← Chapters

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း (၄၆၃-၄၆၅)

Vol. 31 Ch. 463-465

အခန်း- ၄၆၃။ တစ်စုံတစ်ယောက်၏ ကံဆိုးခြင်း၊ ငှားရမ်းစျေးနှုန်း၊ စွန်းယောင်အား ကူညီခြင်း

“ဟုတ်ကဲ့”

ထိုဒေသခံက ပြန်ဖြေလိုက်သည်။ မှော်ဆရာက ဤသို့ပြောထားသည့်အတွက် စိုးရိမ်စရာမရှိတော့ပေ။

ဝုန်း...။

ပျော်စီးရွက်သင်္ဘောသည် ဒေသခံသင်္ဘောကြီးအား ပြင်းထန်စွာ ဝင်တိုက်မိသွားပြီး သင်္ဘောကို နှစ်ခြမ်းခွဲပစ်လုနီးပါး ဖြစ်သွားစေခဲ့သည်။

မှော်ဆရာသည် အနည်းငယ်ယိမ်းယိုင်သွားပြီး ပျော်စီးရွက်သင်္ဘော၏ ဝင်တိုက်မှုအားကြောင့် အံ့အားသင့်သွားခဲ့သည်။ သူသည် ဝင်တိုက်မှုအားမှာ ဤမျှပြင်းထန်လိမ့်မည်ဟု လုံးဝမျှော်လင့်မထားခဲ့ပေ။

သို့သော် နောက်အခိုက်တွင် မှော်ဆရာသည် ချက်ချင်းပင် စိတ်ဝိဉာည်တိုက်ခိုက်မှုကို အသုံးပြုလိုက်သည်။

ပျော်စီးရွက်သင်္ဘောအတွင်း၌ရှိနေသော အသက်ရှင်ကျန်ရစ်သူသည် ချက်ချင်း သေဆုံးသွားခဲ့လေသည်။ ဤမှော်ဆရာသည် B အဆင့်ဖြစ်ပြီး သာမန်အသက်ရှင်ကျန်ရစ်သူထက် အဆင့်နှစ်ဆ ပိုမြင့်ပေသည်။

သူသည် မှော်ဆရာ၏ စိတ်ဝိဉာည်တိုက်ခိုက်မှုကို လုံးဝမခုခံနိုင်ခဲ့ပေ။

“ဟမ့်! အရမ်းအားနည်းတယ်။ ဒါတောင် လာပြီးအသေခံရဲသေးတယ်ပေါ့။ ပြီးတော့ ဒီလိုအဆင့်မြင့်သင်္ဘောကိုပါ ငါ့ကိုပေးခဲ့သေးတယ်...မဆိုးဘူး။”

မှော်ဆရာက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

သို့သော် နောက်အခိုက်တွင် ပျော်စီးရွက်သင်္ဘောသည် လေထဲ၌ပျောက်ကွယ်သွားပြီး ပင်လယ်ထဲသို့ ပြုတ်ကျသွားသော ရုပ်အလောင်းတစ်ခုသာ ကျန်ရစ်ခဲ့လေသည်။

ထိုသူသေဆုံးပြီးနောက် ငှားရမ်းမှုဆက်ဆံရေးသည်လည်း ပျောက်ကွယ်သွားပြီး ငှားရမ်းထားသောပစ္စည်းသည် ပိုင်ရှင်ထံသို့ ပြန်ရောက်သွားခဲ့၏။

ပျောက်ကွယ်သွားသောအိုင်ဒီကို မြင်လိုက်ရသောအခါ ရှောင်းယီသည် ထိုသူသေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း သိလိုက်လေသည်။

“အဲဒီညီကို အခြေအနေဘယ်လိုရှိလောက်လဲ။”

“သူသေသွားပြီ။ ကျုပ် ခုနကသူ့ကို @ လုပ်ကြည့်သေးတယ်။ ဒါပေမယ့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က ဒီလိုလူမရှိဘူးလို့ပြောခဲ့တယ်။”

“မဖြစ်နိုင်ဘူး။ အရမ်းမြန်လွန်းမနေဘူးလား။”

“ပြောင်းရွှေ့နေတဲ့ ကျွန်းကရော။”

“မသိဘူး။ အဲဒီညီကိုနဲ့ မဟာမိတ်အဖွဲ့ဖွဲ့ထားတဲ့သူတွေ ဘယ်မှာလဲ။ တစ်ခုခုပြောပါဦး။”

“ကျုပ်က အဲဒီညီကိုနဲ့ မဟာမိတ်အဖွဲ့ဖွဲ့ထားတာ။ ပြောင်းရွှေ့မှုကတော့ ဆက်ပြီးရှိနေတုန်းပဲ။”

“သူသေပြီးတဲ့နောက်မှာတောင် ဆက်သွားနေတုန်းလား။ ဒါဆို မင်းအရမ်းအမြတ်ထွက်သွားပြီ။ အလကားကျွန်းတစ်ကျွန်းရသွားတယ်။”

“ဟင်း... ကျွန်းတွေက အရေးမကြီးဘူး။ ကာကွယ်ပေးမယ့်သူမရှိရင် ဘာမှမရှိတဲ့ကျွန်းက ဘာအဓိပ္ပာယ်ရှိတော့လို့လဲ။”

“အမှန်ပဲ။ ကျွန်းကြီးတစ်ကျွန်းက တစ်ယောက်တည်းရှိတဲ့လူအတွက်တော့ ဒုက္ခပဲ။ ဒေသခံတွေထက်တောင် ပိုပြီးဒုက္ခများသေးတယ်။”

“ခဏလေး ပြောင်းရွှေ့မှုက ရပ်သွားပြီ။ ဆိုလိုတာက သူ့မဟာမိတ်အဖွဲ့ဝင်က တကယ်ပျောက်ကွယ်သွားပြီ။”

“ဒေသခံတွေက သူ့ကျွန်းကို လုံးဝသိမ်းပိုက်ပစ်လိုက်ပြီ။”

“သေစမ်း! ဒါကို လုံးဝမတားဆီးနိုင်တော့ဘူး။ မြန်မြန်မဟာမိတ်အဖွဲ့ဖွဲ့ပြီး ပြောင်းရွှေ့ကြတော့။”

“ဟုတ်တယ်...ငါအရမ်းကြောက်နေပြီ။ ဒေသခံတွေက ဘယ်ချိန်မဆို ငါ့ကိုတိုက်ခိုက်လာတော့မယ်လို့ ခံစားနေရတယ်။ ငါပြောင်းရွှေ့တာပြီးဖို့ နောက်ထပ်နာရီဝက်လောက်လိုနေသေးတယ်။”

“သူဌေး ခင်ဗျားရဲ့ပျော်စီးရွက်သင်္ဘောကို တစ်နာရီခွဲစာငှားရမ်းဖို့ ကျုပ်အုတ်မြစ်ကျောက် ၈၀ ပေးပါ့မယ်။”

“ကျုပ်က အုတ်မြစ်ကျောက် ၉၀ ပေးမယ်။”

သေချာပေါက်ပင် ဒေသခံများ၏ ဆက်တိုက်တိုက်ခိုက်မှုများက လူတိုင်း၏ အာရုံကြောများကို နှိုးဆွပေးလိုက်၏။

ရှောင်းယီသည် လျှို့ဝှက်စွာတွက်ချက်ကြည့်သည်။ လူတစ်ယောက်စီသည် အုတ်မြစ်ကျောက်တစ်ရာခန့်တန်ပေသည်။ မဟာမိတ်အဖွဲ့ဖွဲ့နေသော ကျွန်းကိုးကျွန်းတွင် တစ်ကျွန်းလျှင် လူတစ်ယောက်စီသာရှိပါက အနည်းဆုံး စတုရန်းမီတာ ၉၀၀ ရှိမည်ဖြစ်သည်။ ထို့ကြောင့် သူသည် ကော်မရှင်အဖြစ် စတုရန်းမီတာ ၁၀၀ ယူရပေလိမ့်မည်။

ကျွန်းပေါ်တွင် လူပိုများပါက ဧရိယာသည် ပို၍ပင်ကြီးမားနိုင်ပြီး အုတ်မြစ်ကျောက်လည်း ပိုများနိုင်သောကြောင့် သူသည် စျေးနှုန်းကို အုတ်မြစ်ကျောက် ၁၀၀ သတ်မှတ်လိုက်လေသည်။

“ငါက အရမ်းကြင်နာတတ်နေတုန်းပါပဲလား။”

ရှောင်းယီက သူ့ကိုယ်သူ ပြောလိုက်ပြီး ဂရုထဲတွင် အချက်အလက်များကို တင်လိုက်တော့လေသည်။

“အဖွဲ့အတွင်းဆွေးနွေးမှုအရ မဟာမိတ်အဖွဲ့ပေါင်းစည်းဖို့အတွက် ယာယီငှားရမ်းခအနေနဲ့ တစ်နာရီခွဲအတွက် အုတ်မြစ်ကျောက် ၁၀၀ ဖြစခပါတယ်။”

“သေစမ်း! မင်းတကယ်ကို အမြတ်ကြီးစားတဲ့သူပဲ။”

“အရမ်းမည်းညစ်တာပဲ။ လူတစ်ယောက်ရဲ့ကျွန်းဧရိယာနီးပါးကို ယူပစ်လိုက်တယ်။”

“ကိုးပုံတစ်ပုံကို တစ်ခါတည်း ၁၁% ကော်မရှင်ယူတာ အရမ်းမည်းညစ်တာပဲ။”

“ကျွန်းပေါ်မှာ လူပိုများရင်တော့ နည်းကောင်းနည်းသွားလိမ့်မယ်။ ဒါက အဆင်ပြေပါတယ်။ ကျုပ်သုံးမယ် သူဌေး မြန်မြန်တင်လိုက်ပါတော့။”

“ဟုတ်တယ် ဟုတ်တယ် မြန်မြန်လုပ်ပါ...ကျုပ်လည်းသုံးမယ်”

လူတိုင်းသုံးချင်နေကြကြောင်း မြင်လိုက်ရသောအခါ ရှောင်းယီသည် သူသတ်မှတ်လိုက်သည့်စျေးနှုန်းမှာ နိမ့်နေမလားဟု ရုတ်တရက်ခံစားမိလိုက်၏။

သို့သော် သူပြောပြီးသားဖြစ်သောကြောင့် ယခုအတွက်မူ ဤစျေးနှုန်းအတိုင်းသာ ဆက်သွားရမည်ဖြစ်သည်။

ရှောင်းယီ ငှားရမ်းမှုအချက်အလက်ကို တင်လိုက်သည်နှင့် ချက်ချင်းပင် ငှားရမ်းသွားခဲ့ကြလေသည်။

“ဥက္ကဋ္ဌ ကျုပ် ယီရန်ပင်းသူဌေးရဲ့ပျော်စီးရွက်သင်္ဘောကို ငှားလိုက်ပါပြီ။”

လက်အောက်ငယ်သားတစ်ဦးက ချက်ချင်းပင် တိလင်းထျန်းရှားဆီသို့ အစီရင်ခံလိုက်သည်။

“ကောင်းတယ် မင်းကိုဗဟိုပြုပြီး မင်းပတ်လည်က ကျွန်းရှစ်ကျွန်းကို အမြန်ပေါင်းစည်းလိုက်။”

တိလင်းထျန်းရှားက ပြောလိုက်သည်။

“တစ်ချိန်တည်းမှာ မဟာမိတ်အဖွဲ့ထဲပါဝင်ချင်တဲ့လူတွေကို ဆက်ပြီးစုဆောင်းလိုက်ပါ။”

တိလင်းထျန်းရှားသည် ရှောင်းယီ၏ အနက်ရောင်စာရင်းထဲသို့ ရောက်ရှိနေခဲ့ပြီး ရှောင်းယီ၏အပျော်စီးရွက်သင်္ဘောကို သူကိုယ်တိုင် ငှားရမ်း၍မရပေ။ သို့သော် သူ၏ထောက်လှမ်းရေးလက်အောက်ငယ်သားအချို့မှာမူ ငှားရမ်းနိုင်ဆဲပင်။

သူသည် ထိုလက်အောက်ငယ်သားများကို အသုံးပြု၍ အရင်ဆုံး လူအချို့ကိုစုဆောင်းမည်ဖြစ်သည်။ ထို့နောက် မဟာမိတ်အဖွဲ့ကို ဖျက်သိမ်းကာ စုဆောင်းထားသော အသက်ရှင်ကျန်ရစ်သူများကို တိလင်းထျန်းရှား၏မဟာမိတ်အဖွဲ့ထဲသို့ ခေါ်ဆောင်သွားမည်ဖြစ်သည်။

ဤလုပ်ဆောင်ချက်သည် တိလင်းထျန်းရှား၏ကျွန်းသို့ ပေါင်းစည်းလိုသော အသက်ရှင်ကျန်ရစ်သူများကို ပိုမိုမြန်ဆန်စွာ စုဆောင်းနိုင်မည်ဖြစ်သည်။

ချန်ပေါ်သည်လည်း အလားတူစိတ်ကူးရှိ၏။ ချန်ပေါ်သည် အခြေအနေကို ရွှမ်းယွမ်ဝူဝေ့အား ရှင်းပြထားပြီးဖြစ်သည်။

“ချန်ပေါ် ဒီကိစ္စကို မင်းအပေါ် လုံးလုံးအပ်နှင်းထားလိုက်မယ်။”

ရွှမ်းယွမ်ဝူဝေ့က ပြောလိုက်သည်။

ရှောင်းယီ၏အပျော်စီးရွက်သင်္ဘောဖြင့်ဆိုလျှင် သူတို့သည် ပိုမိုမြန်ဆန်စွာ စုဆောင်းနိုင်မည်ဖြစ်သော်လည်း အပျော်စီးရွက်သင်္ဘောကိုငှားရမ်းရန်မှာ စောင့်ဆိုင်းရမည့်အချိန် ပိုကြာမည်ဖြစ်သည်။

ထိုအချိန်တွင် စွန်းယောင်က မက်ဆေ့ချ်ပို့လာခဲ့သည်။

“ကျွန်းပိုင်ရှင် ကျုပ်ဆီမှာလည်း သင်္ဘောကြီးသုံးစီးတွေ့တယ်။ နှစ်နာရီအတွင်း ကျုပ်ကျွန်းကိုရောက်လာလိမ့်မယ်။”

စွန်းယောင်၏ကျွန်းတွင် ကျန်းယွင်ထျန်းခေါ်ဆောင်လာခဲ့သော စစ်သားများသည် ကင်းမျှော်စင်အချို့ကို တည်ဆောက်ထားပြီးဖြစ်သည်။ ၎င်းတို့ပေါ်တွင်ရပ်ကာ မှန်ပြောင်းဖြင့် ပင်လယ်ကိုကြည့်ရှုပါက ရာသီဥတုကောင်းမွန်သည့်အချိန်တွင် အလွန်ဝေးကွာသည့်နေရာအထိပင် မြင်နိုင်ပေသည်။

“အင်း ကျန်းယွင်ထျန်းကို စစ်သားနည်းနည်းထပ်ခေါ်ခိုင်းပြီး ဒီဒေသခံတွေရဲ့တိုက်ခိုက်မှုကိုခုခံဖို့ ကူညီခိုင်းလိုက်မယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”

စွန်းယောင်က ပျော်ရွှင်စွာ ပြောလိုက်၏။

ထို့နောက် ရှောင်းယီသည် တေါ်ကီတော်ကီကို ကောက်ယူပြီး ပြောလိုက်သည်။

“အစ်ကိုကျန်း စွန်းယောင်ဘက်မှာ ဒေသခံသင်္ဘောသုံးစီးပေါ်လာတယ်။ အဲ့ဘက်ကိုသွားပြီး သူ့ကိုကူညီခုခံပေးလိုက်ပါဦး။ အဆိပ်ငွေ့မီးဘောလုံးလည်း နည်းနည်းလောက်ယူသွားလိုက်ပါ။”

“အခုလား”

ကျန်းယွင်ထျန်းက ကြောင်အသွားခဲ့သည်။

“ဟုတ်တယ်”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“အာ... အခုသွားရင် စွန်းယောင်ရဲ့တည်နေရာကိုရောက်ဖို့ အချိန်အများကြီးယူရလိမ့်မယ်။ ကျုပ်ရောက်သွားတဲ့အချိန်ကျရင် သူ့ကျွန်းက ပျောက်ကောင်းပျောက်သွားလိမ့်မယ်။”

ကျန်းယွင်ထျန်းက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။

အချိန်အကြာကြီး ဝေးကွာပြီးနောက်မှ ဇနီးဖြစ်သူနှင့် ပြန်လည်ဆုံဆည်းရသောကြောင့် ကျန်းယွင်ထျန်းသည် အလွန်ပျော်ရွှင်နေခဲ့ပြီး ရှောင်းယီသည် သူ့ကို မဟာမိတ်အဖွဲ့အကြောင်းပြောပြရန် အချိန်မရခဲ့ပေ။

ရှောင်းယီက သူ့နဖူးကို ရိုက်လိုက်ပြီး ပြောလိုက်သည်။

“ငါ မင်းကို မပြောရသေးဘူးပဲ။ မနေ့က ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က အသစ်တစ်ခုထပ်ဖြည့်ခဲ့တယ်။”

သူ ကျန်းယွင်ထျန်းကို မဟာမိတ်အဖွဲ့အကြောင်း ပြောပြီးနောက် ကျန်းယွင်ထျန်းသည် ချက်ချင်းပင် အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။

“ဒီလို မွမ်းမံမှုကြီး ရှိခဲ့တာပဲ။ ဆိုလိုတာက စွန်းယောင်က ငါတို့ရဲ့တောင်ဘက် ကီလိုမီတာ ၁၀၀ မှာရှိနေပြီပေါ့ ဟုတ်လား။”

“ဟုတ်တယ်”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ကောင်းပြီ ငါအခုသွားလိုက်မယ်။”

ကျန်းယွင်ထျန်းက ချက်ချင်း ပြန်ဖြေလိုက်၏။

“ပြီးတော့ ကျွန်မရောပဲ။”

ကျန်းရွှဲ့၏အသံသည်လည်း ဝေါ်ကီတော်ကီထဲမှ ထွက်ပေါ်လာခဲ့သည်။

ရှောင်းယီသည် အနည်းငယ်တုံဆိုင်းသွားပြီးနောက် မေးလိုက်သည်။

“မရီးက ကျွင်းကျွင်းနဲ့ အချိန်နည်းနည်းလောက် ပိုမနေချင်တော့ဘူးလား။”

“အဆင်ပြေပါတယ်။ နောက်ပိုင်းမှာ အချိန်အများကြီးရှိသေးတယ်။ ပြီးတော့ ကျွန်မတို့လက်နက်တွေနဲ့ တိုက်ခိုက်ရေးစွမ်းအားသာရှိရင် အဲ့ဒီသင်္ဘောသုံးစီးအတွက် အချိန်အများကြီးမယူရပါဘူး။”

ကျန်းရွှဲ့က ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

“အင်း ဒါပေမယ့် သင်္ဘောပေါ်က မှော်ဆရာတွေရဲ့တိုက်ခိုက်မှုကိုတော့ ဂရုစိုက်ပါ။ သူတို့ရဲ့တိုက်ခိုက်မှုက အတော်လေးထူးခြားပြီး နည်းနည်းရှုပ်ထွေးတယ်။”

ရှောင်းယီက သတိပေးလိုက်သည်။

“မပူပါနဲ့ ကျွန်းပိုင်ရှင်။ ကျုပ်တို့ အနားမကပ်ဘဲနဲ့တောင် သူတို့ကိုမောင်းထုတ်နိုင်တယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“မဟုတ်ဘူး ငါက သူတို့ကိုဖမ်းချင်တာ။ စွန်းကုထောင်က သင်္ဘောကြီးလေးစီးနဲ့ မျိုးနွယ်စုလေးခုက မှော်ဆရာတွေကိုတောင် ဖမ်းထားပြီးပြီ။”

ရှောင်းယီက ပြုံးပြီးပြောလိုက်သည်။

“ဘာ...ဒါဘယ်လိုဖြစ်နိုင်မှာလဲ။ မျိုးနွယ်စုလေးခုက တစ်ချိန်တည်းမှာတိုက်တာလား။ ဒါကို ခုခံနိုင်ရင်ကိုပဲ ကောင်းနေပြီ။ သူက မျိုးနွယ်စုလေးခုကိုတောင် ဖမ်းထားတယ်ပေါ့။”

ကျန်းယွင်ထျန်းသည် ရှောင်းယီ၏စကားကို လုံးဝမယုံကြည်နိုင်ခဲ့ပေ။

“မဖြစ်နိုင်တာ ဘာမှမရှိဘူး။ မြန်မြန်သွားတော့။ ငါပေးတာတွေယူလိုက်ပြီးရင် ဘာဖြစ်နေလဲဆိုတာ မင်းသိသွားလိမ့်မယ်။”

ရှောင်းယီက ပြောလိုက်သည်။

အခန်း- ၄၆၄။ ကြိုတင်ပြင်ဆင်မှု၊ ချမ်းသာသောရှောင်းယီ

ကျန်းယွင်ထျန်းသည် ချက်ချင်းပင် ဗီလာထဲသို့ ပြေးဝင်သွားခဲ့ပြီး ကျန်းရွှဲ့သည်လည်း သဘာဝအတိုင်း အနောက်မှ လိုက်သွားခဲ့သည်။

တံတိုင်းအတွင်းသို့ဝင်ရောက်ပြီး ကျွင်းကျွင်းသည် ခြံဝန်းထဲသို့ တိုက်ရိုက်ပြေးသွားခဲ့သည်။ ပုံမှန်အားဖြင့် သူသည် ယွမ်နွန်နောက်သို့လိုက်ပြီး ယွမ်နွန်က သူ့အား အပင်ဆိုင်ရာအသိပညာအချို့ကို ပြောပြလေ့ရှိ၏။ သူကလည်း ထိုအကြောင်းများအား နားထောင်ရသည်ကို နှစ်သက်ပေသည်။

ဒေါက်! ဒေါက်! ဒေါက်!

ကျန်းယွင်ထျန်းသည် ရှောင်းယီ၏အခန်းတံခါးကို ခေါက်လိုက်၏။

“ဝင်ခဲ့ပါ”

ရှောင်းယီက နောက်လှည့်ကာ ပြောလိုက်သည်။

ထို့နောက် ကျန်းယွင်ထျန်းနှင့် ကျန်းရွှဲ့တို့ အတူတကွ ဝင်ရောက်လာခဲ့က့သည်။ ရှောင်းယီသည် သူ့တို့ကို အဆိပ်ငွေ့မီးဘောလုံးများကို ပေးအပ်လိုက်လေသည်။

“ဒါက အဆိပ်ငွေ့မီးဘောလုံးပဲ။ အဆိပ်ရှိတဲ့ တရုတ်ဆေးဖက်ဝင်အပင်မှုန့်တွေနဲ့ အာဆင်းနစ်၊ ယမ်းမှုန့်တို့ကို ပေါင်းစပ်ထားတယ်။ ပစ်လွှတ်လိုက်ပြီးရင် ပေါက်ကွဲသွားပြီး အဖြူရောင်မီးခိုးတွေထွက်လာပြီး ရန်သူရဲ့စွမ်းအားကို အဆိပ်ဖြစ်စေလိမ့်မယ်။”

ရှောင်းယီက ရှင်းပြလိုက်သည်။

ကျန်းယွင်ထျန်း၏မျက်လုံးများ ပြူးကျယ်သွားခဲ့သည်။

“ဓာတုလက်နက်တွေလား။”

“အဲ့လိုပြောလို့ရတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ဒါပေမယ့် ငါတို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ့်ကိုယ် ကာကွယ်ထားရမယ်။”

“နားလည်ပါပြီ”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်သည်။

“ဒါနဲ့တောင် အဲဒီဒေသခံတွေကို ချန်မထားနိုင်ဘူးဆိုရင် ငါ အပြစ်ဒဏ်ခံဖို့ ပြန်လာခဲ့မယ်။”

“ဖိအားပေးစရာမလိုပါဘူး။ အရေးအကြီးဆုံးက ကိုယ်ကိုယ်တိုင် ဘေးကင်းဖို့ပဲ။”

ရှောင်းယီက ပြောလိုက်သည်။

“မရီးရဲ့အဆင့်က အခုအချိန်မှာ မြင့်မနေသေးဘူး။ သူ့ကို ဂရုစိုက်ပါ။ ပြီးတော့ သူ့ကိုလည်း ငါတို့စမ်းသပ်မှုထဲမှာ ပါဝင်ခွင့်ပေးလိုက်။”

“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။ ကျုပ် နောက်မှ ဦးလေးအန်းယွဲ့ကို အစီရင်ခံလိုက်ပါ့မယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ကောင်းပြီ...မင်းတို့ပြင်ဆင်ကြတော့။ တပ်ကိုစုထားလိုက်။ အပျော်စီးရွက်သင်္ဘောပြန်ရောက်လာရင် မင်းတို့အရင်ဆုံးအသုံးပြုနိုင်တယ်။”

ရှောင်းယီက ပြောလိုက်သည်။

၎င်းကို ယခင်ကငှားရမ်းထားခဲ့ပြီး တစ်နာရီခွဲအတွင်း ပြန်ရောက်လာမည်ဖြစ်သည်။ စွန်းယောင်၌ အချိန်နှစ်နာရီကျန်နေသေးသည်။ အပျော်စီးရွက်သင်္ဘောပြန်ရောက်ရန် ဆယ်မိနစ်သာလိုတော့ပြီး အချိန်ရှိသေးပေသည်။ ထို့အတွက် စိုးရိမ်စရာမလိုပေ။

ကျန်းယွင်ထျန်းသည် ရှောင်းယီပေးလိုက်သော အဆိပ်ငွေ့မီးဘောလုံးငါးလုံးဖြင့် ထွက်ခွာသွားခဲ့သည်။

“ဒီပစ္စည်းကရော ဘယ်လိုပေါ်လာပြန်တာလဲ။”

ဗီလာထဲမှထွက်လာပြီးနောက် ကျန်းရွှဲ့က စူးစမ်းသိလိုစွာဖြင့် မေးလိုက်သည်။

“ဘုရားပဲသိလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့သုံးလို့ရနေတာပဲလေ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

ကျန်းရွှဲ့သည် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါလိုက်ပြီး ထပ်မံ၍ စပ်စုလိုက်ပြန်သည်။

“နင်ခုနကပြောတဲ့ စမ်းသပ်မှုဆိုတာ ဘာလဲ။ နင်တို့က ငါ့ကို စမ်းသပ်ခန်းကကြွက်တွေလို ဆက်ဆံနေတာလား။”

ကျန်းယွင်ထျန်းက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။

“ဟုတ်တယ် မင်း စမ်းသပ်ခံကြွက်ဖြစ်ချင်လား။”

ကျန်းရွှဲ့က မျက်မှောင်ကြုတ်လိုက်၏။

“ဘာစမ်းသပ်မှုလဲဆိုတာ ငါ့ကိုပြောပြစမ်းပါ။”

“ကျွန်းပိုင်ရှင်က တူညီတဲ့အဆင့်ရှိတဲ့သူတွေကို မတူညီတဲ့အဆင့်က အစားအစာစားတဲ့အခါ ကိုယ်ခန္ဓာမြှင့်တင်မှုအရှိန် ဘယ်လိုကွာခြားလဲဆိုတာကို စမ်းသပ်ချင်နေတာ။”

ကျန်းယွင်ထျန်းက ရိုးရိုးရှင်းရှင်းပင် ရှင်းပြလိုက်သည်။

ထိုအခါ ကျန်းရွှဲ့သည် သူ့ကို ပဟေဠိဖြစ်နေသောအကြည့်များဖြင့်ကြည့်လိုက်၏။

“ဒီလိုစမ်းသပ်မှုမျိုးတွေလုပ်နေတာလား။ အဆင့်သတ်မှတ်ထားတဲ့အစားအစာတွေက နင်တို့သုံးလို့မကုန်နိုင်လောက်အောင်ကို ပေါနေတာလား။”

“မှန်တယ်... တကယ်ပဲ သုံးမကုန်နိုင်ဘူး။ မဟုတ်ရင် ဘာလို့အချိန်နဲ့အမျှ အပြင်ကိုအစုလိုက်ရောင်းနေရမှာလဲ။ ပုပ်သွားရင် အရမ်းနစ်နာသွားမှာပေါ့။”

ကျန်းယွင်ထျန်းက ဟိတ်ဟန်ထုန်ကာ ပြောလိုက်သည်။

ကျန်းရွှဲ့သည် သူ့ကို ထုရိုက်ပစ်ချင်စိတ်ပင် ဖြစ်သွား၏။ ကျန်းယွင်ထျန်းသည် အလွန်ဟိတ်ဟန်များလွန်းလှပေသည်။

ထို့နောက် ကျန်းယွင်ထျန်းသည် ကျန်းရွှဲ့ကို လေ့ကျင့်ရေးစခန်းသို့ ခေါ်ဆောင်သွားပြီး “စုရုံးကြ” ဟု အော်လိုက်၏။

ဒေသခံစစ်သားများသည် ချက်ချင်းနီးပါး စစ်တပ်ဖွဲ့စည်းပုံကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့သည်။

ကျန်းရွှဲ့သည် ဘေးနားမှနေ၍ ခေါင်းတညိမ့်ညိမ့်ဖြင့် ပြောလိုက်၏။

“မဆိုးဘူး နင်ငါ့ကိုမရှက်စေခဲ့ဘူးပဲ။”

ကျန်းယွင်ထျန်း ပြောစရာစကားများ ကင်းမဲ့သွားသည်။ ထို့နောက် သူက ဆက်ပြောလိုက်၏။

“ပထမတန်းက လူဆယ်ယောက် ခဏနေရင် အစစ်အမှန်တိုက်ပွဲအတွက် ငါနဲ့အတူလိုက်ခဲ့ကြ။”

“ဟုတ်ကဲ့”

ပထမတန်းရှိ စစ်သားများက စိတ်လှုပ်ရှားစွာဖြင့် အော်ဟစ်လိုက်ကြသည်။

“အစီရင်ခံပါတယ်။”

ဒုတိယတန်းက တစ်ယောက်က ချက်ချင်း အော်လိုက်၏။

“ပြောပါ”

“ကျုပ်လည်း အစစ်အမှန်တိုက်ပွဲမှာ ပါဝင်ချင်ပါတယ်။”

ထိုလူက ပြန်ဖြေလိုက်သည်။

ကျန်းယွင်ထျန်းက ထိုလူကိုကြည့်ပြီး ပြောလိုက်၏။

“ရှုန်းတိ ရှေ့ထွက်!”

ထိုလူသည် ချက်ချင်းပင် ရှေ့တစ်လှမ်းတိုးလိုက်ပြီး ဖွဲ့စည်းပုံထဲမှ ထွက်လာခဲ့သည်။

“ကျန်တဲ့သူတွေ တန်းဖြုတ်! ရှုန်းတိ ကစားကွင်းကို အပတ် ၄၀ ပတ်ပြေး။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဟုတ်ကဲ့”

လူတိုင်းက တုံ့ပြန်လိုက်ကြသည်။

ရှုန်းဆိသည် ချက်ချင်းပင် ပတ်ပြေးလိုက်၏။ တစ်ပတ်ပြီးသွားသောအခါ ကျန်းယွင်ထျန်းက မေးလိုက်သည်။

“ငါဘာလို့ မင်းကိုပြစ်ဒဏ်ပေးနေတာလဲ မင်းသိလား။”

“အစီရင်ခံပါတယ် နည်းပြ။ ကျုပ် မသိပါဘူး။”

ရှုန်းတိက ပြေးနေရင်း ပြန်ဖြေ၏။

“စစ်သားတစ်ယောက်ရဲ့တာဝန်က အမိန့်နာခံဖို့ပဲ။ မင်းမလုပ်နိုင်ဘူးဆိုရင် ငါ့တပ်ကထွက်သွားလိုက်။ နားလည်လား။”

ကျန်းယွင်ထျန်းက အော်လိုက်သည်။

“အစီရင်ခံပါတယ် နည်ပြ။ ကျုပ်နားလည်ပါပြီ။”

ရှုန်းတိက အော်ပြောလိုက်သည်။

ကျန်းယွင်ထျန်းသည် ရှုန်းတိ၏ အလျင်အမြန်ပြေးလွှားနေပုံကို ကြည့်ရင်း သူ၏နှုတ်ခမ်းထောင့်များ မြှောက်တက်သွားခဲ့သည်။

ကျန်းရွှဲ့သည် သူမရှေ့တွင်ရှိနေသောမြင်ကွင်းကိုကြည့်ပြီး ပြောလိုက်၏။

“နင် အဲ့ဒီစစ်သားကို တော်တော်ကြိုက်တာပဲ။”

ကျန်းယွင်ထျန်း ကြောင်အသွားပြီးနောက် အနည်းငယ် ခေါင်းညိတ်လိုက်သည်။

“ငါ နင့်ရဲ့အရိပ်ကို သူ့ဆီမှာတွေ့ရတယ်။”

ကျန်းရွှဲ့က ပြောလိုက်သည်။

“မဟုတ်ဘူး ငါက အရင်က ဒီလိုဒုက္ခရှာတဲ့သူမျိုးမဟုတ်ဘူး။”

ကျန်းယွင်ထျန်းက ငြင်းဆိုလိုက်သည်။

“ဒါဆို ငါ နင့်ကိုဘယ်နှစ်ကြိမ်ပြစ်ဒဏ်ပေးခဲ့လဲဆိုတာ နင်ရေတွက်ဖူးလား။”

ကျန်းရွှဲ့က မေးလိုက်၏။

“အာ...”

ကျန်းယွင်ထျန်း ဆွံ့အသွားခဲ့သည်။

ကျန်းရွှဲ့က ပြုံးလိုက်၏။

“စုစုပေါင်း ၁၅၆ ကြိမ်ပဲ”

“အမ် အဲ့ဒါတောင် မှတ်မိတယ်လား။ ငါတို့ရဲ့သင်တန်းချိန်တောင် တစ်နှစ်ဝက်ပဲရှိတာလေ။”

ကျန်းယွင်ထျန်း စကားမပြောနိုင် ဖြစ်သွားခဲ့သည်။

“အဲ့ဒါကြောင့် နင်က သူ့ထက်တောင် ဒုက္ခရှာသေးတယ်။”

ကျန်းရွှဲ့က ပြုံးပြီးပြောလိုက်သည်။

“သူရဲကောင်းတွေက သူတို့ရဲ့အတိတ်က ရဲစွမ်းသတ္တိတွေအကြောင်း မပြောဘူး။ သွားကြရအောင် အန်းယွဲ့ဆီမှာ မှတ်ပုံသွားတင်ကြမယ်။”

ကျန်းယွင်ထျန်းသည် အကြောင်းအရာကို အလျင်အမြန် ပြောင်းလဲလိုက်သည်။

အန်းယွဲ့၏ရုံးခန်းသို့ ရောက်လာခဲ့သော်လည်း အန်းယွဲ့က ရှိမနေပေ။ ထို့ကြောင့် ကျန်းယွင်ထျန်းသည် ဝေါ်ကီတော်ကီဖြင့်သာ ရှာဖွေရတော့လေသည်။

“ဦးလေးအန်း ခင်ဗျား ဘယ်မှာလဲ။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။

“ငါ ဖူရှီမျိုးနွယ်စုထဲမှာ။ ဘာကိစ္စရှိလို့လဲ။”

အန်းယွဲ့က ပြန်ဖြေလိုက်သည်။

“ကျွန်းပိုင်ရှင်က ကျန်းရွှဲ့ကိုလည်း စမ်းသပ်မှုထဲပါဝင်ခွင့်ပေးဖို့ ပြောလိုက်တယ်။ အဲ့ဒါ ခင်ဗျားကိုအစီရင်ခံချင်လို့။”

ကျန်းယွင်ထျန်းက ပြန်ဖြေသည်။

“ကောင်းပြီ သူမရဲ့လက်ရှိအဆင့်ကဘယ်လိုလဲ။”

အန်းယွဲ့က မေးသည်။

“C-အဆင့်”

“ပင်း ဒါဆို သူမကို CB အုပ်စုထဲထည့်လိုက်ပါ။ ဆိုလိုတာက C-အဆင့် ကိုယ်ခန္ဓာနဲ့ B-အဆင့် အစားအစာကို စားရမယ်။ အခုကစပြီး သူမက B-အဆင့် အစားအစာကိုပဲ စားရမယ်။”

အန်းယွဲ့က ပြောလိုက်သည်။

“အမ် ဦးလေးပန်း သူမကို CA အုပ်စုထဲထည့်ပေးလို့မရဘူးလား။”

ကျန်းယွင်ထျန်းက သူ့ဇနီးကို ကောင်းသည့်အရာများကိုသာ စားစေချင်သေးသည်။

အန်းယွဲ့က ပြုံးလိုက်၏။

“ကျွန်းပိုင်ရှင်က ကိုယ့်ထက်တစ်ဆင့်မြင့်တဲ့အစားအစာကို စားတာက စုပ်ယူမှုအတွက် အကောင်းဆုံးဖြစ်မယ်လို့ ခန့်မှန်းထားတာကို ငါကြားခဲ့တယ်။ A-အဆင့် အစားအစာကတော့ကောင်းပါတယ်။ ဒါပေမယ့် B-အဆင့် လောက်စုပ်ယူမှု မကောင်းတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်။ သူမက အဆင့်တက်နှေးတာကို စိတ်မရှိဘူးဆိုရင်တော့ ပြဿနာမရှိပါဘူး။”

မည်သို့ပင်ဖြစ်စေကာမူ သူတို့သည် ကိုယ့်လူအချင်းချင်းဖြစ်သည့်အတွက် လွတ်လွတ်လပ်လပ် ညှိယူနိုင်ပေသည်။

“မဟုတ်ဘူး CB အုပ်စုနဲ့ပဲ လုပ်လိုက်ကြတာပေါ့။”

ကျန်းရွှဲ့က ဘေးနားမှနေ၍ ပြောလိုက်သည်။

ယခင်က အထက်တန်းစား တိုက်ခိုက်ရေးကျွမ်းကျင်သူတစ်ဦးအနေဖြင့် ဤနေရာတွင်ရှိနေသူတိုင်းက သူမထက် ပိုမိုအားကောင်းနေခြင်းက သူမကို အလွန်မသက်မသာဖြစ်စေပြီး သူမ၏အဆင့်ကို ဖြစ်နိုင်သမျှအမြန်ဆုံး မြှင့်တင်ချင်နေခဲ့သည်။

“ကောင်းပြီ ဒါဆို CB အုပ်စုနဲ့ပဲ လုပ်ကြတာပေါ့။ ကျေးဇူးတင်ပါတယ် ဦးလေးအန်း။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“အရမ်းယဉ်ကျေးနေစရာမလိုပါဘူး။ ဒါဆို ဆုံးဖြတ်ပြီးသွားပြီ။ နောက်ပိုင်း သူမစားမယ့်အစားအစာကိုပဲ ဂရုစိုက်လိုက်ပါ။”

အန်းယွဲ့ ညွှန်ကြားလိုက်သည်။

“ဟုတ်ကဲ့ပါ။”

ကျန်းယွင်ထျန်းက တုံ့ပြန်လိုက်၏။

ဖုန်းချပြီးနောက် ကျန်းရွှဲ့သည် မယုံကြည်နိုင်သေးသောအကြည့်ဖြင့် ထပ်မေးလိုက်သည်။

“ဒီလိုမျိုး စမ်းသပ်မှုတွေလုပ်နေတာ ကျွန်းပေါ်မှာ အဆင့်အမျိုးမျိုးနဲ့အစားအစာတွေ တကယ်ရှိနေတာလား။”

ကျန်းယွင်ထျန်းက ခေါင်းခါကာ ပြောလိုက်သည်။

“မင်းသာ ကျွန်းပိုင်ရှင် ဈေးကွက်မှာတင်ထားတဲ့ အစားအစာကိုမြင်ဖူးရင် ဒီလိုမေးခွန်းမျိုး မေးမှာမဟုတ်ဘူး။”

ကျန်းရွှဲ့ အနည်းငယ် ပဟေဠိဖြစ်သွား၏။ ကျန်းယွင်ထျန်းသည် အနည်းငယ်တွေးတောပြီးနောက် ပြောလိုက်သည်။

“ဒီလိုပြောရရင် ကျွန်းပိုင်ရှင်ရဲ့ကျွန်းက လုံလောက်အောင်ကြီးတယ်နော် ဟုတ်တယ်မလား။”

ကျန်းရွှဲ့က ခေါင်းညိတ်ပြလိုက်၏။ ကျန်းယွင်ထျန်းက ဆက်ပြောသည်။

“ဒါဆို အခုဧရိယာဘယ်လောက်ရှိလဲဆိုတာ မင်းသိလား။”

ကျန်းရွှဲ့က ခေါင်းခါလိုက်သည်။ ကျန်းယွင်ထျန်းသည် ထိုအကြောင်း သူမကိုမပြောပြရသေးပေ။

“စုစုပေါင်း ၅၀.၅ စတုရန်းကီလိုမီတာပဲ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“၅၀.၅လား။ စတုရန်းကီလိုမီတာ ဟုတ်လား။”

ကျန်းရွှဲ့သည် ကျွန်းမှာ အလွန်ကြီးမားကြောင်း မြင်နိုင်သော်လည်း သည်လောက်ထိကြီးမားလိမ့်မည်ဟုတော့ မျှော်လင့်မထားခဲ့ပေ။

“ဒီဧရိယာကြီးရဲ့ ၈၀% ကျော်ကို ကျွန်းပိုင်ရှင်က အစားအစာနဲ့လဲထားတာပဲ။ ဒီလောက်ဆို မင်းနားလည်ပြီလား။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

ရက်ပေါင်း ငါးဆယ်အတွင်း တစ်နေ့လျှင် ပစ္စည်းသေတ္တာသုံးလုံး ဖမ်းနိုင်ပြီး အခန့်မှန်းခြေအားဖြင့် အုတ်မြစ်ကျောက် ၁၅၀ ခန့် ရနိုင်ပေသည်။ ဤကျွန်းသည် စတုရန်းကီလိုမီတာ ၅၀ ကျော်ရှိပြီဖြစ်ကာ စတုရန်းမီတာသို့ပြောင်းလဲပါက စတုရန်းမီတာ ၅၀ သန်းကျော်ရှိ၏။ ဤမျှကြီးမားသောဧရိယာအတွက် အဆင့်မြင့်အစားအစာများ မည်မျှလိုအပ်လိမ့်မည်နည်း။

အခန်း- ၄၆၅။ ကျန်းရွှဲ့တွင် A-အဆင့် လေးတစ်လက်ရှိ၏၊ အပြင်ဘက်မှ ထိန်းချုပ်ခြင်း

ကျန်းရှဲ့သည် ရှောင်းယီ၏ ချမ်းသာကြွယ်ဝမှုနှင့် စွမ်းအားကို နောက်ဆုံးတွင် နားလည်သွားခဲ့သည်။

မကြာမီ အပျော်စီးရွက်သင်္ဘောသည် ၎င်း၏ငှားရမ်းမှုလုပ်ငန်းစဥ်များ ပြီးဆုံးသွားခဲ့ပြီး ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ကျန်းယွင်ထျန်းသည် ကျန်းရွှဲ့နှင့် စစ်သား ၁၀ ဦးကို ခေါ်ဆောင်ကာ ကျွန်း၏တောင်ဘက်သို့ ဦးတည်၍ ထွက်ခွာခဲ့တော့၏။

“ဒီအပျော်စီးရွက်သင်္ဘောက အရမ်းမြန်တာပဲ။”

ကျန်းရွှဲ့က ပြောလိုက်သည်။

“အမြန်နှုန်းက ဒီသင်္ဘောရဲ့ အားသာချက်တစ်ခုပဲရှိသေးတယ်။ ဒီထက်ပိုကြီးတဲ့အားသာချက်က သူ့ရဲ့ခိုင်ခံ့မှုပဲ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ကျွန်းပိုင်ရှင်ရဲ့ပြောစကားအရ ဒီကမ္ဘာပေါ်မှာ ဒီအပျော်စီးရွက်သင်္ဘောကို ဖျက်ဆီးနိုင်တဲ့အရာ မရှိသေးဘူး။”

“ဒါဆို ဒါက ပြိုင်ဘက်ကင်းနေပြီမဟုတ်ဘူးလား။”

ကျန်းရွှဲ့က ပြောလိုက်သည်။ ကျန်းယွင်ထျန်းက ခေါင်းခါလိုက်၏။

“အန်တီလီ ဒီအပျော်စီးရွက်သင်္ဘောနဲ့ပြန်လာတုန်းက ရှေးဦးမိကျောင်းတစ်ကောင်က သူ့ကို ရေထဲဆွဲချသွားပြီး ပြန်မတက်လာနိုင်တော့မယ့် အခြအနေအထိတောင် ဖြစ်သွားခဲ့တာ။ ရှေးဦးမိကျောင်းက ဖျက်ဆီးလို့မရဘူးဆိုပေမယ့် အပျော်စီးရွက်သင်္ဘောကို ပင်လယ်ကြမ်းပြင်ထိဆွဲခေါ်သွားပြီး ပြန်တက်မလာနိုင်အောင် တားထားနိုင်တယ်။”

“ရှေးဦးမိကျောင်းလား။ အဲ့ဒါကဘာလဲ။”

ကျန်းရွှဲ့သည် သူမမသိသေးသောအရာများ တဖြည်းဖြည်းများလာနေသည်ဟု ခံစားလိုက်ရသည်။

ကျန်းယွင်ထျန်းက သူမကို အများကြီးရှင်းပြထားသော်လည်း မပြောပြရသေးသောအရာများ ရှိနေဆဲပင်။

ကျန်းယွင်ထျန်းသည် သူမကို ရှေးဦးသတ္တဝါကြီးများအကြောင်း ရှင်းပြပြီးနောက် နောက်ဆုံးတွင် သူတို့သည် စွန်းယောင်၏ကျွန်းသို့ ရောက်ရှိလာခဲ့ကြလေသည်။

“အစ်ကိုကျန်း ရောက်လာပြီလား...မင်းကို အလုပ်ရှုပ်စေမိပါပြီ။”

စွန်းယောင်က ဆီးကြိုဆိုလိုက်သည်။

“မင်းကအရမ်းကြင်နာလွန်းနေပါပြီ။ မိတ်ဆက်ပေးပါရစေ ဒါကငါ့ရဲ့ဇနီး ကျန်းရွှဲ့။”

ကျန်းယွင်ထျန်းသည် သူ၏ဘေးတွင်ရပ်နေသော ကျန်းရွှဲ့ကို ညွှန်ပြရင်း ပြောလိုက်သည်။

“ဆိုတော့ ဒါက မရီးပေါ့။ ဘယ်တုန်းက ပြန်ရောက်လာတာလဲ။”

စွန်းယောင်က မေးလိုက်သည်။

“မနေ့ကပဲ ရောက်လာတာ။ ဒီသင်္ဘောကြီးသုံးစီးကို ကိုင်တွယ်ပြီးမှ ပြောကြတာပေါ့။ ဒီမှာ အဆိပ်ငွေ့ဗုံးသုံးလုံးရှိတယ်။ အပျော်စီးရွက်သင်္ဘောထဲမှာက သုံချက်ပစ်လောက်လွှဲတွေ ထည့်လာလို့မရဘူး။ အဲ့ဒါကြောင့် ကမ်းခြေကလူတွေပဲ ဒါကိုပစ်ရမယ်။ ငါတို့က ပင်လယ်ထဲမှာ သူတို့ကိုထိန်းချုပ်ပြီး အာရုံပြောင်းသွားအောင် လုပ်ထားပေးမယ်။ မင်းက သူတို့အာရုံထွေပြားနေတဲ့အချိန်ကို အခွင့်ကောင်းယူပြီး ဒါကိုသူတို့သင်္ဘောပေါ်ပစ်တင်လိုက်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

ရှောက်းယီသည် ဤအဆိပ်ငွေ့ဗုံးများအကြောင်း စွန်းယောင်ကို ပြောပြီးထားသားဖြစ်သောကြောင့် သူသည် သဘာဝအတိုင်း ထိုအရာ၏လုပ်ဆောင်ချက်များကို သိထားပေသည်။

“ဟုတ်ကဲ့”

စွန်းယောင်က ပြန်ဖြေလိုက်သည်။

“ကြိုတင်ကာကွယ်မှုထားကြ။ ငါတို့အရင်ဆုံး ပင်လယ်ထဲ သွားလိုက်တော့မယ်။”

ထို့နောက် ကျန်းယွင်ထျန်းသည် ကျန်းရွှဲ့နှင့် သူ့အဖွဲ့ကို ခေါ်ဆောက်ပြီး အပျော်စီးရွက်သင်္ဘောပေါ်သို့ ပြန်တက်သွားကြတော့လေသည်။

ကျန်းရွှဲ့သည် သူမ၏ကျောပေါ်တွင် သယ်လာသော လေးကိုချွတ်လိုက်၏။

“B-အဆင့် လေးတစ်လက်နဲ့ လဲချင်လား။”

ကျန်းယွင်ထျန်းက မေးလိုက်သည်။ သူသည် ဤတစ်ကြိမ်ကျွန်းပေါ်ရှိ B-အဆင့် လေးနှစ်လက်စလုံးကို ယူဆောင်လာခဲ့သည်။

“ငါ့ဟာက A-အဆင့်လေ။”

ကျန်းရွှဲ့က ပြုံးပြီးပြန်ဖြေလိုက်၏။

“အမ်...”

ကျန်းယွင်ထျန်းသည် သူ့ကိုယ်သူ လုပန်၏ရှေ့တွင် ပုဆိန်ပြနေသကဲ့သို့ ခံစားလိုက်ရသည်။

ကျန်းယွင်ထျန်း အနည်းငယ် ရှက်ကိုးရှက်ကန်းဖြစ်သွားသည်ကို မြင်လိုက်ရသောအခါ ကျန်းရွှဲ့က အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။

“မဟုတ်ရင် ပျံတက်လာတဲ့မီးဘောလုံးကို သစ်သားမြားနဲ့ ဘယ်လိုရိုက်ချနိုင်မှာလဲ။ ဒီလေးမှာ ထပ်ဆောင်းဂုဏ်သတ္တိလည်းရှိသေးတယ်။ အဲ့ဒါက ပစ်လွှတ်လိုက်တဲ့မြားရဲ့အမြန်နှုန်းကို ၈၀% တိုးစေတယ်။ အဲ့ဒါကြောင့် မီးဘောလုံးကို လွှဲချနိုင်တဲ့အထိ ဖိအားပေးနိုင်ခဲ့တာ။”

“အံ့ဩစရာပဲ...”

ကျန်းယွင်ထျန်းက သူမကို လက်မထောင်ပြလိုက်၏။

ထိုစဉ် အပျော်စီးရွက်သင်္ဘောသည် ထိုသင်္ဘောကြီးများအနီးသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

“သင်္ဘောကြီးတွေနဲ့ အကွာအဝေးကို သတိထားပြီးထိန်းထား...အဝေးကနေပဲ တိုက်ခိုက်မယ်။”

ကျန်းယွင်ထျန်းက အော်ပြောလိုက်သည်။

“ဟုတ်ကဲ့”

လူတိုင်းက တုံ့ပြန်ကြပြီး အပျော်စီးရွက်သင်္ဘောပေါ်မှနေ၍ ဒေသခံများကို စတင်ပစ်ခတ်လိုက်ကြတော့လေသည်။

သို့သော်လည်း စစ်သားများက ရွေ့လျားနေသောသင်္ဘောပေါ်မှ မြားပစ်ရခြင်းသည် မည်မျှခက်ခဲကြောင်း မကြာခင်မှာပင် သဘောပေါက်သွားကြတော့၏။

သင်္ဘောသည် အထက်၊ အောက်၊ ဘယ်၊ ညာ တဆက်တည်းလှုပ်ရှားနေသည့်အပြင် တစ်ဖက်ရန်သူကလည်း သူတို့ကိုမြင်တွေ့ထားပြီးဖြစ်သောကြောင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားခဲ့လေသည်။ ထို့ကြောင့် သူတို့၏ပစ်ခတ်မှုအများစုမှာ အလဟဿဖြစ်သွားခဲ့ရသည်။

ကျန်းယွင်ထျန်းသည် ချက်ချင်းဆိုသလိုပင် ကွာဟချက်တစ်ခုကို ရှာတွေ့သွားပြီး ဒေသခံတစ်ယောက်ကို ဖြေရှင်းလိုက်လေသည်။

ကျန်းရွှဲ့သည်မူ ပို၍တည့်တိုးဆန်ပေသည်။ သူမသည် အရိုင်းန်ေစွာပင် ဒိုင်းကို တိုက်ရိုက်ထိုးဖောက်ပြီး ဒိုင်းနောက်ကွယ်ရှိ ဒေသခံကို သတ်ပစ်လိုက်၏။

ထိုမြင်ကွင်းသည် ဒေသခံများကို အမှန်တကယ် ကြောက်လန့်သွားစေခဲ့ပြီး သင်္ဘောပေါ်ရှိ မှော်ဆရာက ချက်ချင်းပင် အော်လိုက်လေသည်။

“ဒိုင်းရဲ့နောက်မှာ သစ်သားပြားတွေထပ်တပ်လိုက်။”

“ဟုတ်ကဲ့”

ဒေသခံများသည် သင်္ဘောပေါ်ရှိ အခြားသစ်သားပြားများကို အလျင်အမြန်ရှာဖွေပြီး ဒိုင်းများ၏နောက်တွင် ထောက်ထားလိုက်ကြ၏။

ထိုမြင်ကွင်းကိုမြင်လိုက်ရသော ကျန်းရွှဲ့သည်လည်း ထပ်မံ၍ အံ့အားသင့်သွားခဲ့သည်။ သူမသည် သူမ,လေး၏စွမ်းအားကို သိထားသော်လည်း ထိုးဖောက်နိုင်စွမ်းက ဒီမျှကြီးမားလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။

“အဲ့ဒါတွေက B-အဆင့် ဝါးမြားတွေလေ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ထပ်ဆောင်းဂုဏ်သတ္တိက ထိုးဖောက်အားကို တိုးတက်စေတာပဲ။”

“အာ့... B-အဆင့် ဝါးမြားတွေကို လူတိုင်းကို ဒီလိုပဲပေးလိုက်တာလား။”

ကျန်းရွှဲ့သည် ဤကဲ့သို့ကိရိယာများကို အထူးအဖွဲ့ငယ်တချို့တွင် စုစည်းထားသင့်သည်ဟု ခံစားလိုက်ရသည်။

“အင်း...စိတ်မပူပါနဲ့ ဒါတွေလည်း အလျှံအပယ်ရှိပါတယ်။”

ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။

ကျန်းရွှဲ့သည် ကူကယ်ရာမဲ့စွာဖြင့် သူမ၏ခေါင်းကို ခါယမ်းလိုက်မိလေသည်။

ဒေသခံများဘက်မှ ကာကွယ်ရေးများ ပြင်ဆင်ပြီးကြောင်း မြင်လိုက်ရသောအခါ ကျန်းယွင်ထျန်းက ချက်ချင်းပင် အမိန့်ပေးလိုက်၏။

“ပစ်မှတ်ပြောင်းမယ်။”

အပျော်စီးရွက်သင်္ဘောသည် ချက်ချင်းပင် အခြားသင်္ဘောကြီးများ၏တည်နေရာသို့ ဦးတည်သွားတော့သည်။ ဒေသခံများသည် သူတို့ထွက်ခွာသွားပုံကိုသာ ကြည့်ရှုနေခဲ့ကြရလေသည်။

“မှော်ဆရာ...ဒါက ဘယ်လိုသင်္ဘောမျိုးလဲ။ ဘယ်လိုလုပ်ပြီး အဲ့လောက်တောင် မြန်နေရတာလဲ။”

ဒေသခံတစ်ယောက်က အလန့်တကြားဖြင့် မေးလိုက်၏။

“မသိဘူး...။ ဒါပေမယ့် ဒါက ဒီအပြင်ကလူတွေရဲ့ကျွန်းမှာ အဆင့်မြင့်ပစ္စည်းတွေရှိတယ်ဆိုတာကို ပြသနေတာပဲ။ နတ်ဘုရားက ငါတို့ကိုမလိမ်ခဲ့ဘူး။ ငါတို့သာ ဒီအပြင်ကလူတွေရဲ့ကျွန်းကို သိမ်းပိုက်လိုက်ရင် ကုန်ခန်းမသွားနိုင်တဲ့ အကျိုးကျေးဇူးတွေကို ရလိမ့်မယ်”

မှော်ဆရာက စိတ်လှုပ်ရှားစွာဖြင့် ပြန်ဖြေလိုက်သည်။ ကျန်ဒေသခံများသည်လည်း အလွန်စိတ်လှုပ်ရှားသွားကြလေသည်။

ကျန်းယွင်ထျန်း၏တိုက်ခိုက်မှုသည် သူတို့၏သင်္ဘောကြီးများကို ပျက်စီးစေနိုင်ခြင်းမရှိဘဲ အနှောင့်အယှက်ပေးရုံသာ ပေးနိုင်ပေသည်။

အဘယ်ကြောင့်ဆိုသော် သူသည် ဤသင်္ဘောကြီးများပေါ်ရှိ ဒေသခံများ၏အဆင့်ကို မသိသောကြောင့် ကျန်းယွင်ထျန်းသည် ရုတ်တရက် အပေါ်တက်ကာ ဝင်ရောက်တိုက်ခိုက်ရန် မရဲဝံ့ဖြစ်နေသောကြောင့်ပင်။

သူ့၏အဆင့်မှာမူ အဆင်ပြေပေသည်။ မည်သည့်မှော်ဆရာမျှ သူ့ကို ချက်ချင်းလက်ငင်း သတ်ပစ်နိုင်မည်မဟုတ်ပေ။ သို့သော်လည်း အပျော်စီးရွက်သင်္ဘောပေါ်တွင် ကျန်းရွှဲ့လည်းရှိနေပြီး သူခေါ်ဆောင်လာသည့် စစ်သား ၁၀ ဦးလည်းရှိနေပေသည်။ သူတို့၏အဆင့်များမှာ မြင့်မခြင်းမရှိသောကြောင့် အဆင့်မြင့်မှော်ဆရာများနှင့် ကြုံတွေ့ရလျှင် အလွန်အန္တရာယ်များပေသည်။

ဒေသခံများသည် ထိုအခြေအနေကို ရှာဖွေတွေ့ရှိသွားကြပြီးနောက် ကျန်းယွင်ထျန်း၏အနှောင့်အယှက်မှုများကို လုံးဝပဓာနမထားတော့ဘဲ စွန်းယောင်၏ကျွန်းဆီသို့ တိုက်ရိုက်ပင် ရွက်လွှင့်သွားကြတော့လေသည်။

အချိန်အတန်ကြာ ပစ်ခတ်ပြီးနောက် စစ်သားနှစ်ဦးသည် ရင်နှီးကျွမ်းဝင်သည့်ခံစားချက်ကို ရရှိလာခဲ့ကြပြီး အနည်းငယ်ပို၍ တိကျလာ၏။

“နည်းပြ ကျုပ်တို့ အခုပြန်ကြတော့မလား။ ဒီမှာရှိနေတာ အသုံးမဝင်ဘူးလို့ ကျုပ်ထင်တယ်။”

စစ်သားတစ်ဦးက မေးလိုက်သည်။

“ဘယ်သူက အသုံးမဝင်ဘူးလို့ပြောတာလဲ။ ငါတို့ဒီမှာရှိနေတုန်းပဲ။ သူတို့ ကမ်းခြေကလူတွေကို နှလုံးသားတစ်ခုလုံးနဲ့ရင်းပြီး ရင်ဆိုင်လို့မရဘူး။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ပိုပြီးတော့ ငါတို့က အဓိကတိုက်ခိုက်သူတွေတောင် ဖြစ်ကောင်းဖြစ်လာနိုင်တယ်။”

ထိုဒေသခံသင်္ဘောကြီးများသည် လောက်လွှဲ၏တိုက်ခိုက်မှု အကွာအဝေးသို့ ရောက်ရှိသွားပြီဖြစ်ကာ ကမ်းခြေရှိလောက်လွှဲများသည် မီးဘောလုံးများကို ချက်ချင်းပင် အလွန်မြန်ဆန်သောအရှိန်ဖြင့် လွှတ်တင်လိုက်တော့လေသည်။

ဒေသခံများသည် ထိုမီးဘောလုံးများကို မြင်လိုက်ရသော်လည်း ၎င်းတို့ပျံသန်းလာခြင်းကိုမူ တားဆီးရန် မည်သည့်နည်းလမ်းမျှမရှိပေ။ အရှိန်သည် အလွန်လျင်မြန်လွန်းပြီး အရေအတွက်မှာလည်း အလွန်များလှပေသည်။

ဝုန်း! ဝုန်း! ဝုန်း!

ထိုမီးဘောလုံးများသည် ချက်ချင်းပင် သင်္ဘောများကို မီးလောင်ကျွမ်းသွားစေခဲ့သည်။သင်္ဘောပေါ်ရှိ ဒေသခံများသည် ချက်ချင်းပင် ကြောက်လန့်တကြားအော်ဟစ်ကာ မီးများကိုငြှိမ်းသတ်ရန် အရူးအမူးကြိုးစားကြရတော့သည်။

“ဒိုင်းတွေနဲ့ အဲဒီအလုံးတွေကို ကာကွယ်ကြ။”

သင်္ဘောသုံးစီးပေါ်ရှိ မှော်ဆရာများသည် တစ်ချိန်တည်းနီးပါး အော်ဟစ်လိုက်ကြ၏။

လက်ရှိသင်္ဘောပေါ်ရှိ အခြေအနေများဖြင့် ဒိုင်းများကိုအသုံးပြုခြင်းမှာ အကောင်းဆုံးရွေးချယ်မှုပင်ဖြစ်သည်။

သင်္ဘောပေါ်ရှိ ဒေသခံများသည် ဒိုင်းများအားလုံးကို ကိုင်မြှောက်လိုက်ကြပြီး သင်္ဘောတစ်စီးလုံးကို ဖုံးအုပ်ထားသည့် ကာကွယ်ရေးအမိုးခုံးကြီးတစ်ခုကဲ့သို့ ဖြစ်သွားစေသည်ကို မြင်လိုက်ရသော ကမ်းခြေရှိစစ်သားများသည်လည်း အဆိပ်ငွေ့ဗုံးများအား လွှတ်တင်ရမည်လော၊ မလွှတ်တင်ရမည်လောဆိုသည်ကို ချင့်ချိန်မိလိုက်ကြသည်။

“အဆိပ်ငွေ့ဗုံးတွေကို မလွှတ်တင်သေးပါနဲ့ဦး။ ငါ အလယ်ကသင်္ဘောကို အရင်တိုက်ခိုက်မယ်။ မင်းတို့က မီးဘောလုံးတွေကို နှစ်ကြိမ်ဆက်တိုက် ပစ်လွှတ်လိုက်။ အခွင့်အရေးရရင် အဆိပ်ငွေ့ဗုံးတွေ ထပ်လွှတ်ပြီး ဘေးနှစ်ဖက်ကသင်္ဘောတွေကို ပစ်မှတ်ထားရမယ်။”

ကျန်းယွင်ထျန်းက ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်မှတစ်ဆင့် ပြောလိုက်သည်။

စွန်းယောင်သည် ကမ်းခြေရှိသင်္ဘောကြီးပေါ်တွင်ရှိနေသော လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ထိုင်လျက်ရှိ၏။။သူသည် ကျန်းယွင်ထျန်း၏မက်ဆေ့ချ်ကိုမြင်ရသည်နှင့် ချက်ချင်းပင် ကမ်းခြေရှိစစ်သားများထံ ဆက်သွယ်လိုက်လေသည်။

ကမ်းခြေရှိစစ်သားများသည် ကျန်းယွင်ထျန်း ညွှန်ကြားသည့်အတိုင်း ချက်ချင်းပင် လုပ်ဆောင်လိုက်ကြ၏။

ကျန်းယွင်ထျန်းသည် ရှောင်းယီ၏ကျွန်းမှ တစ်ချက်ပစ်လောက်လွှဲကို ဖလှယ်လိုက်သည်။

“မင်းတို့ဆက်ပစ်ထားကြ။ သူတို့က ဒိုင်းတွေအကုန်လုံးကို မြှောက်ထားတယ်မဟုတ်လား။”

ကျန်းယွင်ထျန်းသည် အပျော်စီးရွက်သင်္ဘောပေါ်ရှိ အခြားသူများကို ညွှန်ကြားလိုက်၏။

“ဟုတ်ကဲ့”

လူတိုင်းက တုံ့ပြန်ကြသည်။

ရန်သူ့ဘက်မှ ဒိုင်းများကို လေကြောင်းကာကွယ်ရေးအတွက် သုံးသည်အခါ ကျန်းရွှဲ့တို့အဖွဲ့မှာ အခွင့်အရေးရသွားတော့လေသည်။ တစ်ချိန်တည်းမှာပင် ဝါးမြားများ ပျံသန်းထွက်လာပြီး ဒေသခံသင်္ဘောပေါ်၌ ချက်ချင်းပင် သေကြေပျက်စီးမှုများ ရှိလာတော့၏။

သင်္ဘောကြီးပေါ်ရှိ ဒေသခံများ ထိုဝါးမြားများကို ခုခံရန်အတွင် ဒေသခံအချို့ကို သစ်သားပြားများ ထပ်ရှာခိုင်းရတော့လေသည်။

အပျော်စီးရွက်သင်္ဘော၏အမြန်နှုန်းမှာ အလွန်လျင်မြန်လွန်းလှပြီး၊ယ သင်္ဘောသုံးစီးကို အလှည့်ကျတိုက်ခိုက်နိုင်၏။ ထိုဒေသခံသင်္ဘောကြီးသုံးစီးသည် နှစ်ဖက်ညှပ်၍ တိုက်ခိုက်ခံနေရသကဲ့သို့ ဖြစ်နေခဲ့သည်။

“ပြန်ဆုတ်ကြ...အရင်ဆုံး အဲ့ဒီမီးလုံးတွေရဲ့တိုက်ခိုက်မှုအကွာအဝေးကနေ ပြန်ဆုတ်။”

မှော်ဆရာသည် သူ၏လူများကို ချက်ချင်းပင် အော်ပြောလိုက်၏။ သင်္ဘောသုံးစီး၏အရှိန်သည် ချက်ချင်းပင် နှေးကွေးသွားပြီး နောက်ပြန်လှည့်လိုက်ကြတော့လေသည်။

All Chapters