ကျောက်စိမ်းဦးချိုငွေရောင်နဂါးဘုရင်နှင့် ပြင်းထန်သောတိုက်ပွဲ
Vol. 91 Ch. 905
သို့သော်လည်း၊ နဂါးအရိပ် မရောက်လာခင်မှာပင် ကျောက်တံတိုင်းများသည် ဝုန်းဒိုင်းကြဲသံများနှင့်အတူတုန်ခါစပြုလာပြီး၊ကြွပ်ဆတ်သောဖန်သားကဲ့သို့ပင် ခရမ်းရွှေရောင်တောင်မှာအက်ကွဲလာခဲ့၏။
ကံကောင်းထောက်မစွာဖြင့်၊ ရွှေရောင်နဂါးဝိညာဉ်တစ်ခုသည် ကြိုတင်၍ခုန်ထွက်လာရင်း၊လျင်မြန်စွာကြီးထွားလာပြီး ငွေရောင်နဂါး၏လည်ပင်းကို ပြင်းထန်စွာကိုက်ချလိုက်သည်။ နှစ်ကောင်စလုံးသည် မိုးမြေစွမ်းအင်များဖြင့်ဖွဲ့စည်းထားသော ပုံရိပ်များသာဖြစ်သော်လည်း၊ ၎င်းတို့သည် အသေအကြေတိုက်ခိုက်နေကြသော အစစ်အမှန် သားရဲကြီးများကဲ့သို့ပင်။
၎င်း၏အမြီးကို ယမ်းလိုက်စဉ်မှာပင်၊ ဂိုဏ်းချုပ်သုံးဦးကို အပြင်သို့လျင်မြန်စွာ ပို့ဆောင်လိုက်၏။
"နေပါဦး.."
ယဲ့ကျိုးက နဂါးဝိညာဉ်ကို စူးစိုက်ကြည့်နေသည်။ ရှန်းယီသည် အနောက်ပိုင်းနဂါးဘုရင်နှင့် ထိပ်တိုက်ရင်ဆိုင်နိုင်သည့် ခွန်အားကို ပိုင်ဆိုင်ရန် ဤနတ်ဘုရားစွမ်းရည်ကို မှီခိုနေရကြောင်း လူတိုင်းသိပေသည်။
ယခုအခါ နဂါးဝိညာဉ်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားပြီဖြစ်ရာ၊ ရှန်းယီသည် ထိုဓားရှည်တစ်စုံကို တစ်ယောက်တည်း ရင်ဆိုင်ရတော့မည်။
လူတိုင်း၏ စိတ်ထဲတွင် ဤအတွေးဝင်လာကာ အံ့အားသင့်စွာဖြင့် လှည့်ကြည့်လိုက်ကြ၏။
တစ်ချိန်တည်းမှာပင်၊ ချီရှန့်ထောင်၏ ကြောက်မက်ဖွယ်ကောင်းသော ရယ်သံကြီးက သူတို့၏ နားထဲတွင်ပဲ့တင်ထပ်သွားသည်။
ကျောက်စိမ်းဦးချိုငွေနဂါး၏ အရိပ်ပုံရိပ်အောက်တွင်၊ကြက်သွေးရောင်သံချပ်ကာဝတ်ဆင်ထားသည့် တောင့်တင်းသည့်နဂါးခန္ဓာကိုယ်ကြီးက ရှန်းယီ၏ အထက်တွင် တိတ်တဆိတ်ပေါ်လာခဲ့ပြီဖြစ်သည်။
ဆီးနှင်းဖြူရောင်ဓားရှည်တစ်စုံသည်၊ ပင်လယ်နှင့် မြစ်များကို မှောက်လှန်ပစ်နိုင်စွမ်းရှိသော ခွန်အားများသယ်ဆောင်ကာကြီးမားလှသော အလေးချိန်ဖြင့် ဆင်းသက်လာခဲ့၏။
"ငါကိုယ်တော်အတွက် သေလိုက်စမ်း"
မိုးပြာရောင်နဂါးမူလရင်းမြစ်စိတ်ဝိညာဉ်ခန္ဓာ၏ ကာကွယ်မှုကိုဆုံးရှုံးသွားပြီး၊ ရှန်းယွဲ့ကျန်းချင်ထျန်း၏ အားဖြည့်မှုသာ ကျန်ရှိတော့သဖြင့်၊ ထိုဓားများအောက်ရှိ ရှန်းယီသည် ရုတ်တရက် အနည်းငယ်အားနည်းပျော့ညံ့နေပုံပေါက်သွားလေ၏။
သူက လက်ဝါးကို ညင်သာစွာမြှောက်လိုက်ပြီး၊ ထိုတိုက်ခိုက်မှုကိုလက်ဗလာဖြင့် ဖမ်းဆုပ်ရန်ရည်ရွယ်ထားပုံရသည်။
သူ၏သွယ်လျသော လက်ချောင်းများဖြန့်သွားချိန်တွင် ဓားရှည်နှစ်လက်မှာလေထဲတွင် ထူးဆန်းစွာ ရပ်တန့်သွားခဲ့သည်။
ထိုလက်ဝါးထဲတွင်၊အလင်းစက်တစ်ခုဖြင့် ပုံဖော်ထားသောမက်မွန်ပန်းလေးတစ်ပွင့်သည် တိတ်တဆိတ်ပွင့်လန်းလာပြီး ဖြည်းညှင်းစွာ လည်ပတ်လာသည်။
ရှန်းယီက အနောက်ပိုင်းနဂါးဘုရင်၏သွေးကဲ့သို့နီရဲနေသောမျက်လုံးများကို စိုက်ကြည့်ကာ အလေးအနက်ပင်ခေါင်းခါပြလိုက်၏။
"မပေးနိုင်ဘူး။"
သူ၏စကားလုံးများနှင့်အတူ၊ သူက လက်ဝါးကို ပေါ့ပေါ့ပါးပါးကွေးလိုက်သည်။
မက်မွန်ပန်းလေးသည် ချက်ချင်းမြင့်တက်သွားပြီး၊ သာမန်မျက်စိဖြင့် မမြင်နိုင်သောအမြန်နှုန်းဖြင့် ပျံ့နှံ့သွားကာရေပြင်တစ်ခုလုံးနီးပါးကို လွှမ်းခြုံသွားလေ၏။ ဤနောက်ကျိနေသော ရေအောက်ကမ္ဘာတွင်၊၎င်းသည် ကြည်လင်သောကြယ်ရောင်စုံ ကောင်းကင်ယံတစ်ခုအဖြစ် ပြောင်းလဲသွားပါသည်။
လောဘဝံပုလွေကြယ်တာရာတိုက်ခိုက်ခြင်းမသေမျိုးဖျက်စီးအစီအရင်
ဤသည်မှာ ဟုန်ကျယ်၏ ဒဏ္ဍာရီလာမသေမျိုးအစီအရင်တစ်ခုဖြစ်သည်။ ယခုအခိုက်အတန့်တွင်၊ အနန္တတာအိုအင်ပါယာဂိုဏ်း၏ သစ္စဖောက်ဟု သတ်မှတ်ခံထားရသူတစ်ဦးထံမှ ထွက်ပေါ်လာခြင်းဖြစ်ရာ၊၎င်းသည် သိပ်တော့ ထူးဆန်းပုံမပေါ်ချေ။
သို့သော်လည်း ကျိကျင့်ရှီး နှင့် အခြားသူများမှာမူ လုံးဝအံ့အားသင့် မှင်သက်သွားကြလေ၏။
သူတို့သည် ရှန်းယီနန်ယန်ရတနာနယ်မြေမှ ထွက်ပေါ်လာသည်ကို ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခဲ့ရသူများဖြစ်ရာ၊သူသည် အနန္တတာအိုအင်ပါယာဂိုဏ်းနှင့် မည်သည့်ပတ်သက်မှုမျှမရှိကြောင်း အလွန်သေချာနေခဲ့သည်။
သို့သော် ဤကဲ့သို့ကြောက်မက်ဖွယ်ကောင်းသော မသေမျိုးအစီအရင်မျိုးမှာ၊ ပြင်ပရင်းမြစ်များမှ မည်သို့မျှမရရှိနိုင်သည့်အပြင်၊ အနန္တတာအိုအင်ပါယာဂိုဏ်း၏ စစ်မှန်သော တပည့်များပင်လျှင် သူတို့သည် ဂိုဏ်းခွဲသခင်များဖြစ်မှသာ သင်ယူခွင့် ရနိုင်သည်... မဟုတ်သေးပေ၊ တိတိကျကျပြောရလျှင် ဂိုဏ်းခွဲသခင်များပင် ပြီးပြည့်စုံသော အစီအရင်ဖွဲ့စည်းပုံကို မရရှိနိုင်ပေ။
ထို့အတူခန်းမပြင်ပတွင် စောင့်ကြပ်နေသော မင်းသားကျစ်ယန်သည်လည်း ကောင်းကင်ပေါ်ရှိ လောဘဝံပုလွေကြယ်မြေပုံကို မယုံကြည်နိုင်စွာ ကြည့်နေခဲ့မိ၏။
၎င်းမှာ မသေမျိုးအစီအရင်ဖွဲ့စည်းပုံတစ်ခုဖြစ်လျှင်ပင်၊ တာအိုနယ်ပယ်သို့ ကူးပြောင်းခါနီး အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို သက်ရောက်မှုရှိစေရန်၊ အစီအရင်ကျောက်တုံးများအဖြစ် တာဝန်ယူပေးမည့်ကျွမ်းကျင်ကျင့်ကြံသူ မည်မျှလိုအပ်မည်နည်း။
သူက သရဲတစ္ဆေကိုမြင်လိုက်ရသကဲ့သို့ အလျှင်အမြန်ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
ဘာမှမရှိဘူး၊ တစ်ယောက်မှ မရှိဘူး။
ပတ်ဝန်းကျင်တစ်ခုလုံးလစ်ဟာနေပြီး၊ သက်ရှိသတ္တဝါတစ်ဦးတစ်ယောက်၏ အရိပ်အယောင်မျှပင် မရှိပေ။
ထို့အပြင် ရှန်းယီ၏ လက်ထဲတွင်လည်း အစီအရင်ကိုထိန်းချုပ်ရန် အသုံးပြုနိုင်သည့် မည်သည့် မှော်ရတနာမျှမရှိချေ။
"လူတစ်ယောက်တည်းက အစီအရင်တစ်ခု ဖြစ်နေတာလား"
သူ့ရှေ့မှ မြင်ကွင်းသည် မင်းသားကျစ်ယန်၏ လောကကြီးအပေါ် နားလည်ထားမှုများကို သံသယကင်းစွာပင် ရိုက်ချိုးဖျက်ဆီးလိုက်လေသည်။
နဂါးနန်းတော် အိမ်ရှေ့မင်းသားတစ်ပါးဖြစ်နေသည့်တိုင်အောင်၊ သူသည် ဤမျှထူးဆန်းသော အဖြစ်အပျက်မျိုးကို တစ်ကြိမ်တစ်ခါမျှ မကြုံဖူးခဲ့ချေ။
"ဟူး..."
ရှန်းယီ၏ပုံရိပ်က ညင်သာစွာမြင့်တက်သွားခဲ့သည်။ သူက တင်းမာမှုကိုလျှော့ချရန် လက်ကို ဆန့်တန်းလိုက်ပြီး၊သူ၏ အသက်ရှူနှုန်းကို ညှိရင်း၊ အစီအရင်၏လွှမ်းခြုံထားခြင်းခံရသော နဂါးနတ်ဆိုးများကိုငုံ့ကြည့်လိုက်ရာ သူ၏အကြည့်က ချီရှန့်ထောင်၏ တည်ကြည်လေးနက်နေသော မျက်နှာပေါ်တွင် ရပ်တန့်သွားပါသည်။
၎င်းမှာ လူတစ်ယောက်တည်းက အစီအရင်ကို ဖွဲ့စည်းထားခြင်း မဟုတ်ပေ။
လောဘဝံပုလွေကြယ်တာရာအစီအရင်ဖွဲ့စည်းပုံသည် သူနှင့် လွန်စွာသင့်လျော်သည်ဟု သူ ခံစားရပြီး၊ ၎င်းကိုသင်ယူရန်အတွက် ရူးသွပ်မတတ် ညှဉ်းပန်းနှိပ်စက်ခံရမှုကို လိုလိုလားလားသည်းခံခဲ့ရသည့် အကြောင်းရင်းမှာ... သူသည် အစီအရင်ကျောက်တုံးများကို သူ၏မျက်ခုံးကြားရှိ အသိစိတ်ပင်လယ်ထဲ... သူ၏နတ်ဆိုးတစ်သောင်းခန်းမထဲသို့ ထည့်သွင်းထားနိုင်သောကြောင့်ဖြစ်လေ၏။
ယခုအခိုက်အတန့်တွင်၊ ကောင်းကင်ဘုံနယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်ရှိ ခယ်ရှစ်စန်းက ဦးဆောင်ကာ၊ ဝူကျွင်းမှလွဲ၍ အခြားသောခန်းမသခင် သုံးဦးအပြင် အေးစိမ့်တောင် ဘိုးဘေးတို့ပါဝင်ရာ စုစုပေါင်း ကောင်းကင်ဘုံနယ်ပယ် အစီအရင်ကျောက်တုံး ၅ ခု ရှိနေပါသည်။
ကျန်ရှိသည့်အရာများကို အစွမ်းထက်ဆုံး မြေကမ္ဘာနယ်ပယ် မဟာနတ်ဆိုးကြီးများဖြင့် ဖြည့်တင်းထားကာစုစုပေါင်း ၁၇ ခုဖြင့် ဖွဲ့စည်းထား၏။
ယခုတော့ ဤအစီအရင်ကြီးမှာ အသက်ဝင်လာခဲ့လေပြီဖြစ်သည်။
သေချာနေသည်မှာ၊ ဤအစီအရင်ကြီးအတွက် လုံလောက်စွာစုဆောင်းနိုင်ရန် ရှန်းယီပေးဆပ်ခဲ့ရသောတန်ဖိုးမှာ အနောက်ပိုင်းဟုန်အပေါ် ထိန်းချုပ်နိုင်စွမ်းကိုဆုံးရှုံးလိုက်ရခြင်းပင် ဖြစ်နေခဲ့၏။
"ဒါတွေက ငါ့ဟာတွေ။"
သူက အဝေးသို့အနည်းငယ် စောင်းငဲ့ကြည့်လိုက်ပြီးနောက် ညင်သာစွာဂါရဝပြုလိုက်သည်။
"ကျန်တာတွေကိုတော့လေးစားရတဲ့ စီနီယာတွေရဲ့ လက်ထဲ အပ်ခဲ့ပါတယ်။"
ဤသည်မှာ အရေးအကြီးဆုံးခြေလှမ်းဖြစ်ပြီး၊ ဟုန်ကျယ်သို့ရောက်ရှိလာပြီးနောက်ပိုင်း ရှန်းယီသည် သူ၏အသက်ကို အခြားသူများထံ ပထမဆုံးအကြိမ်တည်းသောပုံအပ်မှုပင်။