← Chapters

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အခန်း (၄၆၀-၄၆၂)

Vol. 31 Ch. 460-462

အခန်း- ၄၆၀ အဆိပ်ငွေ့မီးဘောလုံး ပုံစံကွက်

ဟွားလန်နှင့် ကောင်းယုတို့သည် သင်္ဘောပေါ်တက်သွားပြီးနောက် ချက်ချင်းပင် ကမ်းခြေမှ ထွက်ခွာသွားခဲ့ပြီး ကမ်းခြေရှိ လောက်လွှများ၏ တိုက်ခိုက်မှုအကွာအဝေးအတွင်းမှနေ၍ ကင်းလှည့်ခဲ့ကြသည်။

သူတို့သည် ဦးတည်ဘက်တစ်ခုတည်းကိုသာ ချုပ်ထားရန် လိုအပ်ပြီး အလျင်စလို လုပ်စရာမလို‌ပေ။

စွန်းကုထောင်သည်လည်း ကမ်းခြေသို့ လျှောက်လာခဲ့သည်။ ပြင်ဆင်ရန်လိုအပ်သည်ြအရာမှန်သမျှ အားလုံး အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ ယခုအခါ စွမ်းအားအပြည့်ဖြင့် တိုက်ခိုက်ရန် အချိန်တန်ပေပြီ။

ရှောင်းယီသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ခဏကြာအောင် တွေးဆနေပြီးနောက် ရုတ်တရက် သူ၏ခေါင်းကို ရိုက်လိုက်မိသည်။

“ငါဒီနေ့ လက်မှတ်ထိုးမဝင်ရသေးဘူးပဲ။ စနစ် လက်မှတ်ထိုးဝင်မယ်။”

“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသောဆုလာဘ်- အဆိပ်ငွေ့မီးဘောလုံး ပုံစံကွက် (A-အဆင့်) ၁”

“အဆိပ်ငွေ့မီးဘောလုံး ပုံစံကွက် (A-အဆင့်)- ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် အသုံးပြုပြီးနောက် ထုတ်လုပ်မှုပုံစံမလိုဘဲ အဆိပ်ငွေ့မီးဘောလုံးများကို လိုသလောက်ထုတ်လုပ်နိုင်သည်။”

၎င်းသည် ဓာတုလက်နက်တစ်ခုဖြစ်ပုံပင်။ ရှောင်းယီသည် ၎င်းကို ချက်ချင်းထုတ်ယူလိုက်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် တိုက်ရိုက်အသုံးပြုလိုက်သည်။

ထို့နောက် ထုတ်လုပ်မှုအင်တာဖေ့စ်သို့ ပြောင်းလိုက်၏။

“[အဆိပ်ငွေ့မီးဘောလုံး ပုံစံကွက်] (A-အဆင့်)- လိုအပ်သော ကုန်ကြမ်းများ- ယမ်းမှုန့်၊ မီးစက္ကူ၊ ဆီ၊ ဝံပုလွေအဆိပ်၊ ခရိုတန်၊ အာကိုနိုက်၊ အာဆင်းနစ် စသည်ဖြင့်။ အခမဲ့အချိုးအစားသည် အဆိပ်ငွေ့မီးဘောလုံးများ၏ အကျိုးသက်ရောက်မှုများကို ကွဲပြားစေသည်။ အကြံပြုထားသော ဖော်မြူလာ- အာကိုနိုက် ငါးလျန်၊ ခရိုတန် ငါးလျန်၊ ဝံပုလွေအဆိပ် ငါးလျန်၊ အာဆင်းနစ် နှစ်လျန်။”

ထိုပစ္စည်းများကို ကြည့်ရှုလိုက်ပြီးနောက် ရှောင်းယီသည် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် စွန်းယောင်ကို ရှာဖွေကာ မေးလိုက်၏။

“မင်းမှာ ဒီဆေးဖက်ဝင်ပစ္စည်းတွေရှိလား။ ဝံပုလွေအဆိပ်ပင်၊ ခရိုတန်၊ အာကိုနိုက်။”

စွန်းယောင်သည် ထိုပစ္စည်းများကို ကြည့်ရှုလိုက်ပြီးနောက် သံသယဖြင့် မေးလိုက်သည်။

“ကျွန်းပိုင်ရှင် ခင်ဗျားဘာလုပ်မလို့လဲ။ ဒီဆေးပင်တွေက အဆိပ်ရှိတယ်။ သာမန်ကာလျှံကာ အသုံးပြုလို့မရဘူး။”

“ငါ အဆိပ်ငွေ့မီးဘောလုံးတွေ လုပ်နေတာ။ မင်းမှာရှိလား။”

ရှောင်းယီက ရိုးရိုးရှင်းရှင်းပင် ရှင်းပြလိုက်သည်။

စွန်းယောင်က ချက်ချင်း ပြန်ဖြေလိုက်သည်။

“ရှိတယ်...ဒါပေမယ့် သိပ်တော့မများဘူး။”

“အရေးပေါ်အခြေအနေအတွက်ပဲ ငါ့ကိုနည်းနည်းလောက် အရင်ပေးလိုက်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ထို့နောက် စွန်းယောင်သည် ချက်ချင်းပင် သူ့ဆီတွင်ရနိုင်သော ပစ္စည်းများအားလုံးကို ရှောင်းယီဆီသို့ ပို့ပေးလိုက်၏။

“【အာကိုနိုက်】 ၅၀၀ဂရမ်၊ 【ခရိုတန်】 ၅၀၀ဂရမ်၊ 【ဝံပုလွေအဆိပ်ပင်】၅၀၀ဂရမ် - လဲလှယ်မှုမရှိပါ။”

ရှောင်းယီသည်သည် ချက်ချင်းပင် လဲလှယ်မှုကို လက်ခံလိုက်သည်။ ယခုအခါ ကုန်ကြမ်းများ ပြည့်စုံသွားပြီဖြစ်၏။ ယခင်က လေမျိုးနွယ်စု၏သတ္တုတွင်းကို လုယူခဲ့စဉ်က အာဆင်းနစ်အချို့ကို ထုတ်ယူရရှိခဲ့ပြီး ယခုအခါ ၎င်းတို့သည် အသုံးဝင်လာခဲ့ချေပြီ။

စနစ်မှ အကြံပြုထားသော ဖော်မြူလာအတိုင်း အဆိပ်ငွေ့မီးဘောလုံးများကို ထုတ်လုပ်ရန် ရွေးချယ်လိုက်ပြီးနောက် စုစုပေါင်း ၁၀ ခုသာ ထုတ်လုပ်နိုင်ခဲ့သည်။

“အကျိုးသက်ရောက်မှုက ဘယ်လိုရှိမလဲဆိုတာ သိချင်မိတယ်။ စွန်းကုထောင်ကို စမ်းသပ်ခိုင်းကြည့်ရမယ်။”

ရှောင်းယီသည် သူ့စိတ်ထဲမှတွေးလိုက်ပြီးနောက် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှ စွန်းကုထောင်ကို ခေါ်လိုက်သည်။

ရှောင်းယီ စွန်းကုထောင်၏ကျွန်းပေါ်တွင် ချန်ထားခဲ့သော ဒေသခံတစ်ဦးသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို စောင့်ကြည့်နေခဲ့သည်။ သူသည် ရှောင်းယီ၏မက်ဆေ့ချ်ကို မြင်လိုက်သည်နှင့် ချက်ချင်းပင် အပြင်သို့ ပြေးထွက်သွားခဲ့သည်။

“ကျွန်းပိုင်ရှင်က ခင်ဗျားကိုရှာနေတယ်။”

ထိုဒေသခံက စွန်းကုထောင်ကို သတင်းပို့လိုက်၏။

စွန်းကုထောင်သည် ချက်ချင်းပင် သူ၏အခန်းသို့ ပြေးဝင်သွားခဲ့သည်။

“ကျွန်းပိုင်ရှင် ခင်ဗျား ကျုပ်ကိုခေါ်တာလား။”

စွန်းကုထောင်က မေးလိုက်၏။

“【အဆိပ်ငွေ့မီးဘောလုံး】 (A-အဆင့်) ၅ - လဲလှယ်မှုမရှိပါ။”

ရှောင်းယီသည် လဲလှယ်မှုကို အရင်ဆုံး ပို့ပေးလိုက်ပြီး ပြောလိုက်သည်။

“ပထမအကြိမ်မှာ သူတို့ကို မီးဘောလုံးတွေနဲ့ စမ်းကြည့်ခိုင်းလိုက်။ မီးဘောလုံးတွေက သူတို့ကို ကောင်းကောင်း မကိုင်တွယ်နိုင်ဘူးဆိုရင် ဒုတိယအကြိမ်မှာ ဒါတွေကို ပစ်လွှတ်လိုက်ပါ။ မီးဘောလုံးတွေအတွက် သူတို့ ပြင်ဆင်ထားခဲ့တယ်ဆိုရင်တောင် အခွင့်အရေးရှာပြီး သူတို့ရဲ့သင်္ဘောတွေကို ဒါနဲ့ ထိအောင်ပစ်လိုက်။”

စွန်းကုထောင်သည် ထိုပစ္စည်းကို မြင်လိုက်ရသည့်အခါ ချက်ချင်းပင် မျက်လုံးများ အရောင်တောက်သွားပြီး “နားလည်ပါပြီ” ဟု ပြောလိုက်၏။

“ပြီးတော့ အဝတ်စအချို့လည်း ရှိသေးတယ်။ အဝတ်စတွေကို ရေစွတ်ပြီး မင်းတို့ရဲ့ပါးစပ်နှင့်နှာခေါင်းကို အုပ်ထားလိုက်ကြပါ။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လည်း ဂရုစိုက်ရမယ်။”

ထို့နောက် ရှောင်းယီသည် အဝတ်စအချို့ကို လွှဲပြောင်းပေးလိုက်သည်။

“ဟုတ်ကဲ့”

စွန်းကုထောင်သည် ပြန်လည်တုံ့ပြန်လိုက်ပြီး ဖလှယ်ထားသော ပစ္စည်းများကို ကမ်းခြေပေါ်သို့ တိုက်ရိုက်နေရာချလိုက်သည်။

“ဟွားလန် ကောင်းယု ဒီကိုပြန်လာကြဦး။”

စွန်းကုထောင်က အော်ခေါ်လိုက်သည်။

သူတို့နှစ်ဦးသည် ပင်လယ်ပြင်တွင် ကင်းလှည့်နေကြခြင်းဖြစ်သည်။ သူတို့သည် စွန်းကုထောင်၏ခေါ်သံကို ကြားလိုက်ရသည်နှင့် ချက်ချင်းပင် သူတို့၏သင်္ဘောများကို ပြန်မောင်းလာခဲ့ကြ၏။

“လောင်တ ဘာဖြစ်လို့လဲ။”

ဟွားလန်က မေးလိုက်သည်။

“ဒါကိုကြည့်လိုက်။”

စွန်းကုထောင်က အဆိပ်ငွေ့မီးဘောလုံးများကို လက်ညိုးထိုးပြလိုက်၏။

“ဒါက မီးဘောလုံးပဲ မဟုတ်ဘူးလား။”

ကောင်းယုက သံသယအကြည့်များဖြင့် ပြန်ဖြေလိုက်သည်။

အဆိပ်ငွေ့မီးဘောလုံးနှင့် မီးဘဪလုံးသည် အတော်လေးဆင်တူပေသည်။ အဘယ့်ကြောင့်ဆိုသော် အဆိပ်ငွေ့မီးဘောလုံးကိုလည်း ဆီဆေးသုတ်ထားသော စက္ကူ (သို့မဟုတ် အလားတူပစ္စည်း) ဖြင့် ထုပ်ပိုးထားသောကြောင့်ပင်။

စွန်းကုထောင်က ခေါင်းခါကာ ပြောလိုက်သည်။

“ဒါက A-အဆင့် အဆိပ်ငွေ့မီးဘောလုံးပဲ။”

“အဆိပ်? မီးခိုး?”

ဟွားလန်နှစ်ယောက်သည် ပဟေဠိဖြစ်သွားကြကာ ရေရွတ်လိုက်မိသော်လည်း နောက်အခိုက်အတန့်တွင် သူတို့သဘောပေါက်သွားကြတော့သည်။

“လောင်တ ဒါက တကယ့်ကို မဟာလက်နက်ကြီးပဲ။ ဒါကိုစာ ကောင်းကောင်းအသုံးချနိုင်ရင် အဲ့ဒီလူတွေအားလုံးကို အမိဖမ်းနိုင်လိမ့်မယ်။”

ကောင်းယု စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။

စွန်းကုထောင်က ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ဒါကြောင့် မင်းတို့နှစ်ယောက်ကို သင်္ဘောပေါ်မှာ တစ်ခုစီယူသွားစေချင်တယ်။ ပထမအကြိမ်မှာတော့ သေချာပေါက် သုံးမလို့်ရဘူး။ အရင်ဆုံး မီးဘောလုံးတွေနဲ့ အဲ့ဒီသင်္ဘောတွေရဲ့ ခံစစ်ကို စမ်းသပ်ကြည့်လိုက်။”

“နားလည်ပါပြီ”

ဟွားလန်တို့နှစ်ဦးက ပြန်လည်တုံ့ပြန်လိုက်ကြသည်။ ယခင်က သူတို့သည် သင်္ဘောလေးစီးပေါ်ရှိ ဒေသခံများအား ရင်မဆိုင်နိုင်မည်ကို အနည်းငယ်စိုးရိမ်နေခဲ့ကြသော်လည်း ယခုအခါတွင်မူ ဤပစ္စည်းကိုသာ ကောင်းစွာအသုံးချနိုင်ပါက ပြဿနာရှိတော့မည်မဟုတ်ချေ။

“ကျန်တဲ့သုံးခုကို ကမ်းခြေရဲ့ အရှေ့တောင်ဘက်၊ တောင်ဘက်နဲ့ မြောက်ဘက်ဦးတည်ချက်တွေမှာ ထားမယ်။ မင်းတို့နှစ်ဦယောက်က အနောက်ဘက်မှာရှိတဲ့ သင်္ဘောကို ပိုပြီးအာရုံစိုက်ထား။”

စွန်းကုထောင်က ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့”

ဟွားလန်တို့နှစ်ယောက် ပြန်ဖြေလိုက်၏။

“လူတိုင်း ဒီပိတ်စကိုယူပြီး ရေစွတ်ပြီး ပါးစပ်နဲ့နှာခေါင်းကို အုပ်ထားလိုက်ကြ။”

“ဟုတ်ကဲ့”

အဆိပ်ငွေ့မီးဘောလုံးများကို သင်္ဘောပေါ်သို့ ယူဆောင်သွားပြီးနောက် သင်္ဘောသားအားလုံးသည် သူတို့၏ပါးစပ်နှင့်နှာခေါင်းများကို ရေစွတ်ထားသော ပိတ်စဖြင့် အုပ်ထားလိုက်ကြ၏။

အဝေးရှိ ဒေသခံသင်္ဘောများသည်လည်း နီးကပ်လာနေပြီဖြစ်သည်။

စွန်းကုထောင်နှင့် သူ၏လူများ အားလုံး အဖြူရောင် ပိတ်စများ ဝတ်ဆင်ထားသည်ကို မြင်လိုက်ရသော တိုက်ခိုက်ရန်ရောက်လာကြသော ဒေသခံများမှာ အနည်းငယ် ရှုပ်ထွေးသွားခဲ့ကြသည်။

သို့သော် မျိုးနွယ်စုလေးခု၏ ပူးပေါင်းတိုက်ခိုက်မှုဖြစ်သည်ဟု တွေးလိုက်မိပြီးနောက် သူတို့၏စိတ်များ ပြန်လည်အေးချမ်းသွားခဲ့ကြသည်။ မည်သည့် လှည့်ကွက်များရှိနေစကာမူ ကိစ္စမရှိချေ။ အလွန်များပြားသော ဒေသခံများနှင့် ရင်ဆိုင်ရသည့်အခါ စွန်းကုထောင်နှင့် သူ၏လူများ သေချာပေါက် ဒုက္ခရောက်ကြမည်ဖြစ်သည်။

“အရှင် အဲ့ဒါက ကျုပ်တို့ဟွားမင် မျိုးနွယ်စုရဲ့ သင်္ကေတပဲ။”

ဟွားမင်မျိုးနွယ်စုမှ ဖမ်းဆီးခံထားရသူတစ်ဦးက အော်ဟစ်လိုက်၏။

“မဟုတ်ဘူး။ ကျုပ်တို့ မသိတဲ့ အခြားမျိုးနွယ်စု သုံးခုရဲ့ သင်္ကေတတွေလည်း ရှိသေးတယ်။”

အခြားဒေသခံတစ်ဦးကလည်း အော်ဟစ်လိုက်သည်။

စွန်းကုထောင်သည် အေးဆေးတည်ငြိမ်စွာဖြင့် သူတို့ကို ကြည့်ပြီး ပြောလိုက်၏။

“စိတ်မပူပါနဲ့။ ဘယ်မျိုးနွယ်စုတွေပဲ ရောက်လာရောက်လာ ဒီနေ့ သူတို့ ပြန်ထွက်သွားလို့ မရစေရဘူး။”

ဟွားမင်မျိုးနွယ်စုမှ ဖမ်းဆီးခံခဲ့ရသူများသည် ယခုအချိန်တွင် သင်္ဘောပေါ်သို့ တိုက်ရိုက်ပျံတက်သွားကာ ချက်ချင်းလက်နက်ချရန်အတွက် သူတို့ကို နားချလိုစိတ် ဖြစ်နေခဲ့သည်။ ကျွန်းပေါ်ရှိ ကာကွယ်ရေးလက်နက်များမှာ အလွန်များပြားလွန်းလှ၏။

ဤတစ်ကြိမ်တွင် ဟွားမင်မျိုးနွယ်စု၏ မှော်ဆရာဘင်းသည်လည်း ပါလာခဲ့သည်။ ယခင်က သူသည် သူ၏မျိုးနွယ်စုမှ အခြားသူများကိုသာ စေလွှတ်ခဲ့၏။ အဘယ့်ကြောင့်ဆိုသော် သူသည် သေခြင်းတရားကို ကြောက်ရွံ့ပြီး သင်္ဘောဖြင့် ပင်လယ်ထဲသို့ ဘယ်သောအခါမှ မထွက်ခဲ့သောကြောင့်ဖြစ်သည်။

ဤတစိကြိမ်တွင်မူ မျိုးနွယ်စုလေးခု၏ ပူးပေါင်းဆောင်ရွက်မှုဖြစ်သောကြောင့် သူ့ကို ပိုမိုလုံခြုံမှုရှိသည်ဟု ခံစားရစေခဲ့၏။ ထို့ကြောင့် ဤအကြိမ်တွင် သူကိုယ်တိုင် ရောက်လာခဲ့ခြင်းပင်။

“ဒီကျွန်းကို ဒီတစ်ကြိမ်မှာ အမိအရသိမ်းပိုက်ရမယ်။ ဒီကျွန်းပေါ်မှာ ငါတို့လူတွေ အရမ်းကိုမှဆုံးရှုံးခဲ့ရပြီးပြီ။”

ဘင်းသည် မဝေးတော့သော ကျွန်းကို ကြည့်ရှုရင်း သူ၏စိတ်ထဲ၌ ထိုသို့တွေးနေခဲ့သည်။

ပထမဆုံး ထိတွေ့မှုမှာ အနောက်ဘက်တွင် ဖြစ်ပွားခဲ့ပေသည်။ ကောင်းယု၏သင်္ဘောနှင့် ဒေသခံသင်္ဘောသည် သုံးချက်ပစ်လောက်လွှဲ၏ အကွာအဝေးအတွင်းသို့ ရောက်ရှိနေကြပြီဖြစ်သည်။

ကောင်းယုသည် မီးဘောလုံးများ လွှတ်တင်ရန် ပြတ်ပြတိသားသားပင် အမိန့်ပေးလိုက်၏။

ဝှစ်ရှ် ဝှစ်ရှ် ဝှစ်ရှ်

မီးဘောလုံးခြောက်လုံး ချက်ချင်းပင် အကြီးစားဒေသခံသင်္ဘောဆီသို့ ပျံသန်းသွားတော့သည်။

ဒေသခံများသည် ဤကဲ့သို့သော တိုက်ခိုက်မှုမျိုးကို ကြုံဖူးဟန်မရှိဘဲ ထို့အတွက် လုံးဝမပြင်ဆင်ထားခဲ့ကြပေ။

သူတို့သည် သူတို့၏သင်္ဘောများပေါ်တွင် မြားများကို ကာကွယ်ရန်အတွက် ဒိုင်းများကိုသာ တပ်ဆင်ထားခဲ့ကြသည်။

ဝုန်း! ဝုန်း! ဝုန်း!

မီးဘောလုံးများ ပေါက်ကွဲသွားပြီး ဒေသခံသင်္ဘောကို မီးလောင်ကျွမ်းသွားစေခဲ့လေသည်။

“သူတို့က လောက်လွှဲတွေအတွက် ပြင်ဆင်မထားရသေးပုံပဲ။”

ကောင်းယုသည် သူ့၏စိတ်ထဲမှ တွေးလိုက်ပြီး ချက်ချင်း အမိန့်ပေးလိုက်၏။

“အဆိပ်ငွေ့မီးဘောလုံးတွေ ပစ်တင်လိုက်။”

သူတို့သင်္ဘောသည် မီးဘောလုံးများကြောင့် မီးစွဲလောင်နေသော်လည်း တစ်ဖက်ရန်သူသာ အလျင်အမြန် တိုက်ခိုက်လာပါက မီးလောင်ပြာမကျခင် ကမ်းခြေသို့ ရောက်ရှိလာနိုင်၏။ သို့မဟုတ် တိုက်ရိုက်အဝေးသို့ ထွက်ပြေးသွားနိုင်ပေသည်။

ကောင်းယုသည် ထိုရလဒ်နှစ်ခုစလုံးကို မတားဆီးနိုင်သလို ထိန်းလည်းထိန်းမထားနိုင်ပေ။ ထို့ကြောင့် ထိုသင်္ဘောကို ဖမ်းဆီးနိုင်ရန်အတွက် အဆိပ်ငွေ့မီးဘောလုံးကို အသုံးပြုလိုက်ခြင်းပင်။

“ဟုတ်ကဲ့”

သူ့ဘေးနားရှိ လောက်လွှဲကိုလည်ပတ်ရန်တာဝန်ရှိသူသည် အဆိပ်ငွေ့မီးဘောလုံး၏စနက်ကြိုးကို မီးရှို့ပြီး လောက်လွှဲတွင်းသို့သို့ ထည့်ကာ ရိုးရိုးမီးဘောလုံးနှစ်လုံးနှင့်အတူ လွှတ်တင်လိုက်တော့လေသည်။

အခန်း- ၄၆၁။ အဆိပ်ငွေ့မီးဘောလုံးများက မျိုးနွယ်စုလေးခု၏ ဝိုင်းရံတိုက်ခိုက်မှုကို ဖြေရှင်းလိုက်ခြင်း

သင်္ဘောပေါ်ရှိ ဒေသခံများမှာ လုံးဝကြောက်လန့်သွားခဲ့ကြသည်။ သူတို့သည် မီးဘောလုံးကဲ့သို့ အရာများ ရှိနေလိမ့်မည်ဟု မျှော်လင့်ထားခဲ့ကြခြင်းမရှိပေ။ ထို့ပြင် မီးများကို ငြှိမ်းသတ်ရန်အတွက် ရုန်းရင်းဆန်ထယခတ်ဖြင့် စတင်ခဲ့ကြရသည်။

နောက်ထပ် မီးဘောလုံးသုံးလုံး ပျံသန်းလာသည်ကိုမြင်သောအခါ သူတို့သည် ကျယ်လောင်စွာဖြင့် စတင်အော်ဟစ်ကြလေတော့သည်။

ဒေသခံအချို့သည် သူတို့၏ ကျောက်လှံတံများနှင့် သံလှံတံများကို ကောက်ယူပြီး လေထဲမှ မီးဘောလုံးများကို ထိုးဖောက်ပစ်ရန် ပြင်ဆင်နေကြ၏။

သို့သော်် S-အဆင့် လောက်လွှဲများသည် အလွန်လျင်မြန်စွာ လွှတ်တင်လိုက်သောကြောင့် သူတို့ ထိုးဖောက်၍ မရနိုင်ခဲ့ကြပေ။

ဝုန်း! ဝုန်း! ဝုန်း!

ပထမအသံနှစ်သံသည် မီးဘောလုံးများ၏အသံဖြစ်ပြီး အနည်းငယ်ပို၍ ကျယ်လောင်ပေသည်။ နောက်ဆုံးပေါက်ကွဲသံမှာမူ အဆိပ်ငွေ့မီးဘောလုံး၏အသံဖြစ်ပြီး အနည်းငယ် လုံးထွေးနေခဲ့သည်။

ထိုလုံးထွေးနေသည့်အသံနှင့်အတူ အဆိပ်ငွေ့မီးဘောလုံးသည် ပွင့်ထွက်သွားပြီး အဖြူရောင်မီးခိုးတိမ်တိုက်တစ်ခု ထွက်ပေါ်လာကာ ပင်လယ်လေနှင့်အတူ ချက်ချင်းပင် သင်္ဘောတစ်စီးလုံးသို့ ပျံ့နှံ့သွားခဲ့၏။

“အဟွတ် အဟွတ် ဒါက ဘာပစ္စည်းကြီးလဲ။”

“အရမ်းအသက်ရှူကြပ်တယ်။ ဒါက ကောင်းတဲ့အရာမဟုတ်တာ သေချာတယ်။”

“......”

ဘုတ်!

အဆိပ်ငွေ့မီးဘောလုံး ပေါက်ကွဲသွားသည့်နေရာနားရှိ လူများသည် တိုက်ရိုက်ပင် သင်္ဘောကြမ်းပြင်ပေါ်သို့ လဲကျသွားကြတော့လေသည်။

ကျန်သည့်သူများသည်လည်း သူတို့၏လည်ပင်းကိုဆုပ်ကိုင်ပြီး မရှူရပ်တော့သယမလိုခံစားနေကြရကာ တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြ၏။

အဆိပ်ငွေ့မီးဘောလုံးကို ဒေသခံသင်္ဘောပေါ်သို့ အောင်မြင်စွာလွှတ်တင်နိုင်လိုက်ကြောင်း မြင်လိုက်ရသည့် ကောင်းယုသည် ချက်ချင်းပင် ဝေါ်ကီတော်မှတစ်ဆင့် အစီရင်ခံလိုက်သည်။

“လောင်တ တစ်ဖက်လူက လောက်လွှဲတွေအတွက် အထူးကာကွယ်ထားတာမျိုးမရှိဘူး။ အဆိပ်ငွေ့မီးဘောလုံးတွေကို တိုက်ရိုက်သုံးဖို့ အကြံပြုချင်ပါတယ်။ ဒုတိယအကြိမ်ရောက်မှ ထည့်မယ်ဆိုရင် သူတို့က သံလှံတံတွေနဲ့ ပျံလာတဲ့ မီးဘောလုံးတွေကို ထိုးဖောက်ပစ်နိုင်တယ်။ အခု လွှတ်တင်မှုအရှိန်က ပိုမြန်နေတယ်ဆိုပေမယ့် သူတို့မှာ ဖယ်ရှားပစ်နိုင်တဲ့ အခွင့်အရေးရှိနေတုန်းပဲ။”

“ကောင်းပြီ ငါဒီဘက်မှာ စီစဉ်လိုက်မယ်။”

စွန်းကုထောင်က ပြောလိုက်သည်။

ကောင်းယု၏မျက်စိရှေ့ရှိ ဒေသခံသင်္ဘောကြီးသည် မီးလောင်နေဆဲဖြစ်သော်လည်း လူများမှာမူ လဲကျသွားကြပြီဖြစ်သည်။

“လူတိုင်းပဲ ပါးစပ်နဲ့နှာခေါင်းကို အုပ်ထားပြီး သင်္ဘောပေါ်တက်ဖို့ ပြင်ကြ။”

ကောင်းယုက ပြောလိုက်၏။

“ဟုတ်ကဲ့”

ကောင်းယု၏သင်္ဘောပေါ်ရှိ သင်္ဘောသားများက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်ကြသည်။

ဒေသခံသင်္ဘောကြီးကို မောင်းနှင်မည့်သူမရှိတော့သောကြောင့် ကောင်းယုတို့တပ်ဖွဲ့သည် မီးခိုးပါးပါးလေး ကျန်နေသေးသည့်သင်္ဘောဆီသို့ အလွယ်တကူချဉ်းကပ်သွားခဲ့ကြသည်။

“အသက်ရှင်နေတဲ့လူဖြစ်ဖြစ် သေနေတဲ့လူဖြစ်ဖြစ် လူတိုင်းကို ကြိုးတုတ်လိုက်။ မြန်မြန်လုပ်။”

ကောင်းယုက ပြောလိုက်၏။

“ဟုတ်ကဲ့”

သူ၏လက်အောက်ငယ်သားများသည် ချက်ချင်းပင် လူတိုင်းကို ကြိုးတုတ်ရန် လုပ်ဆောင်လိုက်ကြလေသည်။ ပြီးနောက် သင်္ဘောကြီးကို သူတို့၏သင်္ဘောနှင့်တွဲချည်ပြီး ကမ်းခြေဆီ ဆွဲခေါ်လာခဲ့ကြ၏။

ထိုအချိန်တွင် တောင်ဘက်ရှိ ဒေသခံသင်္ဘောသည် စွန်းကုထောင်၏ကျွန်းနားသို့ ချဉ်းကပ်လာပြီဖြစ်သည်။

ကမ်းခြေရှိ လောက်လွှဲများသည် ချက်ချင်းပင် စတင်ကာ လွှတ်တင်လိုက်ကြပြီး ကျည်ဆန်သုံးလုံးထဲတွင် အဆိပ်ငွေ့မီးဘောလုံးတစ်လုံး ပါဝင်နေခဲ့သည်။

အနောက်ဘက်ရှိ သင်္ဘောသည်လည်း ပထမဆုံးအကြိမ်အဖြစ် ဤကဲ့သို့တိုက်ခိုက်မှုလက်နက်မျိုးဖြင့် တွေ့ကြုံရခြင်းဖြစ်ပြီး သတိမထားမိခင် တဒင်္ဂအတွင်းမှာပင် ကျည်ဆန်သုံးလုံးသည် သူတို့၏သင်္ဘောပေါ် ကျရောက်သွားကြတော့လေသည်။

မီးဘောလုံးများသည် မီးရှို့ရုံသာလုပ်နိုင်သော်လည်း အဆိပ်ငွေ့မီးဘောလုံးမှာမူ အဆိပ်ငွေ့အများအပြားကို ထုတ်လွှတ်လိုက်ပြီး သင်္ဘောပေါ်ရှိ ဒေသခံကို အလျင်အမြန် လဲကျစေခဲ့ပေသည်။

“လူငါးယောက်က အနောက်ဘက်က သင်္ဘောကို ကိုင်တွယ်ဖို့ ကျန်နေခဲ့။ ကျန်တဲ့သူတွေက အရှေ့နဲ့မြောက်ဘက်ကို သွားကူညီကြ။”

စွန်းကုထောင်က လေးနက်သည့်လေသံဖြင့် အမိန့်ပေးလိုက်၏။

“ဟုတ်ကဲ့”

ဟွားလန်သည် အရှေ့မြောက်ဘက်တွင် ကင်းလှည့်နေပြီး တိုက်ခိုက်ရန် မလျင်မလိုပေ။ ထို့ကြောင့် အရှေ့မြောက်ဘက်ရှိ ဒေသခံသင်္ဘောသည် ကမ်းခြေသို့ အလွယ်တကူ မချဉ်းကပ်ရဲခဲ့ပေ။

ရုတ်တရက်ဆိုသလို သင်္ဘောကြီးပေါ်ရှိ ဒေသခံတစ်ယောက်သည် သင်္ဘောဘေးတွင်ရပ်ပြီး တိရစ္ဆာန်သားရေတစ်ခုကို လှုပ်ခါလိုက်၏။

‌ထိုဒေသခံ၏ လှုပ်ရှားမှုကို မြင်ရသောအခါ စွတ်းကုထောင်က တွေးလိုက်မိသည်။

“ဒါက ရှေးအကျဆုံး အချက်ပြမှုပုံစံဖြစ်နိုင်မလား။”

ထို့နောက်သူသည် ဝေါ်ကီတော်ကီဖြင့် ဟွားလန်ကို လှမခးပြောလိုက်၏။

“ဟွားလန် ကမ်းခြေဘက်ကိုကပ်ထား။ သူတို့ မင်းကိုတိုက်ခိုက်ဖို့ ပြင်ဆင်နေပြီ။”

“ရပါပြီ။”

ဟွားလန်သည် ချက်ချင်းပင် သူ့သင်္ဘောကို ကမ်းခြေဘက်သို့ ပြန်လည်မောင်းနှင်ရန် ယာဉ်မောင်းကို အမိန့်ပေးလိုက်သည်။

ဟွားလန်၏သင်္ဘော ကမ်းခြေနားရောက်သွားချိန်မှာပင် အရှေ့နှင့်ဘမြောက်ဘက်ရှိ သင်္ဘောများသည် အမှန်တကယ်ပင် ဟွားလန်၏သင်္ဘောဆီသို့ တစ်ပြိုင်နက်တည်း ရွက်လွှင့်လာကြတော့လေသည်။

ထိုအချိန်တွင် အနောက်ဘက်မှ သင်္ဘောတစ်စီး ရွက်လွှင့်လာ၏။ ကောင်းယုသည် အနောက်ဘက်ရှိ သင်္ဘောပေါ်က အရာများကို စီစဉ်ပြီးသည်နှင့် ချက်ချင်းပင် အရှေ့ဘက်မှ စက်ဝိုင်းပုံစံ ရွက်လွှင့်လာခဲ့ခြင်းပင်။

ကောင်းယုသည် အရှေ့ဘက်ရှိ သင်္ဘောဆီသို့ အလျင်အမြန် ချဉ်းကပ်သွားပြီး အသံအကျယ်ကြီးဖြင့် အော်ပြောလိုက်၏။

“ငါ အရှေ့ဘက်ကိုတိုက်မယ်။”

သူထိုသို့ပြောသည်နှင့်တစ်ပြိုင်နက် မီးဘောလုံးသုံးလုံးသည် သူ့သင်္ဘောမှ ပျံသန်းထွက်သွားပြီး အရှေ့ဘက်ရှိ ဒေသခံသင်္ဘောပေါ်သို့ ကျရောက်သွားလေသည်။

ထိုအချိန်တွင် သင်္ဘောအားလုံးသည် ကမ်းခြေ၏ တိုက်ခိုက်မှုအကွာအဝေးအတွင်းသို့ ရောက်ရှိနေပြီကြဖြစ်သည်။

ကောင်းယုဘက်မှ မီးဘောလုံးသုံးလုံး လွှတ်တင်လိုက်သည့်တစ်ချိန်တည်းမှာပင် စွန်းကုထောင်သည်လည်း ကမ်းခြေရှိလူများအား အဆိပ်ငွေ့မီးဘောလုံးများ လွှတ်တင်ရန် အမိန့်ပေးလိုက်၏။

ကောင်းယု၏ ကျယ်လောင်သည့်အော်သံသည် အရှေ့ဘက်ရှိ သင်္ဘော၏အာရုံစိုက်မှုကို ဆွဲဆောင်ရန်ပင်ဖြစ်သည်။

ဟွားလန်သည် ကောင်းယု၏ဆိုလိုရင်းကို ချက်ချင်းပင် နားလည်သွားပြီး သူသည် ချက်ချင်းပင် အရှေ့ဘက်ရှိ သင်္ဘောဆီကို မီးဘောလုံးသုံးလုံး လွှတ်တင်လိုက်လေသည်။

“ဒါက ငါတို့ဟွားမင်မျိုးနွယ်စုရဲ့ လူတွေ အများကြီးဆုံးရှုံးခဲ့ရတဲ့ အကြောင်းရင်းပဲ ဖြစ်ရမယ်။”

ဘင်းသည် ထိုမီးဘောလုံးများကို စူးစမ်းကြည့်ရင်း သူ့စိတ်ထဲတွင် တွေးလိုက်မိသည်။

ခဏအကြာတွင် အရှေ့ဘက်ကမ်းခြေရှိ လောက်လွှဲများသည် အဆိပ်ငွေ့မီးဘောလုံးများကို လွှတ်တင်လိုက်ကြပြီဖြစ်သည်။

“ဒိုင်းတွေနဲ့ အဲဒီအလုံးတွေကို ကာကွယ်ကြ။”

ဘင်းက အော်ဟစ်လိုက်၏။

သင်္ဘောပေါ်ရှိ ဒေသခံများသည် ချက်ချင်းပင် သူတို့၏ဒိုင်းများကို ကောက်ယူပြီး မီးဘောလုံးများကို ကာကွယ်လိုက်ကြ၏။

မီးဘောလုံးများသည် ထိုဒိုင်းများပေါ်တွင် ပေါက်ကွဲသွားခဲ့ကြပြီး ဒိုင်းမျာစကို မီးလောင်စေခဲ့သည်။

“မီးလောင်နေတဲ့ ဒိုင်းတွေကို အောက်ပစ်ချလိုက်။”

ဘင်းက ပြောလိုက်၏။

ဒေသခံများသည် ချက်ချင်းပင် ဒိုင်းများကို ပင်လယ်ထဲသို့ ပစ်ချလိုက်ကြလေသည်။ သို့သော်လည်း ကမ်းခြေမှ နောက်ထပ်အလုံးသုံးလုံး ထပ်မံပျံသန်းလာကြပြန်သည်။

“ဆက်ပြီးကာကွယ်ထား။”

ဘင်းက လှောင်ပြုံးပြုံးကာ ပြောလိုက်၏။

ဒါပဲဆိုရင်တော့ မင်းတို့ဒီနေ့ ဒုက္ခရောက်ပြီကွ။

ဘမ်း။

ထိုစဥ် အခြားအသံများနှင့် မတူညီသည့်အသံတစ်ခုက ဘင်း၏အာရုံကို ဆွဲဆောင်သွားခဲ့သည်။

ထိုမတူညီသည့်အလုံးသည် ပေါက်ကွဲပြီးသွားနောက် မီးလျှံများ တက်လာခြင်းမရှိခဲ့သော်လည်း သိပ်သည်းသည့် အဖြူရောင်မီးခိုးများ ထွက်ပေါ်လာခဲ့လေသည်။

ဘင်းက လုံးဝ တွန့်ဆုတ်မနေပဲ ချက်ချင်း အော်ဟစ်လိုက်၏။

“လူတိုင်းပဲ မင်းတို့ရဲ့အသက်ကို ကြိုးစားအောင့်ထားပြီး အဖြူရောင်မီးခိုးတွေကို ခပ်ထုတ်ပစ်။”

မှော်ဆရာ၏အမိန့်များသည် တော်ဝင်အမိန့်များဖြစ်ပြီး ဒေသခံများသည် အဘယ်ကြောင့်ဆိုသည်ကို သိရန်မလိုအပ်ဘဲ လုပ်ဆောင်ရန်သာ လိုအပ်ပေသည်။

သူတို့သည် စတင်၍အသက်ရှူအောင့်လိုက်ကြပြီး သူတို့လက်ထဲ ရောက်သမျှအရာများဖြင့် ထိုမီးခိုးများကို ခပ်လိုက်ကြသည်။

သူတို့သည် အဖြူရောင်မီးခိုးအများစုကို အမှတ်တကယ်ပင် ခပ်ထုတ်ပစ်လိုက်နိုင်ခဲ့ပြီး အလွန်သေးငယ်သော အစိတ်အပိုင်းလေးများမှာ ဘင်း၏နှာဖျားဆီသို့ မျောပါလာကြပြီး ထိုမှတစ်ဆင့် ရှူရှိုက်မိသွားခဲ့လေသည်။

ဘင်းသည် သူ၏ခေါင်းထဲ၌ အနည်းငယ် မူးဝေသွားသလို ခံစားလိုက်ရပြီး သူ၏နှလုံးသားတစ်ခုလုံး အနည်းငယ် တုန်ယင်သွားခဲ့သည်။

“ဒီအဖြူရောင်မီးခိုးတွေက တကယ်ကို အဆိပ်တွေပဲ။”

ဒေသခံအားလုံးသည် ထိုအဖြူရောင်မီးခိုးများအား ထပ်ထုတ်ပြီးအချိန်တွင် သူတို့အားလုံး အနည်းငယ်မူးဝေနေကြလေသည်။ ထိုစဉ် နောက်ထပ် အလုံးသုံးလုံးသည် ဟွားလန်၏သင်္ဘောပေါ်မှ ထပ်မံ၍ ပျံသန်းထွက်လာခဲ့၏။

“မြန်မြန် အဲ့ဒီအလုံးတွေကို ပိတ်ဆို့ထားကြ။”

ဘင်းသည် သူ၏ခေါင်းကိုခါယမ်းကာ အော်ဟစ်လိုက်၏။

ဒေသခံများသည် အသက်ရှူအောင့်ထားရခြင်းနှင့် လေဖြင်းခပ်ထုတ်ရခြင်းတို့ကြောင့် ပင်ပန်းနေသည်လော သို့မှမဟုတ် အဆိပ်ငွေ့အနည်းငယ်ကို ရှူရှုက်မိသောကြောင့် အားနည်းနေသည်လောဆိုသည်ကို သူတို့ကိုယ်တိုင် မသိခဲ့ကြပေ။ သို့သော်လည်း သူတို့၏လှုပ်ရှားမှုများမှာ သာမန်ထက် အကြိမ်အနည်းငယ် နှေးကွေးနေခဲ့ပေသည်။

ထို့အပြင် လောက်လွှဲများ၏ လွှတ်တင်မှုအရှိန်မှာ အထူးတလည် လျင်မြန်နေသောကြောင့် သူတို့သည် ထိုအလုံးများ သူတို့သင်္ဘောပေါ် ကျရောက်လာသည်ကို တားဆီး၍မရနိုင်ခဲ့ကြပေ။

ဘမ်း!

နောက်ထပ် မတူညီသည့်အသံတစ်မျိုးနှင့်အတူ ဘင်းသည် မျှော်လင့်ချက်ကင်းမဲ့စွာ ပြောလိုက်မိ၏။

“ပြီးသွားပြီ။”

အဆိပ်ငွေ့များသည် အလျင်အမြန်ပင် သင်္ဘောတစ်စီးလုံးကို ပျံ့နှံ့သွားခဲ့သည်။

“ကောင်းတယ်။”

စွန်းကုထောင်သည် ကမ်းခြေပေါ်မှနေ၍ အလွန်ပျော်ရွှင်စွာ ပြောလိုက်၏။

“လူတိုင်း ဂရုစိုက်ပြီးကာကွယ်ကြ။ ပါးစပ်နဲ့နှာခေါင်းကို အုပ်ထားပြီး ဒေသခံသင်္ဘောတွေအားလုံးကို ပြန်ဆွဲယူလာခဲ့။ အဲ့မှာရှိတဲ့လူတိုင်းကိုလည်း ကြိုးတုတ်ထားလိုက်။”

စွန်းကုထောင်သည် ဝေါ်ကီတော်ကီဖြင့် ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့”

ဟွားလန်နှင့် ယောင်းယုတို့ ဒေသခံများကို ခေါင်းဆောင်ကာ စစ်မြေပြင်အား ရှင်းလင်းနေသည့်အချိန်တွင် စွန်းကုထောင်သည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီပြေးသွားပြီး ရှောင်းယီအား အစီရင်ခံလိုက်၏။

“ကျွန်းပိုင်ရှင် ခင်ဗျားရဲ့အဆိပ်ငွေ့မီးဘောလုံးတွေက အရမ်းစွမ်းအားကြီးတာပဲ။ သင်္ဘောကြီးလေးစီးစလုံးကို ဖြေရှင်းပြီးသွားပြီ။”

စွန်းကုထောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဟွားမင်မျိုးနွယ်စုက ဖမ်းဆီးခံထားရသူတွေရဲ့အဆိုအရ ဒီတစ်ခေါက်လာတဲ့သူတွေမှာ ဟွားမင်မျိုးနွယ်စုတင်မကဘူး အခြားမတူညီတဲ့ မျိုးနွယ်စုသုံးခုလည်း ပါဝင်နေတယ်။”

စွန်းကုထောင်၏စကားကိုကြားသောအခါ ရှောင်းယီက မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

“ဒီတစ်ခါ မျိုးနွယ်စုလေးခုက မင်းကို ဝိုင်းတိုက်တာလို့ ဆိုလိုချင်တာလား။”

“ဟုတ်ပါတယ်။”

စွန်းကုထောင်က ပြန်ဖြေလိုက်သည်။

“ဖြစ်စဉ်ကို အသေးစိတ်ပြောပြ။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ထို့နောက် စွန်းကုထောင်သည် ရှောင်းယီအား မျိုးနွယ်စုလေးခု၏ တိုက်ခိုက်မှုဖြစ်စဉ်ကို စတင်၍ အသေးစိတ်ပြောပြခဲ့သည်။

ထိုအကြောင်းအရာများကို နားထောင်ပြီးနောက် ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ငါတို့မှာတင် မဟာမိတ်အဖွဲ့တွေ ရှိတာမဟုတ်ဘဲ ဒေသခံတွေမှာလည်း မဟာမိတ်အဖွဲ့တွေရှိတယ်ဆိုတာ ထင်ရှားနေပြီ။”

အခန်း- ၄၆၂။ ပျော်စီးရွက်သင်္ဘော ငှားရမ်းရန် လိုအပ်ချက်

“ဒါမှမဟုတ် ဒေသခံတွေကလည်း အထက်ကအမိန့်တွေရခဲ့လို့ ဖြစ်နိုင်တယ်။ အဲ့ဒါကြောင့် တစ်ကျွန်းတည်းကို ပူးပေါင်းပြီးတိုက်ခိုက်ကြတာ။”

ရှောင်းယီက ဆက်ပြောလိုက်သည်။

စွန်းကုထောင်က ခေါင်းညိတ်လိုက်၏။

“ဒါဖြစ်နိုင်တယ်။ ဒီလိုတိုက်ခိုက်မှုမျိုးကို ကျွန်းအများစုက ခံနိုင်မယ်မထင်ဘူး။ ကျုပ်ရဲ့ကျွန်းမှာ ကာကွယ်ရေးယန္တရားတွေ အများကြီးရှိတယ်ဆိုပေမယ့် ဒီအဆိပ်ငွေ့မီးဘောလုံးတွေသာမရှိရင် မျိုးနွယ်စုလေးခုစလုံးရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်မယ်လို့ ယုံကြည်ချက်လုံးဝမရှိဘူး။”

ရှောင်းယီက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကောင်းပြီ...မှော်ဆရာဖြစ်နိုင်တဲ့ ဒေသခံအားလုံးကို တစ်နေရာရာမှာ ကြိုးတုတ်ထားလိုက်ပါ။ ဘယ်သူ့ကိုမှ နားမကပ်ခိုင်းနဲ့။”

“ဟုတ်ကဲ့”

စွန်းကုထောင်က ပြန်ဖြေလိုက်သည်။

မှော်ဆရာများတွငခ အထူးကျွမ်းကျင်မှုများရှိကြောင်း သူလည်းသိပြီးသားဖြစ်သည့်အတွက် သီးသန့်ခွဲထားခြင်းက ပို၍စိတ်ချရပေသည်။

“မင်းရဲ့မြို့ပြန်ကျောက် အေးခဲချိန်ပြည့်သွားရင် ငါလာပြီး သူတို့နဲ့ စာချုပ်ချုပ်မယ်။”

ရှောင်းယီက ပြောလိုက်၏။

“ဟုတ်ကဲ့”

စွန်းကုထောင်က ပြောလိုက်သည်။

“ကျုပ် အရင်က အဲဒီမှော်ဆရာတွေအားလုံးက C-အဆင့် ဒါမှမဟုတ် အဲ့အထက်ဖြစ်နေရင် ကျုပ်ရဲ့စာချုပ်က သေချာပေါက်မတည်ငြိမ်မှာကို စိုးရိမ်နေခဲ့တာ။ ကျွန်းပိုင်ရှင်ကိုယ်တိုင် လာမယ်ဆိုတော့ အရမ်းကောင်းတယ်။”

“ဟုတ်တယ် အဲ့ဒီအဆင့်ကွာဟမှုပြဿနာကြောင့်ပဲ။ မဟုတ်ရင် မင်းကိုယ်တိုင် စာချုပ်ချုပ်လို့ရတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဟုတ်ကဲ့ပါ ကျုပ် သူတို့ကို သတိလစ်အောင်လုပ်ထားလိုက်မယ်။”

စွန်းကုထောင်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။

“မင်းကြိုက်သလိုလုပ် မသေရင်ပြီးရော။”

ရှောင်းယီက ပြန်ဖြေသည်။

စကားပြောဆိုမှုပြီးဆုံးပြီးနောက် ရှောင်းယီသည် သူ့စိတ်ထဲ၌ တွေးလိုက်မိ၏။

“ဒီအဆိပ်ငွေ့မီးဘောလုံးက အခန်းကဏ္ဍတစ်ခုအနေနဲ့ ဆက်ပြီးပါဝင်နိုင်သေးပုံပဲ။ ဒါပေမယ့် ရန်သူဘက်ကပြင်ဆင်ထားရင် ကာကွယ်နိုင်တဲ့နည်းလမ်းတွေရှိပုံရတယ်။ အဲ့ဒါကို ရုတ်တရက်တိုက်ခိုက်မှုအနေနဲ့ပဲ သုံးလို့ရလောက်မယ်။”

ထိုအကြောင်းကိုတွေးမိပြီးနောက် ရှောင်းယီက စွန်းယောင်ကိုကို ထပ်ပြောလိုက်သည်။

“စွန်းယောင် ငါအရင်ကတောင်းခဲ့တဲ့ အဆိပ်ပင်တွေ ပိုပြီးစိုက်ပျိုးထားဖို့လိုတယ်။ လောင်ယွမ်နဲ့ဆက်သွယ်လိုက်။ သူကိုလည်း မင်းကို စိုက်ပျိုးမှုချဲ့ထွင်ဖို့ ကူညီခိုင်းလိုက်ပါ။”

“ဟုတ်ကဲ့”

စွန်းယောင်က ပြန်ဖြေလိုက်သည်။

“ကျွန်းပိုင်ရှင် အများသုံးချန်နယ်နဲ့ ဂရုထဲမှာရှိတဲ့လူတွေက မဟာမိတ်အဖွဲ့ပေါင်းစည်းဖို့အတွက် ကျွန်မတို့ရဲ့ ပျော်စီးရွက်သင်္ဘောငှားရမ်းပေးဖို့ တောင်းဆိုနေကြတယ်။”

ဆုဝမ်က စကားပြောစင်မှတစ်ဆင့် ပြောလာခဲ့သည်။

ရှောင်းယီသည် အနည်းငယ် အံ့အားသင့်သွားပြီး၊ ယီထျန်းဂရုထဲသို့ ပြောင်းကြည့်လိုက်၏။

“သူဌေး စကားတစ်ခွန်းလောက်ပြောပါဦး။ ပျော်စီးရွက်သင်္ဘဪကို တစ်နာရီခွဲစာငှားရမ်းဖို့အတွက် ကျုပ် အုတ်မြစ်ကျောက် ၃၀ ပေးချင်ပါတယ်။”

“ကျုပ်လည်း ဆန္ဒရှိပါတယ် သူဌေး။ ခင်ဗျားကြည့်ကြည့်ပါ။ မဟာမိတ်အဖွဲ့ရဲ့ အဖွဲ့ဝင်တစ်ဦးစီနဲ့ ခေါင်းဆောင်ကြားက အကွာအဝေးက ၁၀၀ ကီလိုမီတာရှိတယ်။ ကျန်အဖွဲ့ဝင်ရှစ်ယောက်ကို ဦးတည်ရာရှစ်ခုမှာ ညီတူညီမျှဖြန့်ကျက်ထားတာ။ မဟာမိတ်အဖွဲ့ဝင်နှစ်ယောက်နဲ့ ခေါင်းဆောင်တစ်ယောက်က ထောင့်ဖြတ်အကွာအဝေး ၄၅ ဒီဂရီနဲ့ အနားတစ်ဖက်အလျား ၁၀၀ ကီလိုမီတာရှိတဲ့ အနားညီတြိဂံလိုဖြစ်နေတယ်။ အခြေအနားရဲ့အလျားက ၇၆.၅၃ ကီလိုမီတာလို့ လွယ်လွယ်တွက်လိို့ရတယ်။ ဒီလိုဆိုရင် ပျော်စီးရွက်သင်္ဘောကို တစ်ဖွဲ့ဖွဲ့က စတင်ပြီး အဖွဲ့ဝင်အားလုံးကို ကောက်ယူမယ်၊ ပြီးရင် ခေါင်းဆောင်ဆီပြန်ရမယ်၊ ဒါဆို စုစုပေါင်းခရီးအကွာအဝေးက ၇၁၂.၂၄ ကီလိုမီတာပဲ။ အရင်ခရီးသည်တင်စျေးနှုန်းဖြစ်တဲ့ ကီလိုမီတာ ၅၀ ကို အုတ်မြစ်ကျောက်တစ်ချပ်နှုန်းအရ အုတ်မြစ်ကျောက် ၁၅ ခုပဲကုန်ကျမှာပါ။ အခု ကျုပ်တို့က ၃၀ နဲ့ကမ်းလမ်းလိုက်တာ ဒါက နှစ်ဆတောင်ဖြစ်သွားပါပြီ။”

“အပေါ်ကလူက ပါရမီရှင်ပဲ။ ငါကတော့ နားမလည်ဘူး။ ဒါပေမယ့် ကြားရတာ အရမ်းအဆင့်မြင့်တယ်။”

“အို...မင်းဆိုလိုတာက ပျော်စီးရွက်သင်္ဘောရှိရင် အဖွဲ့ဝင်ရှစ်ယောက်ရဲ့ မဟာမိတ်အဖွဲ့ပေါင်းစည်းမှုကို တစ်နာရီခွဲအတွင်း ပြီးအောင်လုပ်နိုင်တယ်ပေါ့။”

“သူဌေးရဲ့ပျော်စီးရွက်သင်္ဘောက တကယ်ကို ဘတ်ခ်ျ (BUG) တစ်ခုပဲ။ မဟာမိတ်အဖွဲ့ဝင်တွေကြားက ပင်လယ်လမ်းကြောင်းတွေမှာ မဟာမိတ်အဖွဲ့ဝင်တွေထက် ပျမ်းမျှအားဖြင့် စွမ်းအားမြင့်တဲ့ ရေသတ္တဝါတွေမရှိဘူး။ ဒါက သူဌေးရဲ့ပျော်စီးရွက်သင်္ဘောအတွက် သီးသန့်လုပ်ပေးထားသလိုပဲ။”

“အမှန်ပဲ အမှန်ပဲ...အခုဆို သူဌေးရဲ့ပျော်စီးရွက်သင်္ဘောက တကယ်ကို ရောင်းကောင်းတဲ့ကုန်ပစ္စည်းပဲ။”

ရှောင်းယီသည် ဂရုထဲရှိ စာများကိုကြည့်ပြီးနောက် အနည်းငယ်တွေးတောကာ ဂရုထဲတွင် ပြောလိုက်၏။

“အရာရာတိုင်းက အရင်ကထက် အနည်းငယ်ကွဲပြားသွားပါပြီ။ စျေးနှုန်းကို ကျုပ်တို့ အတွင်းမှာ ဆက်ပြီးဆွေးနွေးနေတုန်းပါပဲ။”

“သူဌေး အုတ်မြစ်ကျောက် ၃၀ ဆိုတာက အများကြီးပါပဲ။ နောက်ထပ်စျေးမတင်ပါနဲ့တော့။”

“ဟားဟား!! ယီရန်ပင်းသူဌေးအကြောင်းကို မင်းသိပ်မသိဘူးသေးလို့ ငါထင်တယ်။ သူဌေးရဲ့အကျင့်စာရိတ္တက ဖြောင့်မတ်ပေမယ့် သူက စီးပွားရေးသမားစစ်စစ်ပဲ။ ဒီလိုစျေးပေါတာမျိုးက လုံးဝမဖြစ်နိုင်ဘူး။”

“တကယ်လား”

“ဒါပေမယ့် မင်းစိတ်မပူပါနဲ့။ အကြောင်းက သူဌေးက ပိုက်ဆံရှာတယ်ဆိုပေမယ့် ကျုပ်တို့ကိုတော့ ဂရုစိုက်ပါသေးတယ်။”

“ဒါဆိုရင်တော့ စိတ်ချပါပြီ။”

ရှောင်းယီသည် အနည်းငယ်ချင့်ချိန်ပြီးနောက် စွန်းကုထောင်ကို သီးသန့်မက်ဆေ့ချ်ပို့ကာ ဂရုထဲတွင် သူ၏တိုက်ခိုက်မှုအခြေအနေများကို ပြောပြခိုင်းလိုက်သည်။

“ဒေသခံတွေက အခုအရမ်းကို ပြင်းထန်နေပြီ။ သူတို့က သင်္ဘောကြီးလေးစီးနဲ့ တစ်ချိန်တည်းမှာ ငါ့ဆီကို ရောက်ကြလာတာ။ မျိုးနွယ်စုလေးခုက ဦးတည်ချက်လေးခုကနေ ငါ့ကျွန်းကိုဝိုင်းထားကြတယ်။”

“ဟမ် ဘာတွေဖြစ်နေတာလဲ။ အဲ့လောက်တောင် ပြင်းထန်နေပြီလား။”

“မျိုးနွယ်စုလေးခုဟုတ်လား ညီကို မင်းတော့ ပြီးသွားပြီ။”

“သေချာပေါက် ပြီးသွားတာမဟုတ်သေးဘူး။ ဘာလို့လဲဆိုတော့ ကျုပ်မှာ ယီရန်ပင်းသူဌေးရဲ့အကူအညီရှိတယ်။ ဒါပေမယ့် ကျွန်းတစ်ကျွန်းတည်းဆိုရင်တော့ ခုခံနိုင်မှာမဟုတ်ဘူး။”

စွန်းကုထောင်က ဂရုထဲတွင် ပြန်ဖြေလိုက်သည်။

“တကယ်ကြီးလား။ မျိုးနွယ်စုလေးခုက တစ်ချိန်တည်းမှာရောက်လာတယ် ပြီးတော့ ဦးတည်ချက်လေးခုကနေ ဝိုင်းထားတယ်ဟုတ်လား။ တစ်ကိုယ်တော်ကျွန်းတွေက ဘယ်လိုလုပ်ပြီး ရှင်သန်နိုင်တော့မှာလဲ။”

“သေချာသွားပြီ။ ဒီကမ္ဘာက အရမ်းရက်စက်တယ်။ မဟာမိတ်အဖွဲ့မူဝါဒထွက်လာတာနဲ့ ဒေသခံတွေရဲ့တိုက်ခိုက်မှုက ချက်ချင်းအရမ်းပြင်းထန်သွားတယ်။”

“ကျုပ်ကတော့ ဘာမှပြောမနေတော့ဘူး။ မဟာမိတ်အဖွဲ့အမြန်ဖွဲ့မယ်။ စိတ်ဝင်စားရင် ကျုပ်ကို အမြန်ဆက်သွယ်ကြ။”

“အပေါ်ကလူ မင်းရဲ့ကျွန်းကာကွယ်ရေးက အရမ်းအားကောင်းတယ်လို့ ပြောခဲ့တယ်မဟုတ်ဘူးလား။ မဟာမိတ်အဖွဲ့မဖွဲ့နဲ့လေ။ တစ်ကိုယ်တော်ကစားတာက ပိုကောင်းတယ်။”

“ညီကို မပြောပါနဲ့တော့။ ငါကိုယ်တိုင်က ဖြတ်လျှောက်လေးတစ်ယောက်ပါကွာ...။”

ထိုတဒင်္ဂအချိန်လေးအတွင်းမှာပင် မဟာမိတ်အဖွဲ့ ဘယ်နှစ်ခုဖွဲ့ခဲ့မှန်းမသိနိုင်တော့ပေ။ ထို့ပြင် သူတို့၏ကျွန်းများကို အရူးအမူး စတင်ရွှေ့ပြောင်းကြတော့လေသည်။

အဘယ်ကြောင့်ဆိုသော် ကုထောင်ချွေ့ရှန်း၏စကားများမှာ အရမ်းချဲ့ကားလွန်းနေ၏။ မျိုးနွယ်စုလေးခုက ဦးတည်ချက်လေးခုကနေ တိုက်ခိုက်ခြင်း - ထိုအရာကို ကျွန်းတစ်ကျွန်းတည်းက လုံးဝမခုခံနိုင်ပေ။

ယခုချိန်တွင် လူအများစုသည် ကျွန်းပေါ်၌ လူနှစ်ယောက်၊ သုံးယောက်ရှိပြီး ဦးတည်ချက်တစ်ခုခုကတော့ အမြဲတမ်းလွတ်နေဦးမှာပင်။

အသက်ရှင်ရပ်တည်နိုင်ရေးဖိအားအောက်တွင် သူတို့သည် နောက်ဆုံးတွင်း တစ်နေရာတည်းသို့ စတင်ရွှေ့ပြောင်းဖို့ခဲ့ပေသည်။

“အားးး ဒီမှာလည်း ဒေသခံသင်္ဘောကြီးတွေတွေ့တယ်။ ငါရေတွက်ကြည့်ဦးမယ်။ တစ်၊ နှစ်၊ သုံး၊ လေး! အား၊ သင်္ဘောလေးစီးရှိတယ်။”

“သူတို့ မင်းကျွန်းကိုရောက်ဖို့ ဘယ်လောက်ကြာဦးမလဲ။”

“အနည်းဆုံး မိနစ် ၄၀ လောက်ပဲ။”

“ပြီးသွားပြီ...။ ကျွန်းကိုရွှေ့ပြောင်းတာက တစ်နာရီကြာတယ်။ မင်းအတွက် မဟာမိတ်အဖွဲ့ရှာပြီးပြီလား။ မဟုတ်ရင် ငါ့ဆီလာပြီး ခဏလောက်နေလိုက်။”

“တွေ့ပြီ ဒါပေမယ့် မရွှေ့ပြောင်းသေးဘူး။ ဟင်း အခုရွှေ့မယ်ဆိုရင် နောက်ကျသွားမလားမသိဘူး။”

“လောက်လွှဲနည်းနည်းလောက်ငှားပြီး ကမ်းခြေမှာပိတ်ဆို့ထားလိုက်လေ။”

“အဲ့လိုပဲ လုပ်နိုင်တော့တယ်။ ရန်သူဘက်က အရမ်းမပြင်းထန်ပါစေနဲ့လို့ပဲ မျှော်လင့်မိတယ်။”

“နောက်ထပ်တစ်နည်းရှိသေးတယ်။ သူဌေးကို ပျော်စီးရွက်သင်္ဘော ငှားပေးဖို့တောင်းဆိုလိုက်။ ဒါတိူ သူတို့ကြောက်ပြီး ထွက်ပြေးကောင်း ပြေးသွားနိုင်တယ်။”

“စိတ်ကူးကောင်းပဲ၊ @ယီရန်ပင်း သူဌေး ကျုပ်ကိုကယ်ပါဦး။”

ထိုအချင်းအရာများကို‌တွေ့သောအခါ ရှောင်းယီက ချက်ချင်းပြန်ဖြေလိုက်သည်။

“နောက်ဆုံးတစ်ကြိမ်တုန်းက ဒေသခံတွေကိုကြောက်လန့်စေခဲ့တာက အထူးအခြေအနေတစ်ခုကြောင့်ပဲ။ ဒီတစ်ခါတော့ သူတို့ကို ကြောက်လန့်သွားစေမှာမဟုတ်ဘူး။ ဒါတောင်မှ မင်းက ငှားချင်သေးတာလား။”

“ငှားမယ်! အုတ်မြစ်ကျောက် ၁၀ ခု၊ ဆယ်မိနစ်ပဲလိုတယ်။”

ထိုလူက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ပျော်စီးရွက်သင်္ဘောက အရမ်းခိုင်ခံ့ပြီး သူတို့ဝင်တိုက်ပစ်လို့ရတယ်။ ဒါပေမယ့် မောင်းနှင်ဖို့လူလိုတယ်။ တစ်ဖက်သင်္ဘောမှာ မှော်ဆရာရှိနေခဲ့ရင် အရမ်းအန္တရာယ်များတယ်။”

ရှောင်းယီက သတိပေးလိုက်သည်။

“နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ် သူဌေး။”

ထိုလူက ပြန်ဖြေသည်။

‌ဒေသခံသင်္ဘောကြီးများ ကမ်းခြေနားသို့ ရောက်လာသောအခါ ထိုလူသည် မီးဘောလုံးအားလုံးကို ချက်ချင်းပင် ပစ်လွှတ်လိုက်၏။

သို့သော်လည်း သူ့တွင် လောက်လွှဲသုံးခုသာရှိပြီး သင်္ဘောကြီးနှစ်စီးကို ထိမှန်သွားပြီးနောက် နောက်ဆုံးသင်္ဘောကြီးက တုံ့ပြန်နိုင်ခဲ့ပြီး ဒိုင်းများဖြင့် မီးဘောလုံးကို ရိုက်ချနိုင်ခဲ့သည်။

ထိုလူသည် ချက်ချင်းပင် ပျော်စီးရွက်သင်္ဘောကို ငှားရမ်းကာ သင်္ဘောပေါ်ထိုင်လိုက်ပြီး မီးဘောလုံးမထိခဲ့သည့် သင်္ဘောကြီးကို ဝင်တိုက်ရန် အတင်းမောင်းနှင်လိုက်၏။

“အစီရင်ခံတင်ပြပါတယ် မှော်ဆရာ။ ကျွန်းနားမှာ ထူးဆန်းတဲ့သင်္ဘောတစ်စီး ရုတ်တရက်ထွက်ပေါ်လာပြီး ကျုပ်တို့ဆီကို အရှိန်ပြင်းပြင်းနဲ့ မောင်းနှင်လာနေပါတယ်။ ဝင်တိုက်မိသွားနိုင်ပါတယ်။”

ဒေသခံတစ်ယောက်သည် မှော်ဆရာရှိရာ သင်္ဘောခန်းဆီသို့ရောက်လာကာ စိတ်ပျက်အားငယ်စွာဖြင့် အစီရင်ခံလိုက်သည်။

“စိတ်မပူပါနဲ့...သူ့ကိုလာခွင့်ပေးလိုက်ပါ။”

မှော်ဆရာသည် အေးဆေးတည်ငြိမ်စွာဖြင့် ပျော်စီးရွက်သင်္ဘော အရှိန်ပြင်းပြင်းဖြင့် မောင်းနှင်လာပုံကို ကြည့်ရှုရင်း ပြောလိုက်သည်။

“တိုက်မိမယ့်နေရာကို နည်းနည်းလောက်ထိန်းချုပ်လိုက်ပါ။”

All Chapters