← Chapters

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း (၄၅၁-၄၅၃)

Vol. 31 Ch. 451-453

အခန်း ၄၅၁ - လေးသမားကျန်းရွှဲ့၊ ခင်ပွန်းနှင့်သားဖြစ်သူကိုရှာဖွေခြင်း

“ဒီလူကို ငါမသိဘူးပါဘူး။”

ဖန်မင်လုံသည် မရင်းနှီးသောအိုင်ဒီကို ကြည့်ကာ ရေရွတ်လိုက်သည်။

သို့သော် သူသည် ဗီဒီယိုခေါ်ဆိုမှုကို ချိတ်ဆက်လိုက်၏။ ထို့နောက် ချက်ချင်းပင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်၌ လူငယ်တစ်ဦး ပေါ်လာခဲ့လေသည်။

“ခင်ဗျားက ဘယ်သူလဲလို့ မေးပါရစေ။”

ဖန်မင်လုံက ထိုလူငယ်ကို ကြည့်ကာ မေးလိုက်သည်။

“ကျုပ်က ယီရန်ပင်းပါ”

ကျွန်းအထိမအမှတ်ကျောက်တိုင်ပေါ်ရှိ လူငယ်က ပြောလိုက်သည်။ ထိုလူငယ်မှာ သဘာဝအတိုင်း ရှောင်းယီပင်။

ရှောင်းယီ၏စကားကို ကြားလျှင် ဖန်မင်လုံ အလုံးစုံ အံ့အားသင့်သွားခဲ့သည်။

“ယီရန်ပင်းက ဒီလောက်တောင် ငယ်သေးတာလား။”

“ခင်ဗျား ဘယ်လိုသက်သေပြနိုင်လဲ။”

ဖန်မင်လုံက သံသယဖြင့် ပြန်မေးလိုက်သည်။

“လွန်ခဲ့တဲ့ သုံးနာရီက လေးသမားရဲ့ဒဏ်ရာကုသဖို့ ဉာည်ရည်တုဆေးကုသရေးစက်ကို ကျုပ် ခင်ဗျားဆီငှားပေးခဲ့တယ်။ သူမ အခု သတိရနေလောက်ပြီ။ ဒါက ကျုပ်ရဲ့လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပဲ”

ရှောင်းယီက ပြောလိုက်သည်။

ရှောင်းယီ ထိုသို့ပြောသည်ကို ကြားသောအခါ ဖန်မင်လုံသည် နောက်ဆုံးတွင် တစ်ဖက်လူ၏အထောက်အထားကို အတည်ပြုနိုင်ခဲ့သည်။ သူတို့၏ ယခင်စကားပြောဆိုမှု အကြောင်းအရာများကို ပြောနိုင်ခြင်းနှင့် ထိုအဆင့်မြင့်ဆေးကုသရေးစက်ဖြင့် ယီရန်ပင်းသည် သူ့ကိုယ်သူပိုင်ရှင်ဟုမပြောမဟုတ်လျှင်ပင် သူသေချာပေါက် ယုံကြည်မည်ဖြစ်သည်။

“တောင်းပန်ပါတယ်။ ခင်ဗျားက အရမ်းငယ်လွန်းနေတော့ အတည်မပြုနိုင်ခဲ့ဘူး။”

ဖန်မင်လုံက အနည်းငယ်ရှက်ရွံ့နေဟန်ဖြင့် ပြောလိုက်သည်။

“အဆင်ပြေပါတယ် သူမသတိရလာပြီလား”

ရှောင်ယီက မေးလိုက်သည်။

ဖန်မင်လုံသည် လေးသမားကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့ရှိ ထိုင်ခုံပေါ်သို့ တွဲခေါ်သွားခဲ့သည်။

ထို့နောက် လေးသမားသည် ရှောင်းယီကို ထက်ရှစွာစိုက်ကြည့်ရင်း မေးလိုက်၏။

“ရှင်က ဘယ်သူလဲ။”

ရှောင်းယီ မဖြေရသေးခင်မှာပင် ဖန်မင်လုံက အစားဝင်ဖြေပေးလိုက်၏။

“ဒီလူက ရှားနိုင်ငံရဲ့ အဖွံ့ဖြိုးအတိုးတက်ဆုံး ပုဂ္ဂိုလ်ကြီး ယီရန်ပင်းပဲ။ သူက အဆင့်မြင့်အစားအစာတွေကို ဈေးကွက်မှာ တင်ထားတာဆိုတော့ မင်း သူ့ကိုတော့ သိသင့်တယ်မလား။”

ဘယ်သူကသိမှာလဲ။

လေးသမားသည် ခေါင်းခါကာ ပြန်ဖြေလိုက်သည်။

“ကျွန်မ မသိဘူး။”

ရှောင်းယီနှင့် ဖန်မင်လုံတို့နှစ်ဦးစလုံးသည် ထိုစကားကြောင့် ကြောင်အသွားခဲ့၏။

ဘာတွေဖြစ်နေတာလဲဟ။

ရှောင်းယီသည် လူတိုင်း သူ့ကိုသိရမည်ဟု မောက်မာစွာ တွေးထင်ထားခဲ့ခြင်းမရှိသော်လည်း ယီရန်ပင်းဟူသည့်အိုင်ဒီသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် နာမည်အနည်းငယ်တော့ ရှိသင့်ပေသည်။

ဤအမျိုးသမီးသည် အသက်ရှင်ကျန်ရစ်သန်သူဖြစ်သည်မှာ ထင်ရှားသော်လည်း သူ့ကိုသိမနေခဲ့ပေ။

ရှောင်းယီသည် အနည်းငယ်စိတ်ပျက်သွားမိပြီး ဆက်မေးလိုက်၏။

“မင်းက ဘယ်သူလဲ။ ဘာလို့ ဒေသခံတွေနဲ့အတူရှိနေတာလဲ။”

“ရိုးရိုးလေးပဲလေ ကျွန်မ ဒေသခံတွေဆီ အဖမ်းခံခဲ့ရလို့ပေါ့။”

လေးသမားသည် ရှောင်းယီနှင့် စကားများများ ပြောလိုဟန်မရှိဘဲ တုံးတုံးတိတိ ပြန်ဖြေလိုက်သည်။

ရှောင်းယီ မျက်ခုံးပင့်လိုက်မိပြီး ဆက်လက် မေးမြန်းခဲ့သည်။

“ဒါဆို ဘာလို့ သူတို့က မင်းကိုမသတ်တာလဲ။ မင်းရဲ့ မြားပစ်စကေးကြောင့်လား။”

“ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီမေးခွန်းကို ဒေသခံတွေဆီကို သွားမေးသင့်တယ်ာ သူတို့စိတ်ထဲမှာ ဘာတွေးနေလဲဆိုတာ ကျွန်မကဘယ်လိုသိမှာလဲ။”

လေးသမားက ပြန်ဖြေသည်။

တစ်ဖက်လူက အလွန်အမင်းသတိထားနေသည်ကို မြင်လိုက်ရသောအခါ ရှောင်းယီ၌ ရွေးချယ်စရာမရှိတော့ချေ။

“ကောင်းပြီ၊ ယခုအတွက်တော့ ဒီလောက်ပဲ။”

ထိုသို့ပြောပြီးနောက် ရှောင်းယီသည် ဗီဒီယိုခေါ်ဆိုမှုကို အဆုံးသတ်လိုက်တော့လေသည်။

ဤလေးသမားသည် ရှားနိုင်ငံသားဖြစ်သောကြောင့် ဖန်မင်လုံ၏သင်္ဘောပေါ်သို့ တက်လာခြင်းမှာ သူမဆီ၌ တောင်းဆိုလိုသောအရာတစ်ခုခု ရှိမည်ဖြစ်သည်။ သူမ တောင်းဆိုသည်ကိုသာ စောင့်နေရုံပင်။

“ယွမ်ရှိ မင်းပြန်သွားပြီး အန်းရန်ကို ဖန်မင်လုံဆီကတုံ့ပြန်ချက်ကို ပိုပြီးအာရုံစိုက်ထားဖို့ ပြောလိုက်ပါ။”

ရှောင်းယီသည် ထရပ်ပြီး အပြင်ထွက်လာကာ ယွမ်ရှီကို အမိန့်ပေးလိုက်သည်။

“အခြေအနေတစ်ခုခုရှိရင် ဝေါ်ကီတော်ကီနဲ့အကြောင်းကြားလိုက်။ ဒါက လျှို့ဝှက်ချက်ကြီးမဟုတ်လို့ ဒီကို အထူးတလည်လာပြီး အကြောင်းကြားစရာမလိုဘူး။”

“ဟုတ်ကဲ့”

ယွမ်ရှီက ပြန်ဖြေလိုက်သည်။

ဝေါ်ကီတော်ကီတွင် ချန်နယ်များစွာရှိသော်လည်း တစ်စုံတစ်ဦးသည် တူညီသောချန်နယ်တစ်ခုတည်းသို့ ချိန်ညှိနိုင်ပေသည်။ ဤသတင်းအချက်အလက်၏လုံခြုံရေးကို သေချာစေရန်အတွက် အန်းရန်သည် ယွမ်ရှိကိုအပြေးသွားခိုင်းခဲ့ပြီး သူမသည်မူ ရှောင်းယီ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ဆက်ကြည့်နေခဲ့သည်။

ရှောင်းယီ ဘားသို့ပြန်လည်ရောက်ရှိလာသောအခါ ချူဖုန်းတို့ညီအစ်ကိုများလည်း ရောက်ရှိလာပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။

“ဒီညကတော့ တကယ်ကို ပျော်စရာကောင်းတော့မှာပဲ။”

ရှောင်းယီက ပြုံးရယ်ကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင် မင်္ဂလာပါဗျာ...။ ကျုပ်တို့ အစောစောအနားယူချင်တယ်‌လေ။ မနက်ဖြန်ကျရင် ဆက်ပြီးရွက်လွှင့်ရဦးမယ်။ ဒါပေမယ့် တကယ်ကို အိပ်လို့မပျော်ဘူးဗျာ။ ဒီသီတင်းပတ်ရဲ့နောက်ဆုံးနေ့ ၁၂ နာရီကျရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ။ဘယ်လိုအပြောင်းအလဲတွေဖြစ်လာဦးမလဲဆိုတာ ကြည့်ချင်မိတယ်။”

ချူဖုန်းက လက်ဝါးဖြန့်ကာ ပြောလိုက်၏။

ရှောင်းယီသည် သူ၏မူလနေရာတွင် ပြန်ထိုင်ပြီး ပြောလိုက်သည်။

“အချိန်တစ်ခုအထိ စောင့်နေလည်း အဆင်ပြေတယ်။ ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန်ကျရင် ငါတို့ အပျော်စီးရွက်သင်္ဘောကိုသုံးဖို့ ပြင်ဆင်နေတယ်။ ပြီးရင် အလှည့်ကျ ပြန်ပြီး အနားယူလို့ရတယ်။”

“ဟုတ်တယ်...အခြေခံအားဖြင့် လမ်းကြောင်းပေါ်မှာ ဘာမှမလုပ်ရဘူး။ အနားယူဖို့ အချိန်တွေအများကြီးရှိတယ်။”

ချူရှန်းက ထိုစကားကို ထောက်ခံလိုက်သည်။

“ဒါပေမယ့် အပျော်စီးရွက်သင်္ဘောကို သုံးမယ်ဆိုရင် သင်္ဘောသားတွေ အများကြီးမလိုတော့ဘူး။ မသွားရတော့မယ့်သူတွေအတွက်ရော စီစဉ်ထားပြီးပြီလား။”

ရှောင်းယီက မေးလိုက်သည်။

“စီစဉ်ပြီးပါပြီ။ သူတို့က ကျုပ်တို့နဲ့အတူသွားချင်တယ်လို့တောင် ပြောနေကြတာ။ ဒါပေမယ့် ကျွန်းပေါ်မှာဆက်ပြီး အနားယူလို့ရတယ်လည်းဆိုရော သူတို့ပါးစပ်တွေက နားရွက်တက်ချိတ်တော့မလိုပဲ။”

ချူရှန်းက မျှော်လင့်ချက်မဲ့စွာ ပြောလိုက်သည်။ ကျန်သည့်လူများလည်း ရယ်မောမိလိုက်ကြ၏။

“သူတို့က သူ့ဘာသာ အလုပ်ရှာစပြီးနေပြီ။ ကျွန်းပေါ်မှာ လုပ်လို့ရတဲ့အလုပ်တွေ အများကြီးရှိသေးတယ်လေ။ အနည်းဆုံးတော့ အဲ့ဒီမျိုးနွယ်စုတွေအတွက် ဘာသာပြန်နဲ့ လမ်းပြအဖြစ် အလုပ်လုပ်လို့ရတယ်။”

ချူရှန်းက ဆက်ပြောလိုက်သည်။ ရှောင်းယီလည်း ခေါင်းညိမ့်လိုက်မိ၏။

“ဟုတ်တယ် မဆိုးပါဘူး ကဲ အားလုံးပဲ သောက်ကြရအောင်။”

လူတိုင်း သူတို့လက်ထဲရှိခွက်များကို ကိုင်မြှောက်လိုက်ကြ၏။

“ပိုကောင်းတဲ့မနက်ဖြန်အတွက် ချီးယား!”

“ချီးယား!”

လူတိုင်း ခွက်ထဲရှိဘီယာများကို တစ်ခါတည်း မော့သောက်လိုက်ကြသည်။

.....

လေးသမားသည် ဖန်မင်လုံ သူမ၏နှုတ်ခမ်းဝသို့ တေ့ပေးထားသောရေတစ်ခွက်ကို တစ်ခါတည်း မော့သောက်လိုက်၏။

ဖန်မင်လုံသည် ရေခွက်အလွတ်ကိုချလိုက်ပြီး လေးသသမားကိုကြည့်ကာ ပြောလိုက်သည်။

“မင်း ကျုပ်သင်္ဘောပေါ်ခုန်တက်လာတာက ကျုပ်ကိုတစ်ခုခုကူညီခိုင်းချင်လို့မဟုတ်လား။”

လေးသမားက ခေါင်းညိတ်ကာ ပြောလိုက်၏။

“ရှင် ရှားနိုင်ငံရဲ့ အကြီးဆုံးဂရုထဲမှာ သတင်းစကားတစ်ခုလောက် ပို့ပေးနိုင်မလား။”

“ဘာသတင်းစကားလဲ။”

ဖန်မင်လုံက မေးလိုက်သည်။

“ယွင်ထျန်း ကျွန်မက ကျန်းရွှဲ့ ပြန်ရောက်လာပြီ။ ရှင် ကျွန်မတို့သားကို ကောင်းကောင်းဂရုမစိုက်ထားဘူးဆိုရင် ကျွန်မကိုစာမပြန်နဲ့။ ရှင့်ကို ဘယ်တော့မှ ထပ်မတွေ့တော့ဘူး။”

လေးသမားက ပြောလိုက်သည်။

ဖန်မင်လုံက ခေါင်းညိတ်ကာ မေးလိုက်၏။

“မင်းဘာသာ လုပ်နိုင်လား။”

ကျန်းရွှဲ့က ခေါင်းခါလိုက်သည်။

“မရဘူး တစ်ဖက်လူက စာချုပ်စွမ်းအားကို ဆက်သုံးခဲ့ရင် ရှင် ကျွန်မကို တားဆီးနိုင်မှာမဟုတ်ဘူး။ ကျွန်မဘာသာရုန်းကန်နေရတယ်ဆိုရင်တောင် ရှင် ကျွန်မက လွှတ်ပေးလို့မရဘူး။ ကျွန်မပြောတဲ့အတိုင်း တုတ်ထားတဲ့ကြိုးကို ဆက်ပြီးအားဖြည့်နေရမယ်။”

ဖန်မင်လုံသည် ခေါင်းညိတ်ကာ တုတ်ထားသည့်ကြိုးကို ခပ်တင်းတင်းထပ်ချည်ပြီး ကျွန်းအထိမ်းအမှတ်ကျောက်တိုင်သို့ ပြန်လျှောက်သွားခဲ့သည်။

ထို့နောက် သူသည် ကျန်းရွှဲ့၏စကားကို ယီထျန်းဂရုထဲသို့ ချက်ချင်းမပို့ခဲ့ဘဲ ယီရန်ပင်းဆီသို့ တိုက်ရိုက်ပို့လိုက်၏။

အန်းရန်သည် ရှောင်းယီ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင်ထိုင်ကာ ထိုစာကိုကြည့်ပြီး စိတ်ထဲ၌ ရုတ်တရက် နားလည်သွားခဲ့သည်။

“ဒါဆို သူမက ရှားနိုင်ငံပြန်ပြီး ခင်ပွန်းနဲ့သားကို ရှာချင်တာပေါ့။ ဟင်း...ဒီကမ္ဘာပေါ်မှာ ကလေးဘယ်နှစ်ယောက်က ကျွင်းကျွင်းလိုကံကောင်းလိမ့်မလဲ။ သူ့မှာ စစ်နတ်ဘုရားလို နို့တိုက်ဖခင်တစ်ယောက်ရှိပြီး တိုက်ဆိုင်ချင်တော့ ရှောင်းယီနဲ့လည်း တွေ့ခဲ့ရတယ်။”

သက်ပြင်းချလိုက်ပြီးနောက် အန်းရန်သည် ဤကိစ္စကို ချက်ချင်းပင် ရှောင်းယီဆီသို့ ဝေါ်ကီတော်ကီဖြင့် အစီရင်ခံလိုက်လေသည်။

“ကျွန်းပိုင်ရှင် လေးသမားက ဖန်မင်လုံကို ယီထျန်းဂရုထဲမှာ သတင်းစကားတစ်ခု ပို့ခိုင်းထားပါတယ်။”

အန်းရန်က ပြောလိုက်သည်။

ရှောင်းယီသည် အနည်းငယ်အံ့အားသင့်သွားခဲ့ပြီးနောက် ပြန်မေးလိုက်၏။

“ဘယ်သတင်းစကားလဲ။”

ကျန်သည့်လူမျသည်လည်း အနည်းငယ် အံ့အားသင့်သွားခဲ့ကြပြီး စကားမပြောတော့ဘဲ ဂရုတစိုက်နားထောင်လိုက်ကြသည်။

ကျန်းယွင်ထျန်းသည်လည်း စူးစမ်းချင်စိတ်ဖြစ်နေခဲ့သည်။ ကျွန်းပေါ်တွင် အန်းရန်နှင့် ပိုင်ချီသည်သာလျှင် လေးသမားဟုခေါ်ဆိုရန် ထိုက်တန်ကြ၏။ သို့သော်လည်း အန်းရန်ပါးစပ်ထဲရှိ လေးသမားဆိုသည်မှာ မည်သူနည်း။

“မူရင်းသတင်းစကားက- ယွင်ထျန်း ကျွန်မ ကျန်းရွှဲ့ ပြန်ရောက်လာပြီ။ ရှင် ကျွန်မတို့သားကို ကောင်းကောင်းဂရုမစိုက်ထားဘူးဆိုရင် ကျွန်မကိုစာမပြန်နဲ့။ ရှင့်ကို ဘယ်တော့မှ ထပ်မတွေ့တော့ဘူး။”

“ခလွမ်း!”

ရုတ်တရက်ဖန်ခွက်ကွဲသံတစ်ခု ထွက်ပေါ်လာ၏။

လူတိုင်းသည် သတင်းစကား၏အဓိပ္ပာယ်ကို မြည်းစမ်းနိုင်မီမှာပင် ဖန်ခွက်ကွဲသံကြောင့် ဆွဲဆောင်ခံလိုက်ရလေသည်။

“အစ်ကိုကျန်း ဘာဖြစ်သွားသေးလဲ။ နာ့နာကိုအမြန်ခေါ်ပြီး သူ့ကိုကြည့်ခိုင်းလိုက်၊ သူ့လက်မှာ သွေးထွက်နေတယ်။”

စွန်းကုထောင်က စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

ရှောင်းယီသည် ကျန်းယွင်ထျန်းကို အံ့အားသင့်စွာကြည့်လိုက်မိ၏။ သူသည် ထိုသတင်းစကားထဲရှိအမည်များကို တွေးမိသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ခုကို ရုတ်တရက်နားလည်သွားသကဲ့သို့ ခံစားလိုက်ရတော့သည်။

အခန်း ၄၅၂ - ကျန်းယွင်ထျန်း၏ဇနီးနှင့် တွေ့ဆုံရန် မစောင့်နေနိုင်တော့ခြင်း

ကျန်းယွင်ထျန်းသည် သူ့လက်ထဲရှိ ကွဲကြေသွားသော ဖန်ခွက်ကို လုံးဝဂရုမစိုက်ဘဲ ရှောင်းယီလက်ထဲမှ တေါ်ကီတော်ကီကို ချက်ချင်းပင်ဆွဲယူကာ တုန်တုန်ရီရီဖြင့် မေးလိုက်၏။

“ရွှဲ့အာ ငါ ယွင်ထျန်းပါ။ မင်းဘယ်မှာလဲ။ ငါတို့သားက အရမ်းကိုမှ ကောင်းကောင်းမွန်မွန်ရှိနေတယ်။ တကယ်ကို အရမ်းကောင်းတယ်။”

အန်းရန်သည် အလုံးစုံ ကြောင်အသွားခဲ့ပြီး ချက်ချင်းပင် တုံ့ပြန်လိုက်နိုင်သည်။

“အံ့သြစရာပဲ လေးသမားရှာနေတဲ့လူက အစ်ကိုကျန်းကိုး...။”

“အစ်ကိုကျန်း အရမ်းမစိုးရိမ်ပါနဲ့။ ကျန်းရွှဲ့က ကျွန်မတို့မိတ်ဆွေတွေရဲ့သင်္ဘောပေါ်မှာပါ။ လက်ရှိအချိန်မှာ အန္တရာယ်ကင်းပါတယ်။”

အန်းရန်က အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။

“အစ်ကိုကျန်း စိတ်မပူပါနဲ့။ သူမ လက်ရှိအချိန်မှာ အန္တရာယ်မရှိပါဘူး။ သူမ အရင်က သတိလစ်နေခဲ့တာ။ ငါက နာ့နာကို သူမကိုကုသခိုင်းပြီး။ အဲ့ဒါကြောင့် လုံးဝပြဿနာမရှိဘူး။”

ရှောင်းယီကလည်း ပြောလိုက်သည်။

ကျန်းယွင်ထျန်းသည် နောက်ဆုံးတွင် စိတ်တည်ငြိမ်သွားပြီး ရှောင်းယီအား ပြောလိုက်၏။

“ကျွန်းပိုင်ရှင် ရွှဲ့အာကိုပြန်ခေါ်လာပေးဖို့ တောင်းဆိုပါတယ်။”

သူသည် ထိုပြောရင်းဖြင့် ရှောင်းယီအား ဒူးထောက်ဟန်ပြုလိုက်သည်။ ရှောင်းယီသည် သူ့ကို ချက်ချင်းတားမြစ်လိုက်ပြီး ဆူပူလိုက်၏။

“အစ်ကိုကျန်း မင်းဘာလုပ်နေတာလဲ။ ဘာပဲဖြစ်ဖြစ် ငါတို့က အတူတူရင်ဘောင်တန်းပြီး တိုက်ခိုက်ခဲ့ကြတဲ့ ညီအစ်ကိုတွေပဲ။ ဒီလိုလုပ်နေရင် ငါဒေါသထွက်မိလိမ့်မယ်။”

“ငါ စိတ်ခံစားမှုတွေ အရမ်းများနေလို့ပါ။”

ထိုသို့ပြောပြီးနောက် ကျန်းယွင်ထျန်းသည် နောက်ထပ်ဖန်ခွက်တစ်ခုကို ကောက်ယူပြီး ဘီယာများလောင်းထည့်ကာ ပြောလိုက်သည်။

“ငါ ဒီအရက်တစ်ခွက်နဲ့ ငါ့ကိုယ်ငါအပြစ်ပေးလိုက်မယ်။”

ထိုသို့ပြောပြီးသည်နှင့် သူသည် ထိုအရက်ခွက်အား တစ်ခါတည်း မော့သောက်လိုက်တော့သည်။

ရှောင်းယီသည် ကျန်းယွင်ထျန်းကိုကြည့်ရင ပြုံးရယ်ကာ ထရပ်လိုက်၏။

“ဒါကမှ ပိုကောင်းသေးတယ်။ မင်းတို့ ဆက်သောက်ကြ။ စားသောက်ပြီး မင်းတို့သွားချင်တဲ့နေရာကို သွားကြပေါ့။”

“ကျွန်းပိုင်ရှင် ခင်ဗျား ထပ်မသောက်တော့ဘူးလား။”

ချူရှန်းက မေးလိုက်သည်။

“ငါသောက်ချင်ပါတယ်။ နေထွက်တဲ့အထိတောင် ပါတီလုပ်လိုက်ချင်သေးတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က မစောင့်နိုင်တော့ဘဲ စိတ်ထဲကနေ ငါ့ကိုအပြစ်တင်နေမှာကိုတော့ ငါကြောက်တယ်လေ။”

ရှောင်းယီက ကျန်းယွင်ထျန်းကိုကြည့်ကာ ပြောလိုက်၏။

“မင်းတို့ ငါ့ကိုအချိန်တစ်ခုအထိ စောင့်နေလို့ရတယ်။ ငါတစ်ယောက်ယောက်ကိုဖြေရှင်းပြီးရင် ပြန်လာခဲ့မယ်။”

လူတိုင်း ရယ်မောမိလိုက်ကြသည်။ ကျန်းယွင်ထျန်း၏မျက်နှာမှာမူ အနည်းငယ်နီရဲနေပြီး ဘီယာကိုအရမ်းမြန်မြန်သောက်လိုက်၍လော အခြားအကြောင်းလောဆိုသည်ကိုတော့ မသေချာပေ။

“ဒါက ဘယ်လိုဖြစ်နိုင်မလဲ။ ငါကျိန်းသေစောင့်နိုင်တယ်။”

ကျန်းယွင်ထျန်းက ကန့်ကွက်လိုက်သည်။

ထိုအခါ ရှောင်းယီသည် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ပြန်ထိုင်ဟန်ဆောင်လိုက်ကာ ပြောလိုက်၏။

“ဒါဆို ငါတို့ ဆက်သောက်ကြမလား။”

ကျန်းယွင်ထျန်းသည် အလျင်အမြန်ပင် ရှေ့သို့တက်လာပြီး ရှောင်းယီကိုဆွဲမ,ကာ ပြောလိုက်သည်။

“ထတောင်ထပြီးနေပြီကို ပြန်ထိုင်တာက အဓိပ္ပာယ်မရှိတော့ဘူး။ သွားမယ် သွားမယ် သွားမယ်။”

လူတိုင်း နောက်တစ်ခါ ဟက်ဟက်ပက်ပက် ထပ်မံရယ်မောမိလိုက်ကြပြန်သည်။

ဘားထဲမှထွက်လာပြီးနောက် ကျန်းယွင်ထျန်းသည် မစောင့်ဆိုင်းနိုင်တော့ဘဲ ရှောင်းယီကို ဆော်ဩလိုက်၏။

“ကျွန်းပိုင်ရှင် မြန်မြန်လုပ်ပါ။ မင်းက သာမန်အချိန်ထက်တောင် နှေးနေတာပဲ။ သူတို့က မင်းကို ထပ်သောက်ဖို့စောင့်နေတုန်းပဲ။”

ရှောင်းယီ ဆွံ့အသွားခဲ့သည်။

“ဒီထက်ပိုမြန်ရဦးမှာလား။ ငါပျံပဲပျံသွားလိုက်တော့မယ်။ ငါ့ကိုပြောပြပါဦး။ မင်းဇနီးရဲ့အခြေအနေကဘာဘယ်လိုလဲ။”

ကျန်းယွင်ထျန်းသည် ကူကယ်ရာမဲ့စွာဖြင့် သူ၏ခေါင်းကို ခါယမ်းကာ ပြောလိုက်၏။

“ရွှဲ့အာကလည်း ငါ့လိုကြေးစားစစ်သားတစ်ယောက်ပဲ။ သူက ငါ့ထက်တောင်ကျွမ်းကျင်သေးတယ်။”

ရှောင်းယီ အနည်းငယ်အံ့သြသွားခဲ့သည်။

“မင်းထက်တောင် ပိုပြီးကျွမ်းကျင်တာလား။ ဒါ…”

ရှောင်းယီသည် ကျန်းယွင်ထျန်း၏ကျွမ်းကျင်မှုကို အလွန်ရှင်းရှင်းလင်းလင်း သိထားပေသည်။ အဆင့်အားဖြင့် ဖိနှိပ်မှုမရှိပါက သူသည်ပင် ကျန်းယွင်ထျန်းနှင့်ရင်ဆိုင်ရန် ခက်ခဲပေလိမ့်မည်။

ယခု သူ့ထက်ပိုပြီးကျွမ်းကျင်သူတစ်ဦး ရှိနေသေးပြီး ထိုလူမှာလည်း အမျိုးသမီးတစ်ဦးဖြစ်နေသေးသည်။

ကျန်းယွင်ထျန်းက ထပ်မံ၍ အတည်ပြုပေးလိုက်သည်။

“ဟုတ်တယ်...။ အမျိုးသမီးတွေကို လျှော့မတွက်နဲ့။ သူမက အစတုန်းက ငါ့ရဲ့ဆရာပဲ။”

ဤသည်က ရှောင်းယီကို ပို၍ပင် အံ့အားသင့်စေခဲ့ပြီး ထို့နောက် သူက ပြုံးရယ်ကာ ပြောလိုက်၏

“ဒါဆို မင်းတို့က စိတ်ကူးယဉ်ဆန်တဲ့ ဆရာနဲ့တပည့်အချစ်မျိုးပေါ့။”

“ကျစ်! မင်းပြောချင်သလိုပြောကွာ။”

ကျန်းယွင်ထျန်းက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“ပြင်းထန်တဲ့အလင်းရောက် ထွက်ပေါ်မလာခင်က ရွှဲ့အာက ယီတုန်းနိုင်ငံမှာ တာဝန်ထမ်းဆောင်နေခဲ့တာ။ အဲ့ဒါကြောင့် ငါတို့နဲ့တူတူ တစ်နေရာတည်းမှာမရှိခဲ့ဘူး။”

“ဒီလိုဆိုရင် မင်းရဲ့ဇနီးက နယ်မြေပေါင်းစည်းပြီးတာနဲ့ ဒေသခံတွေဆီမှာ ဖမ်းခံခဲ့ရတာပဲဖြစ်မယ်။ ဒီလိုမှမဟုတ်ရင် ငါ့အိုင်ဒီအကြောင်း ကြားတောင်မကြားဖူးဆိုတာ မဖြစ်နိုင်ဘူး။”

ရှောင်းယီက ခန့်မှန်းကြည့်လိုက်သည်။

စကားပြောနေစဉ်တွင် သူတို့နှစ်ဦးသည် ဆိပ်ကမ်းရှိသင်္ဘောတစ်စင်းဆီသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုသင်္ဘောပေါ်ရှိ လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှတစ်ဆင့် ရှောင်းယီသည် ဖန်မင်လုံထံသို့ ဗီဒီယိုခေါ်ဆိုမှု ထပ်မံပေးပို့လိုက်လေသည်။

ဖန်မင်လုံသည် ယီရန်ပင်းက ယခင်ကကဲ့သို့ တူညီသော အိုင်ဒီဖြင့် ဗီဒီယိုခေါ်ဆိုမှုတစ်ခု ထပ်မံပေးပို့လိုက်ကြောင်းမြင်သောအခါ သဘောတူလိုက်၏။

“သူဌေး နောက်ထပ်တစ်ခုခုရှိသေးလို့လား။”

ဖန်မင်လုံက မေးလိုက်သည်။

“ငါ့မရီးကိုကူညီ... အမ် ငါဆိုလိုတာက ကျန်းရွှဲ့ကိုကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီ ခေါ်လာပေးပါဦး။”

ရှောင်းယီက ပြောလိုက်သည်။

ကျန်းရွဲ့သည် ထိုပုဂ္ဂိုလ်၏အသံကို နောက်တစ်ကြိမ်ကြားလိုက်ရသောအခါ မျက်မှောင်ကြုံ့ကာ မေးလိုက်၏။

“ရှင် ကျွန်မစကားကို ရှားနိုင်ငံဂရုထဲမှာ မတင်ခဲ့ဘူးလား။”

“ယီရန်ပင်းသူဌေး ရှားနိုင်ငံဂရုရဲ့ ဂရုပိုင်ရှင်ပဲ။ ဒါကြောင့် ငါသူ့ကိုအရင်ပို့လိုက်တာ။”

ဖန်မင်လုံက ပြန်ဖြေလိုက်သည်။

ကျန်းရွဲ့သည် မျက်မှောင်ကြုံလိုက်သော်လည်း သူမသည် လက်ရှိအချိန်တွင် ကြိုးတုတ်ခံထားရသောကြောင့် ဖန်မင်လုံမှ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ကူညီခေါ်ဆောင်သွားရန်သာ ခွင့်ပြုလိုက်ရသည်။

“ငါတို့မှာ ပြောစရာစကာစမရှိတော့ဘူးလို့ ငါထင်တယ်။”

ကျန်းရွှဲ့က ရှောင်းယီကိုကြည့်ကာ ပြောလိုက်၏။

ထိုအသံကိုကြားလိုက်ရသောအခါ ရှောင်းယီ၏ဘေးတွင်ရှိ‌နေသော ကျန်းယွင်ထျန်း၏ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရီသွားခဲ့သည်။

ရှောင်းယီသည် စကားအများကြီး မပြောဘဲ ပြန်ဖြေလိုက်၏။

“ငါတို့မှာ တကယ်ပဲ ဘာမှပြောမရှိပါဘူး။ ဒါပေမယ့် တစ်ယောက်ယောက်က မင်းနဲ့စကားပြောဖို့ စိတ်အားထက်သန်နေတယ်။ ဆိုတော့ ငါလည်း မတတ်နိုင်ဘူးလေ။”

ထိုသို့ပြောရင်းဖြင့် ရှောင်းယီသည် ကျန်းယွင်ထျန်းကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့သို့ ဆွဲခေါ်ကာ ပြောလိုက်၏။

“မင်းတို့ စကားပြောကြ။ မင်းကို လုံဖေးဖုန့်ဝူလို့ခေါ်တယ်မလား။ ဒီစုံတွဲအတွက် ခဏလောက်ရှောင်ပေးလိုက်ပါဦး။”

ဖန်မင်လုံ ခေါင်းညိတ်ပြကာ သင်္ဘောကုန်းပတ်ပေါ်သို့ လှည့်ထွက်သွားလိုက်သည်။

“ကောင်းပြီ မင်းတို့နှစ်ယောက် ကောင်းကောင်းစကားပြောကြ။ ငါမနှောက်ယှက်တော့ဘူး။”

ရှောင်းယီသည်လည်း ပြုံးရယ်ကာပြောလိုက်ပြီးနောက် ထွက်ခွာသွားခဲ့လေသည်။

ကျန်းယွင်ထျန်းသည် ကျန်းရွှဲ့ကို ငေးစိုက်ကြည့်လိုက်၏။ ထို့နောက် သူသည် သူမ ကြိုးတုတ်ခံထားဆဲဖြစ်ကြောင်း သတိထားမိသွားခဲ့ပြီး အသံနက်ကြီးဖြင့် မေးလိုက်၏။

“လုံဖေးဖုန့်ဝူ မင်းဘာလို့သူမကိုကြိုးတုတ်ထားတာလဲကွ။”

“ပါးစပ်ပိတ်ထားစမ်း။ ငါ ဒေသခံတွေနဲ့ စာချုပ်ချုပ်ထားရတယ်။ ငါ့ကို ကြိုးမတုတ်ထားရင် သူတို့သေလိမ့်မယ်။ ပြီးရင် ငါလည်းပြန်လာလို့ရမှာမဟုတ်ဘူး။”

ကျန်းရွဲ့က ပြန်ဖြေလိုက်သည်။

ကျန်းယွင်ထျန်း ရုတ်တရက်နားလည်သွားပြီး မေးလိုက်သည်။

“မင်းအခုဘယ်မှာလဲ။”

“အဲ့ဒီလူပြောပုံအရဆို ငါတို့ ပင်လယ်ကြောင်းပေါ်မှာပဲ။ အရှေ့ဘက်ကနေ အနောက်ဘက်ကို သွားနေတယ်။”

ကျန်းရွဲ့က ပြန်ဖြေလိုက်သည်။

“နင် ငါ့မေးခွန်းကိုအရင်ဖြေ။ ငါတို့သားဘယ်မှာလဲ။”

ကျန်းယွင်ထျန်းက ချက်ချင်း ပြန်ဖြေလိုက်၏။

“ငါတို့သားက လုံးဝနေကောင်းတယ်။ ဝဝဖြိုးဖြိုး ကျန်းကျန်းမာမာပဲ။”

“ဟမ့်! နင်ကသရဲလို့ပြောရင်တော့ ငါယုံရင်ယုံဦးမယ်။”

ကျန်းရွဲ့က ပြန်ဖြေလိုက်သည်။

“ဒီကမ္ဘာမှာ အထူးသဖြင့် ကလေးတွေအတွက် အစားအစာမရှိဘူး။ သူအသက်ရှင်သန်နိုင်တယ်ဆိုရင်တောင် ကောင်းနေပြီ။ သူ့အတွင် ကျန်းမာဝဖြိုးနေဖို့ ငါမမျှော်လင့်ထားဘူး။”

“ငါအမှန်အတိုင်းပြောနေတာပါ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ခုနကလူငယ်လေးက ရှားနိုင်ငံမှာ အအောင်မြင်ဆုံး အသက်ရှင်ကျန်ရစ်သန်သူပဲ။ ကံကောင်းတာက ငါသူ့ကိုတွေ့ခဲ့တာပဲ။ မဟုတ်ရင် ငါတို့သားနောက်ကို ငါလိုက်သွားမိမယ်ထင်တယ်။”

“ငါတို့သား ဖျားဖြစ်နေတာလား။”

ကျန်းရွှဲ့က မျက်မှောင်ကြုံ့ကာ မေးလိုက်၏။

“ဟုတ်တယ်။ သူကအဖျားရှည်နေခဲ့တယ်။ ကံကောင်းတာက သူက အဲဒီတုန်းက ငါ့ကို S အဆင့်ရေသန့်တချို့ပေးခဲ့တယ်။ အဲ့ဒါက ငါတို့သားရဲ့အသက်ကို ကယ်တင်ပေးခဲ့တာပဲ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ဘာ! S အဆင့်ရေသန့်လား။”

ကျန်းရွှဲ့၏မျက်လုံးများ ပြူးကျယ်သွားကာ ပြောလိုက်သည်။

“ငါယီတုန်းနိုင်ငံမှာရှိနေတုန်းက B အဆင့် ရေသန့်စက်တောင် မမြင်ဖူးခဲ့ဘူး။ သူက S အဆင့်ရအောင် ဘယ်လိုလုပ်ခဲ့တာလဲ။”

“ငါတို့ရှားနိုင်ငံက ပါရမီရှင်တွေနဲ့ ပြည့်နှက်နေတာပဲ။ ယီတုန်းနိုင်ငံလို ကျက်တီးမြေနဲ့ နှိုင်းယှဉ်လို့မရဘူး။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ငါအများသုံးချန်နယ်မှာ မင်းကိုရှာတဲ့ သတင်းအချက်အလက်တွေ တင်ခဲ့သေးတယ်။ မင်းမတွေ့ခဲ့ဘူးလား။”

“နယ်မြေတွေပေါင်းစည်းပြီးတဲ့နောက် ချက်ချင်းကြီးတက်လာတဲ့ သန်းချီတဲ့မက်ဆေ့ချ်တွေကို ငါဘယ်လိုကြည့်ရမှာလဲ။ ပြီးတော့ တားမြစ်ချက်ပျောက်ကွယ်သွားတာနဲ့ ငါဒေသခံတွေနဲ့ ကြုံလိုက်ရတယ်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကြည့်ဖို့ အခွင့်အရေးတောင်မရှိခဲ့ဘူး။”

ကျန်းရွှဲ့က ပြန်ဖြေသည်။

“တားမြစ်ချက်ပျောက်သွားတာနဲ့ မင်း ဒေသခံတွေနဲ့တွေ့လိုက်ရတာလား။ ဒါ ဘယ်လိုဖြစ်နိုင်မလဲ။”

ကျန်းယွင်ထျန်း အံ့အားသင့်စွာ ပြောလိုက်မိ၏။

“မဖြစ်နိုင်တာ ဘာမှမရှိဘူး။ တားမြစ်ချက်ပျောက်သွားတာနဲ့ ငါ့ကျွန်းကို ဒေသခံအဖွဲ့တစ်ဖွဲ့ ပြေးဝင်လာတာပဲ။”

ကျန်းရွဲ့က ပြောလိုက်သည်။

“ငါက မြားနဲ့အယောက်၂၀ကျော် သတ်ပစ်ခဲ့တယ်။ ဒါပေမယ့် နောက်တော့ ငါ ခေါင်းအရမ်းကိုက်လာပြီး သတိလစ်သွားခဲ့တယ်။ ငါသတိရလာတော့ ဒေသခံတွေရဲ့ကျွန်းပေါ်ကို ခေါ်သွားခံလိုက်ရတာပဲ။”

“ဒါက စိတ်ဝိဉာည်တိုက်ခိုက်မှုပဲ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“စိတ်ဝိဉာည်တိုက်ခိုက်မှုလား။”

ကျန်းရွှဲ့က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။ သူမသည် ထိုသို့သောတိုက်ခိုက်မှုမျိုးကို တစ်ခါမှမကြားဖူးခဲ့ပေ။

အခန်း ၄၅၃ - စိုးရိမ်စိတ်က စိတ်ရှုပ်ထွေးမှုကို ဖြစ်စေတယ်။ ဖန်မင်လုံ အားကိုးရာရှာခြင်း

ကျန်းယွင်ထျန်းက ပြန်ပြောလိုက်သည်။

“ဒါက မှော်ဆရာတွေရဲ့ ထူးခြားတဲ့ စွမ်းရည်တစ်ခုပဲ။ တစ်ချို့က စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ကျွမ်းကျုင်တယ်၊ တစ်ချို့က အသံဆိုင်ရာ တိုက်ခိုက်မှုတွေကို ကျွမ်းကျင်တယ်။ ဘယ်လိုတိုက်ခိုက်မှုမျိုးပဲဖြစ်ဖြစ် ငါတို့ရဲ့ စိတ်ဝိဉာည်ကို တိုက်ရိုက်သက်ရောက်မှုရှိတယ်။”

“ဒါကအဲ့လောက်တောင် ပြင်းထန်တာလား။”

ကျန်းရွှဲ့ အံ့အားသင့်သွားခဲ့သည်။

“ဟုတ်တယ်...ဒါတွေအားလုံးကို ကျွန်းပိုင်ရှင်က ပထမဆုံး ရှာဖွေတွေ့ရှိခဲ့တာပဲ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“အဲ့ဒီလူငယ်လေးကလား။ ဘယ်လိုလုပ်ဖြစ်နိုင်ရမှာလဲ။”

ကျန်းရွှဲ့က အံ့အားသင့်စွာ ပြောလိုက်သည်။

“မဖြစ်နိုင်တာ ဘာမှမရှိဘူး။”

ကျန်းယွင်ထျန်းက ပြန်ဖြေသည်။

“မင်းပြန်ရောက်တဲ့အချိန်ကျရင် ပိုပြီးတော့တောင် အံ့အားသင့်သွားလိမ့်မယ်။”

ကျန်းရွှဲ့ခေါင်းညိတ်ပြကာ စကားပြောရန်ပြင်လိုက်စဉ် သူမ၏မျက်လုံးများ ချက်ချင်းပင် အေးစက်သွားပြီး ပြင်းထန်စွာ စတင်ရုန်းကန်လာတော့သည်။

“ရွှဲ့အာ...ဘာဖြစ်တာလဲ။”

ကျန်းယွင်ထျန်းက စိုးရိမ်တကြီး အော်ခေါ်လိုက်၏။

ထိုစဉ် သင်္ဘောကုန်းပတ်ပေါ်တွင်ရှိနေသော ဖန်မင်လုံသည် ချက်ချင်းပင် အထဲပြေးဝင်လာကာ ပြောလိုက်သည်။

“ဒါ ဒေသခံတွေ စာချုပ်ရဲ့ စွမ်းအားကို အတင်းအကျပ်သုံးနေတာပဲ ဖြစ်ရမယ်။”

“ဒါဆို ငါတို့ဘယ်လိုလုပ်ရမှာလဲ။”

ကျန်းယွင်ထျန်းက စိုးရိမ်တကြီး မေးလိုက်၏။

ဖန်မင်လုံက ကူကယ်ရာမဲ့နေဟန်ဖြင့် ပခုံးတွန့်လိုက်ပြီး ပြန်ဖြေလိုက်သည်။

“ကျုပ်မသိဘူး။ စောင့်ကြည့်ရုံပဲပေါ့။”

“ငါတို့ ဒီအတိုင်းထိုင်စောင့်နေလို့မဖြစ်ဘူး။”

ကျန်းယွင်ထျန်းသည် မီးဖိုပေါ်က ပုရွက်ဆိတ်ကဲ့သို့ ဖြစ်နေခဲ့လေသည်။

ရှောင်းယီသည်မူ အမှန်တကယ်ကို ပြန်သွားခဲ့ခြင်းမဟုတ်ပေ။ သူသည် ဆိပ်ကမ်း၏ရုံးခန်းထဲတွင် ထိုင်ပြီး သူ၏လက်ထဲရှိ မြို့ပြန်ကျောက်တုံးတစ်ခုနှင့် ဆော့ကစားနေခဲ့သည်။ သူသည် ထိုအရာကို စောစောကမှ ယွမ်ရှီကို ပို့ခိုင်းခြင်းဖြစ်ပြီး နောက်မှ ကျန်းယွင်ထျန်းကို ပေးရန် စီစဉ်ထားခဲ့သည်။ ထိုမှသာ ကျန်းရွှဲ့သည်လည်း ချက်ချင်းပင် ပြန်လာနိုင်မည်ဖြစ်သည်။

သို့သော်လာ်း ထိုစုံတွဲက စကားအများကြီးမပြောရသေးခင်မှာပင် ရှောင်းယီက သင်္ဘောပေါ်မှ ကျန်းယွင်ထျန်း၏ အော်သံကိုကြားလိုက်ရပြီး ချက်ချင်း ထသွားလိုက်သည်။

“ကျွန်းပိုင်ရှင် မြန်မြန် ရွှဲ့အာကို ကယ်တင်ပေးပါ။”

ကျန်းယွင်ထျန်းသည် ရှောင်းယီလာနေသည်ကိုမြင်သောအခါ ချင်ချင်းပင် အသက်ကယ်ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်မိလိုက်သကဲ့သို့ ပြောလိုက်၏။

“စိတ်မပူပါနဲ့ သူမအဆင်ပြေသွားမှာပါ။ ငါ နာ့နာကို အခုချက်ချင်း ပို့ပေးလိုက်မယ်။ နာ့နာက သူမရဲ့ရုန်းကန်မှုကို ထိန်းချုပ်နိုင်မလားဆိုတာ ကြည့်ကြတာပေါ့။”

ရှောင်းယီက နက်ရှိုင်းသည့်လေသံဖြင့် ပြောလိုက်သည်။

ရှောင်းယီသည် ချက်ချင်းပင် နာ့နာကို ငှားရမ်းလိုက်၏။ နာ့နာက ချက်ချင်းပင် ကျန်းရွဲ့ကို ထိန်းချုပ်လိုက်သည်။ သူမ၏မျက်လုံးများသည် ကြင်နာမှုများ ကင်းမဲ့နေခဲ့သော်လည်း ပြင်းပြင်းထန်ထန် ရုန်ကန်ခြင်းမျိုးတော့ မရှိတော့ပေ။

“ကျွန်းပိုင်ရှင် ကျုပ် အဲ့ကို သွားချင်ပါတယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

ထိုအခါ ရှောင်းယီသည် သူ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်၏။

“သူတို့က ငါတို့ဆီကနေ ကီလိုမီတာ တစ်သောင်းလောက်ဝေးနေသေးတယ်။ ငါတို့ရဲ့ အပျော်စီးရွက်သင်္ဘောနဲ့သွားမယ်ဆိုရင်တောင် ၁၄ နာရီနီးပါးကြာလိမ့်မယ်။ ဓာတ်အားလည်း မလုံလောက်ဘူး။ မင်းကိုယ်တိုင်သွားချင်တာ သေချာလား။”

“ဒါပေမယ့် ရွှဲ့အာ သူမ...”

ကျန်းယွင်ထျန်းမှာ အလွန်အမင်းစိုးရိမ်နေပုံရသည်။

“မင်းက တကယ်ကို စိုးရိမ်စိတ်တွေလွန်ကဲနေလို့ စိတ်ရှုပ်ထွေးနေတာပဲ။”

ရှောင်းယီက ပြုံးကာ ပြောလိုက်သည်။

“ငါတို့မှာ မြို့ပြန်ကျောက်ရှိတယ်ဆိုတာ မင်းမေ့သွားတာလား။”

ထိုစကားကိုကြားသောအခါ ကျန်းယွင်ထျန်း၏ မျက်လုံးများ ချက်ချင်းပင် အရောင်လက်သွားခဲ့သည်။

“ဟုတ်သားပဲ မြို့ပြန်ကျောက်”

ထို့နောက် ရှောင်းယီက မြို့ပြန်ကျောက်ကို ဖန်မင်လုံဆီသို့ ငှားရမ်းပေးလိုက်၏။ ဖန်မင်လုံသည် ထိုပစ္စည်းကိုမြင်သောအခါ ထပ်မံ၍ အံ့အားသင့်သွားခဲ့ပြန်သည်။

“သူဌေးက ပစ္စည်းကောင်းတွေအများကြီးကို ဘယ်လိုတောင်ရနေတာလဲ။”

“မင်လုံ ဒီပစ္စည်းကို ကျန်းရွှဲ့ရဲ့ လက်ထဲထည့်ပေးပြီး သူမအတွက် အသက်သွင်းပေးလိုက်ပါ။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့ သူဌေး။”

ဖန်မင်လုံက ငှားရမ်းမှုကို သဘောတူလိုက်ပြီး မြို့ပြနကျောက်ကို ကျန်းရွှဲ့၏လက်ထဲသို့ထည့်ကာ ရှောင်းယီ၏ညွှန်ကြားချက်အတိုင်း မြို့ပြန်ကျောက်ကို အသက်သွင်းလိုက်သည်။

“ကျုပ်ဇနီးကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”

ကျန်းယွင်ထျန်းက ဖန်မင်လုံကိုကြည့်ပြီး တည်ကြည်လေးနက်စွာ ပြောလိုက်သည်။

“တစ်ခုခု အကူအညီတယ်ဆိုရင် ပြောပါ။ ကျုပ် အစွမ်းရှိသမျှကြိုးစားပေးမယ်။ ငြင်းဆိုမှာမဟုတ်ဘူး။”

ဖန်မင်လုံသည် ကျန်းယွင်ထျန်း ထိုသို့ပြောသည်ကိုကြားသောအခါ အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ပြန်ပြလိုက်၏။

“ကျုပ်တို့အားလုံးက ရှားပြည်သူတွေပဲ။ လက်တွဲကူညီတာက သဘာဝကျပါတယ်။ ကျေးဇူးဆပ်ဖို့မလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူမကလည်း ကျုပ်တို့ကိုကယ်တင်ခဲ့လို့ပါ။”

“ဘယ်လိုပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်။”

ကျန်းယွင်ထျန်းက သူ့ကိုလက်သီးဆုပ်ကာ လေးလေးနက်နက် ပြောလိုက်သည်။

ဖန်မင်လုံက သူ၏လက်ဝါးကို ခါယမ်းလိုက်၏။ ထို့နောက် ရှောင်းယီကကိုကြည့်ကာ ပြောလိုက်သည်။

“သူဌေး ဒီဘက်မှာ ကျုပ်တို့အတွက် ကျွန်းတော့မရှိတော့ဘူး။ ကျုပ် သူဌေးဆီ လာချင်ပါတယ်။ ကျုပ်ကို လက်ခံဖို့မတောင်းဆိုပါဘူး။ ကုန်းမြေပေါ်မှာ ကျောချစရာနေရာလေးတစ်ခုကိုပဲ လိုချင်တာပါ။”

ရှောင်းယီက ဖန်မင်လုံကိုကြည့်ကာ အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဖန်မင်လုံက မကြာခင်က ကျန်းယွင်ထျန်းနှင့် သူ၏ဆက်ဆံရေးကို မြင်တွေ့ခဲ့၏။ သို့သော်လည်း သူသည် ကျန်းယွင်ထျန်း၏ဇနီးကို ကယ်တင်သည့်အကြောင်းပြချက်ကို အသုံးချပြီး သူ့နှင့်ပူးပေါင်းရန်အတွက် အခွင့်အရေးမယူခဲ့ပေ။

သူဟန်ဆောင်နေခြင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ဖန်မင်လုံက ကျန်းယွင်ချန်း၏ဇနီးကို ကယ်တင်ခဲ့သူပင်။

ရှောင်းယီ အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။

“ရတယ် ဒါပေမယ့် နောက်တစ်ရက်လောက်တော့ ထပ်စောင့်ရမယ်။ မြို့ပြန်ကျောက်က အေးခဲချိန်ရှိသေးတယ်။”

“သိပ်ကောင်းတယ်။ ကျုပ်တို့စောင့်နိုင်ပါတယ်။”

ဖန်မင်လုံက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“နောက်တစ်ခုရှိသေးတယ်။ မင်း ငါ့ကျွန်းပေါ်ရောက်ပြီးတဲ့နောက် မင်းမှာ ရွေးချယ်စရာနှစ်ခုရှိတယ်။ တစ်ခုက ငါနဲ့ စာချုပ်ချုပ်ဖို့ပဲ။ အဲ့ဒါက သဘာဝအလျောက် အကျိုးကျေးဇူးတချို့ရလိမ့်မယ်။ နောက်တစ်ခုက စာချုပ်ချုပ်စရာမလိုဘူး။ ဒါပေမယ့် လှုပ်ရှားနိုင်တဲ့နေရာတွေကို ကန့်သတ်ခံရမယ်။ ဘာအကျိုးကျေးဇူးမှလည်း ရမှာမဟုတ်ဘူး။”

ရှောင်းယီက ပြောလိုက်သည်။

ဖန်မင်လုံသည် C အဆင့်သာရှိ၏။ ဤကဲ့သို့လူမျိုးက သူ့ကျွန်းအတွက် ခြိမ်းခြောက်မှု (သို့) သက်ရောက်မှု မရှိသလောက်နည်းပါးပေသည်။

တစ်ချိန်တည်းမှာပင် ရှောင်းယီ၏ သူ့အပေါ်ထင်မြင်ချက်သည်လည်း သိပ်မဆိုးလှပေ။ စာချုပ်ချုပ်မချုပ်ကိုမူ သူကိုယ်တိုင် ရွေးချယ်ခွင့်ရှိပေသည်။

“သူဌေး ကျုပ်စိတ်မကောင်းပါဘူး။ အခုချိန်ထိတော့ စာချုပ်မချုပ်ချင်သေးပါဘူး။”

ဖန်မင်လုံက ကြောက်ရွံ့တုန်လှုပ်နေဟန်ဖြင့် ပြောလိုက်သည်။

စာချုပ်မချုပ်ရင် ယီရန်ပင်းက သူတို့ကို ကျွန်းပေါ်တက်ခွင့်မပေးမည်ကို သူစိုးရိမ်မိသည်။

“အဆင်ပြေပါတယ်။ စာချုပ်မချုပ်ဘူးဆိုရင်တော့ လှုပ်ရှားနိုင်တဲ့အတိုင်းအတာကို ကန့်သတ်ခံရမယ်။ အဲဒီအချိန်ရောက်ရင်တော့ မညည်းညူးမိစေနဲ့။ ငါ့ကျွန်းပေါ်ရောက်ရင် ငါ့ကျွန်းရဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရမယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ကျုပ်မညည်းပါဘူး။ ကျေးဇူးတင်ပါတယ် သူဌေး။”

ဖန်မင်လုံက ပျော်ရွှင်စွာ ပြောလိုက်၏။

“ကျွန်းပေါ်ရောက်ရင် စည်းမျဉ်းစည်းကမ်းတွေကို တစ်စုံတစ်ယောက်က မင်းကို ပြောပြပေးလိမ့်မယ်။”

ထိုသို့ပြောပြီးနောက် ရှောင်းယီက စကားပြောဆိုမှုကို ရပ်တန့်လိုက်လေသည်။

ထိုအချိန်တွင် ဖန်ချင်းလွမ်သည် သင်္ဘောခန်းထဲရှိ အိပ်ရာထဲမှ ထွက်လာပြီး အိပ်ချင်မူးတူးအသံဖြင့် ပြောလိုက်သည်။

“အစ်ကို ဘယ်သူနဲ့စကားပြောနေတာလဲ။ အမ် လေးသမားအစ်မကြီး သူမ ဘယ်ရောက်သွားတာလဲ။ အစ်ကို သူမက ဒေသခံတစ်ယောက်ဆိုပေမယ့် ငါတို့အသက်ကိုကယ်ခဲ့တာနော်။ နင် ဒီလိုတောင် လုပ်ရဲတယ်လား။”

ထိုစဉ် စိတ်လှုပ်ရှားပျော်ရွှင်နေသော ဖန်မင်လုံက သူ့ညီမဖြစ်သူ၏စကားကိုကြားသောအခါ အနည်းငယ် ကြက်သေသေသွား၏။ ထို့နောက် သူ့ညီမလေး၏ခေါင်းကို ဖွဖွပုတ်ကာ ပြောလိုက်သည်။

“မင်း ဘာတွေပြောနေတာလဲ။ မင်းအစ်ကိုက မင်းမျက်လုံးထဲမှာ အဲ့ဒီလိုလူမျိုးလား။”

“ဒါဆို သူမဘယ်ရောက်သွားတာလဲ။”

ဖန်ချင်းလွမ်က မေးလိုက်သည်။

“သူမကို သူမမိသားစုက လာခေါ်သွားတာ။ အဲ့ဒီလေးသမား သူမက သူဌေးနားကလူတစ်ယောက်ရဲ့ ဇနီးဖြစ်နေမယ်လို့ မထင်ထားမိခဲ့ဘူး။”

ဖန်မင်လုံက ပြန်ဖြေလိုက်သည်။

“ဟမ်”

ဖန်ချင်းလွမ်က ရှုပ်ထွေးသွားသည်။

ဖန်မင်လုံက စောစောကဖြစ်ပျက်ခဲ့သည် ဖြစ်စဉ်အားလုံးကို ပြန်ပြောပြလိုက်၏။

“မြို့ပြန်ကျောက်လား။ ဂိမ်းထဲက မြို့ပြန်စာလိပ်တွေလိုမျိုးလား။”

ဖန်ချင်းလွမ်က အံ့အားသင့်စွာ မေးလိုက်သည်။

ဖန်မင်လုံက ခေါင်းညိတ်ပြကာ ပြောလိုက်သည်။

“ဟုတ်တယ် စက္ကန့် ၂၀ အတွင်းမှာ ငါ့ရှေ့မှာရှိနေတဲ့ လူတစ်ယောက် ပျောက်သွားတာ...ဒါက တကယ့်ကို အံ့ဖွယ်ပဲ။”

“အံ့ဩစရာမရှိတော့ဘူး။”

ဖန်ချင်းလွမ်က ရုတ်တရက်သဘောပေါက်သွားပြီး ထပ်မေးလိုက်သည်။

“အစ်ကို သူဌေးက တကယ်ပဲ ငါတို့ကို သူတို့ကျွန်းပေါ်ကို သွားခွင့်ပေးလိုက်တာလား။”

“ဒါပေါ့ယ ပြီးတော့ သူဌေးက ငါတို့ သူနဲ့ စာချုပ်ချုပ်၊မချုပ်ကို သိပ်ပြီးဂရုမစိုက်သလိုပဲ။ ဒါက အရမ်းကောင်းတယ်။”

ဖန်မင်လုံက ဝမ်းသာအားရ ပြောလိုက်သည်။

ဖန်ချင်းလွမ်သည် သူမနှုတ်ခမ်းပါးလေးများကို တွန့်ကွေးပြီး ပြောလိုက်၏။

“အစ်ကို သူများတွေက သူဌေးနဲ့ စာချုပ်ချုပ်ရဖို့ မျှော်လင့်နေကြတာ။ မင်းက ဘာလို့ငြင်းလိုက်တာလဲ။”

“ကလေးဆိုးလေး မင်းဘာသိလို့လဲ။”

ဖန်မင်လုံက ပြန်ပြောလိုက်သည်။

“မင်းသင်္ဘော ကြည့်ထားဦး။ ငါအနားယူလိုက်ဦးမယ်။”

ထို့နောက် သူသည် သင်္ဘောခန်းထဲ ဝင်သွားပြီး ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်ဘေးတွင်ထိုင်နေသော ညီမဖြစ်သူကို ငေးကြည့်ကာ တီးတိုးရေရွတ်လိုက်မိသည်။

“ဒါက မင်းကြောင့်ပဲ မဟုတ်ဘူးလား။ စာချုပ်ချုပ်ပြီးရင် ကံကြမ္မာက ကိုယ့်လက်ထဲမှာ မရှိတော့ဘူး။”

ရှောင်းယီသာ ဖန်မင်လုံက သူ့ညီမလေးအတွက် စာချုပ်မချုပ်ဖြစ်ကြောင်းသိခဲ့လျှင် သေချာပေါက် ကျိန်ဆဲပြီး “မင်းညီမကိုပဲ!” ဟု ပြောပေလိမ့်မည်။

ရှောင်းယီ၏ကျွန်းရှိ ဆိပ်ကမ်းတွင် ကျန်းယွင်ထျန်းသည် ကျန်းရွှဲ့၏ အေးစက်နေသောမျက်လုံးများကို ငေးကြည့်ရင်း ပြောလိုက်၏။

“ရွှဲ့အာ သတိရပါတော့။ ငါယွင်ထျန်းပါ။”

သို့သော်လည်း ကျန်းရွှဲ့သည် သူ့ကို အကြင်နာကင်းမဲ့သောမျက်လုံးများဖြင့် ဆက်ကြည့်နေဆဲပင်။

“ကျွန်းပိုင်ရှင် အခု ဘယ်လိုလုပ်ကြမလဲ။”

ကျန်းယွင်ထျန်းသည် ရှောင်းယီအား အကူအညီတောင်းလိုက်လေသည်။

All Chapters