← Chapters

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း (၄၅၄-၄၅၆)

Vol. 31 Ch. 454-456

အခန်း ၄၅၄ - တစ်ပတ်တာကုန်ဆုံးခြင်း၊ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ချန်နယ်အသစ်တစ်ခု ထွက်ပေါ်လာခြင်း

ရှောင်းယီသည် ကျန်းရွှဲ့၏ လက်ရှိအခြေအနေကို ကြည့်ပြီး ပြန်ဖြေလိုက်သည်။

“အခုအချိန်မှာ ငါတို့လုပ်နိုင်တာ ဘာမှမရှိဘူး။”

“စာချုပ်ကတ်သုံးပြီး အတင်းချုပ်လိုက်လို့မရဘူးလား။”

ကျန်းယွင်ထျန်းသည်လည်း အသိပြန်ဝင်လာခဲ့သည်။

ရှောင်းယီ ခေါင်းခါလိုက်၏။

“လက်ရှိအချိန်မှာ ဒေသခံတွေက စာချုပ်ရဲ့စွမ်းအားကို အတင်းအကျပ်သုံးနေတယ်။ အခုလိုအချိန်မျိုးမှာ စာချုပ်ကတ်သုံးတာက အောင်မြင်ဖို့အခွင့်အလမ်းက သုညနီးပါးပဲ။ စိတ်မပူပါနဲ့...တစ်ဖက်မှော်ဆရာက ဒီလိုမျိုး စာချုပ်စွမ်းအားကို ဆက်တိုက်သုံးနေမှာမဟုတ်ပါဘူး။”

ကျန်းယွင်ထျန်းသည်လည်း တတ်နိုင်တာဘာမှမရှိပဲ ခေါင်းသာညိတ်လိုက်ရလေသည်။

“သူမကို ဗီလာထဲ ခေါ်သွားလိုက်ပါ။ ပုံမှန်ပြန်ဖြစ်သွားရင် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခုခုဆီ ခေါ်သွားပြီး စာချုပ်ချုပ်လိုက်မယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ကျန်းယွင်ထျန်းသည် လှုပ်ရှားနိုင်ခြင်းမရှိသော ကျန်းရွှဲ့ကို ပွေ့ချီကာ ဗီလာဆီသို့ ခေါ်သွားခဲ့သည်။

ရှောင်းယီ အချိန်ကို တစ်ချက်ကြည့်လိုက်၏။ ညသန်းခေါင်ကျော်နေပြီဖြစ်သည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို ကြည့်လိုက်သောအခါ မျှော်လင့်ထားသလိုပင် အပိုသတိပေးချက်များ ရှိမနေခဲ့ပေ။

ရှောင်းယီသည် သူ၏ခေါင်းကို ခါယမ်လိုက်ပြီး ထွက်ခွာတော့မည့်အချိန်တွင် သူ၏မျက်ဝန်းထောင့်မှတစ်ဆင့် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွင် ချန်နယ်အသစ်တစ်ခုတိုးနေတာကို ရုတ်တရက် သတိထားမိလိုက်လေသည်။

သူသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီးနောက် ထိုချန်နယ်အသစ်ကို ထိကြည့်လိုက်၏။

မဟာမိတ်....။

ထိုလမ်းကြောင်းကိုဖွင့်ကြည့်လိုက်သောအခါ စက်ဝိုင်းကြီးတစ်ခုကို စက်ဝိုင်းငယ်ရှစ်ခုက ဝန်းရံထားသောမြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေသည်။

ဘေးနားတွင်လည်း ရိုးရှင်းသည့် သတိပေးချက်တစ်ခု ပါရှိပေသည်။

အခြားကျွန်းရှစ်ခုနှင့် မဟာမိတ်ဖွဲ့နိုင်သည်။

သို့သော်လည်း ရှောင်းယီ၏စနစ်ရှိ သတိပေးချက်မှာ အချက်အလက်များ ပိုများ၏။

“ကျွန်းအမျိုးမျိုးဖြင့် မဟာမိတ်ဖွဲ့နိုင်သည်။ လက်ရှိအချိန်တွင် ကျွန်းရှစ်ခုအထိ စုပြီး မဟာမိတ်ဖွဲ့နိုင်သည်။ မဟာမိတ်ဖွဲ့ပြီးနောက် မဟာမိတ်ခေါင်းဆောင်၏ကျွန်းအစွန်းမှ ကီလိုမီတာ ၁၀၀ အတွင်းရှိ ဦးတည်ဘက်ရှစ်ခုမှ မည်သည့်ကျွန်းတစ်ခုကိုမဆို သင်၏ကျွန်းဆီသို့ရွှေ့ပြောင်းရန် အခွင့်အရေးတစ်ကြိမ်ရှိသည်။”

“မဟာမိတ်အဖွဲ့ဝင်များ၏ကျွန်းများကြား ကြားအကွာအဝေးသည် ကျွန်းများကျယ်ပြန့်လာသည်နှင့်အမျှ ကျဉ်းမြောင်းသွားမည်မဟုတ်ပေ။ ကျွန်းနှစ်ခု၏အစွန်းများအကြား အကွာအဝေးသည် ကီလိုမီတာ ၁၀၀ အတိုင်းသာ သတ်မှတ်ထားသည်။”

“သင်၏ကျွန်းကိုရွှေ့ပြောင်းရန် ရွေးချယ်ပါက သင် မဟာမိတ်အဖွဲ့မှ ထွက်ခွာမည်ဆိုလျှင်တောင် ပြန်လည်နေရာချထားရန်အတွက် အေးခဲချိန်မှာ တစ်နှစ်ဖြစ်သည်။”

“မဟာမိတ်အဖွဲ့ဝင်များ၏ ရေကြောင်းလမ်းပေါ်ရှိ ရေပြင်တွင် မဟာမိတ်အဖွဲ့၏ ပျမ်းမျှအင်အားထက် အားကောင်းသည့် ရေနေသတ္တဝါများ မရှိပေ။”

ရှောင်းယီသည် စနစ်၏သတိပေးချက်များကို ကြည့်ပြီး တွေးလိုက်မိ၏။

“ဒါက ငါတို့ကို စုစည်းတဲ့နေရာမှာ ပိုလွယ်အောင်ညလုပ်ပေးထားတာလား။ နောက်တစ်ပတ်အတွင်းမှာ တိုက်ခိုက်မှုတွေက ပိုပြီးပြင်းထန်လာတော့မယ်ထင်တယ်။”

ဤကမ္ဘာ၏ စည်းမျဉ်းများသည် သူတို့၏ရှင်သန်ရပ်တည်ရေး အခက်အခဲများကို မမြှင့်တင်ဘဲ အလျင်မြန်အမြန်ပေါင်းစည်းရန်အတွက် ကြင်နာမှုပြုလိမ့်မည်ဟု သူမယုံကြည်ပေ။

သို့သော်လည်း ဤပေါင်းစည်းရန်နည်းလမ်းသည် ရှောင်းယီအတွက် ဆုံးဖြတ်ရခက်စေခဲ့သည်။ သူသည် ကုထောင်ချွေ့ရှန်းကို လက်အောက်ငယ်သားအဖြစ် ခန့်ထားရသည့်အကြောင်းရင်းမှာ မြောက်ဘက်ရှိ ဒေသခံများ၏ ဝင်ရောက်စီးန်းမှုကို အချိန်မီသိရှိနိုင်ရန်ဖြစ်သည်။

သူ့ကိုပြန်ခေါ်လိုက်လျှင် စီမံခန့်ခွဲရာ၌ ပို၍အဆင်ပြေမည်ဖြစ်သော်လည်း ဤကဲ့သို့လုပ်ဆောင်ချက်ကိုလည်း ဆုံးရှုံးသွားမည်ဖြစ်သည်။

ဆေးရောင်းသူကိုတော့ ပြန်ခေါ်၍ရပေသည်။ အဘယ်ကြောင့်ဆိုသော သူသည် ဆေးပင်များကိုသုတေသနလုပ်နေခြင်းဖြစ်ပြီး တိုက်ခိုက်သူအမျိုးအစား အသက်ရှင်ကျန်ရစ်သူမဟုတ်ပေ။ သူ့ကိုနီးကပ်ခေါ်ဆောင်ထားခြင်းက ကာကွယ်ရာ၌ ပို၍လွယ်ကူစေပေလိမ့်မည်။

အနည်းငယ် စဉ်းစားပြီးနောက် ရှောင်းယီက မျက်မှောင်ကြုံ့ကာ မေးလိုက်သည်။

“မဟာမိတ်အဖွဲ့ဝင်တွေအတွက် သူတို့ရဲ့ကျွန်းရွှေ့ပြောင်းဖို့ အချိန်ဘယ်လောက်ကြာမလဲ။”

“တစ်နာရီ...”

စနစ်က ပြန်ဖြေသည်။

“တစ်နာရီလား”

ရှောင်းသည် အချိန်တစ်ခုကြာအောင် စဉ်းစားချင့်ချိန်ပြီးနောက် တွေးလိုက်မိသည်။

“ဒါက နည်းနည်းတော့ကြာတယ်။ ဂရုတစိုက်စီစဉ်ဖို့လိုမယ်ထင်တယ်။”

ထိုအချိန်တွင် ယီထျန်းဂရုသည်လည်း အသက်ဝင်စ ပြုလာပြီဖြစ်သည်။

“အားလုံးပဲ မြင်ပြီးကြပြီလား။”

“ဘာမြင်ရမှာလဲ။”

“ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်က အပြောင်းအလဲကိုလေ။ အပေါ်ကလူ မင်း မျက်စိဆရာဝန်ဆီသွားပြဖို့ ငါအကြံပေးချင်တယ်။”

“ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်မှာ အပြောင်းအလဲရှိလို့လား။”

“‌ရှိတာပေါ့။ မင်း အာရုံစိုက်ပြီး ကြည့်လိုက်လေ။ မဟာမိတ်ဆိုတဲ့ချန်နယ်တစ်ခု တိုးနေတယ်။”

“ဝိုး အမှန်ပဲဟ...။ ကျွန်းအခြားတွေနဲ့ မဟာမိတ်ဖွဲ့နိုင်တယ်လို့ ရေးထားတာတွေ့တယ်။ ငါတို့လက်ရှိရှိနေတဲ့ အခြေအနေနဲ့ အတော်လေးနီးစပ်တယ်။ ဆိုတော့ အသစ်သိပ်မရှိဘူး။”

“ဟုတ်တယ်။ ငါတို့ မဟာမိတ်တစ်ခုဖွဲ့ထားပြီးသားဆိုတော့ ဒါက အသုံးမဝင်သလိုပဲ။”

“ဒါက ရိုးရှင်းတယ်လို့တော့ ငါမထင်ဘူး။ မဟာမိတ်ချန်နယ်ထဲမှာ စက်ဝိုင်းကိုးခုရှိတယ်။ ဒါက ဘာကိုဆိုလိုတာလဲ။”

“မသိဘူးလေ။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က တကယ်ပဲ ဘာအရိပ်အမြွတ်မှ ပေးမထားဘူး။”

“ဒါကို ပြောပြနိုင်တဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်လောက် ထွက်လာပေးလို့ရမလား။”

“ယီရန်ပင်းသူဌေးကြီးကိုပဲ မေးကြည့်ရမယ်ထင်တယ်။ ကျန်တဲ့သူတွေကတော့ မသိလောက်ဘူး။”

“ဟုတ်တယ် @ယီရန်ပင်း သူဌေးကြီး ကျေးဇူးပြုပြီး ရှင်းပြပေးပါဦး။”

ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် ပြောပြရန် ဆုံးဖြတ်လိုက်၏။

“ဒီမဟာမိတ်က ဒီလိုမျိုး......”

လူတိုင်းသာ အမှန်တကယ် ပေါင်းစည်းနိုင်မည်ဆိုလျှင် အသက်ရှင်ကျန်ရစ်သန်သူပိုများလေ အုတ်မြစ်ကျောက်အရေအတွက်ပိုများလေဖြစ်ပြီး သူသည်လည်း လဲလှယ်မှုမှတစ်ဆင့် အုတ်မြစ်ကျောက်များ ပိုမိုရနိုင်လေဖြစ်သည်။

ထို့ပြင် ဤကဲ့သို့မဟာမိတ်မျိုးသည် ရှောင်းယီအတွက် ခြိမ်းခြောက်မှု သိပ်မရှိပေ။ ထို့ကြောင့် ရှောင်းယီ ဂရုထဲကလူတွေကို မဟာမိတ်အကြောင်း အချက်အလက်အားလုံးကို ရိုးရိုးရှင်းရှင်းပင် ပြောပြလိုက်ခြင်းဖြစ်သည်။

ဂရုထဲကလူများသည် ထိုအချက်အလက်များကို ကြားလိုက်ရပြီးနောက် တဒင်္ဂမျှ တိတ်ဆိတ်သွားခဲ့ပြီး ထိာအချက်အလက်များကို ချေဖျက်နေကြပုံပင်။

“သူဌေးကြီးကတော့ တကယ့်ကို သူဌေးကြီးပါပဲ။ အရမ်းအံ့ဖွယ်ကောင်းတယ်။ အသစ်အဆန်းတွေကိုတောင် ဒီလိုမျိုး ရှင်းရှင်းလင်းလင်းသိထားပြီးပြီ။”

“ဟုတ်တယ် ရှားနိုင်ငံမှာ ယီရန်ပင်းရှိတာ ကံကောင်းတာပဲ။”

“အမှန်ပဲ။ ဒီကလူတိုင်းပဲ နိုင်ငံခြားသားတွေဆီကို လုံးဝယိုဖိတ်သွားလို့မရဘူးနော်။”

ထိုသို့ပြောနေကြသော်လည်း အမြဲတမ်း အကျိုးအမြတ်အတွက် သတင်းရောင်းသူတစ်ယောက်နှစ်ယောက်တော့ ရှိနေဦးမှာပင်။

သို့သော်လည်း ရှောင်းယီသည် ထိုအကြောင်းကို ဂရုမစိုက်ပေ။ အဘယ်ကြောင့်ဆိုသော် သူသည် ကမ္ဘာတစ်ဝှမ်းလုံးတွင် စီးပွားရေးလုပ်မည်ဖြစ်သောကြောင့်ပင်။

“သူဌေးကြီးပြောတဲ့အတိုင်းဆိုရင် ငါတို့ လူအများကြီးကို မြန်မြန်စုစည်းနိုင်တာပေါ့။”

“အများကြီးတော့ မဟုတ်သေးဘူး။ ကျွန်းရှစ်ခုက အများဆုံးပဲ။ ဆယ်ယောက် အယောက်နှစ်ဆယ်လောက်တော့ ကောင်းကောင်းစုနိုင်လောက်တယ်။”

“မဟုတ်ဘူး မဟုတ်ဘူး။ သေချာစဉ်းစားကြည့်။ ငါတို့မဟာမိတ်ဖွဲ့လိုက်ရင် ကျွန်းရှစ်ခုကို ချိတ်ဆက်ပြီးတဲ့နောက် ငါရဲ့အင်အားနဲ့ဖြစ်ဖြစ်၊ အခြားအကြောင်းပြချက်နဲ့ဖြစ်ဖြစ် ဒီကျွန်းရှစ်ခုကိုပေါင်းစည်းလိုက်မယ်ဆိုရင် ဒီကျွန်းရှစ်ခုက မဟာမိတ်ကနေထွက်သွားပြီး ပျောက်ကွယ်သွားတယ်။ ဒါဆို ဗလာဖြစ်သွားတဲ့နေရာတွေအတွက် မဟာမိတ်အဖွဲ့ဝင်အသစ်တွေကို ပြန်ခေါ်လို့ရလောက်မလား။”

“အိုး...ဒါက ရဲရင့်တဲ့အတွေးပဲ။ မင်းနဲ့မဟာမိတ်ဖွဲ့ချင်တဲ့သူ ရှိမှာမဟုတ်ဘူးလို့ ငါထင်တယ်။”

ရှောင်းယီသည်လည်း ကြောင်အသွားခဲ့သည်။ ထိုအရာမှာ ဖြစ်နိုင်ပုံပင်။ စနစ်သည် မဟာမိတ်မှထွက်ခွာသွားပါက ကျွန်းကို ရွှေ့ပြောင်းနိုင်မည်မဟုတ်ဟုသာ ညွှန်းဆိုထားခဲ့ခြင်းဖြစ်သည်။

ဤစစ်ဆင်ရေးသည် ကျွန်းကိုရွှေ့ပြောင်းခြင်းမဟုတ်ဘဲ ပျောက်ကွယ်သွားခြင်းပင်။

ထို့အပြင် ပျောက်ကွယ်သွားပြီးနောက် မဟာမိတ်တွင် နေရာလွတ်များ ရှိသည်ဟူသည့် အဓိပ္ပာယ်သက်ရောက်ပြီး အခြားမဟာမိတ်အဖွဲ့ဝင်အသစ်များအား ခေါ်ယူခြင်းမှာ အမှားတစ်ခုမှမရှိပေ။

“အခုလောက်ဆိုရင် အဲ့ဒီစွမ်းအားကြီးတဲ့ခေါင်းဆောင်တွေတော့ ပျော်နေကြလောက်ပြီ။ သူတို့က တစ်ရက်ကို ၂၄ ကြိမ်လောက် ဆင့်ခေါ်နိုင်တယ်။ တစ်ကြိမ်ကို ရှစ်ယောက်စီပဲခေါ်နိုင်တယ်ဆိုရင်တောင် သူတို့ဆင့်ခေါ်နိုင်တုန်းပဲ။ တစ်ကြိမ်ကိုရှစ်ယောက်၊ နှစ်ကြိမ်ဆို ၁၆ ယောက်၊ သုံးကြိမ်ဆို အမျိုးသမီးများနေ့ပဲ။ ဘယ်လိုပဲပြောပြော အများကြီးပဲ။”

“အပေါ်ကလူ မင်း ဟာသလုပ်ဖို့ကြိုးစားနေတာလား။ စုစုပေါင်း ၁၉၂ ယောက်ကွ။”

“ဒီလောက်လူတွေအများကြီးရဲ့ ကျွန်းဧရိယာတွေကိုပါထည့်တွက်ရင် ယီရန်ပင်းသူဌေးကြီးရဲ့ ကျွန်းဧရိယာကို မကြာခင် ကျော်တက်သွားလောက်မယ်ထင်တယ်။”

“ယီရန်ပင်းသူဌေးကြီးက အရမ်းရက်ရောတာပဲ။ ကိုယ့်အကျိုးစီးပွားကိုစွန့်လွှတ်ပြီး ဒီလိုသတင်းမျိုးကိုတောင် ငါတို့ကိုပြောပြတယ်။”

“အရမ်းအပျော်မစောနဲ့ဦး။ ဒီလောက်ကြီးမားတဲ့ကျွန်းဧရိယာ၊ ဆင့်ကဲပြောင်းလဲမှုနဲ့ အသစ်ဖြစ်ပေါ်ခြင်းတွေက မင်းကိုဒုက္ခပေးလိမ့်မယ်။ အခု ငါ့လက်ထဲမှာ အုတ်မြစ်ကျောက်တွေရှိတယ်ဆိုပေမယ့် စိတိလိုက်မာန်ပါ မချဲ့ထွင်ဝံ့ဘူး။ အရင်က တောရိုင်းဝံပုလွေက ငါ့ကို တစ်စစီဆုတ်ဖြဲပသ်လုနီးပါး ဖြစ်သွားခဲ့တာ။ ခွန်အားသာမရှိရင် အရာအားလုံးကို ကန့်သတ်ထားသင့်တယ်။”

“ဒါ...ဟုတ်တော့ ဟုတ်သလိုလိုပဲ။ ဒါက တကယ်ကို အီလည်လည်ဖြစ်စေတာတယ်။ ကိုယ်မှာ အခွင့်အရေးရှိနေတာတောင် မချဲ့ရဲဘူးဖြစ်နေရတယ်။”

“ဒါပေမယ့် လူများလာမယ်ဆိုရင်တော့ ဆင့်ကဲပြောင်းလဲမှုနဲ့အသစ်ဖြစ်ပေါ်ခြင်းကို ထိန်းချုပ်နိုင်တယ်။ နေ့တိုင်းအသစ်ပေါက်လာတဲ့အပင်တွေကိုခုတ်လှဲလိုက်မယ်ဆိုရင် သိပ်ပြီး စိုးရိမ်စရာမလိုဘူး။”

“ဒါကလည်း နည်းလမ်းတစ်ခုပဲ။”

“ငါမေးခွန်းတစ်ခုရှိတယ်။ ဘယ်သူတွေက သူတို့ရဲ့ကျွန်းတွေကိုစွန့်လွှတ်ဖို့ ဆန္ဒရှိကြမှာလဲ။”

“အမှန်ပဲ။ လူတိုင်း ဒီအချိန်ထိ ရုန်းကန်လှုပ်ရှားခဲ့ရတာ။ သူတို့ရဲ့ကံကြမ္မာကို ကိုယ်တိုင်ထိန်းချုပ်ချင်ကြတာပဲ။ အနည်းဆုံးတော့ တစ်ချို့လူတွေက သူတို့ရဲ့ကံကြမ္မာကို အခြားသူတွေရဲ့လက်ထဲထည့်ဖို့ လိုလားကြမှာမဟုတ်ဘူး။”

အခန်း ၄၅၅။ မဟာမိတ်အဖွဲ့ဆိုင်ရာ သတင်းများ ပျံ့နှံ့သွားခြင်း၊ ညတွင်းချင်း မဟာမိတ်အဖွဲ့ ဖွဲ့စည်းခြင်း

ဤအရေးကြီးသော အချက်အလက်ကို ယီထျန်းဂရုအတွင်း ပုန်းကွယ်နေသော ထောက်လှမ်းရေးများမှ ၎င်းတို့၏ အထက်လူကြီးများထံသို့ ချက်ချင်းပင် ပို့ဆောင်ခဲ့ကြသည်။

တိလင်းထျန်းရှားသည် ထိုသတင်းကို ကြားသိလိုက်ရသည့်အခါ ခတင်္ဂမျှ တုံဆိုင်းသွားပြီးနောက် ချက်ချင်းပင် ဝမ်းသာသွားပြီး ဤသို့ပြောလိုက်သည်။

“ချင်းလုံ အခုချက်ချင်း ဂရုထဲမှာ ဒီအခြေအနေကို ရှင်းပြလိုက်ပါ။ ပြီးရင် အတူတူ ဖွံ့ဖြိုးတိုးတက်အောင်လုပ်ချင်တဲ့သူ ဘယ်နှစ်ယောက်ရှိမလဲဆိုတာ ကြည့်လိုက်။ ငါတို့ဆီ ပူးပေါင်းလာတဲ့သူတွေက ငါတို့ တိလင်းအင်ပါယာရဲ့ လူကြီးပိုင်းတွေ ဖြစ်လာကြလိမ့်မယ်။”

“ဟုတ်ကဲ့”

ချင်ချင်းလုံက ချက်ချင်း ပြန်ဖြေလိုက်သည်။

“အတင်းအကျပ်မလုပ်နဲ့။ အတူတူ ဖွံ့ဖြိုးတိုးတင်အောင်မလုပ်ချင်ဘူးဆိုရင်တောင် တိလင်းအင်ပါယာထဲမှာ ဆက်နေလို့ရတယ်။”

တိလင်းထျန်းရှားက ထပ်လောင်းပြောကြားလိုက်သည်။

“ဒါပေမယ့် အတူတူ ဖွံ့ဖြိုးတိုးတက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကိုတော့ ရှင်းပြလိုက်။”

“နားလည်ပါပြီ။”

ချင်ချင်းလုံက ပြန်ဖြေလိုက်ပြီးနောက် ဂရုထဲတွင် စတင်စည်းရုံးတော့လေသည်။

ချင်းလုံစကားသံကို မြင်လိုက်ရသောအခါ ဂရုထဲရှိကလူများက ချက်ချင်းပင် တုံ့ပြန်လာခဲ့ကြသည်။

“ကျုပ် ဥက္ကဋ္ဌနဲ့အတူ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ချင်ပါတယ်။”

“ကျွန်တော်လည်း လုပ်ချင်ပါတယ်။”

ချင်ချင်းလုံ ခြုံငုံတွက်ချက်ကြည့်လိုက်သောအခါ လာရောက်ပူးပေါင်းလိုသူ သုံးရာခန့်ရှိကြောင်း တွေ့လိုက်ရလေသည်။

“ဥက္ကဋ္ဌ ကျုပ်တို့တစ်ခွန်းခေါ်လိုက်ရုံရှိသေးတယ် လူသုံးရာလောက်က ပူးပေါင်းဖို့ သဘောတူလိုက်ကြတယ်။”

ချင်ချင်းလုံက စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

တိလင်းထျန်းရှားသည် ပျော်ရွှင်နေခဲ့သော်လည်း သိပ်တော့စိတ်လှုပ်ရှားမနေခဲ့ပေ။ သူက အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

“အဲ့ဒီလူတွေ ဒီလိုမြန်မြန် ဆုံးဖြတ်လိုက်တဲ့ အကြောင်းရင်းက သူတို့ရဲ့ဖွံ့ဖြိုးတိုးတက်မှု မကောင်းလို့ သစ်ပင်ကြီးတစ်ပင်မှာ မှီခိုချင်လို့ပဲ။”

ချင်ချင်းလုံသည် အနည်းငယ် ကြောင်အသွားသော်လည်း ဥက္ကဋ္ဌ၏ ဆိုလိုရင်းကို အလျင်အမြန် နားလည်သွားခဲ့သည်။

စွမ်းရည်အနည်းငယ်ရှိသူတိုင်းသည် ဤကဲ့သို့ ဥပဒေမရှိသော ကမ္ဘာတွင် စည်းမျဉ်းချမှတ်သူများ ဖြစ်လိုကြပြီး သူတစ်ပါး၏အမိန့်များကို မည်သူမျှ လိုလိုလားလား နာခံချင်မည် မဟုတ်ပေ။

ထို့ကြောင့် ပထမဆုံးအကြိမ် ပူးပေါင်းရန် ရွေးချယ်သူများ၏ စွမ်းရည်များသည် အထူးသဖြင့် ထူးချွန်လှမည်တော့ မဟုတ်ပေ။

“ဒါဆို ကျုပ်တို့ ဒီလူတွေကို ခေါ်ဦးမှာလား။”

ချင်ချင်းလုံက ညင်သာစွာ မေးလိုက်သည်။

“ခေါ်ရမှာပေါ့။ ဘာလို့မခေါ်ရမှာလဲ။ ဒါက ယီရန်ပင်းကို အမီလိုက်ဖို့ ငါတို့အတွက် သိပ်ကောင်းတဲ့ အခွင့်အရေးပဲ။”

တိလင်းထျန်းရှားက ပြောလိုက်သည်။

ပျမ်းမျှအားဖြင့် အသက်ရှင်ကျန်ရစ်သူတစ်ဦးသည် တစ်နေ့လျှင် ပစ္စည်းသေတ္တာသုံးလုံး ဖမ်းနိုင်ပြီး ထိုသေတ္တာတစ်လုံးစီတွင် ပျမ်းမျှအားဖြင့် အုတ်မြစ်ကျောက် တစ်ခုရပြီး ရံဖန်ရံခါတွင် ပိုများသည့်အခါလည်း ရှိပေသည်။

အနည်းဆုံး တစ်ခုနှုန်းဖြင့် တွက်လျှင် ယခု ၄၉ ရက်အတောအတွင်း အုတ်မြစ်ကျောက် ၁၄၇ ခု ဖမ်းမိထားနိုင်သည်။ ယီရန်ပင်း၏ အဆင့်မြင့်အစားအစာကို ဝယ်ယူရန် အုတ်မြစ်ကျောက် လေးဆယ်ခန့် နှုတ်လိုက်ပြီးနောက် လူတိုင်း၏ ကျွန်းဧရိယာသည် ယခုအခါ စတုရန်းမီတာ တစ်ရာခန့် ရှိသင့်ပေသည်။

ဆိုလိုသည်မှာ လူတစ်ဦးချင်းစီသည် အုတ်မြစ်ကျောက်တစ်ရာကို ကိုယ်စားပြုပြီး လူသုံးရာသည် အုတ်မြစ်ကျောက် သုံးသောင်းကို ကိုယ်စားပြုကာ ၎င်းတို့၏ ကျွန်းကို ရုတ်တရက် စတုရန်းမီတာ သုံးသောင်းခန့်အထိ ချဲ့ထွင်ပေးနိုင်မည်ဖြစ်သည်။

လူတစ်သောင်းရှိပါက စတုရန်းမီတာတစ်သန်းဖြစ်ပေသည်။

ဤသည်မှာ ယီရန်ပင်းကို အမီလိုက်ရန် အကောင်းဆုံးအခွင့်အရေးပင်။

ချင်ချင်းလုံ ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ဒါဆို ကျုပ် မဟာမိတ်အဖွဲ့ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သွားလိုက်ပါဦးမယ်။”

“အင်း ပထမဆုံး ယီထျန်းဂရုထဲမှာ ရထားတဲ့ နည်းလမ်းအတိုင်း စမ်းကြည့်လိုက်ပါ။ ဖြစ်နိုင်ခြေရှိ၊မရှိ ကြည့်ကြတာပေါ့။”

တိလင်းထျန်းရှားက ပြောလိုက်သည်။

“ဟုတ်ကဲ့”

ထိုအချိန်တွင် ရွှမ်းယွမ်ဝူဝေ့သည် အိပ်ပျော်နေပြီဖြစ်ပြီး ဤအရေးကြီးသတင်းကို လက်ခံရရှိခဲ့သူမှာ ချန်းပေါ်ဖြစ်သည်။

ချန်းပေါ်သည် အနည်းငယ်မျှပင် တွန့်ဆုတ်ခြင်းမရှိဘဲ ချက်ချင်းပင် ဂရုထဲတွင် စည်းရုံကာ အကျိုးခံစားခွင့်များစွာ ကတိပေးလိုက်လေသည်။

သို့သော် ဂရုထဲက တုံ့ပြန်မှုများမှာ အလွန်ရှားပါးလှပေသည်။ တစ်ရာထက်နည်းသော လူများသာ ပူးပေါင်းရန် သဘောတူခဲ့ကြသည်။

ချန်းပေါင် သက်ပြင်းချလိုက်မိသည်။ ရွှမ်းယွမ်မိသားစုထဲမှ ထွက်ခွာမသွားသေးသောသူများ ရှိသော်လည်း နောက်ဆုံးဖြစ်ရပ် “ရန်သူကို ငွေကြေးထောက်ပံ့ခြင်း” သည် ရွှမ်းယွမ်ဝူဝေ့၏ ဂုဏ်သတင်းကို သိသိသာသာ ကျဆင်းစေခဲ့ပေသည်။

သို့သော် ဤကိစ္စမျိုးကို အလျင်စလိုလုပ်၍ မရနိုင်ပေ။ ပူးပေါင်းပြီးနောက် ၎င်းတို့၏ဖွံ့ဖြိုးတိုးတက်မှု ပိုမိုကောင်းမွန်လာမှသာ လူအများကို ထပ်မံဆွဲဆောင်နိုင်မည်ဖြစ်သည်။

ထို့နောက် သူသည် မဟာမိတ်အဖွဲ့ဆိုင်ရာ ကိစ္စရပ်များကို စတင်လုပ်ဆောင်လိုက်၏။

ရှောင်းယီသည် လူတိုင်းအား မဟာမိတ်အဖွဲ့ဆိုင်ရာ အချက်အလက်များကို ပြောပြပြီးနောက် ဆိပ်ကမ်းမှ ထွက်ခွာလာကာ ဘားဆီသို့ ဦးတည်လာခဲ့သည်။

စွန်းကုထောင်နှင့် ပိုင်ချီတို့မှာ ထိုနေရာ၌ ရှိနေဆဲပင်။

“မင်းတို့ မပြန်သေးဘူးလား။”

ရှောင်းယီက အံ့အားသင့်စွာ မေးလိုက်သည်။

“လေအေးပေးစက်ရှိတဲ့အခန်းထဲမှာ နေရဖို့ဆိုတာ မလွယ်ဘူးလေ။ နည်းနည်းလောက် ထပ်နေချင်သေးတယ်။”

စွန်းကုထောင်က ပြန်ဖြေလိုက်သည်။

“ကျွန်းပိုင်ရှင် ဒီတစ်ခါ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှာ မွမ်းမံမှုအသစ်တွေ ရှိသေးလား။”

ရှောင်းယီသည် သူ၏မူနေရာတွင် ပြန်ထိုင်ကာဖြေလိုက်သည်။

“တကယ်ရှိတယ်။”

ကျန်သည့်လူတိုင်း နားစွင့်လိုက်ကြ၏။

ရှောင်းယီသည် မဟာမိတ်အဖွဲ့ဆိုင်ရာ ကိစ္စရပ်များကို ရှင်းပြပြီးနောက် ချူရှန်းက ချက်ချင်းပင် အော်ဟစ်လိုက်မိသည်။

“ဟမ် ဒီလိုဆိုရင် ငါတို့ ခရီးသည် သယ်ယူပို့ဆောင်ရေး လုပ်ငန်းက လုံးဝပျက်သွားပြီပေါ့။”

အမှန်စင်စစ် ခရီးသည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းသည် နှစ်ဦးနှစ်ဖက် ပူးပေါင်းလိုမှုအပေါ် အခြေခံထားခြင်းဖြစ်သည်။ ယခု မဟာမိတ်အဖွဲ့များ ပေါ်ပေါက်လာပြီး ကျွန်းများကို တစ်ခုနှင့်တစ်ခု နီးကပ်စွာ ရွှေ့ပြောင်းနိုင်လာသည့်အခါ ခရီးသည်သယ်ယူပို့ဆောင်ရေးကို ဘယ်သူမှ လိုအပ်တော့မည်မဟုတ်ပေ။

ဟုတ်ပါသည်...။ နောက်ဆုံးကီလိုမီတာ ၁၀၀ ကို ဆက်လုပ်ကိုင်နိုင်သေးသော်လည်း လုပ်ကိုင်နိုင်သည့်နေရာမှာမူ ကျယ်ဝန်းခြင်း မရှိတော့ပေ။

“အင်း ဒါဆို မနက်ဖြန်ကျရင် ခရီးသည်သယ်ယူပို့ဆောင်ရေးကို ခဏလောက်ရပ်နားထားပြီး နောက်မှ ထပ်ပြောကြတာပေါ့။”

ရှောင်းယီက ပြောလိုက်သည်။

“ကောင်းတယ် မနက်ဖြန် ထပ်ပြီးအနားယူလို့ရဦးမှာပဲ။”

ချူရှန်းက ပျော်ရွှင်စွာ ပြောလိုက်သည်။ ထိုအခါ ချူဖုန်းက သူ့ကိုစိုက်ကြည့်ကာ ပြောလိုက်၏။

“အနားယူမယ်ဟုတ်လား။ ဒါဆို နောက်ပိုင်းမှာ အနောက်မြောက်ကလေကိုပဲ သောက်ရမှာလား။ မနက်ဖြန် ငါနဲ့အတူ အလုပ်လိုက်ရှာရမယ်။”

ချူရှန်း၏မျက်နှာသည် ရှုံ့မဲ့သွားကာ မေးလိုက်၏။

“နောက်ထပ်တစ်ရက်လောက် အနားယူလို့မရဘူးလား။”

“မရဘူး”

ချူဖုန်းက ပြန်ဖြေလိုက်သည်။

ချူရှန်း၏မျက်နှာပေါ်ရှိ စိတ်ပျက်အားငယ်နေဟန်ကို မြင်လိုက်ရသောအခါ လူတိုင်း ရယ်မောမိလိုက်ကြ၏။

“ကျွန်းပိုင်ရှင် ကျုပ်ရဲ့ကျွန်းကို ပြန်ဆွဲယူသင့်လား။”

စွန်းကုထောင်က မေးလိုက်သည်။

“တကယ်တော့ ငါလည်း မဆုံးဖြတ်နိုင်ဖြစ်နေတယ်။”

ရှောင်းယီက ပြန်ဖြေလိုက်သည်။

“ပြန်ဆွဲယူလိုက်ရင် မြောက်ပိုင်းဒေသခံတွေရဲ့ လှုပ်ရှားမှုတွေကို အချိန်မီ သိတော့မှာမဟုတ်ဘူး။ မဆွဲပြန်ရင်လည်း စီမံခန့်ခွဲမှုနဲ့ လုံခြုံရေးမှာ အန္တရာယ်ရှိနိုင်တယ်။”

ထိုအခါ စွန်းကုထောင်က အနည်းငယ်စဉ်းစားပြီးနောက် ပြန်ဖြေလိုက်သည်။

“ဒီလိုဆိုရင်ရော အခုအချိန်မှာတော့ ပြန်ယူသေးနဲ့ဦး။ ဒါဆို မြောက်ဘက်ကို အမြဲတမ်း စောင့်ကြည့်မယ့်သူ ရှိသွားလိမ့်မယ်။ ဒေသခံတွေနဲ့တွေ့ပြီး မတိုက်ခိုက်နိုင်တော့မှ ချက်ချင်း မဟာမိတ်အဖွဲ့ရဲ့ စွမ်းအားကို အသုံးပြုပြီး ကျုပ်ကို ဆွဲခေါ်လိုက်မယ်ဆိုရင်ရော။ တစ်နာရီလောက်တော့ ခုခံနိုင်မယ်လို့ ကျုပ်ယုံကြည်တယ်။”

“အင်း ရတယ်။ အဲဒီဘက်က လောက်လွှဲတွေအားလုံးကို S-အဆင့်တွေနဲ့ အစားထိုးလိုက်ပါ။ နည်းနည်းလောက်လည်း ထပ်ထည့်လိုက်။”

ရှောင်းယီက သဘောတူလိုက်သည်။

“S-အဆင့်။ ကျုပ်တို့မှာ အဆင့်သစ် လောက်လွှဲတွေ ရှိတာလား။”

စွန်းကုထောင်က စူးစမ်းသိလိုစွာဖြင့် မေးလိုက်သည်။

“အင်း ပေါက်ကွဲမှုနှုန်းနဲ့ လက်နက်တပ်ဆင်မှုအရှိန်ကို သိသိသာသာ မြှင့်တင်ပေးထားတယ်။”

ရှောင်းယီက ပြန်ဖြေသည်။

“အရမ်းကောင်းတယ်...ကျွန်းပိုင်ရှင်ကို ကျေးဇူးတင်ပါတယ်။”

စွန်းကုထောင်က ပြောလိုက်သည်။

“ရပါတယ်။ မြောက်ဘက်က ပိုခက်ခဲပြီး မသေချာတဲ့ အန္တရာယ်တွေလည်း အများကြီးရှိတယ်။ အဲ့ဒါကြောင့် မင်းရဲ့ အလုပ်ကြိုးစားပေးမှုအတွက်လည်း ကျေးဇူးတင်ပါတယ်။”

ရှောင်းယီက သူ၏ခွက်ကို မြှောက်လိုက်သည်။

“ကျွန်းပိုင်ရှင်က လေးနက်လွန်းနေပါပြီ။”

စွန်းကုထောင်သည်လည်း သူ၏ခွက်ကို မြှောက်ကာ ရှောင်းယီနှင့် ခွက်တိုက်ပြီး အားလုံး မော့သောက်လိုက်သည်။

ပိုင်ချီက မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

“ကျွန်းပိုင်ရှင် ဒီတစ်ခါ ပေါ်လာတဲ့ မဟာမိတ်အဖွဲ့က သင်္ဘောပေါ်က ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်တွေကို ထည့်သွင်းစဉ်းစားထားတာမျိုးမရှိဘူး။ ကျွန်းအထိမ်းမ်းအမှတ်ကျောက်တိုင်တွေကို သင်္ဘောပေါ်ကို ရွှေ့ပြောင်းထားတဲ့ အသက်ရှင်ကျန်ရစ်သူတွေကို တိုက်ရိုက်စွန့်လွှတ်လိုက်တာလား။”

“ဒီတစ်ခါတော့ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်တွေကို သင်္ဘောပေါ်ကို ရွှေ့ပြောင်းထားတဲ့ အသက်ရှင်ကျန်ရစ်သူတွေ မဟာမိတ်အဖွဲ့ထဲ ဝင်နိုင်၊မဝင်နိုင်ဆိုတဲ့ ဖော်ပြချက် တကယ်မရှိဘူး။ နောက်မှ စမ်းကြည့်ကြတာပေါ့။”

ရှောင်းယီက ပြောလိုက်သည်။

“မဖြစ်နိုင်ဘူးလို့ ထင်ရတယ်။ သူတို့က ပင်လယ်ထဲမှာ မျောနေဖို့ ရွေးချယ်ထားပြီးသားဆိုမှတော့ မဟာမိတ်အဖွဲ့က အဓိပ္ပာယ်မရှိသလောက်ပဲ။ မဟာမိတ်တပ်ဖွဲ့တွေက ပူးပေါင်းဆောင်ရွက်မှုတွေအတွင်းမှာပဲ အတူတကွ လုပ်ဆောင်နိုင်တယ်။ သာမန်အချိန်တွေမှာ အတူတူနေမယ်ဆိုရင် အရင်းအမြစ်ပြိုင်ဆိုင်မှုတွေ ဖြစ်လာလိမ့်မယ်။”

ပိုင်ချီက ခေါင်းညိတ်လိုက်သည်။

“ကောင်းပြီ အချိန်လည်းမနည်းတော့ဘူး။ လူတိုင်း ဆက်ပြီး ပျော်ကြပါ။ ကျုပ် အရင်ထွက်သွားတော့မယ်။”

ရှောင်းယီက ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်ကို နုတ်ဆက်ပါတယ်”

လူတိုင်းက တစ်လှည့်စီ ပြောလိုက်ကြ၏။

ရှောင်းယီ ထွက်သွားပြီးနောက် ပိုင်ချီက ချက်ချင်းပင် စွန်းကုထောင်ကို ဘေးနားရှိ ကစားကွင်းသို့ ဆွဲခေါ်သွားပြီး ကစားတော့သည်။ မည်သို့ပင်ဖြစ်စေကာမူ သူတို့၏ကိုယ်ခန္ဓာအင်အားသည် C-အဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး တစ်ညလုံး မအိပ်ဘဲနေလျှင်ပင် သိပ်ပြဿနာမရှိပေ။

ထိုအချိန်တွင် ချင်ချင်းလုံမှာ အနည်းငယ် အံ့အားသင့်နေခဲ့သည်။

သူသည် မဟာမိတ်အဖွဲ့ဖွဲ့ရန် သဘောတူထားသည့် လူနှစ်ဦးစီရှိသော ကျွန်းရှစ်ကျွန်းကို ရှာဖွေတွေ့ရှိပြီးဖြစ်သည်။

ကျွန်းကြီးလေလေ စီမံခန့်ခွဲရန် လိုအပ်သော လူအင်အားမှာ ပိုများလေလေဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် အသစ်ပြန်လည်မွမ်းမံခြင်းနှင့် ဆင့်ကဲပြောင်းလဲခြင်းတို့မှာ အလွန်လျင်မြန်သောကြောင့်ပင်။

ဖွဲ့စည်းပြီးသည်နှင့် ချက်ချင်းပင် ထိုအဖွဲ့ဝင်များအား သူတို့ကျွန်းဆီသို့ရွှေ့ပြောင်းရန် ခွင့်ပြုလိုက်လေသည်။

အသက်သွင်းချိန် တစ်နာရီကြာပြီးနောက် သူတို့ ပြောင်းရွှေ့ကာ ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။ သို့သော် ထိုအခါမှပင် သူသည် အလွန်အရေးကြီးသော ပြဿနာတစ်ရပ်ကို သတိပြုမိလာခဲ့လေသည်။

အခန်း- ၄၅၆။ မဟာမိတ်အဖွဲ့ ပေါင်းစည်းမှု၏ ပြဿနာ၊ နှင်းစစ်ပွဲ စာချုပ်ပြီးဆုံးခြင်း

“တစ်နာရီအတွင်း ကျွန်းရှစ်ကျွန်းကို သိမ်းပိုက်လို့ရတယ်ဆိုတာ ဘယ်သူပြောတာလဲ။ ငါတို့က နောက်ဆုံးကီလိုမီတာ ၁၀၀ ကို ခြေကျင်လျှောက်ရမှာလား။”

ချင်ချင်းလုံက ဆဲဆိုလိုက်၏။

သူသည် ဤပြဿနာကို ချက်ချင်းပင် တိလင်းထျန်းရှားထံသို့ အစီရင်ခံလိုက်သည်။

တိလင်းထျန်းရှားလည်း အံ့အားသင့်သွားခဲ့သည်။ စောစောက သတင်းကိုကြားပြီးသည်နှင့် စိတ်လှုပ်ရှားသွားသောကြောင့် သူ ထိုအချက်ကို လုံးဝမေ့သွားခဲ့သည်။

“ဒါဆိုရင်တော့ ဖြည်းဖြည်းချင်းပဲ လုပ်ရမယ်။”

တိလင်းထျန်းရှားက ကြိတ်မှိတ်လက်ခံလိုက်ရဟန်ဖြင့် ပြောလိုက်သည်။

ခေတ်ရေစီးကြောင်းနှင့်အညီ အလတ်စား ရွက်သင်္ဘောများ၏ အမြန်နှုန်းအရ နောက်ဆုံး ကီလိုမီတာ ၁၀၀ အတွင် ယူရမည့်အချိန်မှာ ခုနှစ်နာရီထက်နည်းပေသည်။ အခြားထပ်စောင်းအမြန်နှုန်းများရှိပါက ပိုမို၍မြန်ဆန်နိုင်သည်။

ဤသို့ဆိုလျှင်တောင် ကျွန်းတစ်ကျွန်းသို့ သွားရောက်လည်ပတ်ရန် အနည်းဆုံး ဆယ့်နှစ်နာရီ ကြာမည်ဖြစ်သည်။

သင်္ဘောအရေအတွက်များပါက ကျွန်းရှစ်ကျွန်းကို တစ်ပြိုင်နက်တည်း လုပ်ဆောင်နိုင်မည်ဖြစ်ပြီး ပို၍အချိန်ကုန်သက်သာစေမည်ဖြစ်ပြီ။

“ပေါက်ကွဲလွယ်တဲ့ ပစ္စည်းတွေနဲ့ ပြုလုပ်ထားတဲ့ ပျော်စီးရွက်သင်္ဘောတွေသာ ရှိခဲ့ရင်...”

တိလင်းထျန်း သက်ပြင်းရှည်ကြီး မှုတ်ထုတ်လိုက်မိသည်။

ထိုအချိန်တွင် ရွှမ်းယွမ်ဝူဝေ့၏ကျွန်းပေါ်ရှိ ချန်ပေါင်သည်လည်း အလားတူခံစားချက်မျိုး ဖြစ်နေခဲ့လေသည်။

အပျော်စီးရွက်သင်္ဘောများသာရှိပါက မဟာမိတ်အဖွဲ့များကို ပေါင်းစည်းရန်အတွက် သုံးစွဲရမည့်အချိန်ကို သိသိသာသာ လျှော့ချနိုင်မည်ဖြစ်သည်။

သို့သော် ရွှမ်းယွမ်ဝူဝေ့နှင့် ယီရန်ပင်းတို့သည် အလွန်အမင်း သဘောထားကွဲလွဲခဲ့ကြပြီး ယီရန်ပင်းသည် သူတို့အား အပျော်စီးရွက်သင်္ဘောကို ငှားရမ်းမည် မဟုတ်ပေ။

“ဟူး...”

ချန်ပေါ်က ဖြည်းညင်းစွာ သက်ပြင်းချရင်း ပြောလိုက်၏။

“ဖြည်းဖြည်းချင်းပဲ လုပ်ရတော့မှာပဲ။”

ထိုစဉ် ရှောင်းယီသည် ဗီလာရှိ သူ၏အိပ်ခန်းသို့ ပြန်ရောက်သွားပြီးဖြစ်ပြီး အန်းရန်မှာ ပြန်သွားပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရလေသည်။

“စကတည်းက သူမက လုံးဝ ငါ့အပိုင်ပဲကို အဲ့ဒါတောင် ရှက်နေတုန်းပဲ။”

ရှောင်းယီ ခေါင်းယမ်းကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် ဝင်ထိုင်လိုက်၏။

ယီထျန်းထဲရှိ စကားများကို မြင်ပြီးနောက် စွန်းယောင်သည် ချက်ချင်းပင် ရှောင်းယီထံသို့ စာပို့ထားခဲ့သည်။

“ကျွန်းပိုင်ရှင် ကျုပ်လာပြီးပူးပေါင်းမယ်။ ကျုပ်ကို ဆွဲခေါ်လိုက်ပါ။”

“အင်း ငါလုပ်လိုက်မယ်။”

ထို့နောက် ရှောင်းယီသည် ယီရန်ပင်းဟူ၍ မဟာမိတ်အဖွဲ့တစ်ခုကို ဖန်တီးပြီးနောက် စွန်းယောင်ကို အသိပေးလိုက်သည်။

စွန်းယောင်သည် ချက်ချင်း ဝင်ရောက်လိုက်၏။ သူသည် ရှောင်းယီ၏တုံ့ပြန်မှုကို ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှေ့တွင် စောင့်ဆိုင်းနေဟန်ရှိသည်။

“ကျွန်းပိုင်ရှင် ကျုပ်ဝင်ပြီးပြီ။ ကျုပ်ကို ဆွဲခေါ်လိုက်ပါတော့။”

စွန်းယောင်က စိတ်လှုပ်ရှားစွာ ပြောလိုက်၏။

ရှောင်းယီသည် ချက်ချင်းပင် စွန်းယောင်ကို မဟာမိတ်အဖွဲ့ အင်တာဖေ့စ်ပေါ်ရှိ သူ့ကျွန်း၏ တောင်ဘက်တည့်တည့်တွင် နေရာချလိုက်လေသည်။

ထိုအခါ စွန်းယောက်၏ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မှ ချက်ချင်းပင် အသိပေးချက်မြည်လာခဲ့သည်။

“ယီရန်ပင်းမဟာမိတ်အဖွဲ့၏ မဟာမိတ်အဖွဲ့ခေါင်းဆောင်သည် သင့်ကျွန်းကို သူ့ကျွန်း၏ တောင်ဘက်တည့်တည့် ကီလိုမီတာ ၁၀၀ အကွာသို့ ရွှေ့ပြောင်းလိုနေပါသည်။ သဘောတူပါသလား။”

“သဘောတူတယ်။”

စွန်းယောင်သည် ပြတ်ပြတ်သားသားပင်ညဆုံးဖြတ်ချက်ချကာ သဘောတူလိုက်သည်။

“ရွှေ့ပြောင်းနေပါသည်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ကို အသုံးမပြုပါနှင့်။”

စွန်းယောင်သည် ပျော်ရွှင်စွာဖြင့် သူ၏အိပ်ရာဆီသို့ ပြန်လျှောက်သွားပြီး တစ်ယောက်တည်း ရေရွတ်လိုက်၏။

“ဒီလိုဆိုရင် ကျွန်းပိုင်ရှင်ရဲ့ကျွန်းကို ခဏခဏ သွားလည်လို့ရပြီ။”

အခြားဘာမှ လုပ်စရာမရှိကြောင်း မြင်လိုက်ရသည့်အခါ ရှောင်းယီသည် သူ၏အိပ်ရာပေါ်၌ လှဲအိပ်လိုက်တော့သည်။

အခြားဗီလာတစ်ခုတွင် ကျန်းရွှဲ့သည် တစ်နာရီကျော်ကြာ စိုက်ကြည့်နေပြီးနောက် နောက်ဆုံးတွင် သတိလစ်သွားခဲ့သည်။

နာ့နာသည် သူမကို အချိန်တစ်ခုကြာအောင် ကုသပေးပြီးနောက် သူမ,မပြန်ခင် ကျန်းယွင်ထျန်းကို စကားအနည်းငယ် ပြောလိုက်သည်။

“သူမက အချိန်တိုအတွင်းမှာ စာချုပ်စွမ်းအားကို နှစ်ကြိမ်အသုံးပြုဖို့ ဖိအားပေးခံရတာကြောင့် ဦးနှောက်အာရုံကြောတွေ အနည်းငယ်ထိခိုက်သွားတယ်။ အနားယူဖို့လိုတယ်။ သူမအိပ်ပျော်အောင် အချို့နေရာတွေကိုလည်း လှုံ့ဆော်ပေးထားတယ်။ မနက်ဖြန်ကျရင် နိုးလာလိမ့်မယ်။”

“ကောင်းပြီ ကျေးဇူးတင်ပါတယ်။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“ရပါတယ် အစ်ကိုကျန်း။”

ထို့နောက် နာ့နာသည် နောက်လှည့်ပြီး ထွက်ခွာသွားတော့သည်။

“ဒါက တကယ်ပဲ အမေလား။”

ကျွင်းကျွင်းသည် သူ့ရှေ့ရှိလူကို အနည်းငယ်ရင်းနှီးသလိုရှိသော်လည်း သူမ၏မျက်လုံးများသည် အလွန်ကြောက်စရာကောင်းနေပြီး သူ အနည်းငယ်ကြောက်ရွံ့နေခဲ့သည်။

“ဟုတ်တယ် ဒါက သားရဲ့အမေပဲ။ သူမကို လူဆိုးတွေက ထိန်းချုပ်ထားလို့ ငါတို့ကို မမှတ်မိတော့တာ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ဒါဆို ဘာလုပ်ကြမလဲ။ အဖေ အဲ့ဒီလူဆိုးတွေကို မောင်းထုတ်လိုက်ပါလား။”

ကျွင်းကျွင်းက ပြောလိုက်သည်။

“စိတ်မပူပါနဲ့ အမေက မနက်ဖြန်ဆို ပြန်ကောင်းသွားမှာပါ။”

ကျန်းယွင်ထျန်းက ပြောလိုက်သည်။

“သားသွားအိပ်တော့။”

ကျန်းယွင်ထျန်းသည် ကျန်းရွှဲ့ကို ချည်နှောင်ထားသော ကြိုးများကို ဖြည်ပေးလိုက်ပြီးဖြစ်သည်။ ဖန်မင်လုံ၏သင်္ဘောပေါ်တွင် သူမကို ထိန်းထားနိုင်သူ မရှိသော်လည်း ဤနေရာတွင် သူမထိန်းထားနိုင်သူသည့်များ အလုံအလောက်ရှိပေသည်။

သူသည် ကျန်းရွှဲ့ကို အိပ်ရာပေါ်သို့ ညင်သာစွာ တင်ပေးလိုက်ပြီး သူမ၏ဘေးတွင် လှဲနေကာ နှစ်လနီးပါးကြာသည့်တိုင် မတွေ့ရသေးသော ချစ်ရသူကို ငေးကြည့်နေမိသည်။ သူ၏မျက်လုံးထဲတွင်လည်း သူကိုယ်တိုင်ပင်မသိလိုက်ဘဲ နူးညံ့မှုတစ်ခုကို ထုတ်ဖော်ပြသနေခဲ့သည်။

၎င်းသည် အချိန်နှစ်လသာ ကြာခဲ့ခြင်းဖြစ်သော်လည်း လူတိုင်းသည် အချိန်အကြာကြီး ကုန်ဆုံးသွားသလို ခံစားရနေကြလေသည်။

ညသည် အေးချမ်းစွာဖြင့် ကုန်လွန်ခဲ့၏။

နောက်တစ်နေ့၌ ကျန်းယွင်ထျန်းသည် ပထမဆုံးအကြိမ်အဖြစ် စုရုံးရန်တွင် ခရာမမှုတ်ခဲ့ပေ။ ရှောင်းယီသည် ကျန်းယွင်ထျန်းမှာ လေ့ကျင့်ရေးကို ဦးဆောင်ရန် ထွက်လာနိုင်မဟုတ်ကြောင်း သိထားခဲ့ပြီး လေ့ကျင့်ရေးကွင်းသို့ စောစောရောက်ရှိလာကာ ပြောလိုက်သည်။

“ဒီနေ့တော့ အရင်လေ့ကျင့်ရေးပုံစံအတိုင်း ကိုယ့်ဘာသာကိုယ် လေ့ကျင့်ကြပါ။ မင်းတို့ရဲ့ နည်းပြမှာ အလွန်အရေးကြီးတဲ့ ကိစ္စရပ်တွေ ရှိနေတယ်။”

“ဟုတ်ကဲ့”

ဒေသခံများက တစ်ညီတညာတည်း ပြန်ဖြေလိုက်ကြပြီး သူတို့၏အသံများမှာ ကျယ်လောင်ပြီး ရှင်းလင်းပြတ်သားလှပေသည်။

ကျန်းရွှဲ့ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်ကြည့်လိုက်၏။ သူမ ပထမဆုံးမြင်ရသည်မှာ LEDမျက်နှာကျက်မီးလုံးတစ်ခုဖြစ်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးသွားပြီးနောက် ချက်ချင်းပင် ထထိုင်လိုက်လေသည်။

“ရွှဲ့အာ မင်းနိုးလာပြီလား။”

ထိုစဉ် ကျန်းယွင်ချန်း၏အသံက သူမ၏ဘယ်ဘက်မှ ထွက်ပေါ်လာခဲ့သည်။

ကျန်းရွှဲ့သည် အပြည့်အစုံပြင်ဆင်ထားသော အခန်းကို ကြည့်ရင်း ထပ်မံ၍ စိတ်ရှုပ်ထွေးသွားခဲ့သည်။

“ဒါက ဘယ်နေရာလဲ။”

“အမေ ဒါက ကျွန်းပိုင်ရှင်ဦးလေးရဲ့ကျွန်းပဲ။”

ထိုစဉ် ကလေးအသံလေးတစ်ခုက သူမ၏ညာဘက်မှ ထွက်ပေါ်လာခဲ့ပြန်သည်။

“ကျွင်းကျွင်း”

ကျန်းရွှဲ့ ကျွင်းကျွင်းကိုမြင်လိုက်ရသည်နှင့် ချက်ချင်းပင် သူ့ကိုပွေ့ချီကာ ဖက်ထားလိုက်၏။

“ကျေးဇူးတင်ပါတယ် မင်းအသက်ရှင်နေသေးတာပဲ။”

ဤအချိန်တွင် ကျန်းရွှဲ့တွင် တိုက်ပွဲအတွင်း၌ သူမပြသခဲ့သော အကြင်နာတရားကင်းမဲ့မှုများ ရှိမနေဘဲ ထိုအစား ပျော်ရွှင်စွာငိုကြွေးနေသော သာမန်မိခင်တစ်ဦးသာ ဖြစ်နေခဲ့သည်။

ကျန်းယွင်ထျန်းသည် သူမ၏ကျောပြင်ကို ဖွဖွပုတ်ပေးရင်း ပြောလိုက်၏။

“ငါတို့ မြန်မြန်လုပ်ဖို့တယ်။ မဟုတ်လို့ အဲ့ဒီမှော်ဆရာက စာချုပ်စွမ်းအားကို ထပ်သုံးရင် ဒုက္ခရောက်လိမ့်မယ်။”

ကျန်းရွှဲ့သည် သူမ၏မျက်ရည်များကို သုတ်လိုက်ပြီး ပြန်ဖြေလိုက်၏။

“နင်ပြောတာ မှန်တယ်။ အခုဘာလုပ်ရမလဲ။”

“စာချုပ်တစ်ခုနဲ့ စာချုပ်တစ်ခုကို ကာကွယ်လိုက်ရုံပဲ။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“စိတ်ကူးကောင်းပဲ။ ဒါဆို ငါ့နဲ့ အခုချက်ချင်း စာချုပ်ချုပ်လိုက်တော့။”

ကျန်းရွှဲ့က ပြောလိုက်သည်။

“ငါ့မှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်မရှိတော့ဘူး။ ကျွန်းပိုင်ရှင်နဲ့ပဲ စာချုပ်ချုပ်လို့ရလိမ့်မယ်။”

ကျန်းယွင်ထျန်းသည် ထိုသို့ပြောပြီးနောက် သူမကို အခန်းထဲမှ ဆွဲထုတ်သွားခဲ့သည်။

“ဒီလိုလုပ်တာက ပြဿနာမရှိဘူးလား။”

ကျန်းရွှဲ့က မျက်မှောက်ကြုံ့လိုက်သည်။ သူမသည် မကြာသေးခင်ကမှ ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပြီး ရှောင်းယီအပေါ်၌ သတိထားမှုတစ်ခု ရှိနေဆဲပင်။

“စိတ်မပူပါနဲ့။ သူသာငါတို့ကို သတ်ချင်ရင် ငါတို့ လုံးဝမခုခံနိုင်ဘူး။”

ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။

“ဟင် အဲဒီလူငယ်လေးက ဒီလောက်တောင် စွမ်းအားကြီးတာလား။”

ကျန်းရွှဲ့ အနည်းငယ် မယုံကြည်နိုင်ဖြစ်သွား၏။

“ဟုတ်တယ်... အဲ့အကြောင်းကို နောက်မှပြောပြမယ်။”

ထို့နောက် ကျန်းယွင်ထျန်းသည် သူမကို အခြား‌ဗီလာတစ်ခု၏ ဧည့်ခန်းထဲသို့ ခေါ်ဆောင်သွားခဲ့သည်။

ထိုနေရာ၌ လက်အောက်ခံကျွန်းအထိမ်းအမှတ်ကျောက်တိုင်တစ်ခု ရှိပေသည်။

ကျန်းရွှဲ့သည် အလုံးစုံ တွေဝေငေးငိုင်နေခဲ့သည်။ သူတို့သည် ဗီလာနှစ်ခုကို ဝင်ထွက်သွားလာခဲ့ကြသည်လော။

ဤအဆင့်တွင် အကောင်းဆုံးနေအိမ်မှာ ကျောက်တုံးအိမ်များဖြစ်သည်ဟု မပြောထားခဲ့ပေဘူးလား။

အပေါ်ထပ်နှင့် အောက်ထပ်တွင် မီးဆိုင်းများနှင့် ဖုန်းများပင် ရှိနေပါသလော။ ဤသည်မှာ သူမ အသက်ရှင်သန်နိုင်ရန် ကြိုးစားနေရသော ကမ္ဘာရော ဟုတ်ပါသေးရဲ့လား။

“မခုခံနဲ့”

ကျန်းယွင်ထျန်းသည် သူမကို သတိပေးလိုက်ပြီးနောက် ချက်ချင်းပင် စာချုပ်ကတ်တစ်ခုကို အသုံးပြုလိုက်သည်။

အနီနက်ရောင် သံကြိုးတစ်ချောင်းသည် ကျန်းရွှဲ့ဆီသို့ ပျံသန်းသွားပြီး ကျန်းရွှဲ့သည် သူမ၏ စိတ်ဝိဉာည်ပင်လယ်ရှိ အခြားအနီနက်ရောင် သံကြိုးသည် ရုတ်တရက် ကွဲထွက်ကာ ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရလေသည်။

“ဟူး... နောက်ဆုံးတော့ ပြီးသွားပြီ။”

ကျန်းယွင်ထျန်းသည် သက်ပြင်းရှည်တစ်ခု မှုတ်ထုတ်လိုက်မိ၏။

ထိုစဉ် ရှောင်းယီသည် ဧည့်ခန်းထဲသို့ ဝင်လာခဲ့ပြီး ကျန်းယွင်ထျန်းကို တွေ့လိုက်ရသောအခါ မေးလိုက်သည်။

“ပြီးသွားပြီလား။”

“အင်း ပြီးသွားပါပြီ။ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”

ကျန်းယွင်ထျန်း လက်သီးဆုပ်ကာ ပြောလိုက်သည်။

“အစ်ကိုကျန်း မင်းနောက်တစ်ခါ ကျေးဇူးတင်တဲ့ပုံစံမျိုးနဲ့ ပြောနေပြန်ပြီ။ ငါ့ကို ခဏစောင့်နေဦး။”

ရှောင်းယီသည် ကျန်းယွင်ထျန်းကို လက်ညိုးဖြင့်ထိုးရင်း ပြောလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့် ရှောင်းယီသည် တတိယထပ်သို့တက်သွားပြီး သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ပေါ်တွင် သူနှင့် ကျန်းရွှဲ့နှင့် စာချုပ်ဆိုင်ရာ ဆက်ဆံရေးကို ဖျက်သိမ်းရန် လုပ်ဆောင်လိုက်လေသည်။

ထိုအချိန်တွင် ကျန်းရွှဲ့သည် ရုတ်တရက် သူမစိတ်ထဲရှိ သံကြိုးများ ပျောက်ကွယ်သွားသည်ကို ခံစားလိုက်ရသည်။

“ဟင် စာချုပ်ပျက်သွားပြီ။”

ကျန်းရွှဲ့က အံ့အားသင့်စွာဖြင့် ပြောလိုက်၏။

ကျန်းယွင်ထျန်းက ခေါင်းညိတ်ကာ ပြောလိုက်သည်။

“ကျွန်းပိုင်ရှင်က စာချုပ်ကို ဖျက်သိမ်းလိုက်တာပဲ။”

“သူကအဲလောက်တောင် ယုံကြည်မှုရှိတာလား။ ငါဒီမှာ သူ့နေရာဝင်ယူမှာကို မကြောက်ဘူးလား။”

ကျန်းရွှဲ့က ပြောလိုက်သည်။

ထိုအခါ ကျန်းယွင်ထျန်းသည် ကျန်းရွှဲ့၏မျက်လုံးထဲကို စူးစိုက်ကြည့်ရင်း ပြောလိုက်၏။

“ငါဒီမှာရှိနေသမျှကာလပတ်လုံး သူ့ကိုထိခိုက်စေလိုတဲ့သူတစ်ယောက်ရှိရင် ငါ့အလောင်းပေါ်ကနေ ဖြတ်သွားမှရမယ်။ သူက ငါ့ကိုနှစ်ကြိမ်၊ ကျွင်းကျွင်းကိုတစ်ကြိမ် ကယ်တင်ခဲ့တယ်။”

All Chapters