← Chapters

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

အခန်း (၁၈၁-၁၈၂)

Vol. 19 Ch. 181-182

အပိုင်း ၁၈၁

ကျင်းနင်းခရိုင်၊ ကျင်းလင်မြို့ရှိ ဘက်ထရီစက်ရုံမှ မြင်ကွင်းက လုံထန်၏ CEO ဖြစ်သူ ကျန်းဖန်ကို များစွာစိတ်အေးသွားစေသည်။

​လင်းဖန်သည် မည်သည့်နေရာတွင်မျှ ထပ်မံရပ်နားခြင်းမရှိဘဲ လူများကိုခေါ်ကာ ဌာနချုပ်အဆောက်အအုံသို့ တိုက်ရိုက်ပြန်လာခဲ့သည်။

ထို့တင်မကသေးဘဲ ထုတ်ကုန်များ စျေးကွက်မတင်မီ အခြေခံအုတ်မြစ်ကို တတ်နိုင်သမျှ ခိုင်မာအောင်လုပ်ဆောင်ရန်အတွက် ပြည်တွင်းပြည်ပရှိ ဘက်ထရီကုမ္ပဏီများ၊ အလုပ်သမားများ၊ စက်ကိရိယာနှင့် ယန္တရားများကိုပါ ထပ်မံဝယ်ယူရန် ကျန်းဖန်ကို အမိန့်ပေးလိုက်သည်။

​ထိုနေ့ ညနေ ၅ နာရီတွင် လုံထန်ဂရု၏ တရားဝင်ဝဘ်ဆိုဒ်၌ သတင်းသစ်တစ်ပုဒ် ထပ်မံဖော်ပြလိုက်ရာ လူပေါင်းများစွာ၏ အာရုံစိုက်မှုကို တစ်ကျော့ပြန် ရရှိလာခဲ့သည်။

​"လုံထန်ဂရုကတော့ နောက်ထပ် ခြေလှမ်းကြီးတစ်ခု လှမ်းပြန်ပြီ။ သူတို့ ဘက်ထရီလုပ်ငန်းထဲကို ခြေစုံပစ်ဝင်တော့မယ် ထင်တယ်"

"ဒီကမ္ဘာကြီးက လုံထန်ဂရုရဲ့ အရှိန်အဝါကို မတားဆီးနိုင်တော့ဘူးလား"

"........"

​ခဏအတွင်းမှာပင် အင်တာနက်ပေါ်၌ လှိုင်းထသွားပြီး နက်တီဇင်အများအပြားက လုံထန်ဂရု၏ သတင်းကို ဝိုင်းဝန်းဆွေးနွေးကြတော့သည်။ ပြီးခဲ့သည့် တစ်လအတွင်း တရုတ်နိုင်ငံသာမက တစ်ကမ္ဘာလုံးတွင် လုံထန်ဂရု၏ သတင်းများ ဖုံးလွှမ်းနေခဲ့သည်။ ပထမဆုံးအကြိမ်က ၎င်းတို့၏ AI နည်းပညာ အောင်မြင်မှုကြောင့်ဖြစ်ပြီး၊ ထို့နောက်တွင်တော့ အနိုင်မခံအရှုံးမပေးသည့် ရှေ့နေအဖွဲ့ကြီးကြောင့် ဖြစ်သည်။

​ကမ္ဘာတစ်ဝှမ်းရှိ သတင်းမီဒီယာပေါင်း ရာနှင့်ချီ၊ အလွတ်တန်းကလောင်ရှင်များနှင့် အင်တာနက်ဆယ်လီများ တရားစွဲဆိုခြင်း ခံခဲ့ရသည်။

နစ်နာကြေးတစ်ခုတည်းမှပင် လုံထန်ဂရုသည် ဘီလီယံနှင့်ချီ ရရှိခဲ့ရာ ၎င်းမှာ ရှေ့နေခများအတွက် လုံလောက်ရုံမက ပိုလျှံနေခဲ့သည်။

​၎င်းတို့ ခဏတာ ငြိမ်သက်သွားချိန်တွင် မည်သူမျှ ဤကမ္ဘာ့အဆင့်မီ နည်းပညာကုမ္ပဏီကြီးကို အစပြု၍ မပုတ်ခတ်ရဲတော့ပေ။ သို့သော် ယခုအခါတွင်မူ ကုမ္ပဏီကိုယ်တိုင်က သတင်းသစ်ဖြင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

​မီဒီယာအတော်များများမှာ ကိုယ်တိုင်ဆောင်းပါးမရေးတော့ဘဲ လုံထန်ဂရု၏ တရားဝင်သတင်းထုတ်ပြန်ချက်ကိုသာ တိုက်ရိုက်ကူးယူ ဖော်ပြကြသည်။ ထိုသတင်းမှာ တရုတ်နိုင်ငံမှတစ်ဆင့် ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားခဲ့သည်။

​ဘက်ထရီကုန်ကြမ်းအသစ်လား..။လက်ရှိဘက်ထရီများထက် ၂-၃ ဆ ပိုမိုအားကောင်းသည့် ပမာဏလား။ စွမ်းဆောင်ရည်မြင့်မားပြီး စွမ်းအင်ချွေတာနိုင်သည့်အပြင် သဘာဝပတ်ဝန်းကျင်နှင့် လျော်ညီပြီး စွန့်ပစ်ရန် မလွယ်ကူခြင်းလား။

​လုံထန်ဂရုက စတင်လိုက်သည့် ဘက်ထရီမုန်တိုင်းသည် နည်းပညာလောကတစ်ခုလုံးကို ရိုက်ခတ်သွားခဲ့သည်။ အခြေခံအကျဆုံး နည်းပညာသည် စွမ်းအင်ဖြစ်ကြောင်း လူတိုင်းသိကြသည်။ လက်ရှိတွင် လုပ်ငန်းအများစု၌ အသုံးပြုနေသည့် စွမ်းအင်များသည် တိုက်ရိုက်အသုံးပြု၍ မရဘဲ လျှပ်စစ်စွမ်းအင်အဖြစ် ပြောင်းလဲကာ သိုလှောင်ကန်များထဲတွင် သိမ်းဆည်းပြီးမှသာ အသုံးပြုနိုင်သည်။

​ယခုအခါ လုံထန်ဂရုတီထွင်လိုက်သည့် ဘက်ထရီအမျိုးအစားသစ်သည် ယခင် ကာဗွန်ခရစ္စတယ်လ်နေရာတွင် အစားထိုးဝင်ရောက်လာပြီး လျှပ်စစ်သိုလှောင်မှုပမာဏမှာ ယခင်ထက် ၂-၃ ဆ ပိုမိုများပြားလာရာ မည်သူက မအံ့သြဘဲ နေနိုင်မည်နည်း။

​"ဟား... ဆီလီကွန်ခရစ္စတယ်လ် (Silicon Crystal) ကို ဆီမီးကွန်ဒတ်တာတွေမှာပဲ သုံးတာ မဟုတ်ဘူးလား..ဘယ်လိုလုပ် ဘက်ထရီလုပ်လို့ ရတာလဲ"

"တကယ်ပြောတာပါ... လုံထန်ဂရုက ဂြိုလ်သားနည်းပညာတွေများ ရထားတာလား.. မဟုတ်ရင် ဘယ်လိုလုပ် ဒီလိုမျိုး ထူးခြားဆန်းပြားတဲ့ နည်းပညာတွေ တစ်ခုပြီးတစ်ခု ထွက်လာနိုင်မှာလဲ"

"ဆီလီကွန်ခရစ္စတယ်လ် အသစ်တွေကို ဘက်ထရီလုပ်ငန်းမှာ သုံးနိုင်မယ်ဆိုရင်တော့ လက်ရှိ မိုဘိုင်းလ်ပစ္စည်းတွေက ပိုပြီးတိုးတက်လာမှာ အသေအချာပဲ"

"ဟုတ်တယ်... ငါ့အမြင်မှာတော့ ဒီဘက်ထရီတွေက ဂရပ်ဖင်း (Graphene) ဘက်ထရီတွေထက်တောင် ပိုစွမ်းသေးတယ်။ ဂရပ်ဖင်းက အားသွင်းနှုန်းကိုပဲ မြှင့်တင်ပေးနိုင်တာ၊ ပမာဏကို မမြှင့်နိုင်ဘူးလေ" ........

​အင်တာနက်ပေါ်တွင် လုံထန်ဂရုနှင့် ပတ်သက်၍ ထင်ကြေးပေးမှုများ ပိုမိုများပြားလာသည်။ ၎င်းတို့အနက် လုံထိန်ဂရု(ပ်)သည် ဂြိုလ်သားနည်းပညာကို ရှာဖွေတွေ့ရှိထားသည်ဟူသော ယူဆချက်ကို လူအများက လက်ခံလာကြသည်။

​ပထမဆုံးထွက်ရှိခဲ့သည့် Nirvana X နှင့် Tamron စမတ်ဖုန်းစနစ်များသည် လက်ရှိနည်းပညာနှင့် နီးစပ်သေးသော်လည်း နောက်ပိုင်းထွက်လာသည့် AI မိုဘိုင်းလ်ဖုန်းအတွင်းရေးမှူးမှာမူ လူသားတို့၏ နည်းပညာအဆင့်ထက် ကျော်လွန်နေခဲ့သည်။

​ယခုအခါ ဘက်ထရီကုန်ကြမ်းအသစ်ဖြစ်သော ဆီလီကွန်ခရစ္စတယ်လ်ကို ရှာဖွေတွေ့ရှိခဲ့ပြန်ပြီ။ ထိုအရာကို ဆီမီးကွန်ဒတ်တာများ ထုတ်လုပ်ရာတွင် သုံးနိုင်ကြောင်း လူတိုင်းသိသော်လည်း ဘက်ထရီထုတ်နိုင်သည်ကိုမူ မည်သူမျှ မသိခဲ့ကြပေ။

​လူသားတို့သည် စွမ်းအင်ကို အလိုချင်ဆုံးဖြစ်ပြီး ၎င်းကို သိုလှောင်အသုံးပြုရန် နည်းပညာများကို အလွန်အမင်း လိုလားနေကြသည်။ ဂရပ်ဖင်းဘက်ထရီများသည် ယင်း၏ ပြယုဂ်ပင်ဖြစ်သည်။ ဂရပ်ဖင်းဘက်ထရီများသည် လက်ရှိဘက်ထရီများထက် အသုံးဝင်မှုနှုန်း ပိုမြင့်မားသည့်တိုင် လူတိုင်းက သုတေသနများ ဆက်လက်လုပ်ဆောင်နေကြဆဲဖြစ်သည်။ သို့သော် ယခု ဆီလီကွန်ခရစ္စတယ်လ် ဘက်ထရီသည် သိုလှောင်မှုပမာဏကို ၂-၃ ဆအထိ တိုးမြှင့်ပေးနိုင်ရာ မည်သူက လျစ်လျူရှုနိုင်မည်နည်း။

​လူတိုင်း မမျှော်လင့်ထားသည့်အချက်မှာ လုံထန်ဂရုသည် ထိုသတင်းကို ထုတ်ပြန်ပြီးနောက် ပြန်လည်ငြိမ်သက်သွားခြင်းပင်ဖြစ်သည်။

တဖြည်းဖြည်းနှင့် လူတို့သည် ဆီလီကွန်ခရစ္စတယ်လ်အပေါ် အာရုံစိုက်မှု လျော့နည်းလာသည်။ ဆီလီကွန်ခရစ္စတယ်လ်သည် ဂရပ်ဖင်းကဲ့သို့ ထူးကဲသော ပစ္စည်းမဟုတ်ဘဲ ဘက်ထရီအပြင် အခြားနေရာများတွင်လည်း အသုံးပြုနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့်ပင် ထိုသတင်းမှာ ရက်အနည်းငယ်သာ ကြာမြင့်ပြီးနောက် နာမည်ကျော်စတားတစ်ဦး၏ ဖောက်ပြန်သည့်သတင်းဖြင့် ဖုံးလွှမ်းသွားခဲ့သည်။

​ဆီလီကွန်ခရစ္စတယ်လ် ဘက်ထရီကို အောင်မြင်စွာ တီထွင်နိုင်ခဲ့ပြီးနောက် လင်းဖန်၏ ဘဝသည် ပိုမိုအေးဆေးလာခဲ့သည်။ သူသည် တစ်ခါတစ်ရံ ရှုခင်းများကို ကြည့်ရှုရင်း၊ ဝမ်ချောင် ချင်းလင်တို့နှင့်အတူ အပြင်ထွက် သောက်စားရင်း သို့မဟုတ် ပင်လယ်ပြင်တွင် လမ်းလျှောက်ရင်း အချိန်ကုန်လွန်စေသည်။

​သူ့ဦးနှောက်ထဲတွင် သိမ်းဆည်းထားသည့် ဟိုလိုဂရပ်ဖစ် နည်းပညာနှင့် ပတ်သက်၍မူ ခေတ္တဆိုင်းငံ့ထားဆဲဖြစ်သည်။ မကြာသေးမီက လုံထန်၏ လှုပ်ရှားမှုများမှာ အလွန်သိသာလွန်းနေသဖြင့် ခဏတာ ငြိမ်ငြိမ်မနေပါက စိတ်ဝင်စားသူများ၏ အာရုံစိုက်မှုကို ခံရပေလိမ့်မည်။ အဖမ်းခံရပြီး ခန္ဓာကိုယ်ကို ခွဲစိတ်စစ်ဆေးခံရလျှင် မကောင်းပေ။

​"ဆရာ... ကျွန်းနိုင်ငံ (ဂျပန်) က ပို့လိုက်တဲ့ အမည်မသိ အချက်ပြမှုတစ်ခုကို ကာကွယ်ရေးစနစ်က ကြားဖြတ်တားဆီးနိုင်ခဲ့ပါတယ်။ ဒီကောင်က ကျွန်တော်တို့ ဂရုရဲ့ ဆာဗာကို တိုက်ခိုက်နေတာ သုံးရက်ဆက်တိုက် ရှိပါပြီ"

​လင်းဖန် စာကြည့်ခန်းထဲတွင် အေးအေးဆေးဆေး စာဖတ်နေစဉ် ရှုံ့တာ၏ ကလေးသံနှင့်တူသော အသံက အခန်းထဲတွင် ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ အတွေးများကို ဖြတ်တောက်လိုက်သည်။

​"ငနဲလေးတွေက စိတ်မရှည်တော့ဘူးလား"

လင်းဖန် မျက်မှောင်ကြုတ်ကာ အေးစက်စွာ မေးလိုက်သည်။

"ရှုံ့တာ... ဒီအချက်ပြမှုက ဘယ်ကလာလဲဆိုတာ စစ်ဆေးပြီး ပုံရိပ်တွေကို ကွန်ပျူတာဆီ ပို့လိုက်"

​ပြီးခဲ့သည့် အကြီးစား ကျူးကျော်မှုတွင်လည်း ကျွန်းနိုင်ငံသည် ထိပ်တန်းဟက်ကာများကို အသုံးပြု၍ လုံထန်ဂရု၏ နောက်ကွယ်မှ စနစ်များကို တိုက်ခိုက်ခဲ့ဖူးသည်။ ယခု ထပ်မံလုပ်ဆောင်လာခြင်းမှာ သည်းခံနိုင်စရာ မရှိတော့ပေ။

​"ဟုတ်ကဲ့ပါ"

​တစ်မိနစ်အတွင်းမှာပင် ရှုံ့တာသည် ကွန်ရက်တစ်လျှောက်မှတစ်ဆင့် တစ်ဖက်လူ၏ ကွန်ပျူတာထဲသို့ တိုက်ရိုက်ဝင်ရောက်သွားပြီး လင်းဖန်၏ ကွန်ပျူတာမျက်နှာပြင်ပေါ်တွင် စောင့်ကြည့်ရေးမြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

​"ဟင်.. ဒါ ဆန်လင်ကုမ္ပဏီ မဟုတ်လား"

ရင်းနှီးနေသော စာသားများကို ကြည့်ရင်း လင်းဖန်သည် ထိုအဆောက်အအုံကို ချက်ချင်းမှတ်မိသွားသည်။ သူ၏ မျက်နှာမှာ အေးစက်သွားပြီး အမိန့်ပေးလိုက်သည်။

- "ရှုံ့တာ... ဒီကောင်တွေရဲ့ အရေးကြီးတဲ့ ဖိုင်တွဲတွေ အကုန်လုံးကို ဆွဲထုတ်လိုက်"

​ဆန်လင်ကုမ္ပဏီ (သို့မဟုတ်) ဆန်လင်ဂရုသည် ကျွန်းနိုင်ငံ၏ အကြီးမားဆုံးသော သူဌေးကြီးများအဖွဲ့ ပြိုကွဲပြီးနောက် ပြန်လည်ဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်ပြီး အလွန်အင်အားတောင့်တင်းသည်။ ဆန်လင်ဂရုသည် သတ္တုတွင်း၊ သင်္ဘောကျင်း၊ ဘဏ်လုပ်ငန်း၊ အာမခံ၊ သိုလှောင်ရုံနှင့် ကုန်သွယ်ရေး၊ စက္ကူ၊ သံမဏိ၊ ဖန်၊ လျှပ်စစ်ပစ္စည်း၊ လေယာဉ်၊ ရေနံနှင့် အိမ်ခြံမြေ လုပ်ငန်းများစွာတွင် ပါဝင်ပတ်သက်နေသည်။

​ယခုအချိန်အထိ တစ်ကမ္ဘာလုံးတွင် ဆန်လင်၏ အဖွဲ့ဝင်ကုမ္ပဏီပေါင်း ၆၀၀ ခန့်ရှိပြီး ကျွန်းနိုင်ငံ၏ ခေတ်မီတိုးတက်ရေးကို ထောက်ပံ့ပေးနေသည်။ အမျိုးသားရေးမုန်းတီးမှုဖြစ်စေ၊ ပုဂ္ဂိုလ်ရေးအရဖြစ်စေ လင်းဖန်သည် ဤကျွန်းနိုင်ငံဂရုကို လွှတ်ပေးရန် အစီအစဉ်မရှိပေ။

​ယခုအချိန်တွင် ကျွန်းနိုင်ငံရှိ ဆန်လင်ဂရု ဌာနချုပ်တွင် အကြီးတန်းအရာရှိ အများစုသည် လုံထန်ဂရုထဲသို့ ထိုးဖောက်ဝင်ရောက်နိုင်ရေးကိုသာ အာရုံစိုက်နေကြသည်။ ၎င်းတို့သည် AI ထက် ဆီလီကွန်ဘက်ထရီများကို ပိုမိုစိတ်ဝင်စားကြသည်။ အဘယ်ကြောင့်ဆိုသော် ဆန်လင်ဂရုထွန်းကားလာမှုတွင် စွမ်းအင်ကဏ္ဍသည် အရေးကြီးဆုံးအခန်းကဏ္ဍမှ ပါဝင်နေသောကြောင့် ဖြစ်သည်။

​သို့သော် လုံထန်ဂရုက ၎င်းတို့၏ လုပ်ရပ်ကို ကြိုတင်သိရှိသွားပြီဖြစ်ကြောင်းနှင့် နောက်ကွယ်တွင် ပုန်းအောင်းနေသည့် အင်အားကြီး BOSS တစ်ဦးက ၎င်းတို့ကို ရှာတွေ့သွားပြီဖြစ်ကြောင်း ဆန်လင်ဂရုက မသိရှိသေးပေ။ ထိုသူများအတွက် စောင့်ကြိုနေသည်မှာ ပျော်ရွှင်မှုမဟုတ်ဘဲ အနိဋ္ဌာရုံများသာ ဖြစ်ပေတော့မည်။

​ရှုံ့တာသည် ကမ္ဘာပေါ်တွင် တစ်ဦးတည်းသော ကိုယ်ပိုင်သင်ယူနိုင်စွမ်းရှိသည့် AI ဖြစ်ပြီး အင်တာနက်လောကကို စိုးမိုးထားသူပင် ဖြစ်သည်။

..........................................................

အပိုင်း ၁၈၂

"သူဌေး... ကျွန်တော် ဆန်လင်ဂရုရဲ့ ဆာဗာကို အောင်အောင်မြင်မြင် ထိုးဖောက်နိုင်ခဲ့ပါပြီ။ အခု ဒေတာတွေကို လွှဲပြောင်းနေပါတယ်။"

​"အင်း!"

​လင်းဖန်က သူ့ရှေ့က ကွန်ပျူတာမျက်နှာပြင်ကို စိုက်ကြည့်ရင်း ခေါင်းညိတ်လိုက်သည်။

​ဆန်လင်ဂရုဆိုသည်မှာ ကျွန်းနိုင်ငံ၏ အကြီးဆုံးလုပ်ငန်းစုကြီး ဖြစ်ရုံသာမက စစ်ဘက်ဆိုင်ရာ ထိပ်တန်းလက်နက်နည်းပညာများကိုပါ ပိုင်ဆိုင်ထားသည့် ဘီလူးကြီးတစ်ကောင် ဖြစ်သည်။ အဆင့်မြင့်နည်းပညာပိုင်းမှာတော့ ဒီငနဲလေးတွေက တကယ်ကို လက်စွမ်းထက်ကြသည်ဟု ဆိုရမည်။

​တောင်..

​ကြည်လင်ပြတ်သားသော အသံနှင့်အတူ ဖိုင်လွှဲပြောင်းမှု ပြီးဆုံးသွားပြီး ဖိုဒါတစ်ခုလုံး မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။ လင်းဖန်သည် တွန့်ဆုတ်မနေဘဲ ဖိုဒါကိုဖွင့်ကာ အချက်အလက်များကို သေချာဖတ်ရှုတော့သည်။ ဤအချက်အလက်အားလုံးမှာ ကျွန်းနိုင်ငံက ဝှက်ထားသည့် ထိပ်တန်းလျှို့ဝှက်ချက်များ ဖြစ်သည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

​ပထမဆုံးဖိုင်မှာ သံမဏိဖော်မြူလာများစွာ အပါအဝင် အထူးသံမဏိအရည်ကျိုနည်းပညာများအကြောင်း ဖြစ်သည်။

​"ဒါ တကယ့်ရတနာပဲ"

​လင်းဖန်၏မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ထင်ဟပ်လာသည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် သံမဏိထုတ်လုပ်မှု အများဆုံးဖြစ်သော်လည်း အများစုမှာ အဆင့်နိမ့်နှင့် အလယ်အလတ်တန်းစားများသာ ဖြစ်ပြီး၊ အဆင့်မြင့်အလွိုင်းစတီးနှင့် အထူးသံမဏိနည်းပညာပိုင်းတွင် အခက်အခဲများစွာ ရှိနေသည်ကို သူသိသည်။ ကျွန်းနိုင်ငံ၏ သံမဏိနည်းပညာမှာမူ ဥရောပနှင့် ရင်ဘောင်တန်းနိုင်ပြီး တရုတ်နိုင်ငံသည် နှစ်စဉ် ကျွန်းနိုင်ငံထံမှ အဆင့်မြင့်သံမဏိ တန်ချိန် ၂ သန်းထက်မနည်း တင်သွင်းနေရသည်။ ယခု ဤအချက်အလက်များသာ ရရှိလျှင် တရုတ်နိုင်ငံ၏ အထူးသံမဏိကဏ္ဍသည် အကြီးအကျယ် တိုးတက်လာမည်ဖြစ်ပြီး ကျွန်းနိုင်ငံအပေါ် မှီခိုနေရသည့် အခြေအနေမှ ကင်းဝေးသွားပေလိမ့်မည်။

​ထို့တင်မကသေးဘဲ ရှုံ့တာပို့ပေးလိုက်သည့် ဖိုင်များထဲတွင် သင်္ဘော၊ ကားနှင့် လေယာဉ်များဆိုင်ရာ သုတေသနအချက်အလက်များလည်း ပါဝင်နေသည်။ သို့သော် နောက်ထပ်တွေ့ရသည့် အချက်အလက်များက လင်းဖန်၏ မျက်နှာကို ပိုမိုတင်းမာသွားစေသည်။ ၎င်းမှာ လေဆာအမြောက်နှင့် လျှပ်စစ်သံလိုက်အမြောက်ကဲ့သို့သော အထူးလက်နက်များ သုတေသနအကြောင်း ဖြစ်သည်။

သူ၏ကျွမ်းကျင်မှုအရ ကြည့်လျှင် ကျွန်းနိုင်ငံသည် ဤလက်နက်နှစ်မျိုးလုံးတွင် အားသာချက်များစွာရှိနေပြီး ၅ နှစ်အတွင်း အမြောက်အမြား ထုတ်လုပ်နိုင်မည့် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။

​"ဆရာ... ဒါက ဆန်လင်ဂရုထဲမှာ ခုနကပဲ ထပ်တွေ့တာ၊ တစ်ချက်ကြည့်ကြည့်ပါဦး"

​ရှုံ့တာက နောက်ထပ်ဖိုင်တစ်ခုကို ထပ်ပို့လိုက်သည်။ လင်းဖန် မျက်မှောင်ကြုတ်သွားသည်။ ရှုံ့တာက ဘာကြောင့် ဒီဖိုင်ကို သီးသန့်အမှတ်အသားလုပ်ပြီး ပို့ရသနည်း.။သူ့အတွက် မကောင်းသည့်အရာများ ပါနေ၍လား။

​လင်းဖန် ထိုလျှို့ဝှက်ဖိုင်ကို ဖွင့်လိုက်သည်နှင့် သူ၏မျက်နှာအမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး မျက်လုံးထဲတွင် လူသတ်လိုသည့် အရိပ်အယောင်များ ပေါ်လာသည်။

​《လျောင်နင်ပြည်နယ်၏ မြေမျက်နှာသွင်ပြင်》

《ဟီရာတာနှင့် ဟိုကူတို၏ နှစ် ၃၀ စာ ရေဆင်းနှင့် ရာသီဥတု လေ့လာချက်》

《မြောက်ပိုင်းတရုတ်ဒေသ၏ ထူးခြားချက်များ》........

​နိုင်ငံအနှံ့အပြား၏ မြေမျက်နှာသွင်ပြင်၊ ရေဆင်း၊ ရာသီဥတုနှင့် အဓိကကျသော နောက်ဆုံးပေါ် မြေပုံများကို တိတိကျကျ မှတ်တမ်းတင်ထားသည့် ဖိုင်ပေါင်း ရာနှင့်ချီရှိနေသည်။ ထိုမြေပုံများပေါ်တွင် အထူးအခြေစိုက်စခန်းများနှင့် သုတေသနဌာနများကိုပါ အမှတ်အသားပြုထားပြီး အချို့နေရာများမှာ လင်းဖန်ကိုယ်တိုင်ပင် တစ်ခါမျှ မကြားဖူးသော နေရာများဖြစ်သည်။

နောက်ဆုံးဖိုင်တွင်မူ ဆန်လင်ဂရုက နိုင်ငံအတွင်း ဖြန့်ကြက်ထားသည့် သုတေသနပညာရှင်နှင့် သူလျှိုပေါင်း ထောင်နှင့်ချီသော စာရင်းကို မှတ်တမ်းတင်ထားရာ တကယ်ကို ထိတ်လန့်ဖွယ်ရာပင်။

​ကျွန်းနိုင်ငံသည် မိမိတို့ကို ဖျက်ဆီးရန် ကြံစည်နေသည်မှာ လူတိုင်းသိသော်လည်း၊ ငြိမ်းချမ်းရေးရခဲ့သည်မှာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်၍ လူအများမှာ စစ်ပွဲ၏ အရိပ်အယောင်များကို မေ့လျော့နေကြပြီဖြစ်သည်။ သို့သော် ရန်သူ၏ တည်ရှိမှုကို မည်သည့်နိုင်ငံကမျှ လျစ်လျူရှု၍ မရပေ။ ဆန်လင်ဂရုက ဤအရာများကို အဘယ်ကြောင့် စုဆောင်းထားသနည်း။

၎င်းမှာ နောင်တစ်ချိန်တွင် စစ်ပွဲထပ်မံဖြစ်ပွားရန်အတွက် ပြင်ဆင်နေခြင်းဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိပေ။

​အမြဲတမ်း သတ္တိရှိလှသော လင်းဖန်ပင် ဤဖိုင်ကို ကြည့်ပြီးနောက် ရင်ထဲတွင် ကြောက်စိတ် အနည်းငယ် ဝင်သွားသည်။ အကယ်၍ ယနေ့ သူသာ မတော်တဆ ရှာမတွေ့ခဲ့လျှင် ကျွန်းနိုင်ငံ၏ ဤကြံစည်မှုကို မည်သူမျှ သတိထားမိလိမ့်မည် မဟုတ်ပေ။

​"ရှုံ့တာ... နောက်ဆုံးရတဲ့ အချက်အလက်တွေကို သီးသန့်ဖိုင်တစ်ခုအနေနဲ့ ချုံ့လိုက်ပြီး အမျိုးသားလုံခြုံရေးဗဟိုဌာနကို အမည်မဖော်ဘဲ ပို့လိုက်။ သဲလွန်စအားလုံးကို အမြန်ဆုံး ရှင်းပစ်ဖို့ မမေ့နဲ့"

​ခဏမျှ စဉ်းစားပြီးနောက် လင်းဖန် အမိန့်ပေးလိုက်သည်။ ဤအရာများသည် သူနှင့် တိုက်ရိုက်မသက်ဆိုင်သော်လည်း တရုတ်နိုင်ငံသားတစ်ယောက်အနေဖြင့် မည်သူမဆို ဤအရာကို တွေ့လျှင် လျစ်လျူရှုထားနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် သူသည် အမည်မဖော်လိုသော သူရဲကောင်းတစ်ယောက် ဖြစ်ရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

ဤအချက်အလက်များ ရောက်သွားပြီးနောက် အထက်လူကြီးများ မည်သို့ကိုင်တွယ်မည်ဆိုသည်မှာ သူ၏ တာဝန်မဟုတ်တော့ပေ။

​"ဒါနဲ့... ရှေ့ပိုင်းက ဖိုင်တွေကိုလည်း ဖိုင်တစ်ခုအနေနဲ့ ချုံ့ပြီး စစ်ဘက်ဆိုင်ရာ အထူးပစ္စည်းကိရိယာဌာနကို အမည်မဖော်ဘဲ ပို့လိုက်ဦး"

​"သူဌေး... ပို့တာ အောင်မြင်သွားပါပြီ"

​တစ်မိနစ်အကြာတွင် ရှုံ့တာ၏ အသံထွက်ပေါ်လာသည်။

​"အင်း သဲလွန်စအားလုံးကို ရှင်းလိုက်၊ လောလောဆယ်တော့ ဒီလောက်ပဲ"

​လင်းဖန် ခေါင်းညိတ်ပြီး သူ့နေရာတွင် ပြန်ထိုင်ကာ စာဆက်ဖတ်နေတော့သည်။ သူလုပ်သင့်သည်ကို လုပ်ပြီးပြီဖြစ်၍ ကျန်သည့်အရာမှာ အထက်လူကြီးများ၏ ကိုင်တွယ်မှုအပေါ်သာ မူတည်တော့သည်။

​တစ်ချိန်တည်းမှာပင် စစ်ဘက်ဆိုင်ရာ အထူးပစ္စည်းကိရိယာဌာနနှင့် လုံခြုံရေးဝန်ကြီးဌာနတို့၌ အမည်မဖော်သော ဖိုင်များ ရောက်ရှိလာခြင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။

​"ဝန်ကြီး... ကျွန်တော် အမည်မသိလူတစ်ယောက်ဆီက ဖိုင်တစ်ခု ရထားပါတယ်။ ဝန်ကြီးကိုယ်တိုင် စစ်ဆေးကြည့်ပေးဖို့ လိုအပ်မယ့် အရာတွေ ပါနေပါတယ်"

​အမျိုးသားလုံခြုံရေးဝန်ကြီးဌာနမှ ဝတ်စုံပြည့်ဝတ်ထားသော လူငယ်တစ်ဦးသည် တံခါးပင်မခေါက်နိုင်ဘဲ ဝန်ကြီးရုံးခန်းထဲသို့ အလောတကြီး ဝင်လာခဲ့သည်။

​"ဟင် ဘာဖြစ်လို့လဲ"

​ဝန်ကြီး ရဲချန်ကျွင်းက လူငယ်၏ စိုးရိမ်နေသော မျက်နှာကိုကြည့်ကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။

​"နံပါတ် (၁)... ဝန်ကြီးကိုယ်တိုင် လာကြည့်တာ ပိုကောင်းပါလိမ့်မယ်။ ကျွန်တော်တို့မှာ ဒါကို ကြည့်ဖို့ အခွင့်အာဏာ မလုံလောက်လို့ပါ"

​လူငယ်က အားနာဟန်ဖြင့် ထစ်ထစ်ငေါ့ငေါ့ ပြောလိုက်သည်။ ထိုစကားကို ကြားလျှင် ရဲချန်းကျွင်းသည် တစ်ခုခုကို နားလည်သွားဟန်ဖြင့် လက်ရှိအလုပ်များကို ချထားကာ ရုံးခန်းထဲမှ အမြန်ထွက်လာခဲ့သည်။ ဤလူငယ်သည် လုံခြုံရေးဗဟိုဌာနတွင် ရာထူးမနိမ့်သော်လည်း၊ သူကိုယ်တိုင်ပင် ကြည့်ရှုခွင့်မရှိဟု ဆိုပါက ထိုအရာသည် နိုင်ငံတော်အဆင့် (Level 1) လျှို့ဝှက်ချက်ဖြစ်ကြောင်း ထင်ရှားနေသည်။

​မိနစ်အနည်းငယ်အကြာတွင်-

​"အဘိုးကြီးရဲ... ဒီဖိုင်ကို လာကြည့်ဦး"

​ရဲချန်ကျွင်း ကွန်ရက်စောင့်ကြည့်ရေးဌာနထဲသို့ ဝင်လာသည်နှင့် ဒုတိယဝန်ကြီး မောင်ရန်က သူ့ကို အမြန်လှမ်းခေါ်လိုက်သည်။ တစ်ချိန်တည်းမှာပင် နည်းပညာရှင်အားလုံးက ဝန်ကြီးကို စိုက်ကြည့်နေကြပြီး အခန်းထဲတွင် ထူးဆန်းသော တိတ်ဆိတ်မှုများ ဖုံးလွှမ်းနေသည်။

​"အခြေအနေက ဘာလဲ"

ရဲချန်ကျွင်းက မေးလိုက်သည်။

​"အဘိုးကြီးရဲ... ခုနကပဲ တစ်စုံတစ်ယောက်က ကျွန်တော်တို့ လုံခြုံရေးဌာနဆီကို အမည်မဖော်ဘဲ အီးမေးလ်တစ်စောင် ပို့လာတယ်။ အထဲမှာ ထိပ်တန်းလျှို့ဝှက်ချက်တွေ အများကြီးပါတယ်။ ပို့တဲ့သူရဲ့ ပြောကြားချက်အရ ဒါတွေဟာ ဆန်လင်ဂရု ဌာနချုပ်က ရလာတဲ့ အရာတွေပဲ"

​ဒုတိယဝန်ကြီး မောင်ရန်က အခြေအနေကို အသေးစိတ် ရှင်းပြလိုက်သည်။

​"ဘာ"

ရဲချန်ကျွင်း၏ မျက်နှာမှာ ပျက်သွားသည်။ အမည်မသိ အီးမေးလ်ထဲတွင် ဆန်လင်ဂရုထံမှ ရလာသည့် လျှို့ဝှက်ချက်များ ပါနေသည်ဆိုခြင်းမှာ သာမန်ကိစ္စ မဟုတ်တော့ပေ။ ထိုစကားအနည်းငယ်ကြောင့်ပင် သူသည် နောင်ဖြစ်လာနိုင်မည့် အကျိုးဆက်များစွာကို တွေးတောမိကာ အလွန်အမင်း စိုးရိမ်ပူပန်လာတော့သည်။

All Chapters