← Chapters

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အခန်း (၄၄၈-၄၅၀)

Vol. 30 Ch. 448-450

အခန်း ၄၄၈ - ထပ်မံ၍ အကူအညီတောင်းခံခြင်း၊ ပြဿနာတက်ခြင်း

မူလက ဖန်မင်လုံ၏လှေပေါ်ရှိ မြားမိုးများကုန်သွားပြီဟုထင်သောကြောင့် ဒေသခံခေါင်းဆောင်သည် လိုက်လံဖမ်းဆီးရဲခဲ့ခြင်းဖြစ်သည်။

မျှော်လင့်မထားသည်မှာ ဖန်မင်လုံ၏သင်္ဘောမှာ မြားမိုးများကို ဆက်၍ပစ်လွှတ်နိုင်ဆဲကိုပင်။

ဤတစ်ကြိမ်တွင်မူ ဒေသခံခေါင်းဆောင်သည် အလွန်အမင်း ကြောက်လန့်သွားခဲ့ပြီဖြစ်သည်။ ဒေသခံခေါင်းဆောင်သည် သာမန်ဒေသခံထက် ပိုမိုအားကောင်းရုံသာရှိပြီး တုတ်ပြီး၊ ဓားပြီးနေခြင်းမျိုးမဟုတ်ပေ။

ဝါးမြား၏စွမ်းအားကို မြင်လိုက်ရသည့်အခါ သူသည် သင်္ဘောခန်းအတွင်းသို့ ထပ်မံဝင်ပုန်းလိုက်ပြီး ခေါင်းပင်မထုတ်ရဲတော့ပေ။

“မှော်ဆရာ ရန်သူ့ဘက်မှာ အရမ်းစွမ်းအားကြီးတဲ့လက်နက်တွေရှိတယ်။ လေးသမားသာမရှိရင် ကျုပ်တို့ လုံးဝအနားမကပ်နိုင်ဘူး။”

ခေါင်းဆောင်သည် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှတစ်ဆင့် မှော်ဆရာဆရာထံသို့ အစီရင်ခံလိုက်သည်။

မှော်ဆရာသည် မျက်မှော်ကြုံ့သွားကာ မေးလိုက်၏။

“ဘယ်လိုစွမ်းအားကြီးတဲ့လက်နက်မျိုးက မင်းကိုအနမကပ်နိုင်အောင် လုပ်ထားတာလဲ။”

“ဒါက ရာနဲ့ချီတဲ့မြားတွေကို ချက်ချင်းပစ်လွှတ်နိုင်တဲ့လက်နက်တစ်ခုပါ။”

ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။

“ရာနဲ့ချီပြီးတော့လား။”

မှော်ဆရာက အံ့အားသင့်စွာမေးလိုက်၏။

“ဟုတ်ကဲ့...အဲ့ဒီလက်နက်က ပျားအုံတစ်ခုလိုပဲ။ အခု ကျုပ်တို့သင်္ဘောပေါ်မှာ အကြီးအကျယ် အသေအပျောက်များနေပြီ။ စွမ်းအားခန်းထဲကလူတွေပဲကျန်တော့တယ်။”

ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။

မှော်ဆရာသည် မျက်မှောင်ကြုံ့ကာ အနည်းငယ်စဉ်းစားလိုက်သည်။ သူသည် လေးသမားကို ပြန်လည်ဖမ်းဆီးလိုသော်လည်း ခေါင်းဆောင်ပြောသည့်စကားများကို ကြားလိုက်ရသည့်အခါ ဆက်၍လိုက်လံဖမ်းဆီးပါက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်နှင့် သင်္ဘောကြီးတစ်စင်း ဆုံးရှုံးသွားမည်ကို စိုးရိမ်သွားမိသည်။

“ဒါဆို မင်းဝေးဝေးကနေ လိုက်သွား။ အရမ်းမကပ်နဲ့။ လေးသမားကိုကယ်တင်ဖို့ အခွင့်အရေးရှိမရှိကြည့်နေ။”

မှော်ဆရာက ကူကယ်ရာမဲ့စွာ ပြောလိုက်၏။

“ဟုတ်ကဲ့”

ခေါင်းဆောင်ကချက်ချင်းတုံ့ပြန်လိုက်သည်။

သူ့ကို အနီးကပ်မတိုက်ခိုက်ခိုင်းဘဲ အနောက်ကလိုက်ရုံသာဆိုလျှင် လက်ခံနိုင်ဆဲပင်။

“အစ်ကို သူတို့လိုက်နေတုန်းပဲ။ ဒါပေမယ့် အနားလည်းမကပ်ရဲပုံပဲ။ အမြန်နှုန်း တော်တော်လေးလျော့သွားတယ်။”

ဖန်ချင်းလွမ်သည် သူတို့အနောက်ရှိသင်္ဘောကြီးကိုကြည့်ကာ ပြောလိုက်သည်။ ဖန်မင်လုံက ခေါင်းညိတ်ပြကာ မေးလိုက်၏။

“ဒီလက်နက်ကို ဘယ်သူငှားပေးခဲ့တာလဲ။”

မည်သူမျှ ဤကဲ့သို့ ခေတ်မီလက်နက်မျိုးကို သူတို့ထံသို့ တိုက်ရိုက်ရောင်းချမည်မဟုတ်ကြောင်း စဉ်းစားရန်ပင်မလိုပေ။

သင့်ကျွန်း၏လုံခြုံရေးနှင့်သက်ဆိုင်သော ဤအရေးကြီးလက်နက်ကို သင့်အတွက်သာချန်ထားရမည်ဖြစ်သည်။

“ယီရန်ပင်းသူဌေးကြီးပဲပေါ့။”

ဖန်ချင်းလွမ်က ပြန်ဖြေလိုက်သည်။

“ဒါကသူဌေးပဲ...တခြားလူတွေမှာ ဒီလိုပစ္စည်းကောင်းမျိုးကို ရနိုင်တဲ့စွမ်းရည်မရှိဘူး။”

ဖန်မင်လုံသည် အနည်းငယ်အံ့အားသင့်သွားခဲ့သော်လည်း ထိုအကြောင်းကိုစဉ်းစားပြီးနောက် မျှော်လင့်နေခဲ့မိသည်။

စကားပြောနေရင်းဖြင့် ဖန်မင်လုံသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လျှောက်သွားကာ ယီရန်ပင်းထံသို့ မက်ဆေ့ချ်ပို့လိုက်သည်။

“ကျေးဇူးတင်ပါတယ် သူဌေး။ အခု ဒေသခံတွေက မြားမိုးလောင်ချာကြောင့် ကြောက်ချီးပါသွားပြီး ငါတို့ကို ထပ်မတိုက်ရဲတော့ဘူး။ ဒါပေမယ့် ကျုပ်တို့နောက်ကိုတော့ ဆက်လိုက်နေတုန်းပဲ။”

“ဆက်လိုက်နေတုန်းပဲလား။”

ရှောင်းယီသည် ထိုသတင်းကိုမြင်လိုက်ရသောအခါ အလွန်အံ့အားသင့်သွား၏။

“မင်းရဲ့သင်္ဘောပေါ်မှာ သူတို့ကိုဆွဲဆောင်နိုင်တဲ့အရာတစ်ခုခုရှိလား။”

ဖန်မင်လုံ ကြောင်အသွားခဲ့သည်။ ထို့နောက် သူသည် သတိလစ်သွားသော လေးသမားကိုကြည့်ကာ ပြန်ဖြေလိုက်သည်။

“ကျုပ်မသိဘူး။ ဒါပေမယ့် ကျုပ်တို့လှေပေါ်မှာ သူတို့ထဲကလူတစ်ယောက်တော့ရှိတယ်။”

“မင်း သူတို့ရဲ့ဒေသခံတစ်ယောက်ကို ဖမ်းထားသေးတာလား။”

ရှောင်းယီ ပို၍ပင် အံ့ဩသွားခဲ့သည်။

ဘုံဖေးဖုန့်ဝူသည် အသက်လုထွက်ပြေးနေသည်ရမဟုတ်ပါလား။ ထိုအခြေအနေဖြင့်ပင် သူသည်အကျဉ်းသားတစ်ဦးကို ဖမ်းဆီးနိုင်ခဲ့သေးသည်လော။

ဖန်မင်လုံ၏ရှင်းပြချက်ကို နားထောင်ပြီးနောက် ရှောင်းယီသည် ရုတ်တရက် နားလည်သွားခဲ့သော်လည်း ပိုမိုအံ့အားသင့်သွားခဲ့သည်။

“မင်းဆိုလိုတာက သူမက ရှားနိုင်ငံဘာသာစကားကို ပြောတယ်လို့လား။ အစောပိုင်းက သူက ဒေသခံတွေကို မင်းတို့ကို တိုက်ခိုက်ဖို့ ကူညီပေးခဲ့တာလား။”

“မှန်ပါတယ်။ ဒါပေမယ့် သူမက ကျုပ်တို့ကိုထပ်ကူညီပေးခဲ့တယ်။ သူမသာ ကူညီခဲ့ဘူးဆိုရင် ကျုပ်တို့ထွက်ပြေးလို့မရနိုင်ဘူး။”

ဖန်မင်လုံက ပြန်ဖြေလိုက်သည်။

နတ်ဘုရားလေးသမား၏စွမ်းရည်ဖြင့် ဒေသခံများပြေးဝင်လာသည့်အခါ၌ သူတို့မောင်နှမနှစ်ယောက်ကိုသတ်ပစ်ရန်မှာ အလွန်လွယ်ကူလှပေသည်။

ထို့အပြင် နတ်ဘုရားလေးသမားသည် သူတို့သင်္ဘောပေါ်သို့ ရောက်မလာမီ ဒေသခံသင်္ဘောပေါ်ရှိ ကာကွယ်ရေးဒိုင်းများကိုလည်း ဖျက်ဆီးပစ်ခဲ့သည်။ ထိုသို့မဟုတ်ပါက မြားမိုးသည် ဤမျှလောက်ထိ သေစေနိုင်စွမ်းရှိမည်မဟုတ်ဘဲ ခြိမ်းခြောက်မှုတစ်ခုအနေဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။

“သူမကို ဒေသခံတွေက စာချုပ်ချုပ်ထားတာဖြစ်သင့်တယ်။ သူမ မင်းကိုသတိလစ်အောင်လုပ်ခိုင်းတာကဒေသခံတွေက စာချုပ်စွမ်းအားကိုသုံးပြီး မင်းကိုသတ်ခိုင်းတာကို ကာကွယ်ဖို့ဖြစ်သင့်တယ်။”

ရှောင်းယီက ခွဲခြမ်းစိတ်ဖြာကြည့်လိုက်သည်။

“မဆန်းတော့ဘူး။”

ဖန်မင်လုံက ရုတ်တရက်ပြောလိုက်၏။ ထို့နောက် သူသည် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။

“အစ်ကိုကြီး ဒီမြားမိုးလောက်ချာနှစ်လုံးကို ပိုပြီးကြာကြာငှားပေးလို့ရမလား။ ပြီးတော့ မြားတွေလည်းကုန်သွားပြီ။”

“[ဝါးမြား] (B အဆင့်) ၂၀၀၊ [မီးဘောလုံး] (C အဆင့်) ၉ လဲလှယ်မှုမရှိပါ။”

ရှောင်းယီသည် သူ့ထံသို့ ဝါးမြားများကို တိုက်ရိုက်ပို့ပေးကာ မီးဘောလုံးကိုးလုံးကိုပါ ပို့ပေးလိုက်သည်။ ထို့နောက် သူကပြောလိုက်၏။

“အင်း ငါဒီကနေ ငှားရမ်းချိန်တိုးပေးလိုက်မယ်။ မင်းစိတ်မပူပါနဲ့။ လေးသမားနိုးလာရင်သာ ငါ့ကိုချက်ချင်းဆက်သွယ်လိုက်ပါ။ ငါ့ကို သူမနဲ့စကားပြောခွင့်ပေးရမယ်။”

ရှောင်းယီအတွက်မူ ဝါးမြားများနှင့် မီးဘောလုံးများကို မည်သည့်အချိန်တွင်မဆို ပြုလုပ်နိုင်သော်လည်း ရှားဘာသာစကားပြောနိုင်သောလူတစ်ဦး ရုတ်တရက်ထွက်ပေါ်လာခြင်းက ရှောင်းယီကို အလွန်စိတ်ဝင်စားစေခဲ့သည်။

“ဟုတ်ကဲ့ အရမ်းကျေးဇူးတင်ပါတယ်။”

ဖန်မင်လုံက ပြောလိုက်သည်။

ယခူအချိန်သည် ည ၇ နာရီကျော်နေပြီဖြစ်ပြီး ကောင်းကင်မှာ လုံးဝနက်မှောင်သွားပြီဖြစ်သည်။

ဖန်မင်လုံသည် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် သူ၏သင်္ဘောကို ပြင်ဆင်ရန်ရွေးချယ်လိုက်သည်။ ယခင်တိုက်ပွဲတွင် သူ၏သင်္ဘောသာ် အနည်းငယ်ပျက်စီးခဲ့ပြီး သင်္ဘောပေါ်ရှိပစ္စည်းများကိုသာအသုံးပြု၍ ပြင်ဆင်နိုင်ခဲ့သည်။

ထို့နောက် သူ့လက်မောင်းရှိမြားဒဏ်ရာကို ရိုးရိုးရှင်းရှင်းကိုင်တွယ်ကာ ပိတ်စတစ်ခုကိုဆုတ်ဖြဲပြီး ရိုးရှင်းစွာပင် ပတ်တီးစည်းလိုက်၏။

ထိုမြင်ကွင်းကို မြင်လိုင်ရသောအခါ ဖန်ချင်းလွမ်သည် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှတစ်ဆင့် ယီထျန်းဂရုထဲသို့ စာပို့လိုက်သည်။

“@ဆေးရောင်းသူ ကျေးဇူးပြုပြီး ခွေးအရေပြားပလာစတာတစ်ခုလောက်ပေးပါ။ ကျွန်မအစ်ကို ဒဏ်ရာရထားလို့ပါ။ ကျေးဇူးပြုပြီး အုတ်မြစ်ကျောက်ရရင် ပြန်ပေးပါ့မယ်။”

“အင်း ငါမှာထားပြီးပြီ။ နောက်မှ မေ့မသွားနဲ့နော်။”

စွန်းယောင်သည် ထိုစာတိုကို မြင်သောအခါ ပြန်ဖြေလိုက်သည်။

ခွေးအရေပြားပလာစတာတစ်ခုသည် ဘာပြဿနာမှမရှိပေ။ ဆရာဝန်များသည် ကြင်နာတတ်ကြပေသည်။ စွန်းယောင်သည် ပါးစပ်ဖြင့်သာ ကားမောင်းနှင်နေခဲ့သော်လည်း ဤအခြေအနေတွင်မူ သူသည်အကူအညီတစ်ခုတော့ ပေးဦးမည်ဖြစ်သည်။

“ကျေးဇူးတင်ပါတယ်။”

ဖန်ချင်းလွမ်သည် ခွေးအရေပြားပလာစတာရပြီးနောက် ချက်ချင်းပင် ကျေးဇူးတင်စကားပြောလိုက်၏။ ထို့နောက် ဖန်မင်လုံထံသို့သွားပြီး သူ၏ဒဏ်ရာတွင် ကပ်ပေးကာ ပတ်တီးပြန်စည်းပေးလိုက်သည်။

“အစ်ကို တစ်ခုခုစားကြရအောင်။”

ဖုန့်ချင်းလွမ်သည် ငါးကင်တစ်ခုနှင့်အတူ ရောက်လာကာ ပြောလိုက်၏။

ဖန်မင်လုံသည် နက်မှောင်နေသော ကောင်းကင်ကြီးကိုကြည့်ကာ ပြန်ဖြေလိုက်သည်။

“နောက်မှစားမယ်။ အခု လူတိုင်းရဲ့အမြင်အာရုံမကောင်းတဲ့အချိန်ကို အခွင့်‌အရေးယူပြီး တစ်ခုခုလုပ်ရမယ်။”

ထိုသို့ပြောရင်းနှင့် သူသည် ကုန်းပတ်ပေါ်သို့တက်သွားကာ သူသတ်ပစ်ထားသောဒေသခံများကို တစ်ယောက်ပြီးတစ်ယောက် ပင်လယ်ထဲသို့ ပစ်ချလိုက်သည်။

သင်္ဘောလမ်းကြောင်းသည် ရေသတ္တဝါများ၏တိုက်ခိုက်မှုကို မခံရသော်လည်း ဖြတ်သန်းသွားလာခွင့်ကိုမူ တားမြစ်ထားခြင်းမရှိပေ။

ဤအလောင်းများပေါ်ရှိ သွေးအနံ့သည် အသားစားရေသတ္တဝါအချို့ကို ဆွဲဆောင်မည်မှာ သေချာပေသည်။ ဥပမာ ငါးမန်းများနှင့် အလားတူသတ္တဝါများပင်။

ဒေသခံသင်္ဘောကြီးတစ်စင်းသည် ငါးမန်းအုပ်တစ်ခုနှင့်သာ ဝင်တိုးမိပါက ငါးမန်းများနှင့် တိုက်ပွဲတစ်ခု ဖြစ်စေမည်လား။

ဖန်မင်လုံသည် ဤအရာကို မသိသော်လည်း သူသည်စမ်းကြည့်ရမည်ဖြစ်ပြီး သူတို့အနောက်ရှိ ဒေသခံများအတွက် အနည်းငယ်ပြဿနာတက်စေနိုင်လျှင် ကောင်းပြီဖြစ်သည်။

အလောင်းလေးငါးလောင်း ပစ်ချပြီးနောက် ဖန်မင်လုံ ရပ်လိုက်၏။ ခဏအကြာတွင် ကျန်အလောင်းအားလုံးကိုပါ ပစ်ချလိုက်တော့လေသည်။

မျှော်လင့်ထားသည့်အတိုင်း ထိုအလောင်းများ ပင်လယ်ထဲသို့ ကျသွားပြီးနောက် ပင်လယ်ပြင်သည်ချက်ချင်းပင် ပွက်ပွက်ဆူလာခဲ့လေသည်။

ဒေသခံခေါင်းဆောင်သည် ပင်လယ်ထဲရှိ မူမမှန်မှုကို ချက်ချင်းပင် သတိထားမိသွားပြီး အော်ဟစ်လိုက်၏။

“ရပ်လိုက်။”

ဤကမ္ဘာ၏ ဒေသခံတစ်ဦးအနေဖြင့် သူသည် အပြင်လူများထက် ပင်လယ်သတ္တဝါများ၏ ကြောက်မက်ဖွယ်ကောင်းပုံကို ပိုမိုသိရှိထားပေသည်။

“ခေါင်းဆောင် ငါးမန်းတွေအများကြီးရှိနေသလိုပဲ။ ဘာလုပ်ရမလဲ။”

လူတစ်ဦးက မေးလိုက်သည်။

“ပတ်သွားမယ်။ ဝေးဝေးကပတ်သွား။”

ခေါင်းဆောင်က ပြန်ဖြေသည်။

“ဟုတ်ကဲ့”

ဒေသခံများ မဆိုင်းမတွတုံ့ပြန်လိုက်ကြသည်ကို မြင်လိုင်ရသောအခါ ဖန်မင်လုံ အနည်းငယ် အသက်ပြင်းချလိုက်မိ၏။ ထိုဒေသခံများသည်လည်း အလွန်သတိထားလွန်နေပုံပင်။

သူသည် အထဲပြန်ဝင်သွားပြီး သူ၏လက်များကိုဆေးကြောကာ ဖန်ချင်လွမ် ယူလာပေးသော ငါးကင်ကို ကောက်ယူကာ ကိုက်စားလိုက်သည်။

နှစ်ကိုက်ကိုက်ပြီးနောက် သူသတိလစ်အောင်လုပ်ထားခဲ့သော လေးသမားသည် ပြန်လည်သတိရလာခဲ့ပြီး သူမအား ကြိုးထားသည်ကိုခံစားလိုက်ရပြီးနောက် အနည်းငယ်ရုန်းကန်ကြည့်ကာ ပြောလိုက်၏။

“ဒါနဲ့ အလုပ်မဖြစ်ဘူး။ ငါ့ညွှန်ကြားချက်ကိုနားထောင်ပါ။ အခုပြန်ချည် အမြန်လုပ်။”

အခန်း ၄၄၉ - ဒေသခံများကို ခြောက်လှန့်ခြင်း

ဘေးနားတွင်ရှိနေသော ဖနိချင်းလွမ်သည် ဤအမျိုးသမီး၏အခြေအနေကို နားမလည်နိုင်ခဲ့ပေ။

“သူမက S*M ကြိုက်တာများလား။”

ဖန်ချင်းလွမ်၏မျက်နှာတစ်ခုလုံး နီမြန်းသွားခဲ့သည်။

ဖန်မင်လုံသည် ထိုအမျိုးသမီး၏အခြေအနေကို ခန့်မှန်းမိပြီးဖြစ်ကာ ငါးကင်ကိုချပြီး လေးသမား၏အမိန့်အတိုင်း ချက်ချင်းပင် ကြိုးပြန်တုတ်လိုက်၏။

ကြိုးတုတ်ပြီးနောက် နတ်ဘုရားလေးသမားသည် အနည်းငယ်ရုန်းကန်ကြည့်ကာ အသက်ပြင်းပြင်းရှူထုတ်ရင်း ပြောလိုက်သည်။

“ဒီလောက်ဆိုရင်တော့ ပြဿနာမရှိလောက်တော့ဘူး။”

ထို့နောက် ဖန်မင်လုံသည် သူမကိုကြည့်ကာ ပြောလိုက်၏။

“မင်းက ကျုပ်တို့နှစ်ယောက်ရဲ့အသက်ကို ကယ်တင်ခဲ့တယ်။ မင်းရဲ့မျက်နှာသာအတွက် ကျုပ်ကျေးဇူးတင်ပါတယ်။ မင်းသာမကူညီဘူးဆိုရင် ကျုပ်တို့ တကယ်သေသွားလိမ့်မယ်။”

နတ်ဘုရားလေးသမားသည် သူတို့နှစ်ယောက်ကိုကြည့်ကာ မေးလိုက်သည်။

“ရှင်တို့က ရှားနိုင်ငံကလား”

ဖန်မင်လုံသည် အနည်းငယ် ဇဝေဇဝါဖြစ်ပြီး ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်လေ။ မင်းကရော မဟုတ်ဘူးလား။”

ထိုအခါ နတ်ဘုရားလေးသမားက ခေါင်းညိတ်ပြကာ ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်။ ဒါဆို ဒီနေရာက ရှားနိုင်ငံရဲ့ဧရိယာထဲမှာဖြစ်သင့်တယ်။”

ဖန်မင်လုံသည် သူမကိုသံသယမျက်လုံးများဖြင့်ကြည့်ကာ ပြန်မေးလိုက်၏။

“မင်းအရင်က ရှားနိုင်ငံဧရိယာထဲမှာမဟုတ်ဘူးလား။”

နတ်ဘုရားလေးသမား ခေါင်းညိတ်ပြရန်ပြင်လိုက်စဉ် သူမ၏မျက်လုံးများ ရုတ်တရက်ပြောင်းလဲသွားကာ ပြင်းထန်စွာဖြင့် စတင်ရုန်းကန်လိုက်ရ၏။ ဤကဲ့သို့စွမ်းအားမျိုးမှာ အလွန်ကြီးမားလှပေသည်။

ဖန်မင်လုံသည် ချက်ချင်းပင် သူ၏ညီမကိုဆွဲကာ အနောက်သို့ခေါ်ဆောင်သွားပြီး နတ်ဘုရားလေးသမားကို ရန်သူကြီးတစ်ဦးကဲ့သို့ တုန်လှုပ်ခြောက်ခြယးစွာရပ်ကြည့်နေမိသည်။

ထိုအခိုက်အတန့်တွင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုရှေ့တွင် မှော်ဆရာတစ်ဦးသည် မျက်မှောင်ကြုံကာ တီးတိုးရေရွတ်လိုက်၏။

“ပိတ်မိနေတာများလား။”

ထို့နောက် ဝီမှော်ဆရာသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှတစ်ဆင့် ခေါင်းဆောင်ကို ပြောလိုက်သည်။

“မင်းဆက်လိုက်နေသေးသလား။”

“မှော်ဆရာကြီးကို ပြန်ဖြေပါတယ်။ ကျုပ် ဆက်လိုက်နေတုန်းပါပဲ။”

ခေါင်းဆောင်က ပြန်ဖြေလိုက်သည်။

“အင်း မင်း ထပ်ပြီးတိုက်ခိုက်ကြည့်လိုက်။ ငါစာချုပ်စွမ်းအားကို အသုံးပြုလိုက်ပြီ။ လေးသမားက မင်းကိုကူညီလိမ့်မယ်။ လေးသမားကို ကယ်တင်နိုင်မလားဆိုတာ ကြည့်ကြည့်လိုက်။”

မှော်ဆရာက ပြောလိုက်သည်။

“ဒါပေမယ့် အဲ့ဒီအပြင်ကလူရဲ့သင်္ဘောပေါ်ကလက်နက်က...”

ခေါင်းဆောင်က မဝံ့မရဲဖြင့် ပြောလိုက်သည်။

“နောက်ထပ်စမ်းကြည့်လိုက်ပါ။ ငါဒိုင်းနည်းနည်းထပ်ပို့ပေးမယ်။ နောက်တစ်ကြိမ်ထပ်ရှုံးရင် ဦးတည်ချက်ကျောက်ကိုသုံးပြီးချက်ချင်းပြန်ခွင့်ပေးမယ်။”

မှော်ဆရာက ပြောလိုက်၏။

“ဟုတ်ကဲ့”

ခေါင်းဆောင်က တုံ့ပြန်လိုက်သည်။

မှော်ဆရာဆရာနှင့် စကားပြောပြီးနောက် ခေါင်းဆောင်သည် ချက်ချင်းပင် အမိန့်ပေးလိုက်၏။

“အရှိန်အပြည့်နဲ့မောင်း။”

ထိုလက်အောက်ငယ်သားများသည် ကြောက်ရွံ့နေကြသော်လည်း သူတို့ခေါင်းဆောင်၏အမိန့်ကို နာခံရမည်ဖြစ်ပြီး မဟုတ်ပါက ပိုမိုဆိုးရွားစွာ သေဆုံးရမည်ဖြစ်သည်။

ဖန်ချင်းလွမ်သည် သူအစ်ကို၏ အင်္ကျီစကိုဆွဲကာ မေးလိုက်၏။

“သူမဘာဖြစ်နေတာလဲ။”

ဖန်မင်လုံက ခေါင်းခါပြလိုက်သည်။

“ငါ ခုနက ယီရန်ပင်းသူဌေးကြီးနဲ့ ဆက်သွယ်ခဲ့တယ်။ သူမကို ဒေသခံတွေက စာချုပ်ချုပ်ထားတာ ဖြစ်သင့်တယ်။ အခု ဒေသခံတွေက သူမကို ငါတို့ကိုသတ်ခိုင်းနေတာဖြစ်မယ်။”

ဖန်ချင်းလွမ်သည် နတ်ဘုရားလေးသမားကို တုန်လှုပ်စွာကြည့်လိုက်၏။ ထို့နောက် သူတို့အနောက်ရှိ ဒေသခံသင်္ဘောကို ပြန်လှည့်ကြည့်လိုက်သည်။

မကြည့်လိုက်လျှင်မူ ကိစ္စမရှိပေ။ ယခုမူ သူကြည့်လိုက်သည်နှင့် ဒေသခံသင်္ဘောများ သူတို့နှင့့် အလျင်အမြန် နီးကပ်လာနေသည်ကို တွေ့လိုက်ရလေတော့သည်။

“အစ်ကို သူတို့ထပ်လာပြန်ပြီ။ အရမ်းမြန်တယ်။”

ဖန်ချင်းလွမ်သည် အပြင်ဘက်ကိုညွှန်ပြကာအော်ဟစ်လိုက်၏။

ဖန်မင်လုံ၏နှလုံးသားတစ်ခုလုံးသည် တုန်လှုပ်သွားခဲ့သည်။ ဤနေရာတွင် လေးသမားသည် ပြင်းထန်စွာရုန်းကန်နေရစဉ် အခြားတစ်ဖက်ရှိ သင်္ဘောကြီးသည်လည်း အလျင်အမြန် ပြေးလာနေ၏။

ဤပူးပေါင်းဆောင်ရွက်မှုသည် အမှန်တကယ်ပင် မပြောဘဲနားလည်နေသည့် နားလည်မှုမျိုးပင်။

ထို့နောက် သူသည် ချက်ချင်းပင် ကုန်းပတ်ပေါ်သို့ပြေးတက်ကာ မြားမိုးလောင်ချာနှစ်ခုလုံးကို ဝါးမြားများဖြင့် ဖြည့်လိုက်သည်။

“လာစမ်း...။ မင်းတို့သင်္ဘောပေါ်မှာ ဒေသခံဘယ်နှစ်ယောက်ရှိလဲ ငါကြည့်ချင်သေးတယ်။”

ဖန်မင်လုံင တီးတိုးရေရွတ်လိုက်၏။

“လူတိုင်းပဲ ရန်သူရဲ့စွမ်းအားကြီးတဲ့လက်နက်တွေကို သတိထားရမယ်။ ဒိုင်းတွေအားလုံးကို ငါ့အတွက်ထောင်ထားကြ။”

ခေါင်းဆောင်က အော်ဟစ်လိုက်သည်။

သင်္ဘောပေါ်တွင်ထောင်ထားသော ဒိုင်းများကိုကြည့်ရင်း ခေါင်းဆောင်သည် ဤဒိုင်းများမှာ ချွန်ထက်သောဝါးမြားများကို တားဆီးနိုင်၊မနိုင် သေချာမသိပေ။

ဖန်မင်လုံသည် နှစ်ဦးနှစ်ဖက်ကြားရှိ အကွာအဝေးကိုခန့်မှန်းပြီးနောက် မီးဘောလုံးများဖြင့် စတင်ပစ်ခတ်လိုက်သည်။

ဤအကြိမ်တွင် လေးသမား၏အကူအညီမရှိသောကြောင့် ပစ်ထုတ်လိုက်သောမီးဘောလုံးသည် ထိုဒေသခံများ၏ကုန်းပတ်ပေါ်သို့ တိကျစွာပင် ကျရောက်သွားခဲ့လေသည်။

ဝုန်း! ဝုန်း! ဝုန်း!

မီးဘောလုံးများပေါက်ကွဲသွားပြီး သင်္ဘောကိုမီးလောင်စေခဲ့သည်။

ခေါင်းဆောင်သည် ချက်ချင်းပင် အော်ဟစ်လိုက်ရ၏။

“မြန်မြန် မီးသွားသတ်ကြ။”

“ခေါင်းဆောင် အခုချိန်မှာ စွမ်းအားခန်းမထဲကလူတွေကိုပဲ အထောက်အပံ့အနေနဲ့ တက်ခိုင်းလို့ရတော့မယ်။ ငါတို့အကုန်လုံး ဒိုင်းတွေကိုင်ထားရတယ်။”

တစ်ယောက်က အော်ပြောလိုက်သည်။

“ကောင်းပြီး သူတို့အကုန်လုံး ဒီကိုကိုခေါ်လိုက်။”

ခေါင်းဆောင်က တုံ့ပြန်လိုက်သည်။

စွမ်းအားခန်းထဲရှိ ဒေသခံများ အပေါ်တက်လာပြီးနောက် သင်္ဘောကြီး၏အမြန်နှုန်းသည် အတန်အသင့် လျော့နည်းသွားခဲ့သည်။

ဖန်မင်လုံသည် ဆဒသခံသင်္ဘောဆီသို့ သုံးချက်ပစ်လောက်လွှဲဖြင့် မီးဘောလုံးများ ဆက်လက်ပစ်ခတ်နေခဲ့သည်။

“မီးက အရမ်းများနေပြီ။ ငြှိမ်းရခက်တယ်။ ခေါင်းဆောင် ကျုပ်တို့ပြန်ဆုတ်ကြရအောင်။”

ဒေသခံတစ်ဦးက အကြံပြုလိုက်သည်။

ဖန်မင်လုံသည် သုံးချက်ပစ်လောက်လွှဲနှင့် ကစားနေသည်ဟုပင် ထင်ရသည်ကို မြင်လိုက်ရသောအခါ ခေါင်းဆောင်သည် ချက်ချင်းပင် အော်ဟစ်လိုက်၏။

“သင်္ဘောကိုရပ်ပြီး ပြန်ဆုတ်တော့။ ငါ အခုချက်ချင်းဦးတည်ချက်ကျောက်တုံးကို သုံးတော့မယ်။”

ဒေသခံများသည် ခေါင်းဆောင်ပြောသည့်စကားများကို ကြားလိုက်ရသောအခါ အော်ဟစ်ကြွေးကြော်ရန်ပင် အချိန်မရှိဘဲ ချက်ချင်းပင် ပြန်လှည့်လိုက်ကြလေသည်။

ခေါင်းဆောင်သည်လည်း ပထမဆုံးအကြိမ် ဦးတည်ချက်ကျောက်တုံးကို အသုံးပြုလိုက်ပြီး တစ်ချိန်တည်းမှာပင် ပြောလိုက်၏။

“သင်္ဘောပေါ်ကမီး‌တွေကို သတ်စရာမလိုတော့ဘူး။”

နာရီဝက်လောက်လောင်ကျွမ်းရုံဖြင့် သင်္ဘောကို မနစ်မြုပ်စေနိုင်ပေ။ ထို့ကြောင့် ပြန်သွားပြီးနောက် မှော်ဆရာအား ဖြေရှင်းချက်ပေးရန် အကြောင်ပြချက်ရသွယးပေလိမ့်မည်။

ဖန်မင်လုံသည် ဒေသခံများ ပြန်လှည့်ပြီး အရှိန်အပြည့်ဖြင့် ထွက်ပြေးသွားပြီး လူများအားလုံး သင်္ဘောခန်းထဲဝင်သွားသည်ကို မြင်လိုက်ရသည့်အခါ တီးတိုးရေရွတ်လိုက်၏။

“သူတို့ ပြန်ဆုတ်သွားကြတာလား။”

ရုတ်တရက် ဒေသခံသင်္ဘောအထက်ရှိ မှောင်မိုက်နေသောကောင်းကင်တွင် မိုးကြိုးလျှပ်စီးများဖြင့် လင်းလက်လာပြီး မိုးများ သည်းထန်စွာ ရွာသွန်းလာခဲ့သည်။ ထိုမိုးရေသည် ဒေသခံသင်္ဘောတစ်ခုလုံးကို လုံးဝလွှမ်းခြုံပစ်လိုက်သည်။

“ဒါက ဦးတည်ချက်ကျောက်တုံးကို သုံးလိုက်တာပဲ။”

ဖန်မင်လုံက ရုတ်တရက်ပြောလိုက်သည်။

ဦးတည်ချက်ကျောက်တုံးကို အသုံးပြုဖူးသူ ရှောင်းယီသည် ဂရုထဲတွင် အစောကတည်းက ရေပန်းစားခဲ့ပြီး သူသည်လည်း သဘာဝအတိုင်း သိရှိထာစခဲ့ပေသည်။

ထိုစဉ် သင်္ဘောခန်းထဲရှိ ဒေသခံခေါင်းဆောင်က တိတ်တဆိတ် ပြောလိုက်၏။

“ဒီသင်္ဘောပေါ်ကလူတွေရဲ့ လက်နက်ရဲ့တိုက်ခိုက်မှုကို နာရီဝက်လောက်ထိ မခုခံနိုင်မှာကို စိုးရိမ်နေလို့သာမဟုတ်ရင် ဒါက သူတို့သင်္ဘောနဲ့ အတူတူတည်နေရာကူးပြောင်းဖို့အတွက် နည်းလမ်းကောင်းတစ်ခုပဲ။”

ဤမြင်ကွင်းသည် အသက်သွင်းသည့်အချိန်နှင့် အတူတူပင်ယ အကယ်၍ အသက်သွင်းနေချိန်အတွင်း တစ်စုံတစ်ဦးသည် ဦးတည်ချက်ကျောက်တုံးကို ထိမိလိုက်ပါက အသက်သွင်းနေမှုကို အနှောင့်အယှက်ဖြစ်စေပေလိမ့်သည်။

နာရီဝက်အကြာတွင် ဒေသခံသင်္ဘောကြီးသည် ပင်လယ်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။ ဖန်င်လုံသည် အသက်ပြင်းပြင်းရှူပြီး ကုန်းပတ်ပေါ်တွင် ထိုင်ချလိုက်၏။

ယီရန်ပင်း၏မြားမိုးလောင်ချာကို အားကိုးခြင်းမှာ ယာယီသာဖြစ်ပေသည်။

ဖန်မင်လုံသည် ယခုအချိန်တွင် ဒေသခံများကို ခြောက်လှန်းလိုက်နိုင်ခဲ့ပြီးနောက် သက်ပြင်းချကာ သင်္ဘောခန်းထဲသို့ ပြန်ဝင်သွားလိုက်သည်။

လေးသမားသည်လည်း ရပ်တန့်သွားပြီဖြစ်သည်။ သို့သော်လည်း သူမသည် အနည်းငယ်စိတ်ရှုပ်ထွေးနေသည်ဟု ခံစားနေရ၏။

“အခု ဘာဆက်လုပ်ကြမလဲ”

ဖန်ချင်းလွမ်က မေးလိုက်သည်။

“အရင်ဆုံး ပင်လယ်ထဲမှာပဲ မျောနေကြတာပေါ့။ တစ်လှမ်းချင်းစီပဲ ရေတွက်ကြရအောင်။”

ဖန်မက်လုံက ပြောလိုက်သည်။

“မင်းအရင်အနားယူလိုက်။ ငါ ညသန်းခေါင်အထိ စောင့်ကြည့်ထားပေးမယ်။ မင်းက နောက်ပိုင်းတစ်ပိုင်းကို ဆက်ပြီးစောင့်ကြည့်ပေး။”

ဖန်ချင်းလွမ်က ခေါင်းညိတ်ပြကာ သင်္ဘောခန်းထဲသို့ ဝင်သွားခဲ့သည်။

ထို့နောက် ဖန်မင်လုံသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင်ထိုင်ကာ ယီရန်ပင်းထံသို့ စာပို့လိုက်၏။

“အစ်ကိုကြီး ဒေသခံတွေတော့ လန့်ဖျန့်သွားကြပြီ။ ကျုပ် မြားမိုးလောင်ချာကို အရင်ပြန်ပေးလိုက်မယ်။ ဒီဝါးမြားနှစ်ရာက အသုံးမဝင်တော့ဘူး။ မီးဘောလုံးကိုတော့ ဒီမှာချန်ထားခဲ့ဦးမယ်။”

“ကောင်းပြီ”

ရှောင်းယီက ပြန်ဖြေပြီး မေးလိုက်သည်။

“လေးသမား သတိရလာပြီလား။”

“အခုလေးတင် သတိရလာတာ။ သူမက ကျုပ်တို့ကို ဒါက ရှားနိုင်ငံဧရိယာအတွင်းမှာလားလို့မေးတယ်။ ပြီးတော့ သူမက အရူးအမူးရုန်းကန်ပြီး နောက်ဆုံးမှာ ပြန်ပြီးစိတ်ရှုပ်ထွေးသွားတယ်။”

ဖန်မင်လုံသည် စောစောက နတ်ဘုရားလေးသမား၏ တုံ့ပြန်မှုကို သရုပ်ဖော်ပြလိုက်၏။

ရှောင်းယီက ခေါင်းညိတ်လိုက်သည်။

“ဒေသခံတွေက သူမနဲ့စာချုပ်ချုပ်ထားတာဖြစ်သင့်တယ်ယ သူမရဲ့တုံ့ပြန်မှုက ဒေသခံတွေက စာချုပ်ရဲ့စွမ်းအားကို အတင်းအကျပ်သုံးလိုက်လို့ပဲ။”

ထို့နောက် ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီး ပြောလိုက်သည်။

“ငါ အဲ့ဒီကို ဆေးကုသရေးစက်ရုပ်တစ်ခု ပို့ပေးလိုက်မယ်။ သူ့ကိုကုသခိုင်းလိုက်။ သူမကို စိတ်ရှင်းအောင်လုပ်နိုင်မလားဆိုတာ ကြည့်တာပေါ့။ သူမကို မေးမြန်းရဦးမယ့် သံသယဖြစ်စရာတွေ အများကြီးရှိသေးတယ်။”

“ဆေးကုသရေးစက်ရုပ်လား။”

ဖန်မင်လုံ ကြက်သေသေသွား၏။ ထို့နောက် ချက်ချင်း ပြောလိုက်သည်။

“ဟုတ်ကဲ့”

“[နာနိုဆေးကုသရေးဉာဏ်ရည်တုစက်] (SSS-အဆင့်) တစ်နာရီအသုံးပြုခွင့် - လဲလှယ်မှုမရှိပါ။”

ထို SSS-အဆင့်ပစ္စည်းကို မြင်လိုက်ရအခါ ဖန်မင်လုံ လန့်သွားခဲ့လေသည်။

“ဒါက ပစ္စည်းသေတ္တာထဲက ရလာတဲ့အရာလား။”

အခန်း ၄၅၀

“မင်းလည်း ဒဏ်ရာရထားရင် သူ့ကိုကုသခိုင်းလို့ရတယ်။”

ရှောင်းယီသည် နာ့နာကိုငှားယမ်းပေးလိုက်ပြီးနောက် ပြောလိုက်သည်။

“ဟုတ်ကဲ့ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး”

ဖန်မင်လုံသည် သူ၏လက်မောင်းရှိ မြားဒဏ်ရာကို ထိလိုက်ပြီး ရိုးရှင်းစွာပင် ထိတ်လန့်တုန်လှုပ်နေရင်းဖြင့် ပြန်ဖြေလိုက်၏။

သူ့လက်မောင်းရှိဒဏ်ရာကို ခွေးအရေပြားပလာစတာကပ်ထားသော်လည်း အလွန်နာကျင်နေဆဲပင်။

လဲလှယ်မှုကို သဘောတူပြီးနောက် ပင့်ကူပုံသဏ္ဍာန်စက်တစ်ခု သင်္ဘောခန်းထဲ၌ ထွက်ပေါ်လာခဲ့သည်။

“ဘယ်နေရာမှာကုသပေးရမှာပါလဲ။”

နာ့နာက မေးလိုက်၏။ ဖန်မင်လုံ ထပ်မံတုန်လှုပ်သွားခဲ့ပြန်သည်။ ဤစက်သည် စကားပင်ပြောနိုင်လိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။

“သူမနဲ့ ကျုပ်...။”

ဖန်မင်လုံသည် လေးသမားနှင့် သူ့ကိုယ်သူ ညွှန်ပြသည်။

နာ့နာသည် ချက်ချင်းပင် ထိုလူ့ဘေးသို့ ရောက်သွား၏။ ထို့နောက် ရောဂါရှာဖွေကုသမှုကို စတင်လုပ်ဆောင်ခဲ့လေသည်။

သုံးမိနစ်သာကြာလိုက်ပြီးနောက် နာ့နာသည် ဖန်မင်လုံ၏ဘေးသို့ ရောက်သွားကာ ပြောလိုက်၏။

“မလှုပ်ရှားမိအောင် ကြိုးစားပေးပါ။”

ထိုသို့ပြောပြီးနောက် စက်ရုပ်လက်တံတစ်ခုသည် သူ့ဒဏ်ရာပေါ်ရှိ ခွေးအရေပြားပလာစတာကို လျင်မြန်စွာ ခွာထုတ်ပစ်လိုက်သည်။

“ဟေ့!”

ဖန်မင်လုံ ရပ်တန့်လိုက်ချင်၏။

“မလှုပ်နဲ့”

နာ့နာက ထပ်မံ၍ လေးလေးနက်နက် သတိပေးလိုက်သည်။

ဖန်မင်လုံသည် ကြိတ်မိတ်သည်းခံရုံမှလွဲ၍ ရွေူချယ်စရာမရှိတော့ပေ။

သူသည် အလွန်ပါးလွှာသောပြွန်တစ်ခု ဆန့်တန်းထွက်ပေါ်လာပြီး လရောင်အောက်တွင် ငွေရောက်ဖျော့ဖျော့တောက်ပနေသည်ကိုသာ ငေးကြည့်နေခဲ့မိသည်။

မကြာမီ ဖန်မင်လုံသည် သူ့ဒဏ်ရာနာကျင်မှုအများစု ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရလေသည်။

တစ်မိနစ်အကြာတွင် ထိုပါးလွှာသောပြွန်ကို ပြန်လည်ရုတ်သိမ်းသွားပြီး လေဆာတန်းတစ်ခုသည် သူ၏ဒဏ်ရာကို စကင်ဖတ်လိုက်၏။

“ရှင့်ရဲ့ဒဏ်ရာက ပြဿနာကြီးကြီးမားမားတော့ မရှိပါဘူး။ အထူးတလည် ဂရုစိုက်စရာမရှိဘူး။ ပုံမှန်အတိုင်းနေလိုက်ရုံပါပဲ။”

နာ့နာ၏အသံက ပျံ့လွင့်လာခဲ့သည်။

ဖန်မင်လုံသည် သူ့လက်မောင်းပေါ်ရှိ ချုပ်ထားသောဒဏ်ရာကိုကြည့်ကာ ကမ္ဘာကြီးပြိုကျသွားသကဲ့သို့ ထိတ်လန့်တုန်လှုပ်စွာ ကြည့်နေမိလေသည်။

အရိုးကိုပင်မြင်နိုင်သော နက်ရှိုင်းလှသည့်ဒဏ်ရာကို ကုသရသည်မှာ ဤကဲ့သို့ အလွန်ရိုးရှင်းပါသလော။

ဒါက ဘယ်လိုနတ်ဘုရားစက်ပစ္စည်းလဲ။ ယီရန်ပင်းသူဌေးက ဒီပစ္စည်းကို ဘယ်ကရလာတာလဲ။

အချိန်တစ်ခုအထိ ဖန်မင်လုံ၏နှလုံးသားသည် သံသယများဖြင့် ပြည့်နှက်နေခဲ့လေသည်။

ထို့နောက် နာ့နာသည် နတ်ဘုရားလေးသမားထံသို့ ပြန်သွားကာ ကုသမှုများ ထပ်မံပြုလုပ်လိုက်၏။

“သူမကတော့ အနားယူဖို့လိုတယ်။ သုံးနာရီအတွင်းမှာ သတိရလာသင့်တယ်။ အခု ကျွန်မကို ပြန်ပို့ပေးတော့။”

“ဟုတ်ကဲ့”

ဖန်မင်လုံသည် သက်ရှိလူသားတစ်ဦးနှင့် စကားပြောနေရသကဲ့သို့ ထပ်မံခံစားလိုက်ရပြန်သည်။

နာ့နာကို ပြန်ပို့ပေးပြီးနောက် ဖန်မင်လုံ အတွေးယာဉ်ကြောထဲ၌ နစ်မြောသွားခဲ့လေသည်။

“ကျွန်းပိုင်ရှင် ကျုပ်အခု ဖြတ်သွားလို့ရပြီလား။”

စွန်းကုထောက်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ရှောင်းယီဆီသို့ သီးသန့်စာပို့ကာ မေးလိုက်သည်။

ရှောင်းယီ ပြန်ဖြေလိုက်သည်။

“အင်း မင်းရဲ့ကျွန်းပေါ်က ကိစ္စတွေကို စီစဉ်ပြီးရင် မြို့ပြန်ကျောက်ကို မင်းကျွန်းပေါ်က လုံခြုံတဲ့နေရာတစ်ခုမှာထားလိုက်။”

“ဟုတ်ကဲ့ ကျုပ်ထားပြီးပါပြီ။”

စွန်းကုထောင်က ပြောလိုက်သည်။

“အင်း ဒီမြို့ပြန်ကျောက်က ငါ့ကျွန်းပေါ်မှာ အခြေစိုက်တာပဲ။ အဲ့ဒါယူပြီးရင် လာခဲ့လိုက်တော့။”

ထို့နောက် ရှောင်းယီသည် စွန်းကုထောင်အား မြို့ပြန်ကျောက်တစ်ခု ငှားပေးလိုက်၏။

စွန်းကုထောင်သည် ပျော်ရွှင်စွာဖြင့် လဲလှယ်မှုကိုသဘောတူလိုက်လေသည်။ ထို့နောက် ဟွားလန်နှင့် ကိုးယူ(မဂတ္တမ)ကို ထပ်ပြောလိုက်၏။

“အိမ်ကို ကောင်းကောင်းစောင့်ကြည့်ထားကြ။ ဒီတစ်ခါတော့ ငါသွားလိုက်မယ်။ နောက်နှစ်ရက်နေရင် မင်းတို့လည်း အနာဂတ်မှာ သွားကြည့်လိုက်ရအောင် ငါ ကျွန်းပိုင်ရှင်ဆီ လျှောက်ထားပေးမယ်။”

“အဆင်ပြေပါတယ်။ စိတ်မပူပါနဲ့ လောင်တ ကျုက်တို့ကျွန်းကို သေချာပေါက်စောင့်ကြည့်ထားမှာပါ။”

ဟွားလန်က ပြန်ဖြေလိုက်သည်။

စွန်းကုထောင်က ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် စောစောက လဲလှယ်ထားသော မြို့ပြန်ကျောက်ကို အသုံးပြုလိုက်တော့သည်။

စက္ကန့် ၂၀ ကြာပြီးနောက် စွန်းကုထောင်သည် သူ၏ကျွန်းပေါ်မှ ပျောက်ကွယ်သွားတော့လေသည်။

“ကျစ်! ကျစ်! ဒီလိုမျိုး ချက်ချင်းကြီး တည်နေရာကူးပြောင်းသွားတာကို ဘယ်သူကယုံနိုင်မှာလဲ။”

ဟွားလန်က စုပ်သတ်ရင်း တအံ့တဩ ဖြစ်နေခဲ့၏။

ကိုးယူသည်လည်း သဘောတူဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။

“ဟုတ်တယ် ဒါက အရမ်းစိတ်ကူးယဉ်ဆန်လွန်းတယ်။ အရင်တုန်းက ဂိမ်းဆော့နေသလိုမျိုးတောင် ခံစားနေရတယ်။”

“ဟူး! ဒီဂိမ်းကို ငါတို့ ဘဝတစ်လျှောက်လုံး ဆက်ပြီးကစားနိုင်ပါ့မလားမသိဘူး။”

ဟွားလန်က သူ၏ခေါင်းကို ခါယမ်းကာ ပြောလိုက်သည်။

“ငါတို့ လုပ်နိုင်လောက်မှာပါ။ မင်း ကျွန်းပိုင်ရှင်ကို ယုံကြည်ထားရမယ်။”

ကိုးယူက ပြောလိုက်သည်။

“မင်းအရင် စောင့်ကြည့်ထားလိုက်ဦး။ ငါအရင် သွားအိပ်လိုက်မယ်။”

“ကောင်းပြီ။”

နောက်အခိုက်အတန့်တွင် စွန်းကုထောင်သည် သူ့ကိုယ်သူ အပန်းဖြေစခန်းတစ်ခုရှေ့တွင်ရောက်နေကြောင်း တွေ့လိုက်ရလေသည်။

ကျန်းယွင်ထျန်းသည် သူ့ကို တံခါးဝတွင် စောင့်ဆိုင်းနေပြီး သူထွက်ပေါ်လာသည်ကို မြင်သည်နှင့် သူ့ကိုတိုက်ရိုက်ပင် အပန်းဖြေစခန်းထဲသို့ ဆွဲခေါ်သွားခဲ့သည်။

“သွားကြရအောင် ငါ မင်းကိုစောင့်နေတာ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

စွန်းကုထောင်သည် ခေတ်မီအဆောက်အဦးအစုလိုက်ကြီးကိုကြည့်ရင်း အနည်းငယ်ရှုပ်ထွေးသွား၏။

“ငါအရင်ကမ္ဘာကို ပြန်ရောက်သွားတာများလား။”

စွန်းကုထောင်က သံသယဖြင့် မေးလိုက်မိသည်။

“မင်းက အလှအပတွေကို လိုချင်နေတာပဲ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ဒါကကျွန်းပိုင်ရှင်ရဲ့ကျွန်းပဲ။ ဒါပေမယ့် မင်းထင်ထားတာထက် ပိုလှတယ်။”

ထို့နောက် ကျန်းယွင်ထျန်းသည် စွန်းကုထောင်အား ဘားထဲသို့ တိုက်ရိုက်ဆွဲခေါ်သွားခဲ့၏။

“စားပွဲထိုး သာမန်ဘီယာနှစ်ခွက်ချပေးကွာ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်က ခဏနေရင် ဒီကိုရောက်လာလိမ့်မယ်။”

စွန်းကုထောင်သည် ဘားတစ်ခု၏အခန်းတစ်ခုအတွင်း၌ စိတ်ရှုပ်ထွေးစွာ ထိုင်နေခဲ့သည်။ ခဏအကြာတွင် ဒေသခံမှန်း သိသာထင်ရှားစွာပင် လူတစ်ဦးသည် စင်တစ်ခုနှင့်အတူ ရောက်လာခဲ့လေသည်။

“ဒါက မင်းရဲ့ဘီယာပါ။ ဖြည်းဖြည်းသောက်ပါခင်ဗျ။”

ထိုဒေသခံသည် ကြည်လင်သော ရှားဘာသာစကားဖြင့် ပြောလိုက်သည်။

သူ့ရှေ့ရှိ အမြှုပ်စီနေသော လိမ္မော်ရောင်အရည်ကိုကြည့်ရင်း စွန်းကုထောင်က သံသယဖြင့်မေးလိုက်သည်။

“ဒါက ဘီယာလား။”

“မြင်းသေး(ကျင်ငယ်)လို့ထင်နေလား”

ကျန်းယွင်ထျန်းက ပြုံးရယ်ကာ ပြန်ဖြေလိုက်သည်။

“စမ်းကြည့်လိုက် အဲ့ကလေးဒူခန်းဆီမှာ တကယ်ကို အရက်ချက်တဲ့နည်းရှိတယ်။”

စွန်းကုထောင်သည် သူ့ခွက်ထဲမှ ဘီယာကို တစ်လုပ်စုပ်သောက်ကြည့်လိုက်၏။ ကဇော်မဖောက်ရသေးသော သာမန်ဘီယာ၏ရနံ့သည် သူ့အာခံတွင်းတစ်ခုလုံး၌ ပြည့်နှက်သွားပြီး မျိုချပြီးနောက်တွင်ပင် လျှာပေါ်၌ အရသာစွဲကျန်နေခဲ့သည်။

“တကယ့်ကောင်းတဲ့အရက်ပဲ။ ကျုပ် အရင်ကကမ္ဘာမှာတောင် ဒီလောက်ကောင်းတဲ့ဘီယာမျိုး မသောက်ဖူးဘူး။ ပြောမနေပါနဲ့တော့...အရင်ကဘီယာတွေက မြင်းသေးနဲ့တူတယ်လို့တောင် ခံစားလိုက်ရတယ်။”

စွန်းကုထောင်က ခံစားချက်အပြည့်ဖြင့် ပြောလိုက်သည်။

“မင်းက မြင်းသေး တကယ်သောက်ဖူးလို့လား။”

ကျန်းယွင်ထျန်းသည်လည်း ဘီယာတစ်ငုံစုပ်သောက်ကာ ပြုံးရယ်လျက် မေးလိုက်၏။

‘အမ် ဒီမြင်းသေးဆိုတာက နာမဝိသေသနတစ်ခုပဲလေ။’

စွန်းကုထောင်က အသံတတ်ပြန်ဖြေလိုက်မိသည်။

ထိုအခိုက်အတန့်တွင် ရှောင်းယီသည်လည်း သူတို့နားသို့ ရောက်လာခဲ့လေသည်။

“ဘာတွေပြောနေကြတာလဲ။ အရမ်းပျော်နေကြပုံပဲ။”

“ကျုပ်တို့ ဘီယာနဲ့မြင်းသေးက ဘာကွာလဲဆိုတာ ဆွေးနွေးနေကြတာ။”

ကျန်းယွင်ထျန်းက ပြုံးရယ်ကာ ပြန်ဖြေလိုက်သည်။

“အပြင်က ဘာဘီကျူးက စနေပြီလား”

ရှောင်းယီက မေးလိုက်သည်။

“စနေပြီ။ သူတို့ကင်ပြီးရင် အထဲကိုပို့ပေးလိမ့်မယ်။ အပြင်မှာလုပ်တာက အရမ်းပူတယ်လေ။”

ကျန်းယွင်ထျန်းက ပြန်ဖြေသည်။

ထိုအချိန်တွင် စွန်းကုထောင်သည် ဘားထဲ၌ အမှန်တကယ်ပင် လေအေးပေးစက်ရှိနေကြောင်း သတိထားမိသွားလေသည်။

ခဏအကြာတွင် အပြင်ဘက်ရှိ အကင်များကို တာဝန်ယူထားသူသည် တံစို့ထိုးထားသော အကင်များကို ယူလာခဲ့ကြ၏။ ထိုထဲတွင် အမဲသားနှင့်ဟင်းသီးဟင်းရွက်အမျိုးမျိုး အားလုံးပါဝင်ပေသည်။

“အရမ်းများမနေဘူးလား။”

စွန်းကုထောင်က အံ့အားသင့်စွာပြောလိုက်သည်။

“ဘယ်ပဲပြောပြော လူတိုင်းက ရက်သတ္တပတ်ရဲ့နောက်ဆုံးနေ့မှာ နောက်ကျမှအိပ်တာမျိုးရှိကြတာပဲလေ။ ဖြည်းဖြည်းစားကြတာပေါ့။”

ရှောင်းယီက ပြုံးရယ်ကာ ပြောလိုက်သည်။

“ဟုတ်တယ် ရက်သတ္တပတ်ရဲ့နောက်ဆုံးနေ့ကို ထပ်ရောက်လာပြန်ပြီ။ မနက်ဖြန်ကျရင် ဘာတွေကွဲပြားသွားမှာလဲ။”

ကျန်းယွင်ထျန်းက ခံစားအပြည့်ဖြင့် ပြောလိုက်သည်။

“ဒါကိုတော့ မနက်ဖြန်ကျရင် သိရလိမ့်မယ်။”

စွန်းကုထောင်က ပြန်ဖြေလိုက်သည်။

“ဒီကိုလာတာ အနားယူဖို့လေ။ မင်းကို ခံစားချက်အပြည့်နဲ့ သက်ပြင်းချခိုင်းဖို့မဟုတ်ဘူးနော်။”

ရှောင်းယီက ပြောလိုက်သည်။

“အေးပါကွာ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဒီတစ်ခါ ဘီယာနဲ့ဘာဘီကျူးက ကျွန်းပိုင်ရှင်ကဒကာခံတာပဲ။ မင်း တခြားဟာကစားချင်ရင်တော့ အဲ့အတွက်ကုန်ကျစားရိတ်ပဲပေးရမယ်။”

စွန်းကုထောင် အံ့အားသင့်သွား၏။

“တခြားကစားနည်းတွေလည်း ရှိသေးတာလား။”

“သေချာတာပေါ့... ဒါကအပန်းဖြေစခန်းလေ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ငါတို့ ကောင်းကောင်းစားသောက်ပြီးရင် မင်းကို လိုက်ပြမယ်။”

“ကောင်းတယ်။”

ဤသို့ဖြင့် စားရင်းသောက်ရင်း စကားပြောရင်းဖြင့် ပိုင်ချီသည်လည်း သူ၏ညီငယ်နှစ်ယောက်နှင့်အတူ အလျင်အမြန်ရောက်ရှိလာခဲ့ပြီး လူအနည်းငယ်သည် တိုက်ရိုက်ပင် စားပွဲတစ်ခုဖွဲ့လိုက်ကြလေသည်။

ည ၁၁ နာရီအထိ စားသောက်ခဲ့ကြပြီးနောက်တွင်ပင်လျှင် သူတို့သည် ထွက်သွားကြရန် ရည်ရွယ်ချက်မရှိကြပေ။

အမျိုးသားများသည် ဘီယာအနည်းငယ်ဖြင့် လေပေါ်လွင့်သွားတတ်ကြပြီး တစ်ယောက်နှင့် တစ်ယောက် အရှက်အကြောက်ဟူ၍ မရှိကြတော့ပေ။

ထိုအချိန်တွင် ယွမ်ရှီသည် ဘားထဲသို့ဝင်လာကာ ရှောင်းယီ၏နားနားသို့ကိုင်းညွှတ်ကာ တီးတိုးပြောလိုက်၏။

“ကျွန်းပိုင်ရှင် နတ်ဘုရားလေးသမား သတိရလာပါပြီ။”

ရှောင်းယီက သူ့ကို ပြန်ပြီး ခေါင်းညိတ်ပြကာ လူတိုင်းကို ပြောလိုက်သည်။

“မင်းတို့ဆက်လုပ်ကြပါ ကျုပ်အရင်သွားနှင့်တော့မယ်။”

“ကျွန်းပိုင်ရှင် ခင်ဗျားလုပ်စရာရှိတာလုပ်ပါ။”

လူတိုင်းက တုံ့ပြန်လိုက်ကြ၏။

ထို့နောက် ရှောင်းယီသည် ချက်ချင်းပင် အနီးရှိဆိပ်ကမ်းရှိ ရွက်သင်္ဘောပေါ်သို့သွားကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုကိုရှာဖွေပြီး ဖန်မင်လုံဆီလုံ ဗီဒီယိုခေါ်ဆိုမှုတစ်ခု ပေးပို့လိုက်သည်။

ဖန်မင်လုံသည် အမည်မသိဗီဒီယိုခေါ်ဆိုမှုတောင်းဆိုချက်ကို မြင်လိုက်ရသောအခါ အနည်းငယ်ရှုပ်ထွေးသွားခဲ့လေသည်။

All Chapters