လူတစ်ယောက် အစီအရင် ၂
Vol. 91 Ch. 904
လေပြင်းတိုက်တိုက်၊မိုးရွာရွာ သူ့ကို အနည်းငယ်မျှပင် လှုပ်ခတ်အောင်မစွမ်းဆောင်နိုင်ခဲ့ပေ။
ပေါက်ကွဲပြီးဝဲကယက်ထနေသော ရေပြင်များသည် ခဏချင်းအတွင်းမှာပင် မမြင်ရသောကြီးမားသည့် စွမ်းအားတစ်ခု၏ဖိနှိပ်ခြင်းကို ခံလိုက်ရပြီး၊ အနောက်ပိုင်းဟုန်ထဲသို့ သည်းထန်စွာ ပြန်လည်ကျဆင်းသွားသည့် မိုးရေများအဖြစ်သို့ ချက်ချင်းပြောင်းလဲသွား၏။
ရှန်းယွဲ့မှာ မိုးပြာရောင်ကောင်းကင်ယံကို အောင်နိုင်ခဲ့လေပြီဖြစ်၏။
ထို့နောက် ဤမိုးမြေကြားတွင် မည်သူမျှ လှိုင်းတံပိုးများမထအောင် မစွမ်းဆောင်နိုင်တော့ပေ။
ရှေးဟောင်းနဂါးဝိညာဉ်နှစ်ခုသည် ရွှေရောင်ချည်မျှင်များကဲ့သို့ ထိုသွယ်လျသောပုံရိပ်ကို လွှမ်းခြုံထားခဲ့သည်။ ရှန်းယီက လက်မအနည်းငယ်မျှသာဝေးတော့သည့် အနောက်နဂါးဘုရင်၏နဂါးခေါင်းကို တည့်တည့်စိုက်ကြည့်နေပေသည်။
သူ၏ဆုပ်ထားသောလက်သီးများနှင့် တံတောင်ဆစ်များကြားတွင် ကြီးမားသော စွမ်းအားများဟိန်းဟောက်နေသော်လည်း သူတို့နှစ်ဦးစလုံးမှာ ခြေတစ်လှမ်းမျှနောက်မဆုတ်ခဲ့ကြပေ။
ဤအကြိတ်အနယ်တိုက်ပွဲကြား၌၊
သူက ခေါင်းကိုဖြည်းညှင်းစွာ လှည့်လိုက်ပြီး “စီနီယာတို့... ရှန်းယီကို ကူညီပြီးအရပ်မျက်နှာအားလုံးကို ပိတ်ဆို့ပေးထားကြပါ၊ အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ ထွက်မပြေးပါစေနဲ့” ဟု ပြောလိုက်၏။
“...”
ယဲ့ကျိုးက အလင်းစီးဆင်းရတနာဓားကို ကိုင်ဆောင်ထားပြီး တတိယမြောက်နတ်ဘုရားစွမ်းရည်ကို ထုတ်ဖော်တော့မည့်ဆဲဆဲတွင် ဤစကားကို ကြားလိုက်ရသဖြင့် တိတ်ဆိတ်သွားခဲ့သည်။
ကောင်းပြီ... ဒီဂိုဏ်းချုပ်ရှန်းက တကယ်ပဲ သူများစကားကို လက်ခံပေးတတ်တာပဲ။
ပြီးခဲ့သည့်တစ်ခေါက်က သူက တစ်ယောက်တည်း လုပ်ရခြင်းကိုကြိုက်နှစ်သက်သောကြောင့် တောင်ပိုင်းဟုန်ခုနစ်ဂိုဏ်းကို အရေးမပါသလိုခံစားရစေခဲ့သည်ဟု ပြောခဲ့ကြသည်။
ယခုတော့ သူ့လူများကိုခေါ်နေလေပြီ... မဟုတ်လျှင်နောက်ဆုံးတွင် သူကိုယ်တိုင်သာ အရာအားလုံးလိုက်လုပ်နေရသည်မဟုတ်လော။
ရှန်းယီက တိုက်ပွဲအတွင်း အများကြီးရှင်းပြနေရသည်ကို မနှစ်သက်ပေ။ စီနီယာ ယဲ့ကျိုး၏ အတွေးကို သူရိပ်မိသဖြင့် ခေါင်းကို အသာအယာ ခါယမ်းလိုက်ရုံသာ ပြုလုပ်နိုင်ခဲ့၏။
သူ့အတွက်မူ ဤအရာသည် အမှန်တကယ်ပင် အလွန်အရေးကြီးသောကိစ္စပင်။
သတင်းသာ ပေါက်ကြားသွားပါက၊ သူသည် အရာရာကိုအရှုံးပေးရမည့် အခြေအနေ သို့မဟုတ် အနိုင်မရနိုင်သော ချောက်နက်ထဲသို့ပင်ရောက်ရှိသွားနိုင်လေသည်။
အဘယ်ကြောင့်ဆိုသော် အချိန်မှာအလွန်နည်းပါးလွန်းလှပြီး အစီအစဉ်အားလုံးကိုအပြီးသတ်ရန် မလုံလောက်သောကြောင့်ပင်။
ယခုကဲ့သို့အလောတကြီး ဖြစ်နေရသည့်အကြောင်းရင်းမှာ ရိုးရှင်းပါသည်။
ဟုန်ကျယ်မသေမျိုးပြောသွားသည့် ဆယ်စုနှစ်တစ်ခုကျော်ဆိုသော အချိန်ကာလမှာ တာအိုပေါင်းစည်းခြင်းနယ်ပယ်ရှိ ကျင့်ကြံသူဖြစ်စေ၊ နတ်ဆိုးဖြစ်စေ မည်သူမဆိုအတွက် အလွန်တိုတောင်းသည်ဟု ခံစားရပါိလမ့်မည်။
မသေမျိုးသည် သူ၏ကမ္မကုသိုလ်များကို သိမ်းဆည်းပြီးနောက် ဟုန်ကျယ်မှ ထွက်ခွာခွင့်ရတော့မည် ဖြစ်သည်။
ဟုန်ကျယ်ရှိ မည်သည့်သတ္တဝါအတွက်မဆို ဤအရာမှာကောင်းမွန်သော ကိစ္စပင်။ အောင်မြင်သည်ဖြစ်စေ၊ရှုံးနိမ့်ရှိသည်ဖြစ်စေ ဆယ်စုနှစ်တစ်ခုကျော်စောင့်ရခြင်းမှာ တန်ဖိုးပေးဆပ်ရသည့်ဟု မဆိုနိုင်ပေ။
သူ့အတွက်မှလွဲ၍ပင်။
အဘယ်ကြောင့်ဆိုသော် ဟုန်ကျယ်မသေမျိုးရာထူးတိုး၍ ပြောင်းရွှေ့သွားသည်နှင့် တစ်ပြိုင်နက်၊သူသည် ကျောက်စိမ်းဖြူကြံ့မှော်ရတနာကို မလွဲမသွေယူဆောင်သွားမည်ဖြစ်ပြီး၊ ထိုအခါ မသေမျိုးစွမ်းအင်များ ခိုးယူခံထားရသည်ကို သိရှိသွားပေလိမ့်မည်။
ဤအချက်ကို ရှန်းယီက မည်သူ့ကိုမျှ လုံးဝအသိမပေးနိုင်ပေ။
အရှေ့နဂါးနန်းတော်မှ လူများသာ ဤသတင်းကို ရရှိသွားပါက၊ အရှေ့နဂါးဘုရင်သည် မည်မျှပင် စိတ်မရှည်ဖြစ်နေပါစေ နောက်ထပ်ဆယ်စုနှစ်တစ်ခုစောင့်ရခြင်းကို စိတ်ထဲထားမည် မဟုတ်ပေ။
ထိုအချိန်ကျလျှင် သူသည် ကြီးမြတ်သော နဂါးနန်းတော်သုံးခု၊ အနန္တတာအိုအင်ပါယာဂိုဏ်း နှင့် ဟုန်ကျယ်မသေမျိုးတို့ကို ရင်ဆိုင်ရပေလိမ့်မည်။
၎င်းမှာ တကယ်ပင် သေလမ်းသာဖြစ်ပေလိမ့်မည်။
ထို့ကြောင့် အရှေ့နဂါးနန်းတော်၏ စိတ်ကူးမပြောင်းလဲမီသူက နောက်ထပ်ခြေတစ်လှမ်း ရှေ့တိုးရမည်။
“တစ်ညပဲ။”
ရှန်းယီက လျှို့ဝှက်ဆန်းကြယ်သော မှတ်ချက်တစ်ခု ချန်ထားခဲ့ပြီး သူ၏အကြည့်ကို လွှဲလိုက်၏။
မင်းသား ကျစ်ယန်က သူ၏ရည်ရွယ်ချက်ကို နားလည်သွားသဖြင့်နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။
ဂိုဏ်းချုပ်ရှန်းသည် မင်းသား၏မယုံကြည်မှုကို မြင်သော်လည်းစကားလုံးများဖြင့် တုံ့ပြန်ရန် မထိုက်တန်ဟု မှတ်ယူထား၏။ ယခုအချိန်တွင် သူလိုအပ်သည်မှာ ချီရှန့်ထောင်၏ အသက်ကို အရှေ့နဂါးနန်းတော်၏အပြည့်အဝ ထောက်ခံမှုနှင့် လဲလှယ်ရန် တစ်ညတာအချိန်သာပင်။
“ငါကိုယ်တော်နဲ့ တိုက်ခိုက်နေရင်း အာရုံပြန့်ရဲတယ်ပေါ့လေ”
အသက်ကြီးရင့်နေပြီဖြစ်သော ကျောက်စိမ်းဦးချို ငွေနဂါးသည် ဟိန်းဟောက်လိုက်ရာ ၎င်း၏ပါးစပ်ထောင့်မှ တံရည်များ စီးကျလာခဲ့၏။ ကြက်သွေးရောင်နတ်ဆိုးစွမ်းအင်များက ၎င်း၏ ငွေရောင်အကြေးခွံများကြားမှ ထွက်ပေါ်လာပြီး ဖောက်ထွင်း၍မရသောလေးလံသည့် ချပ်ဝတ်တန်ဆာကဲ့သို့ဖြစ်နေသော်လည်း၊၎င်း၏ခန္ဓာကိုယ်မှာ ပေါ့ပါးသွက်လက်နေဆဲဖြစ်ကာ လက်သီးများမှာပြင်းထန်သော မုန်တိုင်းကဲ့သို့ တရစပ်ကျဆင်းလာသည်။
၎င်းသည် အနောက်ပိုင်းဟုန်တွင် မိုးမြေကို မလှုပ်ခတ်နိုင်တော့သော်လည်း လက်သီးတစ်ချက်ချင်းစီတွင်ပါရှိသော ကြီးကျယ်ခမ်းနားသည့် အရှိန်အဝါများမှာ ကောင်းကင်ယံကိုဖိနှိပ်ထားသည့် ရှန်းယွဲ့အပေါ်တွင်သာ အပြည့်အဝစုစည်းထားခဲ့၏။
ထိုသို့သော ပြင်းထန်သည့် တိုက်ခိုက်မှုများကို ရင်ဆိုင်ရင်း ရှန်းယီ၏ မျက်လုံးများက အေးစက်နေပြီးအရာရာကို ထိုးဖောက်မြင်နေသည့်အလား ရှိနေသည်။ ရွှေရောင်မှော်အက္ခရာဆန်းကြယ်ဓားရှည်ကို သူ၏ညာလက်တွင် ဆုပ်ကိုင်ထားရင်း နဂါးလက်သည်းကို ဓားသွားဖြင့်ပိတ်ဆို့ကာ ဓားဖြားကို သူ၏ဘယ်ဘက်လက်ဖြင့် ထောက်ထားခဲ့သည်။
အနောက်နဂါးဘုရင်၏ ထိတ်လန့်ဖွယ် လက်သီးချက်သည် ကောင်းကင်ယံကိုဆုတ်ဖြဲနိုင်သော်လည်း၊ထိုဓားရှည်ကိုမူ အနည်းငယ်မျှပင် ကွေးညွှတ်အောင် မစွမ်းဆောင်နိုင်ပေ။
နတ်ဆိုးများစွာ၏ ယအသက်များဖြင့် သွန်းလုပ်ထားသော နတ်ဆိုးအင်ပါယာလက်နက်သည် နောက်ဆုံးတွင် ကောင်းကင်ဘုံနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ရှိ နဂါးနတ်ဆိုးတစ်ကောင်၏ ရှေ့တွင် ၎င်း၏ စစ်မှန်သောစွမ်းအားကို ထုတ်ဖော်ပြလိုက်လေပြီ။
ထန်..ထန်..
တိုက်ခိုက်မှုတစ်ခုချင်းစီ၏တုန်ခါမှုမှာ မင်းသား ကျစ်ယန်၏ ရင်ဘတ်ကို ဗုံတီးနေသကဲ့သို့ ခံစားရစေသည်။ ရှန်းယီတွင် ဤလက်သီးချက်များကို ရှောင်တိမ်းရန်နည်းလမ်းပေါင်းများစွာ ရှိနေသည်ကို သူသိသော်လည်း၊ သူက ထိပ်တိုက်ရင်ဆိုင်ရန်နှင့် လက်မအနည်းငယ်မျှနောက်မဆုတ်ရန် ရွေးချယ်ခဲ့ခြင်းမှာ မင်းသား ကျစ်ယန်အား သူ၏ စွမ်းဆောင်ရည်ကိုပြသနေခြင်းပင်။
“ငါမင်းကို တစ်ရက်နဲ့ တစ်ည အချိန်ပေးမယ်။”
ကျစ်ယန်က ဘာမှမပြောဘဲ တိတ်တဆိတ်ထွက်ခွာသွားနိုင်သော်လည်း၊ တစ်စုံတစ်ရာသော အကြောင်းပြချက်ကြောင့် ထိုစကားကို ချန်ထားခဲ့ပြီးနောက် သူ၏ညီမဖြစ်သူကို ခန်းမကြီးမှ ခေါ်ဆောင်သွားလေတော့သည်။
ထိုစကားကို ကြားလိုက်ရသည့် အခိုက်အတန့်တွင်၊ ဒေါသထွက်နေပြီးဖြစ်သော အနောက်နဂါးဘုရင်သည် ခဏတာမိန်းမောသွားပြီးနောက် သူ၏ မျက်လုံးများမှာပြူးထွက်လာကာ ထပ်မံ ဟိန်းဟောက်လိုက်၏။
“ကျစ်ယန် မင်းက နဂါးနန်းတော်ကို သစ္စာဖောက်ရဲတယ်ပေါ့”
ပြင်းထန်သော တုန်ခါမှုတစ်ခု ခံလိုက်ရသည့်အလား၊ငွေဖြူရောင်ရေငွေ့တန်းများက ခန်းမကြီးတစ်ခုလုံး၏ အောက်ခြေမှ ထွက်ပေါ်လာပြီး အနောက်နဂါးဘုရင်၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်သွားလေသည်။
၎င်း၏ နဂါးဦးချိုနှစ်ချောင်းမှာ စီးဆင်းနေသော အလင်းတန်းများအဖြစ်ပြောင်းလဲသွားပြီး လက်ဝါးများထဲတွင် စုစည်းသွားကာ ဆီးနှင်းဖြူရောင်ဓားရှည်တစ်စုံအဖြစ် ဖြစ်ပေါ်လာခဲ့၏။
၎င်း၏အရှိန်အဝါက ထိတ်လန့်ဖွယ်ကောင်းပြီး စိမ်းသက်သောနယ်ပယ်တစ်ခုသို့ လျင်မြန်စွာ ချဉ်းကပ်လာတော့သည်။
“မင်းရဲ့အကွက်တွေက ဘယ်လိုလှည့်စားတဲ့ နည်းလမ်းဘဲဖြစ်စေ။”
“မင်းက အရှေ့နန်းတော်နဲ့ ဘယ်လိုပဲ ပူးပေါင်းထားပါစေ။”
“ဒီ အနောက်ပိုင်းဟုန်က ငါကိုယ်တော်ရဲ့ အနောက်ပိုင်းဟုန် ဖြစ်နေတုန်းပဲ”
ချီရှန့်ထောင်သည် နောက်ဆုံးတွင် နဂါးသိုက်၏ စွမ်းအားကိုအသုံးချနိုင်ခဲ့ပြီး သူမခံစားခဲ့ရသည်မှာကြာပြီဖြစ်သော တဟုန်ထိုးတိုးတက်လာသည့် နတ်ဆိုးစွမ်းအားများကို ခံစားလိုက်ရသည်။
သူက ဓားများကိုရဲရဲဝံ့ဝံ့ဝေ့ယမ်းလိုက်ရာ၊ ဧရာမ ကျောက်စိမ်းဦးချိုငွေနဂါးရိပ်နှစ်ခုမှာ ရစ်ခွေဟိန်းဟောက်ကာထွက်ပေါ်လာပြီး ခန်းမကြီးတစ်ခုလုံးကို လွှမ်းခြုံသွားတော့သည်။ တစ်ခဏအတွင်းမှာပင် နဂါးချီများဖြင့် နှစ်ပေါင်းများစွာထိန်းသိမ်းလာခဲ့သော နဂါးနန်းတော်မှာ ပျက်စီးသွားခဲ့လေ၏။
မျက်စိတစ်မှိတ်အတွင်းမှာပင် အရာအားလုံးနီးပါး ကွယ်ပျောက်သွားတော့သည်။
ဤအရာမှာ တာအိုနှင့် နီးစပ်သော စွမ်းအားတစ်ခုပင်။
ဟုန်ကျယ်တစ်ခုလုံးတွင် လူသုံးဦးသာ တာအိုပေါင်းစည်းခြင်းနယ်ပယ်၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြ၏။ ထိုလူသုံးဦး မရှိသည့်အချိန်တွင် ချီရှန့်ထောင်မှာ ပြိုင်ဘက်မရှိသောသူ ဖြစ်နေလေပြီ။
“ရှောင်ကြ”
ထိုတိုက်ခိုက်မှုမှာ တောင်ပိုင်းဟုန်ဂိုဏ်းချုပ်သုံးဦးဆီသို့ ဦးတည်ထားခြင်းမဟုတ်သော်လည်း၊ချီယန်ရှန်းက လျင်မြန်စွာတုံ့ပြန်လိုက်ပြီး ခရမ်းရွှေရတနာတောင်ကိုထုတ်ဖော်ကာ ပေတစ်ထောင်မြင့်သော လေးလံသည့်ကျောက်တံတိုင်းကြီးကို ပြုလုပ်၍ ချက်ချင်းကာကွယ်ရန် ကြိုးစားလိုက်ပါသည်။