်၏။

“မင်းဘာလုပ်တာလဲကွ။”

သို့သော် နတ်ဘုရားလေးသမားသည် သူ့ကို လုံးဝဂရုမစိုက်ဘဲ သူ၏ခြေဖျားကို အနည်းငယ်ဖိနင်းကာ ဒေသခံသင်္ဘောပေါ်မှ ဖန်မင်လုံ၏သင်္ဘောပေါ်သို့ တိုက်ရိုက်ခုန်တက်လိုက်လေတော့သည်။

“ဟမ့်! မင်း အဲ့ဒီလူနှစ်ယောက်ကိုဖမ်းဖို့ ကူညီပေးမယ်ဆိုရင်တောင် ငါဒီအမှန်တရားကို မှော်ဆရာဆီ အစီရင်ခံပြီး မင်းကိုအပြစ်ပေးခိုင်းမယ်။”

ဒေသခံခေါင်းဆောင်သည် လေးသမားကိုကြည့်ကာ အော်ဟစ်လိုက်၏။

သူသည် ဖန်မင်လုံ၏သင်္ဘောပေါ်သို့ လူအုပ်ကြီးနှင့်အတူလိုက်၍ ကုန်းပတ်ပေါ်မှမတက်ဘဲ သင်္ဘောပဲ့ပိုင်းကို ကွေ့ပတ်၍သွားခဲ့သည်။

ထိုအချိန်တွင် ဖန်မင်လုံသည် သင်္ဘောပဲ့ပိုင်းမှ လူတစ်ဦး ထွက်လာမည်ဟု လုံးလုံးလျစ်လျူရှုထားခဲ့ရပြီး သူ၏ဒူးလေးကြီးကို ပြေးဝင်လာသော ဒေသခံများအား တိုက်ခိုက်ရန်သာ အသုံးပြုနိုင်ပေသည်။

သူသည် လူအနည်းငယ်ကို ဒဏ်ရာရစေနိုင်ခဲ့သော်လည်း ထိုဒေသခံများအားလုံး၏ တိုက်ခိုက်မှုများကိုမူ မတားဆီးနိုင်ခဲ့ပေ။

ဖန်မင်လုံသည် ဒေသခဎအားလုံးနီးပါး ကုန်းပတ်ပေါ်သို့ ပြေးဝင်လာသည်ကိုကြည့်ရင်း ရုတ်တရက်အော်ဟစ်လိုက်၏။

“ပစ်”

ဖန်ချင်းလွမ်သည် ချက်ချင်း မြားမိုးလောင်ချာကိုအသုံးပြုလိုက်တော့လေသည်။

B-အဆင့် ဝါးမြားတစ်ရာသည် ချက်ချင်းပင် ပျံထွက်သွားပြီး ဒေသခံများဆီသို့ အလွန်လျင်မြန်စွာ ပြေးဝင်သွား၏။

ပစ်လွှတ်လိုက်သော ဝါးမြားများသည် ပိုက်ကွန်တစ်ခုကဲ့သို့ ပြောင်းလဲသွားပြီး ကုန်းပတ်တစ်ခုလုံးကို လုံးဝဖုံးအုပ်လိုက်လေတော့သည်။

မည်သူမျှ မလွတ်မြောက်ခဲ့ပေ။

ဝှစ်ရှ် ဝှစ်ရှ် ဝှစ်ရှ်

ထိုဝါးမြားများကို လောင်ချာမှ အရှိန်မြှင့်တင်ပေးထားပြီး သူတို့၏ထိုးဖောက်နိုင်စွမ်းမှာ ပိုပို၍ ကောင်းမွန်လာခဲ့သည်။ ဝါးမြားတစ်စင်းသည် အနည်းဆုံးလူလေးယောက်ကို ထိုးဖောက်သွားနိုင်သည်။

ပြေးဝင်လာသော ထိုဒေသခံများသည် လုံးဝမတုံ့ပြန်နိုင်ဘဲ သူတို့၏ကိုယ်ခန္ဓာများကို ထိုးဖောက်ဝင်ရောက်ကာ သေဆုံးသွားကြတော့သည်။

ဝါးမြားအချို့သည် ဒေသခံသင်္ဘောပေါ်သို့ပင် ရောက်ရှိသွားသေး၏။

ကံကောင်းထောက်မစွာပင် ဒေသခံခေါင်းဆောင်သည် အလျင်အမြန်ပုန်းလိုက်နိုင်၏။ မဟုတ်ပါက သူသည်လည်း လွတ်မြောက်နိုင်မည်မဟုတ်ပေ။

အရှေ့ဘက်ကုန်းပတ်ပေါ်ရှိ ဒေသခံအလောင်းများကိုကြည့်ရင်း ဖန်မင်လုံနှင့် ဖန်ချင်းလွမ်တို့ နှစ်ယောက်စလုံး တံတွေးများကို ခက်ခက်ခဲခဲ မျိုချလိုက်ကြရ၏။

မြားမိုးလောင်ချာတစ်လုံးတည်းဖြင့် ပြေးဝင်လာသော ဒေသခံအားလုံးကို လုံးဝဖြေရှင်းပစ်လိုက်ခြင်းဖြစ်သည်။

ပဲ့ပိုင်းကိုပတ်ပြီးရောက်လညသော လေးသမားသည်ပင် ကုန်းပတ်ပေါ်ရှိမြင်ကွင်းကို ထိတ်လန့်တုန်လှုပ်စွာ ကြည့်ရှုနေခဲ့မိသည်။

“မင်း...”

“မြန်မြန် အဲဒီလက်သည်းနဲ့ကြိုးတွေကိုဖြတ်ပစ်လိုက်။”

နတ်ဘုရားလေးသမားသည် ရုတ်တရက် စကားပြောလိုက်၏။

သူမက အမျိုးသမီးတစ်ယောက်ပင်။ ထို့ပြင် ရှားဘာသာစကားကိုလည်း ကြည်လင်ရှင်းလင်းပြီး ကျွမ်းကျင်စွာ ပြောနေခဲ့သည်။

ဖန်မင်လုံ တုန်လှုပ်သွားခဲ့၏။

“ကြောင်ကြည့်မနေနဲ့။”

နတ်ဘုရားလေးသမားက အော်ဟစ်လိုက်သည်။ ထို့နောက် သူမသည် လက်သည်းတစ်ခုဆီသို့ ချက်ချင်းပြေးသွားပြီး လက်သည်းဖြင့် ကုတ်တွယ်ထားသော သင်္ဘောလက်ရန်းကို ခြေထောက်ဖြင့် ကန်ထုတ်လိုက်၏။

လက်သည်းသည် သဘာဝအတိုင်း ပြုတ်ကျသွားခဲ့သည်။

ဖန်မင်လုံသည် ချက်ချင်းပင် နောက်ဆုံးလက်သည်းဆီသို့ ပြေးသွားကာ သူ၏လက်ထဲရှိဓားကြီးဖြင့် လက်သည်းကို ခွာထုတ်ပစ်လိုက်သည်။ ယခုအခါ ဒေသခံများသည် ပြင်းပြင်းထန်ထန် မဆွဲသောကြောင့် ၎င်းသည်လည်း ခိုင်မြဲစွာကုတ်တွယ်မထားနိုင်တော့ပေ။

ထိုအချိန်တွင် ဒေသခံခေါင်းဆောင်သည် နောက်ဆုံးတွင် ပြန်လည်တုံ့ပြန်နိုင်ခဲ့ပြီး သူသည် ချက်ချင်းပင် သင်္ဘောခန်းအတွင်း၌ ဝင်ပုန်းလိုက်၏။

ဖန်မင်လုံ၏သင်္ဘောပေါ်တွင် ထိုကဲ့သို့သောတိုက်ခိုက်ရေးလက်နက်မျိုးရှိလိမ့်ဦးမည်ဟာ သူထင်ထားခဲ့ပေ။

ဒေသခံခေါင်းဆောင် သင်္ဘောခန်းထဲသို့ ပြေးဝင်သည်ကို မြင်လိုက်ရသည့်အခါ နတ်ဘုရားလေးသမားသည် ချက်ချင်းပင် အော်ပြောလိုက်၏။

“မြန်မြန် ငါ့ကိုသတိလစ်အောင်လုပ်လိုက်။”

ဖန်မင်လုံ ထပ်မံကြောင်အသွားခဲ့သည်။

“ယောက်ျားတစ်ယောက်ဖြစ်ပြီး ဘာလို့အဲ့လောက်တောင် ထိုင်းမှိုင်းနေတာလဲ။ မြန်မြန်လုပ် ရှင့်မှာရှိသမျှခွန်းအားအားလုံးနဲ့ ဒီနေရာကိုတိုက်စမ်းပါ။ ကျွန်မကိုသတိလစ်အောင်လုပ်ပြီးရင် အခုချက်ချင်း ရှင်သတ်မှတ်ထားတဲ့ သင်္ဘောလမ်းကြောင်းအတိုင်းထွက်ပြေးတော့။ ကျွန်မကို ကြိုးတုတ်ထားဖို့လည်း မမေ့နဲ့။”

လေးသမားသည် သူ၏လည်ပင်းဘေးကို ညွှန်ပြကာအော်ဟစ်လိုက်၏။

ဖန်မင်လုံ သည်ချက်ချင်းပင် ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် လေးသမား၏လည်ပင်းကိုသူ၏လက်သီးဖြင့် ထိုးနှက်လိုက်၏။ လေးသမားသည် သူလိုချင်သည့်အတိုင်း သတိလစ်သွားတော့လေသည်။

“ညီမလေး အမြန်ပြေးတော့။”

ဖန်မင်လုံက အော်ဟစ်လိုက်၏။

ဖန်ချင်းလွမ်သည် ချက်ချင်းပင် သင်္ဘောကို ဆက်မောင်းပြီး သင်္ဘောလမ်းကြောင်းအတိုင်း အနောက်ဘက်သို့ ရွက်လွှင့်တော့လေသည်။

မြားမိုးလောင်ချာသည် ဒေသခံခေါင်းဆောင်ကို အလွန်ထိတ်လန့်စေခဲ့ပြီး တစ်ချိန်တည်းမှာပင် ဒေသခံများစွာကို သတ်ပစ်ခဲ့ပေသည်။

အချိန်တစ်ုအထိ ဒေသခံသင်္ဘောသည် သူတို့နောက်သို့ လိုက်လံဖမ်းဆီးခြင်းပင် မပြုတော့ပေ။

ဒေသခံခေါင်းဆောင်သည် ဖန်မင်လုံတို့အဖွဲ့မဇ ဆက်လက်တိုက်ခိုက်ခြင်းမရှိကြောင်း တွေ့ရှိလိုက်ရသောအခါ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ သူသည် သတိထား၍ သူ၏ခေါင်းကို အပြင်ထုတ်ကာ သင်္ဘောခန်း၏ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်သည်။ ထိုအခါ ဖန်မင်လုံသည် အနောက်ဘက်သို့ ထွက်ပြေးသွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရတော့လေသည်။

“သူတို့ရဲ့လက်နက်က တစ်ကြိမ်ပဲပစ်လို့ရတာများလား။”

ဒေသခံခေါင်းဆောင်က ထိုသို့ တွေးလိုက်မိ၏။ ထို့နောက် သူသည် ချက်ချင်းပင် အမိန့်ပေးလိုက်တော့သည်။

“ဆက်လိုက်”

“ဟုတ်ကဲ့”

သင်္ဘောပေါ်ရှိ ကျန်ဒေသခံများသည် အလွန်အမင်း ထိတ်လန့်ကြောက်ရွံ့နေကြသော်လည်း ခေါင်းဆောင်ဘာပြောပြောကို မျက်စိစုံမှိတ်ကာ နာခံရမည်ဖြစ်ပြီး သူတို့မသွားရဲလျှင်ပင် သွားရမည်ဖြစ်သည်။

ဖန်မင်လုံ လေးသမားကို သင်္ဘောခန်းထဲသို့ ဆွဲသွင်းပြီး သူမယခင်ကပြောထားသည့်အတိုင်း ကြိုးတုတ်ထားလိုက်သည်။

“အစ်ကို သူတို့ လိုက်ဖမ်းနေတုန်းပဲ။”

ဖန်ချင်းလွမ်က ပြောလိုက်သည်။

“ခုနက မြားမိုးလောင်ချာတစ်လုံးတည်းသုံးခဲ့တာမလား။”

ဖန်မက်လုံက ပြောသည်။ ဖန်ချင်းလွမ်က ခေါင်းညိတ်ပြလိုက်သည်။

“ဒါဆို သူတို့ကို လုံးဝကြောက်သေးပန်းသွားအောင် လုပ်ပစ်လိုက်မယ်။”

ထိုသို့ပြောရင်းဖြင့် ဖန်မင်လုံသည် ကုန်းပတ်ပေါ်သို့တက်သွားကာ ချဉ်းကပ်လာသောသင်္ဘောဆီသို့ မြားမိုးလင်ချဖြင့် ချိန်လိုက်လေသည်။

ထိုအချိန်တွင် ဒေသခံခေါင်းဆောင်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် မှော်ဆရာနှင့် ဆက်သွယ်နေခဲ့သည်။

“မျှော်ဆရာ နတ်ဘုရားလေးသမားက ပုန်ကန်သွားပြီ။”

ဒေသခံခေါင်းဆောင်က ပြောလိုက်၏။

“ဘာ! မဖြစ်နိုင်ဘူး။ သူ အရင်က နာခံနေခဲ့တာပဲမဟုတ်ဘူးလား။”

မှော်ဆရာက အံ့အားသင့်စွာ ပြောလိုက်သည်။

“ကျွန်တော်မျိုးလည်းမသိပါဘူး။ နတ်ဘုရားလေးသမားက တကယ်ပဲ အဲ့ဒီအပြင်ကလူတွေကို ကူညီနေတယ်။”

ခေါင်းဆောင်သည်လည်း အနည်းငယ်ရှုပ်ထွေးနေခဲ့သည်။

ယခင်က အပြင်လူများ၏ကျွန်းများကို တိုက်ခဲ့စဉ်က လေးသမားသည် အခြေခံအားဖြင့် လည်ချောင်းကိုမြားတစ်ချက်တစ်ဖြင့် ပိတ်ပစ်ခဲ့၏။ သို့သော်လည်း ဤတစ်ကြိမ်တွင်မူ သူမသည် ထိုအသက်ရှင်ကျန်ရစ်သူနှစ်ယောက်ကို ကူညီချင်နေသည်မှာ ရှင်းနေပေသည်။

“ငါစာချုပ်စွမ်းအားကိုသုံးပြီး သူမကိုထိန်းချုပ်လိုက်မယ်။”

မှော်ဆရာက ပြောလိုက်သည်။

“ဒါ အရမ်းကောင်းတယ်။ နတ်ဘုရားလေးသမားက အခု ရန်သူ့သင်္ဘောပေါ်မှာ ရှိနေတတာပဲ။”

ထိုခေါင်းဆောင်က ပျော်ရွှင်စွာ ပြောလိုက်၏။

မှော်ဆရာသည် စာချုပ်စွမ်းအားကို အသုံးပြုလိုက်သောအခါ တုံ့ပြန်မှုမရှိကြောင်း တွေ့ရှိလိုက်ရပြီး မျက်မှောင်လိုက်သည်။

“သူမသတိလစ်နေတာဖြစ်သင့်တယ်။ မင်းလိုက်သွားပြီး သူမကိုကယ်တင်လိုက်။”

“ဟုတ်ကဲ့။”

ခေါင်းဆောင်သည် အနည်းငယ် မကျေမနပ်ဖြစ်သွားသော်လည်း မှော်ဆရာသည် ထိုလေးသမားကိုအမှန်တကယ်တန်ဖိုးထားပုံပြီး သူသည် ကန့်ကွက်ရန် မဝံ့ရဲပေ။

စတင်ချိန်မှာ နောက်ကျနေပြီဖြစ်သော်လည်း အဆုံးတွင် ဒေသခံသင်္ဘောမှာ အလွန်လျင်မြန်နေဆဲပင်။

မကြာမီ သင်္ဘောနှစ်စင်းသည် တစ်ဖန်နီးကပ်လာခဲ့ပြန်သည်။

ထိုဒေသခံများသည် သူတို့၏နည်းလမ်းအဟောင်းကိုပြန်လည်အသုံးပြုလိုခဲ့ကြသည်။ သူတို့သည် ဖန်မင်လုံ၏သင်္ဘောကို သတ္တုလက်သည်းများဖြင့်ကုတ်ဆွဲကာ ၎င်းကိုပြန်လည်ဆွဲယူပြီး သင်္ဘောနှစ်စင်းကြားရှိ အကွာအဝေးကို ချုံ့ပစ်လိုခဲ့ကြသည်။

ဤတစ်ကြိမ်တွင် ဖန်မင်လုံသည် သူတို့အား ထိုသို့ပြုလုပ်ရန် အခွင့်အရေးမပေးတော့ဘဲ ဒေသခံသင်္ဘောဆီသို့ မြားမိုးလောင်ချာတစ်ခုဖြင့် တိုက်ရိုက်ပစ်လွှတ်လိုက်တော့လေသည်။

ဝှစ်ရှ် ဝှစ်ရှ် ဝှစ်ရှ်

ဝါးမြားပေါင်းအချောင်းတစ်ရာသည် ထပ်မံပျံထွက်လာ၏။ သင်္ဘောပေါ်ရှိ ဒိုင်းများအားလုံးကိုလည်း လေးသမားက ပင်လယ်ထဲသို့ ပစ်ချထားခဲ့ပြီဖြစ်သည်။

ထို့ကြောင့် ကုန်းပတ်ပေါ်တွင်ရပ်နေသော ဒေသခံများသည် ချက်ချင်းပင် အမှိုက်များကဲ့သို့ ပစ်ချခံလိုက်ရကာ သူတို့၏ကိုယ်ခန္ဓာများ၌ ဒဏ်ရာများစွာ ရရှိသွားကြတော့သည်။

အဓိကနေရာကို ထိမှန်ခံခဲ့ရသူများမှာ တစ်ခါတည်းသေဆုံးသွားခဲ့ကြပြီး အဓိကနေရာကို ထိမှန်မခံခဲ့ရသည့် ဒေသခံများသည်မူ ကုန်းပတ်ပေါ်တွင်လဲလျောင်းကာ နာကျင်စွာအော်ဟစ်နေကြရလေသည်။

ခေါင်းဆောင်သည် လုံးဝတုန်လှုပ်ခြောက်ခြားသွား၏။ ထို့နောက် သူသည် ချက်ချင်းပင် အော်ဟစ်လိုက်၏။

“ဆက်မသွားတော့နဲ့။”

All Chapters