အခန်း (၄၅၇-၄၅၉)
Vol. 31 Ch. 457-459
အခန်း- ၄၅၇။ မသက်မသာဖြစ်မနေနဲ့၊ ကျန်းရွှဲ့၏ အံ့အားသင့်မှု
ကျန်းယွင်ထျန်း၏စကားကိုကြားလိုက်ရသောအခါ ကျန်းရွှဲ့သည် သူမ၏မျက်လုံးများကို မှေးကျဉ်းလိုက်ပြီး သူ့ကို ကြည့်လိုက်သည်။ သူမ ဘာမှမပြောရသေးခင် ရှောင်းယီသည် အပေါ်ထပ်မှ ဆင်းလာခဲ့လေသည်။
ထိုစဥ် ကျန်းရွှဲ့သည် ရှေ့တက်သွားပြီး ရှောင်းယီကို စိုက်ကြည့်ကာ ပြောလိုက်၏။
“ဒီလိုမျိုး စာချုပ်ကိုဖျက်သိမ်းလိုက်တာ ရှင်မကြောက်ဘူးလား...။”
“မကြောက်ပါဘူး။”
ရှောင်းယီသည် အပြုံးတစ်ခုဖြင့် ပြန်ဖြေလိုက်ပြီး ကျန်းရွှဲ့ကို မည်သည့်အထင်မမြင်သေးမှုမှမရှိဘဲ ပြနခကြည့်သည်။
နှစ်ဦးနှစ်ဖက် မျက်လုံးချင်းဆုံကာ စိုက်ကြည့်နေလိုက်ကြပြီး နောက်ဆုံးတွင် ကျန်းရွှဲ့သည် အရှုံးပေးလိုက်ကာ ခေါင်းခါပြီး ပြောလိုက်၏။
“ရှင်နိုင်သွားပြီ။ ဒါပေမယ့် ကျွန်မကို ရှင့်သတိပေးချင်တယ်။ ရှင် သတိထားရမယ်။ ဆရာကြီးတစ်ယောက်နဲ့ စာချုပ်ကို ဒီလိုရိုးရိုးလေးဖျက်လိုက်လို့မရဘူး။”
“ဆရာကြီး...?”
ရှောင်းယီ၏ မျက်နှာအမူအရာမှာ အနည်းငယ်ထူးဆန်းသွားခဲ့သည်။
ကျန်းယွင်ထျန်းသည် နောက်ဆုံးတွင် နားလည်သွားခဲ့၏။ သူ၏ဇနီးသည် ခုနက တမင်တကာ ရှောင်းယီကို သတိပေးရန် ထိုသို့ပြောခဲ့ခြင်းဖြစ်သည်။
ဤအကြိမ်တွင် ထိုလးမှာ သူမဖြစ်နေခဲ့သည်။ သို့သော်လည်း သူမနေရာတွင် အခြားသူတစ်ဦးသာဖြစ်ပါက သူ၏ကျွန်းပေါ်ရှိ ကောင်းမွန်သောအရာများကို လိုချင်တောင့်တပြီး ပြင်းထန်စွာ ပုန်ကန်ကောင်းပုန်ကန်နိုင်ပေသည်။
“ဘာလဲ။ ရှင့်ပုံစံကြည့်ရတာ မကျေမနပ်ဖြစ်နေတာလား။”
ကျန်းရွှဲ့၏ တိုက်ခိုက်လိုစိတ်မှာ အလွန်မြင့်မားနေခဲ့သည်။
“အစ်ကိုကျန်း မင်းရဲ့ဇနီးကို မင်းဘာသာဂရုစိုက်လိုက်တော့။”
ရှောင်းယီသည် ကူကယ်ရာမဲ့ဟန်ဖြင့် ပြောလိုက်၏။
ပြောပြီးသည်နှင့် ရှောင်းယီ ထွက်ခွာသွားခဲ့တော့သည်။
“ဟေ့ ရှင်ဘာကိုဆိုလိုတာလဲ။”
ကျန်းရွှဲ့သည် မျက်မှောင်ကြုံ့ပြီး ရှောင်းယီနောက် လိုက်သွားရန် ပြင်ဆင်လိုက်စဉ် ကျန်းယွင်ထျန်းက အလျင်အမြန် တားဆီးလိုက်ရလေသည်။
ကျန်းယွင်ထျန်းသည် သူ၏ဇနီးဖြစ်သု အရှက်ကွဲမှာကို မမြင်ချင်ပေ။
ကျန်းရွှဲ့သည် ကျန်းယွင်ထျန်းကို စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။ ကျန်းယွင်ထျန်းသည်လည်း ကူကယ်ရာမဲ့သွားခဲ့သည်။
“ငါဘာလို့ မင်းကိုတားတာလဲဆိုတာ မင်း ငါနဲ့တိုက်ကြည့်ရင် သိသွားလိမ့်မယ်။”
ထို့နောက် ကျန်းယွင်ထျန်းသည် ကျန်းရွှဲ့ကို ဆွဲခေါ်သွားပြီး တံတိုင်းအတွင်းရှိ လေ့ကျင့်ရေးကွင်းဆီသို့ ရောက်ရှိလာခဲ့သည်။
“အဖေနဲ့ အမေတို့ တိုက်ကြတော့မှာလား။”
ကျွင်းကျွင်းက စူးစမ်းသိလိုစွာဖြင့် သူတို့နှစ်ယောက်ကိုကြည့်ကာ မေးလိုက်သည်။
“အမေနဲ့ အဖေက လက်ရုံးရည်ကစားကြမှာ။ သားက ဘေးမှာသွားရပ်ပြီး ဒိုင်သူကြီးလုပ်ပေးမလား။”
ကျန်းယွင်ထျန်းက ပြုံးကာ ရှင်းပြလိုက်သည်။
“ဟုတ် သား ဒိုင်သူကြီးလုပ်မယ်။ ဒါပေမယ့် အမေ့ကို ထိခိုက်အောင် မလုပ်ရဘူးနော်။”
ကျွင်းကျွင်းက ပြောလိုက်သည်။
“ဟုတ်ပြီး အဖေတို့ လက်ချောင်းလေးနဲ့ ကတိပြုကြမယ်။”
ကျန်းယွင်ထျန်းက ပြုံးလိုက်ပြီး ကျွင်းကျွင်းကို စိတ်အေးသွားအောင် ပြောလိုက်၏။
“နင့်ရဲ့ကွန်ဖူးပညာတွေအားလုံးကို ငါသင်ပေးတာပဲ။ ဘာလဲ...အခု နင်ရဲ့တောင်ပံတွေ မာကျောလာပြီဆိုတော့ ငါ့ရှေ့မှာ ခတ်ရဲလာပြီလား။”
ကျန်းရွှဲ့က မထီမဲ့မြင်ပြုဟန်ဖြင့် ပြောလိုက်သည်။
ကျန်းယွင်ထျန်းက ပြုံးလိုက်၏။
“ငါတို့ကြားက ကွာဟမှုကို မင်းလုံးဝမမြင်ရဘူးထင်တယ်။”
“ကောင်းပြီ ဒါဆို ဒီကွာဟမှုက ဘယ်လောက်ကြီးလဲဆိုတာ ငါသေသေချာချာကြည့်လိုက်မယ်။”
ထိုသို့ပြောပြီးနောက် ကျန်းရွှဲ့သည် ကျန်းယွင်ထျန်းဆီသို့ ပြေးဝင်သွားခဲ့သည်။
သို့သော် ကျန်းယွင်ထျန်းက တုတ်တုတ်ပင်မလှုပ်ပေ။ ကျန်းရွှဲ့၏လက်သီးသည် သူ့ကို ထိတော့မည့်အချိန်တွင် သူသည် သူ၏လက်ဝါးကိုမြှောက်ပြီး ပထမဆုံးအကြိမ် ရိုက်ထုတ်လိုက်၏။
“ဟင်...”
ကျန်းရွှဲ့ ကြောင်အသွားခဲ့သည်။ သူမသည် ကျန်းယွင်ထျန်း၏လှုပ်ရှားမှုကို ရှင်းရှင်းလင်းလင်းပင် မမြင်လိုက်ရပေ။
သူမသည် ရုတ်တရက် သူမ၏လက်သီးကို ပြန်ရုပ်သိမ်းလိုက်၏။ ကျန်းယွင်ထျန်းသည် သူမကို မဖမ်းဆုပ်နိုင်ခဲ့ပေ။
သူမသည် ခြေတစ်လှမ်းနောက်ဆုတ်လိုက်ပြီး ကျန်းယွင်ထျန်း၏ခေါင်းဆီသို့ ကြာပွတ်သို့ ခြေကန်ချက်တစ်ခုဖြင့် ကန်ထုတ်လိုက်သည်။
ကျန်းယွင်ထျန်းသည်လည်း သူ၏လက်တစ်ဖက်ကိုဆန့်ထုတ်ကာ သူမ၏ခြေကျင်းဝတ်ကို အေးဆေးတည်ငြိမ်စွာ ဆွဲယူလိုက်လေသည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ။”
ကျန်းရွှဲ့၏မျက်နှာတွင် မယုံကြည်နိုင်သော အမူအရာများဖြင့် ပြည့်နှက်သွားခဲ့၏။
ထို့နောက် ကျန်းရွှဲ့သည် ဘယ်လောက်ပဲ ရူးသွပ်စွာ တိုက်ခိုက်သည်ဖြစ်စေ ကျန်းယွင်ထျန်းသည် ကျောက်ဆောင်တစ်ခုကဲ့သို့ ခိုင်မြဲစွာရပ်တည်နေပြီး သူမ၏တိုက်ခိုက်မှုများကို အလွယ်တကူ တားဆီးနိုင်ခဲ့သည်။
“မေ့လိုက်တော့ ငါ ထပ်မတိုက်တော့ဘူး။”
ကျန်းရွှဲ့ အနည်းငယ် စိတ်ပျက်သွားမိသည်။
ခုခံကာကွယ်နေရုံသာဖြစ်သော်လာ်း ကျန်းယွင်ထျန်းသည် အရင်က သူမအနိုင်ကျင့်နိုင်ခဲ့သော ကျန်းယွင်ထျန်းမဟုတ်တော့ကြောင်း သူမ,မြင်နိုင်ပေသည်။
ကျန်းယွင်ထျန်းသည် ဘေးနားရှိ လက်သုတ်ပုဝါတစ်ထည်ယူကာ သူမကိုကမ်းပေးရင်း ပြောလိုက်၏။
“စိတ်မပျက်ပါနဲ့။ မင်းရဲ့ခန္ဓာကိုယ်အဆင့်က အရမ်းနိမ့်လွန်းလို့ မင်းငါ့ကိုမနိုင်တာပဲ။”
“ဆိုလိုတာက ငါတို့ရဲ့ခန္ဓာတွေကိုယ်တွေမှာလည်း အဲဒီအစားအစာတွေလိုမျိုး အဆင့်တွေရှိသေးတယ်ပေါ့။”
ကျန်းရွှဲ့ စူးစမ်းသိလိုဟန်ဖြင့် မေးလိုက်သည်။
ကျန်းယွင်ထျန်း ခေါင်းညိတ်ကာ ပြောလိုက်သည်။
“မင်းက အခု C အဆင့်ရောက်နေပြီ။ ငါက A အဆင့်ရဲ့ အထွတ်အထိပ်မှာပဲ။ S အဆင့်ရောက်ဖို့အခွင့်အရေးကို စောင့်နေတာ။ ကျွန်းပိုင်ရှင်ကျတော့ SS အဆင့်ရောက်နေပြီ။ သူ့ကိုစိန်ခေါ်တာက ဒုက္ခရှာတဲ့ပုံစံတစ်မျိုးပဲ။”
“SS အဆင့်! အဲဒီလောက်တောင် မြင့်တယ်လား။”
ကျန်းရွှဲ့ ထိတ်လန့်တကြား ပြောလိုက်၏။
ကျန်းယွင်ထျန်းက ဆက်ပြောသည်။
“ဟုတ်တယ် ကျွန်းပိုင်ရှင်က တိုက်ခိုက်မှုနည်းလမ်းတွေ တစ်ခုမှမသိဘူးဆိုရင်တောင် မင်းသူ့ကိုမယှဥ်နိုင်သေးဘူး။ မင်းသိတာတွေကိုပါ သူသိထားတယ်ဆိုရင်တော့ ပြောစရာကိုမလိုတော့ဘူး။”
“ဟမ် နင်က အထူးစစ်တပ်တိုက်ခိုက်ရေးကျွမ်းကျင်မှုတွေကိုပါ သူ့ကိုသင်ပေးထားတာလား။”
ကျန်းရွှဲ့က မေးလိုက်သည်။
“ဟုတ်တယ်။ ဒါပေမယ့် ငါတစ်ခါပဲပြလိုက်တာ။ သူက အားလုံးသင်ယူသွားတယ်လေ။ ကျွန်းပိုင်ရှင်က မွန်းစတားတစ်ကောင်ပဲ။”
ကျန်းယွင်ထျန်းက မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် ပြောလိုက်သည်။
“အရင်ကတော့ ပါရမီရှင်ဆိုတာတွေကို ငါမယုံခဲ့ဘူး။ ဒါတွေက ကြိုးစားလေ့ကျင့်မှသာ ရနိုင်တယ်လို့ ထင်ခဲ့တာ။ ဒါပေမယ့် အခုတော့ ငါယုံကြည်သွားပြီ။ ငါတစ်ခါတည်းပြလိုက်တာတောင် သူ့ရဲ့ကျွမ်းကျင်မှုက ငါတို့နဲ့ အတူတူလောက်ပဲ။”
ကျန်းရွှဲ့က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“နင် ငါ့ကိုတားလိုက်တာ ကံကောင်းတယ်။ မဟုတ်ရင် ငါတော့ အရှက်ကွဲတော့မှာပဲ။”
“အဆင်ပြေပါတယ်။ ဒီလိုမျိား ကျွန်းပိုင်ရှင်ကိုစိန်ခေါ်တာက မင်းက ပထမဆုံးမဟုတ်ဘူး။”
ကျန်းယွင်ထျန်းက ပြုံးလိုက်ပြီး မနက်ခင်းလေ့ကျင့်ခန်းလုပ်နေစဉ် ဒေသခံများ ကျွန်းပိုင်ရှင်၏ သိုင်းပညာကို မထီမဲ့မြင်ပြုခဲ့သည့်အကြောင်း ပြန်ပြောပြလိုက်သည်။
ကျန်းရွှဲ့က ခေါင်းခါလိုက်၏။
“ကျီးကန်းတစ်သိုက်က နဂါးတစ်ကောင်ကို လှောင်ပြောင်နေကြတာပဲ။ သူတို့က ကျွန်းပိုင်ရှင်ကို တကယ်တိုက်ခိုက်ရဲကြတာလား။”
“ဟုတ်တယ်။ ကျွန်းပိုင်ရှင်က သူတို့အားလုံးကို ရိုက်ချပစ်လိုက်တယ်လေ။ ရှောင်းယီက သွေးပူအောင်တောင် မလုပ်လိုက်ရပုံပဲ။”
ကျန်းယွင်ထျန်းက ပြုံးပြီး ပြန်ဖြေလိုက်သည်။
“နင်ခုနကပြောပုံအရဆိုရင် ဒီကျွန်းပေါ်မှာ ဒေသခံတွေရှိနေတာလား။”
ကျန်းရွှဲ့က မသေချာဟန်ဖြင့် မေးလိုက်သည်။
“ဟုတ်တယ်။ အယောက် သုံး၊လေးထောင်လောက်ရှိတယ်။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“သူတို့နဲ့ ဘယ်လိုဆက်သွယ်ပြောဆိုကြတာလဲ။”
ကျန်းရွှဲ့က သိလိုစိတ်ပြင်းပြစွာဖြင့် မေးလိုက်သည်။ သူမသည် ဒေသခံတစ်ဦးနှင့် စာချုပ်ချုပ်ဆိုထားခဲ့သော်လည်း စာချုပ်စွမ်းအားမှတစ်ဆင့် မှော်ဆရာ၏အမိန့်ကို အကြမ်းဖျင်းသာ နားလည်နိုင်ပြီး သူတို့ပြောနေသည့်စကားများကိုမူ လုံးဝနားမလည်နိုင်ပေ။
“ကျွန်းပိုင်ရှင်ကပဲ ဒေသခံတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်တဲ့ ပထမဆုံးလူသားပဲ။ ဘယ်လိုလုပ်ဆောင်ခဲ့တာလဲဆိုတာကတော့ ဒီမှာရှိတဲ့ အဆောက်အအုံအားလုံးလိုပဲ ငါတို့မစူစမ်းသင့်ဘူး။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ပြီးတော့ ကျွန်းပိုင်ရှင်က သူတို့ကို ရှားနိုင်ငံဘာသာစကား သင်ပေးဖို့ စိတ်ကူးရလာခဲ့တယ်။ ပြောရရင် ကျွင်းကျွင်းက အိုင်ဒီယာကောင်းတစ်ခုကို တင်ပြခဲ့တာ။”
ထိုစကားကိုကြားသောအခါ ကျွင်းကျွင်းသည် ဂုဏ်ယူစွာဖြင့် သူ၏ခေါင်းကိုမော့လိုက်ပြီး ချီးကျူးခံလိုသည့်ပုံစံဖြင့် ရှိနေခဲ့လေသည်။
ကျန်းရွှဲ့သည် သူ့ကိုရင်ခွင်ထဲသို့ ဆွဲသွင်းကာ နူးညံ့သည့်အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
“ဟုတ်လား။ ကျွင်းကျွင်းက အရွယ်ရောက်လာပြီပဲ။ သူတို့ကို အမေတို့ဘာသာစကားပြောတတ်အောင် ဘယ်လိုအိုင်ဒီယာနဲ့ သင်ပေးတာလဲဆိုတာ အမေကိုပြောပြနိုင်မလား။”
“ဒါပေါ့။ အဲ့ဒါက တီဗီကြည့်တာလေ။ အမေက အရမ်းတုံးတာပဲ။”
ကျွင်းကျွင်းက ပျော်ရွှင်စွာဖြင့် ပြောလိုက်၏။
ကျန်းယွင်ထျန်းက ဘေးမှနေ၍ အနည်းငယ် ရှင်းပြလိုက်ပြီးနောက် ကျန်းရွှဲ့သည်လည်း နားလည်သွားခဲ့သည်။
“အဲဒီတီဗီတွေက အလှဆင်ထားတဲ့ပစ္စည်းတွေမဟုတ်ဘူးလား။ တီဗီအစီအစဉ်တွေကို တကယ် ပြသနိုင်တာလား။”
ကျန်းရွှဲ့က အံ့အားသင့်စွာဖြင့် မေးလိုက်သည်။
“ဟုတ်တယ်။ ဒါပေမယ့် အားလုံးက တီဗီရဲ့မန်မိုရီထဲမှာ သိမ်းဆည်းထားတဲ့ တီဗီအစီအစဉ်တချို့ပါပဲ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ကျန်းရွှဲ့က ခေါင်းညိတ်ပြီး ပတ်ဝန်းကျင်ကိုကြည့်ကာ မေးလိုက်၏။
“ဒီအဆောက်အအုံတွေအားလုံးက နင်တို့ရှာတွေ့ထားတဲ့ ထုတ်လုပ်မှုပုံစံအတိုင်း တည်ဆောက်ထားတာလား။”
“မင်းက အများကြီးတွေးနေတာပဲ။ အားလုံးက ကျွန်းပိုင်ရှင်တစ်ယောက်တည်း ပြုလုပ်ထားတာပဲ။ ဘယ်လိုလုပ်ခဲ့တာလဲဆိုတာကတော့ ငါတို့မမေးသင့်ဘူး။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ငါနားလည်ပါတယ်။ ဒါပေမယ့် ဒါတွေက အရမ်းအံ့အားသင့်စရာကောင်းလွန်းနေတယ်။”
ကျန်းရွှဲ့က ပြောလိုက်သည်။
“ဒါတွေက ဘာမှမဟုတ်သေးဘူး။ ပိုပြီးအံ့အားသင့်စရာကောင်းတာတွေ ရှိသေးတယ်။”
ထို့နောက် ကျန်းယွင်ထျန်းသည် ကျန်းရွှဲ့ကို ခေါ်ဆောင်သွားပြီး လေ့ကျင့်ရေးကွင်းမှ ထွက်လာကာ ပင်လယ်ကမ်းခြေရှိ အပန်းဖြေစခန်းသို့ ရောက်ရှိလာသည်။
အဆင့်မြင့်ဇီဝချစ်ပ်ထုတ်လုပ်ရေးစက်ကို ထိုနေရာတွင် တပ်ဆင်ထားပေသည်။ ကျန်းယွင်ထျန်းက ကြိုတင်လျှောက်ထားပြီးဖြစ်၏။ သူသည် ကျန်းရွှဲ့ကို ဤနေရာသို့ ခေါ်ဆောင်လာခြင်းမှာ ကျန်းရွှဲ့၏ ကိုယ်ရေးကိုယ်တာဆိုင်ရာဒေတာအချို့ကို စုဆောင်းရန် ဖြစ်ပြီး ချစ်ပ်ကို တိုက်ရိုက်ထုတ်လုပ်နိုင်ရန် ဖြစ်သည်။
အပန်းဖြေစခန်းနှင့် မဝေးလှသော ဆိပ်ကမ်းအဆောက်အအုံများကို ကြည့်ရှုရင်း ကျန်းရွှဲ့သည် အရာအားလုံးသည် စိတ်ကူးယဉ်ဆန်လွန်းနေသည်ဟု ခံစားလိုက်ရလေသည်။
“ဒီဟာက တကယ်ပဲ အသက်ရှင်ကျန်ရစ်သူတစ်ဦးရဲ့ကျွန်းလား။ အရင်ကမ္ဘာက ခရီးသွားကျွန်းတစ်ခုမဟုတ်ဘူးလား။”
ကျန်းရွှဲ့က မေးလိုက်သည်။
“လာ ဒီမှာရပ်ပြီးကြည့်ကြည့် အရင်ကမ္ဘာမှာ ဒါမျိုးရှိခဲ့လားဆိုတာ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
သူမသွားရပ်လိုက်သောအခါ ချစ်ပ်ထုတ်လုပ်ရေးစက်သည် သူမတစ်ကိုယ်လုံးကို စကင်ဖတ်ပြီးနောက် DNA နမူနာကို ထုတ်ယူကာ ကျန်းရွှဲ့၏ လက်ကောက်ဝတ်တွင် ချစ်ပ်ကို ထည့်သွင်းလိုက်သည်။
လုပ်ငန်းစဥ်တစ်ခုလုံးတွင် ကျန်းရွှဲ့၏မျက်လုံးထဲ၌ အံ့အားသင့်မှုများ အဆက်မပြတ် ဖြစ်ပေါ်နေခဲ့လေသည်။
အခန်း- ၄၅၈။ ဘား၌ ယီတုန်းနိုင်ငံ၏ အခြေအနေကို စုံစမ်းမေးမြန်းခြင်း
ချစ်ပ်ထည့်သွင်းမှု ပြီးဆုံးသွားပြီးနောက် ကျန်းရွှဲ့၏ လက်ကောက်ဝတ်တွင် ငွေရောင်တောက်ပသော သင်္ကေတတစ်ခု ထွက်ပေါ်လာခဲြသည်။
ကျန်းယွင်ထျန်းသည် သူမအား အသုံးပြုနည်း သင်ပေးပြီးနောက် ယွမ် ၁၀,၀၀၀ ကို လွှဲပြောင်းပေးကာ ပြောလိုက်သည်။
“ဒါက ငါတို့ကျွန်းရဲ့ ဒစ်ဂျစ်တယ်ငွေကြေးပဲ။ ငွေကြေးလဲလှယ်တဲ့နေရာမှာ အသုံးပြုလို့ရတယ်။”
အနာဂတ်ဆန်သော ချစ်ပ်နှင့် ငွေကြေးလဲလှယ်ရေးစနစ်ကို ကြည့်ရှုရင်း ကျန်းရွှဲ့က ရုတ်တရက် မေးလိုက်သည်။
“နင့်မှာ ပိုက်ဆံဘယ်လောက်ရှိလဲ။”
“သိပ်မများပါဘူး။ ယွမ် တစ်သောင်းကျော်ပဲရှိတယ်။”
ကျန်းယွင်ထျန်းသည် မသိစိတ်အရ ပြန်ဖြေလိုက်၏။
ကျန်းရွှဲ့သည် သူမ၏လက်ကောက်ဝတ်ရှိ ချစ်ပ်ကို လက်ညိုးထိုးပြပြီး သဘောဝမကျသောအကြည့်ဖြင့် သူ့ကို စိုက်ကြည့်လိုက်သည်။
ကျန်းယွင်ထျန်း၏မျက်နှာသည် ချက်ချင်းပင် ခါးသက်သွားပြီး ပြောလိုက်၏။
“ငါ့အတွက် နည်းနည်းလောက် ချန်ထားခဲ့လို့မရဘူးလား။ ငါတို့အရက်သောက်တဲ့အခါ ညီအစ်ကိုတွေဆီကနေ အမြဲတမ်းဂုန်းဆင်းနေလို့မရဘူးလေ။”
“ယွမ်တစ်သောင်းကို သိမ်းထားရမယ်။ ကျန်တာတွေကို ငါ့ကိုပေးလိုက်။ ငွေကြေးကို ငါကစီမံခန့်ခွဲမယ်လို့ သဘောတူခဲ့တယ်မဟုတ်ဘူးလား။”
ကျန်းရွှဲ့က ပြောလိုက်သည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်းသည် သူ့ကိုယ်သူ နှစ်ချက်လောက်ရိုက်ပစ်လိုက်ချင်စိတ်ဖြစ်နေခဲ့သည်။ သူသည် ကိုယ့်ကိုယ်ကိုယ်က ဉာဏ်ကောင်းတယ်ထင်ပြီး ပြောမိပြောရာ ပြောလိုက်ရမှ အခုတော့ ကိုယ့်ရဲ့ပိုက်ဆံအိတ်ကလေးမှာ ဗလာဖြစ်သွားချေပြီ။
ကျန်းရွှဲ့၏ အကြည့်အောက်တွင် ကျန်းယွင်ထျန်းသည် သူ၏ငွေအားလုံးကို ကျန်းရွှဲ့ထံသို့ လွှဲပြောင်းပေးလိုက်ရလေသည်။
သူမ၏ငွေကြေးအရေအတွက်မှာ ယွမ်တစ်သိန်းကျော်သွားသည်ကို ကြည့်ရင်း ကျန်းရွှဲ့က ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။
“ဘားမှာ ခဏထိုင်ရအောင်။ ငါတို့ကျွန်းအကြောင်း ထပ်ပြောပြမယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
ထို့နောက် ကျန်းယွင်ထျန်းသည် ကျန်းရွှဲ့နှင့် ကျွင်းကျွင်းကို ခေါ်ဆောင်ပြီး ဘားသို့ ရောက်ရှိလာခဲ့သည်။
ဒူခန်းသည် ဘားတွင် ရှိနေပြီး ဝိုင်အမျိုးအစားအလိုက် ပမာဏကို ရေတွက်နေပြီး သက်တမ်းကုန်ပြီး အစားထိုးရန် လိုအပ်သလား ဆိုသည်ကို ကြည့်ရှုနေခဲ့သည်။
“အစ်ကိုကျန်း ဒီနေ့ အစောကြီးရောက်လာတာပဲ။ ဒါက မင်းရဲ့ဇနီးပဲဖြစ်ရမယ် ဟုတ်တယ်မလား...မင်္ဂလာပါဗျ။”
ဒူခန်းသည် ကျန်းယွင်ထျန်းတို့ကို မြင်သည်နှင့် ချက်ချင်းပင် နှုတ်ဆက်လိုက်၏။
ကျန်းရွှဲ့သည် သူနှင့် သိပ်မရင်းနှီးသေးပေ။ ထို့ကြောင့် ခေါင်းညိတ်ခြင်းဖြင့်သာ တုံ့ပြန်လိုက်သည်။
“A-အဆင့် ဘီယာနှစ်ခွက်နဲ့ A-အဆင့် ပန်းသီးဖျော်ရည်တစ်ခွက်ပေးကွာ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ မင်းတို့ အရင်ထိုင်နှင့်လိုက်ကြဦး။ ကျုပ် အခုချက်ချင်း ယူလာပေးမယ်။”
ဒူခန်းက ပြန်ဖြေလိုက်သည်။
ကျန်းယွင်ထျန်းသည် ကျန်းရွှဲ့ကို ခေါ်ဆောင်ပြီး ပြတင်းပေါက်အနီးရှိ ထိုင်ခုံသို့ လျှောက်သွားလိုက်၏။ ထိုနေရာမှတစ်ဆင့် အဝေးရှိ ပင်လယ်ပြင်ကြီးကို မြင်တွေ့နိုင်ပေသည်။
ကျန်းရွှဲ့သည် ကျန်းယွင်ထျန်းကို ဆိတ်ဆွဲကာ ပြောလိုက်၏။
“နင်က A-အဆင့် အဆင့်ပစ္စည်းတွေကို ချက်ချင်းမှာနေတာပဲ။ အဲ့ဒါတွေက စျေးကြီးမှာသေချာတယ်။”
“တကယ်စျေးကြီးပါတယ်။ ဒါပေမယ့် ငါတို့အတွက် လျှော့စျေးရှိတယ်။ ဦးလေးအန်းယွဲ့က စျေးနှုန်းသတ်မှတ်နည်းစနစ်တစ်ခုကို အခုအချိန်မှာ အတည်ပြုနေဆဲပဲ။ ကျွန်းပိုင်ရှင် သဘောတူပြီးတာနဲ့ အကောင်အထည်ဖော်နိုင်တော့မယ်။ ငါတို့အခုခံစားနေရတဲ့ စျေးနှုန်းက အဲဒီစျေးနှုန်းသတ်မှတ်မှုရဲ့ အမြင့်ဆုံးလျှော့စျေး ၁၀% ပဲ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
ကျန်းရွှဲ့က ခေါင်းညိတ်ပြီး ဒူခန်းဆီသို့ လက်ဟန်ပြကာ မေးလိုက်သည်။
“နင်နဲ့ သူနဲ့ အရမ်းရင်းနှီးတာလား။”
“သူ့နာမည်က ဒူခန်းတဲ့။ သူလည်း လူထူးဆန်းတစ်ယောက်ပဲ။ ငါနဲ့ ကျွန်းပိုင်ရှင်က သူ့ကို ရတနာနယ်မြေကအပြန်မှာ တွေ့ခဲ့တာ။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“သူ့ရဲ့ပါရမီက အရမ်းကြောက်စရာကောင်းတယ်။ သူ့ကို အားနည်းတဲ့စာသင်သားတစ်ယောက်လိုမျိုး မမြင်လိုက်နဲ့။ မင်းအခုချိန်မှာ သူ့ကို အနိုင်မယူနိုင်သေးဘူး။”
“ဘာ!”
ကျန်းရွှံ အံ့အားသင့်သွား၏။ သူမသည် အရင်က ကျန်းယွင်ထျန်း၏ နည်းပြဆရာမဖြစ်ပြီး သူမ၏စွမ်းရည်သည် ကျန်းယွင်ထျန်းထက် သာလွန်ခဲ့သည်။ သို့သော်လည်း ဤကျွန်းသို့ရောက်ရှိလာပြီးနောက် သူမတွေ့ရှိရသူတိုင်းသည် သူမထက်ပိုပြီး စွမ်းအားကြီးသည်ဟုပင် ထင်ရ၏။ ထိုအရာကို သူမသည် အနည်းငယ်လက်မခံနိုင်ပေ။
“သူ့ခန္ဓာကိုယ်ရဲ့ စွမ်းအင်စုပ်ယူမှုနှင့် ပြောင်းလဲမှုထိရောက်မှုက အံ့မခန်းပဲ။ သူဒီကျွန်းပေါ်ရောက်တာ မကြာသေးလို့ဆိုပေမယ့် သူ့ရဲ့ခန္ဓာကိုယ်မြှင့်တင်မှုအရှိန်က အရမ်းမြန်တယ်။ သူက အခုလောက်ဆို A-အဆင့်လောက် ရှိသင့်နေပြီ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ဒီကျွန်းက လူထူးဆန်းတွေနဲ့ ပြည့်နေသလိုတောင် ခံစားလိုက်ရပြီ။”
ကျန်းရွှဲ့က ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။
ထိုစဉ် ဒူခန်းသည် သူတို့ဆီသို့ ဘီယာနှင့်ဖျော်ရည် ယူလာပေးပြီး ပြောလိုက်၏။
“အစ်ကိုကျန်းနဲ့ မရီးတို့ သောက်ကြပါ။ ကျွင်းကျွင်းလည်း ဖြည်းဖြည်းသောက်။ ကုန်ရင် ထပ်ဖြည့်ပေးမယ်။”
“ကျေးဇူးတင်ပါတယ် ဦးလေး။”
ကျွင်းကျွင်းက ပြန်ဖြေလိုက်သည်။
ထိုအခါ ဒူခန်းသည် ကျွင်းကျွင်းကိုကြည့်ကာ မကျေမနပ်ဖြစ်သွားဟန်ဆောင်ပြီး ပြောလိုက်၏။
“မင်းကိုနောက်တစ်ခါ အခွင့်အရေးပေးမယ်။ စကားလုံးတွေပြန်စီပြီး နောက်တစ်ခါခေါ်ကြည့်စမ်း။”
“ကျေးဇူးတင်ပါတယ် အစ်ကိုကြီး”
ကျွင်းကျွင်းက သူ၏မျက်လုံးများကို လှိမ့်ကာ ပြောလိုက်သည်။
“ဟေး မင်းလေးက လူလိမ္မာလေးပဲ။”
ဒူခန်းက ကျွင်းကျွင်း၏ခေါင်းကို ပုတ်ပေးရင်း ပြောလိုက်သည်။
ဒူခန်းထွက်သွားပြီးနောက် ကျန်းယွင်ထျန်းက သူ၏ခွက်ကိုကောက်ယူပြီး ပြောလိုက်သည်။
“စမ်းသောက်ကြည့်။ ဒီဒူခန်းက နည်းနည်းထူးဆန်းတယ်ဆိုပေမယ့် သူ့ရဲ့အချက်အပြုတ်ကျွမ်းကျင်မှုကတော့ တော်တော်လေးကောင်းတယ်။”
ကျန်းရွှဲ့က ခေါင်းညိတ်လိုက်သည်။ ဘီယာကို ခွက်ထဲထည့်လိုက်သည်နှင့် သူမသည် ဘီယာ၏သင်းရနံ့ကို ရှူရှိုက်မိလိုက်၏။ ထိုအရာသည် အရင်ကမ္ဘာတွင် သူမသောက်ခဲ့ဖူးသော မည်သည့်ဘီယာထက်မဆို ပိုမိုမွှေးကြိုင်ပေသည်။
တစ်ငုံသောက်လိုက်ပြီးနောက် ဘီယာ၏စင်ကြယ်သည့်သင်းရနံ့အပြင် ကျန်းရွှဲ့သည် သူမ၏ခြေလက်အင်္ဂါများဆီသို့ ပူပြင်းသည့် စွမ်းအင်စီးဆင်းမှုတစ်ခုကို ခံစားလိုက်ရလေသည်။
“A-အဆင့်ပစ္စည်းက တကယ်ကိုကွဲပြားတာပဲ။”
ကျန်းရွဲ့က အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။
“နင်တို့က A-အဆင့် ဂျုံနဲ့တောင် ဘီယာချက်နေကြတာလား။ နင်တို့မှာ A-အဆင့် အဆင့်ပစ္စည်းတွေ အရမ်းများလို့လား။”
“ဘယ်လိုပြောရမလဲ။ ငါတို့အားလုံး သုံးလို့တောင် မကုန်နိုင်ဘူး။”
ကျန်းယွင်ထျန်းက အနည်းငယ် ကြွားဝါလိုက်ပြီး ကျွန်းပေါ်က ဆက်စပ်အခြေအနေများကို စတင်မိတ်ဆက်ပေးလိုက်သည်။
ကျန်းရွှဲ့သည် ပိုမိုနားထောင်လေလေ ပိုမိုအံ့အားသင့်လေလေဖြစ်ပြီး သူမ၏ရှေ့တွင်ရှိသော ဘီယာကိုသောက်ရန်ပင် မေ့သွားခဲ့လေသည်။
“ငါဒီမှာထိုင်ရင် စိန်မရှိဘူးမို့လား။”
ထိုစဉ် ရှောင်းယီ၏အသံက ရုတ်တရက် ဘေးတစ်ဖက်မှ ထွက်ပေါ်လာခဲ့သည်။
“ကျွန်းပိုင်ရှင်”
ကျန်းယွင်ထျန်းက ထရပ်ကာ နှုတ်ဆက်လိုက်၏။
“ဒါပေါ့ မထားပါဘူး။”
ထိုစဉ် ကျန်းရွှဲ့သည်လည်း အသိပြန်ဝင်လာပြီး ထရပ်ကာ ပြောလိုက်သည်။
“စိတ်မရှိပါဘူး ကျွန်းပိုင်ရှင်။ ကျေးဇူးပြုပြီးထိုင်ပါ။”
ထို့နောက်ရှောင်းယီသည် ခုံတစ်လုံးတွင် ဝင်ထိုင်ပြီး ပြောလိုက်သည်။
“ထိုင်ပါ။ အစ်ကိုကျန်းက ကျုပ်တို့ကျွန်းရဲ့ အခြေခံအခြေအနေတွေကို မိတ်ဆက်ပေးပြီးပြီလို့ ထင်ပါတယ်။ မင်းအရင်က ယီတုန်းနိုင်ငံမှာနေခဲ့တယ်လို့ ကြားတယ်။ ယီတုန်းနိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှုအခြေအနေတွေကို ပြောပြပေးနိုင်မလား။”
မနေ့ညက ကျန်းယွင်ထျန်းသည် ကျန်းရွှဲ့နှင့် စကားအများကြီးမပြောရသေးမီမှာပင် ကျန်းရွှဲ့သည် စာချုပ်စွမ်းအားဖြင့် အတင်းအကျပ်ထိန်းချုပ်ခံခဲ့ရသောကြောင့် ကျန်းယွင်ထျန်းသည် ယီတုန်းနိုင်ငံ၏ သီးသန့်အခြေအနေများကို မလေ့လာနိုင်ခဲ့ပေ။
စောစောကလည်း ကျန်းယွင်ထျန်းသည် ရှောင်းယီ၏ကျွန်းရှိ အခြေအနေများကို မိတ်ဆက်ပေးနေခဲ့သောကြောင့် ကျန်းရွှဲ့သည် ယီတုန်းနိုင်ငံနှင့်ပတ်သက်သည့် အချက်အလက်များကို ပြောပြရန် အချိန်မရခဲ့ပေ။
ကျန်းရွှဲ့က ပြန်ဖြေလိုက်သည်။
“ယေဘုယျအားဖြင့်တော့ အတော်လေး ဆင်းရဲပါတယ်။ ကျွန်မကို စာချုပ်ချုပ်ပြီးနောက် သုံးပတ်တာကာလအတွင်း ဒေသခံတွေက ကျွန်မကို အသက်ရှင်ကျန်ရစ်တွေရဲ့ကျွန်းတွေရှာဖို့ အမြဲခေါ်သွားခဲ့တယ်။ ကျွန်မက ယီတုန်းနိုင်ငံသား အသက်ရှင်ကျန်ရစ်သူအများအပြားကို သတ်ဖို့ ကူညီပေးခဲ့တယ်။ ဒါပေမယ့် အဲဒီအသက်ရှင်ကျန်ရစ်သူတွေရဲ့ကျွန်းပေါ်က ရလဒ်တွေကတော့ သိပ်မကောင်းလှဘူး။”
ရှောင်းယီက ခေါင်းညိတ်လိုက်သည်။
“ပထမလေးပတ်အတွင်းမှာ ကျွန်မရရှိခဲ့တဲ့ ပစ္စည်းသေတ္တာတွေထဲက အရာတွေက ကျွန်မအသက်ရှင်သန်ဖို့အတွက်ပဲ လုံလောက်ပြီး အပိုထပ်မရှိတော့ဘူး။”
ကျန်းရွှဲ့က ဆက်ပြောသည်။
“ဒါဆို မင်းရဲ့ C-အဆင့်ကိုရောက်နေတဲ့ ခန္ဓာကိုယ်က ဒေသခံတွေ မြှင့်တင်ပေးတာလား။”
ရှောင်းယီက မေးလိုက်သည်။
“ရှင်က ကျွန်မရဲ့ခန္ဓာကိုယ်အဆင့်ကို မြင်နိုင်တာလား။”
ကျန်းရွှဲ့သည် သူမ၏မျက်လုံးဝိုင်းဝိုင်းကြီးများဖြင့် ပြောလိုက်၏။
“ဟေး ဒါက အသစ်အဆန်းပဲ။ ကျွန်းပိုင်ရှင်ရဲ့ရှေ့မှာ တစ်ခုခုထားလိုက်ရင် ကျွန်းပိုင်ရှင်က အချက်အလက်အားလုံးကို သိတယ်လေ။”
ကျန်းယွင်ထျန်းက ပြုံးပြီးပြောလိုက်သည်။
ကျန်းရွှဲ့သည် အံ့အားသင့်သောမျက်နှာအမူအရာဖြင့် ခေါင်းညိတ်လိုက်၏။
“အမှန်ပဲ။ နောက်ဆုံးနှစ်ပတ်အတွင်းမှာ မှော်ဆရာက ကျွန်မကို အဆင့်သတ်မှတ်ထားတဲ့အစားအစာအချို့ပေးခဲ့တယ်။”
ဖြစ်ရပ်မှန်မှာ ကျန်းရွဲ့သည် သူမအသက်ရှင်နိုင်ရန်အတွက် သူမအား စာချုပ်ချုပ်သည့်အခါက ခုခံခြင်းမပြုခဲ့ပေ။ စာချုပ်အောင်မြင်ပြီးနောက် သူမသည် မှော်ဆရာ၏အမိန့်ကို လုံးဝနာခံခဲ့၏။
ဒေသခံများအား ကျွန်းလေးကျွန်းကို ဆက်တိုက်သိမ်းပိုက်ရန် ကူညီပေးခဲ့ပြီးနောက် မှော်ဆရာသည် အလွန်ဝမ်းမြောက်ဝမ်းသာဖြစ်သွားခဲ့သည်။ သူသည် ဆရာကြီးတစ်ဦးနှင့် စာချုပ်ချုပ်မိလိုက်သည်ဟု ခံစားရသောကြောင့် ကျန်းရွှဲ့အား လေ့ကျင့်ပေးရန် ဆန္ဒရှိလာခဲ့ပြီး အဆင့်သတ်မှတ်ထားသော အစားအစာအချို့ဖြင့် ဆုချီးမြှင့်ခဲ့သည်။
နောက်နှစ်ပတ်အတွင်းတွင် ကျန်းရွှဲ့သည် ပိုမိုရဲရင့်လာခဲ့သည်။ ဘာပဲဖြစ်ဖြစ် သူမတွင် ယီတုန်းနိုင်ငံအတွက် ခံစားချက်ကောင်းများမရှိသောကြောင့် ထီတုန်းနိုင်ငံသား အသက်ရှင်ကျန်ရစ်စူများကို သတ်ပစ်ရခြင်းမှာ သိပ်ပြဿနာမရှိပေ။
ကျန်းရွှဲ့တွင် ခုခံရန် ရည်ရွယ်ချက်လုံးဝမရှိကြောင်း မြင်လိုက်ရသည့်အခါ မှော်ဆရာသည် သူမကို ပိုမိုစိတ်ချလာခဲ့သည်။
နောက်ပိုင်းတွင် မှော်ဆရာသည် အမှန်တကယ်ပင် သူတို့နှင့်အတူ ထွက်မလာတော့ဘဲ စာချုပ်စွမ်းအားကိုသာ စောင့်ကြည့်နေကာ ကျန်းရွှဲ့အား ခေါင်းဆောင်နောက်သို့လိုက်ပြီး သိမ်းပိုက်ရန် ခွင့်ပြုခဲ့သည်။ ထို့နောက် ကျွန်းနှစ်ခု သို့မဟုတ် သုံးခုကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။
ထို့နောက် မှော်ဆရာသည် လုံးဝစိတ်ချလာပြီး စာချုပ်စွမ်းအားကိုပင် အချိန်တိုင်း စောင့်ကြည့်မနေတော့ပေ။ ကျန်းရွှဲ့သည် သူ့အတွက် ကျွန်းများစွာကို ကြိုးစားသိမ်းပိုက်ပေးနေဆဲဖြစ်သည်။
ထို့ကြောင့် မနေ့က လုံဖေးဖုန့်ဝူအား တိုက်ခိုက်သည့်အခါ မှော်ဆရာ လုံးဝမပါဝင်ခြင်းဖြစ်သည်။
ကျန်းရွှဲ့သည် မှော်ဆရာ၏ ထိန်းချုပ်မှုအောက်မှ လွတ်မြောက်နိုင်ခဲ့ခြင်းမှာ သူမသည် မှော်ဆရာကို တဖြည်းဖြည်း ထုံထိုင်းစေခဲ့ပြီး အခွင့်အရေးကို ရှာဖွေတွေ့ရှိခဲ့သောကြောင့်ဖြစ်သည်။
အခန်း- ၄၅၉။ ကုထောင်ချွေ့ရှန်း ထပ်မံတိုက်ခိုက်ခံရခြင်း
“လုံဖေးဖုန့်ဝူက အစတုန်းက သူတို့ရဲ့ မီးဘောလုံးတွေ၊ ဒုံးကျည်တွေအားလုံးကို တစ်ချက်တည်းနဲ့ ပြောင်းပြန်လှန်နိုင်တဲ့ လေးသမားတစ်ယောက်ရှိတယ်လို့ပြောခဲ့တာ မဆန်းတော့ဘူး။ ဒါပေမယ့် နောက်ပိုင်းမှာ သူတို့ကို သိပ်ပြီးမတိုက်ခိုက်တော့ဘူးလို့ပြောတယ်။”
ရှောင်းယီက ပြောလိုက်သည်။
ကျန်းရွှဲ့က ခေါင်းညိတ်လိုက်ကာ ရှင်းပြသည်။
“အဲဒီတုန်းက ကျွန်မတို့က ယီတုန်းနိုင်ငံနယ်နိမိတ်ထဲမှာပဲရှိတယ်လို့ ထင်ခဲ့တာ။ မျှော်လင့်မထားဘဲ ကျွန်မတို့နိုင်ငံရဲ့နယ်နိမိတ်ထဲကို မတော်တဆ ရောက်လာခဲ့တယ်။ အဲ့ဒီတုန်းက သင်္ဘောပေါ်က မိန်းကလေးတစ်ယောက်ရဲ့အော်သံကို ကျွန်မကြားလိုက်ရတယ်။ ပြီးတော့မှ ဒီတစ်ခေါက်ပစ်မှတ်က တကယ်ပဲ ကျွန်မတို့မျိုးတွေဖြစ်နေတယ်ဆိုတာ သိလိုက်ရတယ်။”
“အင်း ယီတုန် နိုင်ငံမှာ အထူးတလည် အားကောင်းတဲ့ အသက်ရှင်ကျန်ရစ်သူတွေရှိလား။ ဥပမာ ဈေးကွက်မှာ အဆင့်မြင့်အစားအစာတွေကို မကြာခဏ ရောင်းတဲ့သူမျိုးတွေပေါ့။”
ရှောင်းယီက မေးလိုက်သည်။
ကျန်းရွှဲ့သည် ရှောင်းယီကို ပြောစရာစကားများကင်းနဲ့သွားဟန်ဖြင့် ကြည့်လိုက်ပြီး ပြန်ဖြေ၏။
“ဘယ်လိုလုပ်ဖြစ်နိုင်မလဲ။ ကျွန်မမှာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရှိခဲ့တဲ့ လေးပတ်တာအတွင်းမှာ အဆင့်မြင့်အစားအစာထုတ်ရောင်းတဲ့သူကို တစ်ခါမှမတွေ့ဖူးဘူး။ အဲဒီလိုအရာမျိုးရှိခဲ့ရင် ရူးနေတဲ့လူပဲ ကိုယ့်အတွက်ကိုယ်မချန်ထားမှာ။”
သူမ ထိုသို့ပြောလိုက်သည်နှင့် ကျန်းယွင်ထျန်း၏မျက်နှာသည် ကိုးရိုးကားယားဟန်ပန်ဖြစ်သွားခဲ့ပြီး ချက်ချင်းပြောလိုက်၏။
“ဘာတွေပြောနေတာလဲ။ ကျွန်းပိုင်ရှင်ကို အခုချက်ချင်းတောင်းပန်လိုက်။”
“တောင်းပန်ရမယ်....။”
ကျန်းရွှဲ့က ကျန်းယွင်ထျန်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။
“ကျွန်းပိုင်ရှင်က ဈေးကွက်မှာ အဆင့်မြင့်အစားအစာအများကြီး ရောင်းထားတာ။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ကျွန်းပိုင်ရှင်ကို ဒီလိုပြောလို့မဖြစ်ဘူး။”
ကျန်းရွှဲ့သည်လည်း ကြောင်အသွားခဲ့ပြီးနောက် ချက်ချင်းပင် တောင်းပန်လိုက်သည်။
“တောင်းပန်ပါတယ် ကျွန်မ တကယ်မသိခဲ့ဘူး...”
“အဆင်ပြေပါတယ်။ မသိခြင်းက အပြစ်မဖြစ်ပါဘူး။”
ရှောင်းယီသည် ထိုသို့ပြောလိုက်သော်လည်း သေချာစဉ်းစားကြည့်လိုက်သည့်အခါ ရှားနိုင်ငံတွင် လူအများကြီးရှိပြီး သူ့အပြင် အခြားသူများသည် အဆင့်မြင့်အစားအစာများ ရောင်းချခဲ့ခြင်းမရှိကြပေ။
“ဒါဆို ယီတုန်းနိုင်ငံမှာ အထူးတလည် ထူးချွန်တဲ့ ပုဂ္ဂိုလ်တွေရောရှိလား။”
ရှောင်းယီက မေးလိုက်သည်။
ယီတုန်းနိုင်ငံအနီးရှိ ဒေသခံများသည် ရှားနိုင်ငံသို့ ရောက်ရှိလာနိုင်သည့်အတွက် ယီတုန်းနိုင်ငံရှိ အသက်ရှင်ကျန်ရစ်သူများလည်း လာရောက်နိုင်ပေသည်။ ထိုသို့ဖြစ်နိုင်သည့်အတွက် မိမိတို့အနေဖြင့် ကြိုတင်ပြင်ဆင်ထားရပေလိမ့်မည်။
အဘယ်ကြောင့်ဆိုသော် ယီတုန်းနိုင်ငံနှင့် ရှားနိုင်ငံသည် ဆက်ဆံရေးကောင်းမွန်ခြင်း မရှိသောကြောင့်ပင်။
“နာဂါနိုအီချီယိုလို့ခေါ်တဲ့လူတစ်ယောက်တော့ရှိတယ်ထင်တယ်။ သူက တတိယမြောက်ပတ်ကတည်းက အရမ်းတက်ကြွခဲ့တယ်။ သူ့မှာ C-အဆင့် ရေသန့်စက်ရှိတယ်လို့ဆိုတယ။”
ကျန်းရွှဲ့က အနည်းငယ်စဉ်းစားပြီး ပြန်ဖြေလိုက်သည်။
“အာ... သူဆိုရင်တော့ ကိစ္စမရှိလောက်ဘူး။”
ရှောင်းယီက ပြောလိုက်သည်။
“ဘာလို့လဲ”
ကျန်းရွှဲ့က နောက်ထပ်တဖန် ဇဝေဇဝါဖြစ်သွားခဲ့ရပြန်သည်။
ကျန်းယွင်ထျန်းက ရှင်းပြသည်။
“ငါတို့ ရတနာနယ်မြေမှာ ရတနာရှာဖွေဖို့သွားတုန်းက အလားတူနာမည်ရှိတဲ့သူတစ်ယောက်ကို တွေ့ခဲ့တယ်။ သူက ငါတို့လက်ချက်နဲ့ သေသွားပြီ။”
“မဆန်းတော့ပါဘူး။”
ကျန်းရွှဲ့က ရုတ်တရက်နားလည်သွားခဲ့သည်။
“ကောင်းပြီ အခုမှစပြီးတော့ မရီးက အစ်ကိုကျန်းနှင့်အတူ လုံခြုံရေးကိုတာဝန်ယူရမယ်။ မင်းတို့မိသားစုစကားပြောတာကို ငါမနှောင့်ယှက်တော့ဘူး။ ငါအရင်သွားနှင့်တော့မယ်။”
ယီတုန်းနိုင်ငံနှင့် သက်ဆိုင်သည့် အချက်အလက်များကို နားလည်ပြီးသွားနောက် ရှောင်းယီသည် ထိုင်ရာမှထရပ်ကာ ထွက်ခွာသွားခဲ့သည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
ကျန်းယွင်ထျန်းက ထရပ်ကာ ပြောလိုက်၏။
ရှောင်းယီသည် ဘားထဲမှ ထွက်ခွာလာခဲ့ပြီးနောက် သူ၏ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ ပြန်ရောက်လာခဲ့သည်။
“ကျွန်းပိုင်ရှင် ကျုပ် သတ်မှတ်ထားတဲ့နေရာကို ရောက်ပြီ။”
စွန်းယောင်သည် ရှောင်းယီအား စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
“နောက်လာရက်တွေမှာ ကျွန်းတွေကို အသွားအပြန်လုပ်ဖို့ အပျော်စီးရွက်သင်္ဘောကို စီစဉ်ပေးထားမယ်။ လူတိုင်း သုံးရက်တစ်ခါ သွားလာခွင့်ရလိမ့်မယ်။ ငါ့ကျွန်းကိုလည်း အားလုံး မကြာခဏ လာလည်လို့ရတယ်။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကျေးဇူးတင်ပါတယ် ကျွန်းပိုင်ရှင်။”
စွန်းယောင်က ပျော်ရွှင်စွာ ပြောလိုက်၏။
ယီထျန်းဂရုထဲသို့ ပြောင်းကြည့်လိုက်သည့်အခါ ဂရုထဲရှိလူများသည် မဟာမိတ်အဖွဲ့ဆိုင်ရာအချက်အလက်များအကြောင် ဆွေးနွေးနေကြဆဲပင်။
“မနေ့က တစ်ရက်အတွင်း လူ ၁၉၂ ယောက် စုနိုင်တယ်လို့ ဘယ်သူပြောခဲ့တာလဲ။ ထွက်လာခဲ့စမ်း။ မဟုတ်ရင် မင်းကို ငါသတ်ပစ်မယ်။”
“ဟီးဟီး ဟဲဟဲ...ငါ နောက်ဆုံး ကီလိုမီတာ ၁၀၀ ကို မေ့သွားတယ်။ ငါ့အမှားပါ...ငါ့အမှားပါ။”
“နောက်ဆုံး ကီလိုမီတာ ၁၀၀ ကို အသွားအပြန်လုပ်ဖို့ ဆယ်နာရီကျော်လောက်ကြာမယ်။ အဖွဲ့ဝင်ရှစ်ယောက်စလုံးကို အဆင်သင့်ဖြစ်အောင်လုပ်မယ်နေရင်တော့ သုံးရက်ကျော်လောက်ကြာမှာပဲ။”
“ဟုတ်တယ်...ဒီကမ္ဘာရဲ့စည်းမျဉ်းတွေကလည်း ဂိမ်းဆော့နေရလိုပဲ။ ဒီလောက်ထိ နီးအောင်ဆွဲခေါ်ထားပြီးမှတော့ ဘာလို့ ပိုနီးအောင်မဆွဲလိုက်တာလဲ။”
“တိလင်းအင်ပါယာနဲ့ ရွှမ်းယွမ်မိသားစု အင်အားစုနှစ်ခုက အဖွဲ့ဝင်တွေစုဆောင်းနေပြီ။ မင်းတို့ရော ဘယ်လိုထင်ကြလဲ။”
“ငါကတော့ အိပ်ပြီးပဲကြည့်နေလိုက်တော့မယ်။ ဘာပဲဖြစ်ဖြစ် ငါက သူများထက်နိမ့်ကျနေတာမဟုတ်ဘူး။”
“ဘာလို့ ငါတို့ထဲကလူအချို့နဲ့ မဟာမိတ်အဖွဲ့မဖွဲ့ကြည့်ရမှာလဲ။ ဘယ်သူ့စကားမှ နားထောင်စရာမလိုဘူး။ ဒေသခံတွေကိုခုခံဖို့ အတူတူအနီးကပ်ရှိနေပြီး ကိုယ့်ဘာသာဖွံ့ဖြိုးနတိုးတက်အောင်လုပ်မယ်။ ဆိုရင်ရော ဘယ်လိုလဲ။”
“အနားရောက်လာပြီးဆိုရင် အခြားသူတွေက ငါတို့ကိုသိမ်းပိုက်ဖို့ ရည်ရွယ်ချက်မရှိဘူးဆိုတာ သေချာလား။ ဘယ်လိုပဲဖြစ်ဖြစ် ငါကတော့မယုံဘူး။”
“မင်းက တစ်ကိုယ်တော်လမ်းကို သွားဖို့စီစဉ်ထားတာလား။”
“ဟုတ်တယ်။ ဒေသခံတွေကို ငါတစ်ယောက်တည်းလည်း ခုခံနိုင်တယ်။ ဘာလို့မဟာမိတ်အဖွဲ့ဖွဲ့ရမှာလဲ။”
“အပေါ်ကလူ အဲ့လောက်ထိ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမနေနဲ့ဦး။ အရင်ကပေါ်ခဲ့တဲ့ အနွေးထည်အင်္ကျီအကြောင်း စဉ်းစားကြည့်လိုက်။ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ရဲ့မွမ်းမံမှုက တစ်ခုခုကိုရည်ညွှန်းနေတယ်ဆိုတာ မင်းသိသင့်တယ်။”
“အမှန်ပဲ။ မဟာမိတ်အဖွဲ့ပေါ်လာတာက ဒီတစ်ပတ် ဒေသခံတွေရဲ့တိုက်ခိုက်မှုက ပိုပြီးပြင်းထန်လာမယ်လို့ ဆိုလိုတဲ့သဘောပဲ။ ကျွန်းတစ်ကျွန်းက ကျွန်းကိုးကျွန်းကို မယှဥ်နိုင်ဘူး။”
“ဟမ့် ငါကို မင်းလိုများ ထင်နေတာလား။ ငါ့ကျွန်းရဲ့ကာကွယ်ရေးက အရမ်းအားကောင်းတယ်ကွ။”
“မေ့လိုက်တော့...တစ်စုံတစ်ယောက်က သူ့ကိုယ်သူ အရာရာစွမ်းဆောင်နိုင်တယ်လို့ထင်နေရင် စွမ်းဆောင်နိုင်တဲ့အတိုင်းပဲ ထားလိုက်ပါ။”
ဖန်မင်လုံသည်လည်း မနက်ခင်း၌ ထိုအသစ်မွမ်းမံမှုကို သတိထားမိသွားခဲ့သည်။ ထို့နောက် သူသည် ရှောင်းယီဆီသို့ သီးသန့်စာတိုပို့လိုက်သည်။
“သူဌေး သင်္ဘောတွေလည်း မဟာမိတ်အဖွဲ့ထဲ ပါဝင်လို့ရလား။”
“အဲ့တော့ ငါလည်းသေချာမသိဘူး။ မင်းစမ်းကြည့်လို့ရတယ်။ ငါမဟာမိတ်အဖွဲ့ထောင်ပြီးပြီ။ အမည်က ယီရန်ပင်း။ မင်းဝင်ဖို့ကြိုးစားကြည့်လိုက်လေ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ကောင်းပြီ ကျုပ်အခုစမ်းကြည့်လိုက်မယ်။”
ဖန်မင်လုံ ထိုသို့ပြောပြီးနောက် မကြာမီ သူဆီမှာ အဖြေပြန်ရလာခဲ့သည်။
“မရဘူး”
“ဒါဆို မင်း ညနေလောက်ကျရင်တော့ ရောက်မှာပါ။”
ရှောင်းယီက ပြန်ဖြေလိုက်သည်။
“ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် သူဌေး။”
ဖန်မင်လုံက ပြန်ဖြေလိုက်သည်။
ဖန်မင်လုံနှင့် စကားပြောပြီးသည်နှင့် စွန်းကုထောင်က သူဆီသို့ စာပို့လာခဲ့သည်။
“ဒီကောင် ခုနလေးကမှ ပြန်သွားတာကို။”
ရှောင်းယီ သူ့စိတ်ထဲမှတွေးလိုက်ပြီးနောက် စွန်းကုထောင်ပို့လိုက်သည့် မက်ဆေ့ချ်ကို ဖွင့်ကြည့်လိုက်၏။
“သူဌေး ဒေသခံတွေရဲ့တိုက်ခိုက်မှု ရောက်လာနေပြီ။ စုစုပေါင်းသင်္ဘောကြီးလေးစီးရှိတယ်။”
စွန်းကုထောင်၏အသံမှာ အလွန်လေးနက်နေခဲ့သည်။
“သင်္ဘောကြီးလေးစီးလား။ အဲ့လောက်တောင် များရလား။”
ရှောင်းယီ အံ့အားသင့်စွာ ပြောလိုက်မိသည်။
“ဟုတ်ပါတယ်။ အဲ့ဒါက နှစ်နာရီအတွင်း ရောက်လာမယ်လို့မျှော်လင့်ရတယ်။”
စွန်းကုထောင်က အလွန်သေချာနေခဲ့သည်။
ရှောင်းယီသည် အနည်းငယ်စဉ်းစားပြီးနောက် ပြောလိုက်သည်။
“လောက်လွှဲတွေကို အဆင်သင့်ပြင်ထား။ ပစ်လွှတ်မယ့်သိပ်သည်းဆကိုလည် သေချာပါစေ။ သူတို့ကို အရှေ့ဘက်မှာ ပြင်ဆင်ထားသင့်တယ်။ ငါအကြံပေးချင်တာက လူအချို့ကို တိုက်စစ်ဆင်ဖို့စီစဉ်ပြီး သင်္ဘောကြီးတွေနဲ့ ဘေးကနေအနှောင့်အယှက်ပေးဖို့ပဲ။”
“ဟုတ်ကဲ့”
စွန်းကုထောင်က တုံ့ပြန်လိုက်သည်။
စကားပြောဆိုမှုပြီးဆုံးပြီးနောက် ရှောင်းယီသည် ချက်ချင်းပင် လောက်လွှဲဆယ်ခု၊ မီးဘောလုံးကိုးဆယ်၊ မြားမိုးလောင်ချာနှစ်ခုနှင့် ဝါးမြားလှည်းလေးစီးကို စွန်းကုထောင်ဆီသို့ လွှဲပြောင်းပေးလိုက်၏။
ဤအရာများနှင့် သူတို့သည် ထိုဒေသခံများ၏တိုက်ခိုက်မှုများကို ခုခံနိုင်သင့်သည်။
စွန်းကုထောင်သည် ထိုအဆင့်မြင့်လက်နက်များကို လက်ခံရရှိပြီးနောက် အံ့အားသင့်နေရန်ချိန်ပင်မရှိဘဲ ထိုဒေသခံသင်္ဘောများ ရောက်လာမည့်နေရာသို့ ထိုလက်နက်များကို တိုက်ရိုက်နေရာချလိုက်သည်။
“လောင်တ သင်္ဘောကြီးလေးစီးက ခွဲထွက်သွားပြီ။”
ထိုစဉ် ဟွားလန်က အထဲသို့ပြေးဝင်လာပြီး အစီရင်ခံလိုက်သည်။
စွန်းကုထောင်က နက်ရှိုင်းသည့်လေသံဖြင့့် ပြောလိုက်သည်။
“မဟာမိတ်အဖွဲ့ဖွဲ့ရမယ်လို့ပြောထားတာ မဆန်းတော့ဘူး။ သင်္ဘောတွေအများကြီးက ဦးတည်ချက်လေးခုကနေ တိုက်ခိုက်နေတယ်။ သာမန်ကျွန်းတွေက ဒါကို ခုခံနိုင်မှာမဟုတ်ဘူး။ ကမ်းခြေက ငါတို့ရဲ့အကြီးစားသင်္ဘောကြီးနဲ့ အလတ်စားရွက်သင်္ဘောတွေဆီ လောက်လွှဲနှစ်ခုကို တွန်းပို့လိုက်။ သင်္ဘောတစ်စီးစီမှာ မြားမိုးလောင်ချာတစ်ခုစီ ထည့်ထားရမယ်။”
“လောင်တ မင်းဆိုလိုတာက ငါတို့လက်က တိုက်စစ်စဖို့လား။”
ဟွားလန်က အံ့အားသင့်စွာမေးလိုက်သည်။
“ကျွန်းပိုင်ရှင်က သူတို့ရှေ့မှာ သေချာပေါက်ပြင်ဆင်ထားရမယ်လို့ သတိပေးထားတယ်။ ဆိုတော့ ဘေးဘက်နဲ့ နောက်ဘက်မှာ အားနည်းချက်တစ်ချို့တော့ ရှိလိမ့်မယ်။ ငါတို့က ဒီအားနည်းချက်ကိုအခွင့်ကောင်းယူရမယ်။”
ဟွားလန်က ခေါင်းညိတ်လိုက်သည်။
“နားလည်ပါပြီ။ ကောင်းယုနဲ့ကျုပ် သင်္ဘောတစ်စီးစီကိုတာဝန်ယူပြီး ဒေသခံအချို့ကိုခေါ်သွားလိုက်မယ်။”
“အင်း ဂရုစိုက်ပါ။”
စွန်းကုထောင်က သတိပေးလိုက်သည်။
“မစိုးရိမ်ပါနဲ့။ ကျုပ်ကျွန်းပိုင်ရှင်ရဲ့ကျွန်းကို အခုထိ သွားမပျော်ရသေးဘူးလေ။ ကျုပ်မသေနိုင်သေးပါဘူး။”
ဟွားလန်က ပြန်ဖြေလိုက်သည်။
ထို့နောက် ဟွားလန်သည် ကမ်းခြေသို့ ပြန်သွားပြီး စွန်းကုထောင်၏ဆိုလိုရင်းအား ကောင်းယုကို ပြန်ပြောပြလိုက်၏။ ပြီးသည်နှင့် သူတို့နှစ်ဦးစလုံးသည် လုံးဝတွန့်ဆုတ်မနေဘဲ ချက်ချင်းပင် အဖွဲ့တစ်ဖွဲ့စီကိုခေါင်းဆောင်ပြီး သင်္ဘောပေါ်သို့ တက်သွားခဲ့ကြတော့သည်။