ဟင်းလင်းပြင် ရွှံ့နွံ
Vol. 67 Ch. 708
ကြောင်လေး၏ လမ်းညွှန်မှုအောက်တွင် ထန်ထျန်းက မူလမြေကမ္ဘာဝိညာဉ်၏ နန်းတော်ပျက်ကြီးကို ဖြတ်ကျော်ကာ လင်းကူ တောင်ကြား ၏ ဗဟိုနယ်မြေထဲသို့ တရားဝင် ဝင်ရောက်ခဲ့သည်။
နန်းတော်ပျက်ကြီးမှာ အလွန်ပင် ကြီးမားထည်ဝါလှသည်။ ပျက်စီးနေသော အဆောက်အဦးများ၏ ထုထည်ကို ကြည့်ခြင်းအားဖြင့် ဤနေရာတွင် တစ်ချိန်က အလွန်မြင့်မားသော လူသားများ နေထိုင်ခဲ့ကြသကဲ့သို့ပင်။
ကြောင်လေး၏ ပြောပြချက်အရ ဤနေရာသည် တစ်ချိန်က အလွန်ပင် စည်ကားခဲ့ကြောင်း ထန်ထျန်း သိခဲ့ရသည်။
ဥပမာအားဖြင့် မူလမြေကမ္ဘာဝိညာဉ်၏ နန်းတော်ထဲတွင် ၎င်းတို့မှ ဆင်းသက်လာသော နောက်မျိုးဆက် မြေကမ္ဘာဝိညာဉ်များစွာ နေထိုင်ခဲ့ကြပြီး မျိုးဆက်တစ်ခုပြီးတစ်ခု အေးချမ်းသာယာသော လောကပြင်ပမှ နိဗ္ဗာန်ဘုံ တစ်ခုကဲ့သို့ နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။
နှမြောစရာကောင်းသည်မှာ နောက်ပိုင်းတွင် ထိုကမ္ဘာပျက် စစ်ပွဲကြီးအတွင်း၌ အားလုံး ပျက်စီးသွားခဲ့ရခြင်းပင်။
"ကောင်ကင်နဲ့ အနန္တကမ္ဘာ တစ်ခုလုံး အစိတ်စိတ်အမြွှာမြွှာ ဖြစ်အောင် ဖျက်ဆီး ခံလိုက်ရတော့ မူလဝိညာဉ်တွေအတွက် ရှင်သန်စရာ ဟင်းလင်းပြင် လုံးဝ မရှိတော့ဘူး။ အဲဒီအချိန်မှာ မသေဘဲ ကျန်ခဲ့တဲ့ မူလဝိညာဉ်တွေတောင်မှ နောက်ပိုင်း နှစ်ကာလတွေမှာ တဖြည်းဖြည်းနဲ့ ပျောက်ကွယ်ကုန်ကြတာပဲ"
“အခု မဟာကမ္ဘာကြီးမှာဆိုရင် ဘယ်မူလဝိညာဉ်ရဲ့ တည်ရှိမှုကိုမှ မတွေ့နိုင်တော့ဘူး”
ကြောင်လေးက ပြောလိုက်သည်။
မြေကမ္ဘာဝိညာဉ်က မူလဝိညာဉ်များထဲတွင် အတော်လေး အစွမ်းထက်သူတစ်ဦး ဖြစ်သဖြင့် နန်းတော်၏ အကျယ်အဝန်းမှာလည်း အတော်အတန် ကြီးမားလှသည်။ သူတို့က ၁၅ မိနစ် ခန့် ကြာအောင် လျှောက်လှမ်းပြီးနောက်မှ ကြောင်လေးပြောသော နေရာသို့ ရောက်ရှိလာခဲ့သည်။
ထိုနေရာက မြေကမ္ဘာဝိညာဉ် နယ်မြေ၏ အစွန်းတွင် ရှိပြီး ဘေးပတ်ဝန်းကျင်၌ သစ်တောများ ထူထပ်ကာ ကောင်းကင်အထိ မြင့်မားသော သစ်ပင်ကြီးများကို နေရာအနှံ့ တွေ့မြင်နေရသည်။
ထိုနေရာ မှာ မူလသစ်သားဝိညာဉ်၏ နယ်မြေဖြစ်ကြောင်း ကြောင်လေးက ပြောပြသည်။
“ဒီနေရာပဲ”
ကြောင်လေးက ရှေ့ရှိ မြေကွက်လပ်တစ်ခုကို ညွှန်ပြကာ ပြောလိုက်သည်။
အပြင်ပန်းကြည့်လျှင် ၎င်းမှာ အလွန်ပင် သာမန်ကျသော မြက်ခင်းပြင်တစ်ခုသာ ဖြစ်ပြီး အပေါ်တွင် တောပန်းလေးများပင် ပွင့်နေကာ သင်းပျံ့သော ရနံ့လေးများကိုပင် ရနိုင်သည်။
သို့သော် သေသေချာချာ အကဲခတ်ကြည့်မှသာ မြက်ခင်းပြင်၏ အောက်တွင် အလွန်တရာ ဘေးအန္တရာယ်ကြီးမားသော ဟင်းလင်းပြင် အိုင်ကြီး တစ်ခု ပုန်းကွယ်နေကြောင်း တွေ့ရှိရသည်။
ဟင်းလင်းပြင် နှင့် မြေဓာတ်၊ သစ်သားဓာတ်တို့၏ ထူးခြားသော စွမ်းအားများ ပေါင်းစပ်သွားသည့်အခါ ဤကဲ့သို့သော ဟင်းလင်းပြင် ရွှံ့နွံ တစ်ခု ဖြစ်ပေါ်လာခြင်း ဖြစ်သည်။
မတော်တဆ ကျွံဝင်သွားပါက ကျိကျွင်းတစ်ယောက်ပင် ပြန်တက်လာရန် အလွန်ခဲယဉ်းလှသည်။
ထန်ထျန်းက ခေါင်းငြိမ့်လိုက်သည်။ ဤနေရာမှာ သူ ရှာဖွေနေသော နေရာပင် ဖြစ်သည်။
“မင်း ခုနက ပြောတယ်လေ၊ မကောင်းတဲ့ ရည်ရွယ်ချက်ရှိတဲ့ လူတစ်ယောက်နဲ့ စကားပြောဖို့ဆိုတာ"
“အဲဒီလူက ဘယ်မှာလဲ”
ကြောင်လေးက မေးလိုက်သည်။
ထန်ထျန်းက ပြုံးလိုက်ပြီး လက်ဝါးကို ဖြန့်လိုက်ရာ အညိုရောင်ရှိသော ကုချင်း တစ်လက်မှာ သူ၏ လက်ဝါးပေါ်တွင် ပေါ်လာသည်။
“ဒီကောင်က သူ့ကိုယ်သူ ဒီကုချင်းထဲမှာ ဝှက်ထားတာ။ အငွေ့အသက် အကုန်လုံးကို ပိတ်ထားပြီး ငါ မသိဘူးလို့ ထင်နေတာလေ"
“ငါ့ဘေးမှာ ဒီလောက်အထိ အကွက်ချပြီး လိုက်နေတာကတော့ တစ်ခုခုကို ကြံစည်နေလို့ပဲ ဖြစ်ရမယ်"
“ပြီးတော့ သူက ငါ့ရဲ့ နောက်ခံအကြောင်းအရင်းကိုလည်း သိသလို မင်းရဲ့ တည်ရှိမှုကိုလည်း အသေအချာ သိနေတာ”
ကြောင်လေးမှာ ချက်ချင်းပင် မှင်တက်သွားပြီး “လုံကျိုကျိုးနဲ့ သေသွားတဲ့ ဟုန်းယွင် ကလွဲရင် ငါတို့ရဲ့ တည်ရှိမှုကို အသေအချာ သိနိုင်တဲ့သူက ဘယ်သူ ရှိဦးမှာလဲ”
ထန်ထျန်းက ခဏစဉ်းစားပြီးနောက် ပြောလိုက်သည်။ “သူ့ရဲ့ သရုပ်မှန် နဲ့ ပတ်သက်ပြီး ငါ့မှာ ခန့်မှန်းချက် တစ်ခုတော့ ရှိတယ်"
“ဒါပေမဲ့ အခုတော့ ခန့်မှန်းနေစရာ မလိုတော့ဘူး။ သူ့ကို ဒီ ဟင်းလင်းပြင် ရွှံ့နွံ ထဲ ပစ်ထည့်လိုက်ရင် အကုန်လုံး ရှင်းသွားလိမ့်မယ်”
ပြောပြီးသည်နှင့် သူက ကုချင်းကို တစ်ချက် ကြည့်လိုက်သည်။ ရဲ့မင် နတ်မိမယ် ၏ ဝိညာဉ်အစစ်အမှန်မှာ အတွင်း၌ ပုန်းကွယ်နေပြီး သူ့ကိုယ်သူ ပိတ်ဆို့ထားသဖြင့် ပြင်ပတွင် မည်သည့်အခြေအနေ ဖြစ်နေသည်ကို သူမ မသိရှိပေ။
မည်သည့်အရာကိုမျှ ထပ်မံ ထည့်မတွက်တော့ဘဲ ထန်ထျန်းက လက်ကို ဝှေ့ယမ်းကာ ကုချင်းကို ဟင်းလင်းပြင် ရွှံ့နွံ ထဲသို့ ပစ်ထည့်လိုက်သည်။
ကုချင်းက ကောင်းကင်ထက်တွင် မျဉ်းကွေးတစ်ခု ဆွဲကာ အလွန်အေးချမ်းပုံရသော မြက်ခင်းပြင်ပေါ်သို့ ကျသွားသည်။
မြက်ခင်းပြင်ပေါ်တွင် အရှိန်ဖြင့် လိမ့်သွားပြီး မြက်ပင်အချို့ကို ဖိမိသွားသည်။
သို့သော် ၎င်း ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် ဒြပ်မဲ့ စွမ်းအားတစ်ခုက ကုချင်းကို ဝိုင်းရံပိတ်ဆို့လိုက်သည်။
နောက်တစ်စက္ကန့်တွင် မြက်ခင်းပြင်မှာ ဆူပွက်လာပြီး ဟင်းလင်းပြင် စွမ်းအားများ ရူးသွပ်စွာ ထကြွ လာသည်။ အပေါ်ယံ မြက်ခင်းပြင်မှာ တစ်ခဏအတွင်း လုံးဝ ပျက်စီးသွားပြီး ငွေရောင်သမ်းကာ အနက်ရောင် အလင်းတန်းများ ထွက်ပေါ်နေသော ထူးဆန်းသည့် ဒြပ်ဝတ္ထုများကို ဖော်ပြလိုက်သည်။
၎င်းမှာ သာမန် ဒြပ်ဝတ္ထုမျိုး မဟုတ်ဘဲ ဟင်းလင်းပြင် နှင့် ဒြပ်ဝတ္ထုတို့၏ ပေါင်းစပ်မှု ဖြစ်သည်။
နှစ်မျိုးစလုံးမှာ ရောနှောကာ ဆူပွက်နေပြီး ပျစ်ချွဲသော အရာတစ်ခုကို အိုးကြီးထဲတွင် တည်ထားသကဲ့သို့ပင် ဖော်ပြ၍ မရနိုင်လောက်အောင် ထူးဆန်းနေသည်။
ထိုသို့ ဆူပွက်လာသည်နှင့်အမျှ အသွင်ပြောင်းသွားသော ဟင်းလင်းပြင် စွမ်းအားများက ရွှံ့နွံ၏ အထက်ပိုင်းကို လွှမ်းခြုံထားပြီး အငွေ့အသက် အားလုံးကို ပိတ်ဆို့ထားလိုက်သည်။
ထို့နောက်တွင် ထိုစွမ်းအားမှာ ရွှံ့နွံထဲသို့ ကျသွားသော "ပြင်ပပစ္စည်း" ဖြစ်သည့် ကုချင်းကို ရက်စက်စွာ ပြောင်းလဲရန် စတင်တော့သည်။
၎င်းမှာ ကုချင်းကို အတင်းအဓမ္မ ကြွေမွဖျက်ဆီးပြီး သူနှင့် ထပ်တူကျသော ထူးဆန်းသည့် ဒြပ်ဝတ္ထုအဖြစ် ပြောင်းလဲပစ်ရန် ကြိုးစားနေခြင်း ဖြစ်သည်။
သို့သော်လည်း ကုချင်းမှာ သာမန်ပစ္စည်း မဟုတ်ပေ။
ဟင်းလင်းပြင် စွမ်းအားများ၏ ဖျက်ဆီးမှုအောက်တွင် ၎င်း၏ ပတ်ပတ်လည်၌ ဝေဝါးသော အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ထိုစွမ်းအားများ၏ ကျူးကျော်မှုကို ဟန့်တားထားသည်။
“တော်တော်လေး စွမ်းတာပဲ”
ကြောင်လေး၏ မျက်လုံးထဲတွင် အံ့သြသည့် အရိပ်အယောင်များ ပေါ်လာကာ “ဒီရွှံ့နွံအကြောင်း ငါ ကောင်းကောင်း သိတာပေါ့။ မူလတာအိုလက်နက် တွေတောင် မကဘူး ကျိကျွင်းတွေရဲ့ အသက်သွေးကြော လက်နက်တွေတောင် ဒီဖျက်ဆီးမှုကို ခံနိုင်မှာ မဟုတ်ဘူး"
“ဒီကုချင်းက... ဝူရှန့်ကျိကျွင်း ရဲ့ အသက်သွေးကြော လက်နက်များ ဖြစ်နေမလား”
ထန်ထျန်းက မေးစေ့ကို ပွတ်ရင်း “ဖြစ်နိုင်ခြေ ရှိတယ်"
“အကယ်၍ သူက တကယ်ပဲ အဲဒီလူ ဖြစ်နေမယ်ဆိုရင် ဒီလို ပစ္စည်းမျိုးကို ရနိုင်တဲ့ အခွင့်အရေး ရှိတာပဲ"
“ဒါမှမဟုတ် သူ လုပ်ခဲ့တဲ့ ကိစ္စက ဒီအဆင့်ရှိတဲ့ ရတနာတစ်ခုကို ရယူနိုင်ဖို့ လုံလောက်တာလည်း ဖြစ်နိုင်တယ်”
ကြောင်လေးက မျက်မှောင်ကြုတ်လိုက်ပြီးနောက် နှစ်ဦးသား ကုချင်း ၏ ပြောင်းလဲမှုကို ဆက် စောင့်ကြည့်နေကြသည်။
ထိုဝေဝါးသော အလင်းတန်းမှာ အမှန်တကယ်ပင် ဟင်းလင်းပြင် ရွှံ့နွံ၏ စွမ်းအားများကို မဝင်ရောက်နိုင်အောင် တားဆီးထားပြီး ကုချင်း၏ ကိုယ်ထည်ကို ကာကွယ်ပေးထားသည်။
ဒါပေမဲ့ ပြဿနာက အခု ကုချင်းမှာ ပိုင်ရှင်မဲ့နေတဲ့ လက်နက်တစ်ခု ဖြစ်နေတာပင်။
၎င်းမှာ သူ့ကိုယ်သူ ကာကွယ်ရန်အတွက် သူ့၏ ကိုယ်ပိုင်စွမ်းအားကိုသာ အသုံးပြုနေခြင်း ဖြစ်သည်။
ဤသို့သော ကာကွယ်မှုမှာ အမြဲတမ်း တည်တံ့နေမည် မဟုတ်ပေ။ စွမ်းအား ကုန်ဆုံးသွားသည်နှင့် သို့မဟုတ် ဟင်းလင်းပြင် စွမ်းအားများ၏ ကျူးကျော်မှုက အကန့်အသတ်ကို ကျော်လွန်သွားသည်နှင့် ၎င်းမှာလည်း ပျက်စီးခြင်း ကံကြမ္မာမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
ထိုအချိန်မှာလည်း အလွန် လျင်မြန်စွာ ရောက်ရှိလာခဲ့သည်။
ဟင်းလင်းပြင် ရွှံ့နွံမှာ ထင်ထားသည်ထက် ပို၍ အန္တရာယ်များပြီး စွမ်းအားကြီးလှသည်။ မကြာမီမှာပင် ကုချင်း၏ အပြင်ဘက် အကာအကွယ်မှာ စတင် တုန်ခါလာသည်။
အတန်ကြာသည့်အခါ ဟင်းလင်းပြင် စွမ်းအား အနည်းငယ်မှာ ကုချင်း၏ ကိုယ်ထည်ကို စတင် ထိတွေ့မိသွားသည်။
ရုတ်တရက် ကုချင်းမှာ လန့်သွားသည့် လူတစ်ယောက်ကဲ့သို့ ပြင်းထန်စွာ တုန်ခါသွားသည်။
ထို့နောက် ၎င်း၏ အပြင်ဘက်မှ မီးခိုးရောင် အလင်းတန်းများမှာ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ပြင်ပမှ ဟင်းလင်းပြင် စွမ်းအားများကို အကာအကွယ်အား ထပ်မံ မဖောက်ထွင်းနိုင်တော့အောင် လုံးဝ တားဆီးပိတ်ဆို့လိုက်သည်။
“ဟင် ဒါက ဘာဖြစ်တာလဲ"
“နောက်ဆုံး စွမ်းအား ကို ထုတ်သုံးလိုက်တာလား”
ကြောင်လေးက အံ့သြစွာ မေးလိုက်သည်။
ထန်ထျန်းကမူ မေးစေ့ကို ပွတ်ရင်း ပြုံးလိုက်သည်။
“မဟုတ်ဘူး"
“တစ်ယောက်ယောက်က အဲဒါကို ထိန်းချုပ်လိုက်ပြီ”
ကုချင်းထဲတွင် ပုန်းအောင်းနေသော ထိုဝိညာဉ်မှာ နိုးထလာပြီ ဖြစ်ကြောင်း သူ ခံစားမိလိုက်သည်။
ထန်ထျန်း၏ စကားအဆုံးတွင် ကုချင်းထဲမှ မှေးမှိန်သော မီးခိုးငွေ့များ လျင်မြန်စွာ ထွက်ပေါ်လာပြီး မကြာမီ လူသားပုံသဏ္ဌာန် တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
၎င်းမှာ အစောပိုင်းက လမ်းခွဲခဲ့သော နတ်မိမယ် ရဲ့မင် ပင် ဖြစ်သည်။
ယခုအခါ သူမ၏ မျက်နှာမှာ အလွန်ပင် ကြည့်ရဆိုးနေပြီး ထန်ထျန်းကို စိုက်ကြည့်နေသည်။ သူမ၏ အရင်က နူးညံ့သိမ်မွေ့သော အမူအရာများမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။
“ထန်ထျန်း”
“နင် ငါ့ရဲ့ တည်ရှိမှုကို စောစောကတည်းက သိနေတာပဲ”
နတ်မိမယ် ရဲ့မင် က အေးစက်သော အသံဖြင့် ပြောလိုက်သည်။
ထန်ထျန်းက တည်ငြိမ်စွာ ပြုံးလိုက်သည်။
“မင်းရဲ့ ဟန်ဆောင်မှုက...”
“ဘယ်လို ပြောရမလဲ၊ သိပ်တော့ မသိသာဘူး မဟုတ်ဘူး"
“သိသာ လွန်းနေ တယ်၊ အကယ်၍ ငါက တကယ်ပဲ အူကြောင်ကြောင် ကောင်လေး တစ်ယောက် မဟုတ်ဘူးဆိုရင် ဘယ်သူမဆို သံသယ ဝင်မှာပဲ”
နတ်မိမယ် ရဲ့မင် ၏ မျက်နှာမှာ မည်း မှောင်သွားပြီး ပြောလိုက်သည်။ “ဒါကြောင့် နင်က ငါ့ကို သတ်ဖို့အတွက် ဒီလို သေမင်းတမန် နယ်မြေကို တမင်တကာ ရှာထားတာပေါ့ ဟုတ်လား”
ထန်ထျန်းက အဖြေကို အတည်မပြုဘဲ ပြောလိုက်သည်။ “အကယ်၍ မင်း ပူးပေါင်းမယ်ဆိုရင်၊ ငါ မေးတာကို ဖြေမယ်ဆိုရင်တော့ မင်းကို အသက်ရှင်ခွင့် ပေးဖို့ ငါ စဉ်းစားပေးနိုင်ပါတယ်”
နတ်မိမယ် ရဲ့မင် ၏ အသံမှာ အေးစက်နေဆဲပင်။ “နင်က တကယ်ပဲ ငါ့ကို ဒီမှာ ဖမ်း ထားချင်တာလား"
“ဒါပေမဲ့ ကျိကျွင်းတစ်ယောက်ကို ဖမ်း ထားဖို့က ဒီလောက် လွယ်မယ်လို့ နင် ထင်နေတာလား"
“ငါက မင်ယောင် လိုမျိုး မိုက်မဲပြီး ထောင်လွှားတဲ့ အမှိုက် မဟုတ်ဘူး”
ပြောပြီးသည်နှင့် သူမ၏ အမူအရာမှာ တည်ကြည်သွားပြီး သူမ၏ ကိုယ်ပေါ်မှ ဟင်းလင်းပြင် စွမ်းအား အချို့ ထွက်ပေါ်လာသည်။
ကြည့်ရသည်မှာ သူမ၏ ကိုယ်ပိုင်ကမ္ဘာ နှင့် လမ်းကြောင်းတစ်ခု ဖောက်ကာ ချက်ချင်း ထွက်ပြေးရန် ကြိုးစားနေပုံရသည်။
သို့သော် ခေတ္တအကြာတွင် မည်သည့်အရာမှ ဖြစ်မလာပေ။
သူမ၏ မျက်နှာမှာလည်း လုံးဝ ပြောင်းလဲသွားတော့သည်။
“ဒီနေရာက တကယ် ဘယ်လို နေရာမျိုးလဲ”
နတ်မိမယ် ရဲ့မင် က ဒေါသတကြီး အော်ဟစ်လိုက်သည်။